《Late Regret ( COMPLETED )》Part 13
Advertisement
^ မင်းနဲ့ မဆိုင်ဘူးထင်တရ် ကောင်လေး... ^ ခပ်တေ့တေ့အပြုံးအကိုက ကျောချမ်းစရာကောင်းနေတာတော့အမှန် ...
နှစ်ယောက်သား အကြည့်ခြင်းပြိုင်လာရာကနေ ရန်ထဖြစ်တော့မဲ့ အရိပ်အယောင်မြင်နေတာမို့ Yibo ကပဲ ကြားထဲက ပြောပေးရတော့သည်။
^ သွားရအောင် ... ကလေးတွေ ကော သွားတော့မရ် ... နက်ဖြန်မှထပ်တွေ့ကြတာပေါ့ ^ ပြန်အလှည့်မှာပဲ Dream က လက်ကို ထပ်ဆွဲလာပြန်တယ် ...
ဒီကောင်လေးက ခေါင်းအရမ်းမာလွန်းသည်။
^ ကိုကို... ကျွန်တေယ်တို့က ဘိုကင်တွေကအစ အကုန်စီစဉ်ပီးတာကို ကျွန်တော်တို့နဲ့ပဲ လိုက်ခဲ့ ^
Lucas ရဲ့ ဟေ့ကောင် ဆိုပီး တားမြစ်သံတချို့နဲ့ ကလေးတွေရဲ့ အားနာရိပ်တွေလဲ မြင်လိုက်ရပြန်တော့လဲ စိတ်ထဲမကောင်း ...
Yibo ပြန်ဖြေမရ်အလုပ်မှာ အစ်ကိုက Dream ဆွဲထဲတဲ့လက်ကို အားနဲ့ ဖြုတ်လိုက်ပီး Yibo လက်ကို တွဲထားလိုက်တော့ လန့်သွားတာတော့အမှန် ...
သ၀န်တိုတတ်လွန်းတဲ့ အစ်ကိုအကြောင်းသိပေမဲ့ Low Profile နဲ့နေတတ်တဲ့အစ်ကိုကြောင့် နှစ်ယောက်ထဲရှိတဲ့အချိန်မှသာ ဖွင့်ဟပြောပီး ရစ်နေကြဖြစ်တယ် ...
^ Wang က မလိုက်ဘူးလို့ပြောနေပီးပီပဲ ... ကိုယ်နဲ့သွားဖို့ စီစဉ်ထားပီးသား ... နောက်ပီး ကိုယ်ကလဲ အကုန်ဘိုကင်ကြိုယူထားပီးသား ... ဒါဆို သွားလိုက်ပါဦးမရ် ^
လက်ကိုမလွတ်တန်းဆွဲသွားတာများ ကာပါကင်ရောက်မှ ဖြုတ်ချတော့တယ် ...
ကြားထဲမှာလဲ လက်တွဲထားတာမို့ ဟိုလူကကြည့် ဒီလူကကြည့်နဲ့ ... ပိုဆိုးတာက တစ်လျောက်လုံးစကားမပြောပဲ မျက်နှာထားတင်းနေတဲ့ အစ်ကိုကြောင့် ...
တစ်ဖက်မှာလဲ ...
^ မင်းဖောင်းတရ်နော် Dream ... ^ Alex ကမခေမငံပြောစကားကို
^ ငါက ဘာဖောင်းလို့လဲ ... ဒီလူ ငါ့ကိုကြည့်သွားတဲ့ အကြည့်တွေကို မင်းမြင်လား ... ကျစ် ^
^ မင်း ကောကို လုပ်လိုက်တဲ့အပြုအမူကတော့ မဟုတ်သေးဘူးလေကွာ ... ^ Lucas အပြောကို
^ တောက် ... Sean ဖတ်တာကိုတောင် ငြိမ်ခံခဲ့တဲ့ ကိုကိုက ငါ့ကျတော့ကွာ ^
^ ကောနဲ့ Sean နဲ့က စီနီယာ ဂျူနီယာ လေကွာ ... ဖတ်လှဲတကင်းနေတာ ဆန်းလား ... ငါ့တို့လဲ ဘာထူးလို့လဲ ^ Ethan ရဲ့စကားအဆုံးမှာ
^ မတူဘူး ... တစ်ခုခုကိုရှိနေတာ ... မင်းတို့မမြင်လိုက်လို့ ... ငါ့ကိုအာ့တုန်းက Sean ကြည့်လိုက်တဲ့အကြည့်ကို ... ကျစ် ... အာရုံပဲ ^
ဒေါသထွက်ပီး တရူးရူးဖြစ်နေတဲ့ Dream ကို Lucas က ပခုံးပေါ်လက်တင်လိုက်ပီး ...
^ ကောက ငါတို့ကို ညီတစ်ယောက်လိုပဲ သဘောထားတာ မင်းအမြင်ပဲလေ ... နောက်ပီး မင်းကိုယ်တိုင်က Sean နဲ့ ကော တစ်ခုခု ပတ်သတ်နေမရ်လို့ထင်ရင် ခံစားချက်တွေမလွန်ခင် နောက်ဆုတ်လိုက်ပါလားကွာ ^
^ Sean နဲ့ပတ်သတ်ခဲ့ရင်တောင် အဲ့ဒါဟာ အတိတ်ပဲ ... ^
^ ဒါပေမဲ့ ... ^ Alex ရဲ့ အထွန့်တတ်ချင်တဲ့ စကားကို
^ အေး ... မင်းတို့ထင်သလို ကိုကို က ငါ့တို့ကို ညီတစ်ယောက်လိုပဲ သဘောထားတာ သိတယ် ... ဒါပေမဲ့လဲ ငါစိတ်တွေက အလုံးစုံ ကိုကိုအပေါ်ပေးအပ်ပီးသား ... ငါနောက်ဆုတ်ချင်ရင်တောင် မဖြစ်နိုင်တော့ဘူး ... ငါ့စိတ်ငါမှ မပိုင်တော့တာ ^
အားလုံးက အသံတိတ်ကုန်ကြတော့ ... Dream ကပဲ
^ မင်းတို့သိလား ... အဖြူထည်တွေက အရောင်စိုးရတာ သိပ်လွယ်တာ ... အထူးသဖြင့် ကိုကို လိုဟန်မဆောင်တတ်တဲ့ အဖြူထည်တွေလိုပေါ့ ^
^ မင်း ကောကို မဟုတ်တာတော့ လုပ်ဖို့မကြံစည်ထားပါဘူးနော် ^ Lucas ရဲ့ပြာပြာသလဲ မေးလာတာကို ...
^ ခုတော့ ဘာမှမကြံစည်ပါဘူး ... ဟက် ... စိတ်ဆိုးသွားတဲ့ ကိုကို ကို ည မှပြန်ချော့လိုက်ဦးမရ် ... မင်းတို့ ဒီမှာ ညအိပ်မလို့လား ... ငါတော့ပြန်ပီ ^ ပြောပြောဆိုဆိုနဲ့ ထွက်သွားတဲ့ Dream ကြောင့် အားလုံး သက်ပြင်းကိုယ်စီ ချမိလိုက်ကြတော့သည်။
ရှင်သန်ခဲ့တဲ့ သတ်တမ်းတစ်လျောက်မှာမှ ပထမဆုံးထွက်ပေါ်ခဲ့တဲ့ Dream ရဲ့ ရင်ခုန်သံ ဖြစ်တဲ့ Yibo ကောနဲ့ ပေါင်းဖတ်စေချင်တာ သူ့တို့စိတ်ရင်းအမှန်ပင် ...
အစွဲအလန်းကြီးလွန်းတဲ့ သူတို့သူငယ်ချင်းကြောင့် ကော အပေါ်နှစ်နာမှု့ တစ်ခုခုမဖြစ်သွားအောင် သူ့တို့ပဲထိန်းမှရမှာ ...
အင်း ... နောက်ပိုင်း ကိစ္စတွေအတွက် ရင်လေးမိပါသေးတရ် ...
----------------------------------------------------------------------------------
^ အစ်ကို ^ တိုးတိုးလေး ထွက်သွားတဲ့ အသံကြောင့် အစ်ကိုက လှည့်ကြည့်တရ် ...
ကားပေါ်ရောက်တာနဲ့ ခါးပတ်တန်းပတ်ပေးပီး ရှေ့ကိုသာ ကြည့်ပီး မောင်းနေတဲ့ အစ်ကိုက စိတ်တိုနေသေးဟန် ...
^ ကလေးတွေက ငယ်သေးတော့ နဲနဲဆိုးတာပါ ... ကျွန်တော်လဲ အစ်ကိုနဲ့ အတူလိုက်ဖို့ပဲ ဆုံးဖြတ်ထားတာပါ ^
^ ငယ်သေးလို့ ဆိုးတာ လက်ခံတရ် ... ကိုယ့်မကြည်တာ Yinn Dream ကိုပဲ ... Wang ကိုလိုအပ်တာထပ် ပိုကပ်လွန်းတရ် ... ခုပဲကြည့် Wang ကို သူ့အရုပ်များထင်နေတာလား ... ဆွဲလားရမ်းလားနဲ့ ^
Advertisement
အစ်ကိုရဲ့ ဒေါသတကြီးပြောတဲ့အသံကြောင့်
^ Dream က အငယ်ဆုံးဆိုတော့ နဲနဲလေးပိုဆိုးတာပါ အစ်ကိုရယ် ... ^
^ ဘာလဲ Wang ... ခုထဲက Yinn Dream ကို ကာကွယ်ပေးနေတာလား ... ကိုယ်ပြောတာ အမှားတစ်ခုမှမပါဘူး ... ဒီကောင်လေး အကြည့်တွေ အပြောအဆို အပြုအမူတွေကအစ Wang အပေါ် စိတ်၀င်စားနေတာ အသိသာကြီး ... ဒါကို Wang မသိစရာ အကြောင်းကိုမရှိဘူး ... ခုလဲ သူ့ဘက်က ရှေ့နေလိုက်နေတာ ... ဘာလဲ Wang ... သူ့အပေါ် စိတ်ရှိနေတာလား ... ကိုယ်ပြောပီးသားနော် Wang ... တစ်ယောက်ယောက်ပေါ် Wang စိတ်တွေပေးလိုက်တဲ့ နေ့ဟာ ကိုယ်သေနေ့ပဲ ဆိုတာ ^
မီးပွိုင့်မိနေတုန်း Yibo ကို စူးစူးရဲရဲကြည့်ပီး ပြောလိုက်မိသည်။
သူ့ရဲ့ Wang ကမသိဘူး ... သူ့ရင်ထဲ ဘယ်လောက်တောင် ပူလောင်နေလိုက်သလဲဆိုတာ ...
Wang ကိုဖက်ထားတဲ့ Yinn Dream ရဲ့ လက်တွေကို ဓါးနဲ့အပိုင်းပိုင်းလှီးပစ်ချင်လောက်တဲ့အထိ ... Wang ကိုကြည့်တဲ့အကြည့်တွေမှာ ချစ်ခြင်းတွေပါနေတာ Wang မသိချင်ယောင်ဆောင်လေသလား ...
Wang ကိုတစ်ချိန်က ပစ်ချခဲ့မိတဲ့ မောင်အပြစ်ကို Wang ကတခြားတစ်ယောက် ရင်ခွင်မှာနေပီး အမိန့်ချလိုက်မိမှာ သေမတတ်ကြောက်နေရတာပါ Wang ...
အာ့လိုမျိုး အခြေအနေသာ ဖြစ်ခဲ့ရင် မောင် အတွက် Wang ရဲ့ အမိန်ဟာ သေဒဏ်ပါပဲ Wang ...
^ အစ်ကို !!!!! ^ Yibo ရဲ့ အော်ဟစ်သံနဲ့အတူ နောက်ကားတွေရဲ့ ဟွန်းတီးသံပါတဆတ်ထဲ ကြားလိုက်တာမို့ အစ်ကိုကို ကားမောင်းဖို့သာ မေးငေါ့ပြလိုက်တယ် ...
ပြောချင်တာတွေ ပြောနေတဲ့ အစ်ကိုက ခုချိန်မှာ ချစ်ဖို့မကောင်းတာ အမှန်ပင် ... Yibo မကြားချင်ဆုံးစကာတွေကိုမှ ရွေးပြောသွားတဲ့ အစ်ကိုက ကုတ်ဖဲပစ်ချင်စရာ ...
^ ပြောလေ Wang ... တိတ်ဆတ်နေခြင်းဟာ ၀န်ခံခြင်းဆိုပီးညအဖြေပေးလိုက်တာလား Wang ... ^ ဒေါသသံကနေ ၀မ်းနည်းအသံဖြည့်စွက်လာတာကြောင့် Yibo ကပဲ ပြန်စိတ်ထိန်းလိုက်ပါတယ် ...
^ မဟုတ်ပါဘူး ... ကျွန်တော်က ကလေးတွေအားလုံးကို တပြေးညီပဲ ဆက်ဆံတာ ... နောက်ပီး Dream ကငယ်သေးတရ် ... ဒီအရွယ်က စိတ်ကစားတဲ့အရွယ်တွေပါ ^
ပြေရာပြေကြောင်းအနေနဲ့ ပြောမိကာမှ အစ်ကိုနဲ့ လမ်းခွဲတုန်းကပြောတာတွေကို မရည်ရွယ်ပဲ ပြောမိလိုက်တာ ...
တစ်ချက်ထဲငြိမ်သက်သွားတဲ့ အစ်ကိုကြောင့် ကွကိုယ်သာ အပြစ်တင်မိတယ် ...
^ Wang ... ^ တိုးတိုးလေးထွက်လာတဲ့ အစ်ကိုအသံက ငိုချင်နေသယောင် ... ဆက်ပြောလာမဲ့ စကားကို နားစွင့်နေတုန်း ... မြည်လာတဲ့ ဖုန်းသံကြောင့် အဆတ်ပြတ်သွားရပြန်တယ် ...
ကြည့်မိလိုက်တော့ ဟောက်ရွမ်း ဖြစ်နေတော့ မကိုင်လို့လဲ မဖြစ်... မကိုင်ပဲနေကြည့်ပါလား ... အိမ်ရောက်တာနဲ့ စက်သေနတ်ပစ်သလို အဆူခံလိုက်ရမရ် ဖြစ်ခြင်း ...
^ ပြော ဟောက်ရွမ်း ^
^ မင်း ကောကို လာမကြိုခိုင်းဘူးဆို ... ငါ့ကိုလဲ ဘာမှမပြောနဲ့ ... ဘယ်သူနဲ့ ဘယ်သွားမလို့လဲ ^
ထင်တရ် ထင်တရ် ... ဖုန်းဆက်တာလဲ ဒီအကြောင်းဖြစ်မရ်ဆိုတာ ... ကျိရန်ကောကလဲ အိမ်ပြန်ရောက်သေးမရ်မထင်ဘူး... အာ့မှာဖုန်းဆက်ပီး သူ့လင်လေးကို အကုန်ပြောပြနေလိုက် ... အိမ်ရောက်မှ ကွကိုယ်ပြောပြမှပေါ့လို့ ...
^ ဟိုဟာလေကွာ ... ဟိုဟာ ... ဒါနဲ့ အိမ်ရောက်မှ ပြောပြမရ်လေ ... နော် ... ဖုန်းကလဲ အားမရှိချင်တော့ဘူးရယ် ... Bb ^ ပြောပီးတာနဲ့ တန်းချပစ်လိုက်သည်။
နောင်ခါလာ နောင်ရှင်းပဲ ... ခုတော့ အစ်ကိုနဲ့ အေးအေး ဆေးဆေး အချိန်ကုန်ချင်မိတယ် ...
^ အစ်ကို ... ကျွန်တော်တို့ ဘယ်ဆိုင်သွားမှာလဲ ^ အစ်ကိုခေါ်ရာကိုသာ လိုက်ခဲ့တဲ့ Yibo ကဘယ်ကိုဦးတည်မောင်းနေမှန်းကို မသိ ...
^ Wang နဲ့အရင်ထဲက သွားဖို့ရည်ရွယ်ထားတဲ့ Sushi ဆိုင်လေး... ^
^ အရင်ထဲက ... ဒါဆို ဖွင့်တာ ကြာပီပေါ့ ^ အတိတ်ကြောင်း ပြန်ကောင်းပြောစရာ အစ်ကိုနဲ့သူအကြားမှာ မနည်းမနောဆိုပေမဲ့ အမှတ်တရ ကောင်းတွေ ရှိပေမဲ့ အမှတ်တရဆိုးတွေလဲ ရှိခဲ့တာမဟုတ်လား ...
အရင်ထဲက လိုပြောလိုက်တာနဲ့ တွေသွားတဲ့ ကောင်လေးကြောင့် Xiao Zhan ကိုယ်တိုင်လဲ စိတ်မကောင်း ... သူ့ရဲ့အပြစ်တွေပါပဲ ...
ကြားထဲမှာလဲ ဘာစကားမှမဆိုဖြစ်တော့ပဲ Sushi ဆိုင်လေးဆီသို့သာ တန်းတန်းမတ်မတ် ...
ခဏအကြာမှာ Sushi ဆိုင်ကို ရောက်တာနဲ့ ကားပါကင်ထိုးပီး Wang ကိုလက်တွဲပီး ခေါ်လာလိုက်တော့သည်။
အမှန်ဆို သူ့ရဲ့ Wang ကိုသူ့ရင်ခွင်ထဲသာ ဖွက်ပီးခေါ်လာချင်တာ ...
ဖြုအုနေတဲ့ ကောင်လေးဟာ သူ့ရဲ့ Hoodie အပွကြီးမှာ မြုပ်နေသည်မှာ မျက်နှာလေးသာ ကွက်ပီးထင်းနေတော့တာ ...
ခုချိန် သူ့အသက်တမျှလေးကို အဓိပ္ပါယ်ပေါင်းများစွားရှိတဲ့ မျက်လုံးတွေနဲ့ မကြည့်ခင်မှာ သူ့အပိုင်ဆိုပီး လက်တွဲပီးသာ သွားလိုက်သည်။
ရုန်းကန်ခြင်းမရှိတဲ့ သူ့ရဲ့ ခွေးပေါက်လေးဟာ အင်မတန်ချစ်ဖို့ကောင်းလွန်းတရ် ...
Sushi ဆိုင်တံခါးကို ၀င်ခါနီးမှာပဲ ...
^ ကျန့်ကျန့် ^ ဆိုတဲ့အသံကြောင့် သူ့ကြည့်မိလိုက်တော့ ....
Idol နှစ်ယောက်အပေါ် ထိခိုက်စေတဲ့ အသုံးအနှုန်းများရှိရင် အားမနာတမ်းလာပြောလို့ရပါတရ်ရှင့် ...
Advertisement
ပုံတွေအားလုံး Credit ပေးပါတရ်ရှင့် ...
#Violet
တစ်ဖက်မှာလဲ ...
Dream ရဲ့ အကျင့်ဆိုးတစ်ခုက သူ့မှမပိုင်ရင် ဘယ်သူမှမပိုင်လိုစေဘူး လေ ...
----------------------------------------------------------------------------------
^ ပြော ဟောက်ရွမ်း ^
#Violet
Advertisement
- In Serial650 Chapters
Livid Guardian’s Endless Coddling
"You jerk! How dare you? Just because you are my guardian and I have nobody to ask, did you think, you can take advantage of me? I thought you stand on high morals…"
8 2777 - In Serial48 Chapters
Et Nos Cedamus Amori
"Let us yield to love."Brett Yang knew from the very moment he saw Eddy Chen. He knew that this was the man that he had to be with. It was his soul begging him to love the man and he gave in. He always knew.Eddy Chen was always looking for love in the wrong places. Brett Yang had been there ever since he could remember but he never knew Brett was in love with him. He has a girlfriend, he loves her and the relationship had grown steady but something in his gut tells him he's in love with someone else. Brett deals with a confession from a friend but it was the same time Eddy realized his feelings for Brett. Will Brett pick Eddy at the end of his time? Or will he pick the one who loves him in order to give him a chance?As they say, let us yield to love.
8 247 - In Serial54 Chapters
Help?! My Harem is Trying to Kill Me!
The Council of God's granted me one wish, so I told them... "Reincarnate me as a Harem Protagonist in an H game!" “I...you...wha...uh..e-e-e-eeehhh????” (This story is purely for fun. So I have no idea whats going to happen from here on out. But, hopefully you enjoy!) P.S. The cover is not mine, all credit goes to the artist.
8 134 - In Serial35 Chapters
Metanoia
Vento aureo x reader (She/her pronouns) 𝗺 𝗲 𝘁 𝗮 𝗻 𝗼 𝗶 𝗮 [ m e h - t a - n o y - a h ] • 𝐆𝐫𝐞𝐞𝐤 ( n . ) t h e j o u r n e y o f c h a n g i n g o n e ' s m i n d , h e a r t , s e l f , o r w a y o f l i f e ; s p i r i t u a l c o n v e r s i o nI don't own jjba or any of the characters. They belong to the creator of jjba, Hirohiko Araki.
8 199 - In Serial10 Chapters
Where Destiny Lies
*takes place after season 4*vile's been defeated, the team has split up, carmens found her mother... all stories had their happy endings... all except one: the story of carmen and gray. both aren't sure what they want, but one thing was for certain... they've never felt so torn in their lives. with dozens of vile operatives on the loose, carmen and gray vow to keep their head in the game and answer the question once and for all...were they meant to stay together? or were they meant to be apart for eternity?(disclaimer: these characters all belong to the netflix show, carmen sandiego. the characters are NOT mine, except for Elena, Luna, and Claire)
8 109 - In Serial39 Chapters
With You |COMPLETED
|#4~ Highest Rank In Teen Fiction| UNDER MAJOR CONSTRUCTION. (I wrote this when I was younger and realized how awful it is lol)Damien Ryan Carter is the schools bad boy, he is blunt with his words and doesn't care if he picks a fight or two. He is a beautiful god and he knew that, everyone did. He was a player that had a amazing way with words and he practically owned the school. he had a way of scaring people, make them wish they never crossed paths with him. The school parted for him like a sea and he liked it like this. No one messed with him, he was to powerful. Or at least he thought he was. Meet Thea Evens, the new girl. She is blunt, sweet, and knows exactly how to push Damien's buttons. She is everything he isn't and maybe that's why the school was starting to love her. She had a way with words and her beautiful eyes captivated everyone in the room. She was precious, the schools very own angel. Thea was mean when needed and occasionally uses a strong vocabulary but her charming commercial smile would make the world melt away.when these two cross paths the whole school is talking. they were polar opposites....or at least they thought.This is the story of how a girl found her place in this world and a boy found his way home...-------⚠️ there is strong language in this book ⚠️ Book cover was made by @igoodbookShe's really amazing. Go check her out.
8 165

