《Late Regret ( COMPLETED )》Xiao Zhan POV ( Part 2 )
Advertisement
^ မားက ငယ်ငယ်ထဲက ဖြစ်ချင်တာကို မရမက လုပ်တတ်တာ ... မိဘစကားကိုတောင် ကန့်လန့်တိုက်ပီး သားငယ်လေး အဖေကို လက်ထပ်ခဲ့တာသာကြည့် ... ^
မေးတာတခြား ဖြေတာတခြား ဆိုပေမဲ့ Xiao Zhan စိတ်ရှည်ရှည်နဲ့ နားထာင်ပေးဖို့သာ ဆုံးဖြတ်လိုက်သည်။
^ သားငယ်လေးကတော့ မားနဲ့ ဆန့်ကျင်ဘက်ပဲ ... တစ်ယောက်ထဲ တစ်သီးတစ်သန့်လေးနေတတ်ပီး မိဘစကားကို မြေဝယ်မကျနားထောင်တတ်တဲ့ကလေး ... အထူးသဖြင့် မားစကားကို သူဘယ်သောအခါမှ မပယ်ရှားဖူးဘူး ... အထက်တန်းတုန်းကလဲ မားကြောင့် သူ့သူငယ်ချင်းတွေရှိတဲ့ တရုတ်ပြည်ကို ခွဲပီး ကိုရီးယား ပြန်လိုက်ခဲ့ဖို့ ခေါ်ခဲ့တာကိုလဲ မားစိတ်မကောင်းဖစ်မှာစိုးလို့ တစ်ချက်လေးမှ မငြင်းခဲ့ဘူး ... နောက်ပီး မားတို့ နဲ့ လင်းမိသားစုတို့နဲ့က ကတိက၀တ်တွေ ပြုခဲ့ကြတာ ... မွေးလာတဲ့ ကလေးလေးတွေကြီးလာရင် ပေးစားကြမရ်ဆိုပီပေါ့ ... ^
^ ဒါဆို ကျွန်တော်နဲ့ Wang ကို ၀မ်မားက သဘောမတူ ^ ထစ်ထစ်အအ ပြောလာတဲ့ Xiao Zhan ကစကားမဆုံးခင်မှာပဲ ဖြတ်ချလိုက်တယ် ...
^ အို ... မား သဘောမတူဘူးလို့ ပြောမိလို့လား သားကြီးရယ် ... အဟင်း ... မားက မားတို့ အကြောင်းလေးကို ပြောပြတာပါ ... သားငယ်လေး စိတ်မကောင်းမဲ့အလုပ်ကို မားက လုပ်ပါ့မလားကွယ် ... ပီးတော့ သားကြီးက မားရဲ့ သားတစ်ယောက်လိုပါပဲ ... နောက်ပီး ဒီအကြောင်းတွေကို သားငယ်မသိသေးဘူး ... မားက သားကြီးကို အရင်ပြောပြတာ ... ^
^ ဘာလို့ ကျွန်တော့်ကို အရင်... ^ ၀မ်မားဟာ လက်တစ်ချက်ကာပြပီး ...
^ မား သားကြီးကို နောက်မှသိပီး မခံစားချင်လို့ပေါ့ကွယ် ... မား စကားကို အနှစ် ၂၀ ကျော် မြေ၀ယ်မကျ နားထောင်ခဲ့တဲ့ သားငယ်လေးက ပယ်ရှားမှာ မဟုတ်တာ မားကသိနေလို့လေ ... နောက်ပီး မားက အမှန်ဆို အာ့လောက်မလောပါဘူးကွယ် ... သားကြီးနဲ့ ၀မ်ပါးကို သားငယ်လေးက မိတ်ဆတ်ပေးမရ်ဆိုပီး မားကို စကားကမ်းလာတာရယ် နောက်ပီး သမီးလေးလဲ လာမဲ့ရက်နဲ့ ကိုက်နေတာဆိုတော့ သားကြီးကို တခါထဲ အသိပေးလိုက်ရတာကွယ် ... သားငယ်လေးအတွက် သားကြီးကို မားက ရွေးချယ်ပေးစေချင်တာ ... ရှု့လင်းလေးနဲ့လဲ သားငယ်လေးက ရင်းနှီးပီးသားဆိုတော့ မဆိုးဘူးလှဘူး ... သားကြီးသဘောရော ... ^
၀မ်းမားက အစားအသောက်မပြတ် ပြုံးပြုံး လေးပြောနေတာကို က Xiao Zhan ကို ဒေါသထွက်စေတရ် ...
Wang ကိုသူချစ်ခဲ့တာ လမ်းခွဲဖို့လဲမဟုတ်သလို တခြားတစ်ယောက်ကို ထိုးပေးဖို့လဲမဟုတ် ... ဟက် ... ပြောရက်လွန်းတရ် ... Wang အတွက် ရွေးချယ်ပေးပါတဲ့ ... ဒီလောကမှာ Xiao Zhan ဟာ Wang အတွက် ဖြစ်သလို Wang ဟာလဲ Xiao Zhan အတွက်ပဲ ဖြစ်ရမရ် ...
^ ကျွန်တော် Wang ကို လုံး၀ လမ်းမခွဲပေးနိုင်ပါဘူး ၀မ်မား ^ အံကြိတ်သံ တချို့နဲ့ ပြောလိုက်တဲ့ Xiao Zhan က သေချာပေါက် မျက်နှာဟာ နီရဲနေမှာ ...
^ အို ... မားကလဲ လမ်းမခွဲခိုင်းပါဘူး သားကြီးရယ် ... သားကြီးတို့ ရှေ့ဆက်မဲ့လမ်းထဲမှာ မဖြစ်မနေကြုံတွေ့ရမဲ့ အကြောင်းအရာလေးကို မားကစောစီးစွာ ပြောပြတာပါ သားကြီးရယ် ... သား၀မ်လေးကို မနာကျင်စေချင်ဘူးလေ ... တကယ်လို့သာ သားငယ်တစ်ခုခုကို မဖြစ်မနေ ရွေးချယ်ရမရ်ဆိုရင် မားနဲ့ သားကြီးဆိုရင် သား၀မ် ဘယ်သူ့ကိုရွေးမရ် ထင်လဲ သားကြီး ^
၀မ်မားရဲ့ နောက်ဆုံးစကားက Xiao Xhan ရဲ့အရှိုက် ကိုထိပါတရ် ... သွေးထွက်ပီးသား အနာတစ်ခုကို ဆားသိပ်လိုက်သလို ...
Wang ရဲ့ သူ့မားမားအကြောင်း တခုတ်တရ ပြောတတ်တာတွေလဲ မြင်ယောင်လာမိတယ် ...
^ နောက်ပီး သား Wang ကအရမ်းငယ်သေးတရ်လေ ... ဒီအရွယ်က စိတ်ကစားတတ်တဲ့အရွယ်လေးတွေ ... ^ ပြောချင်တာပြောလိုက်တဲ့ ၀မ်မားက အစားအသောက်မပျက်သလို ကိုယ့်ကို ယုံကြည်မှု့ပြင်းထန်နေပုံပင် ...
Xiao Zhan ကသာ ခေါင်းငုတ်ပီး မစားမသောက်ပဲ ငူငူငေါင်ငေါင်ကြီး ထိုင်နေတာ ... သူခုချိန် အစားအသောက်မပြောနဲ့ ခြောက်ကပ်နေတဲ့ လည်ချောင်းအတွက်တောင် ရေသောက်ဖို့အတွက် သူ့လက်တွေက ခွက်ကို မ မနိုင်နေဘူး ...
Wang သူ့အနားမှာ မရှိတော့ဘူးလို့တွေးတာနဲ့ သူ့ခန္ဓာကိုယ်တစ်ခုလုံး အားမရှိသလို ... သူ့ ဘ၀မှာ Wang မရှိလို့ မဖြစ်ဘူးဆိုတာ အလကား ကြွေးကြော်ခဲ့တာမှ မဟုတ်တာ ...
Wang ကို တစ်နေ့မတွေ့ရရင် မနေနိုင်သလို Wang အပြုံးလေး တစ်နေ့မမြင်ရရင် သူ့ ဘ၀ အဓိပ္ပါယ် မရှိတော့ဘူးလေ ...
စားလို့သောက်ပီးတဲ့ ၀မ်မားက ပြန်ရအောင် သားကြီးလို့ ပြောပေမဲ့ ခုထိ ထဖို့အားမရှိသေးတာ Xiao Zhan ...
^ ကျွန်တော် ... ကျွန်တော် တောင်းပန်ပါတရ် ၀မ်မား ... လိုက်မပို့နိုင်တော့တဲ့အတွက် ^ ၀မ်မားက ခုတော့ အရာရာကို နားလည်ဟန်
^ ကောင်းပါပီ သားကြီး ... မား ပြန်နှင့်မရ်နော် ... ^ Xiao Zhan ပခုံးကို တချက်ပုတ်ပီး ထွက်သွားတော့မှ ... တင်းထားခဲ့တဲ့ မျက်ရည်တွေက တာကျိုးသလို ကျလာသည်။
Wang ရယ် ... ကိုယ်ဘာဆက်လုပ်ရမှာလဲ ... အခြေအနေမဟန်တော့တဲ့ Xiao Zhan ဟာ ခက်ခက်ခဲခဲ ဖုန်းကို ကောက်ကိုင်ပီး ယွီပင်းကို လှမ်းဆက်ပီး လာကြိုခိုင်းလိုက်ရတော့သည်။
၀မ်မားရဲ့ ရိုက်ချက်က အတော်ပြင်းလွန်းတယ် ...
ယွီပင်းလာခေါ်ပီး Xiao Zhan တိုက်ခန်းထဲ ရောက်တာနဲ့ ဆိုဖာပေါ် ခြေပစ် လက်ပစ်ထိုင်ချပလိုက်သည်။
^ ရှုပ်တရ် Xiao Zhan ... မင်းခိုးပြေးကွာ ^ ကားပေါ်မှာ ၀မ်မားနဲ့ ပြောဆိုသမျှကို သိပီး နောက် ယွီပင်းရဲ့ မချင့်မရဲ ပြောချလာတော့သည်။
^ Wang ကို အာ့လိုမျိုး မသိမ်းပိုက်ချင်ဘူး ... ငါကခမ်းခမ်းနားနား တောင်းရမ်းလက်ထပ်လိုချင်တာ ^
^ ခုအခြေအနေက မဖြစ်နိုင်တာကွာ ... ဒါဆိုလဲ Yibo ကိုပွင့်ပွင့်လင်းလင်းပြောပီး သူ့မားကို နားချခိုင်းပေါ့ ^
ဘေးကနေ သေချာစဉ်းစားပီး အကြံညဏ်တွေပေးနေတဲ့ ယွီပင်းက Xiao Zhan ရဲ့ Wang ပေါ်ထားရှိတဲ့ မေတ္တာအတိမ်အနက်ကို မြင်နေသည့်ပုံ ...
Advertisement
^ မဟုတ်ဘူး ယွီပင်း ... Wang က သူ့မားကို ကျော်ပီး ငါ့ကိုရွေးမတဲ့လား ... နောက်ပီး Wang စိတ်ညစ်မှာ မလိုလာဘူး ယွီပင်း ... ငါ လမ်းခွဲပေးလိုက်ရင်ရော ... ^ ရှေ့ဆက်မဲ့ စကားလုံးတွေကို Xiao Zhan ဆက်ပီးမပြောထွက်တော့ ...
^ မင်းရော အဆင်ပြေမှာလား Xiao Zhan ... ^
^ ငါက Wang အဆင်ပြေရင်ရပီ ... ငါ့ကို ပျော့ညံတရ်လို့ မင်းထင်နိုင်တရ် ... နောက်ဆုံးမှာ Wang သာ ငါ့ကိုမရွေးခဲ့ရင် ... ငါ့ကိုသာ ထားသွားဖို့ ဆုံးဖြတ်ခဲ့ရင် ... ငါသေသွားမှာ ... ငါအာ့လောက်ထိ ခံနိုင်ရည်မရှိဘူး ယွီပင်း ... အဆုံးသတ် ဘယ်လိုဖစ်မရ်မှန်းမသိပဲ Wang ဘေးနားမှာ ဟန်ဆောင်အပြုံးတွေနဲ့လဲမပြုံးပြချင်သလို Wang ရှေ့မှာလဲ ငါမျက်ရည်မကျချင်ဘူး ယွီပင်း ^
အဖျားနားမှာ တိုးညှင်းစွာ ထွက်သွားတဲ့ လေသံကြောင့် ယွီပင်းလဲ မျက်မှောင်ကြုတ်ပီး ကြည့်နေရာကနေ ပြန်ငြိမ်သွားတယ် ...
^ မင်းရော ဖစ်ပါ့မလား Xiao Zhan ... လမ်းမခွဲတောင် မင်းဒီလောက်ဖြစ်နေတာ... ကျစ် ... လမ်းခွဲပီးရင်ရော ... ငါပြောသလိုသာ အမှန်တိုင်းပြောလိုက်စမ်းပါ ... မင်းတစ်ယောက်ထဲ ရှင်းမဲ့အစား Yibo နဲ့ တူတူဖြေရှင်းတော့ ပိုမကောင်းဘူးလား ... လေပြေလေးနဲ့ သာသာနဲ့နာနာလေး မင်းကို ပြောသွားတဲ့ သူ့မားရဲ့ စိတ်ရင်းအမှန်ကိုလဲ ပြပီးသားဖစ်တာပေါ့ ^
^ ဟင်းအင်း ... မဖြစ်ဘူး ... Wang က ငါ့ရှေ့မှာ တခြားသူတစ်ယောက်ကို ကျော်ရွေးသွားတာကို ငါ့မြင်နိုင်ကြားနိုင်မှာမဟုတ်ဘူး ... နောက်ပီး ငါ့လမ်းခွဲဖို့ပြောပီး ငါ့ကိုမုန်းသွားရင် ... ဟင့် ... ငါဘာဆက်လုပ်ရမလဲ ယွီပင်း ... ဟင့် ... ငါရူးတော့မှာပဲ ^
လက်နဲ့ မျက်နှာကိုပွတ်ချပီး ပြောနေတဲ့ Xiao Zhan ကိုကြည့်ပီး ယွီပင်းလဲ ရူးချင်တရ် ... ဟိုကောင် ကျိုးချန်ကလဲ ပေါ်ကိုမလာသေးဘူး ...
^ နောက်ပီး Wang က ငါ့ကိုသိပ်ချစ်တာ ငါ့သိတာပေါ့ ... ဒါပေမဲ့လေ ငါကြောက်တရ် ... ^ ပြောပီးတာနဲ့ Yibo လက်ဆောင်ပေးထားတဲ့ လက်စွပ်ကို နမ်းပီး နံရံကိုကြည့်နေတဲ့ Xiao Zhan ကိုကြည့်ပီး သူလဲ တကယ်စိတ်မကောင်းပေ။
အာ့လက်စွပ်စရတုန်းကဆို Xiao Zhan တို့မြောက်ကြွကြွနဲ့ တလလောက် ကပ်ကြွားတာခံရတုန်းကဆို သူတို့တွေဆဲခဲ့သေးတာ ...
တွဲတာ လပိုင်းလောက်ပဲရှိသေးတရ်ဆိုပေမဲ့ Xiao Zhan ရဲ့ ခံစားချက်တွေကတော့ Yibo ကျောင်းလာအပ်တဲ့နေ့ထဲက စတင်ခဲ့တာဆိုတော့ အထိနာတာလဲ မဆန်းပေ ...
ကျိုးချန်းရောက်လာတော့ အစအဆုံးပြောပြပီးနောက် အတင်းကို Yibo ကိုသွားပြောပြမရ်လုပ်နေလို့ မနည်းဆွဲထားရတရ် ... ဆွဲမရတဲ့အဆုံး Xiao Zhan ငိုယိုပီး
^ ငါကြောက်လို့ပါ ^ ဆိုပီး ကျိုးချန်လက်မောင်းကို ကိုင်ပီးပြောမှ ငြိမ်ကျသွားတော့တယ် ...
^ မင်းဘာကြောက်တာလဲ Xiao Zhan ... ပြောစမ်းပါဦး ^
^ ငါ့ကို Wang ကျောခိုင်းလိုက်မှာကြောက်တာ ... Wang မုန်းသွားမှာ ကြောက်တာ ... ငါတစ်ကိုယ်ကောင်းဆန်တရ် ပြောပြော အတ္တကြီးတရ်ပဲဆိုဆို ငါကို အရင်ကျောခိုင်းပီး ထွက်သွားမှာ လက်မခံနိုင်ဘူး ... နောက်ပီး စကားလုံးကြမ်းကြမ်းတွေနဲ့လဲ Wang ငါ့ကိုစိတ်နာသွားပီးမှ လမ်းခွဲတာမျိုး မဖြစ်ချင်ဘူး ... ငါကလေ Wang ကိုလမ်းခွဲပီးတာတောင် ငါလိုမျိုး ချစ်စေချင်တာ ... ငါအတ္တကြီးလွန်းတာသိပေမဲ့လဲ ^
^ ကျစ် ... မင်း ပျော့ညံလာလိုက်တာ ... ဒိအချိန်မှာ မင်းက ဒေါသထွက်နေရမှာ ... ကိုယ့်ကို လမ်းခွဲဖို့နည်းလမ်းမျိုးစုံနဲ့ အသိပေးသွားတဲ့ ဟိုအမျိုးသမီးကြောင့် Yibo ကိုပိုပီးတောင် လမ်းမခွဲသင့်ဘူး ... မင်းလုပ်ပြလိုက်စမ်းပါ ... Yibo ကို သူတို့မရှိလဲ စိတ်ချမ်းသာအောင်ထားနိုင်တရ် ဆိုတာ ပြလိုက်စမ်းပါ Xiao Zhan ရာ ... မင်းက ဒီလိုပုံစံမျိုနဲ့ လမ်းခွဲဦးမလို့လား ^ ကျိုးချန်ရဲ့ ဒေါသမမြည်သံကြောင့် ...
^ Wang ကြားထဲမှာ စိတ်ဆင်းရဲရတာမျိုးမလိုချင်ဘူး ... Wang ကလေ သူမားမားအကြောင်းများ ပြောလိုက်ရင် ပြုံးနေတာ ... နောက်ပီး ... ငါ လေ့ကျင့်ပီးမှသွားမှာ ... Wang ကိုပြောရမဲ့စကားတွေကိုလေ ... ဟင့် ... ငါကအလွတ်ကျက်ပီးမှ ပြောမှာပါ ^ ပြောလဲပြော ငိုလဲငိုတဲ့ Xiao Zhan ရင်ထဲမှာ ဘယ်လောက်တောင်စုတ်ပြတ်သတ်လဲဆိုတာ ကိုယ်ချင်းစာမိပါတယ် ...
လမ်းမခွဲခင်တစ်ရက်အလိုမှာလဲ ဖန်စီလက်စွပ်တစ်ကွင်း ဝယ်ခိုင်းပီး Yibo ပေးတဲ့ လက်စွပ်ကို တချက်နမ်းပီး အံဆွဲထဲ ထည့်သိမ်းတော့သည်။
တစ်ခါတစ်လေ ငယ်ပေါင်းကြီးဖော်ဖြစ်တဲ့ ယွီပင်းနဲ့ ကျိုးချန်တောင် Xiao Zhan ကိုနားမလည်နိုင် ...
လမ်းခွဲပီး ပြန်လာတဲ့နေ့မှာလဲ ၀တ်ထားတဲ့ တည်တည်ငြိမ်ငြိမ်ပဲ အပေါ်အကျီကို ခုတင်ပေါ် သေချာတင်ပီး အ၀တ်လဲနေတော့ ...
^ လျော်မဲ့ အကျီတွေကို ခြင်းထဲ ထည့်လေကွာ ... ^
^ မဟုတ်ဘူး ... အာ့အကျီကို မလျော်တော့ဘူး ... Wang ငါ့ကို ဖတ်ထားတဲ့ အငွေ့အသက်တွေရှိတရ် ^
ရူးလိုက်တာ Xiao Zhan ရယ်လို့ မပြောရုံတမယ် ယွီပင်းတို့မှာ အလိုက်တသိ အခန်းပြင်ထွက်လာလိုက်တော့သည်။ ဒီရက်ပိုင်း Xiao Zhan ဘေးနားကနေ သူတို့နှစ်ယောက်လုံး နေပေးဖစ်တရ် ... မနေလို့လဲ မရပေ။
လမ်းခွဲပီး သိပ်မကြာလိုက် ကျောင်းကပါထွက်လိုက်တာမို့ Xiao Zhan ကတိုက်ခန်းမှာ ပဲအချိန်ကုန်နေတော့တာ ...
Xiao မိသားစုကလဲ သူ့သားလေးကို ကြည့်ပီး ရင်ထဲမချိပေ ... စိတ်ပျော်ရာ နေရာမှာနေ ဆိုပီး လွတ်ထားပေးပီး ယွီပင်းနဲ့ ကျိုးချန်ကို ကရုစိုက်ပေးဖို့လဲ အတန်အတန်အပ်ထားလေသည်။
တစ်ခါတစ်လေဆို အရက်သောက်ပီး အော်ငိုနေသလို ... လက်စွပ်ကို နှုတ်ခမ်းနားမှာ တေ့ထားပီး နံရံကိုတွေတွေကြီးကြည့်နေသေးတာ ...
တစ်ခါတုန်းကဆို ယွီပင်းတို့ လစ်တုန်း ဘယ်ပျောက်သွားမှန်းမသိလိုက် ...
ကားနဲ့ပတ်ရှာတော့မှ Yibo တို့ Apartment နားမှာ ကုတ်ခြောင်းခြောင်းနဲ့တွေ့မှ သတ်ပြင်းချနိုင်တော့သည်။
^ ဟေ့ကောင် ... ဘယ်ထွက်သွားဦးမလို့တုန်း ^
^ Wang ဆီ ခဏသွားကြည့်မလို့ ... ^ Mask ကတစ်ဖက် Hoodie ကိုခေါင်းစွပ်ပီး ၀တ်ထားတဲ့ Xiao Zhan က လမ်းခွဲပီးနောက် မစားမသောက် Yibo ပုံတွေကို အခန်းအောင်းဆွဲ ညဘက်ရောက်ရင် ယွီပင်းတို့နဲ့ အရက်သောက်လိုက်နဲ့ ...
သိပ်မကြာလိုက် ... အစာအိမ်ဖစ်လို့ ဆေးရုံတတ်လိုက်ရတာကိုလဲ မမှတ် ... မင်းဒုက္ခကလဲ မသေးဘူး Xiao Zhan ရယ် ...
Advertisement
^ မင်းသွားတော့ရော Yibo ကသိမှာမှ မဟုတ်တာ ... ^
^ မသိလဲရတရ် ... ငါက ဒီတိုင်းလေးငေးနေမှာ ... မနက်ပိုင်း ငေးလာသမျှကို ပြန်လာရင် Wang ပုံရိပ်လေးကို ထိုင်ဆွဲမရ် ... အာ့လိုလုပ်ရင် Wang ငါ့အနားမှာ ရှိနေသလိုပဲ ^
ပြုံးပီးပြောနေတဲ့ Xiao Zhan ကို မင်းတကယ် ပျော်တာရော ဟုတ်ရက်လားလို့ ဆွဲထိုးပီးသား မေးပစ်လိုက်ချင်တယ် ...
၂နှစ်နီးပါး တိုက်ခန်းလေးမှာပဲ အချိန်ကုန်ပီး Yibo ကိုချောင်းကြည့်လိုက် ပြန်လာရင် ပန်းချီဆွဲလိုက်နဲ့ Xiao Zhan ကြည့်ရတာ အနာဂတ်ပျောက်နေသလို ...
ယွီပင်းတို့နှစ်ယောက်ကတော့ Master ပီးအောင်တတ်ပီးလို့ ဘွဲတောင်ယူပီးသွားပီ... Master တန်းလန်း Xiao Zhan ကတော့ ကိုယ်ရည်ကိုယ်သွေးရှိပါရက်နဲ့ ခုထိလမ်းပျောက်နေတုန်း ...
သိပ်ကို ချစ်တတ်လွန်းတဲ့ သူ့သူငယ်ချင်းကို အပြစ်လဲမတင်ရက်ပါဘူးလေ ... ကာလကြာမြင့်တာတောင် မှေးမှိမ်သွားခြင်းမရှိတဲ့ Xiao Zhan ရဲ့ Yibo အပေါ်ထားတဲ့အချစ်က လေးနက်လွန်းတရ် ...
ခုထိ လမ်းပျောက်နေတဲ့ Xiao Zhan ကိုတော့ ဆွဲထုတ်သင့်နေပီလို့ထင်တရ် ... ကျိုးရန်ရဲ့ Wedding ကိစ္စ အကြောင်းပြုပီး Landon ကိုခေါ်ထုတ်သွားမှ ရတော့မှာ ...
^ Xiao Zhan ...မင်း ကျိုးချန်ရဲ့Wedding သွားမှာမလား ^
^ အင်း ... ^ ဆွဲလက်စမပျက်ပဲ ယွီပင်းကို တစ်ချက်ကြည့်ပီးဖြေလာတယ် ...
^ မင်း ဒီလိုပဲ ဆက်သွားတော့မှာလား ... မင်းအရည်အချင်းတွေကို အသုံးမချတော့ဘူးလား ... ^
^ ငါမှာ အနာဂတ်မရှိဘူး ယွီပင်း ... ငါ့အနာဂတ်က လွန်ခဲ့တဲ့ ၂နှစ်ထဲက ပျောက်သွားတာ ^
^ ကျစ် ... Landon မှာ အရင်ကလို မင်းတွေးထားသလို ကျောင်းဆက်တတ် ... ဒီမှာ Yibo ပုံတွေ ငါရိုက်ပီးတာနဲ့ ချက်ချင်းပို့ပေးပါ့မရ်ကွာ ... နောက်ပီး Yibo က Dancer ဖစ်ဖို့ ရည်မှန်းထားတရ်လို့ တစ်စွန်းတစ ကြားလာတရ် ... အကယ်၍သာ ကံကြမ္မာက မင်းတို့ကိုပြန်ဆုံဆည်းပေးမရ်ဆိုရင် မင်းနဲ့ Yibo က မင်းခုလိုပုံစံနဲ့ အကွာကြီးကွာနေမှာမဟုတ်ဘူးလား ^ လတ်ခနဲ ဖြစ်သွားတဲ့ မျက်၀န်းတွေကလဲ ခဏသာသာ ...
Xiao Zhan ကျောင်းထွက်ပီးနောက်မှာ ကျောင်း၀င်းထဲမှာ Yibo ပုံတွေခိုးရိုက်ပေးဖို့ သူတို့နှစ်ယောက်မှာ တာ၀န်ကျလာတော့သည်။
Yibo အပေါ် အပုတ်ချနေတာတွေကိုတော့ ပြန်ပြောဖို့ သူတို့လဲ Xiao Zhan ဒေါသကို ကြောက်ရတရ် ... သူတို့လဲ အခွင့်သင့်ရင်သင့်သလို သူတို့ညီလေးကို ပြောသမျှတွေကို စီနီယာ ရာထူးနဲ့ ပညာပြန်ပြပါတယ် ...
^ မင်း မိသားစုကိုလဲ ပြန်ကြည့်သင့်တရ် ... ရှောင်မားဆို ဖွင့်သာမပြောတာ မင်းခုလိုပုံစံနဲ့ ဘယ်မြင်ချင်ပမလဲ ^
တွေဝေသွားတဲ့ Xiao Zhan ကြောင့် ယွီပင်းလဲ Landon သွားဖို့အရေး ပိုပိုသာသာလေးသာ ဖိပြောတော့သည်။
Xiao Zhan စဉ်းစားမိတာ Wang မားပြောခဲ့တဲ့စကား ...
Xiao Zhan Major ယူထားတာ Design ဆိုပေမဲ့ Interior Design ... သူလဲ Fashion Designer ဖစ်အောင်လုပ်ရင် Wang မားအမြင်တွေက ပြောင်းသွားနိုင်သလား ...
နောက်ဆုံးနှစ်ရောက်နေပီဖစ်တဲ့ Wang အကြောင်းထဲမှာ သူပြန်သိရသလောက် သူ့မကြာချင်တဲ့ သတင်းတခုမှလဲမရှိတာမို့ ...
Wang နဲ့ပြန်မနီးစပ်နိုင်ပေမဲ့ တချိန်မှာ တောက်ပလာမဲ့ Wang အတွက် နာမည်ရှိတဲ့ Fashion Designer တစ်ယောက်ဖြစ်ပေးချင်တရ် ... သူဆွဲပေးတဲ့ Design တွေကို Wang ၀တ်တာလေးလဲ ကြည့်ချင်တရ် ...
^ ငါ Landon သွားမရ် ယွီပင်း .. ငါ့ကို Wang ပုံတွေ ရိုက်ပီးတာနဲ့ ပို့ရမရ် ... ပို့ပီးရင်လဲ မင်းဖုန်းထဲ အကုန်ပြန်ဖြတ်ထား ... နောက်ပီး Wang ကိစ္စ အ၀၀ ကို မင်းသိသမျှ ပြန်ပြောပေးရမရ် ... အထူးသဖြင့် ငါရင်ကွဲစေ့မဲ့ တစ်ချို့ကိစ္စတွေတောင်ပေါ့ ... ငါစိတ်ချပါရစေ ^
ပြောပီးတာနဲ့ Luggage ထုတ်ပီး အ၀တ်ထည့်နေတဲ့ Xiao Zhan ဟာ စိတ်မြန် လက်မြန် ...
ကုတင်ပေါ်မှာလဲ လမ်းခွဲတုန်းက ၀တ်ထားတဲ့ အကျီက ခုထိ ဖက်လုံးပေါ်လေးမှာ ခေါက်ယှက်သားလေ ...
တကယ်ပါ ... မင်းတို့နှစ်ယောက်ကို မေ့ဆေးပေးပီးသာ အခန်းတစ်ခန်းထဲ သော့ခတ်ထားပေးချင်တော့တယ် ... တစ်ယောက်ကလဲ ပွင့်ပွင့်လင်းလင်းမဖြေရှင်းပဲ ရှောင်ပုန်းတရ် ... နောက်တစ်ယောက်ကလဲ ထုတ်မပြောပေမဲ့ ယွီပင်းတို့ကို တွေ့တာနဲ့ ညိုးသွားတဲ့ မျက်နှာလေးနဲ့ ... ငါရှင်ချင်တရ် ...
^Wang ပန်းချီတွေကို အကုန်မဟုတ်ရင်တောင် ၃ချပ်လောက် ငါ ဟိုရောက်တာနဲ့ ရှိပီးသား ဖြစ်ချင်တရ် ... အဲ့တာ မင်းစီစဉ်ပေး ^ အသည်းကွဲနေတဲ့ သူငယ်ချင်းကို မဆဲရက်ဘူး ထင်နေရင် မှားသွားပါလိမ့်မရ် ...
^ မင်းဆွဲတဲ့ ပန်းချီတွေသာ အကုန်ပို့လိုက်ရရင် ဟိုမှာ စာသွားမသင်နဲ့ ... ပြခန်းဖွင့်စားတော့ ... ^
Xiao Zhan ကတော့ ပန်းနဲ့ပေါက်သည့်အလား ပြန်မပြော နားမထောင်ပေ ...
Landon ရောက်ပီးနောက် Xiao Zhan စိတ်တွေက နေရာအပြောင်းအလဲကြောင့် ကြည်လင်လာပေမဲ့ Wang ကိုလွမ်ူတဲ့စိတ်ကတော့ ဆတိုး လွမ်းတရ် ...
အရင်ထဲက တစ်မြေထဲမှာ နေရတရ် ဆိုတဲ့ အသိစိတ်နဲ့ ဖြေသိမ့်နိုင်ပေမဲ့ Wang ပုံလေးကို ဖုန်းထဲကနေတဆင့် ကြည့်မ၀နိုင်တဲ့အခါ Wang ရဲ့ စကားချိုချိုလေးတွေကို ထည့်သိမ်းထားတဲ့ Diary တွေကို ဖတ်မ၀တဲ့ အခါမှာ အရင်လို ပိတ်ရက်တိုင်း Wang ကိုအပြင်မှာ မတွေ့နိုင်တော့ China ကိုတစ်ခါတစ်ခါ ပြန်ပြေးလာချင်တဲ့အထိပဲ ...
Landon မှာလဲ ရှားရှားပါးပါး သူငယ်ချင်းဆိုလို့ Yinn Dew ဆိုတဲ့ တရုတ်စပ်တစ်ယောက်ရယ်ပဲ ပေါင်းဖစ်တယ် ...
သူကလဲ Entertainment Company တစ်ခုကို အမွေဆက်ခံရမှာတဲ့ ... ငါ့ဆီမှာ Designer လာလုပ်တဲ့ ...
ကိုယ့်က Wang အတွက် တစ်ဦးထဲသော Designer လေးဖြစ်ချင်မိတာ ...မဖြစ်နိုင်တဲ့ လောဘတွေ သိပ်ကြီးမိပြန်ပီနဲ့တူတရ် ...
တစ်နှစ်လောက် အလွမ်းဝေသနာကို ခါးဆီးခံပီး China ကိုပြန်ရောက်ဖို့ ဖြစ်လာတော့သည်။
Wang ပန်းချီတွေရှိတဲ့ တိုက်ခန်းဆီး ရောက်တာနဲ့ ခြေဦးလှည့်မရ်လို့ စဉ်းစားမိ တော့ သော့က ရှာမတွေ့ ...
အများကြီး စဉ်းစားစရာမလိုလိုက် ... ကိုယ်နဲ့ အတူပြန်လာတဲ့ Yinn Dew ဆိုတဲ့ ကောင်ပဲနေမှာ ... ဒီကောင်ကတော့ မွေပြန်ပီ ... စိတ်ရှုပ်ရှုပ်နဲ့ ခေါင်းကို ကုတ်ပီး Dream Company ကိုသာ မောင်းထွက်လာလိုက်တော့သည်။
ဟိုနှစ်ကောင်ကိုလဲ ရောက်ကြောင်း Msg ပို့ပီး တိုက်ခန်းမှာ စောင့်နေလို့သာ ပြောထားလိုက်သည်။
တွေ့တာနဲ့ ထွေထွေထူးထူး မေးစရာမလိုလိုက် ... သူလိုက်လာမရ်ဆိုတာ သိနေတဲ့ Dew ဟာ သူ့ ၀န်ထမ်းတွေကိုပါ ပြောထားပုံရတရ် ...
Dew အခန်းကို ရောက်တာနဲ့ ဧည့်သည့်ရှိနေတာတောင် ဂရုမစိုက်နိုင်တော့ဘဲ ...
^ ငါ့တိုက်ခန်းသော့ ပြန်ပေး Dew ^ စိတ်ဆိုးမာန်ဆိုးအသံနဲ့ အတူ ကြုတ်ထားတဲ့ မျက်ကြောတွေဟာ လှည့်ကြည်လာတဲ့ ခေါင်းလုံးလေးကြောင့် ပြန်ပြေသွားရတရ် ...
သူ့ဘုရင်ငယ်လေးပါလား ... ဘာလို့ ဒီရောက်နေတာပါလဲ ...
ပုံမှန်ဆို privacy ဆိုတဲ့အတွက် ထွက်သွားပေးသင့်ပေမဲ့ သူ့ Wang နဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်လိုက်တော့သည်။
ပါးဖောင်းလေးနဲ့ ဒီလို အနီးကပ်မတွေ့ရတာ တစ်နှစ်ကျော်လောက်ရှိပီလေ ... ခပ်တိုတို ဆံပင်လေးကြောင့် Wang က ကလေးလေးနဲ့တူလာတရ် ...
Dew ရဲ့ Lunch join မလားဆိုတဲ့ မေးခွန်းမှာ Xiao Zhan ဒေါသတွေက မထွက်သင့်ပဲ ထွက်လာရပြန်တယ် ... မကြည့်ပါနဲ့ ... သူ့ကလေးလေးကို ... ချစ်ခိုးငွေ့တွေပါတဲ့ မျက်၀န်းတွေနဲ့ ... ပိုင်ဆိုင်ကြောင်းမကြွေးကြော်နိုင်ပေမဲ့ ကိုယ်တို့ရဲ့ ပတ်သတ်မှု့လေးက ရှိသေးတာမို့ မျက်နှာပြောင်တိုက်စွာ နှုတ်ဆတ်မိလိုက်တယ် ...
လက်ကမ်းပေးလာတဲ့ Wang လက်လေး သူကိုင်လိုက်ရမလား ... ၃နှစ်လောက် ဝေကွားနေတဲ့ သူ့သိပ်မက်မောနေတဲ့ Wang အငွေ့အသက်လေး ...
ရုတ်တရက် လက်ကိုတစ်ချက်ဆွဲညစ်လိုက်တာမို့ သူ့ရင်တွေက တလှပ်လှပ် ... သိပ်မကြာလိုက် ... မျက်နှာအပျက်ပျက်နဲ့ ထွက်သွားတဲ့ Wang ကြောင့် အလျင်မှီအောင် လိုက်ချင်ပေမဲ့ ရစ်နေတဲ့ Dew ကြောင့် တစ်ချက်အော်ထည့်လိုက်တော့မှ သော့ပြန်ပေးလာတရ် ...
နောက်မှ ဖုန်းဆက်ပီး Wang ဘာကိစ္စလာတာလဲ မေးရဦးမရ် ... အပြေးမြန်လှတဲ့ Wang ကိုမမှီလိုက်တာမို့ Xiao Zhan ပြန်ခြေဦးလှည့်မိတာ Xiao အိမ်တော်မဟုတ်ဘဲ သူရဲ့ ကိုယ်ပိုင် တိုက်ခန်းဆီ ...
တွေ့တာနဲ့ ဖက်လိုက်တဲ့ နှစ်ယောက်အားကြောင့် သူ့ကိုယ်ဟာ ယိုင်ခနဲ ...
^ မတွေ့တာ ကြာလို့ထင်တရ် ... ငါ့တို့ကောင်ကြီးက ပိုချောလာသလိုပဲ ^
^ ငါ Wang နဲ့တွေ့ခဲ့တရ် ^ ပြောတခြား ပြန်ပြောတာ တလွဲဆိုပေမဲ့ ယွီပင်းတို့လဲ ကျောမတ်ခနဲ ဖစ်သွားသည်။
အလုပ်အကိုင်ကိုယ်စီနဲ့မို့ အရင်လို Yibo ကိုနေ့တိုင်း ချောင်းပီး ဓါတ်ပုံနရိုက်နိုင်ပေမဲ့ ပိတ်ရက်တိုင်းမှာတော့ ကျိုးချန်နဲ့ အလှည့်ကျရိုက်ပေးဖစ်တယ် ...
Xiao Zhan Landon သွားပီးသိပ်မကြာလိုက် Yibo ကို လူတစ်ယောက်နဲ့ အမြဲလိုလိုတွဲတွေ့ရတတ်သည်။
တစ်ခါတစ်လေ ဟောက်ရွမ်းလဲ ပါလာသလို တစ်ခါတစ်လေ သူတို့နှစ်ယောက်ထဲ Cafe ဆိုင်တစ်ခုမှာ ထိုင်နေတတ်သည်။
အာ့အကြောင်းတွေကို Xiao Zhan ကိုနှစ်ယောက်လုံးက ဖုံးထားဖို့သာ ကြံခဲ့သည်။ ခုမှတော့ မထူးတော့သည်မို့ ရိုက်ထားတဲ့ တစ်ချို့ ဓါတ်ပုံတွေထုတ်ပြလိုက်တော့ ...
^ ဟမ် ... သူက ဘယ်သူလဲ ... ဘာလို့ Wang အနားမှာ အမြဲတွေ့နေရတာလဲ ... ^ ရှူးရှူးဒိုင်းဒိုင်း ဖြစ်လာတဲ့ Xiao Zhan ကြောင့် ယွီပင်းလဲ ကျိုးချန်လက်ကိုသာ အသာကုတ်လိုက်တယ် ...
^ ဟို ... ငါလဲ မသိ ...စုံစမ်းကြည့်တော့ Consultant Doctor ဖြစ်နေတာ ... ^
^ Wang က ဘာကိစ္စ သူနဲ့တွေ့ရမှာလဲ ... တောက် ^ ကျိုးချန်ပြောသမျှ ကြားမဲ့ပုံမပေါ်တဲ့ Xiao Zhan ဟာ ထိန်းမရအောင် ဒေါသထွက်နေဟန် ...
^ ခုထိ Wang ရဲ့ ငါမသိသေးတဲ့တခြားသတင်းတွေရှိသေးလား ^
ဒေါသအသာထိန်းပီးမေးလိုက်ပေမဲ့ အံကြိတ်ထားတာမို့ ထောင်တတ်နေတဲ့ လည်ပင်းသွေးကြောတွေကို ကြည့်ပီး ယွီပင်းမှာ စကားမထစ်အောင်မနည်းပြောလိုက်ရတယ် ...
^ မရှိဘူး Xiao Zhan ... တကယ် လုံး၀မရှိတော့ဘူး ^
^ Wang ကို ငါ အဆုံးအရှုံးမခံနိုင်ဘူး ... ငါက အရင်တုန်းက ငေးကြည့်နေရုံနဲ့ တင်းတိမ်နိုင်မရ်ထင်ပီး လွတ်ချခဲ့မိတာ ... ငါက Wang နဲ့ပတ်သတ်ရင် အတောမသတ်နိုင်တဲ့ လောဘတစ်ပုံတစ်ပင်နဲ့ သူဆိုတာ မေ့သွားတရ် ... ငါအနာဂတ်ကို တွေးပီး စိတ်မပူပန်တော့ဘူး ... Wang ကိုငါ ပြန်ကြိုးစားမရ် ... ပစ္စုပန်ကာလအတွက် စိတ်အေးချင်တယ် ... Wang ကို ဘေးချင်းကပ် အတူတူထိုင်နေတာတောင် မပြောနဲ့ မျက်လုံးနဲ့ စေ့စေ့ကြည့်တာတောင် မကြိုက်ဘူး ... ^
လွန်ခဲ့တဲ့ ၃ နှစ်လောက်ကသာ အာ့လိုပြတ်သားနိုင်ခဲ့ရင် မင်းခုထိ အသည်းကွဲစရာ ဘယ်လိုမလဲကွာ ...
အင်းလေ ... အာ့တုန်းကလဲ သူတို့အသက်အရွယ်ဆိုတာ ဆယ်ကျော်သက်ထဲမှာ မပါပေမဲ့ ဘေးစကားနားယောင်တတ်တဲ့အရွယ် နောက်ပီး ဆုံးဖြတ်ချက်တစ်ခုကို စိတ်မြန်လက်မြန် တမူးရှူးထိုးလုပ်တတ်တဲ့အရွယ်တွေ ...
နောက်ပီး Yibo ဘေးနားမှာ ဘယ်သူဘယ်ဝါကမှရှိမနေတာ ခုမှကောက်ခါငင်ခါတွေလိုက်ရတော့ Xiao Zhan ပြာသွားတာလဲမဆန်း ... အာ့လိုမှန်းသိရင် လွန်ခဲ့တဲ့ သုံးနှစ်လောက်ထဲက အကြံဖန်လုပ်ပီး Yibo ပုံတွေရိုက်ပြမှာပေါ့ ...
Landon မှာ တစ်နှစ်လောက် ကျောင်းသွားတတ်တဲ့ Xiao Zhan က ပိုကြည့်ကောင်းလာသလို ဒေါသပိုကြီးလာသလို ပိုပီးလဲ ပြတ်သားလာတယ် ... ခုတောင် လူသတ်ငွေ့တွေတောင် မြင်နေရသလို ...
Wang ... မင်းဘေးမှာ ကိုယ်ကလွဲပီး တခြားတစ်ယောက်ကို ပထမဆုံးမြင်ရတာ ကိုယ်ရင်ထဲ ပူပြင်းလိုက်တာကွာ ...
ကိုယ် Wang ဘေးနာမှာ တွဲကပ်မှု့မျိုးစုံနဲ့ပြန်လာတော့မှာမို့ မကြိုဆို မှန်းသိပေမဲ့ မနှင်ထုတ်ဖို့ ကြိုတောင်းပန်ထားပါရစေ ... ကိုယ်က အတ္တသိပ်ကြီးတရ် Wang ... Wang နဲ့ပတ်သတ်ရင် ကိုယ့်အတ္တတွေဆိုတာ မကုန်နိုင်မခမ်းနိုင် ...
ဘယ်သူ့ ပရောဂကြောင့်မှ ထပ်ပီးဝေးသွားတာမျိုးလဲမဖြစ်စေရဘူး Wang ... အရင် Xiao Zhan ကသေသွားပီ ... အခု Xiao Zhan က Wang နဲ့ အနာဂတ်တစ်ချို့ကို ပုံဖော်ထားပီး ဖြစ်ပမလားဆိုပီး မကြောက်တတ်တော့ဘူး ... ဖြစ်ကို ဖြစ်ရမရ်ဆိုတဲ့ စိတ်ပဲရှိတော့တယ် Wang ...
ပစ္စုပန်မှာ Wang မျက်နှာတစ်ခုထဲကိုသာ ကြည့်ပီး ဖြစ်လာသမျှတွေကို ကိုယ်ရင်ဆိုင်ဖြေရှင်းတော့မယ် Wang ...
ကိုယ့်ဘုရင်ငယ်လေးကို ပြန်သိမ်းပိုက်ဖို့အတွက် ကိုယ်ပြင်ဆင်ထားတော့မယ် ...
ပုံတွေအားလုံးCreditပေးပါတရ်ရှင့်
#Violet
Advertisement
- In Serial34 Chapters
Drunk & Sober : IN LOVE
Rebekah Williams, a girl as beautiful as a Greek Goddess and the epitome of hotness for everyone in high school meets a nerd Rex Mitchell who changes her life in a way she never imagined. She dared to get rid of her demons for attaining his love. But life sure had different plans. She was tested time and again for her love for Rex. Will she finally get him after going through a long chain of life changing events?
8 191 - In Serial35 Chapters
In His Office
Someone cleared his throat behind me. My laughter died instantly. I turned and saw Mr. Ashton standing there."Come to my office Ms Rose NOW!!", he shouted.Everyone scattered to their work stations and I went to his office. He was sitting in his chair looking hot as ever. You should not be thinking that right now Emily! His green blue eyes looking at me with an emotion I couldn't pinpoint. Annoyance , disbelief or humor."Close the door", he shouted and I flinched with the harshness of his words.I was 100 percent sure that my job was at stake. You are dead Emily Rose.
8 154 - In Serial16 Chapters
I Was A Substitute
I've lived my life as everyone wanted me to, the perfect Young Miss. But I was only adopted to fill the vacancy of the real Duke's daughter. When the real Miss returned, they all turned their backs on me."If I had known this was going to happen, I wouldn't have let you in."I loved them dearly, but to them I was nothing but a substitute for a Young Miss."Should I tell you something before dying? Actually, I'm a fake too."
8 190 - In Serial5 Chapters
the wolf pack and the fangs gang
Being edited(waring.this has profanity, and some sexual seanes involving girls. you have been warned )
8 96 - In Serial112 Chapters
Very Happy
--This is not mine for my offline reading purposes only, PLEASE DON'T VOTE.--Li Zhao is a poor, 20-year-old actor who only thinks of where his next meal is coming from. After growing up in a child only facility, Li Zhao has taken on a very optimistic personality even while raising money for those he sees as family.On the other hand, 28-year-old rich businessman Yan Ting is super pessimistic.Yan Ting: Life is no fun. What is the difference between life and death?Li Zhao: Life is very happy.The world in Yan Ting's heart was very grey until he met Li Zhao. He thought, this must be the liveliest person in the world. Otherwise, how could Li Zhao be so lively in his heart every day?Associated Names美滋滋--Credits to:--Authors: Butterfly's Shadow Beneath the MoonYue Xia Die Ying月下蝶影Sources: https://chrysanthemumgarden.com/
8 91 - In Serial14 Chapters
BEN Drowned x Reader
(Cover art is mine. Please do not steal)You've been alone for a couple of months now. You're parents left on a 'business trip' and haven't returned, leaving you all alone in a big house in the middle of the woods, but you don't care. The only thing that's bothering you is your quickly increasing level of boredom. All you have left is to watch television and use your laptop, but eventually your television stops working and your laptop starts to glitch. Normally, you'd get upset and walk away, but this time you're frozen in place as a person appears on the screen, slowly walking closer and closer. Your heart stops when its fingers start to reach out from the screen.
8 105

