《Late Regret ( COMPLETED )》Part 10
Advertisement
Wang Yiboဟာ နိုးလာတာနဲ့ ကိုင်လျက်သားလေး လင်းနေတဲ့ ဖုန်းလေးကိုကြည့်ပီး ကျန်လက်တစ်ဖက်နဲ့ မျက်လုံးကိုပွတ်လိုက်သည်။
Battery 10% လေးက သူ့ကိုပြောင်ပြနေသလိုပဲ ...
ညမအိပ်ခင်က 80% လောက်ရှိတာကို ဖုန်းက တညလုံးလင်းနေတော့ ရှိသမျှ Battery လေးလဲ ပြောင်ရှာပီ ...
နာရီကို ကြည့်လိုက်မိတော့ ၇နာရီ ... သူဒီနေ့အစောကြီးလဲ နိုးနေသလို စိတ်လဲကြည်နေတယ် ...
အစ်ကို ပို့ထားတဲ့ Msg တွေကိုတခေါက်ပြန်ဖတ်လိုက်ပီး ဖုန်းအားသွင်းလိုက်တော့တယ် ...
မျက်နှာသစ်ပီးတာကို အပြင်ကို တစ်ပတ်လောက် လမ်းလျောက်ပီး ရေမိုးချိုးပီး Company ကိုတန်းသွားဖိူ့ စီစဉ်ထားတရ် ...
ထုံးစံအတိုင်း စီးတော်ယာဉ်ကတော့ အမောင် ဟောက်ရွမ်းကားပေါ့ ...
----------------------------------------------------------------------------------
ရေမိုးချိုးပီးတာနဲ့ ဖီးလိမ်းပြင်ဆင်ပီး ကုတင်ပေါ် ပြန်ခွေပီး ဖုန်းသုံးဖို့ ပြင်လိုက်တော့သည်။ ဒီချိန်လောက်ဆို ဖုန်းအားလဲ ပြည့်နေလောက်ပီး ...
နောက်ပီး လှဲလိုက်လို့ အကျီတွေ တွန့်ကြေနေလဲ Wang Yibo တို့က ရုပ်ခံလေးရှိတော့ ဘာလုပ်လုပ် တင့်တယ်တရ်လေ ...
အစ်ကို လို့ မှတ်ထားတဲ့ Contact ကနေ Msg ၀င်လာတာတွေ့တော့ မြန်မြန်ဆန်ဆန်ပဲ ၀င်ကြည့်လိုက်မိတယ် ...
7:33 ^ Morning အိတ်ပုတ်လေး Wang ... ^
7:34 ^ Breakfast မစားပဲ Company ကိုမလာနဲ့ဦးနော် ^
7:36 ^ ကိုယ် လာကြိုချင်ပေမဲ့ Wang စိတ်အနှောက်အယှက်ဖစ်မှာစိုးလို့ မလာခေါ်တော့ဘူးနော် ... ^
အိပ်ပုတ်တဲ့ ... သူ့ထက်အရင်နိုးနေ့တဲ့သူကိုများ ... ဟွန့် ... Breakfast လား ... နွားနို့တခွက်ဆို ဗိုက်အတင်းပဲ ခင်ဗျားရဲ့ ... လာမခေါ်တာလဲကောင်းတရ် ... ဟောက်ရွမ်းနဲ့တွေ့ရင် ခင်ဗျားတော့ မလွယ်ကြောပဲ ...
တစ်ခုခြင်းဆီ Reply ပြန်ချင်ပေမဲ့ ပြန့်ပို့လိုက်သည်မှာက Morning ဆိုတဲ့ ဝေါဟာရ တစ်လုံးသာပင် ...
အစ်ကို ဆိုတဲ့ Contact အဟောင်းနေရာမှာ Ph no အသစ်လေးက ၀င်ရောက်လာတရ် ... Wallpaper လေးဟာလဲ သူတို့နှစ်ယောက်တူတူ ရိုက်ထားတဲ့ပုံလေး ...
Passwordအထပ်ထပ် ခံထားတဲ့ သူ့ဖုန်းကို အနီးကပ်ဆုံးဖြစ်တဲ့ ဟောက်ရွမ်းတောင် မသိတာမို့ ဘယ်သူဘယ်ဝါမှ ဖွင့်ကြည့်နိုင်မှာမဟုတ်။
သူရဲရဲတင်းတင်းပဲ အစ်ကိုနဲ့ ပတ်သတ်သမျှကို ဖုန်းထဲမှာ အစီအရင် မှတ်တမ်းတင်ထားသည်။
မရှေးမနောင်မှာ တင် ဆိုတဲ့အသံကြောင့်ယူစစ်လိုက်တော့ ...
8:00 ^ Morning Wang ... ဒီနေ့လဲ Wang ကို မနေ့ကထပ်ပိုတဲ့ အချစ်နဲ့ ချစ်တရ် ... Training Room မှာတွေ့ကြမရ် ^
မျက်စိတစ်ဖတ်မှိတ်ထားတဲ့ emoji က ကလေးဆန်နေသလောက် Flirt ချက်တွေက Yibo ဖုန်းကိုင်ထားတဲ့လက်တောင် နဲနဲတုန်သွားတရ် ...
အချိန်ဘယ်လောက်ကြာကြာ အစ်ကို နဲ့ ပတ်သတ်တဲ့ သူ့ခံစားချက်တွေက လတ်ဆတ်ဆဲ ...
Breakfast စားဖို့ထွက်အလာမှာ ဟောက်ရွမ်းက တကုတ်ကုတ်နဲ့မီးဖိုခန်းမှာ ဘာတွေပြင်နေမှန်းမသိ ...
^ ဟေ့ကောင် ... ပီးပီးလား ^ တုန်တတ်သွားတဲ့ ဟောက်ရွမ်းကြောင့် Yibo အသံတိတ်ရယ်လိုက်မိသည်။
^ ဟုတ်ကဲ့ သခင်လေး... အဆင်သင့်ဖြစ်ပါပီ ... စားလို့သောက်လို့ပီးရင် ဒီက ကျွန်ကြီးက ကားမောင်းလိုက်ပို့ပါ့မရ်ခင်ဗျာ ^
Yibo တို့နှစ်ယောက်က မနေ့ကဖစ်ခဲ့တာမှန်သမျှ ဒီနေ့ကို ပြန်သယ်မလာတော့ကြဘူး ... ယုတ်စွ အဆုံး နှစ်ယောက်သား စကားများပီး ဆွဲထိုးပီးရင်တောင် နောက်နေ့မှာ ပုံမှန်အတိုင်းပြန်ခေါ်ကြတာ သူတို့နှစ်ယောက် Logic ပင် ...
ခွီး ခနဲ မြည်အောင် ရယ်လိုက်တာမို့ ဟောက်ရွမ်းပါ လိုက်ရယ်မိသည်။
^ မင်းတော်တရ် မောင် ဟောက်ရွမ်း ... ဒါနဲ့ မင်းက ဘာတွေအလုပ်ရှုပ်နေပြန်တာတုန်း ... ငါနဲ့ တခါထဲစားမရ်လေ ^
^ ငါက အစောကြီးထဲက ကော နဲ့စားပီးသွားပီ ... ခု ကောအတွက် မနက်စာထပ်ပြင်ပေးနေတာ ... မနက်က သိပ်မစားသွားဘူး ^
အေး... အာ့မှာ အဖြစ်သည်းနေလိုက်ကြ ... ပြောသာပြောတာ ... ကျိရန်ကောနဲ့ ဟောက်ရွမ်းကို ကြည့်ရတာ အရမ်းစိတ်ချမ်းသာဖို့ကောင်းတာပဲ ...
စားလို့သောက်လို့ပီးတော့ ကားပေါ်မှာလဲ ထုံးစဲအတိုင်းမှာတမ်းခြွေမဆုံး တပြုံးပြုံးပဲ ...
ခုဆို ၀န်းထမ်းကတ် ရှိနေတော့ဘယ်သူအကူအညီမှ မလိုပဲ Company ကိုသွားလာလို့ရပီဖစ်သည်။
Training Room ကိုတိုက်ရိုက်သွားလိုက်တော့ ကလေးတွေကို ထိုင်လျက်တွေ့ရတာမို့ သူတောင် နောက်ကျသွားလေသလား ဆိုပီး နာရီတောင် ပြန်ကြည့်မိသည်။
^ မင်းတို့က စောလှချည်လား ... ကောတောင် နောက်ကျနေပီထင်နေတာ ^ သူတို့ထိုင်နေတဲ့ အရှေ့အလယ်လောက်မှာ ထိုင်ပီး မေးတော့ ... အလယ်မှာ ထိုင်နေတဲ့ Dream က ...
^ နောက်မကျပါဘူး ကိုကိုရ ... ကျွန်တော်တို့က စောစောထွက်လာတာ ^ ဘေးကိုပါ တို့ရင်းနဲ့ အဖော်ညှိနေတဲ့ Dream ကြောင့် ...
Alex ကပါ ^ ဟုတ်တရ် ကော ^ ဆိုပီး သမ်းဝေရင် ပြန်ပြောလာတယ် ။
ကျန်တဲ့ သုံးယောက်လုံးက ငိုက်နေတဲ့ပုံဖစ်နေပီး Dream တစ်ယောက်ထဲ တတ်တတ်ကြွကြွဖစ်နေတော့ ဟိုသုံးယောက် ညဉ်နက်မှ အိပ်တရ်နဲ့တူတယ် ...
^ Dream နဲ့ Ethan က ပြန်နားချင်နားကြ ... ဒဏ်ရာတွေ အကုန်ကောင်းမှ ပြန်လေ့ကျင်လဲ မှီပါတရ် ^
^ ဟုတ်ကဲ့ ကော ^ ဆိုပီး ထမရ်လုပ်တဲ့ Ethan ကို လက်ကနေ ပြန်ဆွဲချပီး ...
^ ငါ့တို့လဲ တခါထဲ ကြည့်သွားရအောင်ကွာ ... Dorm မှာဆိုလဲ လူမစုံတော့ ပျင်းစရာကြီးကို ^
Dream မှာ Ethan ကိုမရရအောင်နေခိုင်ဖို့ အစီအစဉ်ရှိသည်။ ငါ့ကိုကို က ကြည့်ရဖို့ အရေးကြီးတရ်...
မင်းသွားရင် ငါ့ပါပြန်ခိုင်းတော့မှာမို့ မဟားတရား အိပ်ငိုက်နေလဲ ကြမ်းပြင်မှာသာ အိပ်နေလိုက် ...
ကိုကို အပေါ် ဖစ်နေတဲ့ ခံစားချက်တွေကို ကိုကိုနဲ့ Msg ပို့ပီးနောက် အားလုံးကို ပြောပြလိုက်တော့ သူတို့ကလဲ ...
ငါကြည့်ရသလောက် ကောက အဖြောင့်ကြီး ကတစ်မျိုး ... ကော က ငါ့တို့ကို ညီတစ်ယောက်လိုပဲ သဘောထားတာက တစ်ဖုံ ... ကောက ဒီလောက်ချောတာ ရည်စားမရှိစရာလားက တစ်ယောက် ...
Advertisement
မျိုးစုံ အားပေးကြရှာတော့ ... တစ်ယောက်တစ်ချက်စီ ကောင်းတဲ့လက်နဲ့ နပန်ကျင်းပီး Crush ပြန်ချစ်ဖို့အရေး တိုင်ပင်ကြတာ သန်းခေါင်ကျော်မှ အိပ်ရတော့ သုံးကောင်လုံး ငိုက်နေတာမဆန်း ...
Dream က ကိုကိုမျက်နှာမြင်တာနဲ့တင် အမောလဲပြေသလို အိပ်ငိုက်တာလဲပျောက်တရ်ရယ် ...
Dream လဲ ဟိုသုံးကောင်ကို သနားတော့ သနားပေမဲ့ ...
Dream ဘ၀မှာ ကိုကိုက နံပါတ်ဇီးရိုး ဆိုတော့ ... ဟုတ်တရ် ... တစ် ရှေ့မှာ ဇီးရိုးရှိနေတော့ ... အက္ခရာစဉ်အလိုက် ဇီးရိုးက ဦးဆုံးပဲလေ ...
ဒါတောင် တစ်ဝိုင်းကျွေးမရ်ဆိုပီး မနဲ နှိုးလားရတာ ... ပြောတော့ ... သူငယ်ချင်းအတွက်ဆို အရိုးကြေကြေ အရည်ခမ်းခမ်းဆိုပီး Ethan ကတောင် မျက်လုံးပွင့်သေး ... Lucas နဲ့ Alex ကတော့ မျက်လုံးကိုမပွင့်ပဲ ခေါင်းချင်းပူးပီး ငိုက်နေလေရက် ...
^ ကဲပါ ... ၁၅ မိနစ်တောင် လိုသေးတာဆိုတော့ မင်းတို့လဲ ခဏပြန်မှေးချင် မှေးကြပေါ့ ... ကြမ်းက အေးတရ် ... နောက်နေ့တွေကြ အခင်းတခုခု ယူလာလိုက် ... ^
^ ဟုတ် ကိုကို ^ ကိုကို ပြောသမျှ ဖြေဖို့က Dream တာ၀န် ...
^ ဟို ... ကိုကို ... ကျွန်တော်ကို ဆေးထည့်ပေးမရ်ဆို ^
Yibo မှာ အစ်ကိုပို့ထားတဲ့ Msg ကိုပြန်ကြည့်နေတုန်း Dream အသံကြောင့် မျက်မှောင်ကြုတ်မိတယ် ... ဒီကောင်လေး မနေ့ကလဲ ဆေးမထည့်ပဲ အိပ်တာလား ...
^ ဟာ ... ကျွန်တော် မနေ့က ဆေးထည့်ပါတရ် ကိုကိုရဲ့ ... ဟိုကောင်တွေ ထည့်ပေးတာ ... ကိုကြီးက ပတ်တီးပြန်စီးပေးတရ်ရယ် ... မနက်ကျတော့ ကိုကို ကလာမှာဆိုတော့ ... ကိုကို ကိုပဲ ထည့်ခိုင်းမရ်ဆိုပီး မလုပ်ခိုင်းတာ ... ကိုကိုပဲ ညတုန်းက ထည့်ပေးမရ် ပြောပီး ^
ကိုကို ချင်းထပ်နေအောင်ပြောပီး နှုတ်ခမ်းဆူချင်နေတဲ့ကောင်လေးက သူ့ခန္ဓာကိုယ်လေးနဲ့မှမလိုက် ချွဲနေတာကလေးကျနေတာပဲ ... သူ့ညီလေးတွေက တစ်ယောက်တစ်မျိုးစီပဲ ...
^ ဟုတ်ပါပီကွာ ... ထည့်ပေးပါ့မရ် ငါ့ညီလေးကို ... Ethan ရော ဆေးထည့်ပီးပီလား ^ မျက်လုံးမပွင့်တပွင့်နဲ့ Ethan ကခေါင်းညိမ့်ပြရှာတယ် ...
Dream ဘက် ဆေးထည့်ဖို့ အနားတိုးပီး ပတ်တီးရှိရာ လက်ကို ဆရာသမားက ရှောင်ပြန်တယ် ...
^ ဘယ်လို ဖစ်လို့ရှောင်နေတာတုန်း ... ကိုကို ကိုဆေးထည့်ခိုင်းပီးတော့ ^ အာ့တော့မှ အသာတကြည်ပေးလေရက် ... တစ်ချက်တစ်ချက်ဆို ဒီကလေး ဘာထဖစ်မှန်းမသိဘူး ...
ကိုကိုရဲ့ ညီလေးဆိုတာကြောင့် ပြောမို့ပြင်နေတုန်း Ethan ကိုပါ ဆေးထည့်ပေးဖို့လုပ်နေတာမို့ မဆိုသလောက်လေး စိတ်ထဲမကောင်းဖြစ်သွားပေမဲ့ ကောလို့သာ ကိုယ့်ကို အမြဲသုံးနှုန်းတတ်တဲ့ ကိုကိုက ကိုကို လို့သုံးလိုက်တဲ့အချိန်မှာ ရင်ထဲ လက်ပြာတွေပျံသွားသလို ...
စိတ်နဲ့ကိုယ် လွင့်သွားတာများ ကိုကို ဆေးထည့်ပီးတာတောင် သတိမရလိုက် ... သူ့က ဆေးထည့်ပေးတုန်း ကိုကို မျက်နှာလေးကို အနီးကပ်လေးငေးချင်ပါတရ်ဆိုကာမှ ...
စကားပြောမို့ ပြင်တုန်း ကိုကိုက ဖုန်းကို ကြည့်ပီး ဘာတွေသဘောကျသွားမှန်းမသိ ... နာရီကို တစ်ချက်ကြည့်ပီး ... ခဏအောက်ဆင်းလိုက်ဦးမရ် ဆိုပီး ထွက်သွားလေတဲ့ ...
Dream မှာ လိုက်သွားသင့် မလိုက်သွားသင့် ဟိုလှုပ် ဒီလှုပ်နဲ့ တွေးနေတုန်း ...
^ မင်း လိုက်သွားလို့တော့ မကောင်းဘူးထင်တရ် ... ^ ဘေးက Ethan ကပြောတော့မှ ပြန်ငြိမ်သွားတော့သည်။
ကိုကို ကို ဖုန်းထဲကနေတောင် ပြုံးနိုင်တဲ့ သူက ဘယ်သူပါလိမ့် ...
တဖက်က Yibo မှာလဲ ...
အစ်ကိုကို ခဏလောက် Canteen မှာလာတွေ့ပါလား ... ပေးစရာရှိလို့ ဆိုတဲ့ Msg ကြောင့် နာရီကို ကြည့်ပီး သွားသင့်မသွားသင့် ချိန်နေပေမဲ့ ...
မလာမချင်း စောင့်နေမရ် ဆိုတဲ့ စာကြောင့် ခပ်မြန်မြန်သာ ထွက်လာလိုက်တော့သည်။
အစ်ကိုက တစ်ဇွတ်ထိုးလေး ... နိုင်လို့ရမှန်သိလို့ နိုင်နေတာ ... ဒီလူက လဲ အရှုံးပေးထားတော့ ခက်သား ...
Canteen ရောက်တာနဲ့ အစ်ကိုကို မျက်စိ ဝေ့ပီးရှာကြည့်တော့ ... တွေ့ပါပီ သူရဲ့ အကြည်ဓါတ်လေး ...
မနေ့ကလို Suit အပြည့်မ၀တ်လာတဲ့ အစ်ကိုက ကြည့်ကောင်းဆဲပင် ... ဘေးဝိုင်းက သူများကလဲသိသိသာသာ တစ်မျိုး မသိမသာတစ်မျိုး ကြည့်နေကြသည်။
အရင်စိတ်နဲ့သာဆို အစ်ကိုကို စိတ်ကောက်မိမှာဆိုပေမဲ့ အခုက သူနဲ့အစ်ကိုရဲ့ ပတ်သတ်မှု့ခေါင်းစဉ်က ရေရေရာရာမရှိ ...
ရေရေရာရာ မရှိတာပဲ ကောင်းတရ်လို့လဲ ထင်မိတယ် ...
Yibo ပြောခဲ့သလိုပေါ့ ...
ပစ်ချဖူးတဲ့ သူက အချိန်မရွေးပစ်ချပစ်ဖို့၀န်မလေးတတ်ကြဘူး ... နောက်တစ်ကြိမ်သာ ထပ်ဖစ်ခဲ့မရ်ဆိုရင် သူကသေသွားမှာ ...
၀တ်ထားတဲ့ Tshirt အဖြူကို ခေါက်ရင် Yibo ကိုလိုက်ရှာနေတဲ့အစ်ကိုက သိပ်ကြည့်လို့ကောင်းတာပဲ ... ဟော ... Yibo ကိုတွေ့တော့ပြုံးပြနေလိုက်တာများ ယုန်သွားလေးတောင်ပေါ်လို့ ...
လက်ယှမ်းပြပီး ခေါ်နေတာမို့ အစ်ကိုကို ကြည့်နေတဲ့သူတွေကပါ အစ်ကို လက်ပြရာကို ပြန်ကြည့်လာတော့ မဆီမဆိုင်တောင် ရှက်သွားမိတယ် ...
အစ်ကိုနားခပ်သုတ်သုတ်သွားပီး ထိုင်လိုက်တော့ အပြုံးမပျက်ပဲ Yibo အရှေ့ကို ကော်ဘူးလေးနဲ့ အပူခံပုလင်းလေး တိုးပေးတရ် ...
^ ဘာတွေလဲ ကျန်ကော ^
^ ဟို ... ကိုယ် Wang ဖို့ Chocolate ကွတ်ကီးလေး နဲ့ Coffee ချိုချိုလေး လုပ်လာပေးတရ် ... Coffee လေးကအပူချိန်ပုလင်းထဲ ထည့်လာတော့ ပူနေဦးမှာ သတိထားသောက်ဦးနော် ^
^ ကျွန်တော် မနက်စာ စားလာတရ် ကော ^ အငြင်းမမည်တဲ့ ဝါကျတစ်ခုကို ပြောလိုက်ပေမဲ့ ညှိုးသွာတဲ့ မျက်နှာလေးကြောင့် ကိုယ့်ကိုတောင် အပြစ်တင်မိသည်။
^ နွားနို့တစ်ခွက်ထဲနဲ့ ဗိုက်ဘယ်ပြည့်မှာလဲ ... နဲနဲလောက်တော့ စားလိုက်ပါ ^
^ ဗျာ ^ Yibo တစ်ကယ်ကို အံဩသွားတာပါ ... Xiao Zhan က သူ့အကျင်တွေကို ၃နှစ်ကျော်ကြာတဲ့ အထိခုထိမမေ့သေးဘူးပဲ ...
^ ကျေးဇူးပါ ကော ... ကျွန်တောင်ကောင်းကောင်းစားပါ့မရ် ^ Yibo ပြောလိုက်တာနဲ့ လင်းလက်သွားတဲ့ အစ်ကို မျက်လုံးတွေက ကြယ်တာယာတွေပြည့်နေသလို သိပ်လှတာ ...
Yibo လဲ ၉ နာရီက ထိုးတော့မှာမို့ အမြန်ပဲ အစ်ကို ကို နှုတ်ဆတ်ပီး ပြန်တတ်လာလိုက်တော့သည်။
Advertisement
^ ကလေးတွေ ... ၉နာရီထိုးပီး ... ထကြတော့ ... အကြောလျော့ကြ ... ခဏနေ မင်းတို့ Debut ရမဲ့ သံစဉ်ကို ကော ဖွင့်ပြပေးမရ် ... Choreography ဖန်တီးကြတာပေါ့ ... ငါ့ညီတို့နှစ်ယောက်လဲ ဘေးကနေ လိုအပ်တာမှန်သမျှပြောပေးနော် ... ကောက သံစဉ်လုပ်ထားပီးသားဆိုတာ ခုမှသိရလို့ ဘာမှ မပြင်ဆင်ခဲ့ရဘူး ... ခုတူတူ လုပ်ကြတာပေါ့ ^
အပေါ်က ထပ်၀တ်ထားတဲ့ Hoodie ကိုချွတ်ပီး က ဖို့စပြင်နေတဲ့ ကိုကို ကို ...
^ ကိုကို စောနက ဘယ်သွားတာလဲ ^ Personal မေးခွန်းမှန်းသိပေမဲ့ Dream မေးလိုက်မိတော့ ...
^ အာ ... ကော ကို မုန့်လာပို့ပေးတာ ^
^ ဒါဆို ကျွန်တော့ကိုလဲ နည်းနည်းကျွေးပါလား ^
^ ကောတောင် မလောက်ဘူးရယ် ... ကဲပါ ဆရာသမားလေးရယ် ... ခဏ Break နားရင် မုန့်ဆင်း၀ယ်ပေးမရ်နော် ... ဒါလေးတော့ ချမ်းသာပေးပါ ^
မုန့်လာပို့တဲ့ စာကိုမြင်တာနဲ့ ကိုကိုက သဘောကျသွားတာလား ... မုန့်ကိုလား ... မုန့်လာပို့တဲ့သူကိုလား ...
^ ဘယ်သူလာပို့တာလဲ ကိုကို ^ Ethan ကတံတောင်နဲ့ မသိမသာတွန်းနေပေမဲ့လဲ့ သူ့ဒီနေ့မသိရရင် အိပ်ပျော်မှာမဟုတ် ...
^ ကောပြောပြရင် ညီတို့ သိမှာ မဟုတ်ဘူးရယ် ... ကော အစ်ကို ပါ ^
ဟူး ... ခုမှ သက်ပြင်းကို ချနိုင်တော့တရ် ... ကိုကို က သူ့အစ်ကို ကိုတော်တော်ချစ်ပုံပဲ ... ပြောလိုက်တာများ ပြုံးပီး ... ယောက်ဖကြီးကို ကပ်ဖားရဦးမရ်လို့လဲ တွေးထားလိုက်သည်။
Yibo မှာလဲ Dream မေးသမျှကို ဖြေပေးရှာပါတရ် ...
သူ့ခမျာ Boss ကအလုပ်များလို့ ဂရုမစိုက်နိုင်တော့ Yibo ကိုသာ အစ်ကိုလို့ သတ်မှတ်ပီး ခွှဲချင်တိုင်းချွဲ မေးချင်တိုင်းမေးနေသည်လို့သာ ထင်နေတော့သည်။
အစ်ကိုပေးထားတဲ့ မုန့်ကိုတော့ ဝေစားနိုင်တဲ့ထိတော့ သဘောမကောင်းနိင် ... သူအတွက်ရည်ရွယ်ပီး လုပ်ပေးထားသည်မဟုတ်လား ...
နှစ်နာရီကျော်လောက် အက လေကျင့်ပီးတာနဲ့ အားလုံးခဏ Break ဆိုပီး ကြမ်းပြင်ပေါ်သာ ထိုင်ချပလိုက်တော့သည်။
ကလေးတွေက ဖန်တီးနိုင်စွမ်းတွေ ရှိသည်။ ဒဏ်ရာကြောင့် ထိုင်နေကြရတဲ့ Ethan နဲ့ Dream ကပါ အကြံညဏ်တွေ ဝိုင်းပေးကြတော့ အချိန်ကုန်လို့ကုန်မှန်းမသိ ...
ခဏ အမောဖြေနေတုန်း တံခါးခေါက်သံကြောင့် Ethan ကတံခါးဖွင့်ပေးလိုက်တော့ Boss နဲ့အတူ အစ်ကိုကိုပါ တွေ့လိုက်ရသည်။
Idol နှစ်ယောက်အပေါ် အသုံးအနှုန်းအဆင်မပြေတာများရှိရင် အားမနာတမ်းလာပြောလို့ရပါတရ်ရှင့် ...
ပုံတွေအားလုံး Credit ပေးပါတရ်ရှင့် ...
နောက်တစ်ပိုင်းက Xiao Zhan POV ပါရှင့် ....
#Violet
မျက်နှာသစ်ပီးတာကို အပြင်ကို တစ်ပတ်လောက် လမ်းလျောက်ပီး ရေမိုးချိုးပီး Company ကိုတန်းသွားဖို့ စီစဉ်ထားတရ် ...
----------------------------------------------------------------------------------
တဖက်က Yibo မှာလဲ ...
Advertisement
- In Serial447 Chapters
Cornered By The CEO
[Warning: Mature Content] "In this lifetime and every other, I promise to only be loyal to you. Even if I have to crawl back from Hell, I will do so gladly." "Wow, you just broke all the cold CEO fantasies."
8 2776 - In Serial70 Chapters
STORM 4 | Josh Christopher
Read part 1, 2, and 3 before this one!
8 171 - In Serial141 Chapters
Running Away From Love || Ongoing
[slow updates] After four years will they what will happened when they finally confessed there Love. Alaska Amana- She has a body of a goddess and will kill anyone that looked at her the wrong way. People are memorized at her beauty. But she is a girl who ran away from love, and her past, she looking for her family because she caught rumors that her birth parents are still alive, but this is one reason why she left, the other reason is because of him. She left him behind because she thought it was for the best and she was scared, she was scared to be loved and to be in love because of her last boyfriend. Damon Mateo- He has a body of a Greek God, he is controlling, manipulating, and more than a murder, and the new leader of the Italian Mafia, he will kill you with a single look. But he only has a soft spot for her, she left him and he won't stop running at her till he gets her, he loves her so much that he can't let her go. He would kill anyone who touched her or looked at her the wrong way. He can be very dangerous when he does not get want he wants, and trust me he will always get want he needs and wants. And he wants her. And only her. They both are afraid of love , but will they get over there fear and love each other like they need. They both get want they want and they want each other. And they will get want they want. Even if it kills them. [The second Book of the Unforgivable Lies series] (Can be read as a stand alone) This book has a LOT of smut in it Started: July 3, 2022Ended:Ranking so far: reached #1 in Past LoverRanking so far: reached #1 in Snarky Ranking so far: reached #1 in RussianRanking so far: reached #1 in Book Two
8 182 - In Serial83 Chapters
Repercussions | Tom holland
@junerhodes: my mood rn is peter when tony takes his suit off him :( @tomholland1996: I can relate to this this interaction doesn't feature in the story at all ^[Social Media/IRL][ NO. 1 IN SOCIAL MEDIA AND NO.2 IN TOM HOLLAND lol wtf]cover by @hopelessr0mance hehe
8 237 - In Serial54 Chapters
When we meet again
When Finn Colton starts getting prankcalls from a girl, he doesn't block her number like a normal person would. On the contrary, he keeps answering to hear what she comes up with and to get to know her better. He and the mysterious girl get on quite well and soon become friends. Everything between them feels familiar, but who is this mysterious girl really?A story told through dialogue.Highest ranking: #1 in Short Story[Short story, +/- 14.000 words]
8 107 - In Serial38 Chapters
I SEE YOU|| A Vsoo FF ||
COMPLETED/ But Continuing in other book"Where is he?!" Jisoo tried to remain calm. "He escaped!" Jennie scram across the room "We tried chasing him! But he's and alpha" Rose Exclaimed "It's 4 against 7!" Lisa panicked. "Let's play Fire with Fire then" ⚠Disclaimer⚠ [Mafia] [Violence] [Etc.] ****** If you aren't Okay with these I do not recommend you this book.
8 172

