《Late Regret ( COMPLETED )》Part 7
Advertisement
^ အားလုံး Lunch Break လို့ရပါပီနော် ... ^ ခဏအကြာမှာ Boss ရဲ့အသံက Yibo နားထဲထိုးထွက်လာခဲ့တယ် ...
Xiao Zhan သူ့ကိုပြုံးပြပီးထဲက ရုပ်နဲ့နာမ်ကွဲသွားသလိုမျိုး သူ့စိတ်တွေလွင့်သွားခဲ့တာ ... ဒီလူနဲ့ တူတူအလုပ်လုပ်ရမယ်ဆိုရင် သူအဖြစ်တော့မလွယ်လှဘူး ...
ဟောက်ရွမ်းကို ဖုန်းဆက်ခေါ်လိုက်ရမလား ... ဒါမှမဟုတ် သူအလုပ်ထွက်လိုက်ရတော့မလား ... ဟိုကလေးတွေကလဲ ချက်ချင်းထွက်သွားရင် သူတို့ကိုကြောက်လို့ ထင်နေဦးမှာ ...
ဟိုတွေးကြောက်ရ ဒီတွေးပူရနဲ့ သူအဖြစ်က မျောက်မီးခဲကိုင်ထားရသလို ...
အားလုံး အစည်းအဝေးခန်းထဲက ထွက်ပီးတာတောင် ကြောင်ပီးထိုင်နေတော့ Boss ကပခုံးလာထိမှ ပစ္စုပန်ကာလကို အသိပြန်၀င်တော့တယ် ...
^ Yibo ကိုယ်နဲ့ ထမင်းတူတူလိုက်စားပါလား ^
^ ဟင် ... အင်း ... ဟို ... တော်ပီ Boss ... ကျွန်တော် ဗိုက်မဆာတော့လို ^ တောင်စဉ်ရေမရ ထွက်လာတဲ့စကားတွေနဲ့ ပြန်ဖြေလာတော့ Boss ကခပ်ဟဟ ရယ်ပြန်တယ် ...
^ အတွေးတွေလွန်နေတာလား ... ဘာလဲ ... စီနီယာနဲ့ လုပ်ရမှာမို့ ရှိန်နေတာလား ... ^
အာ့တော့မှာ ဘေးကိုကြည့်မိတော့ သူ့ကိုပြုံးပီးကြည့်နေတဲ့ Xiao Zhan ...
^ မဟုတ်ပါဘူး Boss ... ကျွန်တော်စဉ်းစားနေတာ နောက်တစ်ခုပါ ^ မုသားမပါ လကံာမချောတဲ့ ... ကျွန်တော့ ex နဲ့ လက်တွဲလုပ်ရမှာ ပျော်နေရမှာလား လို့ အော်ဟစ်ပီးသာ ပြောချင်လိုက်တော့သည်။
^ ဒါဆို ကျွန်တော့ကို ခွင့်ပြုပါဦး ^ နှစ်ယောက်လုံးဘက်ကို ခေါင်းငုတ်ပြပီး လှည့်အထွက် လက်တဖက်အဆွဲခံရတော့ မော့ကြည့်တော့ Xiao Zhan ...
^ Dew မင်းအရင်သွားနှင့် ... ငါ ပြောစရာလေးနည်းနည်းရှိနေလို့ ^
^ ငါ့တို့ Yibo ကိုမင်း ဂျူနီယာဆိုတိုင်း အလုပ်မှာမနှိပ်စက်နေနဲ့နော် ^ ငါ့တို့ Yibo ဆိုတဲ့ Boss စကားကြောင့် ဆုပ်ကိုင်ထားတဲ့ လက်တဖက် တင်းကျပ်သွားတာ သူစိတ်ထင်တာများလား ...
ခေါင်းတစ်ချက်သာ ငြိမ့်ပြလိုက်တဲ့ Xiao Zhan ကပြုံးနေပေမဲ့ မျက်၀န်းတွေက ကြောက်ဖို့ကောင်းနေပြန်တယ် ...
Boss ထွက်သွားပီးတာနဲ့ လက်ကို ချက်ချင်းရုန်းပလိုက်တော့ အသာတကြည်ပဲ လွတ်ပေးပြန်တယ် ...
^ ကိုယ်နဲ့ Lunch တူတူစားပေးပါလား Wang ... ကိုယ်ပြောစရာလေးလဲရှိနေလို့ ^
^ Sry ကျန်ကော ... ကျွန်တော် ဗိုက်မဆာလို့ Boss ကိုတောင်ငြင်းထားတာ ^ Yibo အပြောကြောင့် မျက်မှောင်ကြီး ကြုတ်ပလိုက်တဲ့ Xiao Zhan ...
^ Dew က Dew ... ကိုယ်က ကိုယ်လေ ... နောက်ပီး ကိုယ်ကပြောစရာလဲရှိနေသေးတာ ... Wang ကြိုက်တဲ့ Sushi ဆိုင်မှာလဲ ဘိုကင်ယူထားပီးသား ^
Yibo လိုက်မယ်လို့ တထစ်ချတွေးထားတဲ့ Xiao Zhan က သူ့ကိုယ်သူသိပ်အထင်ကြီးလွန်းနေတာလား ...
Wang Yibo ကပဲ သူ့အမြင်မှာ သိပ်ကို ပေါပဲလွန်းနေတာလား ...
ပြတ်သွားတဲ့ ex နဲ့ ထမင်းတူတူစားဖို့က Xiao Zhan နဲ့လွယ်ကူနေပေမဲ့ ခံစားချက်ရှိနေသေးတဲ့ Yibo အတွက်ကခက်ခဲဆဲပင် ...
စတွေ့တွေ့ထဲက စေ့စေ့တောင်မကြည့်ရဲသေးတဲ့ သူကို မျက်လုံးကိုတည့်တည့်ကြည့်ပီး ...
^ အထက်လူကြီး ဖြစ်တဲ့ Boss ကိုတောင် ငြင်းထားတာ ... ကျွန်တော့ စီနီယာ ဖစ်တဲ့ ကျန်ကော့ကို မငြင်းနိုင်ဘူးလို့ထင်နေတာလား ... ဟက် ^
ခပ်ထေ့ထေ့ဆိုလိုက်တော့ လက်တွေကိုပြန်ဆွဲလာပြန်တယ် ... ဒီလူ ဘာဖြစ်ချင်နေပြန်တာလဲ ...
^ ဒါဆိုလဲ အအေးလေးပဲလိုက်သောက် ... ^ လက်ကိုဆွဲပီး တံခါး၀ထိသွားနေတော့ အားနဲ့ရုန်းပစ်လိုက်တော့တယ် ...
^ ကျွန်တော့်မှာ ပြောစရာရှိမနေဘူး Xiao Zhan ... နောက်ပီး အလုပ်ကိစ္စကလွဲရင် ကျွန်တော်တို့ကြားမှာလဲ ပြောစရာရှိမနေဘူးထင်ပါတယ် ... ခွင့်ပြုပါဦး ^
တံခါးလက်ကိုင် ကိုလက်လှမ်းမဲ့အလုပ်ကို လက်ကိုဆောင့်ဆွဲလိုက်တာကြောင့် ဟန်ချက်မကျဘဲ Xiao Zhan ရင်ခွင်ထဲကို အတုန်းအရုံး ...
^ ခင်ဗျား ... ဘာလုပ်တာလဲ ... ကျွန်တော့ကို လွတ် ^
ပြောခါမှ ပိုတင်းကြပ်လားတဲ့ ခါးတဝိုက်က လက်တွေ ... ဒီအငွေ့အသက်ကို လွန်ခဲ့တဲ့ ၃နှစ်လောက်က သေမတတ်လွမ်းနေတုန်းက ခင်ဗျားမရှိခဲ့ဘူးမှတ်လား ...
^ ကိုယ်ပြောတာ နားထောင်ပေးရင် လွတ်မရ် ^
^ ကျစ် ... ^ စုတ်တစ်ချက်သပ်ပီး ရုန်းတာရပ်လိုက်တော့လဲ ဖက်ထားတာကမလွတ် ...
^ ပထမဆုံးပြောချင်တာက Dew နဲ့ကင်းကင်းနေနော် Wang ... ကိုယ့်သူငယ်ချင်းဆိုပေမဲ့ သူ့မျက်၀န်းတွေကိုယ်မကြိုက်ဘူး ... ^
Yibo မရုန်းလောက်တော့ဘူးအထင်နဲ့ ဖွဖွလေးဖက်ထားတာမို့ ဆက်ခနဲရုန်းလိုက်ပီး ...
^ ဘာဆိုင်လို့လဲ ... ဟမ် ... ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ ... ခင်ဗျားမှာ ပြောပိုင်ခွင့်မရှိဘူး Xiao Zhan ... ^
^ Wang Yibo ^ ပြောပီးတာနဲ့ တန်းအော်လိုက်တာမို့ Yibo ကိုယ်ကတွန့်ခနဲပင် ... ဒေါသထွက်ခဲလှတဲ့ Xiao Zhan ကဒေါသထွက်ရင် ကြောက်ဖို့ကောင်းလွန်းတာ သူတို့တွဲစဉ်ထဲက ...
^ ခင်ဗျားက ဘာတွေမှန်နေလို့ လာအော်နေရတာလဲ ... ^ ကြောက်ပေမဲ့လဲ ဒေါသထွက်နေဆဲမို့ သူ့လေသံအတိုင်းအော်ထည့်လိုက်တော့ ...
^ ကိုယ် မင်းကို ပြန်လိုက်မှာ Wang ... မင်းတခြားသူတွေနဲ့ပတ်သတ်တာ ကိုယ်ဘယ်လောက်ပူလောင်တယ်မှတ်လဲ ... မဆိုးစမ်းနဲ့ကွာ ... ^ လေပြေလေးနဲ့ ပြန်ချော့ပေမဲ့ အာ့စကားတွေကြောင့် Yibo ဒေါသက ပိုအရှိန်ပြင်းလာပြန်တယ် ...
ဒေါသနဲ့အတူ အားပြင်းတဲ့ လက်သီးတချက်က Xiao Zhan မျက်နှာပေါ် တည့်တည့်ပင် ...
^ ဟက် ... ဘာအရူးထတာလဲ Xiao Zhan ... 3နှစ် ...3နှစ်ရှိပီ ... ခင်ဗျားပစ်ချခဲ့တဲ့နေရာမှာ နေခဲ့တာ 3နှစ်ရှိပီ ... ဘာလဲ ...ခင်ဗျားက အစာလေးပြလိုက်တာနဲ့ အမြီးလေးနှံပီး ပြန်လာမဲ့ကောင်လို ထင်နေတာလား...ပြောစမ်း Xiao Zhan ^
Meeting Room ရော ဘာရော Yibo နားမလည်တော့ ... ရှေ့မှာရှိတဲ့ ခုံကို ကန်ကျောက်ပစ်ပီးပြောတော့ ...
^ ဒါပေမဲ့ ကိုယ့်တို့ ခံစားချက်က ခုထိတူနေ ... ^ ထိုးလိုက်တော့ မျက်နှာတစ်ချက် လည်ထွက်သွားပေမဲ့ နာရကောင်းမှန်းလဲ မသိတဲ့ Xiao Zhan က သူပြောချင်တာသာ ဇွတ်ပြန်ပြောလာတယ် ...
Yibo ပေါက်ကွဲတာတွေကို ခုမှမျက်မြင်တွေ့ဖူးတဲ့ Xiao Zhan က ကြောင်နေသလို ... အေးလေ ... Xiao Zhan နဲ့တွဲစဉ်တုန်းက Wang Yibo က သူ့စကားဆို မြေ၀ယ်မကျနာခံခဲ့တာဆိုတော့ ... သွေးပျက်သွားတာမဆန်းဘူး ...
Advertisement
^ ဘာတွေ အံဩပြနေတာလဲ Xiao Zhan ... ခင်ဗျားအာ့တုန်းက ထားခဲ့တဲ့နေရာမှာပဲ Wang Yibo ဆိုတဲ့ကောင်က ခင်ဗျားအတွက် ခံစားချက်တွေအကုန်မြေမြှုပ်ပလိုက်ပီ ^
ခပ်ပြုံးပြုံးပြန်ချေပတဲ့ Yibo ကိုကြည့်ပီး Xiao Zhan ကမျက်ရည်တွေပါကျလာတယ် ...
^ မင်း ကိုယ့်အပေါ်ခံစားချက်ရှိသေးတရ် Wang ... ကိုယ်သိတရ် ... မညာပါနဲ့ Wang ရယ် ... ကျေးဇူးပြုပီး ... ^
^ ရှိတရ်ဗျာ ... ရှိတော့ရော ခင်ဗျားနဲ့ ကျွန်တော်နဲ့က ပီးသွားပီး ... မသတ်သတ်ချင်တော့ဘူး ... ကျွန်တော်ကပဲ ပြန်တောင်းပန်ပါတရ် ... ကျွန်တော်နဲ့ ဝေးဝေးနေပေးပါ ... ^
ဘယ်တော့မှ ၀န်မခံတော့ဘူး လုပ်ထားတဲ့ စကားတချို့က Xiao Zhan ရဲ့ ကြေကွဲသံနဲ့ မျက်ရည်စကြောင့် ဖွင့်ဟလာခဲ့ရတယ် ... တကယ်ပါ... ဒီလူရဲ့ မျက်ရည်တစ်စက်ကျတာဟာ Yibo နှလုံးသားကို မီးစနဲ့ထိုးနေသလိုပဲ ...
^ ကိုယ်စောင့်နိုင်တရ် ... Wang ကိုကိုယ်ပြန်လိုက်မရ်ဆိုတာ ပေါ့ပေါ့လေးပြောခဲ့တာမဟုတ်ဘူး ... Wang ကိုယ့်ကို စိတ်ပြေတဲ့ နေအထိကိုယ့်စောင့်နိုင်တရ် ... ဒါပေမဲ့ ... ကျေးဇူးပြုပီး ... ကိုယ့်ကို အလိုမရှိတော့တဲ့ မျက်လုံးတွေနဲ့မကြည့်ပါနဲ့ Wang ... ကိုယ်လေ ... တောင်းဆိုတာပါ ... ^
မျက်နှာကို ပခုံးနဲ့ဟပ်ပီး ပြောလာတဲ့ သူကြောင့် လက်က Xiao Zhan ပုခုံးကိုပုတ်ပေးမိလျက်သား ... ပခုံးတစ်ဖက်မှာ ရွဲစိုနေတဲ့ မျက်ရည်တွေ Xiao Zhan ဘယ်လောက်ငိုထားလဲ ဆိုတာ သက်သေပြနေသယောင် ...
^ တောင်းပန်ပါတရ် ကျန်ကော ... ကျွန်တော့တို့နှစ်ယောက်က မဖစ်နိုင်တော့ဘူး ... ကျွန်တော် ကျန်ကောနဲ့ ဆက်ပီးပတ်သတ်စရာက အလုပ်အကြောင်းပဲရှိမှာ ^
^ ယတိပြတ်မငြင်းလိုက်ပါ Wang ... Wang ဆီမှာ ကိုယ်တစ်ယောက်ထဲအတွက် ခုန်နေတံ နှလုံးသားရှိနေသေးတရ်ဆိုတာ ကိုယ်ယုံတရ် ... ^
ရင်ဘတ်ကို လက်တင်ပီး ပြောနေတဲ့ Xiao Zhan စကားကို အခုန်မြန်နေတဲ့ နှလုံးသားက သက်သေပြုပေးလိုက်သလို ...
လှုပ်လှုပ်ရှားရှားဖစ်သွားတဲ့ Yibo ကို Xiao Zhan ကသိမ်းကျုံးဖတ်လိုက်ပီး ...
^ ကိုယ်စောင့်နေမရ် Wang ...နောက်ပီး ကိုယ်ပြန်လိုက်တာကိုလဲ လက်ခံပေးပါ ... အမိန်ပေးတာမဟုတ်ဘူး Wang ... တောင်းဆိုနေတာပါ ... တခုပဲ Wang ... တခြားသူတစ်ယောက်အပေါ် Wang စိတ်တွေပေးလိုက်တဲ့နေ့ဟာ ကိုယ့်သေနေ့ပဲ Wang ... အဲ့ဒါကိုတော့ မှတ်ထားပေးပါ ... ^
Xiao Zhan စကားကိုကြားပီးနောက် Yibo အဖြစ်ကအမြင့်ကနေ ပြုတ်ကျသွားတဲ့ ခံစားချက်မျိုးကြီး ... Xiao Zhan ဖတ်ထားတာကိုလဲ ရုန်းကန်ဖို့မေ့လျောနေတော့တာ ... ဟင်းအင်း ... အားမရှိတော့တာမျိုး ...
^ ကျွန်တော့ကို လွတ်ပေးပါ ... တခြားသူတွေ ၀င်လာလို့မြင်ရင်မကောင်းဘူး ... ^ တိုးညင်းစွာ ထွက်လာတဲ့အသံကြောင့် Yibo ကို ဖက်ထားတာ လွတ်လိုက်ပီး နူဖူးကို ထိရုံလေးနမ်းလိုက်ပီး ...
^ ကိုယ် Xiao Zhan ဒီနေ့ Wang Yibo ကို ပထမဆုံးပိုးပန်းတဲ့ပထမဆုံးနေ့ပဲ ... ^
^ အရင်ထွက်နှင့်ပါလား ... ^ တုန်နေတဲ့ ခြေထောက်ကို အားပြုပီး ပြောလိုက်ရတာ လွယ်တော့မလွယ်ဘူး ... မရိပ်မိတဲ့ Xiao Zhan ကလဲ ကောင်းပါပြီဗျာ လို့ပြောပီးထွက်သွားပေးလို့တော်သေး ...
Xiao Zhan ထွက်သွားတာနဲ့ ကြမ်းပြင်ပေါ် ထိုင်ချပလိုက်တော့သည်။
ဆိုတဲ့ Xiao Zhan စကားဟာ Yibo ကိုလောင်မြိုက်စေတယ် ...
Xiao Zhan သာ အာ့စကားမျိုး အရင်ထဲကပြောခဲ့မရ်ဆိုရင် အပျော်လွန်းပီ သေမဲ့သူက သူဖစ်နိုင်တယ် ... ဒါပေမဲ့ ခုမှ Xiao Zhan ကဘာထပ်ဖြစ်ချင်တာလဲဆိုတာ Yibo နားမလည် ...
Yibo ကိုယ်တိုင်လဲ ဒီလူသားနဲ့ ပတ်သတ်လာရင် ကိုယ့်စိတ်ကို ကိုယ်မနိုင် ... ကိုယ့်ရှေ့မှာ မျက်ရည်ကျတာတောင် Yibo မခံနိုင်တာ ...
Xiao Zhan သာသေသွားမယ်ဆိုရင် ရင်ကွဲနာကျမှာကသူ ...
Xiao Zhan နဲ့ ထပ်ပီးပတ်သတ်ဖို့ Yibo မှာ စိတ်ကူးမရှိနေတာတော့ အမှန် ... ပတ်သတ်ဖို့လဲ မရဲဘူး ... ကိုယ်ကို တစ်ကြိမ်ပစ်ချဘူးတဲ့ သူက အကြိမ်ကြိမ်ပစ်ချဖို့ဆို ခက်ခဲမှမဟုတ်ဘူး ...
Yibo အဖြစ်က ပင် ...
-------------------------------------------------------------------------------
ခဏအကြာ ငြိမ်သက်ပီးနောက်မှာ နာရီကို ကြည့်မိလိုက်တော့ 11:55 ... အင်း ... ဟိုကလေးတွေဆီသွားဖို့အချိန်ရောက်ပီ ...
Elevator မှာစောင့်နေတုန်း သူစဉ်းစားမိသွာတာက သူဒီနေ့မငိုခဲ့တာကိုပဲ ... အရင်ကဆို သူလူစိတ်မဲ့လောက်တဲ့ အထိ ပေါက်ကွဲမိမှာ ... ဒါပေမဲ့ သူ့စိတ်က ပူလောင်ခြင်းနဲ့အတူ တဖက်မှာလဲ အေးချမ်းနေသလို ...
စဉ်းစားရင်း ပိုရှုပ်လာမှာဆိုးလို့ ကျိရန်ကောကို မေးရဦးမရ်ဆိုပီးပဲ တွေးထားလိုက်တော့သည်။
စိတ်တွေရှုပ်လွန်းလို့ လေပူတစ်ချက်မှုတ်ထုတ်ပီးတာနဲ့ Elevator ထဲ၀င်မရ်အလုပ် ဟိုကလေးတစ်သိုက်နဲ့ တန်းတိုးတော့တာပဲ ...
^ Lunch Time ကုန်ပီလို့ထင်တရ်...ဘယ်သွားကြမလို့တုန်း ^
^ ခင်ဗျားနဲ့ ဆိုင်လား ^
ဘယ်လောက်ပဲ စိတ်မကြည်ကြည် ဘယ်လောက်ပဲ အမြင်ကတ်ကတ် ဒီကလေးတွေကို လေကျင့်ပေးရမှာသူ့အလုပ် ... သူကလဲ အကြီးမလား ... စေတနာစိတ်လေး ရှေ့ထားပီး မေးလိုက်ပေမဲ့ ဘုဘောက်ဖြေလာတာကြောင့် လူသတ်ချင်စိတ်လေးတွေက ပြန်ပြန် ပေါ်လာရတာ Wang Yibo လွန်မရ်မထင်ဘူး ...
^ ဒီနေ့ ဒီချိန်ကစပီး မင်းတို့ကို လေ့ကျင့်ပေးမဲ့ Trainer တစ်ယောက်အနေနဲ့မေးတာ ... အားအားယာယားမေးတာမဟုတ်ဘူး ^
^ ဆရာအဖစ်ကို မသတ်မှတ်ထားတာ ^
စိတ်လျော့ Wang Yibo ... အဲ့တာ Boss ရဲ့ညီ ... ဘယ်လောက်တောင် အလိုလိုက်ထားပီး အချစ်ခံရလဲဆိုတာ Company နာမည်တောင် Dream ဆိုပီး ပေးထားတာသာကြည့် ... အာ့ကြောင့် စိတ်ထိန်း Wang Yibo ...
^ ငါက ဘယ်သွားမလဲ မေးတာ ... ဆရာဖစ်ခွင့်တောင်းနေတာမဟုတ်ဘူး ... ပီးတော့ မင်းတို့ ဆရာကဖစ်ပီးသားလေ ... ငါအလုပ်စာချုပ်မှာ လတ်မှတ်ထိုးပီးထဲက Auto ဖစ်ပီးသား... ^
မပြောရမချင်း စိတ်ထဲတစ်နုန့်နုန့်ဖြစ်နေတာမို့ နည်းနည်းလောက်တော့ ပြောလိုက်ရတော့ စိတ်တော့ကြည်သွားသား ... အဲ့ဒါတောင် ထပ်ပြောမရ် လုပ်နေတော့ သူ့သူငယ်ချင်းတွေက ဆွဲထားလေရက် ...
^ ကျွန်တော်တို့ Underground Dance Battle ^ သွားကြည့်မလိုပါ ... ^ မျက်မှောင်ကြုတ်လိုက်တဲ့ Yibo ကြောင့် Lucas ကဆက်ပီး ...
Advertisement
^ Mask အုပ်ပီးသွားမှာပါ ... ပီးတော့ ကျွန်တော်တို့ကို ဘယ်သူမှမသိသေးပါဘူး ^
Dream ကလွဲ ကျန်တဲ့သူတွေက အချိုးပြေနေတာကြောင့် Boss တစ်ခုခုဆူလိုက်တာက သိသာလွန်းနေတရ် ... အင်းလေ ... ကလေးတွေပဲ ... သွားချင်ရှာမှာပေါ့ ...
^ သွားပေါ့ ... မင်းတို့လဲ နောက်ဆို လွတ်လွတ်လပ်လပ်ထွက်ရတော့မှာမှ မဟုတ်တာ ... တစ်ချက်ပဲ ... Manager မပါတဲ့အတွက် ငါပါလိုက်မရ် ^
Practice ချိန်ကြီးမှာ ခိုးထွက်တာကမကောင်းပေမဲ့ Dance Battle ကြည့်ချင်တာကြောင့် ခွင့်ပြုပေးလိုက်တာ ... သူတာ၀န်ယူထားရတဲ့ အချိန်ဖစ်တဲ့အတွက် ဘေးမှာလဲ Yibo သူတို့နဲ့ရှိနေရမှာ ဖြစ်တာမို့ ...
^ ခင်ဗျားနဲ့ ဘာဆိုင် ... အု ... ^
အလျင်အမြင် Dream ရဲ့ ပါးစပ်ကို ပိတ်လိုက်တဲ့ သူငယ်ချင်းတွေကြောင့် Yibo ယောင်ယောင်လေးပြုံးမိသွားသည်။
Wang Yibo တစ်ခုသိချင်တာက Boss ကဘယ်လိုဆူလိုက်လို့ ကျန် ၃ ယောက်က အပိုးကျိုးသွားတာလဲဆိုတာပဲ ...
^ သွားမရ်မလား ... ငါတော့ ကားမပါလာဘူး ... Company ကားနဲ့ပဲသွားတာပေါ့ ... ^
Idol နှစ်ယောက်အပေါ်ထိခိုက်စေသော အသုံးအနှုန်းများပါလာရင် အားမနာတမ်းလာပြောလို့ရပါတရ်ရှင့် ...
ပုံတွေအားလုံးကို Credit ပေးပါတရ် ...
#Violet
^ မဟုတ်ပါဘူး Boss ... ကျွန်တော်စဉ်းစားနေတာ နောက်တစ်ခုပါ ^ မုသားမပါ လကာံမချောတဲ့ ... ကျွန်တော့ ex နဲ့ လက်တွဲလုပ်ရမှာ ပျော်နေရမှာလား လို့ အော်ဟစ်ပီးသာ ပြောချင်လိုက်တော့သည်။
ချစ်မိတဲ့သူက အရှုံးတဲ့ ...
တခြားသူနဲ့ ပတ်သတ်ရင် သက်သေပစ်မှာ ဆိုတဲ့ Xiao Zhan စကားဟာ Yibo ကိုလောင်မြိုက်စေတယ် ...
Yibo အဖြစ်က ဆုပ်လဲဆူး စားလဲရူး ပင် ...
-------------------------------------------------------------------------------
^ ခင်ဗျားနဲ့ ဆိုင်လား ^
Advertisement
- In Serial13 Chapters
Imperfect Remnants
A book filled of unfinished stories. Some dating back to 2017. Others coming into now. Some coming from the future.
8 65 - In Serial10 Chapters
The therapy appointment
A young doctor with a lot to achieve collides with a young athlete struggling with life while pretending to be a psychiatrist and the old memories they share , navigating through struggles of life
8 81 - In Serial56 Chapters
She Is My Smile ✔
~.His soul was dark. She was the light.His talks were rude. She was sweet.His smiles were evil. Her smiles were angelic.He was careless. She was careful. He was the KING. She was an ANGEL.The first meeting was weird. He was blown off by her guts.How can an ordinary girl scold a MAFIA KING in front of this world?For him life and death really didn't matter but one day one life meant everything to him, not his but HERS.~☆"No no, please don't. I can't let you go", his voice cracked. She let out a silent sob."I'm sorry, I have to go", she whispered back, his world and hopes collapsed when the wind took her away. Will she be gone forever?☆~ IT'S A JOURNEY OF AN ORDINARY GIRL AND A MAFIA BOSS. A ROLLER COASTER RIDE.Stay tuned ♡♡
8 212 - In Serial51 Chapters
O RE PIYA... (OH MY LOVE / BELOVED)
A LOVE STORY THAT WOULD HAVE BEEN SO VERY SIMPLE...YET DREAMY AND BEAUTIFUL... :) BUT WAS MADE COMPLICATED BY CIRCUMSTANCES... :( (Continue to read the prologue)LANGUAGES: English, Hindi (All languages typed in English with necessary translations)I am again here with my other work on MAANEET (MAAN & GEET) my favorite evergreen Jodi from my all time favorite show GEET HUVI SAB SE PARAYI (GHSP)IMPORTANT NOTE FROM AUTHOR (LAKSHMI VK)A) This story and the contents is purely fictional. Bares no resemblance to any person, incidents or historical/past events what so ever.B) Copyrights:Being Author of this story, I declare that this story has not been copied or inspired by other writers...At the same time, I restrict my story to be copied or re-posted until a permission is obtained by me. ALSO NOTE THAT I HAVE BEEN POSTING MY FAN FICTIONS ON INDIA FORUM WEBSITE AND RE-POSTING ON WATTPAD. WILL BE SLOW WITH MY RE-POSTING SO THAT I GET EQUALLY GOOD RESPONSE FROM WATTPAD READERS AS WELL. :) :) :)
8 127 - In Serial59 Chapters
The Billionaire's Maid
~A love that'll never fade, though obstacles occur, for the billionaire's maid is quite obscure.~Join Ruth in this romantic poetry, as she tries to make ends meet for her mother and climbs her way to take what's rightfully hers.Alistair. The man she can't understand, though he claims to love her, why does he keeps other things above her?On this road filled with heartache and pain, love will always find its way again.____________________________________ The Billionaire's Maid.All Rights Reserved ©Started: 16/12/2017Completed:
8 327 - In Serial15 Chapters
Adeena Cole and the Dead Man's Chest
Adeena Cole couldn't have been happier with her life...until Jack receives the Black Spot, and Will and Elizabeth's wedding is botched by Lord Cutler Beckett of the East India Trading Company. Adeena and Jack must join forces with Will and Elizabeth once more to outwit Davy Jones and the EITC. Meanwhile, Adeena must fight to keep her and Jack's relationship from falling apart...Sequel to: Adeena Cole and the Curse of the Black Pearl.Disclaimer: All POTC characters, ideas, locations, etc. are not mine. I don't own them; this story was created merely for entertainment. Comment with advice and ideas! I'll need them!Lots of Love!
8 184

