《Late Regret ( COMPLETED )》Part 3
Advertisement
^ ဟောင်ရွမ်း ... ငါလေ ... ငါ ... ^ Yibo စကားဆက်ပြောဖို့ ကြိုးစား ပေမဲ့ အသံတွေက ပြတ်ဆတ်နေတော့သည်။
^ ဖြေးဖြေးပြော Yibo ... အသက်ကို မှန်မှန်ရှူ မှန်မှန် ^ ဟောက်ရွမ်းက ရင်ဘတ်တွေကို လက်နဲ့သပ်ချပီး ပြောနေတော့ သတိထားမိတာက ခုသူက လေ မရှူထားဘူးလား ... ဦးနှောက်ထဲဗလာနတ္ထိ ...
ဆက်တိုက်ပြောနေတဲ့ ဟောင်ရွမ်းအသံတွေ နားထဲတိုး၀င်လာတော့မှ ဦးနှောက်ကအလုပ်ပြန်လုပ်တော့တယ် ...
ပုံမှန် လေရှူသွင်းရှူထုတ်ပီးတော့ ပြောမယ်ပြင်ပြန်တော့လဲ
^ ခဏလေး ... ရေအရင်သောက်ဦး ... ငါသွားယူပေးမရ် ... အသက်ကို ဖြည်းဖြည်းနဲ့ မှန်မှန်ရှူနော် ... ^
အလောတကြီးပြောပီး ထွက်သွားတဲ့ ဟောက်ရွမ်း ကို တားဖို့ကလဲအားမရှိ ...
သူအရမ်းပြောချင်နေတရ် ... ပြောရမှ သူ့ရင်ဘတ်ထဲက ထိန်းထားတာမှန်သမျှပေါ့သွားမှာ ... ခုချိန်မှ သူပြောမထွက်ရင် ကိုယ်ကိုတစ်ခုခု လုပ်ပစ်ချင်လောက်ထဲအထိ သူ့စိတ်က မီးကုန်ယမ်းကုန် ပူလောင်နေတရ် ...
ဟောက်ရွမ်းကို တွေ့တာနဲ့ လက်ကိုဆွဲချပီး ...
^ ငါလေ ... ငါ အစ်ကိုကို တွေခဲ့တရ်သက်လား ... သူအရမ်းပိန်သွားတရ် ... မျက်၀န်းတွေက မှေးမှိန်နေလိုက်တာကွာ ... အရင်လိုတော့ကြည့်ကောင်းတုန်းပဲ ... ငါပေးတဲ့လက်စွပ်လေး၀တ်ထားတရ် ... တောက် ... သူ့၀တ်စရာအကြောင်းရှိလား ဟောက်ရွမ်း ... မင်းဖြေစမ်းပါ ... သူနဲ့ဆိုင်လား ... ငါ့ရှေ့မှာတင် ပြစ်ခဲ့တဲ့လက်စွပ်က ဘာကိစ္စသူ့လက်ထဲပြန်ရောက်နေတာလဲ ... ဟီး ... ဥစ္စာရင်းမှန်လို့ ပြန်ရောက်တာများလား ... ငါကလေ အရမ်းလွမ်းနေတာ သိလား ... ၃နှစ် ဟောက်ရွမ်း ...၃နှစ် ရှိပီ ... ကျစ် ... မျက်နှာလေးတစ်ချက်တောင် မပြတဲ့သူက ပေါ်လာတော့လဲ ငါ့အလုပ်လုပ်မဲ့ Company မှာ ... အလုပ်ထွက်လိုက်ရမလား ဟောက်ရွမ်း ... အစ်ကို စိတ်ပျက်သွားမှာ ... ငါ့ကိုမြင်ရင် စိတ်ညစ်သွားမှာစိုးတရ် ... ^
တဖြေးဖြေး ပြောရင်းကနေ မျက်ကျောတွေဆင်းလာသလိုပဲ ... အင်း ... သူလဲပင်ပန်းလို့ အိပ်ချင်ပီ ... ဟောက်ရွမ်း မျက်ရည်တွေသုတ်ပေးနေသလိုပဲ ...
ဒီကောင်လဲ မကျတဲ့မျက်ရည်သုတ်ပေးနေတာ ရူးများနေသလားပဲ ... ပြန်ပြောဖို့လဲ အားမရှိတော့ ... ကြမ်းပြင်မှာ ခွေခွေလေးပဲ ဆွဲကြိုးနဲ့တွဲချိတ်ထားတဲ့ လက်စွပ်လေးကိုကိုင်ပီး အိပ်ပျော်သွားတော့တယ် ...
ခံစားချက်မျိုးစုံကို တစ်ပြိုင်ထဲ အမူအရာတွေ နဲ့ ပြောနေတဲ့ သူ့သူငယ်ချင်းကိုကြည့်ပီး ဟောက်ရွမ်းရင်တွေလဲနာရပါတယ် ...
ဒီနှစ်အတွင်း ဖြစ်ပျက်ခဲ့သမျှတွေက ပုံပြင်တစ်ပုဒ်ဆို ဘယ်လောက်ကောင်းလိုက်မလဲ ...
Yibo ကိုပွေ့ပီး သူ့ခုတင်ပေါ်တင်ပေးပီး စောင်ခြုံပေးလိုက်ရတယ် ... လက်စွပ်လေးကို ကိုင်လျက်အိပ်ပျော်နေတဲ့ သူ့သူငယ်ချင်းကို ကြည့်ပီး ဟောက်ရွမ်း မျက်ရည်ကျမိတယ် ...
မတွေးချင်တဲ့အတိတ်ကိုလဲ ပြန်မြင်ယောင်ရင်းပေါ့ ...
Xiao Zhan နဲ့ လမ်းခွဲပီးတဲ့ နောက်နေ့မှာပဲ Yibo ဟာစိတ်နဲ့လူနဲ့လဲမကပ်တော့သလို ... ချောင်ထဲမှာ လက်စွပ်လေးကိုကြည့်ပီး ငူငူငိုင်ငိုင်တစ်ယောက်ထဲနေတတ်တယ် ... တစ်လလောက် စိတ်ပြေလက်ပျောက်ဆိုပီး လွတ်ထားပေးလိုက်တာ ဟောက်ရွမ်းရဲ့ မဟာအမှားပဲ ...
အာ့နေ့က လူသစ်စိတ်သစ် ပြန်ဖြစ်သွားတဲ့ Yibo ကိုကြည့်ပီး ဟောက်ရွမ်းသိပ်ပျော်ခဲ့တာ ... သူတို့နှစ်ယောက်က ဆိုးအတူကောင်းအတူမဟုတ်လား ...
^ ငါ့ကောင်ကြီးက လန်းလို့ပါလား ... ဘယ်သွားမလို့တုန်း ^
^ ငါ Training ရှိတရ် ... ပီးတော့ Basketball ဆော့ပီး Skate စီးပီမှ အိမ်ပြန်လာမရ် ^ ပေါ့ပေါ့ပါးပါး Basketball လှည့်ပီးပြောနေတဲ့ Yibo က အများအမြင်မှာ သွက်လက်ပီးအပူအပင်မရှိတဲ့ ဆယ်ကျော်သက်လေးလိုပဲ ... ပြောပီး တန်းထွက်သွားတဲ့ကောင်ကို ဟောက်ရွမ်းမှာ အော်ရပါသေးတယ် ...
^ ဟေ့ကောင် ... ကြားထဲမှာ ထမင်းစားဦးနော် ... ^ ငယ်ငယ်ထဲက အတူတူကြီးပြင်းလာတာမို့ ပေတေလွန်းတဲ့ Yibo အကြောင်းသိနေတော့ မပြောပဲမနေနိုင်ပေ ...
ကြားထဲမှာလဲ ပျော်ပျော်ရွင်ရွင်ဖြစ်လာတဲ့ Yibo ကို သူတဂယ်ပဲ အဆင်ပြေသွားပီလို့ ထင်ခဲ့မိတာ ...
ထမင်းစားဖို့သွားခေါ်တုန်း ၀င်ကြည့်လိုက်ပေမဲ့ Yibo ကဖုန်းနဲ့ကပ်ပီး ပြောနေတာမို့ သူလဲ ထမင်းစားဖို့အချက်ပြပီးထွက်လာလိုက်တော့တယ် ... ပေါက်ခွဲသံတွေ ကြားတော့မှသာ သူဝုန်းဒိုင်း၀င်သွားမိတာ ...
ဖရိုဖရဲပစ္စည်းတွေနဲ့ ဘလိတ်ဓါးတစ်ချောင်းနဲ့ Wang Yibo ...
သူကိုတွေ့တော့ ခုတင်အောက်ကနေ အတင်းကုန်းထလာပီး
^ အစ်ကိုကိုပြောပေးပါဦး ... ငါ့တို့ ခဏလောက်ဝေးနေရအောင်တဲ့ ... ငါ့တို့က ငယ်သေးတော့ စိတ်ကစားတာနေမှာတဲ့ ... ငါ့ခေါင်းလေးကို ဟော့သလိုဟော့သလိုပုတ်ပီး ပြောတာသက်လား ... နောက်ပီးလေ... ^
လက်တွေကိုပါယူပီး ခေါင်ကို ပုတ်ပြနေတဲ့ Yibo ဟာ ပြုံးနေပေမဲ့ မျက်ရည်တွေကကျလျက် ...
^ ငါပေးတဲ့ လက်စွပ်ကိုလေ ရေထဲ ပစ်ချလိုက်တာ သက်လား ... ကြာလာရင် ခံစားချက်တွေလဲ ရေထဲချလိုက်တဲ့ လက်စွပ်လေးလိုပဲ အနည်ထိုင်လာလိမ့်မယ်တဲ့ ... အစ်ကို ဘယ်သွားသွား ကျွန်တော်ကလိုက်နေမှာ ဆိုတော့ ... Wang ကငယ်သေးတရ်တဲ့ ... အစ်ကိုထက် ဂရုစိုက်တတ်သူ ပိုချစ်တတ်တဲ့သူတွေ တွေ့ဦးမှာ ... နောက်ပီး အစ်ကိုက သ၀န်တိုလွန်းအားကြီးလို့ Wang ကြာရင် စိတ်ညစ်ရလိုက်မရ်တဲ့ ... ငါက အစ်ကိုသ၀န်တိုရင် ဘယ်လောက်ပျော်လိုက်လဲ မင်းလဲ အသိပဲကိုကွာ ... ခုငါဖုန်းဆက်တာ ကိုင်လဲမကိုင်ဘူး ... ငါကလေ မွေးနေ့ဆုတောင်းလေး ပေးချင်တာ သက်လား ... Msg ပို့လဲ စာမပြန်ဘူးရယ် ... ငါ့အစ်ကို အိမ်ကို သွားမိမှာစိုးလို့
ဘလိတ်ဓါးလေးနဲ့ ခြေထောက်ကိုမွန်းထားတာ ...ဟင့် ... သွေးထွက်တာ ခြေထောက်ဆိုပေမဲ့ ငါ့ဒီထဲကနာတာ သိလား ^
Advertisement
ရင်ဘတ်ကိုထုပီး ငိုကြီးချက်မ ပြောနေတဲ့ Yibo ကိုကြည့်ရတာ ဟောက်ရွမ်းရင်ထဲ မချိဘူး ...
Wang Yibo ကငိုခဲတယ် ... ဒဏ်ရာတစ်ခုခုရလို့ ဆေးထည့်ရင်လဲ စပ်တာတောင် မငိုဘူး ... Wang Yibo ငိုတာ လက်ချိုးရည်လို့ရတရ် ... အတန်းဖော်တွေ မနာလိုလို့ အတင်းပြောတာကြားလဲ Wang Yibo ကခပ်တင်းတင်းပဲ ...မထိတထိရန်စလဲ Wang Yibo ကခပ်ချေချေပဲ ... နောက်ဆုံး Senior နဲ့ လမ်းခွဲခဲ့တဲ့နေမှာတောင် ဟောက်ရွမ်းကို ပြတ်သွားပီဆိုပီး ပကတိ တည်ငြိမ်စွာပြောခဲ့တာ ...
မြိုသိပ်လွန်းအားကြီးတဲ့ Wang Yibo ရဲ့ တစ်ဖက်ခြမ်းက ဟောက်ရွမ်းထင်ထားတာထက် အပျက်အဆီးပိုများနေတယ် ...
ငိုတာများပီးညအိပ်ပျော်သွားတဲ့ Yibo ကို ခုတင်ပေါ်မတင်ပီး သူ့ရှရာတွေကို ဆေးထည့်ပေးရဦးမယ် ... အခန်းကိုလဲ အသံမထွက်အောင်ရှင်းပေးပီး သူ့ခုတင်အောက်မှာပဲ အခင်းခင်းပီး အိပ်ဖို့ပြင်လိုက်တော့သည်။
တခုခုဆို သူရှိနေရင် ဆိုးဆိုးရွားရွားကြီး မဖြစ်တန်လောက်ဘူးလေ ...
Wang Yibo ရဲ့ အခုအခြေအနေကို ကြည့်ပီး ဟောက်ရွမ်းပျာတတ်သွားတာအမှန် ... မနက်မိုးလင်းတော့မှ သေချာချော့မော့ပီး မေးမြန်းဦးမှ ဆိုပီးပဲ တွေးထားလိုက်တော့တယ် ..
မနက်မိုးလင်းတဲ့အချိန်မှာ Wang Yibo ရဲ့ ဟောက်ရွမ်း ဆိုပီးအော်ခေါ်တဲ့ High Tone ကြောင့်နိုးလားခဲ့တယ် ... ဟုတ်တယ်လေ ... သူ့ကိုစိတ်ပူလို့ မအိပ်ပဲ ထထကြည့်နေတာကြောင့် အိပ်ရေမ၀တော့ အိပ်ယာထနောက်ကျတာမဆန်း...
^ မင်းအိပ်ရင်းများ ယောင်လာတာလားကွာ ... ငါတတ်နင်းမိတော့မလို့ ...^ ခေါင်းကိုကုတ်ရင်းပြောလာတဲ့ Yibo စိတ်ရှုပ်နေပုံပင် ...
^ မနေ့ညက ငါစိတ်ပူလို့ လာအိပ်ပေးတာပါကွ ... မင်းရော အခြေအနေ အဆင်ပြေရဲ့လား ... ^
^ ငါက ... ဘာကို ... အော် ... ဒါလား ... Skate စီးရင်းထိမိတာနေမှာ ဖေ့သားကြီးက ဒီဒဏ်ရာလောက်လေးကို စိတ်ပူလို့လာတောင်အိပ်ပေးတာလား ^ သူ့ကိုယ်သူပြန်ကြည့်ပီးမှ မနေ့က ဒဏ်ရာကို Skate ကြောင့်လို့ပြောလိုက်တော့ ဟောက်ရွမ်းကြောင်သွားတာ အမှန် ...
^ မဟုတ်ဘူးလေ ... မင်းမနေ့က မမှတ်မိဘူးလား ... မင်းငိုပီး သောင်းကျန်း... ^
^ ရူးနေလား ... အလကားနေငိုစရာလား... မင်းအိမ်မက်တွေ လျောက်မက်တရ်နဲ့တူတရ် ... သွားတော့ ... ငါလဲ ရေမိုးချိုးပီး အပြင်သွားလိုက်ဦးမရ် ... ^
အိမ်မက်လို့ပြောရအောင်လဲ Yibo ခြေထောက်က ဒဏ်ရာက ပြောင်ပြနေသလို ...
ဟောက်ရွမ်းစိတ်ထဲမှာတော့ Yibo ရှက်လို့၀န်မခံရဲတာနဲ့ တူတရ်ထင်ပီး ထပ်မမေးပဲနေလိုက်တော့သည်။
အလားတူဖြစ်ရပ်မျိုးတွေ ဖြစ်လာတဲ့အချိန်မှာ Yibo ကို Consulting ယူဖို့ တိုက်တွန်းရတော့သည်။
ဘူးခံငြင်းနေဆဲ Yibo ကိုသက်သေအနေနဲ့ ရိုက်ထားတဲ့ Video ကိုကြည့်ပီးမှ ငြိမ်ကျသွားတော့တယ် ...
^ ငါက ဘယ်လိုဖစ်ပီး ဒီလိုမျိုးတွေ ... ^ ပြောစရာမရှိလောက်အောင် Yibo တုန်လှုပ်မိသွားတယ် ... တပြိုင်နက် ဟောက်ရွမ်းကိုလဲ အားနာမိသွားတယ် ...
^ Sorry ကွာ ... ငါကမမှတ်မိတော့ မင်းကိုချည်း အပြစ်ဖို့သလိုဖစ်နေတာ ... မင်းလဲ ငါနဲ့တူတူနေရတာ ကြာရင်ရူးမှာပဲ ... ငါတောင် ရူနေပီလားမသိပါဘူးကွာ ^ ဟောက်ရွမ်း လည်ပင်းဖက်ပီး ရယ်ဆဆပြောလိုက်တော့သည်။
^ မင်းလား ရူးမှာ ... ဘယ်အရူးမှ ကွကိုယ်ရူးတရ် မပြောဘူး ... မင်းက အာ့လိုဖစ်တဲ့ အချိန်က တဖြေးဖြေးနဲ့ စိတ်လာတရ် ... သွားပါကွာ ... ငါတုံကင်တင်ထားပေးပီးသား ^
Yibo လဲ မတတ်သာတဲ့အဆုံး Consultant နဲ့တွေ့ဖို့အေကြာင်းဖန်လာတော့သည်။
Idol နှစ်ယောက်ကို သုံးနှုန်းတဲ့စကားလုံးများ အဆင်မပြေရှိသွားခဲ့ရင် အားမနာတမ်းလာပြောလို့ရပါတရ်ရှင့် ...
ပုံလေးတွေအားလုံး Credit ပေးပါတယ်ရှင့် ...
# Violet
Advertisement
မှတ်မှတ်ရရ October 5 ရက် Senior Xiao Zhan မွေးနေ့မှာ Wang Yibo မျက်နှာဖုံးကွာကျခဲ့တယ် ...
# Violet
Advertisement
- In Serial30 Chapters
Sleeping With My Best Friend (Complete)
Berkley and Dean grew up side by side because their Dads were best friends and owned a fishing boat company together. They were so close they could finish each other's sentences and read each other's minds. He had always looked out for her and tried to protect her from getting hurt by guys that had bad intentions. She trusted him more than anyone else in the world. That's why when they went off to college together and she decided she wanted to experience sex for the first time, she couldn't imagine having her first time with anyone else but Dean. She wanted it to be with someone special that meant a lot to her that she could trust. Dean refused at first because he was afraid it would mess up their friendship until he found out that refusing meant she was going to do it with a guy that he hated instead. He was so protective of her that he gave in. The problem was, they didn't think through all the consequences that came along with having sex with your best friend.**** Warning! Very mature themes & sexual content - 18+ *****Highest Rankings:#1 in TeenRomance out of 94,000 stories#6 in Romance out of 1.9 million stories.#4 in Love out of 2.2 million stories#1 in Friends to Lovers out of 19,000 stories#1 in BestFriends out of 112,000 stories.#1 in Romance-Friendship out of 13,000 stories.#1 in Eroticromance out of 11,000 stories
8 458 - In Serial7 Chapters
Gloria [A diviners Diary]
Diary of a diviner, what kind of fate does a seer of fate have. Join vcente as he follows the one who came before, delve into mysteries that prove, diviners are not weak. |Warning| might be highly addictive.|Disclaimer| the author is in no way responsible for the consequences of which might arise from any truths revealed inside.
8 186 - In Serial17 Chapters
Rock Lee x Blind!Reader Beautiful
You weren't born blind. But by the time you were four your vision was completely gone. Most people think that you won't ever become a ninja. They don't say it to your face, but you know. One boy, however, has the utmost faith in you. His name is Lee. And you love him more than anything.
8 103 - In Serial87 Chapters
Ready Or Not
"Ready Or Not, Here I ComeYou Can't HideGonna Find YouAnd Take it Slowly"
8 147 - In Serial199 Chapters
LGBTQIAP+ Milestones: Book 1
This is where the community can share their own personal LGBTQIAP+ Milestones.
8 165 - In Serial53 Chapters
Married to the Bidder
Isabelle Bleiken was only there for a job, and it was just another day when suddenly a group of men kidnapped her. She doesn't know what she was gonna do until she woke up in an unfamiliar surroundings so when the blindfolds were removed and she opened her eyes. It was a nightmare, she was in an...Auction???Different random men were bidding on her...thousands turns into millions. She didn't know what to do when suddenly one guy...one guy bought her for 50 million dollars. And that guy is the only Rafael Knight. The cold and cunning billionaire who doesn't know how to be kind to someone. Even just hearing his name makes her nervous. But he didn't only bought her for her to be his slave. He needs something from her...more than a slave could ever give.Rafael needs her help and Isabelle's timing is perfect. She needs his help as well. Then she has no choice but to accept it. What does he wants to do? ˝I bought you to be my wife."He needs a wife to prove to his Father and his whole family that he deserves his family's company more than his older brother deserves it. But that was not the only reason why he needs a wife.Belle has one problem...How can you turn down a hot billionaire like him?*Married to the Bidder is finally complete*
8 173

