《Fun for a moment တဒင်္ဂပျော်ရွှင်မှု [Unicode]》တဒင်္ဂပျော်ရွှင်မှု P-6 [end]
Advertisement
တရက်မှာတော့ သူဂျန်းရှင်းသွားရင်းနဲ့ နှင်းမြတ်မွန်နဲ့ဆုံသည်။နှင်းမြတ်မွန်ကနေပြည်တော်မှာပင်။သူ့ယောက်ကျားက ရန်ကုန်မှာတဲ့။ကလေးတစ်ယောက်ရနေပြီ။နှင်းမြတ်မွန်က ကလေးရပြီး နည်းနည်းလေးပြည့်သွားတာကလွဲရင် ပိုပြီးကြည့်ကောင်းလာသလို ရင့်ကျက်သွားတာလဲပါမည်။သူ့ကိုတွေ့တော့ဝမ်းသာအားရပင်။အရင်လိုပင်။စကားထိုင်ပြောကြရင်းနဲ့ ပိုးပိုးလဲ နေပြည်တော်မှာပဲလို့ပြောသည်။သူကလေးရပြီလားမေးတော့ သူ့ဘဲနဲ့ ပြသာနာဖြစ်ပြီးမယူဖြစ်ဘူးလို့ပြောသည်။ဘာလို့လဲမေးတော့ ပိုးပိုးရည်းစားက ပိုးပိုးအပြင်နောက်တယောက်နဲ့ရှုပ်နေတာပိုးပိုးကသိသွားတယ်လို့ပြောသည်။အဲ့ထိပိုးပိုးက ခွင့်လွှတ်သေးတယ်တဲ့။အဲကောင်မလေးကကိုယ်ဝန်ရှိသွားတော့ ပိုးပိုးကိုလာတွေ့ပြီး သူ့ရည်းစားကရှောင်နေလို့ဆိုပြီး ပြသာနာလာရှာတယ်လို့ပြောသည်။အဲ့နောက်ပိုင်း သူတို့ပြတ်သွားတယ်လို့ပြောသည်။သူလဲ ပိုးပိုးဖုန်းနံပါတ်နဲ့ နေရာကိုမေးတော့ ပိုးပိုးက ခု ဌာနတစ်ခုမှာဝင်လုပ်နေတယ်လို့ပြောပြီးနေရာနဲ့ ဖုန်းနံပါတ်ပေးသည်။သူလဲ စိတ်ထဲမှာအရမ်းကိုဝမ်းသာသွားသည်။နှင်းမြတ်မွန်ကလဲ သူ့ကို ပိုးပိုးကို ယူလိုက်ပါလားလို့ပြောတော့ သူကလဲ မူလိုက်သည်။ပြန်ခါနီးကျတော့ သူက နှင်းမြတ်မွန်ကို ကလေးရောမေးတော့ ကလေးက သူ့မိဘတွေနဲ့ထားတယ်လို့ပြောသည်။သူကတော့ တစ်ပတ်တခါ နှစ်ပတ်တခါပြန်သည်တဲ့ရန်ကုန်ကို။သူလဲ နှင်းမြတ်မွန်ကို လိုက်ပို့ပေးလိုက်သည်။နှင်းမြတ်မွန်ကို ပို့ပြီး အပြန်မှာတော့ သူ့စိတ်တွေက ဘယ်လိုမှ ထိန်းမရနိုင်တော့ပေ။ပိုးပိုးနေတဲ့အဆောင်ဖက်ကို ဦးတည်လိုက်သည်။အဆောင်ရှေ့ရောက်တော့ ကားပေါ်ကဆင်းကာ ပိုးပိုးနဲ့တွေ့ချင်ကြောင်းပြောတော့ ခေါ်ပေးလေသည်။သူလဲ စောင့်နေရင်း ရင်တထိတ်ထိတ်နဲ့။ရင်တွေကလဲအရမ်းခုန်နေသည်။နောက်မှာ ခြေသံတွေကြားလိုက်ရသည်။
”ဘယ်သူခေါ်တာလဲအမ”
”အရှေ့မှာ ဧည့်သည်တယောက်ပဲစောင့်နေတယ်ညီမလေး”
ခြေသံကသူနဲ့နီးလာတော့ သူလှည့်ကြည့်လိုက်တော့
”ဟင် ကိုကြီး”
”ပိုး”
နှစ်ယောက်သား ရပ်ကာတယောယ်နဲ့တယောက်ကြည့်နေလိုက်ကြသည်။ပိုးပိုးလဲအရမ်းကိုပျော်သွားသည့်ပုံ။အိမ်နေရင်း ညဝတ်ဂါဝန် အရှည် ပန်းရောင်လေးနဲ့ ကျေါလည်လေါက်ဆံပင်နီညိုရောင်ကပိုကယိုလေးနဲ့ လှနေတဲ့ပိုးပိုးရဲ့မျက်နှာလေးကိုကြည့်ရင်းသူလဲ စကားလုံးတွေဆွံ့အနေရသည်။ရင်ထဲမှာပြောစရာတွေပြည့်ပြီး ပါးစပ်ကထွက်မလာတော့။တော်တော်လေးကြာမှပိုးပိုးဘေးက သူငယ်ချင်းးက
”ဟဲ့ပိုးပိုး ဧည့်သည်ကို ဧည့်ခံဦးလေ”သတိဝင်လာကြသည်နှစ်ယောက်သား။အဲ့ကျမှ ပိုးပိုးလဲ
”ကိုကြီးထိုင်ဦးလေ”
သူလဲယောင်နနနဲ့ထိုင်ပြီးမှ
”ကိုယ် ဘာမှမစားရသေးဘူး။တခုခုသွားစားရအောင်လေပိုး”
”အင်းအဲ့ဒါဆိုခဏစောင့်ပေးနော်”ပြောပြီး ပိုးပိုးလဲ အခထဲကိုဝင်သွားသည်။သူလဲကားပေါ်မှာပဲထိုင်စောင့်နေလိုက်သည်။တော်တော်လေးကြာမှ အင်္ကျီအဝါလတ်ပြတ်နဲ့ထမိန်အနီပြောင်လေးဝတ်ကာထွက်လာသည်။မျက်နှာမှာတော့ သနပ်ခါးကို လိမ်းကာပါးနှစ်ဖက်မှာ ပါးကွက်ကွက်ထားသည်။သူ့ကားပေါ်ကို ဝင်ထိုင်လိုက်တော့ သူလဲကားကိုမောင်းထွက်လာလိုက်သည်။ပိုးပိုးက သူ့လက်မောင်းပေါ်မှီလိုက်ရင်း
”အရမ်းသတိရတာပဲကိုကြီးရယ်။ကိုကြီးကိုရုတ်တရက်တွေ့လိုက်ရတော့ အရမ်းပျော်သွားပြီး ဘာပြောရမှန်းကိုမသိတော့ဘူး”
”ကိုကြီးလဲတူတူပဲပိုးရယ်”
”ပိုးနေတဲ့နေရာကို ဘယ်သူပြောတာလဲ။မမနှင်းမြတ်လား မမအေးမိစံလား”
”နှင်းမြတ်မွန်။ခုနက သူနဲ့ဂျန်းရှင်းမှာတွေ့တော့စကားစပ်မိရင်း ကိုကြီးကပိုးအကြောင်းမေးတော့ ပြောပြရင်း သိလိုက်ရတာ။တော်သေးတာပေါ့ ပိုးရယ်။ဖူးစာမှန်လို့ ပြန်ဆုံရတာ”
”အမယ် ဘယ်သူကသူ့ဖူးစာလဲ။ဒီတိုင်းမရပါဘူး။ပိုးကိုချစ်ခွင့်အရင်ပန်ရမယ်။ပြီးရင် ပိုဆီးကအဖြေကို စောင့်ရမယ် ဒါပဲ။ဒီတိုင်း ဘယ်သူက လက်ခံမှာလဲကဲ”
”အာ ပိုးကလဲ အဲ့ဒါဆို ဘယ်လောက်ကြာမှာလဲ”
”ဟင် အနည်းဆုံးတော့ နှစ်နှစ်ပေါ့။ချစ်ခွင့်ပန်ပြီးရင် စဉ်းစားဦးမယ်လေ”
”အာ အဲ့လို့ဆို ကိုကြီးအသက်က ကြီးနေပြီမရဘူးမရဘူး။ခုတခါတည်းလက်ထပ်ခွင့်တောင်းတယ်ကွာ။ပိုးကို ကိုကြီးလက်ထပ်ပါရစေကွာ။လက်ထပ်ခွင့်ပေးပါနော်”
”အာ ဒီတိုင်းကြီးက မမိုက်ပါဘူး။နိုင်ငံခြားပြန်ကြီးကလဲ။ရိုမန်တစ်မဆန်လိုက်တာ။မရဘူး။တဆင့်ချင်းပဲ။ချစ်ခွင့်အရင်ပန်ဒါပဲ”
”ပိုးကလဲ ရစ်ပြီ။အဲ့လိုဆို ခုတခါတည်းကားတင်ပြေးလိုက်မှာနော်”
”ဟာ အဲ့လိုတော့မလုပ်နဲ့နော်။ကိုကြီးနော ငိုလိုက်မှာ။အော်လိုက်မှာ”
”အော်လေ သတ္တိရှိရင်”
”ဒီမှာ သမီးကို ကားတင်ပြေးမလို့တဲ့”တကယ်အော်တာမို့ သူလဲ ကားမှန်ကိုအမြန်တင်လိုက်ပြီး
”ဟာ ဟိတ် တကယ်အော်တယ်ကြည့်စမ်း။ကောင်မလေး တော်တော်ဆိုးနေတယ်”
”ခစ်ခစ်ခစ်”နှစ်ယောက်သား ကြည်နူးစွာရီလိုက်ပြီး ပိုးပိုးပုခုံးကိုဖက်လိုက်တော့ ပိုးပိုးလဲ သူ့အပေါ်အလိုက်သင့်မှီချလိုက်သည်။သူတို့နေ့လည်စာကို စားပြီးစကားပြောနေလိုက်ကြသည်။ပိုးပိုးက ခုဟိုတယ်နဲ့ခရီးမှာအလုပ်ဝင်နေတာပင်။ကုမ္ပဏီမှာလုပ်ရင်း လူကြီးတယောက်နဲ့ဆက်စပ်မိရင်း သူ့ကို အလုပ်သွင်းပေးတာလို့ပြောသည်။သူ့ရည်းစားနဲ့က အပြင်မှာရှုပ်ပွေတာကို သူသိပေမဲ့ နားလည်ခွင့်လွှတ်ပေးခဲ့သည်လို့ပြောသည်။သူသွားပြီးနောက်ပိုင်း သိပ်မတွေ့ဖြစ်ကြတော့လို့ပြောသည်။သူ့ကောင်လေးက တဖြေးဖြေးနဲ့ ခြေလှမ်းပျက်လာသည်ကိုသူသိပေမယ့် မသိချင်ယောက်ဆောင်ပေးခဲ့သည်။သူငယ်ချင်းတွေက ပြောပေမယ့် သူခွင့်လွှတ်ပေးခဲ့သည်။ကောင်မလေးတယောက်က ကိုယ်ဝန်ရလာပြီး သူ့ကို ပြသနာလာရှာမှ သူအကြီးအကျယ်ပေါက်ကွဲသွားတာလို့ပြောသည်။အဲ့နောက်ပိုင်း သူ့ရည်းစားနဲ့ သူ့ရည်းစားမိဘတွေနဲ့ရော သူ့မိဘတွေရောရှေ့မှာတင် မေးကာ သူတို့စေ့စပ်တာကိုဖျက်လိုက်တာလို့ပြောသည်။သူ့ရည်းစားကတော့တောင်းပန်ပေမယ့် သူကတော့လက်မခံတော့။ခုတော့ အဲ့ကောင်မလေးနဲ့ယူကာ ကလေးတယောက်ရနေပြီလို့ပြောသည်။သူလဲ အဲ့နောက်ပိုင်းကုမ္ပဏီက ထွက်ကာ ခုဒီမှာစာမေးပွဲဝင်ဖြေရင်း နေပြည်တော်သို့ပြောင်းလာတာဟုပြောသည်။သူတို့နှစ်ယောက်စကားကတော့ ပြောမကုန်နိုင်တော့ပေ။
သူတို့နှစ်ယောက် ရုံးဖွင့်ရက်ဆို ညတိုင်းနီးပါးတွေ့သလို ရုံးပိတ်ရက်ဆိုနှစ်ယောက်သားလျှောက်လည်ကြသည်။ပိုးပိုးကို ကြိုက်တဲ့ သူတွေကလဲ များလှသည်။ပိုးပိုးကလဲ သူ့ကိုပင်။မတွေ့တဲ့အချိန်ဆိုဖုန်းနဲ့။လိုင်းပေါ်မှာလဲတွေ့ကြသည်။ခုမှ တကယ့် ချစ်သူဖြစ်ရသည်ကိုး။သူတို့နှစ်ယောက်အကြောင်းကို နှင်းမြတ်မွန်တို့ အေးမိစံတို့လင်မယားတွေကိုပြောပြတော့ ဝမ်းသာနေကြသည်။သဘောတူကြသည်။သူလဲ ပိုးပိုးနဲ့တိုင်ပင်ကာ အိမ်တွေကိုဖွင့်ပြောရအောင်လို့ပြောတော့ ပိုးပိုးကလဲခေါင်းငြိမ့်တာနဲ့ သူလဲ သူ့မိဘတွေကို ဖွင့်ပြောသလို ပိုးပိုးကလဲပြောသည်။သူ သူ့ဆရာကိုလဲ အသိပေးတော့ သူ့ဆရာကလဲသဘောကျသည်။သူတို့ယူရင် အခန်းပေးမှာလားမေးတော့ ယူရင်ရမယ်လို့ပြောသည်။နှစ်ဖက်မိဘတွေလဲသိသွားပြီမို့ ပိုးပိုးမိဘတွေနဲ့သူအရင်တွေ့တော့ အိုကေသလို ပိုးပိုးကလဲ သူ့မိဘတွေနဲ့အဆင်ပြေသည်။ဒါကြောင့်နားဖောက်တောင်းရမ်းကာ လက်ထပ်ဖို့အစီအစဉ်ဆွဲကြသည်။သူလဲအ ခန်းရတော့ နှစ်ယောက်သား အခန်းကို စိတ်ကြိုက်ပြင်ဆင်ကာ ခန်းဝင်တွေကို စိတ်ကြိုက်ဝယ်ပြီးထည့်သည်။နှစ်ယောက်သားပျော်နေကြသည်။
ဒီလိုနဲ့သူတို့နှစ်ယောက်လက်ထပ်ပြီး တစ်နှစ်လောက်အကြာမှာတော့ ပိုးပိုးမှာ သူ့ရင်သွေးလေးလွယ်ထားရပြီ။လက်ထပ်တဲ့အချိန်ကစပြီး ပိုးပိုးက သူ့အကြိုက်လုပ်ပေးတက်သလို သူကလဲ ပိုးပိုးစိတ်ကြိုက် လုပ်ပေးသည်။နှစ်ယောက်သား အပေးအယူမျှစွာနဲ့ ပျော်ရွှင်စွာ အိမ်ထောင်ရေးကိုတည်ဆောက်နိုင်ခဲ့ကြသည်။သူချစ်ကိုယ်ချစ်မို့လဲ သံယောဇဉ်က ပိုပြီးခိုင်သည်။ပိုးပိုးကိုယ်ဝန်ရတော့ ပိုးပိုးနဲ့ အတူမနေရတော့။ပိုးပိုးကမပေးတော့ပေ။တိရိစ္ဆာန်တွေတောင် ကိုယ်ဝန်ရရင် အတူမနေဘူးဆိုပြီး တကယ့်ကိုမပေး။သူကလဲ ချစ်တာမို့ ဘာမှမပြောပေ။ရီလဲရီရသည်။ပိုးပိုးကနေနိုင်သည်။သူလဲ အိမ်ထောင်ကျပြီးကတည်းက ဘယ်သူနဲ့မှ မရှုပ်တော့။ပိုးပိုးကဘာမှမပြောပေမယ့် သူဆင်ခြင်သည်။ချစ်တာကိုး။ဒီလိုနဲ့ သူတို့ရဲ့ ဘဝလေးထဲကို ချစ်စရာကောင်းတဲ့သမီးလေးတစ်ဦးဝင်လာခဲ့သည်။ပိုးပိုးက သမီးရလာမှ ပိုပြီးလှလာသလို့ ကိုယ်ရေလဲ စစ်သွားကာ အရမ်းကို ကြည့်ကောင်းလာသည်။သူ့အပေါ်လဲ အရင်ကထက်ကို ပိုချွဲလာသည်။သူလဲ ရုံးနဲ့ အိမ် သမီးနဲ့မိန်းမကြားထဲမှာပဲ သံသရာလည်နေရတော့သည်။
သူ ဘေးနားမှာအိပ်ပျော်နေတဲ့ မိန်းမနဲ့ သမီးကို ငေးကြည့်နေရင်းအတိတ်ကအကြောင်းကိုပြန်စဉ်းစားရင်းနဲ့ နှင်းမြတ်မွန် အေးမိစံတို့ကိုသတိရသွားသည်။သူတို့နဲ့ အိမ်ထောင်ကျပြီးကတည်းကမတွေ့ဖြစ်ကြပေမယ့် လိုင်းပေါ်မှာတွေ့တိုင်းတော့ အရိပ်အမြွတ်ပြောတက်ကြသည်။သူ သူမတို့တွေနဲ့ တဒင်္ဂစိတ်ခံစားမှုတွေနဲ့ တွေ့ကြုံခဲ့ရပေမယ့် ပိုးပိုးနဲ့ကြတော့ တဒင်္ဂ ကနေ ထာဝရဖြစ်သွားကာ သမီးတစ်ယောက်တောင်ရနေပြီ။ဒီသမီးနဲ့ ဒီဇနီးက သူ့ဘဝအတွက် နံပါတ်တစ်အရေးကြီးဆုံးဆိုတာ သူဟာသူပဲ သိသလို ချစ်ဇနီးလေးကလဲ သိတာမို့ ပိုပြီးသာယာကြည်နူးတဲ့ အိမ်ထောင်ရေးလေးကို အမြဲတည်ဆောက်မယ်လို့ ဆုံးဖြတ်ချက်ချလိုက်ရင်း ချစ်ရတဲ့သမီးကို အသာလေးနမ်းပြီး ချစ်ဇနီးပါးလေးကို ငုံကာ နမ်းလိုက်ရင်း စောင်ခြုံပေးလိုက်ကာ နောက် နေ့သစ်တွေအတွက် ကင်ဆိုင်နိုင်ရန် မျက်လုံးကိုမှိတ်ကာ အိပ်စက်လိုက်လေတော့သည်။
.......ပြီးပါပြီ...........
Donate With WavePay
စာရေးသူအား WavePay ဖြင့်ထောက်ပံ့နိုင်ပါသည်။
အပြာကားတွေကြည့်ချင်ရင်
https://ov3r18.blogspot.com ကိုလာခဲ့နော်။
The End
Advertisement
- In Serial31 Chapters
It Spreads
Leena lives with her belligerent grandfather outside the old town of Icherrun. She has always been isolated from the town by her grandfather and shunned by the community. One rainy night, a young man comes to the door, and he does not seem to see anything wrong with her. In fact, he urges her to come with him as something has taken over the land. What kind of adventure will he pull her into?
8 209 - In Serial39 Chapters
Transition and Restart, book six: Secrets unveiling
The secret of the arrivals. One that Ulf Hammargren had searched for since he became one of them but also one that was kept from the public. As more secrets unveil he unwillingly accepts why they have to be kept hidden, but when Principal Kareyoshi starts hurting his friends Ulf is caught in a moral dilemma as Christina Agerman uses her fame to bring down anyone would harm those they love. Warning: mature content. This volume shifts from the shounen / shoujo category to seinen / josei, and most definitely not in a nice way. I'm not referring to porn, which I personally wouldn't consider R-rated. Once again, you have been warned.
8 84 - In Serial23 Chapters
Take Me Down
The world has many secrets that very few humans know. Meet Amanda. She's a strong-minded shapeshifter, hiding in the human world, who doesn't like being pushed around. She's joined by Avery, a water-bending elemental who grew up by Amanda's side.After their home is invaded by a group of nasty vampires, they discover the bounty for Amanda's kind and go into hiding.Join them on this wild journey where they encounter some people with amazing powers, a few vampires, a werewolf, some dragons, and a whole lot of others.*Editing*
8 135 - In Serial29 Chapters
The Man Kicked By the God
After Micha, our unusual MC, died everything went weird. He was the only person who perfectly stayed in the middle of being sinner or saint. Even to point cannot be judged by angels or devils. Thus the God interfered, by kicking him to new universe. There begins his second strugle in new universe, God's Playground.
8 133 - In Serial18 Chapters
Building an army in another world
Eirisse Ianthe silvana is a military historian or was before she died. She then arrived in another world where she sets out on a journey to build an army with the assistance of a magic book in a world of swords, magic and monsters. I have also published this story on Scribblehub under the same author name.
8 105 - In Serial44 Chapters
Tiny Texas Time!
I keep having ideas and they're all about Texas because he's my favorite for no reason other than I just decided that he isAnyway this is more of just a smol thing for chuckles, each chapter will probably only be around 300 words or less, and it's just about Texas being America and Mexico's chaos child(Shh I know there's no reason for this to exist)(Edit: I'm from the future and I lied. This is not smol. It big)
8 194

