《မင်းကို ချစ်မဝသေးလို့(BL Novel,Myanmar tran)》Ch-25 Uni
Advertisement
်
မင်းကိုချစ်မဝသေးလို့
အပိုင်း(၂၂):ယုချင်း (Part-1)
.....
လင်ဂျာပေါင်သည် ဖျင်အော်နန်းဆောင်ဝန်းထဲတွင် ပန်းချီဆွဲလို့နေ၏။ဒီနေ့ ရာသီဥတုသာယာတာကြောင့် ယွမ်ချင်းကို စာရေးကိရိယာပစ္စည်းတွေကူသယ်စေ၍ နန်းဆောင်ဝန်းထဲတွင် ဆင်းနေရန်စိတ်ကူးမိတာဖြစ်လေသည်။
အရင် ရှုးရွှမ်းရင်၏ကိစ္စပြီးထဲက ယွီရှန်းဖန်သို့သွားရောက်ခြင်းကိုလဲ ပိတ်ပင်လိုက်သလို တော်ဝင်ဥယျာဉ်တော်ကိုသွားချင်ရင်ပင် ရွှမ်းရန်ဟန်ချန် ကိုယ်တိုင်လိုက်ပို့ပေးမှပဲသွားရလေတော့သည်။သူ ဂျာပေါင်ပျောက်သွားတယ်ဆိုတဲ့ သတင်းကိုကြားလိုက်ရတုန်းက သူဒီခလေးငယ်ကို နောက်ထပ်ဆုံးရှုံးလိုက်ရပြန်ပြီဟု ဆိုးဆိုးဝါးဝါးတွေအထိတွေးထင်ကာ ယူကျုံးမရဖြစ်နေခဲ့သည်။
ဒီသတင်းက အချိန်ခဏလေးပဲဆိုပေမဲ့ သူ့အတွက်တော့ လုံးဝကိုအသိစိတ်လွတ်ပြီး အရူးတပိုင်းဖြစ်သွားစေဖို့လုံလောက်တယ်။ သူဘယ်နည်းနဲ့မှ ခလေးငယ်ကိုထပ်ပြီး အဆုံးရှုံးမခံနိုင်ဘူး!ဖြစ်နိုင်ရင် ခေလးငယ်ကို သူ့ရဲ့ရင်ခွင်ထဲမှာပဲ အလွှတ်တမ်းပွေ့ဖက်ပြီး သိမ်းဆည်းထားချင်နေမိတော့တယ်....!
ကျားပေါင်အနေနဲ့လဲ ဖျင်အော်နန်းဆောင်မှာရုတ်ရုတ်သဲသဲဖြစ်သွားတာကိုသိသလို သူကိုယ်တိုင်သည်လဲ ဒီလိုနေရတဲ့ဘဝကို ကြောက်လန့်သွားခဲ့၏။နန်းဆောင်တွင်းမှာပဲ နေရတာကြောင့် အနည်းငယ်ပျင်းရိနေပါသော်လည်း ကျားပေါင်က အပြုမူကောင်းတွေရှိပြီး အေးဆေးသူပီပီအပြင်ထွက်ရန်အတွက် ရွှမ်းရန်ဟန်ချန်နှင့်အတိုက်ခံ မလုပ်ခဲ့ပါချေ။
အပြင်ထွက်မှာကို တားမြစ်ထားတာဟာ သူ့အတွက်ကြောင့်ပဲဆိုတာကို နား လည်သလို၊ သူဆန္ဒရှိတဲ့အရာအားလုံးကို ရွှမ်းရန်ဟန်ချန်က သေချာပေါက်ဖြည့်ဆည်းပေးမယ်ဆိုကိုလဲ ကျားပေါင်သိနေပါ၏။ဒါ့ကြောင့် သူကလဲ အပြင်ထွက်ချင်တယ်ဆိုပြီးဂျီကျမနေပဲ လှရေးလှနှင့် ပုံဆွဲလေ့ကျင့်ခြင်းတို့တွင်သာ သူ့ရဲ့အချိန်တွေကို ပိုပြီးမြှုပ်နှံထားလိုက်လေသည်။
ကျားပေါင်စက္ကူပေါ်တွင် ရေးဆွဲထားသော အလှမွေးငါးကြင်းလေးတွေ၏ပုံသည် အချိုးစားကျ၍ အသက်ဝင်နေတော့သည်။ကျားပေါင်က ပန်ချီတွင်တော့တကယ်ကို ပါရမီပါတဲ့ခလေးပင်။သူ့ရဲ့ပုံတွေဟာ ကိုယ်ပိုင်ဟန်ဖြင့် အမြင်တမျိုးဆန်းနေတတ်တာကြောင် ဆရာကြီးချုံးကပင် အသိမှတ်ပြု သဘောကျလေသည်။
ရွှမ်းရန်ဟန်ချန်သည် ဖျင်အော်နန်းဆောင်တွင် ပန်ချီဆွဲရန်နှင့်ပျော်ရွှင်ကြည်နူးဖို့ကောင်းသော ဝန်းကျင်ငယ်တစ်ခုကိုဖန်တီးပေးချင်တာကြောင့် ရေကန်ငယ်တစ်ခုတူးဖော်စေ၍ အလှမွေးငါးကြင်များကိုမွေးမြူထားရန်ညွှန်ကြားထားခဲ့တာလေသည်။
ရွှမ်းရန်ဟန်ချန် တစ်ယောက် နန်းဆောင်၏ခြံဝင်းထဲသို့ဝင်လာတဲ့အခါ သူ့ရဲ့ခလေးလေးသည် သစ်ပင်ရိပ်တွေရဲ့အောက်မှာ ပန်းချီဆွဲခြင်း၌ဈာန်အပြည့်ဝင်စားနေတာကို တွေ့လိုက်ရလေသည်။ဒါကြောင့် သူသည်လဲ ထိုခလေးငယ်အားနှောက်ယှက်ခြင်းမပြုပဲ ငြိမ်ငြိမ်လေးသာ အနီးနားမှရပ်ကြည့်နေလိုက်၏။ဂျာပေါင်ကတာ့ ပန်းချီဆွဲခြင်း၌ စိတ်ရောကိုယ်ပါနှစ်မြုတ်နေတာဖြစ်လေရာ သူ့ရဲ့ရှန်ကုန်းသူ့အနားကိုရောက်သည်လာကို သတိမိထားမိချေ။
လင်ဂျာပေါင်(ကျားပေါင်)သည် နောက်ဆုံးစုတ်ချက်ကိုအချောသတ်လိုက်ပြီးနောက် ပန်းချီဆွဲခြင်းအမှုပြီး ဆုံးသွားလေရာ စုတ်တံကိုဘေးသို့ချ ထားလိုက်လေ၏။ထို့နောက်ဘေးပတ်ဝန်းကို မျက်စိကစားမိလေရာ ဘေးတွင်တိတ်ဆိတ်စွာရပ်နေပြီး သူ့အားနူးညံ့စွာကြည့်နေတဲ့ ရွှမ်းရန်ဟန်ချန်ကိုတွေ့လိုက်ရတော့သည်။
ဂျာပေါင်သည် အနည်းငယ်အားနာသွားကာ လေသံခပ်တိုးတိုးဖြင့် ''အိမ်ရှေ့စံမင်းသား ပြန်ရောက်လာတာလား?''ဂျာပေါင်တရေးနိုးလာတော့ သူ့ရဲ့အိမ်ရှေ့စံမင်းသားကို မတွေ့ရတော့တာကြောင့် မေးလိုက်ခြင်းဖြစ် သည်။
"ခလေးလေး ပျင်းနေပြီလား?" ရွှမ်းရန်ဟန်ချန် သည် ဂျာပေါင်ကို ဖက်ထားလိုက်ရင်း နား,နားကိုကပ် ၍ တိုးတိုးလေးပြောလိုက်၏။အခုရက်ပိုင်းတွေမှာ ဒီအကောင်ပေါက်လေး ပျင်းရိနေမှာကို သူ,သေချာသိနေခဲ့ပါသည်။
''ရပါတယ် ကံကောင်းချင်တော့ ဂျာပေါင်ကပန်းချီဆွဲရတာလဲကြိုက်တယ်လေ....'' အိမ်ရှေ့စံမင်းသားက အမြဲ းတမ်း အလုပ်များနေတဲ့သူဖြစ်တာကြောင့် သူ့အနေနဲ့အိမ်ရှေ့စံမင်းသားရဲ့နားမှာပဲ တစ်ချိန်လုံးကပ်နေလို့မရနိုင်တာကို သူ,ကောင်းကောင်းသိပါ၏။
"ပန်ချီက လက်ရာမြောက်တာပဲ ..."ရွှမ်းရန်ဟန်ချန် က ဂျာပေါင် ရဲ့ နား,နားလေးကိုကပ်၍ ညင်သာစွာပြောလိုက်ပြန်သည်။
''ရှန်ကုန်း မင်းကို ဒီနေ့နန်းတော်အပြင်ကိုခေါ်သွားပေးမယ်..... ကိုယ်တို့ ဒီနေ့.... အဲ့မှာပဲ ညနေစာ,စားကျတာပေါ့...'
"တကယ်လား?!"ဂျာပေါင်ဝမ်းသာအားရ ထခုန်တော့သည်။
''အပြင်မှာ နည်းနည်းကြာကြာနေရအောင် ချူးယိတို့ကို အင်္ကျီမြန်မြန်သွားပြင်ဆင်ခိုင်းတော့လေ!'' ရွှမ်းရန်ဟန်ချန်သည် ဂျာပေါင်ရဲ့ပြုံးနေတဲ့မျက်နှာလေးကို ကြည့်ရင်းပြောလိုက်၏။
ဂျာပေါင်သည် နန်းဆောင်အတွင်းသို့ အလျင်အမြန် ပြေးဝင်သွားလေ၏။ထို့နောက် ချူးယိနှင့်ချူးချင်းအား သူ့ကို အင်္ကျီမြန်မြန်ကူလဲပေးဖို့ အလောတကြီးတောင်းဆိုတော့ သည်။နန်းတော်ထဲဝတ်ထားတဲ့အဝတ်စားတွေကိုလဲလှယ်လိုက်ပြီးနောက် ရိုးရိုးသာမာန်အဝတ်စားတွင် ကျောက်စိမ်းဆွဲသီးလေးကိုသာ အဆင်တန်ဆာအနေဖြင့် ထည့်ဖြည့်ဝတ်ဆင်ထားသောကြောင့် အင်္ကျီလဲခြင်းသည် ခဏလေးအတွင်းမှာပြီးသွားလေသည်။
ရွှမ်းရန်ဟန်ချန်သည်လဲ သိပ်မပေါ်လွင်တဲ့ အနက်ရောင်ဝတ်စုံကို ပြောင်းလဲဝတ်ဆင်ထားပြီးဖြစ်လေသည်။
"ယွမ်ချင်းတို့လဲ အပြင်ဖက်မှာစောင့်နေကြတယ်!ညနေကျရင် မြို့တော်ရဲ့အနောက်ပိုင်းက အကောင်းဆုံးစားသောက်ဆိုင် ဟုန်ယန်းမှာစားကြတာပေါ့...!အဲဒီ့ကဟင်းပွဲတွေကို တော်တော်းလေးလက်ရာကောင်းလို့ မင်းသေချာပေါက်ကြိုက်မှာပါ....''
ဂျာပေါင်က ဝမ်းသာအားရဖြင့်ခေါင်းညိတ်ပြလိုက်သည်။ သူ စားသောက်ဆိုင်မှာ တခါမှမစားဖူးသလို ပြီးတော့ သူ့ရဲ့ရှန်းကုန်းနဲ့လဲ တစ်ခုမှအပြင်ထွက်လည်ပြီးမစားဘူး,ဘူးလေ......!
''အိမ်ရှေ့စံအရှင်မင်းသား...... အိမ်ရှေ့စံအရှင်မင်းသား.....''ဂျာပေါင်မြင်းရထားပေါ်သို့တက်ခါနီးမှာ သူ့နောက်ခပ်လှမ်းလှမ်းမှ အမျိုးသမီးတစ်ယောက်အော်ခေါ်သံကို ကြား လိုက်ရသည်။လှည့်ကြည့်လိုက်တော့ ပန်းရောင်ဝတ်စုံကိုဝတ်ထားတဲ့ တစ်ခါမှ သူ,မမြင်တွေ့ဘူးသည့် အမျိုးသမီးတစ်ယောက်!
⭐⭐⭐⭐⭐
Advertisement
- In Serial77 Chapters
Rebirth Of The Little Military Wife
With her husband and cousin scheme, Tang Huai lost her life. Once again, she was reborn.
8 632 - In Serial62 Chapters
Steadfast & Fervid
At Cat's first year of college, she learns the true meaning of the phrase "love to hate." And God, does she hate Peter. Too bad he shows up everywhere. - S&F follows Cat through her journey of balancing school, work, and being on her own for the first time. Throughout the year, she must learn to pick her battles, when to back down, and when to fight for herself. With every moment of fun with her new friends comes stress from unforeseen problems. With carefree afternoons come nights of caution. With nights full of loneliness are mornings bursting with love. Above all else, Cat learns from her first year away from home, that every moment balances out, for better or worse.
8 170 - In Serial36 Chapters
Ratbags and Scallywags [bxb]
Charlie Rascal accidentally exposes Aubrey's deepest secret: That he is profoundly deaf and blind in one eye. Now Charlie has a lot of making up to do. Since the time of his near fatal crash four years ago, Aubrey Keats keeps his internal struggle as quiet as the world around him. After being paired with Charlie, he is forced to adjust and readjust the walls he has built around himself. With only poetry and empathy to guide Charlie closer to his deeply misunderstood classmate, he learns about this dark world in which Aubrey is forced to live. And now, all he wants to do is make it a little brighter.
8 243 - In Serial123 Chapters
Leap Year:366 vol. 1
Words are given meaning, when used by man So this book contains words meant to express love, care, hatred compliment etc. Sit back and enjoy the journey into the leap year:366
8 123 - In Serial145 Chapters
Red Is For Love (Io Shirai X Male OC)
Kai Hosako, the twin brother of Kaori Hosako, is Japan's first autistic pro wrestler who made waves in New Japan Pro Wrestling and would be considered one of the greatest Japanese wrestlers to ever step foot inside the wrestling ring, proclaimed by Dave Meltzer.Looking to join his twin sister in NXT, Kai made his surprise debut at Takeover: Brooklyn IV, helping his sister win the NXT Women's Championship against Shayna Baszler, but would reunite with someone who he considered a second sister, Io Shirai.The two would quickly catch up despite Kai's struggle with his disability, but he starts to fall in love with Masami. Does she feel the same?
8 240 - In Serial69 Chapters
The Silence Within
Within her was the rising wave of memories, bowling over in violent tides, trying to crash through the barrier she had built over the years. She could feel the force that shook the restraints, leaving her almost breathless. She won't let it happen. The bang intensified, shaking and nearly spilling. She held back, pushed back, her fist tightening. What roared inside her was the need to breakdown and the need to remember a dark past.
8 131

