《မင်းကို ချစ်မဝသေးလို့(BL Novel,Myanmar tran)》Ch-24
Advertisement
အခန်း-၂၄
.....
နောက်ရက်အနည်းငယ်အတွင်းမှာလဲ လင်တ,လီတို့လင်မယားဟာ လင်တ,ကျွမ်းတို့အိမ်ကို မကြာမကြာလာလည်နေတော့၏။ဒီလင်မယားအား လင်တ,ကျွမ်းတို့အိမ်တွင် တွေ့ရဖန်များလာသည့်အခါမှာတော့ ရွာသူရွာသားတွေဟာ လင် ညီအကိုတွေပြန်လည်သင့်မြတ်သွားကြပြီဟု အလိုလိုကောက်ချက်ချလိုက်ကြတော့သည်။
အဲ့ဒီ့နောက်မှာလဲ လင်ချန်အာသည်သူ့ယောကျာ်းကိုခေါ်ပြီး အလည်အပတ်ရောက်လာပြန်၏။ လင်ချန်အာ၏ ယောကျာ်းသည် သူ့ကိုယ်သူပညာရေး၌ပါရမီပါသူဟု မှတ်ယူထားတာကြောင့် စာအုပ်စာပေတွေကိုဝယ်ယူလေ့ရှိ၏။ထိုဝယ်ထားတဲ့စာအုပ်များအတွက်လင်ဂျာဝမ် ရဲ့ မှတ်ချက်နှင့်မေးမြန်းပညာစမ်းစရာအချို့လဲရှိတာကြောင့် အလည်ပတ်ခရီးတွင် စာအုပ်များကိုပါ သယ်ဆောင်လာခဲ့လေသည်။
ဂျာဝမ်သည် ထိုအူကြောင်ကြောင်စာအုပ်များကိုဖတ်ရင်း ခေါင်းကိုက်နေတော့၏။ သို့ပေမဲ့ ဂျာဝမ်ဟာယဉ်ကျေးစွာပဲ အလွန်စိတ်ရှည်ရှည်ထား၍ အကြောင်းရာအချို့ကိုတော့ ရှင်းပြဆွေးနွေးပေးခဲ့သည်။
ဂျာဝမ်အနေနဲ့ လင်ချန်အာရဲ့ယောကျာ်း သူ့အရည်ချင်းကို သူ့ဘာသာအရှက်ရသွားပြီး မခံမရပ်နိုင်ဖြစ်ကာ ယုံကြည်မှုကျဆင်းသွားမှာကိုမလိုလားပါချေ။ဒါပေမဲ့ ဒီခေတ်နောက်ကျနေတဲ့ အူကြောင်ကြောင်အတွေးခေါ်အရေးသားများက သူ့ရဲ့ဉာဏ်ရည်ကိုထိခိုက်စေတယ်လို့ ခံစားနေရလေသည်။
တကယ်တော့ လင်ချန်အာရဲ့ယောကျာ်းက လင်ရွာလို့လိုက်မလာချင်ခဲ့ဘူး။ဒါကြောင့်ပဲ သူတို့အကြိမ်ရေအနည်းငယ် ပြသာနာဖြစ်ခဲ့ရသေးသည်။လင်ချန်အာရဲ့ယောကျာ်းတွေထားတာက ဒီလင်မျိုးရိုးက အသိပညာဘာမှမယ်မယ်ရရမရှိဘူး ကံကောင်းလို့သာ ပြည်နယ်အဆင့် ပညာရှင်စာမေးပွဲကိုအောင်မြင်ခဲ့တာဟူ၍ပင်။
ဒီထွားကြိုင်းသန်မာလှတဲ့ ကိုယ်ဟန်နဲ့လင်ဂျာဝမ်ကိုကြည့်ပါလား? သူ့ရဲ့ဘယ်နေရာကများ ပညာရှင်ဆိုတဲ့ပုံရိပ်နဲ့ကိုက်ညီလို့လဲ...။ပညာသင်ဆုရကျောင်းသားဆိုတာ သူ့လိုအသွင်ပြင်မျိုးရှိနေရမှာ.....။ပြီးတော့သူ့အနေနဲ့လဲ လာမယ့်နှစ် သိပ္ပံစာမေးပွဲကိုအောင်မြင်စွာဖြေဆိုနိုင်ဖို့ ယုံကြည်ချက်အပြည့်ရှိနေလေသည်။
တကယ်လို့သူ မအောင်မြင်ခဲ့ဘူးဆိုရင်တော့ ဒါဟာသူကံဆိုးနေလို့ပဲဖြစ်ရမယ်။သူ့အနေနဲ့ ဘုရားကျောင်းမှာ အမွှေးနံသာ ပူဇော်ဖို့နဲ့ ဝတ်ပြုဆုတောင်းဖို့လိုနေတာလဲ ဖြစ်ချင်ဖြစ်နိုင်တာပဲလေ.....!
ရှောင်ဟိုင်ရဲ့အမေကတော့ မတင်မကျဖြသ်နေတဲ့စိတ်ကောင့် ရှောင်မူ အား ညည်းညူပြီးပြောလေ၏။
''ရှင်ပြောကြည့်! ကျမတို့ကလေးနဲ့ လီအာရဲ့ကိစ္စ...ကို..!ဟင်း... ဘာမှတော့မပြောင်းလဲသွားနိုင်ပါဘူးနော်....''
"ဘာလို့လဲ... မင်းသူတို့ရဲ့စရိုက်ကိုမသိဘူးလား..." ရှောင်မူကတော့ ဒီကလေးတွေရဲ့ကိစ္စကို လုံးဝကိုစိုးရိမ်ပူပန်ခြင်းမရှိချေ။
"သိပါတယ်.... '' ရှောင်ဟိုင်ရဲ့အမေ ဟန်ရှောင်ယိသည် ထိုအခါမှ စိတ်သက် သာရာရသွားသည်။ "ကျန်းဟွေ့ညောင် က တကယ်ကို ကောင်းချီးပေးခံထားရတာ!သူ့ရဲ့ ကလေးတွေအကုန်လုံးက အရမ်းတော်ပြီး မိဘအပေါ်လဲ သိတတ်ကြတယ်''
''ငါတို့ရဲ့ ရှောင်ဟိုင်ကလဲ မဆိုးပါဘူးဟ!ရှောင်ဟိုင် ဒီနှစ်တွေမှာဘယ် လောက် ကြိုးကြိုးစားစား အလုပ်လုပ်နေလိုက်လဲ....။ပြီးခဲ့တဲ့၂ရက်က မျက်စိကန်းနေတဲ့ ဝက်ဝံကြီးတစ်ကောင်ကို ဖမ်းမိလာတယ် အဲ့ဒီ့ကရေ သားရေရောင်းတော့လဲ ငွေစတွေအများကြီးရှာလာနိုင်ခဲ့တာပဲ။
ပြီးတော့ ဒီနှစ် ယကောက်ပဲသီးနှံကလဲ ကောင်တယ်!ငါတို့ နောက်နှစ်ကျရင်တော့ အိမ်သစ်တစ်လုံးအရင်ဆောက်ထားရမယ်။ ကလေးတွေ နောက်နှစ်လက်ထပ်ကျတော့မှာဆိုတော့ နေဖို့အိမ်ကိုအရင်လုပ်ထားပေးရမယ်!''ရှောင်မူ ကတော့ဘသူ့ဘာသာသူ တစ်နှစ်တာလုံးအတွက်ကို အစီစဉ်ချထားပြီးသား...။ခလေးတွေကတောင် ဒီလောက်ကြိုးစားပမ်းစားနဲ့အားထုတ်နေကြတာ လူကြီးဖြစ်တဲ့သူတို့က အလိုက်သတိနဲ့ကူညီပေးရမှာပေါ့!
ရှောင်ဟိုင်တစ်ယောက်ကတော့ ဒီရက်တွေမှာ တကယ်ကို ပျားပန်းခတ်နေခဲ့တာပါ။သူ့နေနဲ့ ငယ်ချစ်ဦးလေး လင်လီအာနှင့်လက်ထပ်ရမည်ကို အတည်ပြုပြီးတာကြောင့် တကယ်ကိုကျေနပ်ပျော်ရွှင်နေလေ၏။လင်လီအာ က ထက်ထက်မြတ်မြတ်လေးနဲ့ စိတ်သဘောထားပြည့်ဝတဲ့ မိန်းကလေး ဖြစ်ပေမဲ့လဲ ရွာကလူတွေကတော့ လီအာကို ခပ်စွာစွာမိန်းကလေးဟုသာ မြင်ကြလေသည်။
ဒါပေမယ့် ရှောင်ဟိုင်ကတော့ လင်လီအာကို ငယ်ငယ်လေးထဲက ချစ်မြတ်နိုးခဲ့သူပီပီ လူအများမြင်ကြသလို သူ့ကောင်မလေးကို မမြင်ခဲ့ပါချေ။သူဟာ ဘဝတစ်လျှောက်လုံး ဒီကောင် မလေးကိုပဲ ချစ်ခဲ့သလို ဒီကောင်မလေးမှီခိုအားထားနိုင်ဖို့ ရင့်ကျက်ပြီးလူကြီး လူကောင်းဖြစ်အောင် ကြိုးစားခဲ့တာပင်။လင်ဂျာပေါင်(ကျားပေါင်)နန်းတော်ထဲ ဝင်သွားရတဲ့နေ့က လီအာ သူ့ရှေ့မှာ အချိန်အတော်ကြာအောင် ငိုနေခဲ့သည်။လီအာ အဲ့နေ့ကပြောခဲ့တာက ဂျာပေါင် နန်းတော်ထဲဝင်သွားရတာက သူမကြောင့်ပါတဲ့...!
ဂျာပေါင်(ကျားပေါင်) ယသူမထက်ငယ်လို့ တကယ်တမ်းနန်းတော်ထဲ ဝင်ရမယ့်သူက သူမပါတဲ့။ ပြီးတော့ ရှောင်ဟိုင်တို့မိသားစုနဲ့ပေးထားတဲ့ကတိလဲရှိသေးလို့ အဲ့ဒီ့ကတိကိုဖျက်ခိုက်ရမှာစိုးတာကြောင့် ဂျာပေါင်က နန်းတော်ထဲ သူဝင်မယ်ဆိုပြီးဆုံးဖြတ်ခဲ့တာတဲ့လေ....။
ရှောင်ဟိုင်ကတော့ ဒီအကြောင်းတွေတွေးမိတိုင်း လင်ဂျာပေါင်(ကျားပေါင်) ကို ကျေးဇူးအမြဲတင်နေမိတော့သည်။အခု လင်ဂျာပေါင်(ကျားပေါင်)က အိမ်ရှေ့စံမင်းသား,နား ရောက်သွားပြီဟု သတင်း ကြားရတာကြောင့် သူ,တ ကယ်ကို အံ့သြသွားခဲ့ရသည်။
လင်ဂျာပေါင်(ကျားပေါင်) နန်းတော်ထဲ အဆင်ပြေပြေနဲ့ကောင်းကောင်းမွန်မွန် နေထိုင်နိုင်ဖို့ကို သူ,တကယ်ကို ရင်ထဲမှနေ၍ လှိုက်လှိုက်လှဲလှဲဆုတောင်းပေးမိလေသည်။ဒီအခြေနေကြောင့်ပဲ လင်မိသားစုဟာ ပိုပိုပြီးတိုးတတ်ကြီးပွားလာတော့မှာကို သူ,သုံးသပ်လို့ရနေခဲ့၏။ဒါကြောင့် သူလဲ အလုပ်ကြိုးစားမှရတော့မည်ဟု တစ်ဆက်ထဲတွေးလိုက်မိလေသည်။ဒါမှသာ သူ့ရဲ့မိန်းကလေးကို ချမ်းချမ်းသာသာနဲ့ပျော်ပျော်ရွှင်ရွှင်ထားနိုင်မှာ......!
.
.
.
ကျားပေါင်သည် သူ့မိသားစုမှပေးလိုက်သော စာကိုကြည့်ပြီး အလွန်ကိုစိတ်လှုပ်ရှားနေခဲ့သည်။ သူ့ရဲ့အစ်ကိုကြီးက အိမ်မှာ ဖြစ်နေတဲ့အကြောင်းရာ အများကြီးရေးပေးထားလေသည်။နောက်နှစ်မှာ ဒုတိယအမကြီးနဲ့အစ်ကိုကြီးရှောင်ဟိုင်တို့ လက် ထပ်တော့မှာမို့ သူတို့အတွက် ကျားပေါင် ဝမ်းသာနေတော့၏။
ကျားပေါင်တစ်ယောက် စာကိုအလွတ်ရသည်အထိ ထပ်ခါ ထပ်ခါဖတ်ပြီးနောက်မှာတော့ အိမ်စာစာအုပ်တွေသိမ်းသည့် သေတ္တာငယ်လေးထဲသို့ သေချာထည့်၍သိမ်းလိုက်လေသည်။
"နောက်နှစ်ကျရင် ဒုတိယအမနဲ့ အစ်ကိုကြီးဟိုင်ဟိုင်တို့ လက်ထပ်တော့မယ်။" ကျားပေါင် က ပြုံးပြုံးလေး ပြောလိုက်၏။
"ဟိုင်ဟိုင်...?"ရွှမ်းရန်ဟန်ချန် က မျက်ခုံးပင့်၍ ရေရွတ်မိလိုက်လေသည်။
"အင်း အစ်ကိုဟိုင်ဟိုင် လေ! သူက အရမ်းတော်တာ! ငယ်ငယ်တုန်းက အစ်ကိုဟိုင်ဟိုင်ရယ်၊ဒုတိယ အမရယ်သူတို့နဲ့ တောထဲလိုက်သွားပြီး အသီးအနှံတွေသွားကောက်ရင် အရမ်း ပျော်စရာကောင်းတာ" ကျားပေါင် က သူ့ရဲ့ငယ်ဘဝအကြောင်းကို ပြောပြနေခဲ့၏။သူရယ်ဒုတိယအမရယ် အကိုဟိုင်ဟိုင် ရယ်က အသက်သိပ်မကွာကျတာကြောင့် ရွယ်တူတွေလို့ပြောလို့ရတယ်။ဒါ့အပြင် သူတို့သုံးယောက်က အတူတူကြီးပြင်းလာခဲ့တာ....။
"အစ်ကိုဟိုင်ဟိုင်လို့ မခေါ်နဲ့တော့! ဒုတိယခဲအိုလို့ ပြောင်းခေါ်ရမယ်လေ..." အစ်ကို ဟိုင်ဟိုင်ဆိုပြီး ချစ်စနိုးခေါ်နေတဲ့ အသုံးနှုန်းကို ရွှမ်းရန်ဟန်ချန်တစ်ယောက် သည်းမခံနိုင်တော့ဘဲ ကျားပေါင်အား ခပ်တည်တည်ဖြင့်အသုံးနှုန်းကိုအမှန်ပြင်ပေးလိုက်လေသည်။
"ဂျာပေါင် သိပါတယ်! အစ်ကိုဟိုင်ဟိုင်ကငယ်ငယ်ကတည်းက တချိန်ချိန်မှာ သူကဂျာပေါင်ရဲ့ ဒုတိယခဲအိုဖြစ်လာမှာလို့ ပြောထားပြီးသား...!တစ်ခါတလေကျရင် ဒုတိယအမက အကိုဟိုင်ဟိုင်ကို အရမ်းရက်စက်ပြီးအနိုင်ကျင့်တာသိလား...။ ဒါပေမဲ့ အစ်ကိုဟိုင်ဟိုင်က အမလင်အာကိုတစ်ခါမှ စိတ်မဆိုးဘူး''ကျားပေါင် က ပြုံးပြုံးလေး တွေးလိုက်ပြောလိုက်လုပ်နေ၏။
"ခလေး ရှန်ကုန်း(ယောကျာ်း)ကို အနိုင်ကျင့်ပြီးရက်စက်ရင်လဲ ရှန်ကုန်းက လုံးဝစိတ်ဆိုးမှာမဟုတ်ဘူး'' သူ့ရဲ့ခလေးက ဒီအကိုဟိုင်ဟိုင်ဆိုတဲ့ ပုဂ္ဂိုလ်အကြောင်းကို ချိုသာပြီးဆွတ်ပျံ့စွာပြောနေလေတော့ သူ့ရဲ့စားသောက်ချင်စိတ်တွေဟာလဲ တဖြည်းဖြည်းပေါ်ထွက်လို့လာနေ၏။
''အဲ့လို အနိုင်ကျင့်တာတွေကို ဂျာပေါင်မသိပါဘူး..." ဂျာပေါင်က သူ့ကိုယ်သူကျားပေါက်လေးတစ်ကောင်လို့ တွေးလိုက်ပြီးနောက် "ဝေါင်း!''
ရွှမ်းရန်ဟန်ချန် သည် ဂျာပေါင်အားအလျင်မြန်ပင် ကုတင်ပေါ် သို့ဆွဲခေါ်သွားလေတော့သည်။ထို့နောက်ကျားပေါင်ကို ထွေးပွေ့ထားလျက် မြတ်နိုးစွာနမ်းရှိုက်နေမိတော့၏။
"ခလေးလေး ...ကိုယ့်ရဲ့ ခလေးလေး....''
ဒါက သူတကယ်ကို ချစ်မြတ်နိုးရတဲ့ သူ့ရဲ့အချစ်ကလေးပါပဲ....!
⭐⭐⭐⭐⭐
Cmmလေးတောင်မရေးပေးရင် မချစ်တော့ပါ ဟွင့်
Advertisement
- In Serial31 Chapters
Finding Her Destiny | ✓
Melody has a lot to live up to. Her parents being the perfect mates and her mother being the Mystical Wolf.But Melody isn't like that. She is a normal everyday wolf.Since her 16th birthday she has convinced herself that she has no mate, so she got into a relationship and pushed the pain away.© COPYRIGHT 2019 by forest_wonders1 (C.Jones)But then suddenly Alpha Prince Jayden shows up, and after finding out a Melody is his mate refuses to allow her to leave his side. But she doesn't know how to handle this new found love.______Ranking: 2 in #wolfs
8 168 - In Serial49 Chapters
Love Bait
When a handsome troublemaker inherits the Big Fish Cafe, eighteen-year-old Evvy must fight to protect her island while trying not to fall for his charm. *****Headstrong islander Evvy lives on New Wave island, a small, idyllic retreat just off the coast of the Florida Keys. But when city boy Jordan inherits the cafe Evvy works at and threatens to sell it, it kickstarts a rivalry, one that risks tearing the island apart. Can the pair overcome their differences - and feelings - to save the cafe, or will it all be destroyed in the upcoming storm?*If you aren't reading this book on Wattpad, it has been stolen. Please report the website!*Previously called 'Summer Kiss'.
8 84 - In Serial21 Chapters
Unwavering Love | {M.YG}
What happens when one loved her idol more than a fan and got the chance to meet him?She ended up facing internal conflict upon reality and dream. What was the truth then?A love story of a psychotherapist and her idol....Katherine Claire is a talented psychotherapist who lives in the States. She placed all her efforts in her work and is highly known for her skills. Appointments are required to have sessions with her.She had been a huge fan of BTS since their debut in 2013 but had yet to see them. She had struggles as an international fan. The ocean was her obstacle but she was happy to just watch them online. She had developed hopeless feelings towards one of the members. The gap was indeed too big for her and she knew it was impossible.But one day, she received an email to fly to Korea to serve a VIP patient. She was eager to go there since it meant that she was going to be closer to BTS boys.What was shocking was that the patient she was going to serve was Min Yoongi aka Suga from BTS.
8 134 - In Serial17 Chapters
Hades - God of the Underworld
Maybe he wasn't the brute she thought he was after all. Nobody had noticed that she had been freezing in her dress, the marble under her bare feet didn't help anything either. She tried her best to hide it in fear of burdening anybody. Something deep down throbbed in the pit of her stomach, touched by his attention and action. "Thank you." She whispered, still staring into his eyes. The was a slight pause as they stared into each others eyes."Damn it." He cursed and in one step, she was in his arms, pressed against the cold metal of his armour. An arm went around her waist and gripped the fabric on her dress, the other travelled behind her neck before sinking into her hair. He gripped it gently and tugged, forcing her head back as he claimed her mouth with his. -------------------In which a girl finds out that her Prince Charming isn't a Prince Charming after all. He's actually the God of the Underworld. --------------------⚠WARNING⚠ This book contains graphic scenes of sex and is not suitable for those weak hearted and uncorrupted, those of us who enjoy a good smut - enjoy!
8 143 - In Serial6 Chapters
-LUCKY BASTARD-
[Naruto Discalimer Mashashi Kishimoto][Alternate universe, ooc, typo][Hurt, Drama, Romance]'kalian bisa memanggilku si brengsek yang beruntung.... karena itulah kenyataannya'
8 118 - In Serial30 Chapters
His Worth | MxM
In the world's most feared jail, Nate works as a correctional officer against the most feared inmates. He has no fear when it comes to talking down to inmates as he believes they all deserve to be there. That they all are low-lives and need to have authority over them. Nate believes he can fix the corruption. Until he meets the most feared, yet revered inmate dubbed as 'Worth'. He is known to be the leader of every part of the jail and has all the officers not only at his beck-and-call, but on their knees. He's in for a crimes no one is willing to discuss, and yet no one will charge him upon. Nate begins to realize that what is really at play is what they really want to get from Worth - the truth, to snitch. In the process of trying to get the truth and fix the corruption, Nate and Worth strike up a relationship that clashes and brews with tension. Until what really burns beneath begins to come through, and Nate falls into Worth's trap... Or is it the other way around?
8 212

