《မင်းကို ချစ်မဝသေးလို့(BL Novel,Myanmar tran)》Ch-22 Uni
Advertisement
အခန်း-၂၂
.......
နောက်တစ်နေ့တွင် လင်ချန်အာသည်သူမရဲ့မိဘတွေ အိမ်သို့ပြန်သွားခဲ့လေသည်။လွန်ခဲ့သည့် ၂နှစ်အတွင်းမှာလဲ လင်,တလီတို့တော်ကာကျမည်ကိုသိနေခဲ့လေသည်လင်မယားသည် အကိုဖြစ်သူမိသားစုနှင့်ကော ရွာကလူတွေနှင့်ကော အဆင်မပြေခဲ့ကြပေ။
ရွာသားတွေက သူတို့မိသားစုကိုသိပ်ပြီး ဂရုတစိုက်မရှိကြတာကို လင်တ,လီက တော့ သူတို့မိသားစုကောင်းစားတာကိုမနာလိုကျလို့ပဲဟုတွေးထင်၍ ရွာသားတွေအားပိုပြီးနှိမ့်ချစွာဆက်ဆံခဲ့လေသည်။
နောက်တစ်နှစ်အကြာမှာတော့ လင်တ,လီတို့မိသားစုဟာ ရွာတွင်နေထိုင်ရတာ ပိုပိုပြီးအထီးကျန်လာတာကြောင့် ပိုင်မြို့တွင် ရွေ့ပြောင်းနေထိုင်ကြတော့သည်။ထို့နောက်ဆိုင်သေးလေးကိုဖွင့်ထားလေရာ သူ့ဟာနဲ့သူလည်ပတ်နေနိုင်တာကြောင့် စီးပွားရေးကတော့ သိပ်မဆိုးဘူးဟုဆိုနိုင်သည်။
"ဘာလို့ပြန်လာတာလဲ ချန်အာ" လင်ချန်အာ အိမ်ပြန်လာချိန်တွင် လင်တ,လီသည် ပစ္စည်းများကို လိုက်ပို့ပေးရန်ပြင် ဆင်နေချိန်ဖြစ်သည်။ကျဲမီလိကတော့ ဆိုင်ကအလုပ်သမားကို ပစ္စည်းများနေရာချရန်အတွက် စီစဉ်ညွှန်ကြားနေတာဖြစ်၏။
ကျဲမီလိ၏ဒုတိယသမီးလင်ရှန်အာ သည်လဲ ဆိုင်တွင်ရှိနေခဲ့လေသည်။လင်ရှန်အာသည် အမဖြစ်သူကို တွေ့သည်
နှင့် လက်ဖက်ရည်အမြန်ငှဲ့၍ လောကွတ်ပြု၏။
''အမ လက်ဖက်ရည်သောက်ပါဦး။ အမ ဒီနေ့ဝတ်ထားတဲ့အဝတ်အစားတွေက အရမ်းလှတာပဲ။ အမ အရမ်းကြည့်ကောင်းနေတယ်!''
လင်ရှန်အာ သည် ကျဲမီလိနှင့်တူတာကြောင့် နှုတ်လေးကလဲချိုသလို ရုပ်လေးကလဲလှ၏။လင်ရှန်အာ၏ငယ်ဘဝကတော့ လင်ချန်အာနှင့်မတူပဲ အတော်လေဖြောင့်ဖြူးခဲ့သလို လှလှပပလေးကြီးပြင်းလာခဲ့ရတာဖြစ်သည်။
လင်ချန်အာသည်လဲ ညီမဖြစ်သူ၏မနာလိုအားကျစွာဖြင့် ချီးမွမ်းနေရတာကို သိတာကြောင့်ကျေနပ်နေတော့သည်။ ရှန်အာ နေခဲ့ရတဲ့ဘဝက သူမထက်စာရင်အများကြီးပိုကောင်းတယ်။
"ငါ ဒီဝတ်စုံကိုနောက် ထပ်နည်းနည်းဝတ်လိုက်ဦးမယ် နောက်တစ်ခေါက်လာရင် နည်းနည်းပါးပါးပြင်လာခဲ့ပေးမယ်။ အဲ့တော့မှယူလိုက် ဟုတ်ပြီလား...!''
လင်ရှန်အာကတော့ သူ့အမရဲ့စကားကို ချိုသာစွာဖြင့် ကျေးဇူး တင်စကားဆို၏။ အိမ်ရဲ့အခုအခြေဟာ သူ့အစ်မကြောင့်ပဲဆိုတာကိုသိနေခဲ့၏။ အမဖြစ်သူဟာ အာဏာပိုင်အဖွဲ့နဲ့နီးစပ်တဲ့အသိုင်းဝိုင်းထဲက အဖွားငယ်ရာထူးကိုရယူနိုင်ခဲ့သည်။ဒါကပဲ သူမကို အတော်လေးအထင်ကြီးစေခဲ့၏။
ဒါပေမဲ့ သူမရဲ့ရုပ်ရည်အလှပနဲ့ဆို အမဖြစ်သူထက်ပိုကောင်းတဲ့ အိမ်ထောင်ဖက်ကိုရှာနိုင်မှာသေချာတယ်။
"အမ ကျိရှန်းကောင်တီမှာ ကျင်းပမဲ့ပန်းပွဲတော်ကို သွားရင် ညီမ ကိုပါခေါ်သွားနော်...!''
"အင်းပါ ခေါ်သွားမှာပေါ့ စိတ်ချထားလိုက်" လင်ချန်အာ ကတော့ သူ့ညီမရဲ့အတွေးကိုသိမနေပါဘူး။ဒါပေမဲ့ သိတော့လဲ ဘာအရေးလဲ။တကယ်လို့ သူ့ညီမကနောက်ခံကောင်းကောင်းပုဂ္ဂိုလ်နဲ့သာ အိမ်ထောင်ကျမယ်ဆိုရင် သူမလဲ လင်ချန်အာအနေနဲ့လဲ အထောက်ပံ့ကောင်းကောင်းရမှာပဲလေ!ပျော်ပျော်ကြီးတောင် ဝင်ကူညီလိုက်ဦးမယ်...။
"အား!လာရင်းကိစ္စကိုမေ့တော့မလို့! အမေ ဒီလက်ဆောင်ပစ္စည်းတွေကိုသိမ်းပြီး ဦးလေးလင်တို့အိမ်ကိုသွားပို့ပေးပါဦး" လင်ချန်အာ သည် ကျဲမီလိအားပြောလိုက်၏။
"ဘာလို့သွားမှာလဲ?သူ့ထက်ဝါရင်တဲ့သူတွေတောင် အဲ့ဒီ့ဝင်ခွင့်ကိုမအောင်ကြသေးတာ အဲ့ဒီ့ဂျာဝမ်လဲဝင်ခွင့်ရမှာမဟုတ်ပါဘူး။ငါ့တစ်သတ် ဒီအရပ်မှာမြို့တော်အဆင့်ထိ ဝင်ခွင့်စာမေးပွဲအောင်တဲ့သူကို မတွေ့ဘူးသေးဘူး။ သွားမနေနဲ့တော့! ''
ကျဲမီလီအတွက်ကတော့ ကျန်းဟွေ့ညောင်ကို အောက်ကျို့ရတာလောက်မုန်းတဲ့အရာမရှိဘူး...။
အရင်က ကျန်းဟွေ့ညောင်တစ်ယောက် အားလုံးရဲ့ စောင်းမြှောင်းဖိနှိပ်ပစ်တင်ခြင်းကိုခံခဲ့ရတဲ့အချိန်တုန်းက လင်တ,ကျွမ်းကတော့ သူ့မိန်းမဖက်က မားမားမတ်မတ်ရပ်တည်ပေးခဲ့သည်။
အဲ့ဒီ့နောက် ကျန်းဟွေ့ညောင်သည် ဖိနစ်နဲ့နဂါး မောင်နှမကိုမွေးဖွားပေးခဲ့တော့ လင်တ,ကျွမ်းတစ်ယောက် သူ့မိန်းမအားပိုပိုပြီး သဲကဲလာတော့သည်။
သူမကတော့ သမီးနှစ်ယောက်ကိုသာ မွေးဖွားနိုင်သေးသည့်တိုင် အားလုံးသိကြတဲ့အတိုင်း လင်တ,လီကတော့ သူမကိုအပြစ်မတင်ခဲ့သလို မျက်နှာသာလဲပေးနေမြဲပဲဖြစ်သည်။ နောက်ပိုင်း ကျန်းဟွေ့ညောင် အမွှာနှစ်ကောင်အားမွေးလာခါမှ ရွာသားများကလဲ ကျန်းဟွေ့ညောင်ဘက်ပြောင်းသွားကြလေ၏။ အရပ်တကာရဲ့ ချီးမွန်းမှုတွေကြားမှာ ကျန်းဟွေ့ညောင် တစ်ယောက်မျက်နှာပွင့်ပြီး ကြွားဝါလာတော့သည်။
ကျန်းဟွေ့ညောင်ရဲ့သား မြို့တော်အဆင့်ဝင်ခွင့်စာမေးပွဲသာ အောင်သွားရင်က သူမရင်ဘတ်စည်တီးပြီးအော်ငိုလိုက်မယ်!အမလေး စာပေလေ့လာနေတဲ့ ကျောင်းသားတွေရဲ့ အသုံးစရိတ်က နည်းနည်းနောနောမိုလို့လား....! အဲ့ဒီ့ မိသားစုက သူမတို့လောက်တောင် အဆင်ပြေမှာမဟုတ်ဘူး။
ကျဲမီလိတွေးလိုက်တာက သူမတို့ လင်မိသားစုက ဆိုင်တစ်ဆိုင်ရှိပြီးတော့ အခြေမပျက်အေးအေးချမ်းချမ်းနေနိုင်နေတယ်။အကြီးဆုံးသမီးက ရံဖန်ရံခါထဖောက်တတ်တယ်ဆိုပေမဲ့လဲ အချိန်တစ်ခုအထိတော့ သူ့ဟာနဲ့သူအဆင်ပြေနေဦးမှာပါပဲ။
သားအငယ်လေးကတော့ ခရိုင်ပုဂ္ဂလိကကျောင်းတစ်ခုမှာ ပညာ သင်နေခဲ့ပြီ!သူတို့ပြောကျတာတော့ ပညာအရည်ချင်း ဒါမှမဟုတ် ငွေကြေးသာမရှိရင်ဒီကျောင်းကိုမတတ်နိုင်ဘူးတဲ့လေ....!
သူမအထင်တော့ သူမတို့ မိသားစုက မဆိုးဘူးလို့ထင်တာပဲ!သူမက အဲ့လိုတွေးနေခဲ့ပေမဲ့ သူမရဲ့သမီးကြီးကတော့ လင်တ,လီတို့အိမ်နဲ့ ပြန်ပြီးပြေလည်နိုင်ဖို့ကိုပဲတွေးနေခဲ့တယ်။သူမအနေနဲ့သိပ်စိတ်မပါပေမဲ့လဲ သမီးကြီးရဲ့တောင်းဆိုချက်ကြောင့်ပဲ ထိုမိသားစုထံသို့လက်ဆောင် ပစ္စည်းတွေကိုပါသယ်သွားပြီး သူမတို့လင်မယားနှစ်ယောက်လုံး မျက်နှာလုပ်အောက် ကျို့တောင်းပန်ခဲ့ကြသည်။
ပြောရမယ်ဆိုရင်တော့ ရှိသမျှအရှက်တွေလဲအကုန်ကွဲပေါ့လေ!အဲ့လို အောက်ကျို့ခဲ့ပေမဲ့လဲ ကျန်းဟွေ့ညောင်ရဲ့အေးစက်စက်မျက်နှာပေးကိုသာပြန်ရခဲ့တာကြောင့် သူမအနေနဲ့တော်တော်လေး မခံမရပ်နိုင်ဖြစ်ခဲ့ရ၏။ဒါကြောင့်ပဲ နောက်တစ်ကြိမ်သွားဖို့ကို လုံးဝ လျစ်လျူရှုပလိုက်တော့တာပင်!
.
.
.
"အမေ အခုကမတူတော့ဘူး!လင်ဂျာပေါင်(ကျားပေါင်)က နန်းတော်မှာ အိမ်ရှေ့စံမင်းသားရဲ့ ကိုယ်လုပ်တော်ဖြစ်သွားပြီတဲ့!အဲ့ဒါ အခု သူ့တူရဲ့လပြည့်ပွဲအတွက်လက်ဆောင်ပို့ပေးတာကို အိမ်ရှေ့စံမင်းသားက လူတစ်ယောက်စေလွှတ်ပြီးအချိန်မှီပို့ခိုင်းလိုက်တာတဲ့...!" လင်ချန်အာသည် ကျဲမီလိအား ဂျာပေါင်(ကျားပေါင်) အကြောင်းကို ပြောပြလိုက်၏။
"အိမ်ရှေ့စံမင်း.....သား.. ဒါ...ဒါကအမှန်ပဲလား?" ကျဲမီလိ နှင့် လင်ရှန်အာတို့သည် မယုံနိုင်လောက်အောင်ဖြစ်၍ အော်ဟစ်နေကြတော့သည်။ သူတို့မိသားစုကဒီမြို့တော်ကို ပြောင်းလာပြီးထဲက လင်ရွာကိုပြန်သွားခဲသလို ရွာနဲ့ပတ်သတ်တဲ့ သတင်းတွေဟာလဲ သူမတို့မိသားစုနှင့် လုံးဝကိုအဆင်သွယ်ပြတ်နေခဲ့ပြီဖြစ်သည်။လင်ချန်အာပြောပြတဲ့အကြောင်းတွေကို သူမတို့မိသားစုဟာ ဘာတစ်ခုမှသိမနေခဲ့ချေ။
''အိမ်ရှေ့စံမင်းသားက စစ်ပွဲလဲအောင်နိုင်ခဲ့တယ်တဲ့ ပြီးတော့ သူကအရမ်းသတ္တိရှိတာပဲလို့ပြောတယ်..."လင်ရှန်အာသည် မြို့တော်ရဲ့စားသောက်ဆိုင်တစ်ခုတွင် အိမ်ရှေ့စံမင်းသားရဲ့ ကြီး ကျယ်ခမ်းနားတဲ့အောင်ပွဲအကြောင်းနှင့် သူ့ရဲ့ဂုဏ်ဒြပ်တွေအား ချီးမွန်းနေခဲ့ကြတာကို ကြားလာတာကြောင့် ပြန်ပြောပြလိုက်၏။
"အားလုံးက အမှန်ပဲ!မြို့တော်က အထင်ကရ လူကြီးတွေထဲက ကျိဖူတောင် လက်ဆောင်ပစ္စည်းပို့ဖို့ လူလွှတ်လိုက်သေးတယ်ဆိုပဲ...!''လင်ချန်အာ သည် မျက်နှာကြီးရှုံတွလျက် မနာလိုမှုအပြည့်ဖြင့် ပြောလိုက်သည်။
''ဟို့!ကျန်းဟွေ့ညောင်ကတော့ ဘဝင်မြင့်လွန်းအားကြီးပြီး နတ်ပြည်ရောက်တော့မှာပဲ....ငါတော့မတွေးနိုင်တော့အောင်ပဲ အဲ့မိန်းမ ဘယ်လောင်တောင် ဘဝင်ကိုင်နေလိုက်မလဲဆိုတာကို...''ကျဲမီလိသည် တွေးမိတိုင်းစိတ်တိုလာကာ
''ငါတို့ရှန်အာ,သာ ၂နှစ်လောက်စောစောမွေးလာပြီး နန်းတော်ထဲသာ ဝင်ခွင့်ရမယ်ဆိုရင် အဲ့ဒီ့နေရာကသေချာပေါက် ငါတို့ရှန်အာရဲ့နေရာပဲ!ရှန်အာ,က လင်ဂျာပေါင်(ကျားပေါင်)ထက် အများကြီးပိုလှတယ်....''
လင်ရှန်အာသည်လဲ စိတ်မကောင်းဖြစ်၍ဝမ်းနည်းသွားကာ မျက်နှာလေးပျက်သွားလေသည်။
"တိုတိုပြောရရင်တော့ အဖေနဲ့အမေမနက်ဖြန်လင် ရွာကိုပြန်သွားပြီး ဦးလေးက ခွင့်လွှတ်ပေးဖို့ကိုသေချာပြောပေးပါ။တကယ်လို့ မိသားစုနှစ်ခုပြန်ပြေလည်သွားကျရင် သမီးလဲဝမ်အိမ်တော်ရဲ့ အလေးမြတ်ပေးခံရပြီး အဆင်ပြေပြေနဲ့နေနိုင်လိမ့်မယ်။
သမီးရဲ့အနာဂတ်သေချာသွားရင် သမီးတို့မိသားစုအတွက်ကော ညီမလေးကော မောင်လေးအတွက်ပါ ကောင်းမှာနော်! ပြီးတော့ အမေနဲ့အဖေကိုလဲ သက်သက်သာသာကျွေးမွေး
စောင့်ရှောက်ထားလို့ရလိမ့်မယ်...''
ကျဲမီလိရဲ့ တစ်ကိုယ်ရည်အနေနဲ့ကတော့ ကျန်းဟွေ့ညောင်ရှေ့မှာ အောက်ကျပြီးမတောင်းဆိုချင်ပေ ။သို့ပေမဲ့လဲ သမီးကြီးရဲ့စကားက ကျိုးကြောင်းဆီလျော်နေတာကြောင့် သူမအနေနဲ့ ခေါင်းငြိမ့်ရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိနေပါချေ။
ချန်အာတို့ညီအမသည်လဲ ငြိမ်ငြိမ်လေးတွေးနေခဲ့ကြသည်။အိမ်ရှေ့စံမင်းသားကိုဆွဲဆောင်ဖို့ ဘယ်လိုအပြုမူတွေများလုပ်ခဲ့လဲမသိဘူး......!ဒီလိုအရာမျိုးကို သူမတို့ရည်ရွယ်ချက်ရှိရှိလုပ်ချင်ရင်တောင် လုပ်နိုင်ပါ့မလား....။
ညနေစောင်းတွင် လင်တ,လီ ပြန်လာပြီးနောက် သူ့သမီးကြီး ပြောပြတာကို အားတတ်သရောနားထောင်ပြီးနောက် အလွန်သဘောခွေ့နေတော့၏။ "ဒီသွေးသားဆက်ဆံရေးက ဘယ်တော့မှ ပျက်မသွားစေရဘူး!"
ဒါကြောင့်ပဲ ကျန်းဟွေ့ညောင်နှင့် လင်ချုံအာတို့ သားအမိ အဆိုပါလင်မယား ၏အော်ဟစ်ငိုကြွေးနေတဲ့မြင်ကွင်းကိုမြင်နေရတာပင်။ကျန်းဟွေ့ညောင်သည် ထိူလင်မယားကိုမြင်တာနှင့် ဒေါသတွေလှိမ့်ထွက်လာတော့၏။
သူမရဲ့ခလေးနန်းတော်ထဲရောက်သွားရပြီး အိမ်ရှေ့စံမင်းသားရှေ့ကို သူမရဲ့ရတနာလုံးလေးရောက်သွားတာလဲ ဒီလင် မယားကြောင့်ပင်...!သို့ပေမဲ့လဲ သူမဟာ အကြီးတစ်ယောက်ဖြစ်တာကြောင့် စိတ်ထိန်း၍
''မင်းတို့ဒီမှာဘာလုပ်နေကြတာလဲ? အိမ် ထဲဝင်လေ!''
ကျဲမီလိသည် အရင်ခေါက်တွေတုန်းကလို ကျန်းဟွေ့ညောင်ရဲ့ဒေါသဟာ အရမ်းမပြင်းထန်နေတာကို ခံစားမိတာကြောင့် ပိုပိုပြီးငိုကြွေးတော့၏။
'' အမကြီး တောင်းပန်ပါတယ် ဒူးထောက်ပြီးတော့တောင်းပန်ပါတယ်!ကျမနဲ့အမရဲ့မောင်ကို စိတ်မဆိုးပါနဲ့တော့'' ကျဲမီလိသည် ခြံဝန်းအပြင်ဘက်တွင်ဒူးထောက်လျက်တောင်းပန်၏။
ကျန်းဟွေ့ညောင်ကလဲလက်မခံပဲ မတ်တပ်ပြန်ရပ်ခိုင်းလေသည်။'' အမကြီးခွင့်မလွှတ်မချင်း ကျမ ဒီနေရာကနေ မထဘူး မထနိုင်ဘူး။ စိတ်မဆိုးပါနဲ့တော့အမကြီးရယ် ခွင့်လွှတ်ပေးပါ''
လင်တ,လီကလဲ ဒူးထောက်လိုက်ပြီး တောင်းဆိုပြန်၏။အဲ့ဒီအချိန်မှာ လာကြည့်တဲ့လူတွေကလဲ ပိုပိုပြီးများလာလေသည်။
လင်တကျွမ်းသည် ဆူညံသံများကြောင့် ခြံတံခါးဝသို့လာကြည့်တာဖြစ်ပေမဲ့ ရုတ်ရုတ်သဲသဲအခြေနေကိုတွေ့မြင်လိုက်ရလေရာ ခပ်ဆတ်ဆတ်အသံဖြင့် "အားလုံးဝင်ခဲ့..."
⭐⭐⭐
Advertisement
- In Serial395 Chapters
Madam’s Identities Shocks the Entire City Again
Qiao Nian lived in the Qiao family’s house for 18 years before her biological parents found her. Suddenly, all the wealthy families in the city knew that the Qiao family had a fake daughter!
8 1254 - In Serial21 Chapters
Host Me!
This is the story of Yuuto, who upon turning 18 was unceremoniously thrust out into the world head first. He encounters misfortune and somehow ends up working as a host in Shinjuku to pay off his massive debt.
8 210 - In Serial53 Chapters
Goody Two Shoes #Wattys2017
He married her to please his dad. It was just another business deal for him. He had a girlfriend from the start and wasn't willing to give her up. He hated his wife Sophia with a passion even though she hardly crossed his way. She is a goody two shoes and never gave him a solid reason to hate her. She cooked for him and noticed his likes and dislikes even though they didn't share a meal or a room. One day, when his mother fell sick and was waiting for a donor Sophia is the one to step forward. She saved his mother even though the latter used to bully her. So what will happen when his mum starts to side with Sophia ? What will happen when his mum demands them to give her a grandchild? When did his younger brother became so close and flirty with Sophia ? Will he break free from this unwanted marriage or will the unwanted make him fall ?#highest Rank in Romance till today 1/5/2017 is 26Ranked #22 IN ROMANCE in 1/5/2017Highest ranked 12 in romance
8 98 - In Serial76 Chapters
Abandoned ✔️
Venus Stavish' life has never been easy nor simple. Being an orphan and no one wanting to adopt you, isn't how a normal life looks like. She changed foster homes more times than the years she has lived. She finally took the matters in her own hands and did what she thought best. She ran away. Upper East High isn't your normal high school where all is happy and peaceful. This high school is dark and twisted where everybody has a secret. Making friends had never been hard for Venus but making enemies was quiet easy for her. She was the perfect example of beauty with brains but had many bad habits. In her life walks a handsome yet shy stranger which changed her life; for good or bad?[BOOK 2 OF ACCIDENTALLY MET MR. BILLIONAIRE BUT CAN BE READ AS STAND-ALONE]
8 217 - In Serial34 Chapters
evangeline. °styles
❝my darling angel, how you've grown❞ the teasings of an infatuated nymphet upon a man, too many years her elder
8 173 - In Serial24 Chapters
I transmigrated into my drama character! [Translation]
Wei Wuxian was a genius among geniuses in the cultivation world. Not only was he strong when he still followed the 'right' path, but he also created another kind of cultivation after losing his golden core, using the resentful energy. He was always the focus of all sects, yet he still proved that no matter where you get your power from, it can be used for good and for evil. However you see it, you have to admit that he is a legend and ...Xiao Zhan ... well, he is healthy, he knows how to act, sing, dance, design and not much. He was the one who played the character of 'Wei Wuxian' in The Untamed. So he never thought that one day he would be able to be 'The Yiling Patriarch' in body and soul.From the second zero, Xiao Zhan is clear that he does not want to die and be reborn. If he can help it, he doesn't even want to touch a sword. What he hates the most is pain, and yes, his goal is to survive whatever it takes.Even if he has to change the story to preserve your little life.• MPREG• This story is based on the other series The Untamed, it will follow that chronological order more than the novel The Master of Demonic Cultivation.NOTESHello guys, so this is my first translation, the original fanfiction is in Spanish written by @Rin_Ling9, the title is '¡Transmigré en mi personaje de drama!'. If you like the plot please don't forget to go to the original fanfiction and also leave your votes there. If you find any mistake while reading you can comment or dm me, or if I don't update quickly enough you can also write me. Without further ado enjoy the reading, don't forget to vote and comment!
8 101

