《မင်းကို ချစ်မဝသေးလို့(BL Novel,Myanmar tran)》Ch-21 Uni
Advertisement
မင်းကိုချစ်မဝသေးလို့
အပိုင်း(၂၁):ဆွေမျိုး
......
လင်,တကျွမ်းတို့မိသားစုသည်လဲ ရှုတ်ရှုပ်ခတ်နေသော ဧည့်သည်များကို အိမ်တံခါးပိတ်ပြီးသာ ကျေးဇူးတင်စကားဆိုနေခဲ့ကြ၏။ ထို့သို့ရှောင်ပုန်းရန်ကြိုးစားနေကြပါသော်လည်း သူတို့ထံတွင်ရှောင်လွှဲပြီး ငြင်းဆန်ရန်ခက်ခဲ့သည့် အခက်အခဲအချို့ရှိနေသေး၏။
ထိုထဲတွင် ချင်ချုံးရဲ့ဂုဏ်သရှိအမျိုးသမီးကြီးနှစ်ယောက်၏ဖိတ်ကြားချက်တစ်ခုသည်လဲ အပါဝင်ဖြစ်၏။ လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းက ချင်ချုံရဲ့နာမည်ကြီးအထင်ကရ အမျိုးသမီး ၂ ဦး ဖြစ်သည့် မဒမ်ကျိဖူ နှင့် မဒမ်ချီရှန် တို့ထံမှ လက်ဆောင်ပစ္စည်းအချို့နှင့်ပန်းတို့ဖြင့် စီချယ်ကပ်ထားသည့် ဖိတ် ကြားတစ်စောင်ကို ကျန်းဟွေ့ညောင် တစ်ယောက် လက်ခံရရှိခဲ့လေသည်။
ဒီအမျိုးသမီးကြီးနှစ်ယောက်၏ ဖိတ်ကြားချက်သည် ငြင်းဆန်ရန်ခက်ခဲတာကြောင့် ကျန်းဟွေ့ညောင်သည်လဲ အငယ်ဆုံးသမီးလေးချုံအာကို ခေါ်၍ မြို့တော်သို့သွားခဲ့ရလေသည်။ကံကောင်းထောက်မစွာဖြင့် ထိုအမျိုးသမီး၂ယောက်သည် အမျိုးသမီးချင် နှင့် လင်ဂျင်အာ ကိုလဲဖိတ်ခေါ်ပေးထားတာကြောင့် ကျန်းဟွေ့ညောင်သည် ထိုခရီးကိုတွေး၍ အလွန်စိတ်ပင်ပန်းနွမ်းနယ်နေရာမှ အနည်းငယ်စိတ်သက်သာရာရခဲ့လေ၏။
ကျန်းဟွေ့ညောင်တို့သားအမိ ခရီးစဉ်ပြီးဆုံး၍ အိမ်သို့ပြန်လာကြရာ သူတို့အိမ်တံခါးဝတွင် ဆူဆူညံညံအသံများကို ဦးစွာကြားလိုက်ရလေသည်။လူအုပ်ကြီးကလဲ ထိုဆူဆူညံညံအသံများကို ဝိုင်း၍ကြည့်နေကြ၏။
သူတို့သားအမိလဲ လူအုပ်ထဲသို့တိုး၍ အသံပိုင်ရှင်များအားကြည့်လိုက်လေရာ ကျဲမီလိနှင့် လင်,တလီ တို့နှစ်ယောက် အော်ဟစ်ငိုယိုနေတာကိုတွေ့လိုက်ရ၏။
"အကို ငါတို့မှားပါတယ် အကို ငါတို့ကိုခွင့်လွှတ်ပေးပါ
ငါကော တလီကော ငါတို့မှားမှန်းသိပါပြီ!တောင်းပန်ပါတယ်ခွင့်လွှတ်ပေးပါလို့ တောင်းပန်ပါတယ်''
အကြီးကဲဝမ် သည်လဲ လင်ဂျာပေါင်တစ်ယောက် အိမ်ရှေ့စံမင်းသားရဲ့ကိုယ်လုပ်တော်ဖြစ်နေခဲ့ပြီဆိုတဲ့ သတင်းကိုကြားလိုက်ရတဲ့အချိန်မှာ ဝမ်းသာအားရဖြစ်သွားခဲ့၍ သူ့မျက်နှာ၌ပင် အရောင်တွေထွက်လာသလို ခံစားနေခဲ့ရ၏။လင်ဂျာပေါင်တို့မိသားစုနှင့်မရင်းနှီးသည့်တိုင်အောင် ဘာလိုပဲဖြစ်ဖြစ် သူတို့မိသားစုကလဲ လင်မျိုးနွယ်နဲ့ဆက်ဆံရေးတစ်ခုတည်ဆောက်ထားပြီးသားပဲမဟုတ်လား.....။
အကြီးကဲဝမ်သည်လဲ သူကြားလာတဲ့ သတင်းကိုသူ့ရဲ့အိမ်သားများအား ပြန်လာပြီးပြောပြလေ၏။ ထိုသတင်းကိုကြားတဲ့အခါ လင်ချန်အာသည် အံ့ကိုတင်းတင်းကြိတ်လျက် မနာလိုသန်တိုမှုတို့သည်လဲ အထွဋ်ထိပ်ကိုရောက်နေတော့၏။ဒီ လင်ဂျာပေါင်(ကျားပေါင်) ရဲ့ ကံကောင်းမှုကြီးက ဘယ်လိုတောင်လဲ.....။
အကြီးကဲဝမ်က သူ့ချွေးမဖြစ်သူအား ''ချန်အာ မင်းကွာ မင်းရဲ့ဝမ်းကွဲ လ,ပြည့်ပွဲကို ဘာလို့မသွားတာလဲ?"
လင်ချန်အာ က "ကျမ ဒီရက်ပိုင်း နေရထိုင်ရသိပ်မကောင်းချင်လို့ မသွားဖြစ်တာပါ''
အမျိုးသမီးကြီးဝမ် မှလဲ ''အဲ့ဒါဆို လက်ဆောင်ပစ္စည်းကော ဝယ်မပို့လိုက်ဘူးလား?''
"ဟုတ်ကဲ့ ကျမဘာသာပဲရွေးပြီးဝယ်ပို့ပေးလိုက်ပါတယ်" လင်ချန်အာ သည် သူမအနေဖြင့်ဘာလက်ဆောင်ပစ္စည်းမှ လုံးဝမပို့ပေးခဲ့ကြောင်းကို အမှန်တိုင်းမပြောဝံ့ပါချေ။တကယ်တမ်းပြောရရင်တော့ သူမထံတွင် လစဉ်ဝင်ငွေဆိုလို့လဲ မယ်မယ်ရရမရှိနေခဲ့တာလဲပါ၏။
ဒီဝမ်မိသားစုဟာ သူမ စိတ်ကူးထားသလောက် မချမ်းသာဘူးဆိုတာကို ကြာလာလေပိုသိလာလေပဲ။ ပြီးတော့ မိသားစုရဲ့ဝင်ငွေကိုအဓိကအားဖြင့် အကြီးကဲဝမ် ကိုသာမှီခိုနေရတာဖြစ်သည်။သူမရဲ့ယောကျာ်းဖြစ်သူကလဲ စာအုပ်များဖတ်နေပါသော်လည်း အမှန်တကယ်တွင်တော့ ယောင်တောင်တောင်ဟုသာဆိုနိုင်၏။ယောက္ခမဖြစ်သူသည် အိမ်မှုကိစ္စကို နိုင်နိုင်နင်းနင်း စီမံခန့်ခွဲနိုင်ပြီး ငွေရေးကြေးရေးကိုလဲတင်းတင်းကျပ်ကျပ် ခြွေတာသုံးစွဲလွန်းသူဟုဆိုနိုင်သည်။
လင်ချန်အာသည်လဲ ရံဖန်ရခါရရှိတတ်သည့် ငွေစလေးများကိုစုဆောင်း၍ လင်တ,ကျွမ်းတို့အိမ်ကို လက်ဆောင်များဝယ်ခြမ်း၍ပို့ပေးခဲ့သည်။ရည်ရွယ်တာကတော့ သူမအတွက် အထောက်ပံ့ကောင်းဖြစ်ပေဖို့အတွက်ပေါ့လေ....!
သို့ပေမဲ့ လင်တ,ကျွမ်းတို့မိသားစုကအရေးမလုပ်ပဲ သူမဆီကိုလက်ဆောင်ပစ္စည်းတွေပြန်ပို့တတ်တာကြောင့် သူမသည်လဲ မခံချင်စိတ်ကြောင့်ပင် ထိုမိသားစုအား လျစ်လျူရှုထားလိုက်တော့၏။
အခုချိန်မှ မထင်မှတ်ပဲ လင်ဂျာပေါင်(ကျားပေါင်)ကတော်တော်လေး ကြီးကြီးမားမားကိစ္စလုပ်ခဲ့ပြန်သည်။ဘာတဲ့ အိမ်ရှေ့စံမင်းသားက လပြည့်ပွဲအတွက် တစ်ယောက်ယောက်ကိုတောင်စေလွှတ်ပြီး လက်ဆောင်ပစ္စည်းပို့ပေးလိုက်တယ်ဆိုပါလား....!
ဒီလင်တ,ကျွမ်းတို့မိသားစုဝင်တွေရဲ့ အကွက်တွေကတော့ အရမ်းလှတာပဲ....။ သူမတွေးရင်းတွေးရင်း အံ့တကြိတ် ကြိတ်ဖြစ်နေတော့သည်။
အမျိုးသမီးဝမ်က သူ့ချွေးမအားစိတ်တိုင်းမကျဟန်ဖြင့်
''ချန်အာ နင်သေချာကောရွေးပြီးဝယ်ပေးလိုက်ရဲ့လား.....။ဒီဝမ်းကွဲအကိုရဲ့သား တ,လပြည့်ရှိတာဘာလို့မပြောတာလဲ?ငါ့ကိုပြောရင် ငါတို့မိသားစုအနေနဲ့ လက်ဆောင်ပစ္စည်းကိုသေချာရွေးပြီးပို့ပေးလို့ရတာပေါ့!အခုတော့ တလွဲတွေဖြစ်ကုန်ပြီ နင်ကအလိုက်ကမ်းဆိုးကို နားမလည်ဘူး''
"အမေ ကျမမှားမှန်းသိပါပြီ'' လင်ချန်အာ သည် သူမအနေဖြင့် ဒီမိသားစုတွင် ရေရှည်နေထိုင်ရဖို့အတွက်ဆို ဘာတစ်ခုမှအထွန့်မတတ်ပြဿနာမရှာပဲ အေးအေးချမ်းချမ်းနဲ့ ခေါင်းငုံ့နေမှသာ သူမသက်သာမည်ဆိုတာကိုသိလေသည်။
⭐⭐⭐⭐⭐
Advertisement
- In Serial19 Chapters
Innocent Bet
Summer Rich. Just your typical 16 year old girl, just a little more rich. Not popular, but not unknown either. Cheerleader, but not a snob or stuck up. Not shy but not really outgoing either, she's an Ambivert. Not smart but is an Honors student. She's basically average. Luke Matthews. Popular, cocky, arrogant, bad boy, all of the above 17 year old boy. Basketball player, the best on the team. Has an attitude with everyone except hot girls. He's also super smart. Everyone looks up to him like he's a king. Summer and Luke's friends all come together to make a bet on who is gonna have the other wrapped around their fingers. They both agreed to it, whoever loses has to twerk to a song the other person selects during half time.
8 91 - In Serial40 Chapters
Rarity and spike or AJ and spike
8 257 - In Serial199 Chapters
LGBTQIAP+ Milestones: Book 1
This is where the community can share their own personal LGBTQIAP+ Milestones.
8 165 - In Serial39 Chapters
How to Love Fame
This job turned Nicole's life around. What happens when she falls in love with one of the best actresses in Hollywood? Will she be able to learn how to love her and the fame?
8 214 - In Serial102 Chapters
COME TO ME | PJM
T/W: abuse/assault, sexual abuse, violence, misogyny, mention of blood, mental health topic such as trauma, panic attack, depression, PTSD.BOOK 2 IS OUT!Highest rank:#1 in fanfiction out of 1.4M stories#2 in romance out of 2M storiesEditor: Gray the PlatypusPLEASE NOTE: Chapters 8-53 have NOT been edited and are in the process of being rewritten. Thanks for understanding. S&G
8 288 - In Serial7 Chapters
Britain's Got Talent One-shot
It's all about my favourite ships on BGT. Enjoy~ 🌠‼️THIS IS JUST AN IMAGINE ONLY, MOST OF IT ARE FAKE‼️Sorry if my English is not good, it's not my first language 😬
8 135

