《မင်းကို ချစ်မဝသေးလို့(BL Novel,Myanmar tran)》Ch19.2 Zawgyi
Advertisement
မင်းကိုချစ်မဝသေးလို့
အပိုင်း(၁၉): ချင်မိသားစု (Part-2)
...
"ဂျာပေါင် က တကယ်အဆင်ပြေပါတယ်။အိမ်ရှေ့စံမင်းသားက တော်တော်လေးချစ်မြတ်နိုးပုံရတာကြောင့် အများကြီးစိုးရိမ်စရာမလိုပါဘူး။နောက်တစ်ခါသွားရင် မင်းကိုခေါ်သွားမယ်လေနော်!'' မိန်းမဖြစ်သူစိတ်အေးစေဖို့အတွက် ချိုင်ရှောင်သည် စိတ်လိုလက်ရရှင်းပြ၏။
လင်ဂျင်အာသည် သူမတို့ရဲ့အိပ်ခန်းကိုပြန်ရောက်ကထဲက မထင်ရင်သထင်သလို ယောကျာ်းဖြစ်သူအားဂျာပေါင်ရဲ့အကြောင်းကို မေးမြန်းနေခဲ့တာဖြစ်သည်။ချိုင်ရှောင်သည်လဲ ဂျင်အားကမေးလာတဲ့အခါတိုင်း စိတ်ရှည်လက်ရှည်ဖြင့် သေသေချာချာ အာမခံချက်အပြည့်ဖြင့်ဖြေပေးနေပေမဲ့ ဂျင်အာအတွက်တော့ မတင်မကျစိုးရိမ်မှုဟာမလျှော့သွားခဲ့ပေ။
မောင်ဖြစ်သူ နန်းတော်ထဲသို့ရောက်သွားခြင်းသည် ဂျင်အာကိုများစွာဝမ်းနည်းထိခိုက်စေခဲ့သည်။လင်ဂျင်အား အနေနဲ့ ဂျာပေါင်လေး နည်းနည်းအရွယ်ရောက်လာတာကိုစောင့်ပြီး သူမနဲ့အတူခေါ်ထားချင်ခဲ့တာဖြစ်သည်။
ဂျာပေါင်ကစိတ်ကောင်းရှိသလို လိမ္မာယဉ်ကျေးပြီးအပြုမှု
ကောင်းတွေရှိတဲ့အပြင် ဉာဏ်ရည်လဲထက်မြတ်သူဖြစ်ပေမဲ့ ဒီကလေးကသီးသန့်ဆန်လွန်တယ်။ ဂျာပေါင်လေးအသက်ကြီးတဲ့အခါ အထီးကျန်စွာနဲ့တစ်ယောက်ထဲနေသွားရမှာကို အမ,တစ်ယောက်အနေဖြင့်တွေးပြီးပူပန်နေခဲ့သည်။
သူမအနေနဲ့ကသားနှစ်ယောက်နှင့် သမီးလေးတစ်ယောက်မွေးဖွားထားပြီးဖြစ်တာကြောင့် အခုဆိုချင်မိသားစုမှာ နေရာအခိုင်မာရထားပြီးပြီလို့ဆိုနိုင်တယ်။ ချင်မိသားစုဝင်တွေကလဲ ဖော်ရွေပြီးသဘောကောင်းသူများဖြစ်၍ သူမအပေါ်လဲအရမ်းကောင်းတာကြောင့် ဂျာပေါင်ကို သူမနဲ့အတူခေါ်ထား၍ စောင့်ရှောက်ပေးချင်ခဲ့သည်။
ဂျာပေါင်အနေနဲ့ သူမနဲ့အတူနေရင်း လက်ထပ်နိုင်တာဖြစ်ဖြစ် အဲ့လိုမဟုတ်ရင်လဲ သူမခလေးထပ်မွေးလာခဲ့ရင် ဂျာပေါင်က သူမခလေးတွေနဲ့အနေနီးတဲ့ဦးလေးဖြစ်လာမှာဖြစ်တာကြောင့် ဂျာပေါင်တစ်ယောက်ထဲ အထီးကျန်မှာကိုစိတ်ပူစရာမလိုတော့ဘူး။သူမရဲ့ ယခလေးတွေကိုလဲ သူ့တို့ရဲ့ဦးလေးငယ်အား အသက်ကြီးတဲ့အထိပြုစုစောင့်ရှောက်ဖို့ သူမအနေနဲ့ အစွမ်းကုန်သွန်သင်ပေးမှာပင်။
လင်ဂျင်အာသည် ဂျာပေါင်ရဲ့ရှေ့ရေးကိုတစ်ယောက်ထဲအစီစဉ်ချနေခဲ့ပေမဲ့ အမေဖြစ်သူကျန်းဟွေ့ညောင်နှင့်တော့ ထိုအကြောင်းကိုမတိုင်ပင်ခဲ့ရပေ။သူမ အချိန်ဆွဲနေတဲ့အချိန်မှာပဲ ဂျာပေါင်က ရုတ်တရက်နန်းတော်ထဲသို့ဝင်လိုက်ရလေသည်။
အခုဆို ဂျာပေါင်ကအိမ်ရှေ့စံမင်းသားရဲ့ ကိုယ်လုပ်တော်ပါဖြစ်နေပြီ!ပြီးတော့ အိမ်ရှေ့စံမင်းသားကသာမာန်ပုဂ္ဂိုလ်မိုလို့လား......!တကယ်တော့ကိုယ်လုပ်တော်မောင်းမဆိုတာ ဓားစက်ပေါ်မှာ ပြေးလွှားကခုန်နေရတဲ့သူတွေပဲမဟုတ်လား....။
အဖေဖြစ်သူက ဂျာပေါင်အကြောင်းကို အမေ့အားမပြောရသေးဘူးဆိုတာကို ချင်ချိုင်ရှောင်ပြောပြထားတာကြောင့် ဂျင်အာ,သိထား၏။အမေသာသိရင် ဘယ်လောက်စိတ်မကောင်းဖြစ်နေလိုက်မလဲ...!ဂျာပေါင်လေးကသူများနဲ့မတူပဲ ကွဲထွက်ပြီးမွေးလာတဲ့ကလေးမို့လို့ အမေကသူရဲ့ရတနာလေးဆိုပြီး ဂျာပေါင်ကို အရမ်းချစ်တာ.....။
ချင်သခင်မကြီးသည်လဲ လင်ဂျာပေါင်အကြောင်းကို သခင်ကြီးချင်နှင့် ဆွေးနွေးနေခဲ့သည်။
"ဒီတစ်ခါလင်မိသားစုအတွက်တော့ လက်ခံဖို့ခက်မှာပဲ.....အင်း! ဂျာပေါင်ရဲ့ အနာဂတ်ကတော့ စိုးရိမ်စရာပဲ...!''
သခင်ကြီးချင်ကရယ်မောပြီး
"ငါတော့ မထင်ဘူး။ ချိုင်ရှောင်ပြောတာမကြားဘူးလား?ဂျာပေါင်က အိမ်ရှေ့စံမင်းသားရဲ့ချစ်မြတ်နိုးမှုကို အများကြီးရထားတာတဲ့လေ!အခုပဲကြည့်ပါလား လင်မိသားစုနဲ့ ငါတို့ချင်မိသားစု ဆက်ဆံရေးကောင်းရှိလို့သာအခုလို ငါတို့ းချင်မိသားစုကောင်းကျိုးခံစားရတာပေါ့
ပြောလို့မရဘူး နောက်ကျရင်ငါတို့ချီမိသားစုနဲ့စီးပွားရေးပူးပေါင်လာနိုင်ပြီး နန်းမြို့တော်မှာနေရာတစ်နေရာရချင်ရလာမှာ.....။အိုး...ဒီလိုသာဆိုရင် ဒါကချင်ချုံးရဲ့အိမ်တော်တွေထဲမှာ အင်အားအကြီးဆုံးအိမ်တော်ဖြစ်လာမှာပဲ....!''
"ဒါတွေအကုန်လုံးက ခမည်းခမက်ကောင်းလို့ပေါ့...''ချင်အမျိုးသမီးကြီးဟာ သူမရဲ့ချွေးမဖြစ်သူလင်ဂျင်အာရဲ့ ကံကောင်းစေတတ်တဲ့အကျိုးပေးကိုပိုပိုပြီးယုံကြည်လာတော့၏။ချွေးမဖြစ်သူဟာ တကယ်ကိုစိတ်တိုင်းကျကျေနပ်စရာကောင်းပြီး ချင်မိသားစုကိုလဲ ဦးဆောင်ဦးရွတ်ပြုနိုင်မည့်သူလို့ ထင်မြင်နေမိတော့သည်။
လင်တ,ကျွမ်း သည်ကား ဂျာပေါင်၏အကြောင်းကို မိန်းမဖြစ်သူအားပြောပြရန်အတွက် အချိန်ကောင်းကိုရှာဖွေနေရင်းဖြင့်သာ အလုပ်များနေတော့၏။ ဒါပေမယ့်သူဟာ အချိန်ကောင်းရှာမတွေ့နိုင်ဖြစ်နေရလေသည်။ဒီအကြောင်းကို ဂျာဝမ်နှင့်တိုင်ပင်လိုက်ပြီးနောက်
"ချွေးမလေးမီးဖွားပြီးမှပဲ ဒီကိစ္စကိုပြောကြတာပေါ့!အခု မင်းအမေကအလုပ်များနေတယ် ပြီးတော့ ကောင်းကောင်းယူဖို့လဲ လိုနေသေးတယ်''
"ဟုတ်ကဲ့အဖေပြောတဲ့အတိုင်း နားထောင်ပါ့မယ်။ ဆောင်းဦးပေါက်ရာသီလဲနီးပြီဆိုတော့ အလုပ်ကများတော့မှာ! ဒီနှစ်မြေတွေ အများကြီးထပ်ဝယ်ထားတော့ အိမ်မှာကအရင်ကထပ်ပိုပြီးအလုပ်ရှုပ်မှာသေချာတယ်။အခုရှိနေတဲ့အလုပ်သမားတွေပဲ အဆင်မပြေလောက်ဘူး။ နောက်ထပ်၂ယောက်လောက်ထပ်ခေါ်ရမယ်လို့ ကျနော်ထင်တယ်" လင်ဂျာဝမ်သည် သူ့ရဲ့အတွေးကို အဖေဖြစ်သူအားပြောပြလိုက်၏။
"ကောင်းပြီ၊လိုတဲ့လူအဖေထပ်ခေါ်လိုက်မယ် ဂျာဝမ် မင်းဒီနှစ်တော့လယ်ထဲမဆင်းနဲ့တော့ စာပဲဖတ်နေ ဟုတ်ပြီလား!!''
"ရပါတယ် အဖေ! ကျနော် သေချာပြန်လေ့လာလိုက်ပါ့မယ်'' ဒီခရီးတွင် အိမ်ရှေ့စံမင်းသားက ကိုးကားရာတွင်အလွန်အရေးပါသည့် စာအုပ်များကိုထည့်ပေးလိုက်တာကြောင့် ဂျာဝမ်အတွက် စာလေ့လာရာတွင်တကယ့်ကိုအဆင်ပြေတော့သည်။သူမိသားစုနဲ့သူတို့အိမ်ရဲ့ရတနာလေးအတွက် သူအနေဖြင့် မြို့တော်အဆင့်စာမေးပွဲကို သေချာပြင်ဆင်ရပေလိမ့်မည်။
နောက်ရက်များတွင်တော့ လင်ဂျာဝမ်သည် စာလေ့လာရာတွင်ပဲ အပြည့်အဝအာရုံစိုက်ထားခဲ့တော့သည်။လင်ဂျာဝမ်သည် စာအပေါ်မှာပဲ အာရုံစိုက်လွန်းတာကြောင့် ထမင်းမေ့ဟင်းမေ့ဖြစ်လာတဲ့အပြင် မအိပ်မနေတွေပါဖြစ်လာတော့၏။လင်ဂျာဝမ် သည်လဲ သူ့ရဲ့အရှိန်ကိုသူကိုယ်တိုင်မနည်းလိုက်နေရလေသည်။
မိန်းခလေးဝုကတော့ သူ့ယောကျာ်းကို နားနားနေနေလုပ်ဖို့ကိုသာ မနည်းဖျောင်းဖျနေရပြီး ယောကျာ်းဖြစ်သူဟာ သူ့အရည်ချင်းဖြင့် ဘေဂျင်းသို့သွားရောက်နိုင်ရန် အလွန်မင်းစိတ်အားတတ်ကြွနေသည်ဟုသာ တွေးမိနေ၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် အချိန်တွေကုန်သွားပြီးနောက် မိန်းခလေးဝုသည် အောက်တိုဘာလ၌ အလွန်ချစ်ဖို့ကောင်သော သားလေးကိုမွေးဖွားခဲ့လေသည်။လင်မိသားစုဝင်တွေဟာ အရမ်းကိုပျော်နေကြလေ၏။
ကျန်းဟွေ့ညောင်ကတော့ ချွေးမဖြစ်သူကို ပြုစုစောင့်ရှောက်ဖို့နှင့် သူမရဲ့အငယ်ဆုံးမြေးသေးသေးလေးကို စောင့်ရှောက်ဖို့အတွက်အလုပ်များနေတော့သည်။လင်တကျွမ်းသည်လဲ ကောက်ရိတ်သိမ်းချိန်ဖြစ်တာကြောင့် အလုပ်များနေလေ၏။နောက်ရက်နည်းနည်းကြာပြီးရင် လပြည့်နေ့ရောက်တော့မှာဖြစ်တာကြောင့် အဲ့ဒီ့နေ့မှာပဲဂျာပေါင်အကြောင်းပြေပြဖို့ဆုံးဖြတ်ထားလိုက်တော့သည်။
.
.
.
ရွှမ်းရန်ဟန်ချန်သည် ဂျာဝမ်တို့လင်မယားဟာ သားယောကျာ်းလေးမွေးဖွားခဲ့ပြီးဖြစ်ကြောင်း သတင်းကိုမကြာမှီအချိန်မှာပဲ ရရှိခဲ့လေသည်။ဒီသတင်းကိုသူ့ရဲ့ခလေးအားပြောပြလိုက်တဲ့အခါတော့ ခလေးငယ်ဟာအရမ်းကိုပျော်နေခဲ့လေ၏။
သူ ဒီသတင်းကြီးကိုလက်ခံရရှိတဲ့အချိန်ဟာ လင်,တကျွမ်းကိုလိုက်ပါပို့ဆောင်သည့် မြင်းတပ်သားအကုန်လုံးကို မြို့တော်သို့ပြန်ခေါ်ခဲ့တာမဟုတ်ပေ။ ဂျာပေါင်တို့မိသားစု၏ သတင်းတွေကိုသိနိုင်ဖို့အတွက် မြင်းတပ်သား၂ယောက်ကို ချင်ချုံးမှာပဲနေခဲ့ဖို့ ညွှန်ကြားထားခဲ့တာဖြစ်သည်။
လင်ဂျာပေါင်သည်လဲ ဒီသတင်းကိုကြားရပြီးနောက်မှာ အရမ်းကိုပျော်နေခဲ့ပြီးနောက် လက်ဆောင်ပစ္စည်းတွေကိုပြန်ထည့်ပေးချင်နေခဲ့၏။ အတွေးဖြင့် ဗျာများနေရချိန်တွင် လက်ဆေင်ပစ္စည်းကောစာကောထည့်ပေးချင်ရင် သူစီစဉ်ပေးမည်ဟု သူ့ရဲ့အိမ်ရှေ့စံမင်းသားပြောထားတာကို သတိရသွားတော့သည်။
ရွှမ်းရန်ဟန်ချန်နှင့်အတူ မယ်မယ်ကြီး၏နန်းဆောင်သို့သွားတိုင်း အမြဲတမ်းဆုချီးမြှင့်ခံရတတ်သည်။သူက အိမ်ရှေ့စံမင်းသားရဲ့ ချစ်မြတ်နိုးမှုကိုရရှိထားတဲ့သူဖြစ်တာကို အားလုံးကသိကြတာကြောင့် ယုံရှောင်နန်းဆောင်က တခြားသူတွေကပင် လင်ဆောင်ပစ္စည်းများပေးတတ်ကြ၏။
ထို့အပြင် ရွှမ်းရန်ဟန်ချန်သည်လည်း အရည်သွေးမြင့်ပစ္စည်းများကို စုဆောင်းရှာဖွေပြီး ပေးတတ်သလို အိမ်ရှေ့စံ၏နန်းဆောင်မှတံခါးအစောင့်များသည်ပင် သူ့အားဆုမွန်ကောင်းများတောင်းပေ၍ ကောင်းနိုးရာရာများ လက်ဆေင်ပေးတတ်ကြ၏။
လင်ဂျာပေါင်သည် မြင်းရုပ်ပုံ ကျောက်စိမ်းဆွဲပြားလေးနှင့် အကြောင်းမဲ့ ဆော့ကစားနေမိလေသည်။ဒီနှစ်က မြင်းနှစ်ဖြစ်တာကြောင့် ဂျာပေါင်တွင် မြင်းနှစ်နှင့်ပတ်သက်သော အလှဆင်ပစ္စည်းနှင့်ရတနာ များစွာရှိနေလေသည်။
ရွှမ်းရန်ဟန်ချန်အခန်းတွင်းသို့ ဝင်လာချိန်တွင် ဂျာပေါင်သည် စားပွဲပေါ်တွင်ပစ္စည်းမျိုးကိုဖြန့်ခင်းလျက် ကျောက်စိမ်းဆွဲပြားတစ်ခုကို လှုပ်ယမ်းဆော့ကစားနေတာတွေ့လိုက်ရ၏။ကြည့်ရတာ ဘာရွေးလို့ရွေးရမှန်းမသိဖြစ်နေတယ်ထင်ပါရဲ့...။
ရွှမ်းရန်ဟန်ချန်သည်လင်ဂျာပေါင်အား အနောက်ကနေ သိုင်း၍ပွေ့ဖက်လိုက်ပြီးနောက် "အားလုံး အဆင်သင့်ဖြစ်နေပြီလား?''ဟု မေးလိုက်၏။
"ယောကျာ်း! ဒီကျောက်စိမ်းဆွဲပြားကို ဘယ်လိုမြင်လဲ?ဒါက မြင်းပေါက်လေးလေ တူလေးကိုပေးလို့အဆင်ပြေမယ်ထင်လား'' ဂျာပေါင်သည် မြင်းရုပ်လေးတစ်ခုကိုရွေးပြီးနောက် ရွှမ်းရန်ဟန်ချန်အားပြသလိုက်လေသည်။
"အင်း!ကိုယ်ပေးထားတဲ့ စဉ့်ရည်သုတ်ထားတဲ့ မြင်းရုပ်လေးတစ်ခုရှိတယ်မလား အဲ့ဒါလဲ မဆိုးဘူး'' ရွှမ်းရန်ဟန်ချမ်သည် သူ,ဂျာပေါင်အား ဆုချီးမြှင့်ခဲ့သည့် အလွန်လက်ရာမြောက်တဲ့မြင်းရုပ်လေးကိုသတိတရဖြင့် သတိပေးလိုက်သည်။
"အင်း...ရှန်ကုန်း...!ရှန်ကုန်း ပေးထားတာမို့လို့ ဂျာပေါင်ဘာသာပဲသိမ်းထားချင်တယ်....'' လင်ဂျာပေါင်သည် အဲ့ဒီ့စဉ့်ရေသုတ်ထားတဲ့ မြင်းနီလေးကို အရမ်းသဘောကျပြီး သိမ်းထားချင်တာကြောင့် ရှက်ရွံ့စွာပြောလိုက်၏။
သူငယ်ငယ်ထဲကအရုပ်တွေကို လက်ဆောင်ပေးခြင်းမခံခဲ့ရပေ။အိမ်ရှေ့စံမင်းသားရဲ့ ကိုယ်လုပ်တော်ငယ်လေးသာရှိသေးပေမဲ့ လှပတဲ့ပစ္စည်းရတနာများစွာကို မကြာခဏဆိုသလိုပေးလေ့ရှိတယ်။ပြီးတော့အဲ့ဒီ့ထဲမှာ ဒီစဉ့်ရေသုတ်ထားတဲ့ မြင်းရုပ်လေးကို သူအကြိုက်ဆုံးပဲ...!
"လိမ္မာလိုက်တဲ့ ကိုယ့်ခလေးလေး..."ရွှမ်းရန်ဟန်ချန်သည် ဂျာပေါင်အား သူ့ဘက်လှည့်စေ၍ နမ်းလိုက်လေ၏။ "မနက်ဖြန် ယွမ်ဖူကိုခေါ်ပြီး ယွမ်ချင်းနဲ့အတူသိုလှောင်ခန်းရုံကိုသွားလိုက်!ပြီးရင်ယွမ်ဖူကို သိုလှောင်ခန်းတံခါးဖွင့်ခိုင်းပြီး အဲ့ဒီ့မှာ ကောင်းကောင်းတစ်ခုရွေးပြီး တူလေးလက်ဆောင်ပေးလိုက် ဟုတ်ပြီလား..!''
လင်ကျားပေါင်က အလျင်မြန်ခေါင်းခါလိုက်၏။
"မဟုတ်တာ... !မလိုပါဘူး။ဂျာပေါင်မှာ ဆုချီးမြှင့်ခံထားရတဲ့ပစ္စည်းတွေအများကြီးရှိတာပဲ!ဘဏ္ဍာတိုက်ကိုသွားဖို့မလိုပါဘူး'' လင်ဂျာပေါင်သူ့တူလေးရဲ့ပထမဆုံး လပြည့်နေ့ပွဲတော်အထိမ်းမှတ်မှာ လက်ဆောင်ပေးချင်ရုံဖြင့် အိမ်ရှေ့စံ၏ဘဏ္ဍာတိုက်အားသွားဖွင့်ရမည်ကိုတွေး၍ ရှက်ရွံ့စွာနေတော့သည်။
ရွှမ်းရန်ဟန်ချန်သည်လဲ ဂျာပေါင်၏ အတွေးကိုသိနားလည်လိုက်တာကြောင့် ဘာမှထပ်မပြောတော့ပဲ ပြုံး၍သာကြည့်နေတော့၏။ အခုချိန်မှာတော့သူ့ခလေးဟာ အရှေ့နန်းဆောင်ရဲ့ကိစ္စအဝ,ဝကို ကိုင်တွယ်နိုင်ဖို့အတွက် ငယ်လွန်းသေးတယ်လို့ သူထင်တယ်။နောက်မှအရှေ့နန်းဆောင်နဲ့ပတ်သတ်တဲ့ အခွင့်အာဏာအားလုံးကို ဂျာပေါင်ကို လွှဲပေးရမယ်!
"တူလေးရဲ့ ပထမဆုံးတစ်လပြည့်မွေးနေ့ကို မှီအောင်ပို့ပေးဖို့ဆိုရင် နောက်ကျနေပြီမလား?မှီပါ့မလား'' ဂျာပေါင်က မျှော်လင့်ချင်းအပြည့်ဖြင့် ရွှမ်းရန်ဟန်ချန်အားကြည့်ပြီးမေးလိုက်၏။
"မှီတာပေါ့ ပေါက်ကျိုင်က မှီအောင်ပို့ပေးလိမ့်မယ်" ရွှမ်းရန်ဟန်ချန်ကသေချာစွာပြော၏။လင်,တကျွမ်းတို့မိသားစုသည် နိမ့်ချပြီးနားအေးပါးအေး နေတတ်သူများဖြစ်တာကြောင့် ဂုဏ်ဝင့်ပြီးချဲ့ကားတဲ့အမှုကိစ္စတွေကို အလိုလိုရှောင်ကျဉ်ကြ၏။လင်မိသားစ၏အလေ့အကျင့်သည် ဂျာပေါင်ထံတွင်လဲ အပြည့်အဝရောက်ရှိနေပုံရ၏။
ဒါပေမဲ့ ဂျာပေါင်ဟာ သူ့အပိုင်ဖြစ်နေခဲ့ပြီ!ထင်ထင်ပေါ်ပေါ်မနေတတ်တဲ့ လင်မိသားစုအနေနဲ့ဒီကိစ္စကိုဖုံးကွယ်ထားတယ်ဆိုတာ ထူးဆန်းတဲ့အရာတော့မဟုတ်ပေမဲ့ သူ,ကတော့ လင်ဂျာပေါင်ဟာ သူ့အပိုင်ဆိုတာကို တလောကလုံးအားကြေငြာချင်နေခဲ့သည်။
ဒါကြောင့် ဒီလပြည့်ပွဲတော်နေ့မှာကျင်းပမည့် လင်ဂျာဝမ်, သားလေးရဲ့ အထိမ်းမှတ်ပွဲကို အခွင့်ရေးအဖြစ်အသုံးချပြီး အားလုံးရှေ့မှာအသိပေးရမည်။ချင်ချုံးမှာလင်မိသားစုဟာ အားလုံးရဲ့အလေးမြတ်ပြုခြင်းကို ခံရမည်။ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ခလေးဟာ ကိုယ်လုပ်တော်အဆင့်နဲ့ပဲ အမြဲရှိနေမှာမှမဟုတ်တာ...!
ဒါကြောင့် လင်မိသားစုအနေနဲ့အခုထဲက ကျင့်သားရအောင် အလေ့အကျင့်ပြုလုပ်ထားရလိမ့်မယ်....။
⭐⭐⭐⭐⭐
Advertisement
- In Serial35 Chapters
MC's Viking Warriors- Rogue #5
When Liam's little sister bests him at being named heir of their biker club, Liam is jealous, bitter and vengeful. He expected the presidency to fall into his lap, as is his birth right, one small problem. He forgot about his ice queen little sister, Eira. Now Liam feels displaced in the world, like he doesn't have a home. He goes rogue and travels around Canada looking for a new place to call home.Katie is the daughter to a dangerous president, leader to the most feared and powerful club of eastern Canada, the Black Wolves. After he lost Katie's mother in childbirth, he became so protective of his daughter that she has yet to really live.Innocent and naive, Katie is all too vulnerable to the real world until she meets Liam. The very thing her father swore to keep her safe from, boys.To make matters worse, he's a biker too, but a biker from a rival club. But Liam knows as soon as he lays eyes on the doe eyed girl that he has finally found a home.The risk of death at the hands of her father seems a fair price to pay to earn the love of the sweet girl.
8 152 - In Serial23 Chapters
Gentleman's Agreement
A witty secretary, a self-absorbed boyfriend, and a demanding boss.What's missing?It's been a year since the affair between Mr. Hale and Ellie elapsed. Ellie has a new job, a new boss, and a boyfriend. The gentlemen that once caused an abundance of sex scandals, lies, and trickery to obtain the innocence of Ellie has come to a halt.But something is missing...A project will once again reunite Ellie and Mr. Hale as she encounters her past will somehow catch up to her and all truth will come to light. What else is there to do but make a Gentleman's Agreement.
8 156 - In Serial89 Chapters
Iris: Child of prophecy
Iris has had a difficult life, running from her past and living like a nomad. She is not a regular wolf. She curses the Moon goddess for the gifts she possesses. The ability to heal others. At least that is what she tells herself and her best friend Aria. she wants nothing to do with being a wolf. She barely shifts, does not believe in mates, and hates everything that has to do with packs. And she shows her disregard. With a foul mouth and attitude to match, she is always landing herself and her traveling companion, Aria, in trouble. Until one day she runs into a pack of ancient wolves, rumored to be extinct. The first wolves made by the Moon goddess, and finds out the Alpha of the pack is her mate.And of course, she wants nothing to do with him, and he wants everything to do with her. But He is not one to be toyed with, brutal and heartless( and that's just being modest). He refuses to let her disrespect him and will go to any extent to ensure she submits to his every will. Thankfully, she can't die. But a war is coming, and it's out of this world. Malik and Iris are the only ones that can stop it, and they don't know it yet. Will they be able to push their differences away and let the Moon goddess finish what she started, or will they be to pig-headed and stubborn to fall in love?
8 211 - In Serial23 Chapters
BNHA - Tokoyami Fumikage(One-Shots): You Are The Apple In My Eye
I hardly see a Tokoyami x Reader so why don't I make one :3 yay!There are no OC's! Also I have this story on Quotev, the reason why I am bringing it here is because I haven't seen one here on Wattpad so I thought what the heck I'll bring it here :)Hope you enjoy!Warning:There will be some foul language
8 213 - In Serial60 Chapters
My Possessive Alpha Grayson ✔
Amanda Winters. Alpha's daughter, trained to be cold and bold. She spent all her life living in a strict environment. She was not used to anything that was emotional That is, until he came into her life.An Alpha. Grayson Bowman. He was known for his cruel ways. Wanted by many.What happens when these two people find out they are destined to be together?
8 217 - In Serial37 Chapters
Reborn as the Villainess?!
"Kill it." He ordered, his voice like ice-cold and indifferent.Speechless, all I could do was stare. What was I meant to say? Hi, I'm your daughter, an adult female stuck in a child's body and I've been reincarnated into this world?His eyes were as red a blood, hair as dark as the ocean depths and had a voice that made a chill run down my spine. He was callous, psychotic and had a thirst for blood.My blood.Even worse.I was now his daughter.
8 197

