《မင်းကို ချစ်မဝသေးလို့(BL Novel,Myanmar tran)》Ch-18.2 Unicode
Advertisement
မင်းကိုချစ်မဝသေးလို့
အပိုင်း(၁၈):ကတိပေးခြင်း(Part-2)
......
ရွှမ်းရန်ဟန်ချန်သည် ဂျာပေါင်၏ခန္ဓာကိုယ်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားရင်း သူ့ရဲ့တောက်လောင်နေသောစိတ်ဆန္ဒကို သူကိုယ်တိုင်သိသိသာသာခံစားမိနေ၏။လင်ဂျာပေါင်သည်လဲ ရွှမ်းရန်ဟန်ချန်၏ းအပူကိုခံစားမိလိုက်တာကြောင့် သူ့ရဲ့ရှန်ကုန်းအား အံ့သြနေသောမျက်လုံးများဖြင့် ပြူးကြောင်ကြောင်လေး စိုက်ကြည့်နေမိလေသည်။
ရွှမ်းရန်ဟန်ချန်သည် ခလေးငယ်လေးရဲ့အူလည်လည်ဖြစ်နေတဲ့ အမူအယာလေးကို သဘောကျရယ်မောလိုက်ပြီး
"ခလေး! မင်းကိုယ့်ကိုကိုယ် ယုံကြည်မှုရှိစမ်းပါ။ ကိုယ့်ကိုဆွဲဆောင်နိုင်ဖို့အတွက် မင်း,ကြီးပြင်းလာတဲ့အထိစောင့်စရာမလိုပါဘူး။ဒါပေမယ့် မင်းကြီးပြင်းလာတာကိုတော့ ကိုယ်,စောင့်ဖို့လိုတယ် ဒါမှမင်းကိုစိတ်ချလက်ချစားလို့ရမှာလေ...!''
ရွှမ်းရန်ဟန်ချန်၏ဆာလောင်မှုဖြင့်တောက်လောင်နေသော မျက်လုံးရိုင်းများကြောင့် လင်ဂျာပေါင်မှာမျက်နှာပူနေပြီး ရှက်ရွံ့စွာ ခေါင်းငုံ့ထားလိုက်ရတော့၏။
ရွှမ်းရန်ဟန်ချန်ကမူ ထိုငုံ့သွားသောခေါင်းလေးကို လွှတ်မပေးဘဲ သူ့လက်ဖြင့်ဆွဲမော့ထားလိုက်ပြီး ခလေးငယ်၏ နဖူး၊ မျက်ခုံးနဲ့ ပါးလေးတွေကို မွတ်သိပ်စွာနမ်းရှိုက်လိုက်၏။ထို့နောက် လင်ဂျာပေါင်၏ လည် တိုင်လေးဆီသို့ဆက်ဆင်းသွားပြီး နက်နက်ရှိုင်းရှိုင်းနမ်းရှိုက်နေရာမှဂျာပေါင်၏ လည်ပင်းအင်္ကျီစအားဖွင့်ရန် ကြိုးပမ်းနေပြန်လေသည်။
"အင်း... ရှန်ကုန်း..... ရှန်ကုန်း မှာ...တခြားမိန်းခလေးဘယ်နှစ်ယောက်ရှိသေးတာလဲ?ဂျာပေါင်တခါမှ မြင်ဖူးဘူး" လင်ဂျာပေါင်သည်တုံ့ဆိုင်းစွာမေးလိုက်၏။သူ့ရဲ့အဖေ လင်,တကျွမ်းသည်လဲသူနှင့်ပြန်တွေ့တုန်းက ဒီလိုအလားတူမေးခွန်းမျိုးကို သူ့အားမေးခဲ့ဖူးလေသည်။
ရွှမ်းရန်ဟန်ချန်သည်ကား ဂျာပေါင်၏ ညှပ်ရိုးတို့အား တ,တိ တိစားသုံးနေလေသည်။ ခလေးငယ်စိတ်ရှုပ်နေရတဲ့ပြဿနာကို အရင်ရှင်းပေးလိုတာကြောင့် သူ့ရဲ့လုပ်လက်စအလုပ်ကိုရပ်လိုက်ပြီး ဂျာပေါင်၏ မျက်နှာလေးကိုမော့ကြည့်၍
''ကိုယ်လုပ်တော်ရှုအပြင် နောက်ထပ်နှစ်ယောက်ရှိသေးတယ် ဆုန်ရိယွင်နဲ့ယုချင်း သူတို့နဲ့က သမီး၁,ယောက်စီထွန်းကားထားတယ်..!နောက်မှတွေ့ပေးမယ်"
"သူမ...ပြောတာက.... " လင်ဂျာပေါင်သည် အရင်ကရှုရွှမ်းရင် ပြောခဲ့သည့်စကားကိုသတိရပြီးပြောရန်ပြင်လိုက်၏။
"သူ့ကို ရေခဲနန်းဆောင်ကို ပို့လိုက်ပြီ။ သူမကဘယ်လိုမှခွင့်လွှတ်လို့မရတဲ့ အမှားတစ်ခုကိုလုပ်ခဲ့တယ်။ အရာအား လုံးက သူ့အမှားကြောင့်ဖြစ်လာတာပဲ...'' ရွှမ်းရန်ဟန်ချန် က လင်ဂျာပေါင်အား စကားဆက်ခွင့်မပေးပဲ ဖြတ်ပြောလိုက်၏။
ထို့နောက်ခဏမျှနား၍ " ကိုယ်လုပ်တော် ဆုန်နဲ့ ယု အဲ့ဒီ့ နှစ်ယောက်လုံးကိုလဲ မင်းစိတ်မပူပါနဲ့။ အရင်ကဖြစ်ခဲ့တာတွေကို ပြောင်းလဲပေးလို့မရနိုင်ဘူးဆိုပေမယ့် နောက်ကျရင်တော့ သူတို့ကိုကော တခြားသူတွေကိုကောဘယ်တော့မှ ထပ်မထိတော့ဘူးလို့ကိုယ်,အာမခံပါတယ်။ မင်း ကလွဲရင်....''
လင်ဂျာပေါင်သည် ဘာမှပြန်မပြောပဲ သူ့ရှန်ကုန်း(ယောကျာ်း)ရဲ့ ကတိပေးစကားတွေကိုသာ ငြိမ်ငြိမ်လေးနားထောင်နေခဲ့၏။သူဟာ အိပ်မက်မက်ထဲရောက်နေတယ်လို့ပါ အထင်မှားနေခဲ့လေသည်။အိပ်မက်ဟာချိုမြလွန်းတာကြောင့် သူဟာ အိပ်မက်လားတကယ်လားဆိုတာကို ခွဲခြားဖို့ပါမေ့လျော့နေခဲ့လေရဲ့.....။
ရွှမ်းရန်ဟန်ချန်သည် ဂျာပေါင်အားသူ့ရင်ခွင်ထဲသို့ ဆွဲထည့်လိုက်ပြီး ခပ်တင်းတင်းပွေ့ဖက်ထားလိုက်၏။သူ့ခလေးဆီမှာ စိုးရိမ်စိတ်တွေကြီးစိုးနေဆဲဖြစ်တာကိုသူ,သိနေ ခဲ့၏။ဒါပေမဲ့ ဒါက အရေးမကြီးပါဘူး။သူ့စကားတွေကို သက်သေပြဖို့အတွက်သူ့ဘဝတစ်လျှောက်လုံး အချိန်တွေအများကြီးရှိနေတာပဲလေ....!
"ဒါပေမဲ့ မင်းသမီးငယ်ကော ရှိသေးတယ်မလား?သူက အရမ်းနေမကောင်းဖြစ်နေတာလား? လင်ဂျာပေါင်သည် သူ့ဘေးနားရှိ ဤအရေးကြီးသောအမျိုးသမီးအကြောင်းကိုလဲ တွေးတောနေမိသည်။
''ခလေး မင်းသူ့ကိုကောတခြားဘာကိုမှစိတ်ပူနေစရာ မလိုပါဘူး!ကိုယ်ရဲ့ နယ်မြေရှင်းလင်းရေးခရီးစဉ် မတိုင်ခင်ကထဲက မင်းသမီးငယ်မှာမကောင်းတာတစ်ခုခုရှိနေခဲ့တာ..။အင်း...! အကြောင်းအမျိုးမျိုးကြောင့် ပြင်ပကိုထုတ်ဖော်ပြောလို့မရနိုင်ခဲ့ဘူး။
ဒါကြောင့် မင်းသမီးငယ်နာမကျန်းဖြစ်နေတာကြောင့် အနားယူဖို့လိုတယ်! ဘယ်သူ့မှမတွေ့ရဘူးလို့ ကိုယ်အမိန့်ထုတ်ခဲ့တာပဲ!''ရွှမ်းရန်ဟန်ချန် သည် မင်းသမီးငယ်သေဆုံးသွားမည်ကိုသာတွေးနေခဲ့၏။ပြီးတော့ ခလေးငယ်လေးဟာ ဘာမှမသိတဲ့အတွက် အမှန်အတိုင်းသာပြောပြလိုက်လေသည်။
ထို့နောက် ဂျာပေါင်ကခေါင်းညိတ်ပြီးနားလည်စွာနဲ့
"အင်း ဂျာပေါင် လျှို့ဝှက်ထားလိုက်ပါ့မယ်"
ရွှမ်းရန်ဟန်ချန်သည် မျက်ခုံးတန်းလေးတွေကိုတစိမ့်စိမ့်ကြည့်ပြီးနောက် ပါးမို့မို့လေးကိုဖိကပ်နမ်းလိုက်လေသည်။
"စိတ်ချလက်ချနဲ့အပူပင်ကင်းကင်းနေပါ ခလေးရယ်"
လင်းကျားပေါင်ကလဲ ပေါ့ပေါ့ပါးပါးတောက်ပစွာပြုံးရယ်ပြလိုက်လေသည်။
''ခလေး ကိုယ့်ကိုနောက်တစ်ခေါက်လောက် ထပ်ပြုံးပြပါဦး" ခလေးငယ်လေးရဲ့ ပြုံးရယ်နေတဲ့မျက်နှာလေးကို ရွမ်းရန်ဟန်ချန်တစ်ယောက်ကြည့်ဝနိုင်ဖြစ်ပြီး လွန်စွာသဘောကျမြတ်နိုးနေခဲ့လေ၏။
လင်ဂျာပေါင်သည်လဲ နာခံစွာဖြင့်ရွှမ်းရန်ဟန်ချန်အား ထပ်၍ ပျော်ရွှင်ကြည်နူးစွာပြုံးပြလိုက်၏။ ပြုံးရယ်လိုက်တိုင်း ထွက်ပေါ်ပေါ်လာတဲ့ ပါးချိုင့်ခွက်ခွက်လေးက တကယ်ကိုရွှင်လန်းစေသလို ချစ်ဖို့ကောင်းလွန်းတယ်!ဒီတောက်ပတဲ့ ဖြူဖြူစင်စင် အပြုံးလေးသည်ပင် သူ့အားအေးချမ်းစေသလိုရူးသွပ်စွာတပ်မက်မှုကိုလဲဖြစ်စေ၏။
"ရှန်ကုန်းရဲ့ဆန္ဒကခလေးရဲ့အပြုံးကို နေ့တိုင်းမြင်တွေ့ချင်တာပဲ...''ရွှမ်းရန်ဟန်ချန်ကဆက်၍ "ဒါကြောင့် ခလေးလေးက နေ့တိုင်းပျော်ပျော်ရွှင်ရွှင်နေရမယ်နော်...''
ရွှမ်းရန်ဟန်ချန်၏စကားကိုကြားပြီးနောက် ဂျာပေါင်တစ်ယောက် သူ့ယောကျာ်းရဲ့ရင်ခွင်ထဲကနေ တခစ်ခစ်နှင့်ရယ်တော့၏။သူ့နှလုံးလေးသည်လဲ သကာရည်အိုးထဲနှစ်မြုတ်ခံထားရတာသလို ချိုမြိန်မှုကိုအပြည့်ဝခံစားနေခဲ့ရလေရဲ့....!
ချူးယိနဲ့ချူးချင်းတို့သည်လဲ ဂျာပေါင်၏ ခိုးခစ်ခစ်ရယ်မောသံလေးကြားမှ သူတို့ရဲ့အပူလုံးကြီးကို ပင့်သက်ချနိုင်လိုက်ကြလေ၏။လင်ရှောင်ဇူပြန်ရောက်လာတုန်းက မျက်နှာလုံးဝပျက်နေခဲ့သလိုဖျော့ပြီးလဲကျတော့မလိုဖြစ်နေခဲ့တာကြောင့် သူတို့လဲတော်တော်လေးစိုးရိမ်နေခဲ့ကြတာပင်...။
"တော်သေးတာပေါ့ အိမ်ရှေ့စံမင်းသားမှာ သခင်ငယ်လေးကို ချော့ဖို့နည်းလမ်းရှိနေလို့..." ချူးချင်ကပြော၏။
ချူးယိက "သခင်ငယ်လေးရဲ့ စိတ်ကခန့်မှန်းရနားလည်ရလွယ်ပြီး သဘောထားကြီးတဲ့သူမို့လို့သာ မြန်မြန်အဆင်ပြေသွားတာပေါ့ အရမ်းကောင်းတာပဲ...!''
နောက်တစ်နေ့နံနက်စောစောမှာလဲ ရွှမ်းရန်ဟန်ချန် သည် တတ်ကြွစွာ အိပ်ရာမှနိုးလာခဲ့၍ ဂျာပေါင်(ကျားပေါင်) ၏ နဖူးလေးအား ညင်သာစွာဖွဖွလေးဖိနမ်းလိုက်ပြီး အိပ်ရာမှထလာခဲ့လိုက်လေ၏။
သူ အဝတ်စားတွေလဲပြီးချိန်မှာတော့ ယွမ်ဖူသည်အရိပ်ခြည်ကြည့်လျက် သူ့အားတစ်ခုခုပြောရန်ပြင်နေသည်ကို ကိုတွေ့လိုက်ရသည်။ရွှမ်းရန်ဟန်ချန်သည် ယွမ်ဖူအား လက်ကိုဝှေ့ယမ်းပြလိုက်ပြီးနောက် လေသံခပ်တိုးတိုးဖြင့်
"အပြင်ရောက်မှ ပြောတော့''
သူက အမြဲအိပ်ရေးဆတ်သူဖြစ်တာကြောင့် ဂျာပေါင်ညသန်းခေါင်ယံလောက်မှာ ရုတ်တရက်နိုးလာတာကိုသိနေခဲ့၏။သူ့ဘေးမှာ အသက်ရှုသံတစ်ခုရှိနေသေးတယ်ဆိုတာကို သေချာရှာတွေ့သွားခါမှ ခလေးငယ်ဟာပြန်အိပ်ပျော်သွားခဲ့တာဖြစ် သည်။ခလေး၏နားလည်ရခက်သော ပုံစံလေးကိုကြည့်ပြီး သူ,တကယ်ကိုပင် မသက်မသာနဲ့ စိတ်မကောင်းဖြစ်မိတော့သည်။
ဒါက ခငယ်လေးရဲ့စိတ်ဟာလုံခြုံမှုမရှိဘူးဆိုတာကို ပြသသည့်လက္ခဏာတွေဆိုတာကိုလဲ သူ,သိနေခဲ့ပါ၏။သို့သော်လည်း သူဟာခလေး၏စိတ်ပူပန်မှုကို ဖြည်းဖြည်းချင်းသာ လျော့ကျသွားအောင်လုပ်ဆောင်ပေးနိုင်လေသည်။
အရှေ့ဆောင်၏ပင်မနန်းဆောင်သို့ ပြန်တဲ့လမ်းတွင် ယွမ်ဖူသည် မနေ့ညကရှုရွှမ်းရင်တစ်ယောက် မိမိကိုယ်ကိုကြိုးဆွဲချသတ်သေခဲ့ကြောင်း လျှောက်တင်နေလေသည်။ရွှမ်းရန်ဟန်ချန်ဟာထိုသတင်းအား ဆက်ပြီးနားထောင်လိုခြင်းမရှိနေခဲ့ချေ။ဒီရှုရွှမ်းရင်ဟာသူ့ဘဝကို အရင်ဘဝကနည်းလမ်းအတိုင်း အဆုံးသတ်သွားတာပဲ....!
"ဖျင်အော်နန်းဆောင်က ပါးစပ်တွေကိုမင်းသေချာပိတ်ထား! ဒီသတင်း ဂျာပေါင်နားထဲကို မရောက်စေနဲ့" ဂျာပေါင်နှလုံးသားလေးဟာနူးညံ့လွန်းတာကြောင့် မနေ့ကကြုံတွေ့ခဲ့ရသည့် အဖြစ်ပျက်နှင့်ပင် သူ့ခလေးငယ်ဟာ ကောင်းကောင်းအိပ်မပျော်နိုင်ဖြစ်ခဲ့ရ၏။
''နားလည်ပါပြီ!''
ယွမ်ဖူ သည် ဒီသတင်းနဲ့ပတ်သတ်ပြီး လင်ဂျာပေါင်(ကျားပေါင်)နားထဲသို့မရောက်အောင် တင်းတင်းကြပ်ကြပ်ကိုင်တွယ်ထားပါသော်လည်း အရှေ့နန်းဆောင်တစ်ခွင်သို့ အဆိုပါသတင်းစကားသည် တဖြည်းဖြည်းကျယ်လောင်စွာပျံ့နှံ့လို့နေခဲ့ပါပြီ။
Advertisement
နန်းတော်ရှိလူအချို့သည် ရှုးရွှမ်းရင်အကျဉ်းချခံထားရသည့်ခြံဝန်းငယ်အတွင်းမှ လင်ဂျာပေါင်ပြန်ထွက်လာတာကိုတွေ့လိုက်ရပြီးနောက် အဲ့နေ့ညမှာပဲရှုးရွှမ်းရင် သူ့ကိုယ်သူသတ်သေခဲ့ကြောင်းသတင်း ကြားရပြန်သည်။ဒါကြောင့် လင်ရှောင်ဇူဟာကြောက်ဖို့ကောင်းပြီး သွားမရှုပ်သင့်ဘူးဆိုတာကို နက်နက်နဲနဲတွေးမိသွားတာကြောင့် စေ့စေ့ပင်မကြည့်ရဲ့ကြတော့ပေ။
တကယ်ကို အသံတိတ်လူသတ်သမားပဲ...!
တစ်ချိန်က အိမ်ရှေ့စံမင်းသားချစ်မြတ်နိုးခဲ့တဲ့မိန်းခလေးကို ဘာသံမှမထွက်ပဲသတ်ပစ်ခဲ့တာ....။
တစ်နေ့မှာတော့ ယုချင်းသည် လက်ဖက်ရည်သောက်ရန် ဆုရိယွင်၏ အဆောင်သို့သွားခဲ့လေသည်။ဆုန်ရိယွင်၏ပင်ကိုယ်စရိုက်က ရိုးသားပြီးဆိတ်ငြိမ်အေးဆေးတဲ့သူမျိုးဟုဆိုနိုင်၏။ယုချင်းကတော့သွက်လက်ပြီး စကားပြောနေရတာကိုနှစ်သက်သူဖြစ်၏။ သူတို့နှစ်ယောက်က နေရာချင်းလဲနီးကြတာကြောင့် ယုချင်းသည် ဆုန်ရိယွင်နှင့်စကားပြောရန် မကြာခဏဆိုလဲ အဆောင်ကူးလာလေ့ရှိသည်။
"ဒီဒွိလိင်ကိုယ်လုပ်တော်ကောင်လေးက ရှုရွှမ်းရင်ထက် အများကြီးအလေးနက်ထားခံရပြီး ကိုင်တွယ်ရခက်မှာကိုငါကြောက်နေတယ်! အိမ်ရှေ့စံမင်းသားက သူ့ကိုဖျင်အော်နန်းဆောင်ကနေ ဘယ်မှမထွက်ခိုင်းဘူးလို့ကြားတယ် ''ယုချင်းသည် သူ့ဘာသာ အေးအေးဆေးဆေးလက်ဖက်ရည်သောက်နေတဲ့ ဆုန်ရိယွင်ကိုအကဲခတ်လိုက်ပြီးနောက် ဆက်ပြီး
"ရှင် သူ့ဆီကိုသွားလည်ချင်လား?"
''ဒါက သိပ်မသင့်တော်ပါဘူး။ ဖျင်အော်နန်းဆောင်က အတွင်းစာကြည့်ဆောင်နဲ့ချိတ်ဆက်ထားတဲ့နေရာလေ...!ငါတို့ အဲ့ဒီ့နေရာကို ခွင့်ပြုချင်မရှိပဲဝင်ထွက်သွားလာတာမျိုး မလုပ်သင့်ဘူး'' ဆုန်ရိယွင်ကစိတ်မပါစွာရှင်းပြ၏။
သာမာန်ကိုယ်လုပ်တော်တစ်ယောက်အနေဖြင့် စာကြည့်ဆောင်ကိုဝင်ခွင့်ရမယ်ဆိုရင်တောင်မှ အိမ်ရှေ့စံရဲ့ငြိုငြင်စွာဆက်ဆံခြင်းကိုခံရဦးမှာပဲ!
''နောက်ကျရက်လဲ တွေ့ဖို့အခွင့်ရေးရလာဦးမှာပါ...''
"တကယ် မတွေ့ချင်ဘူးလား?" ယုချင်းကတော့ အရမ်းလိုက်ဖက်တယ်လို့သတင်းကြီးနေတဲ့ဒီအတွဲကို တွေ့ချင်နေခဲ့တာကြာပါပြီ။ ဒါပေမယ့်ဆုန်ရိယွင်ကို အဖော်ခေါ်တာမအောင်မြင်ဘူးဆိုတော့ သူပြောသလိုနောက်အခွင့်ရေးကြုံမှပဲ ဒီအတွဲကိုတွေ့ဖူးမယ်ထင်ပါရဲ့...။
ယုချင်းက သူမရဲ့သားဖြစ်သူဆုံးရှုံးလိုက်ရခြင်း၏ ပူဆွေးမှုအရိပ်မှ လွတ်မြောက်ခဲ့ပြီးနောက် ယခုအချိန်တွင်အိမ်ရှေ့စံမင်းသားအတွက် မင်းသားငယ်တစ်ပါးထပ်မံမွေးဖွားရန် တွေးတောနေပြန်တာဖြစ်သည်။
သူတို့နှစ်ယောက်လုံးကို တကယ်မုန်းတယ်!သူမတို့က ရှုရွှမ်းရင်ထက် အများကြီးအခွင့်ရေးပိုရခဲ့သင့်တာ။အရင်ကလဲ ရှုရွှမ်းရင်က အရမ်းမျက်နှာချိုသွေးဖားယားတတ်လွန်းတာကြောင့် အိမ်ရှေ့စံမင်းသားကိုတွေ့ရဖို့ရက်အနည်းငယ်သာ အခွင့်ရေးရခဲ့သည်။အခုဆို ပိုဆိုး...သူ့သမီးတော်ထံ အလည်အပတ်လာရောက်ရှိနေချိန်သာ အိမ်ရှေ့စံမင်းသားကိုတွေ့ရတော့တာဖြစ်သည်။
"စကားမစပ်၊ ခန်အာတစ်ယောက်ဖျားနေပြန်ပြီဆို" သူမတို့ရဲ့သမီးနှစ်ယောက်လုံးဟာချူချာလွန်းတာကြောင့် မိခင်တွေဖြစ်တဲ့ သူမတို့နှစ်ယောက်သည်လဲ မင်းသမီးငယ်တွေရဲ့ကျန်းမာရေးနဲ့ပတ်သတ်ပြီး ဘယ်လိုဂရုစိုက်ရမလဲဆိုတာ အချင်းချင်း အတွေ့အကြုံတွေဖလှယ်လေ့ရှိ၏။
"ဟုတ်တယ် ရုတ်တရက်ထဖောက်လာလေ အဲ့တုန်းကဆို ကျမလဲ တော်တော်လေးလန့်သွားတာ...။ကံကောင်းလို့ပေါ့ အခုတော့သက်သာသွားပါပြီ ..."ဆုန်ရိယွင်၏ စိတ်ထဲမှာတော့ အခုထိ အနည်းငယ်ထိတ်လန့်နေဆဲပင်...။
ခန်အာတစ်ယောက် ရှုရွှမ်းရင်၏ဖြားယောင်းသွေးဆောင်မှုကိုခံလိုက်ရပြီးနောက် ရှုရွှမ်းရင်၏အဆောင်ငယ်သို့လင်ဂျာပေါင်အားဆွဲခေါ်လာရန် အပျိုတော်လေးဟုန်ဝေ့ကိုစေခိုင်းလိုက်လေသည်။
ညနေစောင်းချိန်မှာတော့ ထိုမကောင်းဆိုးဝါးကောင်ကြီး ဘာဖြစ်သွားလဲဆိုတာကိုသိရန်အတွက် ရှုရွှမ်းရင်အဆောင်သို့ ဟုန်ဝေ့အားထပ်စေလွှတ်ခဲ့ပြန်သည် ။ ရှုရွှမ်းရင်၏ခြံအပြင်ခပ်လှမ်းလှမ်းမှနေ၍ ဟုန်ဝေ့တစ်ယောက်အခြေနေကို တိတ်ဆိတ် စွာအကဲခတ်နေခဲ့၏။
ခဏအကြာတွင်တော့အမှုထမ်းအချို့သည် ရှုရွှမ်းရင်၏ရုပ်အလောင်းအား ခြံပြင်ဘက်သို့သယ်ဆောင်လာသည်ကို မြင်တွေ့လိုက်ရလေသည်။ထိုတော့မှဟုန်ဝေ့သည်လဲ နန်းဆောင်များတွင် ပျံ့နှံ့နေသည့်လင်ရှောင်ဇူ၏ ဂုဏ်သတင်းကိုပြန်ကြားယောင်လာကာ လွန်စွာမှကြောက်လန့်တုန်လှုပ်သွားတော့၏။
ဟုန်ဝေ့သည် ကြောက်လန့်တကြားပြန်လာပြီးနောက် သူမမြင်သမျှ ကြားသမျှကိုခန်းအာအား ပြန်ပြောပြတော့ သည်။ခန်းအာသည် ၅နှစ်သာရှိတဲ့ကလေးငယ်လေးဖြစ်တာကြောင့် ဒီအကြီးတန်စွာ သေဆုံးခြင်းသတင်းကိုလက်ခံနိုင်ဖို့လွန်စွာမှခက်ခဲနေခဲ့၏။နုနယ်လွန်းတဲ့ခလေးပီပီ အဲ့ဒီ့သတင်း ကြားတဲ့ညကစပြီး ရုတ်တရက် ပြင်းထန်စွာဖျားနာတော့သည်။
ဟုန်ဝေ့သည်လဲသေရမှာကို အလွန်ကြောက်လန့်နေခဲ့လေသည်။လင်ရှောင်ဇူအားအဲ့ဒီ့နေရာသို့ခေါ်သွားတဲ့သူက သူမဆိုတာကို ရှာတွေ့သွားကြပါက ဘယ်နည်းနဲ့မှသူမ,ဘေးကင်းကင်းနဲ့နေနိုင်မှာမဟုတ်ဘူး.....။
ဟုန်ဝေ့တစ်ယောက်လဲအကြောက်လွန်ပြီး မကြာခင်မှာပဲ ဖျားနာနေလေတော့သည်။ အထိန်းတော်ကြီးကတော့ ဟုန်ဝေ့အခုလိုအကြောက်လွန်ပြီးဖျားနာနေသည်ကို သူ့သခင်မငယ်လေးအား ပြုစုရတာပင်ပန်းလွန်းတာကြောင့်ဖျားနေသည် ဟုတွေးထင်၍ ဟုန်ဝေ့အားယာယီအဆောင်ပြောင်းနေခွင့်ပေးလိုက်လေသည်။
⭐⭐⭐⭐⭐
Advertisement
- In Serial413 Chapters
The Forgotten Princess
Alicia Rosalyn Von Heist is the youngest daughter of King Edward of Alvannia. She is an illegitimate child born from a maid in the castle her father has fancied. After her mother died when she was young her father took her home and ‘adopted’ her.
8 1810 - In Serial22 Chapters
Forgoing Hope
She died four months ago. It was said that she was crossing when the red SUV sped down the road. It was said that if she had left just three seconds later, the SUV would have passed by. They said it was an accident. But they didn't see what I saw. They didn't say what I said. And it's slowly killing me. The guilt is clawing at my insides like a dying cat. Was I the reason Hope was dead? Did I drive her to insanity and beyond? If I am, why would she come back and offer me a chance? A chance to fix everything. A chance to bring her back from the dead. A chance that I simply can't refuse.
8 84 - In Serial37 Chapters
The Alpha's Warrior
Ruthless. Cold. Calculating. That's how Rey's always been seen, but she was a warrior after all, and a damn good one at that. Warriors don't take sides. They don't let their feelings get the best of them, but when she discovers her mate is at the head of the largest war in werewolf history, she may just have to start caring.**contains mature language and contentCOMPLETE
8 357 - In Serial30 Chapters
Katniss and Peeta: Real
The story of how Katniss and Peeta grow back together. The story between the end and the epilogue.Learn the realistic interpretation of how Katniss Everdeen and Peeta Mellark rekindle their relationship.This story can be romantic, but it's also sad. The way it would have happened.Cover credit: @BearabudEverlark
8 165 - In Serial64 Chapters
Want you Back
Highest rankings:Ex-boyfriend: #1 (6th Feb 2020)Follow my instagram for any updates and if you wanna ask me anything-@nikki_k123Mia Stewart is dealing with heartbreak after her now, ex-boyfriend, broke up with her after being together for 3 years. She's hiding the fact that she still likes him and is doing great, keeping in mind that she has to hang out with him every single day since all their friends are common. At the end of the summer party, she ends up kissing him for a dare and learning that he wants her back... How will he get her back and how will they survive the whole reason for the break-up?....."God, Ryder! Why did you kiss me? You can't just do things whenever you feel like it! I-" she was shouting but I cut her off. "I want you back, Mia."ALL RIGHTS RESERVED
8 194 - In Serial37 Chapters
Irresistible You
The last year of university should be fun. Parties. Friends. The eagerness to graduate. Megan has the friends, the grades, the parties and the boyfriend that is the star athlete of the football team, with scouts interested in him joining the professional league. She has it all. Her life appears to be perfect. Only it isn't. Just a beautiful, misleading cover to a miserable book. Josh isn't who everyone makes him out to be and it takes reuniting with one stranger from one vacation to make her feel free. Megan and Louis can't resist the temptation of being together and it's a risk that she is willing to take.
8 83

