《မင်းကို ချစ်မဝသေးလို့(BL Novel,Myanmar tran)》Ch-18.1 Unicode
Advertisement
မင်းကိုချစ်မဝသေးလို့
အပိုင်း(၁၈): ကတိပေးခြင်း(Part-1)
......
ရှုရွှမ်းရင်သည် လင်ဂျာပေါင်ကို တစ်ခုခုထပ်ပြောချင်သောကြောင့် ဂျာပေါင်အား သူနဲ့ပိုနီးကပ်အောင်ဆွဲလိုက်၏။
သို့ပေမဲ့ ဂျာပေါင်နောက်နားမှ ရုတ်တရတ်ပေါ်ထွက်လာသော အရပ်တစ်ခုကြောင့် ဝမ်းနည်းပြီးဖျော့တော့စွာဖြင့်
''အိမ်....ရှေ့.....စံ....မင်း.....သားနောက်ဆုံးတော့ ရွှမ်းရင် အိမ်ရှေ့စံမင်းသားကို ပြန်တွေ့ရပြီ...
ရွှမ်းရင်,မင်းသားကိုတွေ့ရဖို့ အများကြီးမျှော်လင့်နေခဲ့တာ....။ရွှမ်းရင်မင်းသားကိုအရမ်းသတိရတာပဲ...!'' ရှုရွှမ်းရင်သည် သူ,ခပ်တင်းတင်းဆွဲကိုင်ထားတဲ့ဂျာပေါင်ကို စောင့်တွန်းဖယ်ချလိုက်ပြီးနောက် ရွှမ်းရန်ဟန်ချန်ဆီသို့ပြေးသွားလိုက်မိလေသည်။
လင်ဂျာပေါင်သည်လဲ ရုတ်တရက်တွန်းချခံလိုက်ရတာကြောင့် ခြေလှမ်းအနည်းငယ်နောက်သို့ယိုင်သွားရ၏။ ရွှမ်းရန်ဟန်ချန်သည်လဲ ရှုရွှမ်းရင်၏ငိုသံစွက်နေသောစကားတို့အား လျစ်လျူရှုထားလိုက်ကာ သူ့ခဘေးငယ်လေး၏ ကိုယ်လုံးလေးအား အလျင်မြန်သွားဖမ်းထိန်းပြီး ပွေ့ဖက်ထားလိုက်လေသည်။
သူ့,ခလေးငယ်လေးရဲ့မျက်ဝန်းတွေကို ဖျက်ခနဲကြည့်လိုက်တာနှင့် တစ်ခုခုလွဲမှားနေပြီဆိုတာကိုရှာဖွေတွေ့လိုက် တာကြောင့် သူ့ရင်ခွင်ထဲသို့ခပ်တင်း တင်းဆွဲထည့်ထားလိုက်တော့၏။ထို့နောက်အနည်းငယ်စဉ်းစားပြီးမှ ဂျောပေါင် အား
''ခလေးလေးယွမ်ချင်းနဲ့ အရင်ပြန်လိုက်သွားလိုက်နော်..!''
သူ့ရင်ခွင်ထဲတွင် ခလေးငယ်လေးဟာခပ်တောင့်တောင့်လေးနှင့် မလှုပ်မရပ်လးရှိနေသေးတာကို ခံစားမိလိုက် တာကြောင့် ပိုတင်းကျပ်အောင်ဖက်ထားလိုက်ပြီး
''ခလေး, ပြန်လိုက်သွားလိုက်နော် ခဏပဲခဏလေးပဲ။ ကိုယ် မင်းဆီလိုက်လာခဲ့မယ်'' ဟုဂျာပေါင်၏ နားနားလေးကပ်၍ တိုးလျစွာနှစ်သိမ့်ပေးရင်းပြောလိုက်သည်။
ထိုတော့မှ လင်ဂျာပေါက်၏အမူအရာသည် အနည်းငယ် အသိဝင်လာသလိုပြီး ယွမ်ချင်းနှင့်အတူ ဖျင်အော်နန်းဆောင်သို့ ပြန်လိုက်သွားတော့၏။ရွှမ်းရန်ဟန်ချန်သည်ကား ယွမ်ဖူ တစ်ယောက်ထဲကိုသာကျန်နေခဲ့စေ၍ အခြားသူများကို အခန်းပြင်ပသို့ ဆုတ်ခွာရန်အမိန့်ပေးလိုက်လေသည်။
ရှုရွှမ်းရင်သည် သူမရဲ့အိမ်ရှေ့စံတော်ဝင်မင်းသားဟာ လင်ဂျာပေါင်ကိုထွေးပွေ့ထားပြီး တစ်ခုခုအားခပ်တိုးတိုးပြောနေခြင်းကို သေချာစွာမြင်လိုက်လေ၏။ဒါအပြင့် အိမ်ရှေ့စံမင်းသားရဲ့ အပြုအမူတွေက လုံးဝကိုနူးညံ့ညှင်သာနေတာ....။ဒါကို ကွက် ကွက်ကွင်းကွင်းကြီး ကိုယ်တိုင်မြင်တွေ့နေရပေမဲ့ သူမ,လက်ခံနိုင်ဖြစ်နေရ၏။
သူမ သေချာပေါက် အမြင်မှားနေတာပဲနေမှာပါ....!
ယခင်, အိမ်ရှေ့စံမင်းသားရဲ့အလေးပေးမှုကို သူမ,သိမ်းပိုက်ထားနိုင်ခဲ့တဲ့အချိန်တွေတုန်းကတောင် အခုလိုကြင်နာယုယမှုမျိုးကို တစ်ခါမှမရခဲ့ဘူးပေ။ ဒီအူလည်လည်ရုပ်နဲ့ လင်အန်ဇူကဘာမို့လို့လဲ?ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?
ရှုရွှမ်းရင်သည် အဆောင်အတွင်းမှပြန်ထွက်ခွာသွားတဲ့ လင်ဂျာပေါင်၏ ကျောပြင်လေးအားမနာလိုစိတ်အပြည့်ဖြင့် စူးရဲစွာကြည့်နေခဲ့၏။ရွှမ်းရန်ဟန်ချန်သည်လဲ ရှုရွှမ်းရင်၏ကြမ်းကြုတ်ပြီးအန္တရာယ်ရှိသောမျက်လုံးများကို ဖမ်းမိလိုက်လေသည်။
ကြည့်ရတာရှုရွမ်းရင်က အရှေ့နန်းဆောင်မှာမနေချင်တော့တဲ့ပုံပဲ။သူ့ခြေထောက်တွေကိုရိုက်ချိုးထားတာတောင်မှ ငါကိုယ်တော်ရဲ့ရတနာလုံးလေးကို ဒီစုတ်ပြတ်တဲ့နေရာကို လှည့်စားပြီးရောက်အောင် လိမ်ခေါ်လာလိုက်သေးတယ်....!
ခလေးငယ်လေး၏အကြည့်တွေက တော်တော်လေးအသက်မဲ့နေခဲ့သလို၊ ထိပ်လန့်စရာကြီးကြီးမားမားတစ်ခုခုကို ကြုံတွေ့ခဲ့ရပြီးမှန်း သူ,သေချာပြောနိုင်လေ၏။သူ့ရဲ့အကောင်ပေါက်လေးကို တတ်နိုင်သမျှအမြန်ဆုံးပြန်သွားပြီး ရှင်းပြရမယ်! ခလေး သူ့ကိုအထင်လွဲသွားတာက လုံးဝကောင်းတဲ့အရာမဟုတ်ဘူး!
အိမ်ရှေ့စံမင်သားကြည့်နေသည်ကို သတိထားမိလိုက်တာကြောင့် ရှုရွှမ်းရင်အမူယာချက်ချင်းပြောင်းဖို့ကြိုးစားလိုက်၏။
''အိမ်ရှေ့စံမင်းသား ...ဘန်ရှုရဲ့အကြံစည်ထဲမှာ ရွှမ်းရင် မပါပါဘူး။ရွှမ်းရင်က မင်းသားအကြောင်းကို နေ့နေ့ညညတွေးပြီး အိမ်ရှေ့စံမင်းသား ကောင်းကျိုးကိုအမြဲလိုလားခဲ့သူပါ !
မင်းသားစစ်ထွက်ချိန်မှာလဲ မင်းသားရဲ့သတင်းကိုအမြဲမပြတ်နားစွင့်ပြီး ဘေးကင်းစွာနဲ့ပြန်ရောက်လာဖို့ မိုးနတ်မင်းဆီမှာ ဆုမွန်းကောင်းတောင်းရင်းနဲ့သာ နေ့ရှိသရွေ့အချိန်ကုန်ခဲ့ရတဲ့သူပါ....။''
ရှုရွှမ်းရင် သည် အပြစ်ကင်းသည့် သူမကိုအခုလိုပစ်ပစ်ခါခါမဆက်ဆံသည့်ကြောင်း မတရားစွတ်စွဲခံရသည့်အ တက် များစွာနာကျည်းခံစားရကြောင်းကို မာယာအကုန်သုံးလျက် ငိုယိုကာတိုင်တန်လေ၏။ တဖက်မှာလဲ မျင်ရည်တွေအလျှံပယ်ကျဆင်းနေသည့်တိုင် သူမရဲ့လှပတဲ့မျက်နှာလေးကို သနားချစ်ခင်လာအောင် ထား,ထားဖို့တော့မမေ့နေခဲ့ချေ။
(Tn-ဆိုလိုတာကငိုတာတောင် အလှမပျက်အောင် ထိန်းပြီးငိုတာပေါ့နော်🤭)
"ကိုယ်လုပ်တော်ရှုဆက်ပြီး ဟန်ဆောင်နေစရာမလိုပါဘူး။ငါကိုယ်တော်အားလုံးကို သိပါတယ်။ ယုချင်းရဲ့ကလေး ဘယ်လိုဖြစ်သွားတယ်ဆိုတာအစ ငါကိုယ်တော် အားလုံးကို အတိ အကျသိထားတယ်..."ရွှမ်းရန်ဟန်ချန်သည် အေးစက်စွာပြောလိုက်၏။
"မဟုတ်ဘူး...ကျွန်တော်မျိုးမ မလုပ်ရပါဘူး...။ အရှင်မင်းသား ကျွန်တော်မျိုးမကိုအထင်မှားနေတာပါ....။ကျွန် တော်မျိုးမက ဘယ်လိုလုပ်ပြီးဘယ်လိုစိတ်မျိုးနဲ့ မင်းသားကို ထိခိုက်အောင်လုပ်နိုင်မှာလဲ.....။ဒါ တစ်ယောက် ယောက်က ကျွန်တောိမျိုးမကို ချောက် ချလိုက်တာပဲနေမှာပါ...။သေချာပါတယ် ကျွန်တော်မျိုးမ မတရားခံရတာပါ....
ယုချင်းနဲ့ ကြင်ရာတော်တို့ရဲ့လက်ချက်ပဲနေမှာ....။အရှင့်သား ....သူတို့ပြောတာတွေကို မယုံပါနဲ့ ....!ကျွန် တော်မျိုးမတို့ ဒီကိစ္စကိုသေချာဆုံစမ်းရပါမယ် ရွှမ်းရင်....ရွှမ်းရင်က တကယ် အပြစ်ကင်းပါတယ်....''ရှုရွှမ်းရင်သည် ဘာအမှုယာမှမပြပဲ သူမပြောနေသမျှကိုသာ ခပ်အေးအေးနားထောင်နေသည့် အိမ်ရှေ့စံမင်းသားကိုကြည့်ရင်း ထိတ်လန့်၍လာ၏။
သိုပေမဲ့ဘန်ရှုကလဲသေပြီလေ တခြားသက်သေတွေကလဲ ရှင်းပြီးသား သူမအနေနဲ့စိတ်ပူစရာဘာမှမရှိဘူးဟု ကိုယ့်ကိုကိုယ်သတိပေးကာ ဆက်၍သာသနားစဖွယ်ဟန်ဖြင့် ပြန်ငိုနေလိုက်၏။
ရှုရွှမ်းရင် သည် ပိုပိုပြီးဆို့နင့်လာဟန်ဖြင့် သည်းထန်စွာရှိုက်ငိုရင်း "ဒါကတကယ်ပဲရွှမ်းရင်ကို သေမတတ်နာကျင်စေပါတယ် ... ရွှမ်းရင်အမှားလုပ်မိပါတယ် ဒါပေမဲ့အိမ်ရှေ့မင်းသားကတော့ ကျွန်တော်မျိုးမကိုယုံကြည်ပေးပါ....''
"ဒါပေါ့ မင်း,အပြစ်ကျုးလွန်ခဲတာပေါ့ ...! ဟားဟား! မင်း ဘန်ရှု နဲ့တွေ့ရဦးမှာပါ'' ရွှမ်းရန်ဟန်ချန်ကအေးစက်စွာပြောလိုက်၏။
"ဘန်ရှု ဘန်ရှုကစောစောကထဲကသေပြီလေ'' ရှုရွှမ်းရင် သည် အရှင့်သား၏အေးစက်သောအမူအရာကို ကြည့်ရင် "မဟုတ်ဘူး..မဖြစ်နိုင်ဘူး..... ဘန်ရှု သူမက..."
ရွှမ်းရန်ဟန်ချန်သည်ရှုရွှမ်းရင်၏ဟန်ဆောင်မှုများဖြင့် ပြည့်နှက်နေသည့် မျက်နှာကိုကြည့်ရန် အလွန်ပျင်းရိလာတာကြောင့် ယွမ်ဖူဖက်သို့လှည့်လို့ပြီးနောက် "မနက်ဖြန်ကိုယ်လုပ်တော်ရှု ကို ဘေဟန်နန်းဆောင်ကို ပြောင်းပေး လိုက်''
ရှုရွှမ်းရင်သည် ဘေဟန်နန်းဆောင်ဆိုတဲ့စကားကို ကြားလိုက်တာနှင့် ထိတ်လန့်စွာအော်ဟစ်နေတော့၏။
တကယ်တော့ ဘေဟန်နန်းဆောင်ဆိုတာ ရေခဲနန်းဆောင်ပဲ! မင်းအဲဒီကိုအပို့ခံရရင် မင်းရူးရင်ရူးမရူးရင် အထီးကျန်ပြီး သေမှာပဲ!သူမအဲ့လိုနေရာမှာ သူမဘဝကိုအဆုံးမသတ်နိုင်ဘူး။သေရင်တောင် အဲဒီကို မသွားနိုင်ဘူး။
"ဟင့်အင်း ...မဟုတ်ဘူး မဟုတ်ဘူး။
ကျွန်တော်မျိုးမ ချောက်ချခံရတာပါ အိမ်ရှေ့စံမင်းသား.....အိမ်ရှေ့စံမင်း...သား!''
ရှုရွှမ်းရင်သည် ကိုယ်လုပ်တော်ယုရဲ့ခလေးကို သတ်ခဲ့သည်အားလဲ ဝန်ခံရန်အကြောက်ကန်ငြင်းဆန်လေ၏။ရွှမ်းရန်ဟန်ချန်သည်လဲ ငိုယိုသံတို့နားထောင်နေရသည်မှာ ပျင်းရိလာတာကြောင့် ထိုငြီးငွေ့ဖွယ်အသံအားလျစ်လျူရှုလျက် ရှုရွှမ်းရင်၏ အကျဉ်းစံနန်းဆောင်မှ အလျက်မြန်ပြန်ထွက်ခွာလာခဲ့လေတော့သည်။
သူ ဖျင်အော်နန်းဆောင်ကိုပြန်ရောက်တော့ ချူးယိသည် နန်းဆောင်တံခါးဝတွင်အသင့်စောင့်နေလျက် အရိုသေပေးပြီးနောက် "အိမ်ရှေ့စံမင်းသား..လင်ရှောင်ဇူက အိပ်ခန်းတံခါးကို ပိတ်ထားပြီး ကျွန်တော်မျိုးမတို့ကို အဝင်မခံပါဘူး။''
Advertisement
ရွှမ်းရန်ဟန်ချန်သည် အိပ်ခန်းကိုအလျင်အမြန်ဆွဲဖွင့်လိုက်ပြီးနောက် ဂျာပေါင်အားရှာဖွေမိ၏။ကုတင်ထက်တွင် စောင်ကိုခေါင်းပါမချန်လွှမ်းခြုံထားသည့် ခလေးငယ်ကိုတွေ့လိုက်ရတာကြောင့် ''ခလေး ...ခလေး..'' ရွှမ်းရန်ဟန်ချန်သည် ကူကယ်ရာမဲ့စွာပင် စောင်ပုံထဲခလေးငယ်အား မနည်းဆွဲထုတ်နေရ၏။
''ခလေး မင်းစောင်ကိုဖယ်လိုက်တော့နော် လိမ္မာပါတယ် စောင်ကိုဖယ်လိုက်တော့ ဟုတ်ပြီလား! ရှန်ကုန်း(ယောကျာ်း) နဲ့ စကားပြောရမယ်လေ...! မင်း ရှန်ကုန်းကိုဘယ်လိုကတိပေးထားလဲ မှတ်မိသေးလား?မင်း ခံစားနေရသမျှ အကုန်လုံးကိုပြောပြလို့ ကတိပေးထားတယ်လေ ဟုတ်တယ်မလား....။''
ရွှမ်းရန်ဟန်ချန်သည် ပြောနေရင်းဖြင့်လဲ ဂျာပေါင်၏ စောင်စ,လေးအား ခပ်ဖြည်းဖြည်းဆွဲနေခဲ့၏။ဂျာပေါင်သည်လဲ အရှင့်သား၏အသံကြောင့် အနည်းငယ်စိတ်သက်သာရာ,ရလာခဲ့ပြီးနောက် တင်းကြပ်စွာဆွဲကိုင်ထားသည့် စောင်အားဖြေလျော့လိုက်၍ ဝမ်းနည်းမှုကိုထိန်း၍ အသံပြုလိုက်လေသည်။
''ဂျာပေါင်....'' ဂျာပေါင်၏အသံခပ်တိုးတိုးကိုကြားလိုက်ရသည့်နှင့် ပြေလျော့သွားသောစောင်အား ရွှမ်းရန်ဟန်ချန်တစ်ယောက် အလျင်မြန်ဆွဲဖယ်လိုက်တော့၏။
''ခလေး......''
မျက်ရည်စတွေ စွန်းထင်းနေတဲ့ ခလေးငယ်ရဲ့မျက်နှာကို မြင်လိုက်ရတာကြောင့် တကယ်ကိုစိတ်မကောင်းဖြစ်ရ၍ ရင်ဘတ်ပါအောင့်လာသလိုခံစားရလေသည်။
"မငိုနဲ့တော့နော် ခလေးလေး ..."
လင်ဂျာပေါင်သည် ဘယ်လိုမှထိန်းချုပ်ထားလို့မရအောင် ဝမ်းနည်းနေမိတော့သည်။အခုချိန်မှာရရှိထားတဲ့ အိမ်ရှေ့စံမင်းသားရဲ့ ချစ်ခြင်းမေတ္တာနှင့်ဂရုစိုက်မှုတွေဟာ တချိန်ချိန်မှာပျောက်ကွယ်သွားနိုင်တယ်ဆိုတာကိုရော သူဟာလဲကိုယ်လုပ် တော်တစ်ယောက်ပဲဆိုတာကိုရော သူ,တကယ်ကိုမေ့လျော့နေခဲ့သည်။အိမ်ရှေ့စံမင်းသားဆီမှာ သူ့မတိုင်ခင်ကလဲ မောင်းမများစွာရှိခဲ့သလို နောင်တွင်လဲများစွာရှိလာဦးမှာပါပဲ...။
အိမ်ရှေ့စံမင်းသားရဲ့ ဘေးမှာ တခြားဘယ်မိန်းခလေးမှကို သူမမြင်တွေ့ခဲ့ဖူးတာကြောင့် သူဟာယုံကြည်မှုလွန်ကဲပြီး အသိစိတ်လွတ်သွားခဲ့တာပဲ....!ဒီရှုရွှမ်းရင်ရဲ့ စကားတွေက သူ့ကို လုံးဝနိုးကြားစေတယ်......အသိစိတ်ဝင်စေခဲ့တယ်...။
အိမ်.....ရှေ့....စံ.....အ...ရှင် ...သား....
သူ,လက်လှမ်းမှီတဲ့အရာမှမဟုတ်ခဲ့တာပဲလေ....!
သူ အခုတကယ်ကိုပဲ အိပ်မက်ကနိုးလာခဲ့ပါပြီ.....။
အိမ်ရှေ့စံမင်းသားသည် တခြားသူများအားလဲ သူ့လိုပင်ဆက်ဆံမည်ကိုတွေးကြည့်လိုက်ရုံနှင့် မတည်မငြိမ်ဖြစ်ကာ ကျောက်တုံးနှင့်အဖိခံထားရသလို မသက်မသာခံစားခဲ့နေရ၏။
သူ့ရဲ့ခံစားချက်တွေက အကောင်းဖက်ကိုဦးတည်သွားလိုက် အဆိုးဖက်ကိုဦးတည်သွားလိုက်နှင့် တကယ်ကိုမတည်မငြိမ်ဖြစ်နေတော့၏။သူဟာ လက်ရှိအိမ်ရှေ့စံမင်းသားရဲ့ ချစ်ခြင်းမေတ္တာကို ရရှိထားတဲ့ သူ,တစ်ယောက်ဖြစ်ပြီးတော့ အရင်ကလဲ သူထက်ပိုပြီး ဘယ်သူမှအခွင့်ရေးမရခဲ့ကြဖူးဆိုတာ သေ ချာ၏။
အဲ့လိုဆိုပေမဲ့ သူတစ်ယောက်ထဲအိမ်ရှေ့စံမင်းသားကို အပိုင်သိမ်းထားလို့မရဘူးလေ။ အိမ်ရှေ့စံမင်းသားဟာသေချာပေါက် ဧကရာဇ်ဖြစ်လာမဲ့သူ.... ဒီလိုပုဂ္ဂိုလ်မျိုးကို သူ့အနေနဲ့ တစ်ယောက်ထဲ အပိုင်သိမ်းထားဖို့ဆိုတာမဖြစ်နိုင်ဘူး။ဒါက တရားနည်းလမ်းမကျဘူးလေ။ သေချာပေါက်သူဟာ ချစ်ခြင်းမေတ္တာကို ဝေမျှစားသုံးရမှာပင်....!
လင်ဂျာပေါင်သည် ဒါကိုတွေးမိလိုက်နှင့် သူ့ရင်ထဲဗလာင်းဆူနေတော့၏။ဒီလိုပုံံမျိုးနဲ့သူဟာ အိမ်ရှေ့စံမင်းသားကို ချစ်မြတ်နိုးရမှာလား.....?အိမ်ရှေ့စံမင်းသားကတော့ သူကိုဘယ်လောက်ကြာကြာချစ်မြတ်နိုးနိုင်မှာလဲ....? သူတကယ်ကိုပဲ ကြောက်နေမိတော့၏။
"အိမ်ရှေ့မင်းသား ဂျာပေါင်လေ ဗျပ်စောင်း၊ လက်ရေးလှ၊ ပန်းချီ၊ ကဗျာ အားလုံး..... အားလုံးကို လေ့လာပါ့မယ်" လင်ဂျာပေါင် သည် ရွှမ်းရန်ဟန်ချန်အား ငိုယိုရင်းအာမခံနေခဲ့လေသည်။
ရွှမ်းရန်ဟန်ချန်သည် သူ့ရဲ့ခလေးငယ်အား တွဲထူလိုက်ပြီးနောက် သူ့ရင်ခွင်ထဲထည့်၍သိုင်းဖက်ထားလိုက်ပြီးနောက် ခလေူငယ်၏ကျောကုန်းလေး၏ခပ်ဖွဖွပုတ်ပေးနေမိ၏။ ထို့နောက် မျက်ရည်တို့အား ညှင်သာစွာသုတ်ပေးလိုက်ရင်း
''ခလေး မင်းဒါတွေကိုသင်ယူစရာမလိုဘူး။ ဒါတွေကို အပင်ပန်းခံပြီး သင်ယူစရာမလိုပါဘူး။ မင်းက အရာရာပြည့်စုံပြီးသား...။ မင်းဆိုတဲ့ဖြစ်တည်မှုနဲ့တင် ကိုယ့်အတွက်က လုံလောက်တာထက်ပိုနေပြီးသားပါကွာ...''
လင်ဂျာပေါင်တစ်ယောက် ပူပင်ပြီးစိုးရိမ်ခြင်းအပြည့်ဖြင့် သေချာတွေးပြီးပြောလိုက်ပေမဲ့ ရွှမ်းရန်ဟန်ချန်အတွက်တော့ တကယ်ကိုကူကယ်ရာမဲ့စွာရယ်မောချင်လာတော့၏။
"ဂျာပေါင် ကအရမ်းငယ်သေးပြီး အခုထိကောင်းကောင်းအရွယ်မရောက်သေးဘူးလေ။ နောက်ကျရင် ကောင်းကောင်းကြီးပြင်းလာပြီး အခုထက်ပိုပြီးကောင်းကောင်းပြုမူလာနိုင်မှာ သေချာတယ်။ဒါကြောင့်အိမ်ရှေ့စံမင်းသားက ဂျာပေါင်ကို ဂျာပေါင်အရွယ်ရောက်လာတဲ့အထိ စောင့်ပေးပါဦး!ဂျာပေါင်ကို မထားခဲ့ပါနဲ့.....''
သူ ဂျာပေါင်အားကြည့်ပြီးရယ်ချင်သလို သနားလဲသနားနေမိလေ၏။ ရှုရွှမ်းရင်ဘာတွေပြောလိုက်လို့ ခလေးငယ်ကကြောက်လန့်ပြီး ဒီလိုစကားမျိုးပြောတာလဲ....?ခလေးငယ်က သူ,ထားသွားမယ်ဆိုတာကို သေချာပေါက်တွေးထားခဲ့ပြီး လက်ခံနိုင်ဖို့ကိုလဲ ကြိုတွေးနေခဲ့ပြီပင်။
"ခလေး, မင်းကမင်းရဲ့ယောကျာ်းကိုယုံရမယ်လေ!ကိုယ်က မင်းကလွဲရင် ဘယ်သူ့ကိုမှမလိုချင်ဘူး''
ရွှမ်းရန်ဟန်ချန်သည် ဂျာပေါင်အားဆွဲထူလိုက်ပြီးနောက် ကုတင်ပေါ်တွင်ခြေချထိုင်ခိုင်းလိုက်၏။ထို့နောက် ရွှမ်းရန်ဟန်ချန်သည် ဂျာပေါင်၏အူလည်လည်အကြည့်တွေအောက်မှာပဲ ဂျာပေါင်ခြေရင်း၌ မုဆိုးဒူးထောက်ပုံစံမျိုးဖြင့် ဖြည်းညှင်းစွာ ဒူးထောက်ထိုင်ချလိုက်ပြီး
"ငါကိုယ်တော်ရွှမ်းရန်ဟန်ချန် ကျိန်ဆိုပြီးကတိပြုပါတယ်။ အနာဂတ်ကို မင်း,နဲ့ပဲဖြတ်သန်းမယ်! မင်းတစ်ယောက်ထဲသာ ပိုင်ဆိုင်ခွင့်ရတဲ့ ယောကျာ်းဖြစ်ရပါမယ်!''
လင်ဂျာပေါင်သည် အိမ်ရှေ့စံမင်းသား၏လုပ်ရပ်ကြောင့် အလွန်ထိတ်လန့်သွားပြီးနောက် အလန့်တကြားထရပ်ပြီး ရွှမ်းရန်ဟန်ချန်အားငိုယိုပြီး အတင်းဆွဲထူတော့၏။
"ဝူး... အရှင်မင်းသား ဒူးထောက်မနေပါနဲ့လို့... ထလာပါလို့ ... ဟင့်ယောကျာၤး... ရှန်းကုန်း....ထ,လာပါလို့ ... ဝူး... ဝူး”
ရွှမ်းရန်ဟန်ချန် သည်းမခံနိုင်တော့ဘဲ ဂျာပေါင်၏လက်လေးကို ခပ်တင်းတင်းဆုပ်ကိုင်ထားလိုက်ရင်း အလွန်တရာမှအဓိပ္ပါယ်လေးနက်သော အကြည့်ဖြင့် လင်းကျားပေါင်ကို စိုက်ကြည့်နေလိုက်ပြီး "ခလေး ကိုယ့်ကို ယုံပါ....!''
''ဟင့် ဒါပေမယ့်...ဂျာပေါင်ကမကောင်းဘူးလေ ..." လင်ဂျာပေါင်သည် သူရဲ့အိမ်ရှေ့စံမင်းသားအား ဘယ်လိုဆွဲထူလို့မရသည့်အဆုံး သူကိုယ်တိုင်ဒူးထောက်ထိုင်ချလိုက်ရတော့၏။ မျက်ရည်တွေဟာလဲ ဘာမှမမြင်နိုင်လောက်အောင်ပြည့်လျှံ၍ကျနေခဲ့ပြီး ကျယ်လောင်စွာအော်ဟစ်ငိုယိုတော့သည်။
ရွှမ်းရန်ဟန်ချန်ကပေကပ်စွာသာ ခပ်တင်းတင်း ဒူးထောက်နေခဲ့ပြီး ''ခလေးကိုယ့်ကိုယုံပါ ခလေးရယ်။ ကိုယ့်ကို ယုံပေးပါ ပြီးတော့ ဘာကိုမှလဲစိတ်မပူပါနဲ့ သံသယမဝင်ပါနဲ့! မင်းကို ကိုယ့်ဘဝရဲ့ အရေးကြီးဆုံးရတနာတစ်ပါးလို့ မင်းကိုယ်တိုင် ခံစားရတဲ့အထိ ကိုယ်မင်းအလိုရှိတဲ့အရာတိုင်းကိုဖြည့်ဆည်းပေးပါ့မယ် ခလေးရယ်ကိုယ့်ကို ယုံကြည်ပေးပါကွာ.....''
"ဂျာပေါင် ... ယုံပါတယ်၊ဂျာပေါင် ရှန်ကုန်းကို ယုံပါတယ်လို့..." လင်ဂျာပေါင်သည် သူ့နှလုံးသားဟာ အချစ်မှာလုံးဝကျဆုံးခဲ့ပြီဆိုတာကို ခံစားမိနေခဲ့သလိုသူ့ရဲ့မျက်လုံးတွေဟာလဲ ရှန်ကုန်း၏ ချစ်ခြင်းမေတ္တာတွေပြည့်နှက်နေသည့်မျက်ဝန်းတွေကြားမှာ ကျရှုံးနေခဲ့ပြန်သည်။
ဂျာပေါင်အနေနဲ့ကတော့ အိမ်ရှေ့စံမင်းသားဟာ တစ်ချိန်ချိန်မှာ သူ့ကိုငြီးငွေ့သွားခဲ့ရင်တောင်မှ သူဟာအခုဆုံးဖြတ်ချက်အတွက်တော့ ဘယ်တော့မှနောင်တရတယ်လို့ခံစားမိမှာမဟုတ်ချေ။
ထို့နောက် ဂျာပေါင်သည် ခြေဖျားထောက်လျက် ရွှမ်းရန်ဟန်ချန်အားဆွဲယူနမ်းရှိုက်လိုက်လေသည်။သေချာပေါက် ရွှမ်းရန်ဟန်ချန်ကတော့ သူ့ခလေးကစတင်ပြီးထွေးပွေ့နမ်းရှိုက်လာတာကို လက်လွှတ်မခံဘဲ ဂျာပေါင်ရဲ့ နှုတ်ခမ်းလေးကို နက်ရှိုင်းစွာုပန်၍ဖိကပ်နမ်းလိုက်၏။ လင်ဂျာပေါင်သည်လဲ ရွှမ်းရန်ဟန်ချန်၏လည်ပင်းအား စိတ်လိုလက်ရဖက်တွယ်ထားပြီး စွဲမက်ဖွယ်အနမ်းတို့ခေါ်ဆောင်ရာနောက် နာခံစွာအလိုက်သင့်စီးမျောနေမိလေသည်။
သူသည် ခလေးငယ်၏ချိုမြသော နှုတ်ခမ်းများတို့အား အတန်ကြာနမ်းရှိုက်ပြီးမှ တုံ့ဆိုင်းစွာ လွတ်လပ်ခွင့်ပေးလိုက်လေသည်။ ။သူ့ရဲ့ပြင်းရှရှအနမ်းတို့ကြောင့် စိုစွတ်ပြီးဖူးယောင်နီရဲနေတဲ့ နှုတ်ခမ်းလေးကိုကြည့်ပြီး ရွှမ်းရန်ဟန်ချန်၏အကြည့်တို့ နက်မှောင်၍လာတော့၏။
⭐⭐⭐⭐
Advertisement
- In Serial7 Chapters
My Memories of a Flare
During the hottest summer in Ontario's recent history, a spherical bottle is found by two children. Upon discovering it converges sunlight--hot enough to light a fire--they can only deem it to be magic. They could not have guessed that this flame would forge their futures together. Final Word Count: 21480 words The story is complete. Releasing a chapter every day until all seven chapters are posted. Cover Art: photo of a friend that I edited.
8 89 - In Serial51 Chapters
Bodyguard's Love
Luana Aubretia is the princess of Auvrovaria, the most powerful empire in the world. Daughter of Emperor Arthur and the deceased Empress Isadora who died giving birth to her.As the princess's 18th birthday approached, the Order of the Imperial Knights who had been sent on a mission three years ago came back victorious, led by their new captain, Lucas Koraxos, who was also known as their hero.During the ceremony of their return, the young captain was appointed by the emperor to the position of the princess's personal bodyguard. A decision that surprised everyone including the princess herself."I will protect you until my last breath, Your Highness."Why did the emperor suddenly decide to appoint the captain of the knights to that position ? And why does Sir Koraxos look at her with such passion in his eyes ?Ranks:🏅2 - Royalty (31/01/2022)🏅2 - Femalelead (31/03/2022)🏅2 - Historical (09/08/2022)🏅3 - Knight (30/03/2022)🏅4 - Bodyguard (07/07/2021)🏅4 - Imperial (19/03/2022)🏅4 - Princess (03/05/2022)🏅4 - Magicalcreatures (20/07/2022)🏅5 - Nobles (18/05/2022)🏅7- Emperor (01/04/2022)🏅8- Magic (05/05/2022)🏅15 - Fantasy-romance (30/07/2021)🏅26 - Empress (01/04/2022)🏅29 - Sweet-romance (30/03/2022)🏅31 - Romance (31/01/2022)Prizes:🥈- 2nd place in the Cappuccino Book Awards 2021 in Romance
8 191 - In Serial13 Chapters
God of The Criminal's world
We don't need a new world order. We don't need one world government. What we need to do is act like a family, one family of mankind, help one another, bring the most disadvantaged into health and wellbeing. P.S*cover not mine, google on web.
8 192 - In Serial28 Chapters
Lydia | ✔️
"Did you punch him in the face?""No!" She laughed. "That's not the Lydia I know," Carter shook his head, staring up at the grey clouds with a reminiscent expression. "The Lydia I know punched me in the face the first time we interacted.""We were five." She deadpanned but felt a little enthralled that he remembered. "Yeah, so you should be able to hit harder now." Copyright ©️Cover and graphics made by the one and only @Ashely_Mariex
8 242 - In Serial87 Chapters
LOVE ME TILL THE END (REPUBLISHED)
Hello guys!!!!! This is Chubby!!! ᐠ( ᐛ )ᐟWell this book is a completed book and due to some own reasons got deleted. But now as all readers want to reread it again.... So I'm publishing it again!!! Mew Suppasit.......CEO of Jongcheevat enterprises. Rich🤑, Handsome💋, Fun loving😃, Flirty boy😏, Sexy🥵, Everyone is ready to spread their legs for him🔥, A playboy😎, Charming😍, Never care about anyone's feeling😒. Selfish🙄..... but when it's comes to his loved ones, he can do anything for them🥰. Hardworking🤓. Gulf Kanawut..... just an employee on Jongcheevat enterprises, who never comes under Mew's charm....yet.Silent😞, Sweet☺, Caring🥰, Broken💔, Respect everyone🙏🏻, Naive🙂, Hardworking🤓, but due to some incident, he can't easily trust anyone😔😔 except his besties mild🤪 and champ😋. Workaholic😎....most importantly SINGLE DAD👨🏻YES, Gulf was a single dad. He has a son name Type kanawut 👦🏻. Gulf is a rare case in which he can give birth😍😇. But no support from his husband🙁🙁, Marky... Why???You will get the answer soon.. 😉What will happen when the fun loving flirty rich playboy will fall for a broken and alone single dad????Will Mew accept Gulf and his son Type? 🤔🤔Will he LOVE HIM TILL THE END???😍😍 or.... 😲😲Let's find out together.... AGAIN! This is a republishing book! Hope you all will enjoy again!!
8 175 - In Serial32 Chapters
Blood Alpha (Chosen Mate Series 1) [Complete]
Now available on Amazon (paperback & kindle) as well as the three sequels.Every year, each Male Werewolf can choose a mate - and the She Wolf they chooses has no say in the matter. So when the innocent, seemingly young, Gemini Burn turns eighteen she instantly catches the eye of the most infamous Alpha of all - Alpha Layton Vetteriano. Or, as he is better know; the Blood Alpha. The Blood Alpha is cruel, merciless and unforgiving; but can Gemini soften him up with her kind heart and compassionate ways, or will he just ruin her spirit?
8 289

