《မင်းကို ချစ်မဝသေးလို့(BL Novel,Myanmar tran)》Ch-17.2 Unicode
Advertisement
မင်းကိုချစ်မဝသေးလို့
အပိုင်း(၁၇):စိုးထိတ်မှု (Part-2)
.....
"အိုး ဟုတ်တာပဲ!ကျွန်တော်မျိုးတစ်ဖာပဲ သယ်လာခဲ့တာပဲ။ကျွန်တော်မျိုးရဲ့မှတ်ဉာဏ်ကလဲ ကြည့်ပါဦး'' ယွမ်ချင်းသည် အားမလိုအားမရဖြင့်ပြောလိုက်၏။
လင်ဂျာပေါင်သည် ချက်ချင်းပြန်လှည့်ယူရန်ပြင်လိုက်လေရာ ယွမ်ချင်းကလဲ အလျင်မြန်တားလိုက်လေသည်။
"လင်ရှောင်ဇူ ကိုယ်တိုင်သွားစရာမလိုပါဘူး။ကျွန်တော်မျိုးပဲ သွားယူလိုက်ပါမယ်'' ယွမ်ချင်းသည်ပတ်ဝန်းကျင့်အခြေနေကိုအနည်းငယ်ခတ်လိုက်ပြီးနောက် ဥယျာဉ်ငယ်အတွင်းရှိ အရိပ်ရပင်အောက်က ကျောက်ခုံတန်းလျားဆီသို့ ဂျာပေါင်အား ခေါ်သွားပြီးထိုင်စေ၏။
ထို့နောက် မုန့်ထည့်ထားသော သေတ္တာဖာငယ်လေးကိုစားပွဲပေါ်သို့တင်လိုက်ပြီး ''သခင်ငယ်လေး ဒီကခတ္တနားနေပြီးစောင့်နေပါ ကျွန်တော်မျိုးမြန်မြန်သွားပြေးယူပြီး ချက်ချင်းပြန်လာခဲ့ပါမယ်"
"အင်း!ငါ မင်းကိုဒီမှာစောင့်နေပါ့မယ် စိတ်ဖြောင့်ဖြောင့်နဲ့ သွားပါ။"လင်ဂျာပေါ်က ပြန်ပြောလိုက်သည်။
ယွမ်ချင်းထံက်သွားပြီး သိပ်မကြာခင်မှာပဲ နန်းတွင်းအပျိုတော် ကောင်မလေးတစ်ယောက် သူ့ဆီရောက်လာ၏
" သင်က လင်ရှောင်ဇူ လား?"
"အင်း ဟုတ်ပါတယ် "
လင်ဂျာပေါင်က ပြန်ဖြေသည်။
"လင်ရှောင်ဇူ ကျေးဇူးပြုပြီး...ကျေးဇူးပြုပြီး ကျွန်တော်မျိုးမရဲ့သခင်မကိုကူညီပါဦး။ သူမမကြာခင်သေတော့မယ်ထင်တယ် ကူညီပါဦး'' ဟုန်ဝေ့သည် ပတ်ဝန်းကျင်ကိုအကဲ ခတ်ပြီးနောက် လင်ဂျာပေါင်အား အလျင်မြန်ဒူးထောက် အရိုသေးပေး၍ ငိုယိုပြီးအော်ဟစ်အကူညီတောင်းတော့၏။
"တောင်းပန်ပါတယ် ..တောင်းပန်ပါတယ် ကူညီပါ....''
လင်ဂျာပေါင်သည်လဲ တစ်ခါမှဤအရာကို မကြုံဖူးတာ
ကြောင့် ကြောင်တောင်တောင်လေးဖြစ်နေခဲ့၏။သူ့ထက်ပင်ငယ်ပုံရတဲ့ အပျိုတော်မိန်းမငယ်လေးက သနားစဖွယ်ငိုယိုနေတာကြောင့် ''မငိုနဲ့...မငိုနဲ့တော့နော်! မင်းရဲ့သခင်က ဘယ်သူလဲပြောပါဦး? ဘာဖြစ်လာတာလဲဆိုတာသေချာပြောပြလေနော် ဟုတ်ပြီလား? အရင်ထလိုက်လေနော်!''
''လင်ရှောင်ဇူ ကျေးဇူးပြုပြီး ကျွန်တော်မျိုးမရဲ့သခင်ကိုသာ လာရောက်တွေ့ဆုံပေးပါ။ ကျေးဇူးပြုပြီးတော့......."ဟုန်ဝေ့ သည် မတ်တပ်ရပ်ဖို့ကိုငြင်းဆန်ပြီး ဒူးထောက်လျက်သာ သူ့အား မရပ်မနားဆက်လက်တောင်းဆိုနေတော့၏။
လင်ကျားပေါင်သည်လဲ ဆက်ပြီးမကိုင်တွယ်တတ်တော့တာကြောင့် တောင်းဆိုသည့်အတိုင်းသာသဘောတူပြီး သူမနှင့်အတူ လိုက်သွားဖို့ဆုံးဖြတ်လိုက်ရလေသည်။
ဟုန်ဝေ့သည် ခြံဝန်းသေးသေးလေးရဲ့အပြင်ဖက်မှာရှိနေတဲ့ မလွယ်ပေါက်ငယ်တစ်ခုဆီသို့ခေါ်သွားပြီးနောက် ခါးကိုကုန်းဝင်လိုက်ပြီး "လင်ရှောင်ဇူ ကျွန်တော်မျိုးမနောက်ကို လိုက်ခဲ့ပါ''
ဒီမလွယ်ပေါက်ငယ်လေးဟာ တော်တော်လေးသေးငယ်ပြီးတော့ လူနှစ်ယောက်ဝင်နိုင်ဖို့အတွက်ပင် ခက်ခဲလေ၏။သူတို့ ခြံထဲ ဝင်လိုက်တာနှင့် ဝမ်းနည်းစရာကောင်းတဲ့ စောင်းသံကိုကြားလိုက်ရလေသည်။
''လင်ရှောင်ဇူ ဝင်သွားလိုက်ပါ။
သခင်မ အထဲမှာရှိနေပါတယ်"
လင်ဂျာပေါင် အပျိုငယ်လေးညွှန်ပြတဲ့ဆီ ဝင်လာလိုက်တဲ့အခါမှာတော့ အလွန်လှပသောအမျိုးသမီးတစ်ဦး ဗျပ်စောင်းတီးနေတာကိုမြင်တွေ့လိုက်ရလေသည်။ ထိုအမျိုးသမီးကဲ့သို့ လှပပြီးကျက်သရေရှိသည့် အမျိုးသမီးမျိုးကို သူ,တစ်ခါမျှ မတွေ့ဖူးခဲ့ပေ။ထိုအမျိုးသမီးတီးခတ်နေသည့် ဗျပ်စောင်းသံသည်လဲ တကယ့်ကိုဝမ်းနည်းပူဆွေးပြီး ကြားလိုက်ရသည့်သူကိုပင် ဆွေးမြေ့စေလေ၏။ "သင်ဘယ်သူလဲ?"
"မင်းက အိမ်ရှေ့စံမင်းသားရဲ့ လက်ရှိအချစ်တော်လေး လင်အန်ဇူဆိုတာလား?'' ရှုးရွှမ်းရင်တစ်ယောက် အိမ်ရှေ့မင်းသား၏အချစ်တော်ဟုဆိုကြသည့် ဤအကောင်ငယ်လေး ကြည့်ပြီး မယုံနိုင်လောက်အောင်ဖြစ်နေရလေသည်။
ဒီလင်အန်ဇူက တော်တော်လေးနှစ်သက်ဖို့ကောင်းတဲ့ပုံစံလေးဆိုပေမဲ့ အရမ်းကိုသာမာန်ဆန်လွန်းတယ်ဟု သူမထင်တယ်!သူမနဲ့ယှဉ်တော့သိပ်အဆိုးကြီးမဟုတ်ပေမဲ့ နန်းတော်ထဲမှတော့ သူထက်သာတဲ့သူတွေမှတစ်ပုံကြီး...။
အိမ်ရှေ့စံမင်းသားကဒီလိုအကောင်ငယ်လေးကို ဘာလိုဖြစ်ပြီး အဲ့လောက်သဘောကျနေရတယ်ဆိုတာကလဲ သူမလုံးဝနားမလည်နိုင်အောင်ဖြစ်နေရတော့၏။
''ငါက အိမ်ရှေ့စံမင်းသားရဲ့ကြင်ရာတော်လောင်းလျာ ကိုယ်လုပ်တော်တစ်ယောက်ပဲ။အိမ်ရှေ့စံမင်းသားရဲ့ ချစ်မြတ်နိုးမှုကိုသိမ်းပိုက်နိုင်ခဲ့တဲ့ သူဆိုရင်လဲမမှားဘူး''
ထို့နောက် ရှုးရွှမ်းရင်သည် ဂျာပေါင်အားဝမ်းနည်းဖွယ်မျက်ဝန်းများဖြင့်ကြည့်လိုက်ပြီး ''အဲဒီအချိန်တုန်းကတော့ ငါ့အပေါ် အိမ်ရှေ့စံမင်းသားက တကယ်ကိုကောင်းပေးခဲ့ပြီး အစ,စအရာရာကိုဂရုစိုက်ပေးခဲ့ပါတယ်။ဒါပေမယ့် အမှားသေးသေးလေးတစ်ခုကြောင့် နားလည်မှုလွဲပြီး ငါ့ကိုတားမြစ်ပိတ်လှောင်ထားခဲ့တယ်''
လင်ဂျာပေါင်သည် ထိုခပ်ချောချာအမျိုးသမီးဟာ ကြင်ရာတော်ဆိုတာရယ် အိမ်ရှေ့စံမင်းသားကချစ်မြတ်နိုးခဲ့သည်ဆိုတာရယ်ကိုကြားလိုက်ရပြီးနောက် သူ့ဝဲဖက်ရင်အုံ၌ ဆို့နင့်ပြီးတင်းကြပ်စွာခံစားလာရ၏။
လင်ဂျာပေါင်၏ အမူအရာကိုကြည့်ပြီးနောက် သူ့ရဲ့လေသံဟာပိုပိုပြီးမချိတင်ကဲခံစားနေရဟန်သို့ပြောင်းလိုက်ကာ
''အိမ်ရှေ့စံမင်းသားနဲ့မတွေ့ရတာ တစ်နှစ်ကျော်ရှိနေပါပြီ...။ သူ့ကိုအရမ်းသတိရတာပဲ...!
ဝမ်းနည်းစွာပြောနေရင်း ရှုးရွှမ်းရင်၏မျက်ဝန်းတို့၌ မျက်ရည်စတို့ရစ်ဝဲလာပြီးနောက် ကြည်လင်တောက်ပတဲ့ မျက်ရည်စက်တွေဟာ တလိမ့်လိမ့် ကြွေဆင်း၍လာ၏။
"အိမ်ရှေ့စံမင်းသားကိုတွေ့ခွင့်ရဖို့ လင်ရှောင်ဇူကကူညီပေးပါလား....။သေသေချာချာရှင်းပြတာချင်လို့ပါ ကျေးဇူးပြုပြီး ငါ့ကို ကူညီပေးပါ ကျေးဇူးပြုပြီး.....''
အရွယ်ရောက်ပြီးသားအမျိုးသမီးတစ်ယောက် သူ့ရှေ့တွင်ထိန်းမနိုင်သိမ်းနိုင် ပူပင်စွာငိုကြွေးနေတာကိုငေးကြောင်ပြီးသာကြည့်မိရင်း ဘယ်လိုခံစားချက်မျိုး သူ့ရင်ထဲဖြစ်ထွန်းနေသည်ကိုလဲ သူ,မသိတော့ချေ။
"လင်ရှောင်ဇူ ,တောင်းပန်ပါတယ်!ငါ့ကိုကူညီပေးပါ...!'' ရှုရွှမ်းရင် သည် လင်ဂျာပေါင်အား တင်းကြပ်စွာ ထိန်းကိုင်ထားပြီး စိတ်ရှိလက်ရှိရိုက်နှက်ချင်စိတ်တို့အား ခက်ခဲစွာဖိနှိမ့်ထားခဲ့ရ၏။သူမရဲ့ပုံစံဟာ သနားစဖွယ်ဖျော့တော့အားနည်းနေဟန်ရှိနေသော်လည်း သူမ၏ မျက်လုံးများတော့ သူမ,အလိုရှိရာကိုလိုက်လျောဖို့တောက်လောင်စွာ တောင်းရမ်းနေခဲ့လေသည်။
"ငါ..." လင်ဂျာပေါင်တစ်ယောက်ကတော့ ရှုရွှမ်းရင်၏ မျက်ရည်တွေကိုကြည့်ပြီး ဘာလုပ်ရမှန်းမသိဖြစ်နေခဲ့တော့၏။
.
.
ဖျင်အော်နန်းဆောင်တွင်တော့ ရွှမ်းရန်ဟန်ချန်တစ်ယောက် အကြီးအကျယ်ကိုဒေါသတကြီးဖြစ်နေလေရဲ့....။
"ယွမ်ချင်း မင်း!မင်းရဲ့သခင်ကို ဘယ်လိုအမှုထမ်းနေတာလဲ!ဘယ်သူ့ခွင့်ပြုချက်နဲ့ ဘယ်အစောင့်မှမရှိတဲ့အရပ်မှာ သူ့ကိုတစ်ယောက်ထဲထားခဲ့ရတာလဲ!ဘယ်လိုသတ္တိနဲ့လဲ! ဘယ်သူ့ခွင့်ပြုချက်နဲ့မို့ မင်းလုပ်ရဲရတာလဲ!
မင်းရဲ့သခင်ပြန်ရောက်လာရင် ရာဇဝတ်မှုဆိုင်ရာ ပြစ်ဒဏ်ဌာနကို ကိုယ်တိုင်သွားပြီး ကိုယ့်ကိစ္စကိုယ်ရှင်းလာခဲ့!''
"မှန်လှပါ!" ယွမ်ချင်းသည်ဆင်ခြေမပေးဝံပါချေ။ သူ ကျန်ခဲ့သောအချိုပွဲအား ယွိရှန်းဖန်တွင်သွားပြန်ယူခဲ့ပြီး ခပ်မြန်မြန်ပဲ ပြန်လာခဲ့၏။ သို့ပေမဲ့ကျောက်စားပွဲပေါ်တွင် သူတင်ခဲ့သော သေတ္တာဖာငယ်လေးကိုသာတွေ့ရပြီး သူ့ရဲ့သခင်ငယ်လေး လင်ရှောင်ဇူ ကိုတော့ မတွေ့ရတော့ပေ။
ထိုနေရာရဲ့အနီးတစ်ဝိုက်ကော တော်ဝင်ဥယျာဉ်တော်ရဲ့နယ်နမိတ်အတွင်းမှာပါသူရှာကြည့်ပေမဲ့ မတွေ့ရတာကြောင့် တစ်ခုခုလွဲနေပြီဟုခံစားလိုက်ရ၏။အခြေအနေမကောင်းတော့ဘူးဟု အလိုလိုသိလိုက်တာကြောင့် အစီရင်ခံဖို့ကို နန်းဆောင်သို့ အလျင်အမြန်ပြန်လာခဲ့တာဖြစ်လေသည်။
"ကိုယ်ရံတော်တပ်ဖွဲ့ခေါင်းဆောင်ကို နန်းတော်ထဲရှာဖွေခွင့်ပြုတယ်လို့ပြောလိုက်!အိမ်ရှေ့စံရဲ့အရှေ့နန်းဆောင်ဝန်းကို အရင်ဦးဆုံးရှာဖွေခိုင်း!'' ရွှမ်းရန်ဟန်ချန်သည် တကယ်ကိုစိတ်လှုပ်ရှားပြီး ပူပင်နေလေသည်။
ယွမ်ဖူက တုန်ချိချိဖြင့် "အိမ်ရှေ့စံမင်းသား...... ကိုယ်ရံတော်တပ်ဖွဲ့ကို အသုံးပြုမလို့ပါလား...။ဒါ.....ဒါက နည်းနည်းပြင်းထန်နေသလားလို့......''
ရွှမ်းရန်ဟန်ချန်သည် ယွမ်ဖူ၏သတိပေးစကားကိုကြားပြီးနောက် သူ့ကိုယ်သူ အတတ်နိုင်ဆုံးတည်ငြိမ်အောင်ကြိုးစားလိုက်ပြီးနောက် သူဟာအခုချိန်မှာ မင်းသားငယ်ဘဝမှာပဲရှိနေသေးတယ်ဆိုတာကို သတိရသွားလေသည်။ပြီးတော့ သူဟာ လင်ဂျာပေါင်အားကာကွယ်ဖို့အတွက် လျှို့ဝှက်ကိုယ်ရံတော်နှစ်ယောက်ကို အမြဲတမ်းစေလွှတ်ထားပြီး မျက်ခြည်မပြတ်စောင့်ကြည့်စေခဲ့သည်။
သူ့စိတ်နဲ့ကိုယ်နဲ့ကပ်ပြီး အကုန်လုံးကိုသေချာပြန်သုံးသပ်မိသွားတဲ့အချိန်မှာပဲ လျှို့ဝှက်ကိုယ်ရံတော်တစ်ဦးသူ့ဆီရောက်လာပြီး လင်ရှောင်ဇူ, ရှုရွှမ်းရင်၏အဆောင်ခြံဝင်းထဲကိုဝင်သွားကြောင်း လာရောက်လျှောက်တင်လေသည်။
ရွှမ်းရန်ဟန်ချန်တစ်ယောက် အလိုမကျစွာမျက်ခုံးတို့ထိစပ်မတတ်တွန်းချိုးသွားပြီးနောက် ဒီရှုရွှမ်းရင်ဆိုတဲ့ပိုးဖလံမျိုးကတော့ မီးတွင်းထဲမှာပြာကျသေချင်နေပြီပဲဟု တွေးမိလိုက်၏။
.
.
လင်ဂျာပေါင်၏ ရှူထောင့်။
ရှုးရွှမ်းရင်ဒီအမျိုးသမီးက သူ့လို့ပဲအိမ်ရှေ့စံမင်းသားရဲ့ချစ်မြတ်နိုးခြင်းကို ခံခဲ့ရတဲ့သူ။ အိမ်ရှေ့စံမင်းသားက သူမကိုတော်တော်လေးချစ်မြတ်နိုးခဲ့ပြီး မည်မျှအလေးနက်ထားခဲ့ကြောင်းနှင့် ဗျပ်စောင်းလဲအတူတီခတ်ကာ သီချင်းကဗျာတွေလဲစပ်ဆိုခဲ့ကြသလို အတူတူပျော်ရွှင်ခဲ့ကြတယ်ဆိုတဲ့အကြောင်းတွေကို တဖွဲ့တနွဲ့ပြန်ပြောပြလာတဲ့အခါ ဂျာပေါင်သည် မလှုပ်မယှက်ပဲ ရင်နာနာဖြင့်တောင့်တောင့်လေး အသက်မဲ့စွာနားထောင်နေမိ၏။
ဒါဟာ အိမ်ရှေ့စံမင်းသားနဲ့သက်ဆိုင်တယ်ဆိုတဲ့ မိန်းခလေးကို ပထမဆုံးအကြိမ်တွေ့ဖူးတာပဲ။ဒီလိုအလွန်နှစ်လိုဖွယ်ချောမောလှပသော ရုပ်ရည်နှင့်အရည်အချင်းရှိသော ထိုအမျိုးသမီးကို ရင်ဆိုင်လိုက်ရတဲ့ခါ သူဟာလိုအပ်ချက်များစွာဖြင့် အလွန်စိတ်ပျက်ငြီးငွေ့ဖွယ်ကောင်းကြောင်း နားလည်သွား၏။
သူက ဗျပ်စောင်းတီးတတ်ဖို့မပြောနှင့် စစ်တုရင်၊ လက်ရေး လှ ပြီးတော့ ပန်းချီဆွဲတာ..... ဘယ်နေရာမှာမှ သူဟာ အရည်ချင်းမပြည့်စုံတဲ့သူ.....။
အိမ်ရှေ့စံမင်းသားရဲ့ဘေးမှာ ဒီလိုပြီးပြည့်စုံတဲ့အမျိုးသမီးတွေ ဘယ် လောက်များများရှိနေနိုင်မလဲသူမသိဘူး။ ဒါပေမဲ့ သေချာတာက သူဟာကျိမ်းသေပေါက် လိုအပ်ချက်အများဆုံးနဲ့ ပြစ်ချက်အများဆုံး သူတစ်ယောက်ပဲ!
အိမ်ရှေ့စံမင်းသားဟာ သူ့အပေါ်မှာအရမ်းအလေးနက်ထားပြီး ကောင်းပေးတယ်ဆိုတာကို တစ်ခါတစ်ရံသေချာစွာ ခံစားမိလိုက်ပေမဲ့ ဒါကပဲ သူ့ကိုအနည်းငယ်ကြောက်ရွံ့သွားစေ၏။ဒါဟာ တကယ်တော့အိပ်မက်ထဲကနေ့ရက်တွေပဲ!
ဒီလိုနေ့ရက်တွေဟာ ဘယ်လောက်ကြာမယ်ဆိုတာကို ဘယ်သူမှမပြောနိုင်ဘူး။အနာဂတ်မှာအိမ်ရှေ့စံမင်းသား သူ့ကို မနှစ်သက်တော့မည်ကိုတွေးပြီး တကယ်ကိုပင်စိုးရိမ်စိတ်တွေကြီစိုးလာလေသည်။
တစ်နေ့နေ့တွင် သူ့ရှေ့ကအမျိုးသမီးကဲ့သို့ သူသည်လဲဖြစ်လာနိုင်သလို အိမ်ရှေ့မင်းသားအား မတွေ့ရပဲနေသွားရမည်ကို တွေးကြည်မိရုံဖြင့် သူ့နှလုံးသားအား ဓားဖြင့်ထိုးနေသလို တစစ်စစ်ဖြင့်နာကျင်၍လာ၏။အိမ်ရှေ့မင်းသားမရှိပဲ သူတကယ်ပဲ အဆင်ပြေပြေနေသွားနိုင်ပါ့မလား.....
⭐⭐⭐⭐⭐⭐
Advertisement
- In Serial405 Chapters
Ending Maker
Two heroes of the game Legend of Heroes 2 that were rotten water*. Kang Jin-ho in the first place and Hong Yoo Hee in the second place. One day, I opened my eyes and reincarnated as a character in the game… “Hey…you too?” “Hey…me too!” The ending of Legend of Heroes 2 is the destruction of the human world. But if there’s two of us and we’re not alone. If it is also the #1 and #2 in the server rankings. The path of rotten water begins for a perfect happy ending! (*Rotten water is Korean slang for someone who has played a certain game for a long time and mastered everything. Think of them as oldbies, veterans, or game pros.)
8 93 - In Serial19 Chapters
Explosions/Shadows (Bakugo X Reader)
I write this on wattpad, fanfiction.net, and A03. Wattpad: https://www.wattpad.com/story/231598824?utm_source=android&utm_medium=link&utm_content=share_writing&wp_page=create&wp_uname=MelodyRenslow&wp_originator=Sr5KaHHc22l68xfNJt2J2GrYueewUao17MZPlOy4zNox8xHA8nBBMUtMQVB4MNjafebbo5EuLnhv9u360%2FvJ%2FARbCki11gJCZJLDtf7yc3j47bQx86CZgUwo4lybJHdz fanfiction.net: https://www.fanfiction.net/s/13797722/1/Bakugo-X-Reader-Explosions-and-Shadows A03: https://archiveofourown.org/works/30310224 Cover done by gej302, thanks so much for making it! I love it!
8 152 - In Serial51 Chapters
Bound by Desire | Completed
'So he wanted to have sex with me. My professor knows I'm an escort. And he wants to have sex with me.'Kyser "Desire" Moore was never supposed to be more than a statistic. With both parents gone and raised by her grandmother, she struggled not to fall victim to circumstance. She now finds herself in her second year of college, doing whatever she needs to succeed. Insert a professor who seems hellbent on failing her, and they enter an ill-advised relationship destined to fail from the start-started 5/3/19-completed 6/18/19
8 171 - In Serial8 Chapters
Heartburn
When a young woman, Leah, attempts to escape her crumbling, dangerous relationship with her abuser, Marie, everything changes drastically. Surrounding herself with better friends and with her kitten companion, Leah takes a journey to discover herself and her dreams. Expect to see LGBT+ characters and their relationships.
8 84 - In Serial13 Chapters
Teasing maid-sama
After spending his whole life in solitude and misery Dan is reincarnated as Alphard beathauxen the 1st, richest man alive(after his dad of course). But he isn't interested in the kingdom's prosperity or gaining power. He wants to be with his one true love. But, much to his surprise, his one true love is....A Maid! A youthful love comedy begins!
8 175 - In Serial47 Chapters
Business Wife
"I'm sorry Alex, but we are not possible," I rejected the hottest guy on our campus because I was engaged with Maru, the heir of the richest family in the country.I don't have a right to choose the person I want to be with, because I was born for my obligation in our family business. My friends said I was an emotionless person, but I knew even if I tried to fight for the person I love, I can't win against my parents.My dad married my mom for business. There was no love in them. So were Maru and I.However, Maru had a girlfriend. Without hesitation, he broke up with her because he was going to marry me. I was happy on our wedding day until his girlfriend showed up. #1 Business
8 256

