《မင်းကို ချစ်မဝသေးလို့(BL Novel,Myanmar tran)》Ch-17.1 Unicode
Advertisement
မင်းကိုချစ်မဝသေးလို့
အပိုင်း(၁၇):စိုးထိတ်မှု (Part-1)
....
မနက်ဖြန်ယွိရှန်းဖန်သို့အတူမသွားခင် နေ့ခင်းတရေးအိပ်သွားရမည်ဟု ရွှမ်းရန်ဟန်ချန်နှင့်သဘောတူညီမှုထားခဲ့လေသည်။ယွိရှန်းဖန်မှဖက်ထုပ်များမကြာမကြာပို့ပေးပါသော်လည်း သူကတော့ ယွိရှန်းဖန်တွင်နေခဲ့ရတဲ့ နေရက်တွေကို အမြဲသတိတရရှိနေပြီး မမေ့နိုင်ဖြစ်နေခဲ့လေသည်။
နေ့ခင်းတရေးအိပ်ပြီးချိန်မှာတော့ ယွမ်ချင်းသည် ညွှန်ကြားခိက်အတိုင်း ယွိရှန်းဖန်ရှေးရှုပို့ဆောင်ပေးလေ၏။
တော်ဝင်ပင်မဆောင်၏ အပြင်ဘက်ရှုခင်းသည် လွန်ခဲ့သည့်တစ်လ,ကျော်ကာလကအတိုင်းမပြောင်းမလဲရှိနေသေးသော်လည်း သူကိုယ်တိုင်သည်ကား များစွာပြောင်သလဲမှုတွေကိုကြုံ တွေ့ခဲ့ရလေ၏။
ယွိရှန်းဖန်(ယွိဒန်ဖန်) မီးဖိုဆောင်ထဲဝင်သွားလိုက်ရုံနှင့် မွှေးရနံ့တွေကို အလွယ်တကူရလေသည်။ ဒီရင်းနှီးနေတဲ့ သင်းပျံ့ပျံ့လေထုဟာ သူ့ရဲ့ခံစားချက်တွေကို aကာင်းမွန်လာစေလေရာ သူသည်လဲ တဝကြီး lအသက်ပြင်းပြင်းရှုရှိုက်မိလေတော့၏။ထို့နောက် လင်ယန်အားရှာဖွေကြည့်မိတော့သည်။လင်ယန်ရဲ့ အရိပ်ယောင်ပင်မတွေ့ရပေမဲ့ မျက်နှာစိမ်းအခြား ၂ယောက်ကိုတော့ တွေ့လိုက်ရလေသည်။
"အန်ဇူ မင်းပဲ!ငါတို့ကိုတွေ့ဖို့ပြန်လာတာလား? ယိလင်သည် အန်ဇူကိုရုတ်တရက်မြင်လိုက်ရတာကြောင့် စိတ်လှုပ်ရှားသွားပြီး အလွန်ပျော်ရွှင်နေသောလေသံဖြင့်ပြောလိုက်၏။
"ဟုတ်တယ်! အမကိုလွမ်းလို့ အမတို့ကိုသတိရလို့တွေ့ဖို့ပြန်လာတာ...! မင်းကိုတွေ့ဖို့ပြန်လာတာ! လင်ယန်ကော ဘယ်သွားနေတာလဲ?သူတို့ကအခန်းသစ်မှာနေကြတာလား?" လင်ကျားပေါင်က ယိလင်ကိုတွေ့လိုက်ရတော့ အရမ်းပျော်သွားပြီး မေးလိုက်၏။
"အမ်း....! မင်းကအရမ်းလှလာတော့ မင်းကို ငါမမှတ်မိတောင်မမှတ်မိချင်တော့ဘူး။ အိမ်ရှေ့စံမင်းသားကလဲ မင်းကို စွဲလန်းနေတယ်လို့ ငါကြားတယ်" ယိလင်ဟာပြုံးပြုံးလေးပြောလိုက်ပြီးနောက်
"ပြောပါဦး ဘာတွေနဲ့ဆွဲဆောင်ထားတာတုန်း!!!''
မီးဖိုချောင်ရှိ အခြား၂ယောက်ကလည်း လင်းကျားပေါင်အား လာရောက်နှုတ်ဆက်ဂါရဝပြု၏။
လင်ဂျာပေါင်သည် ယိလင်အားရှက်ရွံ့စွာပြုံးပြပြီး
"ဟီးဟီး... ယိလင်ကလဲအရမ်းမစပါနဲ့လား....''
"ဟားဟား!ဂျာပေါင်... မင်း လုံးဝမပြောင်းလဲသေးဘူးပဲ!လင်ယန်နဲ့ယိရှောင်က မိဖုရားကြီးကိုအဆာပြေမုန့်သွားဆက်သကြတယ်။သူတို့ ခဏနေမှပြန်လာတော့မှာပေါ့....''
"အိုး! ဒါဆို သူတို့ပြန်လာတာကို စောင့်သွားလိုက်တော့မယ် ဒါနဲ့အမ ယိရန်ကောမတွေ့ပါလား?သူ ဘယ်သွားနေလို့လဲ?'' လင်ဂျာပေါင်ကမေးလိုက်သည်။
ဂျာပေါင်၏ အမေးကိုနားထောင်ပြီးနောက် ယိလင်သည် မျက်နှာအနည်းငယ်ပျက်သွားပြီးနောက်
"ယိရန်လား အင်းသူက ...အခုနောက်ပိုင်း အအေးမိလွယ်ပြီးမကြာမကြာဖျားလာတတ်တယ်လေ.....။နင် သိတဲ့အတိုင်း ငါတို့အဆောင်က ဧကရီမယ်မယ်ကြီးအတွက်အထူးချက်ပြုတ်ပေးရတဲ့အဆောင်မလား....။ ဒါကြောင့် ကြာလာတော့ သူနဲ့ရေရှည်အဆင်မပြေတော့ဘူးလေ....။
အဲ့ဒါကြောင့်ပဲ လင်ယန်က သူ့ကို တခြားနန်းဆောင်ကို ခဏဖြစ်ဖြစ် ပြောင်းထားမယ်ဆိုပြီး ဆုံးဖြတ်လိုက်တယ်။ သူကျန်းမာရေး ကောင်းသွားရင် ပြန်ခေါ်ထားမယ်ထင်တယ်'' ယိလင်သည် ယိရန်တစ်ယောက်ဘယ်တော့မှ ယွိရှန်းဖန်ကိုပြန်မလာနိုင်တော့ဘူးဆိုတာကို သိနေခဲ့လေသည်။
''အင်း'' လင်ဂျာပေါင်ဒီအတောတွင်း ယွိရှန်းဖန်မှာလဲ အပြောင်းလဲတစ်ချို့ရှိနေမယ်လို့ တစ်ခါမှမတွေးမိခဲ့ချေ။
ထိုအချိန်တွင် လင်ယန်နှင့်ယိရှောင်တို့လဲ ပြန်ရောက်လာကြလေ၏။သူတို့နှစ်ယောက်သည်လဲ ဂျာပေါင်ကို မမျှော်လင့်ပဲ တွေ့လိုက်ရတာကြောင့် အရမ်းပျော်သွားကြတော့၏။
"လင်ရှောင်ဇူပါလား! ဘယ်လိုဖြစ်ပြီး ဒီကိုရောက်လာရတာလဲ....?"လင်ယန်သည်ကဝမ်းသာအားရဖြင့် ပြောလိုက်ပြီးနောက် "အမလေး...သေချာကြည့်ပါရစေအုန်း! အမ်း...!နည်းနည်းလေးပြည့်လာလို့ထင်တယ် ပိုပြီးလှလာတယ်..။"
"လင်ရှောင်ဇူက အရပ်ပိုရှည်လာပါတယ်နော်!" ယိရှောင် က လှမ်းထောက်ပေးလိုက်လေသည်။
"ဟုတ်တယ် ငါ့တို့ဆီမှာနေတုန်းထက်စာရင် အခုနည်းနည်းပိုမြင့်လာတယ်'' လင်ယန်သည်သူ့လက်ဖြင့် အရပ်နှိုင်းယှဉ်ဟန်ပြုပြီးပြန်ပြောလိုက်၏။
"ဟီးဟီး! တကယ်လား...!"သူ့ကိုနည်းနည်းလေး အရပ်ပိုရှည်လာတယ်လို့လဲပြောလိုက်ရော ဂျာပေါင်သည်တကယ်ကိုပင် ဂုဏ်ယူပြီးကျေနပ်ပျော်ရွှင်နေတော့၏။ထို့နောက်ဂျာပေါင်သည် လင်ယန်အား
''ဂျာပေါင် အစာပြေမုန့်နည်းနည်းလုပ်ချင်လို့ ရလားဟင်....! အိမ်ရှေ့စံမင်းသားအတွက် လုပ်ပေးချင်လို့ပါ.....''
"ရတာပေါ့!ကူညီပေးရဦးမလား? မင်းဘယ်လိုလုပ်ရတယ်ဆိုတာကော မှတ်မိသေးရဲ့လား?'' လင်ယန်ကကူညီပေးရန်အတွက် ပြန်မေးလိုက်တော့သည်။
"တစ်ယောက်ထဲလုပ်လို့အဆင်ပြေပါတယ် ဂျာပေါင်မမေ့သေးပါဘူး"လင်ဂျာပေါင်သည်သူ့လက်တွေကို ဆေးကြောပြီးနောက် ပြင်ဆင်မှုစရာတွေကိုပြင်ဆင်လေ၏။
လင်ဂျာပေါင်သည် တစ်နေ့ခင်းလုံး အဆာပြေမုန့်အများအပြားကိုလုပ်နေခဲ့လေသည်။အားလုံးပြီးသွားပြီးတဲ့နောက်မှာတော့ ယွိရှန်းဖန်ကအမတွေကိုနှုတ်ဆက်ပြီး ယွမ်ချင်းနှင့်အတူ ဖျင်အော်နန်းဆောင်သို့ ပျော်ရွှင်စွာပြန်လာခဲ့ကြတော့၏။
ယွမ်ချင်းသည်လဲ အဆာပြေမုန့်ထည့်လာခဲ့သောသေတ္တာအံ့ခွက်ငယ်အားကိုင်ဆောင်ရင်း ''လင်ရှောင်ဇူရဲ့ လက်ရာက တ ကယ်ကောင်းတာပဲ! အိမ်ရှေ့စံမင်းသားအကြိုက်တွေ့မှာ သေချာတယ်'' သူကိုယ်တိုင်သည်လဲ ရှောင်ဇူရဲ့လက်ရာအချိုပွဲကို ကိုယ်တိုင်မြည်းစမ်းခွင့်ရတာက တကယ်ကံကောင်းတယ်လို့ ခံစားနေရတာဖြစ်သည်။အဲ့မုန့်တွေက အရမ်းအရသာရှိလွန်းတယ်!
''နောက်ကျရင် ကုန်းကုန်းနဲ့ချူးယိတို့အတွက်ပါ ပိုလုပ်ပေးမယ်နော်"လင်ဂျာပေါင်က ယွမ်ချင်းကိုပြောလိုက်၏။
"ဒါက ကျွန်တော်မျိုးတို့လိုနိမ့်ကျတဲ့သူတွေအတွက် ကောင်းချီးပေးခံရတာပါပဲ....'' ယွမ်ချင်းသည် ဂျာပေါင်လိုအေးချမ်းပြီးကြင်နာတတ်တဲ့သူမျိုးကို သခင်အဖြစ်တော်ထားရတဲ့သူ့ကိုယ်သူရော တခြားကလေးတွေအတွက်ကော တွေးမိပြီးဂုဏ်ယူနေခဲ့လေသည်။
လင်ဂျာပေါင် ဖျင်အော့နန်းဆောင်ကိုပြန်ရောက်သွားတဲ့အခါ ရွှမ်းရန်ဟန်ချန်သည် အရှေ့နန်းဆောင်၏စာကြည့်ဆောင်သို့ပြန်သွားခဲ့ပြီဖြစ်သည်။ဒါကြောင့် ဂျာပေါင်သည်လဲသွားပြီးအနှောင့်ယှက်မပေးဝံ့ချေ။ဒါပေမဲ့ဖက်ထုပ်ကပူပူနွေး နွေးလေးမှ ပိုပြီးစားလို့အရသာရှိတာ...။
ယွမ်ချင်သည်ငြိမ်ကျပြီးတွေဝေသွားတဲ့ သူ့ရဲ့သခင်ငယ်လေး၏ပုံရိပ်လေးကိုမြင်လိုက်ရတာကြောင့် အပြင်ကိုပြေးထွက်သွားလေ၏။ ခဏအကြာတွင်အမောတကောဖြင့် ပြန်ရောက်ပြီးနောက်
''သခင်ငယ်လေးအနေနဲ့ စာကြည့််ဆောင်ကို လာချင်ရင်လာလို့ရတယ်လို့ ယွမ်ဖူကုန်းကုန်းကြီးကပြောလိုက်ပါတယ်''
"မသွားတော့ပါဘူး။ အတွင်းစာကြည့်ဆောင်က အရေးကြီးကိစ္စတွေတိုင်ပင်ဆွေးနွေးတဲ့ ဝန်ကြီးတဲ့နေရာလေ။ ဂျာပေါင်သွားရှုပ်ဖို့အဆင်မပြေလောက်ဘူးထင်တယ်။''လင်ကျားပေါင်တုံ့ဆိုင်းစွာပြန်ဖြေလေ၏။
"သခင်ငယ်လေးအနေနဲ့ အဲ့ဒါကို တွေးပူနေစာမလိုပါဘူး။အိမ်ရှေ့စံမင်းသားကိုယ်တိုင်က သခင်ငယ်လေးအနေနဲ့ သူ့ကိုလာတွေ့ခဲ့ရင် ဘယ်အချိန်ဖြစ်ဖြစ်အတွင်းဆောင်ထဲဝင်ခွင့်ပေးလိုက်ဆိုပြီး ကုန်းကုန်းကြီးကိုမှာထားတယ်လို့ ယွမ်ဖူကုန်းကုန်းကပြောလိုက်ပါတယ်"
သခင်ငယ်လေးအပေါ်ထားရှိတဲ့ အိမ်ရှေ့စံမင်းသားရဲ့ချစ်ခြင်းမေတ္တာတရားဟာ အရမ်းကိုထူးခြားပြီးကြီးကျယ်ခမ်းနားမှုကို ခန့်မှန်းလို့တောင်မရနိုင်ဘူးဟု ယွင်ချင်းတွေးမိနေလေသည်။
နောက်ဆုံးတွင်တော့ လင်ဂျာပေါင်သည် အရှေ့နန်းဆောင်၏စာကြည့်ဆောင်သို့ သွားရန်ဆုံးဖြတ်လိုက်လေသည်။ဒါဟာအတွင်းဆောင်သို့လာရောက်တဲ့ သူရဲ့ပထမဆုံးအကြိမ်ဖြစ်ပေမဲ့လဲ အစောင့်အမှုထမ်းတွေကတော့ သူ့အားလေးစားစွာကြိုဆိုနှုတ်ဆက်ကြလေသည်။
"တော်ဝင်အိမ်ရှေ့စံအရှင့်သား...လင်ရှောင်ဇူရောက်လာပါပြီ!" ယွမ်ဖူသည် လင်ရှောင်ဇူကိုတွေ့လိုက်ရပြီးနောက် သူ့အိမ်ရှေ့စံမင်းသားအား လှမ်း၍ အကြောင်းကြားလျှောက်တင်လိုက်လေ၏။
"ခလေးရောက်လာပြီလား ဝင်ခဲ့လေ! " ရွှမ်းရန်ဟန်ချန် သည် မှင်စုတ်တံကိုချထားလိုက်ပြီးနောက် လင်ဂျာပေါင်အား သူ့ဆီသို့လာရန်အချက်ပြလိုက်၏။
"အိမ်ရှေ့စံမင်းသား ဂျာပေါင်ဖက်ထုပ်လုပ်လာခဲ့တာမို့ မြည်းစမ်းကြည့်ပေးပါဦး'' လင်ဂျာပေါင်သည် ဖက်ထုပ်ပန်ကန်ကြီးကိုကိုင်လျက် ရွှမ်းရန်ဟနမချန်ဆီသို့ ဖြည်းဖြည်းချင်းလျှောက်သွားလေသည်။
ရွှမ်းရန်ဟန်ချန် သည် လင်ဂျာပေါင်အားသူ့ပေါင်ပေါ်သို့ဆွဲခေါ်လိုက်ပြီးနောက် ဂျာပေါင်၏ လက်သေးသေးလေးတွေကိုသေချာစွာကိုင်၍ အနီးကပ်စစ်ဆေးကြည့်ရှုနေတော့၏။
"နာနေလား?ပင်ပန်းသွားနေမှာပဲ.....''
"ရပါတယ် ဂျာပေါင်လုံးဝမပင်ပန်းပါဘူး။" လင်ဂျာပေါင်သည် ရွှမ်းရန်ဟန်ချန်၏ ပေါင်ပေါ်တွင်ထိုင်နေရတာကြောင့် အနည်းငယ်ရှက်ရွံ့စွာဖြင့်ပြန်ဖြေလိုက်၏။
ဒီမြင်ကွင်းကိုမြင်တဲ့ ယွမ်ဖူသည်လဲသခင်ငယ်လေးအတွက် လက်ဖက်ရည်ခပ်မြန်မြန်ပဲဆက်သလိုက်ပြီးနောက် တိတ်ဆိတ်စွာအရိုပေး၍ အဆောင်ပြင်သို့ထွက်လာလိုက်တော့သည်။
"ဒါက ငွေမျှင်ရည်လို့ခေါ်တယ်။သူ့အရသာကတော်တော်လေးချိုတယ်လို့ပြောလို့ရတယ်။သောက်ကြည့်ချင်ရဲ့လား?မင်းကြိုက်မှ ဆက်သောက်နော်'' ရွှမ်းရန်ဟန်ချန်သည် လက်ဖက်ရည်တစအခွက်ငဲ့လိုက်ပြီးနောက် သူ့ခလေးမြည်းစမ်းရန်အတွက် ထိုခလေးငယ်လေးလက်ထဲသို့ ထည့်ပေးလိုက်၏။"တစ်ငုံလောက်စမ်းသောက်ကြည့်!"
"ချိုပြီး သောက်လို့ကောင်းတယ် " လင်ဂျာပေါင်သည် လက်ဖက်ရည်၏အရသာကို နှစ်ခြိုက်စွာ ပြန်ပြောပြလိုက်၏။
"အင်း ကြိုက်တယ်ဟုတ်!'' ရွှမ်းရန်ဟန်ချန်က သဘောကျစွာပြန်ပြောလိုက်သည်။
"ယောကျာ်း ဂျာပေါင်လုပ်ထားတဲ့ဖက်ထုပ်ကို မြန်မြန်မြည်းကြည့်ပါဦး။ဖက်ထုပ်ကအေးသွားရင် အရသာကသိပ်မကောင်းတော့ဘူး " ဂျာပေါင်သည် ရွှမ်းရန်ဟန်ချန်ထံသို့နို့ကြက်ဥပေါင်းကို အရင်ဆုံးယူပြီးခွံ့ကျွေးလိုက်၏။ "ဒီနွားနို့ကြက်ဥပေါင်းက အရမ်းအရသာရှိတယ်။ဂျာပေါင် အကြိုက်ဆုံးပဲ။"
နို့ကြက်ဥပေါင်းသည် လင်ကျားပေါင်ပထမဆုံးသင်ခဲ့ရသော မုန့်ဖြစ်ပြီး သူလဲတော်တော်လေးအကြိုက်တွေ့ခဲ့၏။ကြွယ်ဝသောနို့ရနံ့က သူ့ကိုတော်တော်လေးဆွဲမက်စေသည်။
"အင်း! အရသာရှိတယ်။ကိုယ်စားဖူးသမျှထဲမှာ အကောင်းဆုံးနဲ့အရသာအရှိဆုံး သရေစာပဲ။ခလေးက တော်လိုက်တာ!"ရွှမ်းရန်ဟန်ချန်သည် လင်ဂျာပေါင်အား နမ်းလိုက်ပြီးချီးမွန်းစကားဆိုလိုက်သည်။
"ရှောင်ကုန်းကြိုက်တယ်ဆိုရင် နောင်ကျရင်လဲရှောင်ကုန်း အတွက်ဂျာပေါင်အမြဲလုပ်ပေးပါ့မယ်။" သူ့လက်ရာကို ရွှမ်းရန်ဟန်ချန် ကြိုက်တယ်ဆိုတာကြောင့် အရမ်းပျော်နေခဲ့တော့၏။
နေ့လည်ခင်းတွင်တော့ ရွှမ်းရန်ဟန်ချန်နှင့်လင်ဂျာပေါင်တို့သည် တစ်ယောက်ကိုတစ်ယောက် အဆာပြေမုန့်တွေခွံ့ကျွေးရင်း အချိန်ကုန်ဆုံးခဲ့လေရဲ့....။
နောက်ရက်တွေမှာလဲ လက်ဂျာပေါင်သည် ယွိရှန်းဖန်(ယွိဒန်ဖန်း)ကို အချိုပွဲအတွက်အချိန်ရတိုင်းသွားမည်ဖြစ်၏။ယုံရှောင်နန်းဆောင်၏ ယွိရှန်းဖန်သည်သူ့ရဲ့ထိန်းချုပ်မှုအောက်၌ဘေးကင်းနေသေးသည်ဟုယူဆထားသည့်ကာလပတ်လုံး ခလေးငယ်လေးသာပျော်တယ်ဆိုရင် သူ့အနေနဲ့ကန့်ကွက်တားမြစ်ခြင်းပြုမည်မဟုတ်ပဲ သွားခွင့်ပြုထားမည်ဖြစ် သည်။
နောက်နေ့မှာလဲ လင်ဂျာပေါင်(ကျားပေါင်)သည် အချိုပွဲမုန့်တွေကိုပျော်ရွှင်စွာ ပြင်ဆင်နေခဲ့လေသည်။ဒီနေ့ လင်ယန်ဆီက ခေါင်ရမ်းပန်း(နတ်ပန်း)ကိတ် မုန့်လုပ်နည်းအသစ်ကို သင်ယူခဲ့တာကြောင့် အတော်လေးပျော်ရွှင်နေခဲ့တာဖြစ်ပြီး ဒီမုန့်ကို ဖျင်အော်နန်းဆောင်းကသူတွေစားဖို့အတွက်ပါ ပိုလုပ်ထားခဲ့တာဖြစ်သည်။
(T/N:ခေါင်ရမ်းပန်း ကို နတ်ပန်းလို့လဲခေါ်ပါတယ်။သူက မကောင်းတဲ့ပန်းမဟုတ်ပဲ negative energy တွေကိုစုတ်ယူတဲ့ပန်းလို့အဆိုရှိပါတယ်တဲ့။ရှေးဂရိခေတ်မှာ ဒီနတ်ပန်းလို့ခေါ်တဲ့ ခေါင်ရမ်းပန်းလက်ဖက်ရည်ကို မျိုးရိုးကြီးမြင့်သူတွေကိုသာ သောက်ခွင့်ပေးခဲ့ပါတယ်တဲ့။ဒီပန်းအကြောင်းသေချာသိချင်ရင် ဂလူးဂလဲမှာhibiscus ဆိုတဲ့နာမည်နဲ့ရှာကြည်လို့ရပါတယ်နော်)
ယွမ်ချင်းနှင့်အတူ ဖျင်းအော်နန်းဆောင်သို့ပြန်လာသောလမ်း၌ ဂျာပေါင်(ကျားပေါင်)သည် တစ်ခုခုကိုတွေးမိလိုက်တာကြောင့်
''အာ...!ငါတို့ မုန့်ဖာတစ်ဖာကျန်ခဲ့သေးတာပဲ....''
⭐⭐⭐⭐⭐
Advertisement
- In Serial50 Chapters
Billionaire's Innocent Wife. (Completed)
Randhir Singh Shekhawat, the 27 years old elder son of Shekhawats ,one of the richest business family of the continent is probable CEO of the "Shekhawat Corporation".He has everything a person only dreams of , enormous wealth,fame power and women always ready to throw themselves on his bed except a happy family.His father indulge himself in taking the business on new height while his mother coming in the same strata .Their marriage was just for cover pose and parties that's why he covered himself in a shell of arrogance,rudeness and anger.The only person who loved him was his grandfather Adhiraj Singh Shekhawat with whom he could share his most secret emotions.Sanyukta Agrawal,a 21 year old girl was also sailing in the same boat had a cruel step father ,brother and a sick mother in the name of family.She is too innocent to understand the real intention of anybody.Her dreams were of a ordinary girl.She lost all the hopes of getting love when her mother was almost taking her last breath.All that left for her is only hatred and insecurities .What will happen when Adhiraj ask her to marry his beast womaniser grandson.What will be his reaction when he had taken the oath of not to get marry?Read this billionaire's love story.
8 156 - In Serial20 Chapters
No Fear Shakespeare-Merchant Of Venice
ALL CREDIT TO SPARKNOTESCrowther, John, ed. "No Fear The Merchant of Venice." SparkNotes.com. SparkNotes LLC. 2005. Web. 16 May 2016.
8 227 - In Serial52 Chapters
Baby boy
Spin off of I am human: can be read as a stand alone----After Dean disappeared out of Trevor's life, he lost himself.A few years later, he ran into Jaylynn. The small framed boy wearing a skirt, pastel colors and fake nails.Little did he know that this small boy would change him for the better.Updated 12/21/20#86 kinky# 157 mxbout#188 emotionalrollarcoaster# 238 characterdevelopmentout# 305 wholesomeout# 460 bdsmrelationshipout# 668 lgbtloveout
8 134 - In Serial52 Chapters
I was a Mistake
Eden's mother considers her the ruin of a perfect family. When the only father she's ever known leaves Eden and her family behind at the age of three, Eden becomes the brunt of abuse and neglect. On her first day of school, Eden meets Noah, a little boy in her class that greets her and fast becomes her best friend. Abuse and neglect have led Eden to become mute and terrified of the world around her. It seems Noah is the only one that understands her without saying a word.After many years of friendship, Eden shows up at Noah's house: broken, bruised, and afraid.•Best Ranking: #4 in ChicklitStart Date: December 2015Completed: January 2017Last Edited: June 14, 2018 Stealing my story will not be tolerated!
8 135 - In Serial46 Chapters
Inevitable
She was found in the woods, abandoned by her family, at just the age of 1. He found her, and was besotted by her, at just the age of 4. True childhood sweethearts, Easton and Noelle were inseparable. However, growing a liking towards each other at such young ages comes at a price, especially when you are the future Vampire King.All residents in the Kingdom of Highland had heard of the news. A baby girl found, wrapped up in a baby pink blanket, in the mystic woods, by none other than their King. Under the spell of the tiny thing, all the Vampires loved and adored her. What they didn't know, was that she was a fox shifter. And not just any fox shifter, the only remaining one. She was a diamond in the rough, and everyone wanted her, especially since she had killer powers, the perfect weapon against all enemies. I guess you could say, the chances of her being taken, were inevitable.============================================================"My King! Over here, look!", the voice caught the attention of Alexander Mitchell. He carried his stubborn 4 year old son, Easton, who was determined to go with them, towards the voice. "Dad, take me to her! Please?" Easton pleaded, his father didn't know what he was talking about. He thought Easton had gone mad. After a few more steps, wails and whimpers were heard. Alexander quickened his stride, jogging to the source of sound. What he saw absolutely shocked him. His loyal companion, standing beside a small basket, and inside, a baby girl. He stood there, mouth agape and feet stuck.Easton struggled against his fathers hold, causing Alexander to place him on the floor. He ran over to the basket, kneeling down, coming face-to-face with the small girl. She had stop crying once she saw the small boy in front of her, causing him to smile triumphantly. "I finally found you."
8 221 - In Serial109 Chapters
Paris Wills is a dreamer. His father always said he got it from his mom, an artist who was unlike any other. Her virtue was painting, and Paris' is poetry. No matter where he is, Paris finds inspiration for his poems. In the summer after his sophomore year of high school, Paris finds his biggest inspiration yet, one to overshadow his mom's untimely death. Paris has met Grayson Pierce, the new boy next door, who is not only friendly but also incredibly cute. With his blond waves and charismatic smile, Grayson has found a new place in Paris' heart.Still, Paris cannot help but wonder if his budding love for Grayson is merely one-sided. For now, Grayson's only friend is Paris. Yet, when school starts again after the summer, will he stick around? In order to ensure that Grayson stays, Paris must make one of the most difficult choices of his life. Should he play it safe and ignore his romantic feelings or take a chance and let himself bathe in color?💕 Featured on @BACommunity "LGBTQ+" reading list. 💕 Featured on @BullyingPrevention "LGBTQIAP+ Pride" reading list. 💕 Featured on @ComeAndSitWithUs "#LGBTQIAP+ - I am who I am" reading list. 💕 Featured on @cupid "Love Conquers All" reading list.💕 Featured on @CupidsBookClub "Eros" reading list.💕 Featured on @CupidsBookClub "Cupid's Arrow (Summer 2020 Edition)".💕 Featured on @FreeTheLGBT "Coming of Age" reading list.💕 Featured on @Romance "Young Love" reading list. 💕 Featured on @YA "Love, Actually" reading list.💕 #1 in poem (out of 151K stories).💕 #1 in gaycharacters (out of 229 stories).💕 #3 in teenager (out of 33.1K stories). 💕 #3 in cupid (out of 3.2K stories). ⚠️ Trigger Warning ⚠️ This story depicts loss, grief, drug addiction, depression, and suicide. Read at your discretion.© ALL RIGHTS RESERVED
8 183

