《မင်းကို ချစ်မဝသေးလို့(BL Novel,Myanmar tran)》Ch-15.1 Unicode
Advertisement
မင်းကိုချစ်မဝသေးလို့
အပိုင်း(၁၅):ပြန်လည်ဆုံစည်းခြင်း (Part-1)
....
ဆောင်းဦးရာသီပွဲတော်နီးကပ်လာသည်နှင့်အမျှ လင်ဂျာပေါင် ၏ စိတ်ခံစားချက်သည်လဲ ပိုပိုပြီးဆိုးဝါးလာ၏။ ဂျာပေါင်၏အရိပ်ခြေကိုအမြဲတမ်းဂရုတစိုက်ကြည့်နေသည့် ရွှမ်းရန်ဟန်ချနမ်သည်ကားသူ့ခလေးဆီမှာ တစ်စုံတခုသောစိုးရိမ်ဖိဆီးမှုရှိနေကြောင်းကို သိရှိနေလေသည်။
သူ့အနေနဲ့ ဒီကောင်ငယ်လေး၏ပူပင်မှုကို ရိပ်စားမိနေပါသော်လည်း သူ့ကိုဖွင့်ဟအကူညီတောင်းခံလာစေချင်သည့်အတွက် 'တစ်ခုခုဖြစ်နေလား?၊ပူပင်စရာရှိလို့လား?' ဟုအမြဲစကားလမ်းဖွင့်မေးမြန်းနေပါသော်လည်း ထိုကောင်ငယ်လေးသည်ကား နှုတ်ဆိတ်လျက်ခေါင်းခါနေမြဲပင်။
ဒီကောင်ငယ်လေး သူ့ထံပွင့်လင်းစွာဖွင့်ဟအကူညီတောင်းခံလာဖို့ အရိပ်ကြည့်,ကြည့်ဖြင့်အမြဲစောင့်ဆိုင်းနေပါသော်လည်း သူ,ထပ်ပြီးအချိန်ဆွဲနေလို့မရတော့ပေ။ပိုပိုပြီးနွမ်းလျလာတဲ့ အကောင်ပေါက်လေးကြောင့် သူကိုယ်တိုင်သည်လဲ ဘယ်လိုမှသည်းခံပြီ းစောင့်စားနေ၍မရတော့ချေ။ ကြည့်ရတာ သူ့ရဲ့ခလေးက သူ့ကိုမယုံကြည်နိုင်သေးဘူးထင်ပါရဲ့....။
မနက်ဖြန်ဆိုရင်ပဲ ပွဲတော်နေ့ဖြစ်နေပြီ!
သူ့ရဲ့ခလေးလေးကသူ့ရဲ့မိသားစုအကြောင်းကို သူ့အားဖွင့်ပြောဖို့ လုံးဝအစီစဉ်မရှိဘူးပဲကို.......!
ရွှမ်းရန်ဟန်ချန်တစ်ယောက် လေးပင်စွာပျက်ပြင်းချရင်း...."ကလေးကိုယ်တို့ စကားပြောရအောင်..."
နေ့ခင်းဘက်တွင် ရွှမ်းရန်ဟန်ချန်သည် အစိုးရရေးရာကိစ္စများ ကိုင်တွယ်ရန်အတွက် စာကြည်ဆောင်သို့သွားရမည်ကိုတောင်မသွားနိုင်ပဲ နေခင်းတရေးတမောအိပ်နေသော ဂျာပေါင်အား ခုတင်ပေါ်မှဆွဲထူ၍ထိုင်ခိုင်းလိုက်၏။
"ကလေး! မင်းကိုယ့်ကို ပြောချင်တာရှိလား?"
လင်ဂျာပေါင်(ကျားပေါင်)က ခေါင်းငုံချထားလျက်ခပ်ဖြည်းဖြည်းခေါင်းခါလိုက်၏။
ရွှမ်းရန်ဟန်ချန်သည် သူ့ခလေးရဲ့မျက်နှာလေးကို ဆွဲမော့လိုက်ကြည့်ပြီး သူ့အားကြည့်စေ၍မေးလိုက်၏,
"ကိုယ်က ဘယ်သူလဲ!''
"တော်ဝင်....." လင်ဂျာပေါင်(ကျားပေါင်) ရဲ့စကားမဆုံးခင်မှာပဲ ရွှမ်းရန်ဟန်ချန်က အလျင်မြန်တားဆီးပိတ်ပင်ခြင်းကိုခံလိုက်ရ၏။ စကားလုံးတွေဟာ သူ့ရဲ့ပါးစပ်အတွင်းမှာပဲပျောက်ရှကုန်လေသည်။ရွှမ်းရန်ဟန်ချန်သည်သူ့ရဲ့လျှာကို ဂျာပေါင်ရဲ့ခပ်သင်းသင်းခံတွင်းထဲသို့တိုးဝင်ပြီး ဂျာပေါင်၏လျှာလေးအား သူ့လျှာဖြင့်ရောယှက်ဆော့ကစားလေသည်။
အတန်ကြာမှသူ့ကလေးရဲ့ခံတွင်းထဲမှ တွန့်ဆုတ်စွာဖြင့် ထွက်လိုက်ပြီးသေချာစွာမေးပြန်၏။
"ကလေးကိုယ်က ဘယ်သူလဲ!
ကိုယ်က မင်းအတွက်ဘာလဲ!''
"ယောကျာ်း ... ဂျာပေါင်ရဲ့ယောကျာ်း " ထိုတော့မှလင်ဂျာပေါင်(ကျားပေါင်) သည်လဲ နာခံရိုကျိုးစွာပြန်ဖြေလေသည်။
"အင်း,တော်တယ်! လိမ္မာတဲ့ခလေးလေးပဲ။ ကိုယ်ကမင်းရဲ့ယောကျာ်း!မင်းရဲ့ယောကျာ်းကိုမင်းခံစားနေရတဲ့ အရာအားလုံး မပြောပြပဲနေမလို့လား...''
ရွှမ်းရန်ဟန်ချန်တစ်ယောက် ငြိမ်ငြိမ်လေးနားထောင်နေဆဲဖြစ်တဲ့ ဂျာပေါင်ကြောင့်မတတ်သာသည့်အဆုံး ရင်နာနာနှင့်ပဲတည့်တိုးသာပြောလိုက်ရတော့သည်။
''မင်းရဲ့ယောကျာ်းကို အခုထိမယုံကြည်နိုင်သေးတာလား...''
''မဟုတ်ပါဘူး..!'' လင်းကျားပေါင်က တိုးလျစွာဖြေ၏။
ရွှမ်းရန်ဟန်ချန်သည် ဂျာပေါင်ကိုသူ့လက်မောင်းတွေကြားထဲဆွဲထည့်လိုက်ပြီး ''ခလေးမင်းသိရဲ့လား မင်းအများနည်းတူမလုပ်နိုင်တာ ဘာတစ်ခုမှမရှိဘူး!ဘာတွေအရမ်းစိုးရိမ်နေတာလဲ....''
ရွှမ်းရန်ဟန်ချန်သည် ဂျာပေါင်(ကျားပေါင်) ၏ ပါးပြင်လေးကို နမ်းလိုက်ပြီး "အင်း... မင်းမိသားစုကိုတွေ့ချင်လို့လား?"
လင်ဂျာပေါင်သည် "မိသားစု" ဟူသောစကားကိုကြားလိုက်သည့်နှင့် ချက်ချင်းပင်ခေါင်းညိတ်လာသလိုရီဝေဝေမျက်လုံးဝိုင်းလေးတွေထဲမှ မျက်ရည်များသည်လဲရုတ်ချည်းဆိုသလို ပြည့်လျှံ၍စီးကျလာလေသည်။
'သတိလဲရတယ်!တွေ့လဲတွေ့ချင်တယ်!'
ရွှန်းရန်ဟန်ချန်သည် ဂျာပေါင်၏မျက်ရည်လေးများကို ဖိကပ်နမ်းလိုက်ပြီး
"ခလေးလေးမငိုနဲ့တော့နော်..! မနက်ဖြန် မင်းရဲ့မိသားစုကို သေချာ ပေါက်တွေ့ရမှာပေါ့.....''
''ဒါပေ....မယ့်.... ဒါပေ....မယ့် နန်း...တော်..ရဲ့ စည်း..ကမ်း....တွေ ...'' လင်ဂျာပေါင်(ကျားပေါင်)က ငိုယိုပြီး ပြောတော့၏။
''ဟုတ်ပြီ...ဟုတ်ပြီမငိုပါနဲ့တော့နော် ကိုယ့်အမှားပါကွာ...!
ဒီရက်တွေမှာမင်းဘာတွေ စိတ်ပူနေခဲ့လဲဆိုတာ သိပေမယ့် ကိုယ်အတွေးတိမ်သွားခဲ့တယ်...။ကိုယ့်ကြောင့်အများကြီးဝမ်းနည်းခဲ့ရမှာပဲ...!
ကိုယ်တောင်းဆိုချင်တာက ကိုယ့်အပေါ်ကိုပွင့်လင်းပေးပါ။မင်းယောကျာ်းကလေ မင်းအတွက်သာဆိုရင်ဘယ်လိုခက်ခဲတဲ့အရာမျိုးပဲဖြစ်ဖြစ် ဘာကိုမှထည့်မတွက်ပဲ အားလုံးကိုဖြေရှင်းပေးနိုင်တယ်ဆိုတာသိရဲ့လား?''
ရွှမ်းရန်ဟန်ချန်သည်ဂျာပေါင်ကိုဖက်ထားလျက်ဖြင့် နောက်ကျောလေးကိုဖွဖွပုတ်ပေးနေပြီး၊ ဂျာပေါင်၏နားလေး,အနားသို့ကပ်၍ နူးညံ့စွာတီးတိုးပြောလေသည်။
"ဂျာပေါင် ...ဂျာပေါင် သိတယ်ပေါ့!
ယောကျာ်းက အရမ်းကောင်းတယ် !"လင်ဂျာပေါင်(ကျားပေါင်)သည် ရွှမ်းရန်ဟန်ချန်အားပြန်လည်ပွေ့ဖက်ရင်းဆို၏။
ရွှမ်းရန်ဟန်ချန်တစ်ယောက် သူ့အားဂျာပေါင်ကပြန်လည်ဖက်တွယ်လာသည်ကို လွန်စွာမှသဘောတွေကျနေလေတော့သည်။
''နောင် မင်းဘယ်လိုအခက်ခဲတွေနဲ့ပဲကြုံရကြုံရ မင်းရင်ထဲမှာရှိနေတဲ့ခံစားရသမျှကို ကိုယ့်ကိုပြောပြမယ်မလား?''
"အင်း!ဂျာပေါင်ပြောပြပါ့မယ်!"လင်ဂျာပေါင်(ကျားပေါင်) သည် အသေအချာကို ကတိပေးလေသည်။
"မနက်ဖြန်ယွမ်ဖူက သူတို့အတွက်စီစဉ်ပေးလိမ့်မယ် စိတ်မပူနဲ့တော့နော်!''ရွှမ်ရန်ဟန်ချန်သည်ငိုထားတာကြောင့် ရဲနေတဲ့ ဂျာပေါင်(ကျားပေါင်)၏အနီရောင်နှာခေါင်းလေးကို ချစ်မြတ်နိုးစွာဖြင့်နမ်းရှိုက်လိုက်သည်။
ဆောင်းဦးရာသီပွဲတော်နေ့တွင်တော့ လင်,တကျွမ်း၊ချင်ချိုင်ရှောင်နှင့်လင်ဂျာဝမ် တို့ သုံးယောက်တို့သည် နန်းတော်ဝင်ပေါက်ဂိတ်ငါးဂိတ်၏ တံခါးများရှေ့တွင်စောစီးစွာစောင့်နေကြသည်။တခြားသော မိသားစုဝင်များစွာတို့သည်လည်း သူတို့သုံးယောက်နည်းတူ နန်းတော်တံခါးဝများ၌ စုဝေးစောင့်ဆိုင်းနေကြလေသည်။
Chen Shi (7:00-9:00)
(နဂါး) ချိန်သို့နီးသောအချိန်တွင် နန်းတော်တံခါးပွင့်လာပြီးနောက် အစောင့်အဖွဲ့တစ်ဖွဲ့သည်ထွက်လာပြီး လိုက်နာရမည့်စည်းကမ်းချက်များကိုကြေငြာ၏။ နန်းတော်ရှိ နန်းတွင်းအမှုထမ်းတို့၏အမည်များကို ယခင်အမည်အရင်းနှင့်နန်းတွင်းအမည်များကိုပါတွဲ၍ တစ်ယောက်ချင်းစီကြေငြာပေးပြီးနောက် နန်းတော် အမှုထမ်းတို့အားတစ်သုတ်စီခွဲ၍ လွှတ်ပေးလေသည်။
နန်းတော်တွင်းမှလူများတစ်အုပ်စုစီထွက်လာတိုင်း လူတိုင်းဟာ ကိုယ့်မိသားစုဝင်ကိုအသည်းသန်ရှာဖွေမိကြ၏။ တွေ့သွားတဲ့မိသားစုဝင်တွေကတော့ ပြေးလွှားပွေ့ဖက်လျက် အချို့လဲ ငိုတဲ့သူလဲငိုရယ်တဲ့သူလဲရယ်နှင့်။
လူတိုင်းကလဲ တွေ့ဆုံသွားသောသူတွေကိုအားကျနေလျက်...။သူတို့မိသားစုဝင်တွေကိုလဲတွေ့ရဖို့ လူတိုင်းက
မစောင့်နိုင်တော့ဘူးဆိုပေမဲ့လဲ နန်းတော်အစောင့်ခေါင်းဆောင်၏အမိန့်ကိုလိုက်နာပြီး သူတို့ရဲ့မျက်တွေနားတွေကိုသာလျင်လျင်ထား၍သာ လိုက်ရှာကြရလေသည်။
သူတို့နာရီဝက်နီးပါးလောက် စောင့်ဆိုင်းပြီးနောက် ယုံရှောင်နန်းဆောင်ရှိလူစာရင်းကို ကြေငြာမည်ဖြစ်ကြောင်းကြားလိုက်ရ၏။လင်ဂျာဝမ်တို့ သုံးယောက်လဲလည်ပင်းကိုဆန့်တန်းလျက် အသင့်အနေထားဖြင့်နန်းတော်တံခါးကို ကြည့်လိုက်ကြသည်။နန်းတော် အစောင့်ခေါင်းဆောင်သည် ယုံရှောင်နန်းဆောင်ရှိ လူစာရင်းအားကြေငြာခဲ့သော်လည်း လင်းကျားပေါင်(ဂျာပေါင်) ကိုတော့ မတွေ့ခဲ့ရပေ။
အချိန်အတော်တန်ကြာအောင် ထပ်စောင့်စားပြီးချိန်တွင်လဲ လင်းကျားပေါင်(ဂျာပေါင်) သည် ပျောက်ဆုံးနေဆဲဖြစ်တာကြောင့် လင်,တကျွမ်း သည်လဲစိုးရိမ်စိတ်ဝင်လာခဲ့တော့သည်။ "ငါတို့ဂျာပေါင်က ဘာလို့ထွက်မလာတာလဲ?"
ချင်ချိုင်ရှောင်က လင်တကျွမ်း အား
"အဖေ စိတ်မပူပါနဲ့ကျနော် မေးကြည့်ပါဦးမယ်"
ထိုအချိန်တွင် နန်းတော်စောင့်အရာရှိသည်လဲ စာရင်းသွင်းကြေငြာပေးခြင်းကို ခေတ္တရပ်နားလိုက်ပြီးဖြစ်ရာလင်,ဂျာဝမ်တို့သုံးယောက်သည် အခြေအနေကိုမေးမြန်းရန်အတွက် အရာရှိဆီသို့ လျှောက်သွားလိုက်ကြသည်။
''အရာရှိ, ယုံရှောင် နန်းဆောင်ကအမှုထမ်းတွေအားလုံး ထွက်လာကြပြီလား? ခင်ဗျ!" ချင်ချိုင်ရှောင် ကရှေ့တိုး၍ဦးဆောင်ပြီး မေးလိုက်၏။
အစောင့်ခေါင်းဆောင်သည် သူတို့သုံးယောက်ကို တစ်ချက်ကြည့်လိုက်ပြီးနောက်
"အင်း! နည်းနည်းတောင်ကြာနေပြီလေ" လို့ ပြောလေသည်။
Advertisement
ဒါကိုလဲ ကြားလိုက်ရော လင်,တကျွမ်း က စိုးရိမ်မှုကိုထိန်းမရတော့ပဲ "ဒါပေမယ့် ဘာဖြစ်လို့မတွေ့ရတာလဲ? ငါ့ကလေး က အခုထိမထွက်လာသေးတာလား...?''
ချင်ချိုင်ရှောင်သည် လူရည်လည်စွာဖြင့်အစောင့်ခေါင်းဆောင်နားကပ်လိုက်ပြီး ''အဲ့ဒါဆိုလဲအရာရှိ ကျနော်တို့ကို ကူညီပေးလို့ရနိုင်မလား။ငါတို့ညီငယ်လေး စာပို့တုန်းက သူ,ယုံရှောင်နန်းဆောင်မှာတာဝန်ကျနေတယ်ဆိုပြီး ပြောထားခဲ့ပါတယ်!''
နန်းတော်အစောင့်ခေါင်းဆောင်က စာရင်းစာ ရွက်ကိုတစ်ချက်ပြန်ကြည့်ပြီး "ယုံရှောင်နန်းဆောင် လူ,အကုန်ထွက်လာပြီးပြီ မင်းညီရဲ့နာမည်ဘယ်လိုခေါ်လဲ?"
"ကျနော့ညီရဲ့နန်းတွင်းနာမည်က လင်အန်ဇူပါ။အရာရှိ,အလုပ်ပိုသွားမယ်ဆိုပေမယ့် ကျနော်တို့ကိုကူညီပြီး နောက်တစ်ခေါက်လောက်ထပ်ကြည့်ပေးပါဦး'' လင်ဂျာဝမ်သည်လဲ အနူးညွတ်တောင်းဆို၏။
"လင်အန်ဇူ..... ဒီနာမည်ကယုံရှောင်နန်းဆောင်လူစာရင်းမှာ မပါဘူး....။ တစ်ခုခုများမှားနေတာလား?" နန်းတော် အစောင့်ခေါင်းဆောင်က ယုံရှောင်နန်းဆောင်လူစာရင်းကို တစ်ချက်ကြည့်ပြီးနောက် စာရင်းစာရွက်အား သူတို့ကိုပြလေသည်။
လင်ဂျာဝမ်သည်လဲ လျင်မြန်စွာစာရွက်အား တစ်ချက်ကြည့်လိုက်ပြီးစစ်ဆေးလိုက်၏။ တကယ်ပဲ သူ့ညီ၏ အမည်ကို မဖော်ပြထားပေ။တကယ်ကိုစိတ်ပူရတာပဲ! ။ ဘာလို့သူ့ညီရဲ့နာမည်က စာရင်းမှာမပါလာရတာလဲ? စာထဲမှာသူ,ဧကရီမယ်မယ်ကြီး၏ ယုံရှောင်နန်းဆောင်မှာ တာဝန်ကျနေတာလို့ သေသေချာချာရေးထားတာပဲကို....။
အစောင့်တပ်မှူးက ခေတ္တစဉ်းစားပြီးနောက်
"တခြား နန်းဆောင်ကိုပြောင်း ရွှေ့သွားရတာလဲဖြစ်နိုင်တယ် နည်းနည်းစောင့်ကြည့်လိုက်ပါဦး၊နောက်ထပ် ထပ်ထွက်လာမယ့်အုပ်စုတွေရှိသေးတယ်'' ဟုပြောလိုက်၏။နန်းတော်က အမှုထမ်းနဲ့နန်းဆောင်တွေအကြောင်းသိပ်မသိပေမဲ့ ဒီလင်အန်ဇူ နာမည်ကိုတော့ရင်းရင်းနှီးနှီးကြားဖူးနေသလိုပဲ။ဒီနာမည်သာအမှန်ဆိုရင်တော့ နန်းဆောင်တစ်ဆောင်,ဆောင်မှာရှိနေမှာပါ။
လင်,တကျွမ်း တို့သည်လည်း အရာရှိ၏စကားကိုကြားလိုက်ပြီးနောက် ကျေးဇူးတင်စကားပြောကာ ဘေးနားတွင် ဆက်စောင့်ဆိုင်းနေလိုက်၏။ သုံးယောက်သားကတော့ စိတ်တွေရှုပ်ထွေးနှောက်ကျိနေဆဲပင်။
ခဏကြာတော့ ကုန်းကုန်းတစ်ယောက် နန်းတော်တံခါးဝကို ပြေးလာပြီး သူ့ရဲ့တံဆိတ်ပြားကိုထုတ်ပြီးအစောင့်တပ်မှုးကိုပေးပြီး စစ်ဆေးစေ၏။ ထို့နောက် သူတို့နှစ်ယောက် စကားအနည်းငယ်ပြောပြီးနောက် အစောင့်ခေါင်းဆောင် သည် သူတို့သုံးယောက်ရပ်နေသည့်နေရာကို ညွှန်ပြသည်ကို မြင်လိုက်ရလေသည်။အဲ့ဒီ့နောက်တွင်တော့ ထိုကုန်းကုန်းငယ်လေး သူတို့ဆီ ပြေးလာနေတာကိုတွေ့လိုက်ရတော့သည်။
"လင်အန်ဇူရဲ့ မိသားစုဝင်သုံးယောက်လား?" ယွမ်ချင်း က အနည်းငယ်မောနေသောလေသံဖြင့် မေးလိုက်၏။
"ဟုတ်ပါတယ်။ငါတို့ကလင်အန်ဇူ ရဲ့ မိသားစုဝင်တွေပါ။ ငါ့ညီငယ်က ဘာလို့ဖြစ်လို့နှောင့်နှေးနေရတာလဲ?" လင်ဂျာဝမ် က ယွမ်ချင်း ကို မေးလိုက်သည်။
"ဟုတ်ကဲ့ ကျေးဇူးပြုပြီး ကျွန်တော်နဲ့လိုက်ခဲ့ကြပါ။ ဒီနေရာက စကားပြောလို့မကောင်းဘူးလေ...။''ယွမ်ချင်း သည် နားလည်ရခက်သောပုံစံဖြင့်ပြောလိုက်ပြီးနောက် လင်,တကျွမ်းတို့ သုံယောက်အား သူ့နောက်လိုက်လာရန်အချက်ပြလိုက်၏။
လင်တကျွမ်းတို့သုံးယောက်ဟာလဲ သူတို့ရဲ့စိတ်ထဲမှာ ကိုယ်စီသံသယဖြင့်မေးစရာတွေရှိနေတာကြောင့် ခပ်လှမ်းလှမ်းသို့ရောက်နေပြီဖြစ်သည့် ယွမ်ချင်းခေါ်နေသော စားသောက်ဆိုင်ကြီး နောက်သို့လိုက်သွားကြလေသည်။ယွမ်ချင်းသည် ဆိုင်ရှင်အား တိုကင်ငယ်တစ်ခု ထုတ်ပေးလိုက်ပြီးနောက် ဆိုင်ရှင်သည် ဆိုင်ရှင်မှအထူးဧည့်အိပ်ရိပ်သာဆောင်တစ်ခုသို့ ကိုယ်တိုင် ကိုယ်ကျလိုက်ပါပို့ဆောင်ပေးလေသည်။
ဤထင်ဇီနံပါတ်တစ် ဧည့်ရိပ်သာဆောင်သည် အတွင်းခန်းနှင့် အပြင်ခန်း နှစ်ခန်းပါရှိကာအလွန်ကျယ်ဝန်းသည်။ အပြင်ခန်းတွင် လူဆယ်ယောက်ထိုင်နိုင်တဲ့ စားပွဲဝိုင်းကြီးတစ်ခုပါရှိပြီး အတွင်းခန်းတွင်တော့ အစည်းအဝေးကျင်းပတဲ့နေရာလိုမျိုးလေးခင်းကျင်းပေးထားတာဖြစ်သည်။အခန်းတွင် အလှဆင်ခြင်းသည်လည် လွန်စွာမှလက်ရာမြောက်ပြီးအထက်တန်းကျကာ အဆင့်တန်းမြင့်မား၏။နံရံပေါ်တွင် ချိတ်ဆွဲထားသော လက်ရေးလှနှင့်ပန်းချီကားများသည်ပင် တစ်ချက်ကြည့်လိုက်ရုံနှင့် နာမည်ကြီး အနုပညာရှင်များ၏ လက်ရာများဟု လွယ်လင့်တကူသိနိုင်လေသည်။
ယွမ်ချင်းက လင်,တကျွမ်းအား ဦးစွာနေရာချပေး၍ ထိုင်ရန်ကူညီလုပ်ကိုင်ပေးလေသည်။လင်ဂျာဝမ် က
''ကုန်းကုန်းဒီနေရာကို ဘာလို့ကျနော်တို့ကိုခေါ်လာရတာလဲ'' ဟုမနေနိုင်စွာ မေးလိုက်၏။
''ကျွန်တော်မျိုး က အိမ်ရှေ့စံရဲ့အရှေ့ဆောင်က ယွမ်ချင်းပါ။ စိတ်မပူပါနဲ့...!မကြာခင် သခင်လေးတို့လင်ရှောင်ဇူးကိုတွေ့ရတော့မှာပါ။'' ယွမ်ချင်း ကညင်သာစွာပြန်ဖြေလေသည်။
"လင်ရှောင်ဇူ?" လင်,တကျွမ်းတို့သုံးယောက်လုံးသည် မယုံနိုင်ဖြစ်ပြီး အံ့ အားသင့်စွာဖြင့် အော်ပြောကြတော့၏။
ယွမ်ချင်းက ''သခင်ကြီးတို့သုံးယောက်လုံး အခုထိမသိသေးဘူးလား!လင်အန်ဇူ လင်ရှောင်ဇူကို ပြီးခဲ့တဲ့လ,ငါးရက်နေ့ကပဲ အိမ်ရှေ့စံမင်းသားရဲ့ကိုယ်လုပ်တော်အဖြစ် ဧကရီမိဖုရားကြီးကိုယ်တိုင်ရွေးချယ်ပြီး ခန့်အပ်ပေးလိုက်တယ်လေ။ခရိုင်ကဝေးလို့ သတင်းကြန့်ကြာနေတာထင်ပါရဲ့! အခုထိတောင် သတင်းမရောက်သေးမှာစိုးရတယ်...။''
ယွမ်ချင်းထံမှကြားရသောသတင်းကြောင့် သုံးယောက်သား ထိတ်လန့်ကုန်တော့၏။
"ဘယ်လို... ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ဂျာပေါင်(ကျားပေါင်) က အရမ်းငယ်သေးတယ်လေ ...!ဒါ...က...." လင်,တကျွမ်းသည် ဘယ်လိုမှဟန်ဆောင်လို့မရတော့အောင်မခံမရပ်နိုင်အောင်ဖြစ်လျက် မတ်တပ်ပါထရပ်မိလေသည်။
သူ၏ကလေးငယ်လေးသည် အိမ်ရှေ့စံမင်းသားရဲ့ကိုယ်လုပ်တော်ဖြစ်သွားခဲ့ပြီတဲ့လား....။ဆက်ပြီးပြောစကားတွေကို နားမထောင်နိုင်လောက်အောင် စိတ်မကောင်းဖြစ်ရပြီး ရင်နာနေမိတော့ သည်။ အိမ်ရှေ့စံမင်းသားကတခြားသူတွေထက် သာလွန်တယ်ဆိုတာမှန်ပေမယ့်လဲ ကိုယ်လုပ်တော်ဆိုတာကတော့ လူချမ်းသာသူကောင်းမျိုးမိသားစုတွေအတွက် အိမ်အသုံးဆောင်ပစ္စည်းတစ်ခုသာသာပဲ။
အင်း..…!ဒီမင်းသားငယ်ဟာအနာဂတ်မှာ ဧကရာဇ်ဖြစ်လာမဲ့သူ..။ကြာလာလေလေ ပိုပိုရှုပ်ထွေးပြီးအန္တာရယ်များလာမယ့် ပတ်ဝန်းကျင်အသိုင်းဝိုင်းဖြစ်လာမှာ ။ဒီလိုနေရာမျိုးမှာ သူ့ရဲ့ခလေးငယ်လေးက ဘယ်လိုလုပ်ပြီးအံ့တုနေနိုင်ပါ့မလဲ!ဂျာပေါင်အတွက် ဘယ်လိုစဉ်းစားစဉ်းစား ကောင်းတဲ့ကိစ္စမရှိနိုင်ဘူး...။ဂျာပေါင်ရဲ့ဘဝက ဘာလို့ဒီလောက်ခက်ခဲနေရတာလဲ..။
လင်ဂျာဝမ် နှင့် ချင်ချိုင်ရှောက်နှစ်ဦးစလုံးသည် ပြင်းထန်နေသော လေထုထဲတွင်ခေတ္တငြိမ်သက်သွားကြလေသည်။ လင်ဂျာဝမ် သည် ရုတ်တရက်ထျင်းချိခွမ်းပြောခဲ့သော အိမ်ရှေ့ စံမင်းသား၏ ပုံပြင်ကိုပြန်သတိရသွားခဲ့သည်။ ထိုအချိန်က သူ,အသာအယာသာပြုံး၍သာ နားထောင်ခဲ့ပြီး အလေးအနက်မထားခဲ့ပေ။
အဲ့ဒီ့ကောင်ငယ်လေးကသူ့ညီဖြစ်နေမယ်လို့ လုံးဝမမျှော်လင့်ထားဘူး။သူ့ရဲ့ညီငယ်က ၁၄နှစ်ပဲရှိသေးပြီး အရမ်းလဲငယ်သေးသလို ချစ်စရာကောင်းပြီး နူးနူးညံ့နှင့်နှစ်လိုဖွယ်လေးဆိုပေမဲ့ နန်းတွင်းမှာရှိတဲ့ အလှမယ်တွေနဲ့ယှဉ်လိုက်ရင် ဂျာပေါင်(ကျားပေါင်) အရမ်းကြီး ထင်ထင်ပေါ်ပေါ်ဖြစ်နေမှာ မဟုတ်တာတော့ သေချာပါသည်။
သူ့ရဲ့ညီငယ်လေးကငယ်ငယ်လေးကတည်းက အရမ်းနုံအပြီး ကြင်နာတတ်တယ်။ ဒီလိုရိုးအတဲ့အဖြူထည်ခလေးငယ်လေးက မျက်နှာသာရဖို့၊အာဏာရဖို့စတဲ့,စတဲ့အကြောင်းမျိုးစုံအတွက် အပြိုင်ဆိုင်လျှို့ဝှက်ကောက်ကျစ်စွာ တိုက်ပွဲဝင်နေကြတဲ့ မောင်းမဆောင်ထဲဘယ်လို ရပ်တည်နိုင်ပါ့မလဲ!ဒီလိုရှုပ် ထွေးလှနန်းတော်ကြီးမှာ သူ့ရဲ့ညီငယ်လေးဘယ်လိုအလိုက်သင့်နေမလဲဆိုတာကတော့ တကယ်ကိုစိတ်ဝင်စားစရာပင်။လင်ဂျာဝမ်သည် ဂျာပေါင်(ကျားပေါင်)၏ရှေ့ရေးကို တွေးရင်း တကယ်ကိုပင်စိုးရိမ်ပူပင်နေခဲ့လေသည်။
ချင်ချိုင်ရှောင်သည်လည်း တကယ်ကိုပင်ထိတ်လန့်သွားခဲ့သည်။သူုရဲ့ယောက်ဖ,ငယ်လေး ဒီလောက်အောင်မြင်နိုင်လိမ့်မယ်လို့ မထင်ထားခဲ့ပေ။ ဧကရီမယ်မယ်ကြီး နှင့် အိမ်ရှေ့စံမင်းသားတို့၏နှစ်သက်မှာကိုပါ တစ်ခါထဲရရှိခဲ့သည်။ ဒါပေမယ့် သူသည်လဲရဲ့အနာဂတ်ကို တွေးကြည့်မိလိုက်တာကြောင့် တကယ်ကိုပင်စိုးရိမ်မိလေသည်။
ယွမ်ချင်း သည် သူတို့သုံးယောက်စလုံး၏ပူပင်၊ဝမ်းနည်း၊သောကဖြစ်နေတဲ့ပုံစံတွေကို အတိုင်းသားမြင်နေရတာ
ကြောင့် နားလည်မှုလွဲသွားကြမှာကိုလဲ ကြောက်မိလေရာ ''သခင်ကြီးတို့ သုံးယောက်လုံးစိတ်အေးအေးထားပါ။လင်ရှောင်ဇူ က အိမ်ရှေ့စံမင်းသားရဲ့အရှေ့နန်းတော်မှာ ပျော်ရွှင်နေပါတယ်။
အိမ်ရှေ့စံမင်းသားကလဲလင်ရှောင်ဇူကို အများကြီးနှစ်သက်ပါတယ်။တီးတိုးစကားတွေက အရမ်းကြောက်ဖို့ကောင်းတယ်ဆိုပေမဲ့ ဒီလိုအရာမျိုးဆိုတာ လူတိုင်းရနိုင်တဲ့အရာမဟုတ်ပါဘူး။အခုငါတို့အရှေ့နန်းဆောင် အိမ်ရှေ့မင်းသားရဲ့အရေးပေးခံဆုံးပုဂ္ဂိုလ်က ရှောင်လင်ပါပဲ!''
⭐⭐⭐⭐⭐⭐
Advertisement
- In Serial390 Chapters
The Emperor's Concubine
[participant in the Royal Road Writathon challenge] The heroine is good and the villainess is evil. That was the absolute truth. That rule was undeniable as well as the fact that only the heroine would receive true love and her happy ending. Likewise, the malicious villainess would always suffer and leave the stage to clear the path for the perfect heroine in the end. So, for Blanche it felt like her world came crashing around her when she remembered the truth about her life. As the villainess in the typical romance novel “To Be Empress” she was fated to be condemned and abandoned by her lover. No matter how devoted she was to Theodore Estien, the emperor of Artias, she would only be the bratty concubine that would obstruct the heroine, who happened to be Theodore's lawful wife and the empress. In the end, the villainess would be deserted and executed. It was destined to happen like this, and yet she couldn't give up. She had to change the future. Preventing the romance between the main characters would get her killed. Much like trying to steer away from the enemies' intrigues, in which she was already caught up, would. But neither the heroine nor the emperor's political rivals would change the fact that Blanche loved the man that was supposed to be the heroine's. And no matter what happened she would always stay by her lover's side. So she wouldn't just follow the book's storyline and let her own doom arrive. Blanche would survive while trying to suppress all of the selfish desires that had made her the villainess. But was she truly fine with that? Did she not desire more than just surviving? Did she even have the right? Could the villainess ask for a happy end? Was she too brazen if she just wanted to stay with the man she loved and receive his affection? And wasn't there a bit more to this novel than she remembered? She didn't know and in the end that mattered little when the world around her changed with each day as more and more questions about the future and the past arose. "The Emperor's Concubine" will be updated thrice a week (usually on Mondays, Wednesdays and Fridays) *The Profanity tag was added due to the characters' occasional swearing, which should not happen too often.
8.18 1656 - In Serial20 Chapters
I'll Always Love You - a Jeid Fanfic
A Criminal Minds fanfiction starring JJ and Reid. When Reid receives news that his mom is dying, JJ is determined to be there for him. But the more time she spends taking care of Reid, the more Will begins to question her priorities. Refusing to leave Reid alone with his grief, JJ finds herself caught between saving her marriage and supporting her best friend. Amidst all their pain and suffering, JJ and Reid discover that their bond is the most unbreakable of all. Because the love between two twin flames ... is forever.This is my fantasy of what I could see happening if there were to be a Season 16 of Criminal Minds. I tried to stay as true to the characters and the original storyline as possible, while giving my Jeid heart the ending it deserves. I hope you enjoy!Here is a YouTube trailer for this fanfiction, for those who enjoy that sort of thing! https://www.youtube.com/watch?v=GqrYUZbh494Disclaimer: I do not own Criminal Minds, or any of the characters mentioned in this story. I am not profiting off this fanfiction in any way, and am publishing this story for the purposes of honoring this beloved TV series the best way I know how.
8 246 - In Serial39 Chapters
His Betrayal
Annabelle isn't your typical 17 year old werewolf. For starters she hasn't even shifted yet. Her parents believe that since she hasn't yet found her mate it might be what's causing the problem.So they send her away, to her grandparents pack where the soon-to-be mysterious Alpha is not yet mated....What are the chances of him being the one?And even if he was....Even if she did fall hopelessly in love with him....Would the betrayal be worth it in the end?
8 322 - In Serial42 Chapters
I Was Never Yours
When Arianna marries billionaire Zach Price to save her family, she doesn't expect to fall in love with a man who'd always consider her a second choice. An unexpected turn of events brings the couple closer together, but can a marriage based on lies and deceit ever survive? *****When Arianna's older sister, Olivia, decides to run away on the day of her wedding, Arianna is forced to take her place to save her family from ruin. But her new husband is angry, heartbroken, and seems to hate her guts. The cold, elusive billionaire Zach Price has never quite struck Arianna as the kind of man she'd want to spend her entire life with. She was more than content with her sweet, thoughtful boyfriend Noah, but when circumstances force them together, Zach and Arianna's hearts get entangled in a way she never saw coming. As the couple grows closer, they must battle the demons of their past and of the lives they left behind - especially when Olivia returns and decides she wants Zach all for herself. Content/Trigger Warning: This story contains scenes of violence and sexual abuse, and mentions abortion and miscarriage.[[word count: 100,000-150,000 words]]Cover designed by Ren Tachibana
8 283 - In Serial5 Chapters
Drew Storm, 21, is a school dropout who thinks she's a good for nothing. She joined work in a famous hospital of Minneapolis, Minnesota, USA, where she meets a pretty and talented, but flopped actress, Gina Crowe. Gina hasn't been able to produce a hit ever since her debut in the Hollywood industry, so she gave up, and ran away from her villa in Los Angeles, California, and returned to her parents in Minneapolis. Soon after, her mother is admitted to the hospital with appendicitis, in the very hospital where Drew worked as a nurse. In Gina, Drew finds something which motivates her to change herself, and Gina herself finds something interesting in Drew. They fall in love with each other, and their lives take an amazing turn.#1 - motivation
8 167 - In Serial34 Chapters
Kathy With A K's Song
"Oh my darling, when you smile, it is like a song"-"Obviously," She started. There was a nervous shake in her voice that made me tilt my head in her hands. "Obviously you don't understand the agreement." She repeated after quickly composing herself. I rolled my eyes, but let her continue."Where you go, I go. Where I go, you go." She told me sternly. Her thumbs grazed my cheeks and heat rose on my skin where she touched. I couldn't tell if this was just Sophia being caring or if she was maybe feeling more. My brain told me that this was all a friendly gesture, but my body and it's stupid hormones were telling me that it was something more. And your brain can never really overcome true instincts. I moved closer towards her, shrinking the already limited space between us. This time it was Sophia's turn to blush which only made my smile grow larger. All I could think about was her lips meeting mine.(a new and improved skmw xx)
8 156

