《မင်းကို ချစ်မဝသေးလို့(BL Novel,Myanmar tran)》Ep-16.1🚨🚨🚨 Unicode
Advertisement
မင်းကိုချစ်မဝသေးလို့
အပိုင်း(၁၆): အိမ်ပြန်လမ်း (Part-1)
.....
18+အကြောင်းရာများပါဝင်လို့ warningပေးပါတယ်
🚨🚨🚨🚨🚨
ဖြည်းဖြည်းချင်းခရီးနှင်နေသောမြင်းရထားပေါ်တွင် တိတ်ဆိတ်စွာငြိမ်သက်စွာဝမ်းနည်းငိုကြွေးနေသည့် လင်ဂျာပေါင်အား ရွှမ်းရန်ဟန်ချန်တစ်ယောက် မသက်မသာကြည့်ပြီးနောက်နှစ်သိမ့်စကားဆို၏။
''အိုး! ခလေးလေး ဘာတွေအဲ့လောက်အရမ်းဝမ်းနည်းနေရတာလဲ....။ နောက်ကျရင်လဲ မင်းမိသားစုနဲ့တွေ့ရဖို့ ကိုယ်
စီစဉ်ပေးမှာပေါ့! မငိုနဲ့တော့နော်။''
"တကယ်...တကယ်လား?"
"မင်းရဲ့ယောကျာ်းကို ထပ်ပြီးမယုံပြန်ဘူးလား....ဟမ့်!
မင်းကကိုယ့်အတွက်တော့အရေးပါဆုံးနဲ့ တန်ဖိုးအထားရဆုံး ရတနာလေးပါပဲ။မင်းသာအလိုဆန္ဒရှိရင်ဘာပဲဖြစ်နေနေမင်းရဲ့ဒီယောကျာ်းက အရာအားလုံးကိုကျေကျေနပ်နပ်ဖြည့်ဆည်းပေးမှာပါ။
ဒါကြောင့်မင်းရဲ့မိသားစုကို စာပို့ပြီးဆက်သွယ်ချင်တာဖြစ်ဖြစ် မင်း,စုထားတဲ့ပစ္စည်းလေးတွေပြန်ပို့ပေးချင်တာဖြစ်ဖြစ် ဘာမှစိတ်မပူပါနဲ့ ။ကိုယ်အားလုံးကို မင်းစိတ်တိုင်းကျဆောင်ရွက်ပေးပါ့မယ် ဟုတ်ပြီလား။''
"ယောကျာ်းက ဂျာပေါင်အပေါ်မှာအရမ်းကောင်းတာပဲ။ကျေးဇူးတင်ပါတယ် ယောကျာ်း...''
လင်ကျားပေါင်(ဂျာပေါင်)သည် နန်းတော်၏ တင်းကြပ်သော စည်းမျဉ်းများကို သတိရမိလေသည်။ အိမ်ရှေ့စံသည်သူ့အတွက်ကြောင့် စည်းမျဉ်းအချို့အားမျက်ကွယ်ပြုခဲ့သည်ကိုတွေးမိတာကြောင့် ကျေးဇူးတင်စကားပြောလိုက် ၏။
"မင်းရဲ့နှုတ်ခမ်းပါးလေးတွေကနေပဲ ကျေးဇူးတင်စကားပြောလို့မရဘူးလေ ကလေးလေး.. .." ရွှမ်းရန်ဟန်ချန်သည် ဂျာပေါင်(ကျားပေါင်)အား စူးနှစ်စွာကြည့်ရင်းပြောလိုက်သည်။
လင်ဂျာပေါင်(ကျားပေါင်)သည်လဲ ရွှမ်းရန်ဟန်ချန် ၏နှုတ်ခမ်းတို့အား သူ့နှုတ်ခမ်းသေးသေးလေးဖြင့် အတင်းဖိကပ်နမ်းလိုက်လေ၏။
ရွှမ်းရန်ဟန်ချန် က နှစ်လိုဖွယ်ပြုံးလိုက်ပြီး
"မရသေးဘူး ခလေးလေး''
လင်ဂျာပေါင်(ကျားပေါင်)သည် အကြိမ်ပေါင်းများစွာ ထိကပ်နမ်းခဲ့၏။ ရွှမ်းရန်ဟန်ချန်သည်လဲ ဂျာပေါင်၏မပီမသအနမ်းတို့အားမတင်းတိမ်နိုင်တော့ပဲ ဂျာပေါင်၏ကျောပြင်လေးအားတင်းကြပ်စွာပွေ့ဖက်လျက် ထိုမထိတထိလာနမ်းနေသောနှုတ်ခမ်းလေးအား ကြမ်းတမ်းစွာအနက်ရှိုင်းဆုံးပြန်လည်နမ်းရှိုက်မိလေသည်။
ရွှမ်းရန်ဟန်ချန်သည်ဂျာပေါင်အား အချိန်အတော်ကြာမှလွှတ်ပေးလိုက်၏။ထို့နောက်သူကြောင့် ရောင်ရမ်းသွားတဲ့နှုတ်လေးတို့အားနူးညံ့စွာတို့ထိရင်း
"အင်း..! ဒါနဲ့လဲ သိပ် မလုံလောက်သေးဘူး။ခလေးလေး ညကျမှပဲ ဆက်ပြီး ကျေးဇူးတင်တော့နော်''
"ဟင်..ဟုတ်!' ဂျာပေါင်သည်အိမ်ရှေ့စံမင်းသား၏စကားကိုကြားလိုက်ရပြီးနောက် နားရွက်များနီရဲလာပြီး တီးတိုးရေရွတ်မိလေသည်။
နောက်နေ့မနက်စောစောတွင်တော့ ရွှမ်းရန်ဟန်ချန်သည် အားအင်အပြည့်ဖြင့်နိုးထလာခဲ့၏။ဒီနေ့ သူဘာအရေးကိစ္စမှဆွေးနွေးစရာမရှိတာကြောင့် သူ့ရဲ့နန်းဆောင်ကိုပြန်ကူးဖို့ အလျင်မလိုနေချေ။ ဒါကြောင့်နှစ်ခြိုက်စွာအိပ်ပျော်နေသော ခလေးငယ်၏ ချစ်စဖွယ်မျက်နှာလေးကိုသာ ငေးကြည့်နေမိသည်။
မနေ့ညက သူ,ဂျာပေါင်ကို အိပ်ရာပေါ်တွန်းလှဲပြီးနောက် အချိန်အတော်ကြာချစ်တင်းနှောပြီးမှသာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့လေ သည်။ သူအတွက်ကတော့မနေ့ကညဟာအလှပဆုံးညလေးဆိုပြီး မမေ့နိုင်စရာညလေးဖန်တီးနိုင်ခဲ့သလို ဂျာပေါင်သည်လဲ သူ့ရဲ့ကျေးဇူးတင်ရှိကြောင်းကို အသိစိတ်လွတ်မတတ်ပျော့ခွေသွားသော ခန္ဓာကိုယ်လေးဖြင့် ခက်ခက်ခဲခဲပြသခဲ့လေသည်။
သူ့ကိုယ်ရဲ့တစ်စိတ်တဒေသဟာ ဂျာပေါင်ရဲ့ခံတွင်းထဲရောက်နေပြီး ဒီကောင်ငယ်လေး၏လျှာနုနုလေးရဲ့ မထိတထိလှုပ်ရှားဟန်တွေက သူ့ရဲ့အသိစိတ်တွေကိုအမှောင်ဆုံးရောက်ရှိသွားအောင်တွန်းပို့နေပြီး အဆုံးစွန်ဆုံးထိကြမ်းတမ်းချင်စိတ်တို့ကြီးစိုးလာနေသည်ကို ခံစားခဲ့ရသည်။
သူသည် ဂျာပေါင်ကို ဂရုတစိုက်ကာကွယ်ပြီး အမြဲတမ်းအရိပ်တကြည့်ကြည့်ဖြင့် ချစ်မြတ်နိုးသူဖြစ်လေရာ သူဘယ်လောက်အသိစိတ်လွတ်နေပါစေ ဒီကောင်ငယ်လေး၏ ခံတွင်းထဲတွင်တော့ သူ,ပြီးဆုံးသည်အထိခရီးဆက်ဖြစ်သွားသည်မှာ အလွန်ကိုရှားပါး၏။ ပုံမှန်အားဖြင့်တော့ ဂျာပေါင်၏လက်သေးသေးလေးတွေကို ဖြစ်ဖြစ်၊သူ့ရဲ့ခြေထောက်လေးတွေကိုဖြစ်ဖြစ် ညှင်းဆဲဖြစ်သည်သာများလေသည်။
မနေ့ညကတော့ ဂျာပေါင်ရဲ့ စိတ်လိုလက်ရအစပြုမှုတွေဟာ သူ့ကို အရမ်းကျေနပ်ပီတိဖြစ်စေခဲ့သလိုသူ့ရဲ့ထိန်းချုပ်နိုင်စွမ်းတွေလဲကင်းမဲ့ကုန်ကာ ဘယ်လိုမှမစွမ်းသာတော့ပဲ ခလေးငယ်လေး၏ခံတွင်းမှာပင် ပြီးဆုံးခဲ့ရလေသည်။အဲ့ဒီ့ခံစားချက်က သေလောက်အောင်ကောင်းတယ်.....။
နောက်ပိုင်းတွင် သူသည် ဂျာပေါင်၏ခြေထောက်များကြားထဲကို ထပ်မံတိုးဝင်ခဲ့၏။ သူ့ရဲ့အသိစိတ်လွတ်မှုကြောင့်ပဲ ပိုပိုပြီးပြင်းထန်လာကာ ဂျာပေါင်၏ပေါင်အတွင်းပိုင်းလေးတွေပင် အနည်းငယ်ရောင်ရမ်းသွားခဲ့သည်။
ထိုခလေးအား ဆေးထည့်ပေးသောအခါတွင်မှ တကယ်ကိုအားနာပြီးစိတ်မကောင်းဖြစ်နေရလေသည်။ဒီလိုဖြူလျောနေတာတောင် သူ့ရဲခလေးငယ်လေးကအရမ်းဆွဲဆောင်မှုရှိနေတုန်း.. ...။နောက်ကျရင်တော့ ဒီကောင်ငယ်လေးအနာတရမဖြစ်စေရန် အတတ်နိုင်ဆုံးထိန်းထိန်းသိမ်းသိမ်းဆက်ဆံရမည်ဟု တိတ်တဆိတ်တွေးမိပြန်၏။
စောင်အောက်ရှိ လင်ဂျာပေါင်၏ခန္ဓာကိုယ်သေးသေးလေးတွင်တော့ ရွှမ်းရန်ဟန်ချန်ပေးထားသည့် အနီရောင်အမှတ်အသားတို့နေရာလပ်မရှိအောင် ပြည့်နှက်လို့နေ၏။သူသည်လဲအတော်တန်ကြာအောင် အတွေးနယ်ချဲ့နေမိ၏။ချူးယိ ချူးချင်တို့ ဂျာပေါင်ကိုအဝတ်လဲပေးရန်အခန်းတွင်းသို့ဝင်လာတော့ ဂျာပေါင်၏ကိုယ်လုံးပေါ်က မြင်မကောင်း အောင်ဖြစ်နေသည့် နီရဲရဲအမှတ်တို့အားကြည့်ရင်း သူတို့နှလုံးသားထဲကပင် ကူကယ်ရာမဲ့နေသလိုခံ စားလိုက်ရသည်။ ဟင်း.......!
.....
.
.
လင်,တကျွမ်း နှင့် လင်ဂျာဝမ်တို့နှစ်ယောက်စလုံးသည်လဲ မနေ့က သူတို့ကြုံတွေ့ခဲ့ရတဲ့အခြေနေက တော်တော်လေးထိပ်လိန့်စရာကောင်းတာကြောင့် တော်တော်နဲ့အိပ်မပျော်နိုင်ခဲ့ပဲ ညဉ့်နက်မှသာအိပ်ရာဝင်နိုင်ခဲ့ကြလေ၏။
ချိုင်ရှောင်သည်ကား မနက်အစောကြီးကတည်းကနိုးနေပြီးဖြစ်ရာ ပြင်ဆင်စရာအချို့ကိုပင် ပြင်ဆင်ထားပြီးဖြစ်သည်။သူယူလာခဲ့သည့် ကုန်ပစ္စည်းများအကုန်ရောင်းကုန်သွားပြီဖြစ်သလို ကျင့်လီမှခေတ်မှီအဝတ်အစားနှင့်အသုံးဆောင်များကိုပင် ဝယ်ယူထားပြီးဖြစ်ရာ အိမ်ပြန်ဖို့အဆင့်သင့်ဖြစ်နေခဲ့ပြီဖြစ်၏။
ချင်ချိုင်ရှောင်သည်နေ့လည်စာစားချိန်အထိ စိုးရိမ်ပူပန်နေကြဆဲဖြစ်သည့် လင်ဂျာဝမ်တို့သားအဖကိုကြည့်ရင်း နှစ်သိမ့်ပေး၏။
"အဖေနဲ့အကိုကြီး အဲ့လောက်တွေးပူမနေပါနဲ့။ အရာအား လုံးက ပြီးသွားပြီ ဘာမှလုပ်လို့မရတော့သလို ပြောင်းလဲဖို့လဲနည်းလမ်းလဲမရှိပါဘူး။ မနေ့ကဂျာပေါင်ကိုကြည့်ရတာလဲ အရမ်းဆင်ပြေပြေနေရတဲ့ပုံပါပဲ!
အရပ်လဲရှည်လာသလို အရင်ကထက်စာရင်ပြည့်ပြည့်လေးဖြစ်လာတယ်။ဘာပဲဖြစ်ဖြစ် ကောင်းကောင်းမွန်မွန်လှလှလေးကြီးပြင်းလာတာကို အတည်ပြုလိုက်ရတော့ တော်သေးတယ်ဆိုရမှာပါ''
မနေ့က လင်ဂျာပေါင်ဝတ်လာတဲ့အဝတ်စားတွေကို သူမြင်လိုက်ကထဲက ဒီအဝတ်စားတွေဟာ ထိပ်တန်းအရည်သွေးမြင့်အဝတ်စားတွေဆိုပြီး သူ့ရဲ့အတွေ့ကြုံအရသိနေခဲ့၏။ ပန်းထိုးဆိုလဲ တော်တော်လေးလက်ရာမြောက်ပြီး ခန္ဓာကိုယ်ပေါ်ကအဆင် တန်ဆာတွေဟာလဲ တစ်ချက်ကြည့်ရုံဖြင့်ပင် တန်ဖိုးကြီးသည်ကိုသိနိုင်လေသည်။
လင်ဂျာဝမ်သည်လဲသူ့ညီငယ်လေး ၏ လက်ရှိအမူအကျင့်ကောင်းအချို့ကို (ဥပမာထမင်းစားနေစဉ်တောင် ကျက် သရေရှိစွာသေသေသပ်သပ်လေးလှုပ်ရှားမှု)ကိုသတိရမိသည်။သူ့ရဲ့ညီငယ်ဟာ အရင်ကနဲ့ မတူတော့ဘူးဆိုတာကို သူ,သေသေချာချာသိပါတယ်.....။
အရင်ကသူ့ညီဟာ ကျောက်ရိုင်းတုံးလေးဖြစ်ပေမဲ့....။အခုတော့သူ့ညီဟာ လှလှပပ,ထွင်းထုထားတဲ့ ကျောက်စိမ်းတုံးလေးလိုဖြစ်နေခဲ့ပါပြီ။အနာဂတ်မှာလဲ သူ့ရဲ့ညီငယ်လေး အိမ်ရှေ့စံမင်းသားရဲ့ ဂရုစိုက်မှုနဲ့ချစ်ခင်မေတ္တာကို ကြာကြာရှည်ရှည်ရရှိနေဖို့ကို သူ,တကယ်ပဲမျှော်လင့်မိပါသည်။
"အင်း....!တော်ဝင်အိမ်ရှေ့စံက ငါတို့အိမ်ကရတနာလေးကို အမြဲစောင့်ရှောက်ပေးမှာပါ''လင်,တကျွမ်းသည် လူတိုင်းကြားနိုင်လောက်သောအသံလေးဖြင့်သာပြောလေသည်။လင်,ဂျာပေါင်ဆိုတဲ့ ဒီကောင်ငယ်လေးဟာ အရမ်းကိုကျေးဇူးသိတတ်ပြီး သံယောဇဉ်ကြီးသည့်ခလေးငယ်လေးပင်။
သူ့ကို နည်းနည်းလေးကောင်းပေးလိုက်ရုံနှင့် ထိုကောင်လေးက တွေးမိတိုင်းအမြဲကျေးဇူးတင်ပြီး သတိရနေတော့တာ....။နောင်အိမ်ရှေ့မင်းသားက ငြီးငွေ့ပြီးပြစ်ပယ်လိုက်ရင် သူတို့ရဲ့ကလေးလေး သူ့ရဲ့ရတနာလေးတော့..။ လင်,တကျွမ်းသည်ထိုအခြေနေအား ဆက်ပြီးပင်မတွေးရဲတော့ချေ။
ထိုအချိန်တွင် ချင်ချိုင်ရှောင်၏လက်အောက်ငယ်သားအချို့က သူတို့အားလုံးကိုတစ်စုံတယောက်ကတွေ့ချင်နေတယ်ဟုဆိုပြီး လာရောက်အကြောင်း ကြားလာ၏။
ချင်ချိုင်ရှောင်သည်လဲ အလွန်ပင်အံ့ဩသွားလေသည်။ ပေကျင်းတွင် မည်သူနှင့်မှအသိကျွမ်းမရှိတာကြောင့် လက်အောက်ငယ်သားများကိုသာ ခရီးဦးကြိုပြုပြီးဧည့်ခန်းအတွင်းသို့ခေါ်ခဲ့ခိုင်းလိုက်လေသည်။
လင်,တကျွမ်းတို့ သုံးယောက်သည်လဲ သူတို့ဆီသို့လာနေသော လူတစ်ယောက်ကို အလိုက်သင့်ရပ်စောင့်နေလိုက်၏။ "သခင်ကြီးလင်၊သခင်လေးလင်၊ ချင်ချိုင်ရှောင် ကျွန်တော်က အရှေ့နန်းဆောင်က ရှောင်ကျန်း(ကျုံးကျင့်ရှန်) ပါ။လာရောက်နှုတ်ဆက်တာနောက်ကျသွားတဲ့အတွက် အပြင်မမြင်ပါနဲ့ခင်ဗျ''
လင်ဂျာဝမ် သည်ထိုသူရဲ့နှုတ်ဆက်ဂါဝရစကားအနည်းငယ်ကိုနားထောင်လိုက်ရုံဖြင့် အရှေ့နန်းဆောင်နှင့်ပတ်သတ်နေတဲ့တစ်ခုခုပဲဆိုတာကို နားလည်လိုက်၏။
Advertisement
"ဆရာကြီးကျုံးက အရမ်းယဉ်ကျေးနေပါပြီ။
ကျေးဇူးပြုပြီး ထိုင်ခုံမှာထိုင်ပါဦး''
ချင်ချိုင်ရှောင်သည်လည်း သူ့လက်အောက်ငယ်သားများကို လက်ဖက်ရည်ကို ယူဆောင်လာစေပြီး
"ဆရာကြီး ကျုံး လက်ဖက်ရည်သောက်ပါဦး။ ဒီကိုရောက်လာတာ အရေးကြီးတစ်ခုခုများရှိလို့လား?"
ကျုံးကျင့်ရှန် က "ဘာမှအရေးကိစ္စတော မဟုတ်ပါဘူး။လင်ရှောင်ဇူရဲ့ မိသားစုဝင်တွေ ဒီမှာရောက်နေတယ်ဆိုလို့ လာရောက်တွေ့ဆုံတာပါ။ နောင်ဘေဂျင်းကိုလာရင် ကျွန်တော့်ကိုဆက်သွယ်နိုင်ဖို့အတွက် သုံးယောက်လုံးကို အိမ်မှာထမင်းစားဖိတ်ချင်လို့ပါ။''
"ကျေးဇူးတင်ပါတယ် ဆရာကြီးကျုံး!မင်းရဲ့စေတနာကိုပဲလက်ခံရတော့မယ်ပုံပါပဲ...။ကျွန်တော်တို့မနက်ဖြန်မနက်အစောပိုင်းထဲက ပြန်ကြမှာပါ။ဒီကအကြီးကဲကို အနှောင့်ယှက်မပေးတော့ပါဘူး'' လင်ဂျာဝမ်က ပြန်ပြောလေ၏။
"မနက်ဖြန် ပြန်မယ်။?" ကျုံးကျင့်ရှန် သည် ခဏလောက်စဉ်းစားပြီးမှ "ဒါဆို အားလုံးအဆင်သင့်ဖြစ်ပြီပေါ့''
"ဟုတ်ကဲ့ အားလုံးအဆင်သင့်ဖြစ်ပါပြီ" ချင်ချိုင်ရှောင်သည်လဲ ဝင်ဖြေ၏။
ကျုံးကျင့်ရှန်သည် ချင်ချိုင်ရှောင်ကိုကြည့်ပြီး
"ချင်ချိုင်ရှောင်က အရမ်းငယ်သေးတာပဲ၊ ဒီတစ်ခေါက် ဘေဂျင်းကိုလာပြီး ကုန်ပစ္စည်းအရောင်းဝယ်လုပ်တယ်ကြားတယ်။ အားလုံးအဆင်ပြေရဲ့လား?''
"ဟုတ်ကဲ့!အကုန်ချောချောမွေမွေ့ပါပဲ။ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ်'' ချင်ချိုင်ရှောင်သည်လဲ အလိုက်သင့် ပြန်ဖြေလေ၏။
''ချင်ချိုင်ရှောင်တို့ မိသားစုကအထည်လုပ်ငန်းကိုပဲ အဓိကလုပ်ကိုင်ခဲ့ကြတာဆို ဘာလို့ဘေဂျင်းမှာဆိုင်ခွဲလာမဖွင့်ရတာလဲ?'' ကျုံးကျန့်ရှန်ကထပ်မေးပြန်၏။
"ချင် မိသားစုရဲ့ဘိုးဘေးတွေအားလုံးက ပိုင်စီရင်စုမှာပဲ အခြေချနေထိုင်ခဲ့သူတွေပါ..!ဒီလုပ်ငန်းကလဲ မျိုးဆက်အရ ဆက်ပြီး အမွေဆက်ခံလာခဲ့တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုလို့ပဲဆိုရမှာပါ။ပြီးတော့ ချင်မိသားစုဝင်တွေကလဲ ဒီမှာဆိုင်ခွဲဖွင့်ဖို့ ရည်မှန်းထားခဲ့ပေမယ့် မြို့တော်ကပိုင်မြို့နဲ့ဆိုအရမ်းဝေးလွန်းတော့ ချီကျုံးမှာပဲအရင်ပိုအချေခိုင်အောင်လုပ်ဖို့ စဉ်းစားလိုက်တာပါ" ချင်ချိုင်ရှောင်သည် ကျုံးကျန့်ရှန်၏ မေးခွန်းအား ပြန်လည်တုံ့ပြန်လေသည်။
"ချင်ချိုင်ရှောင်က နှိမ့်ချတတ်ပြီး လုပ်ငန်းကျွမ်းကျင်တဲ့ပုံပါပဲ။ချီကျုံးမှာလဲ လုပ်ငန်းအောင်မြင်နေတာပဲမဟုတ်လား။ဒါဆိုဘေဂျင်းမှာ ရုံးခွဲဖွင့်လှစ်ဖို့အတွက်လဲ အခက်ခဲကြီးကြီးမားမားမရှိနိုင်ပါဘူး။
အိမ်ရှေ့စံမင်းသားနဲ့မကင်းရှင်းတဲ့လုပ်ငန်းတွေထဲမှာ ချီအိမ်တော်ရဲ့အထည်ဆိုင်လုပ်ငန်းတွေလဲ အပါဝင်ပါ။ဒီလိုဆိုရင်ရော ဒီ ချီအထည်ဆိုင်တွေနဲ့ စီးပွားပူးပေါင်းဖို့ကိုဘယ်လိုသဘောရပါသလဲ....။''ကျုံးကျင့်ရှန်သည် ချင်ချိုင်ရှောင်ကို တံဆိပ်ကတ်ပြားတစ်ခုထုတ်ပေးရင်း ပြောလိုက်၏။
ချင်ချိုင်ရှောင်သည် စိတ်လှုပ်ရှားစွာလက်နှစ်ဘက်ဖြင့် တံဆိပ်ပြားကို ကိုင်ကာ
"ဒါကတကယ်ပဲလား....... ကျေးဇူးတင်ပါတယ်" .
ကျုံးကျင့်ရှန်ပေးလာသော ချီကျားဇွမ်ဆိုသည့်တံဆိပ်ပြားသည် ရွှမ်းယန်အင်ပါယာ၏ နာမည်ကြီးဧကရာဇ်ရှန်းချီ၏အဆက်နွယ်မိသားစုများဖြစ်သည်။ ချီမိသားစုတွင် လုပ်ငန်းများစွာရှိပြီး စစ်မှန်သောလူချမ်းသာစီးပွားရေးသမားများဖြစ်သည်။ဒီလိုဂုဏ်သတင်းကြီးသည့် နာမည်ကြီးနာမည်ကတ်ကို ရယူနိုင်ဖို့ဆိုတာ သူတစ်ခါမှမမက်ဖူးတဲ့အိပ်မက်တစ်ခုပင်။''
"ဒါက အိမ်ရှေ့စံမင်းသားလိုချင်တဲ့အရာပါ။ မင်းဘေဂျင်းမှာအခြေချတာပဲဖြစ်ဖြစ် စီးပွားရေးကြောင့် ဘေဂျင်းကိုမကြာမကြာလာရတာပဲဖြစ်ဖြစ်တစ်ခုခုတော့လုပ်နိုင်ဖို့ ငါမျှော်လင့်ပါတယ်။ဒါမှမင်းမိသားစုကို အမြဲလွမ်းဆွတ်နေတဲ့ရှောင်ဇူ နဲ့ မကြာမကြာတွေ့ဆုံခွင့်ရမယ်လို့ ငါထင်ပါတယ်"
ထို့နောက် ကျုံးကျင့်ရှန်က လင်ဂျာဝမ်ကိုကြည့်ပြီးထပ်ပြော၏ ။ "လင်ဂျာဝမ်အနေနဲ့လာမယ့်နှစ်မှာ မြို့နယ်ပညာရှင်အဆင့်စာမေးပွဲကို ဖြေဆိုတော့မယ်လို့ကြားပါတယ်။ဒီစာမေး ပွဲကို လင်ဂျာဝမ်အနေနဲ့ ကောင်းကောင်းပြင်ဆင်ပြီးဖြေဆိုနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျောင်းဝင်ခွင့်ရပြီဆိုတာနဲ့ ဘေဂျင်းမှာရှိတဲ့ 'အင်ပါယာ အတတ်ပညာရှင်များကျောင်း' ကို လာတတ်နိုင်ပါပြီ။
မိသားစုနဲ့လာမယ်ဆိုရင်ပိုအဆင်ပြေပါလိမ့်မယ်။ကျန်တာဘာမှပူစရာမလိုပါဘူး အကုန်လုံးကိုငါမင်းအတွက် စီစဉ်ပေးပါ့မယ်။''
ကျုံးကျင့်ရှန်၏ စကားကိုနားထောင်ပြီးနောက် လင်ဂျာဝမ်က"အိမ်ရှေ့စံမင်းသားရဲ့မျှော်မှန်းချက်အတိုင်း ကျွန်တော်လိုက်နာနိုင်အောင်ကြိုးစားပါ့မယ်။ပြန်ရောက်တာနဲ့ လေ့လာစရာရှိသေးတဲ့ စာတွေကိုပြန်သုံးသပ်ပြီး လာမယ့်နှစ်အတွက် သေချာပြင်ဆင်ထားလိုက်ပါမယ်" ကော်ဇီကျင်သည် ပညာရှင်အဆင့်များအတွက် စာလေ့လာရန်အမြင့်ဆုံးနှင့်အလေးမြတ်ထားရတဲ့ပန်းတိုင်နေရာလဲဖြစ်သည်။
"လင်ဂျာဝမ် မင်းကလင်ရှောင်ဇူရဲ့မိသားစုဝင်တစ်ဦးပါ။ မင်းမှာ ကောင်း မွန်တဲ့အနာဂတ်သာရှိမယ်ဆိုရင် နောင်လင်ရှောင်ဇူအတွက် အထောက်အပံ့ကောင်းဖြစ်လာနိုင်ပါလိမ့်မယ်။လင်ရှောင်ဇူနဲ့အနာဂတ်ဟာ မင်းရဲ့အနာဂတ်နဲ့ပတ်သတ်နေနိုင်ပါတယ်''
ကျုံးကျင်းရှန်သည် သူတို့နှစ်ယောက်အားမှာစရာရှိတာမှာကြားပြီးနောက်
"သခင်ကြီးလင် စိတ်အေးအေးထားပြီးအေးအေးသက်သာနေပါ။ ရှောင်ဇူကအဆင်ပြေတာထက်ပိုပါတယ်။ ရှောင်ဇူက ငါတို့ရဲ့သခင်လေးဖြစ်သလို အိမ်ရှေ့စံမင်းသားဟာလဲ သူကိုနှစ်နှစ်ကာကာချစ်မြတ်နိုးပြီး အလေးထားပါတယ်။ရှောင်ဇူ အတူရှိနေတဲ့နေ့ရက်တွေလောက် ပိုပြီးပျော်စရာကောင်းတဲ့နေရက်တွေ အရှင့်သားဆီမှာမရှိလာနိုင်ပါဘူး။
တကယ်လို့ သခင်ကြီးအနေနဲ့ သခင်လေးလင်ကို သတိရလို့ဆက်သွယ်ချင်ရင် စာရေးသားပြီးကျွန်တော့်အိမ်တော်ကိုပို့ပေးလိုက်ပါ။ကျွန်တော် သခင်ကြီးကိုယ်စားသွားရောက်ပို့ဆောင်ပေးပါမယ်''
လင်,တကျွမ်း သည် ထိုစကားကိုကြားသည်နှင့် အလွန်ကျေးဇူးတင်ရှိပြီး မတ်တပ်ရပ်လျက် "ဆရာကြီးကျုံး ကျေးဇူးတင်ပါတယ်! ဆရာကြီးပြန်သွားရင်လဲ ကျွန်တော်တို့အနေနဲ့ အိမ်ရှေ့စံမင်းသားအား ကျေးဇူးတင်ရှိပါတယ်ဆိုတဲ့အကြောင်းကိုလဲ ဆက်ဆက်လျှောက်တင်ပေးပါဦး"
ကျုံးကျင်းရှန်ထွက်သွားပြီးနောက် လင်,တကျွမ်းတို့ သုံးယောက်သည်လဲ ပိုပိုပြီးခံစားချက်တွေကောင်းလာတော့၏။ကြည့်ရတာ အိမ့ရှေ့စံမင်းသားက ဂျာပေါင်(ကျားပေါင်)ကို တော်တော်လေး အလေးအနက်ထားပုံပါပဲ။သူတို့တကယ်ပဲ အများကြီးစိတ်အေးသွားပါပြီ....။
နောက်နေ့မှာတော့ချင်ချိုင်ရှောင်နှင့်အဖွဲ့သည် စုစုပေါင်းရထားသုံးစင်းဖြင့် မြို့တော်မှစောစောစီးစီးပြန်လည် ထွက်ခွာလာခဲ့သည်။လင်,တကျွမ်းအပါဝင် သူတို့သုံးယောက်အတွက် သီးသန့်မြင်းရထားတစ်စင်းစီစဉ်ထားပြီး အခြားရထားတစ်စင်းမှာ ဘေဂျင်းတွင်ဝယ်ယူသည့်ကုန်ပစ္စည်းများတင် ဆောင်လာတာဖြစ်၍ နောက်ဆုံးတစ်စင်းတွင်တော့ ဆွေမျိုးများနှင့် သူငယ်ချင်းများထံပြန်လည်ဝေမျှမည့် လက်ဆောင်ပစ္စည်းများအပြည့်တင်ဆောင်ထားတာဖြစ်လေသည်။
မြင်းရထားသည်မြို့တော်အပြင်ဘက်တွင်ရုတ်ချည်းရပ်သွားလေ၏။
''ဘာဖြစ်လို့ ရပ်သွားတာလဲ?''ချင်ချိုင်းရှောင်ကရှေ့ကမြင်းလှည်းမောင်းနေသည့်ကောင်လေးအားမေးလိုက်၏။
⭐⭐⭐⭐⭐⭐
Advertisement
- In Serial11 Chapters
August
A short story based on the songs "August" and "Betty" from Taylor Swift's "Folklore" album.
8 124 - In Serial41 Chapters
A Love found in Affliction
With in the four walls of Wentworth East Hospital, Manhattan, two people found their life's turned upside down at the same time. Had fate planned this affliction so they would meet and fall in love? Join the story of Aaron Wade Clark, a hot shot billionaire and Dr. Elaine Sparks, a neuro surgeon, as they try to find love amidst their own grief.●COMPLETE●
8 138 - In Serial28 Chapters
Cheater RWBY x Male Reader x Neptunia Goddesses (Remake)
A Remake of my first ever story on here
8 201 - In Serial26 Chapters
The Bad Maid (Completed)
Helena felt goosebumps all over her body and even stifled out a moan when he pushed up into her groin with his hips."Mmm, don't you look delicious tonight." He mumbled more to himself and ran his hand into her hair and then down to her face before pausing to run his thumb over her bottom lip. He stopped for a moment, as if imagining scenarios of what he could do to her before lowering his hand down to lift her chin up. He shifted his hips into her again purposely and then lowered his top half to lightly kiss her neck. It was a breathless kiss, just enough for her to feel the heat of his lips on her skin. As a college girl, paying tuition has always been a difficult task. Especially if you've been living in a disgusting motel most of your school life just to make ends meet! Helena Martin was determined to take any job given to her, no matter how degrading it was. The only problem was, no one was biting! Not until she snagged an interview at Daville Manor where she would be a house maid for a loving couple in a gigantic mansion. The misses had one main rule. DO NOT SLEEP WITH HER HUSBAND. That's easy enough right? That's what Helena thought until she met Liam Reider in person. Will Helena be able to avoid falling for the sir's dashing good looks and suave charm or will her heart be stolen and be swept away like all the other maid's who worked for him?
8 149 - In Serial37 Chapters
Fool For You (gxg) | Completed ✔️
Sam, a shy, 16 year old, closeted lesbian who has anxiety issues and abusive parents meets Avery, a soon to be Beta, who wasn't expecting to find her mate in a human girl. But when one act of kindness and tears start to turn things over, Avery realizes that she cannot keep Sam an arm's length away. Their relationship is put to a test with love and trust the only things keeping them at bay. Includes:- girlxgirl romance (duhh) - abuse and self-harm scenes - mature sexual content- werewolf stuff-----I suck at descriptions but give it a try? :)P.S This was written when I was dumb and new to writing so it's gonna be a little eh-----Completed: 5/6/2020
8 107 - In Serial65 Chapters
I Like Selena Gomez || Taelena Fanfiction (Taehyung x Selena Gomez)
Kim Taehyung (V) from BTS has had a crush on Selena Gomez since 2017. He has spoken about her in interviews, but she seems to never respond to them. Will Taehyung and Selena finally meet? What problems will they have on the way? Will he be able to save her from her abusive boyfriend?Cover: army.lenators on IG
8 96

