《မင်းကို ချစ်မဝသေးလို့(BL Novel,Myanmar tran)》Ch-14.2 Unicode
Advertisement
မင်းကိုချစ်မဝသေးလို့
အပိုင်း(၁၄): မိသားစု (Part-2)
.......
လင်ချန်အာသည် သူ့ကိုယ်သူဂုဏ်ယူစွာလက်ခံခဲ့သော အဖွားငယ်ဆိုတဲ့ဂုဏ်ပုဒ်နှင့်ဘဝဟာလဲ ထင်သလောက်မကောင်းဘူးဆိုသိဖို့အတွက် အချိန်သိပ်မယူခဲ့ရပေ။ သူမဝမ် မိသားစုအပေါ် ကြင်နာမှုစွာကောင်းကောင်မွန်မွန်ဆက်ဆံတာကြောင့် ဝမ်မိသားစု၏အကြီးအကဲနှစ်ဦးကလည်း သူမကို အိူမှတ်ပြုကာ ကောင်းမွန်စွာပြန်၍ ဆက်ဆံခဲ့သည်။
သို့သော်လည်း သူမ၏ခင်ပွန်းဖြစ်သူဝမ်ချွဲပေါ် သည်ကား သူမကိုအလွန်သဘောကျတဲ့ပုံစံမျိုးမရှိခဲ့ချေ။ လင်ချန်အာသည်ငယ်စဉ်ကတည်းက နုနုရွရွနေခဲ့ရသူမဟုတ်ပဲ အလုပ်လုပ်ခဲ့ရသူဖြစ်တာကြောင့် သူမ၏အသားအရေသည် နှစ်ကာလများစွာနေလောင်ထားခြင်း၏အကျိူးဆက်ကြောင့် အညိုရောင်ဘက်သန်းနေပြီး ကြမ်းလဲကြမ်းနေသည်။
ဝမ်ချွဲပေါ်ကိုယ်တိုင်ကိုက သူမရဲ့အခန်းကပျင်ရိဖို့ကောင်းသလိုစိတ်ဝင် စားဖွယ်ရာလဲမရှိဘူးဟုတွေးထင်နေတာကြောင့် သူမဆီသို့လာတာရှားပါးလေသည်။ လင်ချန်အာကစာလုံးမတတ်သူဖြစ်သည်။ ဝမ်ချွဲပေါ်သည်ကားအရည်ချင်းစစ်မေးပွဲအောင်မြင်ထားသည့်သူမဟုတ်သည့်တိုင် သူကအနုပညာကိုတော့လိုက်စားကာ အထိုက်လျောက်တော့ တတ်ကျွမ်းသူဖြစ်လေသည်။
ဒါကြောင့်နှစ်ယောက်သားတွေ့ဆုံမိရင်လဲ စကားပြောစရာခေါင်းစဉ်မယ်မယ်ရရရှာမရနိုင်ဘဲ နှုတ်ဆိတ်၍သာနေရသည်က,များလေသည်။ ပြီးတော့ စိတ်အနှောက်အယှက်ဖြစ်စရာ အကောင်းဆုံးကတော့ဝမ်ချွဲပေါ်၏အိမ်မှာ သူ့ရဲ့ မိန်းကလေး နှစ်ယောက်ရှိနေပြီးသားဖြစ်၏။
တစ်ယောက်ကတုန်ဖန်း။ သူမကလင်ချန်အာထက် အများကြီးပိုလှပြီး နောက်တစ်ယောက်ယိရင် က သူမရဲ့ခင်ပွန်းကို အပိုင်သိမ်းပိုက်ထားနိုင်သူဖြစ်သည်။ ခင်ပွန်းဖြစ်သူ၏မျက်နှာသာပေးမှုလဲမရသလို သားသမီးလဲမရှိသည့် သူမအနေဖြင့် ကျောထောက်နောက်ခံကောင်းကောင်းပြုနိုင်မည့် မိသားစုပါထပ်ပြီးမရှိနိုင်ဘူးဆိုပါက ခင်ပွန်းသည်နှင့်မင်္ဂလာခန်းကိုတရား ဝင်ခွင့်ရမည့်မိန်းမ ဖြစ်လာရန်မည်မျှခက်ခဲမည်ဆိုတာကို ကောင်းကောင်းသဘောပေါက်နေခဲ့၏။
ယခုအချိန် လင်ချန်အာတွေးနိုင်သည့်သူမရဲ့တစ်ခုတည်းသောမျှော်လင့်ချက်က ဦးလေးရဲ့မိသားစု....။အထူးသဖြင့်လင်ဂျာဝမ်.... သူ ချုံးချိုင်ကိုဝင်ခွင့်ရပြီလို့သတင်းကြားထဲက ဝမ်းကွဲအကိုအပါအဝင် အဲ့ဒီ့မိသားစုဝင်တွေနှင့် ဆက်ဆံရေးပြန်လည်တည်ဆောင်ခြင်နေခဲ့တာဖြစ်သည်။
ဒါပေမဲ့ လင်,တကျွမ်းတို့မိသားစုကတော့ သူမ,ဘယ်လိုပဲမျက်နှာချိုသွေးပြီး ဝင်ရောက်ရောဖို့ကြံလေတဲ့အကြိမ်တိုင်းကို ငြင်းမြဲငြင်းနေဆဲပင်....။
ကောင်မလေး လက်ဆောင်ထုပ်နှင့်ပြန်လာသည်ကို လင်ချန်အာ,မမှိတ်မသုန်းကြည့်နေလိုက်ပြီးနောက် စိတ်ထဲတွင်တော်တော်လေးအချဉ်ပေါက်နေတော့၏။
''တကယ်ပဲ ဘာလုပ်ရမှန်းကိုမသိတော့ဘူး''
သူမရဲ့မိဘများကလည်းသူမအတွက် အဲ့ဒီ့မိသားစုကိုသွားရောက်တောင်းပန်ပေးကြပါသော်လည်း ခြံတံခါးအဝကပင်ပြန်
လှည့်လာခဲ့ရလေသည်။
ဟင်း... သူမရဲ့တော်လွန်းလှပါတယ်ဆိုတဲ့ ဝမ်းကွဲအစ်ကို လင်,ဂျာဝမ် ၏ဂုဏ်ဒြပ်ကြောင့်သာမဟုတ်ရင် သူမအနေနဲ့ အဲ့ဒီမိသားစုကို ဘာကိစ္စအဖက်လုပ်ခ,ယနေရမှာတုန်း!!
လင်,တကျွမ်းတို့မိသားစုစိတ်ကျေနပ်ဖို့ သူမဘာလိုလုပ်ရမလဲ? လင်ဂျာပေါင်(ကျားပေါင်)ကလဲ နန်းတော်ထဲမှာအဆင်ပြေနေတယ်လို့ကြားတယ်။ တကယ်လို့သူမသာနန်း
တော်ထဲဝင်သွားခဲ့ရင် ဘာတွေဖြစ်နေမလဲမသိဘူး.........။
......
ရက်အနည်းငယ်ကြာပြီးနောက် လင်,တကျွမ်း နှင့်လင်ဂျာဝမ် တို့သားအဖသည် ချင်ချိုင်ရှောင်နှင့်အတူ သူတို့ရဲမိသားစုကို နှုတ်ဆက်၍ ဘေဂျင်းသို့ခရီးထွက်ခဲ့ကြလေသည်။
ချင်ချိုင်ရှောင်သည် မိသားစုဝင်၄ယောက်ရယ် နောက်ထပ် အဖော်၂ယောက်ရယ်နှင့် စားနပ်ရိက္ခာ၊ကုန်ပစ္စည်းများကို တင်ဆောင်ရန်အတွက် မြင်းလှည်းနှစ်စီးအားစီမံပြီးနောက် ဘေဂျင်းသို့သွားရန်ပြင်ဆင်လေသည်။ မြို့ဂိတ်တွေဟာလဲ လမ်းတစ်လျှောက်လုံးတွင်ရှိလေ၏။ ဆယ်ရက်ကြာခရီးနှင်ပြီးမှသာ မြို့တော်ကို ချောချောမွေ့မွေ့ရောက်သွားလေသည်။
မြို့တော်ထဲသို့ရောက်ချိန်သည် ညခင်းဖြစ်သွားတာကြောင့် သန့်ရှင်းသောတည်းခိုခန်းတစ်ခုကိုရှာ၍ တစ်ဖွဲ့လုံးဝင်ရောက်တည်းခိုကြတော့သည်။
''အဖေ နဲ့ အကိုကြီးအရင်အနားယူလိုက်ကြပါ။ ဒီအချိန်ခရီးသွားရတာက ကောင်းတယ်ဆိုပေမဲ့လဲ လမ်းခရီးကကြမ်းတော့ပင်ပန်းတာကပင်ပန်းတာပါပဲ....။ကျနော်တို့ရောက်ပြီး နောက်ရက်နည်းနည်းကြာရင် ဆောင်းဦးပေါက်ပွဲတော်ဆိုတော့ သိပ်တော့မစောင့်ရတော့ပါဘူး။ မနက်ဖြန်ကျရင် မြို့တော်ထဲလိုက်ကြည့်ကြတာပေါ့''
''ချိုင်ရှောင် မင်းလဲပင်ပန်းလာတာပဲ စောစောအနားယူလိုက်ပါ " လင်,တကျွမ်း သည်လမ်းခရီးတစ်လျောက်တွင်လဲ သမက်ဖြစ်သူအား လွန်စွာမှကျေနပ်နေလေသည်။ ထက်ထက်မြတ်မြတ်ဖြင့် စေ့စပ်သေချာသူလဲဖြစ်လေရာ လမ်းခရီးတလျှောက် သူတို့ဘာတစ်ခုမှစိတ်ပူစရာမလိုအောင် အသေးစိတ်ကအစ,စီစဉ်ဆောင်ရွတ်ပေးလေသည်။
ဒီလိုသမက်မျိုးနှင့် ခရီးအတူသွားရတာ တကယ်ကိုကံကောင်းတာပဲ!
နောက်တစ်နေ့မနက်စောစော သူတို့မနက်စာစားနေတဲ့အချိန်မှာ ချင်ချိုင်ရှောင်က သူစုံစမ်းလို့ရထားတဲ့သတင်းအချို့ကိုပြန်ပြေပြလေသည်။
"ဆောင်း ဦးရာသီပွဲတော်နေ့ကျရင် ၇နာရီလောက်စပြီး မိသားစုတွေနဲ့စတွေ့ခွင့်ပေးမယ်တဲ့။အချိန်ကတော့ ၁နာရီလို့တော့သတ်မှတ်ထားတယ်တဲ့။ ပြီးတော့ မယ်မယ်ကြီးနန်းဆောင်ကနေစ,မယ်လို့လဲပြောတယ်။ အဲ့ဒါကြောင့် ကျနော်ထင်တာတော့ ကျနော်တို့ ဂျာပေါင်(ကျားပေါင်)ကိုမနက်ပိုင်းလောက်မှာတွေ့ရလောက်တယ်''
"ကောင်းလိုက်တာ!" လင်,တကျွမ်းတို့ နသားအဖ တို့သည် ချင်ချိုင်ရှောင်၏ စကားကိုနားထောင်ပြီးနောက် အလွန်ပျော်ရွှင်ခဲ့ကြသည်။
မနက်စာသုံးဆောင်ပြီးနောက် လင်,တကျွမ်းတို့သားအဖနှင့် ချင်ချိုင်ရှောင် တို့သည် ဘေဂျင်းမြို့တော်သို့ လှည့် လည်ကြည့်ရှုကြလေ၏။ သူတို့နေထိုင်တဲ့ တည်းခိုခန်းက မြို့ရဲ့အနောက်ဘက်ခြမ်းလို့ဆိုနိုင်ပြီး သာမာန်လူလတ်တန်းစားများ အများစုနေထိုင်ကြတာကြောင့် မြို့တွင်း၌ ပျားပန်းခတ်လှုပ်ရှားအသက်ဝင်စည်ကားနေတော့၏။
မြို့၏အရှေ့ဘက်ခြမ်းတွင် ဂုဏ်သရေရှိလူချမ်းသာများနေထိုင်ကြပြီး နန်းမြို့ရိုး၏အတွင်းပိုင်းသည်ဧကရာဇ်၏ သီးသန့်ပိုင်နက်နယ်မြေဖြစ်ကာ တော်ဝင်မိသားစုနှင့်နန်းတွင်းအမှုထမ်းများနေထိုင်ကြသည်။
ချင်ချိုင်ရှောင် သည် မြို့အတွင်းခဏတာလမ်းလျှောက်လှည့်ပတ်ကြည့်ရှုပြီးနောက် ခြံငယ်လေး၏အရှေ့ဖက်တွင် ဆိုင်ခန်းငယ်တစ်ဆိုင်ပါတွဲရက်ပါသည့် အိမ်ငယ်လေးကိုငှားရမ်းလိုက်လေသည်။
အိမ်ငှားခအတွက် လ,ဝက်စာငွေချေပြီးနောက် သူတို့အဖွဲ့သည် တည်းခိုခန်းတွင်ရှိနေသော ပစ္စည်းအားလုံးကိုသယ်ဆောင်၍ တက်ကြွစွာဖြင့် ဌားထားသောအိမ်သို့ရွေ့ပြောင်းကြလေသည်။လင်,တကျွမ်း နှင့် လင်ဂျာဝမ် တို့သည်လဲ ချိုင်ရှောင်၏ ကုန်ပစ္စည်းများကိုခွဲခြမ်းစိတ်ဖြာပေး ၍ ဆိုင်ဖွင့်ရန်ပြင်ဆင်နေခြင်းကို ဝိုင်းဝန်းကူညီပေးကြလေသည်။မြန်မြန်ဆန်ဆန်တစ်ယောက်တစ်လက် ဝိုင်းဝန်းလုပ်ဆောင်လိုက်ခြင်းကြောင့် ဆိုင်ဖွင့်ရန်ပြင်ဆင်နေခြင်းသည် ညနေပိုင်းကထဲကပင် အားလုံးအဆင်သင့်ဖြစ်ခဲ့ပြီဖြစ်သည်။
ချင်ချိုင်ရှောင်သည် မနက်ဖြန်တွင်ဆိုင်ခန်းဖွင့်ရန်အတွက် စီစဉ်နေပြီးနောက် 'ချင်ကျားကျွမ်း' ဟူသော ဆိုင်းဘုတ်ကို ချိတ်ထားသည်။
"အဖေ နဲ့ အကိုကြီးဒီနေ့နေ့ခင်းတုန်းက အနှောက်ယှက်ပေးရတာကို အားနာပါတယ်။ မနက်ဖြန်တော့ဆင်ပြေပါပြီ။ကျနေ့မှာ လူနှစ်ယောက်လဲပါလာသေးတယ်လေ..။နားနားနေနေ,နေကြပါ ကျနော် မနှောက်ယှက်တော့ပါဘူး''
"ငါတို့ကမိသားစုတွေပဲလေ အားနာစရာမလိုပါဘူး။ မင်းအစ်ကိုရော ငါ့ရောကအလုပ်,လုပ်နိုင်ပါတယ်ကွ ဟားဟား!" လင်,တကျွမ်းကရယ်မောလျက်ပြောလေသည်။
"စကားမစပ် ကျနော်ပေကျင်းမြို့တော်ရဲ့နာမည်ကြီး'ယိဂျင်းစာအုပ်ဆိုင်'ကို တွေ့လာခဲ့တယ်။အဲ့မှာက ရှားပါးစာအုပ်တွေအပြင် အဆင့်မြင့်တန်းတွေအတွက် ရည်ရွယ်တဲ့စာအုပ်တွေပါရှိတယ်တဲ့။ထိုင်ဖတ်လို့လဲရတယ်တဲ့ တော်တော်လေးအဆင့်မြင့်တယ်လို့တော့ပြောတယ်။ အကိုကြီး တစ်ခေါက်လောက်သွား ကြည့်,ကြည့်ပါလား။စာအုပ်ဆိုင်က မြို့အရှေ့နဲ့အနောက်စုံတဲ့လမ်းစုံတည့်တည့်မှာလို့ပြောတယ် '' သူ,ဒီနေ့ဆိုင်ခန်းတွေအကြောင်းလိုက်မေးရင်း သိလာတဲ့စာအုပ်ဆိုင်အ ကြောင်းကို ပြောပြလိုက်၏။
''အင်း! မနက်ဖြန် သွားကြည့်ရမယ်'' လင်ဂျာဝမ် သည် ချင်ချိုင်ရှောင်၏ စကားကိုကြားလိုက်ရတာနှင့် အရမ်းကိုတတ်ကြွပြီးစိတ်အားပြင်းပျနေ၏။ပိုင်စီရင်စုမှာက စာအုပ်ဆိုင်လဲအများကြီးမရှိတာကြောင့် စာအုပ်လဲအများကြီးငှားရမ်းလို့မရနိုင်ပေ။ဒါ့ပြင် စာအုပ်ဈေးတွေကလဲ အရမ်းများလွန်းတာကြောင့် မိသားစုကိုငဲ့ရသော သူ့အနေဖြင့် စာအုပ်ကိုမကြာကြာဝယ်ဖို့ဆိုတာလဲမဖြစ်နိုင်ချေ။
နောက်တနေ့ မနက်စောစောမှာတော့ လင်ဂျာဝမ်ဟာ မနက်စာ,စားပြီးတာနှင့် သူ့ယောက်ဖမနေ့ကပြောခဲ့သော သာအုပ်ဆိုင်သို့ထွက်လာခဲ့တော့၏။ ဒီစာအုပ်ဆိုင်က တကယ်ကိုအကြီးပဲ!အထပ်သုံးထပ်တောင်ပါရှိပြီး သူ,မြင်ဖူးခဲ့သမျှထဲမှာ အကြီးဆုံးလို့ပြောနိုင်လေသည်။
Advertisement
လင်ဂျာဝမ် ဆိုင်ထဲကိုဝင်သွားပြီးနောက် ချက်ချင်းပဲ လူတစ်ယောက်သူ့အနားရောက်ပြီး
"မင်း ဒီကိုလာရင် နာမည်စာရင်းပေးရပါမယ်။ကောင်တာကိုလိုက်လာပြီး စာရင်းအရင်လာသွင်းပေးပါ....''
စာရင်းသွင်းပြီးနောက် ရှောင်အာ က ဂျာဝမ်အား
"ဒီဆိုင်ရဲ့ ပထမထပ်နဲ့ ဒုတိယထပ်မှာရှိတဲ့ ကြိုက်တဲ့ဘယ်စာအုပ်ကိုမဆိုယူဖတ်နိုင်ပါတယ်။ ပြင်ပတော့ ယူသွားလို့မရပါဘူး။ ဆိုင်ထဲမှာပဲဖတ်ရပါမယ်။လက်ဖက်ရည်သောက် ချင်ရင်ဖြစ်ဖြစ် အဆာပြေမုန့်စားချင်ရင်ဖြစ်ဖြစ် တတိယထပ်ကိုသွားပါ။အဲ့မှာလိုအပ်တာတွေရနိုင်ပါတယ်။ဒါပေမဲ့ မင်းရွေးဖတ်ထားတဲ့စာအုပ်ကိုတော့ သေချာဂရုတစိုက်ကိုင်တွယ်ဖတ်ရှုပါ။ပျက်စီးမှု တစ်စုံတရာဖြစ်ခဲ့ရင် ကျသင့်ငွေအတိုင်းပေးလျော်ရပါမယ် "
ထို့နောက် လင်ဂျာဝမ်သည် ရှောင်အာအား ကျေးဇူးတင်စကားပြောပြီးနောက် ပထမထပ်ကိုလျှောက်သွားခဲ့လေသည်။ဤစာအုပ်ဆိုင်၌ တကယ်ကိုပင်စာအုပ်အမျိုးအစားများစွာရှိနေတာဖြစ်ပြီး စာအုပ်စဉ်တစ်ခုစီ၏ဘေးတွင်လဲ စားပွဲများနှင့် ထိုင်ခုံများကိုချထားပေးလေသည်။
စာဖတ်နေတဲ့ လူတွေအများကြီးရှိသော်လည်း အရမ်းတိတ်ဆိတ်နေပြီး အားလုံးဟာ ငြိမ်သတ်စွာစာအုပ် ထိုင်ဖတ်နေကြသည်။ စာအကြောင်းဆွေးနွေနေသူအချို့ကို တွေ့ရတာတောင်မှ သူတို့ဟာဆူညံငြင်းခုန်နေခြင်းမျိုးမရှိပဲ ပတ်ဝန်းကျင်သည်လဲ တိတ်ဆဲနေဆဲပင်ဖြစ်၏။
ဂျာဝမ်သည်လဲ ဖတ်လိုသည့်စာအုပ်အားခပ်မြန်မြန်ရွေးပြီးနောက် ထိုင်ခုံထိုင်၍ငြိမ်သတ်စွာဖတ်နေမိတော့ သည်။
......
နောက်ရက်တွေမှာလဲ လင်ဂျာဝမ်ဟာ နေ့တိုင်းစာအုပ်ဆိုင်ကိုသွားပြီး စာအုပ်တွေကြားထဲခေါင်းနှစ်ရင်းဖြင့် မဆုံးနိုင်တဲ့အသိပညာဗဟုသုတပင်လယ်ထဲသို့ မျောပါနေတော့၏။
စာအုပ်ဆိုင်ကိုသွားတာရက်တွေကြာလာတာကြောင့် လင်ဂျာပေါင်သည်လဲ စာပေအရာတွင်ပါရမီထူးတဲ့ ချင်းချိ
ခွမ်း ဆိုတဲ့ပုဂ္ဂိုလ်တစ်ယောက်နှင့်သိကျွမ်း၍လာ၏။ပထမဆုံးတွေ့ဆုံခြင်းမှာတင် တစ်ယောက်ရဲ့အရည်ချင်းကိုတစ်ယောက် သဘောကျခဲ့ကြတာဖြစ်သည်။
"အစ်ကိုလင်!မင်းကို ငါစ,စတွေ့တုန်းက မင်းကစစ်ရေးနယ်ပယ်ဖက်ကဖြစ်မယ်လို့ပဲ ငါတွေးမိလိုက်တာဟားဟား! ငါတို့ရဲ့ ခံယူချက်တွေက ဒီလောက်တိုက်ဆိုင်ပြီးတူနေလိမ့်မယ်လို့ တကယ်မထင်ထားဘူး။ မင်းလိုစိတ်တူကိုယ်တူလူမျိုးနဲ့တွေ့ဆုံရပြီး သူငယ်ချင်းဖြစ်ခွင့်ရတာကံကောင်းတာပဲ။နောက်ကျရင်လဲ ငါတို့မကြာမကြာတွေ့ပြီး ဆွေးနွေးကြတာပေါ့...''
ချင်းချိခွမ်း သည် လင်ဂျာဝမ်ကို စ,မြင်လိုက်တုန်းက သူ၏ကျယ်ပြန့်သောကျောကုန်းနှင့် တောင့်တင်းကျစ်လစ်သော ခန္ဓာကိုယ်အချိုးအစားကိုကြည့်၍ အလွန်ကြမ်းကြုတ်ပြီး ရက်စက်ကာ သီးသန့်ဆန်သောအတွေးခေါ်ပိုင်ရှင်မျိုးဖြစ်မည်ဟုတွေးမိလေသည်။
ဒါ့အပြင် ဘယ်နယ်ပယ်တွင်ကျင်လည်နေတယ်ဆိုတာကိုပါ အလွန်သိချင်သလို ရင်းနှီးလိုတာကြောင့်လဲ မိတ်ဆွေ ဖွဲ့စကားလာပြောခြင်းဖြစ်၏။ မထင်မှတ်ပဲ ထိုလူကောင်းထွားထွားကြီးကစကားပြောကောင်းပြီး သူနဲ့လဲအတွေးခေါ်ယူဆပုံချင်းပါလာတူနေတာကြောင့် တတိယထပ်ရှိလက်ဖက် ရည်ဆိုင်သို့ရောက်လာပြီး စကားလက်ဆုံကျနေခြင်းဖြစ်၏။
"အစ်ကို ချင်း၊ မင်းရဲ့သူငယ်ချင်းအဖြစ်တွေ့ခွင့်ရတာအရမ်းဝမ်းသာပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာပဲ ငါပေဂျင်းကိုဒီတစ်ခေါက်လာတာက နန်းတော်ထဲရောက်နေတဲ့ ငါ့ရဲ့ညီလေးကို ဆောင်းဦးရာသီပွဲတော်မှာ တွေ့ခွင့်ပေးမယ်ဆိုလို့ မိသားစုနဲ့လာခဲ့တာလေ။ဒါပြီးရင် ငါ့ရဲ့နေရပ်ကိုပြန်ရမှာပါ...''
လင်ဂျာဝမ်သည်လဲ နောင်တွင်တွေ့ရန်မသေချာတော့သည် မိတ်ဆွေ အား, အားနာစကားဆိုလိုက်၏။
''အား! အဲဒါ ဝမ်းနည်းစရာပဲ! မင်းညီကနန်းတွင်းအမှုထမ်းဟုတ်လား? ။ အခုပွဲတော်က တော်ဝင်မင်းသားက ဘာဘေရိယန်လူရိုင်းတွေကို သုတ်သင်နိုင်ခဲ့လို ဂုဏ်ပြုတဲ့အနေနဲ့ ကောင်းချီး ပေးတဲ့ အထိမ်းမှတ်ပွဲလို့ဆိုရမှာပေါ့..''
ချင်းချိခွမ်း က ဆက်ပြီး
"အိမ့်ရှေ့စံမင်းသားက တကယ်တော်တယ်ပြောရမယ် သူက စစ်ရေးဗျူဟာလဲ ကြွယ်ဝသလို စာပေနှံ့စပ်မှုကလဲ သွားလျော့တွက်လို့မရပြန်ဘူး။ သူကစာပေကိုလဲချစ်မြတ်နိုးတယ်တဲ့!ငါကြားတာတော့ ဒီစာအုပ်ဆိုင်ရဲ့နောက်ကွယ်မှာ အိမ်ရှေ့စံမင်းသားရှိနေတယ်တဲ့လေ။ အရပ်သားကော ကလေးတွေကိုကော စာအုပ်စာပေနဲ့ရင်းနှီးစေချင်လို့ အခုလိုဖွင့်ထားပေးတာတဲ့''
"အင်း! သူ့ရည်ရွယ်ချင်ကို တကယ်ပဲခံစားလို့ရပါတယ်။ အဲ့လိုဆိုပေမဲ့ ငါ့ရဲ့ညီငယ်ကိုဘယ်လိုတွေ့ရမလဲမသိသေးဘူး!ငါတို့အိမ်သားတွေအားလုံး သူ့ကိုလွမ်းနေကြတာ .... " လင်ဂျာဝမ် က စိတ်လှုပ်ရှားစွာဖြင့်ပြော၏။
"နန်းတော်မှာ တာဝန်ကျနေတဲ့ ငါ့ အဒေါ်တစ်ယောက်တော့ရှိတယ်။သူ အဲ့ဒါတွေကိုသိလောက်တယ်။ မင်းရဲ့ညီက ဘယ်နန်းဆောင်မှာလဲ?" ချင်းချိခွမ်းက မေးလေသည်။
"ငါ့ညီက ဧကရီမယ်မယ်ကြီးနန်းတော်ရဲ့ မီးဖိုဆောင်မှာ အဆာပြေမုန့်လုပ်ပေးရတယ့်အမှုထမ်းလို့ပြောတယ်" လင်ဂျာဝမ် သည် ချင်းချိခွမ်းမှန်မှန်ကန်ကန်ပင်ဖြေ၏။
"အရမ်းကောင်းတယ်! တချို့နေရာတွေနဲ့ ယှဉ်ရင် အဲ့ဒီ့အဆောင်က တကယ်ကောင်းတဲ့ နေရာလို့ ပြောရမှာပဲ! မင်းညီက အရမ်းကံကောင်းတယ်"ချင်းချခွမ်းသည် ခဏမျှစဉ်းစားပြီးနောက် "အဲ့ဒီ့ ဧကရီမိဖုရားရဲ့နန်းဆောင်မှာ အိမ်ရှေ့စံမင်းသားလေးရဲ့ လျှို့ဝှက်ချက်တစ်ခုရှိတယ်!။"
ချင်းချိခွမ်း က တိုးတိုးဖြင့် "အိမ်ရှေ့စံမင်းသားက ဧကရီမိဖုရားကြီးရဲ့အဲ့ဒီ့နန်းဆောင်က နန်းတွင်းအစေခံလေး တစ်ဦးကို သဘောကျနေတာတဲ့။အခုတော့ အခုတော့နေ့ရောညပါ ချစ်နေကြပြီလို့ပြောတာပဲ။ပြီးတော့ နန်းတွင်းအမှုထမ်းလေးက အရမ်းငယ်သေးတယ်တဲ့လေ !"
လင်ဂျာပေါင်သည်ကားမျက်မှောင်ကြုတ်ပြီးနောက် ထူးထူးခြားခြားဆက်တွေးဘဲ သူ့မျက်နှာထက်၌ရယ်ရိပ်သန်းသွားလေ၏။အဲဒီကြီးကျယ်မြင့်မြတ်တဲ့သူတွေဆီမှာ အချစ်ရေးဆိုတာမရှိဘူး!
အိမ်ရှေ့စံမင်းသားက ကမ္ဘာအရပ်ရပ်သို့ ပြန့်နှံ့သွားလာပြီးရောက်ရာအရပ်မှာရှင်သန်နိုင်တဲ့ လူရိုင်းမျိုးနွယ်စုအရေးကိစ္စကို ပြတ်ပြတ်သားသားရက်စက်စွာဆောင်ရွတ်နိုင်ခဲ့တာ...။ဒီလိုပုဂ္ဂိုလ်မျိုးက အချစ်မှာကျရှူံးနိုင်တယ်ဆိုတာ ဖြစ်နိုင့်ပါ့မလား....ငါတော့ မယုံဘူး....။
ချင်ချိုင်ရှောင်ရဲ့အထည်ဆိုင်လေးသည်လဲ ဖွင့်ပြီးရက်အနည်းငယ်တွင်းမှာပင် အရောင်းဝယ်အတော်လေးသွက် လာခဲ့၏။ ဘေဂျင်းမှာ အထည်နဲ့အရည်သွေးမြင့်ပိုး၊ဖဲထည်စ,တွေ အများကြီးရှိပြီး ဒီဇိုင်းတွေကလဲဆန်းသစ်ပြီး လှပတယ်ဆိုပေမယ့် ဈေးကြီးလွန်းသည်။
သူယူလာသောအထည်တွေကမူ အရည်သွေးကောင်းပြီး ဈေးနှုန်းလဲသင့်၏။ပုံစံများကလဲ သူတို့ဘက်တွင်အနည်းငယ်လူကြိုက်နည်းသွားပြီဆိုပေမဲ့ ဘေဂျင်းတွင်တော့ အသစ်ဆန်းဖြစ်နေပြီး ဈေးနှုန်းကလဲအတော်တန်ချိုသာတယ်လို့ပြောလို့ရတာကြောင့် မြို့အနောက်ဘက်ခြမ်းတွင်နေထိုင်ကြသော သာမာန်အရပ်သားတို့အကြိုက် တွေ့ကာ အလွန်ရေပန်းစားနေတော့ သည်။
ချင်ချိုင်းရှောက်တစ်ယောက် သူ,ပေဂျင်းသို့လာပြီး အထည်တွေလာရောင်းမိတာမှန်တယ်လို့ခံစားနေရပြီး တကယ်ကိုကျေနပ်နပ်ပျော်ရွင်နေ၏။ဒီအတိုင်းဆို ရက်အနည်းငယ်အတွင်း ယူလာခဲ့သော အထည်တွေအကုန်ရှင်းလင်းသွားမည်ဖြစ်သည်။
အခုမှပေဂျင်းကို ပထမဆုံးအရောင်းဝယ်ထွက်တာဆိုပေမယ့် စာရင်းအတိုင်းအကုန် ရောင်းရရုံတင်မကဘဲ အမြတ်နည်းနည်းတောင်ထွက်လာသေးတယ်။ သူပြန်သွားရင် ဘေဂျင်းရဲ့လူကြိုက်များတဲ့ကုန်ပစ္စည်းအချို့ကိုပြန်ဝယ်သွားဖို့အတွက် သူ,အနေနဲ့ငွေပိုငွေလျှံအများကြီးစုမိနေလောက်သည်။ပုံမှန်ဝယ်သူကိုရှာနိုင်ရင်တော့ အကောင်းဆုံးပေါ့လေ....။
ဆောင်းဦးရာသီပွဲတော်နီးလာသည်နှင့်အမျှ လင်,တကျွမ်းတို့သားအဖနှင့် ချင်ချိုင်ရှောင်တို့သည် လင်,ဂျာပေါင်(ကျားပေါင်)အား တွေ့ဆုံရန်စောင့်မျှော်နေကြလေသည်။
⭐⭐⭐⭐⭐⭐
တစ်ခုလောက်ပြောချင်လို့ပါ။ ဒီnovelလေးကို သဘောကျလို့tranပေးတာပါ။ eng to mmဖြစ်တဲ့တွက် တရုတ်နာမည်အသံထွက်များ အနည်းငယ်လွဲမှားသည်ရှိသော် နားလည်ပေးဖို့မျှော်လင့်ပါတယ်။
နားမလည်ပေးနိုင်ဘူးဆိုရင်လဲ မတတ်နိုင်ဘူးပေါ့😶
စတာပါ သိတတ်ကျွမ်းသူများ ဖြည့်စွက်ဖတ်ပေးပါနော်💛
Advertisement
- In Serial156 Chapters
36 Ways To Chase After My Wife's Love
THE BEST WAY TO CHASE AFTER YOUR LOVE~
8 831 - In Serial24 Chapters
Second Chance
Coralina was the pack warrior and best fighter in the pack. When her mate turns up she falls hopelessly in love with him. Yet that all changes when she finds that he lied and wasn't who he said he was. She runs away and goes to her brother who is the beta of a powerful pack. There she meets the most feared man and wolf ever. Paxton Brooks. Could he be her second chance mate?Paxton has been looking for his mate for years. He was beginning to get worried that he would never find his mate and would have to get an arranged marriage and mating. However, when his betas sister shows up, his world is flipped upside down.
8 275 - In Serial18 Chapters
Destined To Be Yours
"I have never done this before." he whispered while cupping her face. "Me too" she said looking at his eyes. "What? You... You have... I thought..." he stammered. Her eyes widened in realization of what he could have thought about her. "Don't tell me you also believed in the rumors our office talking about." she chided at him. "I... I am sorry. It didn't matter to me. And it doesn't matter what your past was. So I didn't take into consideration of other possible ways." he tried to explain his blunder mistake of touching her nerve. She shook her head at disappointment. "I thought you are different from others. But no. Even you also thought so low me. Just leave." she pointed her hand towards the door."Please understand. I didn't mean it like that." he wanted to tell her why he thought like that. He never believed in rumors when he himself was victim of a gossiping group. "Whatever it is we will talk tomorrow. I want to be alone. So leave now" she whisper yelled as she didn't want to wake her baby sleeping in adjacent room. *****************************************A short story about how two lonely hearts are destined to end up with each other.
8 221 - In Serial62 Chapters
Their Human
"I haven't made a promise in over a hundred years but I'm promising you this, if you harm one hair on her head, I will end you all and I will do so smiling while I bathe in your blood."__✧__✧__✧__✧__✧__✧__✧__THEIR HUMAN IS UP ON GOODNOVEL AND LIBRIAfter the government captured the most wanted man in the world, Akielia Rutherford, a scientist that has been waiting for an opportunity like this her whole career gets chosen to be the researcher and caretaker of the man.But what if he's not the only one behind all of those murders and what if he's not a man but something else?And what happens when Akielia learns that her soul is linked with theirs and has to go back with them to their own homeland where supernatural creatures are a normal thing and where humans are seen as nothing but enemies? Will she run back to her normal life and ignore the bond or will she fall deep into the pit of love for the twins while fighting for her right to be the ruler of the whole supernatural realm alongside them?©All rights reservedIf you try to copy any part of this book and I find out, we'll meet in court.
8 384 - In Serial13 Chapters
happy lowman's old lady
what happens when the princess of samcro and the killer of samcro happy becomes a couple? will things get turn upside down or stay normal?
8 173 - In Serial41 Chapters
wrong number ~ wilbur soot
Wilbur Soot x OC female characterwhen a boy texts the wrong number#1 in wilbur#1 in weston koury#1 in tommyinnit#1 in wilbur soot#1 in dream#1 in quackity#1 in tubbo#1 in georgenotfound#2 in fanfictionstarted: feb 24 2021
8 137

