《မင်းကို ချစ်မဝသေးလို့(BL Novel,Myanmar tran)》Ch-14.1 Unicode
Advertisement
မင်းကိုချစ်မဝသေးလို့
အပိုင်း(၁၄): မိသားစု (Part-1)
......
ယခုကာလမှာဆိုရင်ဖြင့်နန်းတွင်းထဲသာမက နန်းတွင်းပြည်ပတွင်ပါ အိမ်ရှေ့စံမင်းသား၏အရှေ့နန်းတော်တွင် အထူးအလေးပေးခံထားရသူမှာလင်ရှောင်ဇူး (လင်ဂျာပေါင်,လင်အန်ဇူး)ဖြစ်ကြောင်းသိနေကြပြီဖြစ်၏။ အခုအားလုံးသိချင်စိတ်ပြင်းပြနေကြသည့် ဒဏ္ဍာရီလာလင်ရှောင်ဇူး တဖြစ်လဲ လင်ဂျာပေါင်ဟာ သူရဲ့သင်ခန်းစာငယ်လေးကိုပင် အမှားယွင်းမရှိစေရန် ဂရုတစိုက်သင်ယူရေးသားနေလေသည်။
"လင်ရှောင်ဇူး အနားယူပါဦးလား..." လင်ဂျာပေါင်အား သင်ပေးသောဆရာလီကျန့်ချုံ့ကဆို၏။
လီကျန့်ချုံသည် လူငါးရာကျော်ကိုပညာသင်ကြားပေးနေသော ဟန့်လင်တက္ကသိုလ်တွင် အမှုထမ်းခဲ့သူဖြစ်ပြီးလက်ရေးလှနှင့် ပန်းချီပညာရပ်တွင် အလွန်အဆင့်တန်းမြင့်မားသော ပညာ ရှင်အဆင့်ရှိသူဖြစ်၏။ ဂျာပေါင်အားစာသင်ကြားပေးရန်အတွက်လီကျန့်ချုံအား ရွှမ်းရန်ဟမ်ချန်တစ်ယောက် ရှာဖွေခဲ့ရတာဖြစ်သည်။
ရွှမ်းရန်ဟန်ချန်သည် လီကျန့်ချုံအားဂျာပေါင်ကို သင်ကြားပေးရာတွင် နန်းတွင်းစာမေးပွဲများဖြေဆိုရန်အတွက်မဟုတ်ကြောင်းနှင့် ကဗျာ၊ သီချင်း၊ လက်ရေးလှနှင့်ပန်းချီတို့ကိုလဲ ပညာ ရှင်အဆင့်သို့ရောက်သည်အထိ သင် ပေးရန်မလိုအပ်ကြောင်း ပြောကြားခဲ့လေ၏။
စာရေး၊စာဖတ်တတ်ရန်ကိုသာ အဓိကသင်ကြားပေးစေလိုတာဖြစ်ပေမဲ့ လက်ရေးလှနှင့်ပန်ချီရေးဆွဲနည်းကိုလဲ လီကျန့်ချုံအနေဖြင့် တတ်နိုင်သမျှသင်ကြားပေးလိမ့်မည်ဟု ရွှမ်းရန်ဟန်ချန်တစ်ယောက် မျှော်လင့်ထားလေသည်။
လီကျန့်ချုံသည် တစ်နေ့၂နာရီဖျင်အော်နန်းဆောင်သို့ လာရောက်၍ စာသင်ကြားပေးပြီးနောက် လင်ဂျာပေါင်အား ကိုယ်တိုင်လေ့လာရန်အတွက် အိမ်စာအချို့ပေးခဲ့ပြီးမှသာ ပြန်လေ့ရှိသည်။ အိမ်ရှေ့စံအရှင့်သား၏ အမိန့်ကို စပြီးလက်ခံရစဉ်က လီကျန့်ချုံတစ်ယောက်မပျော်ရွှင်ခဲ့ပေ။ သို့သော် တော်ဝင်မင်းသား၏ အမိန့်ဖြစ်တာကြောင့် ငြင်းဆန်နိုင်စွမ်းမရှိပဲ ဖျင်အော်နန်းဆောင်သို့ လာရောက်သင်ကြားပေးရလေသည်။
လီကျန့်ချုံသည်ပညာရှင်တစ်ယောက်ဖြစ်သည့် အားလျော်စွာ သူ့တွင်ဂုဏ်ယူရသော ပညာတော်သင်ဆုရတပည့်များစွာရှိ၏။ဒီလိုအရည်ချင်းပြည့်ဝသည့်ဆရာတစ်ယောက်အနေဖြင့် အကောင်းတကာ့အကောင်းဆုံး ပညာရှင်အဆင့်အထိရည်မှန်းထားသော ကျောင်းသားတွေကိုသာ စာရေး၊စာဖတ်...... အစရှိတာတွေကို သင်ပေးလို၏။
ဒါပေမယ့် လီကျန့်ချုံသည် လင်ဂျာပေါင်အား ကိုယ်တိုင်မြင်လိုက်ရချိန်တွင်တော့ သူ့ရဲ့သဘောမကျစိတ်တို့ပြောင်းလဲသွားလေသည် ။ လင်ရှောင်ဇူးသည် ကြားထားရသည့် ကောလာဟလများနှင့် အလွန်ကွဲပြားနေလေ၏။ သူ့ပုံလေးက မြင်လိုက်ရသည်နှင့် အဖြူထည်လေးမှန်းသိသာနေကာ ကလေးဆန်ပြီးနုနုနယ်နယ်လေးဖြစ်လေသည်။
သူ့မြေးငယ်ထက် နည်းနည်းပင်ကြီးပုံရတဲ့လင်ဂျာပေါင်ကို မြင်လိုက်ချိန်မှာ လီကျန့်ချုံသည်လွယ်လွယ်ကူကူပဲသဘောထားပျော့ပြောင်းသွားခဲ့တော့၏။
လင်ရှောင်ဇူးသည် အလွန်ယဉ်ကျေးနှိမ့်ချတတ်ပြီး သူ့ကိုလဲ ဆရာသခင်အဖြစ်အသိမှတ်ပြုကာ ရိုရိုသေသေဆက်ဆံတတ်သည်။ဒါ့အပြင် ရှောင်ဇူးသည်စာကိုလဲကြိုးကြိုးစားစားလေ့လာသလို ပေးထားခဲ့သောအိမ်စာတွေကိုလဲအမြဲပြန်ထပ်နိုင်လေသည်။
အထူးသဖြင့် ရှောင်ဇူးသည်ပုံဆွဲရာတွင်လဲ ပါရမီပါသူဖြစ်နေပြန်လေရာ.....သူ့အနေဖြင့်လင်ရှောင်ဇူးအား ပိုပိုပြီးစိတ်တိုင်းကျနေတော့၏။ ဒါတွေကြောင့်ပဲ လီကျန့်ချုံသည်လင်ရှောင်ဇူးအားသင်ကြားပေးရာတွင် ပုံမှန်ထက်ပိုပြီးအာရုံစိုက်သေချာသင်ကြားပေးလေသည်။
"လီဖူဇီ၊ ကျနော်မရတော့ဘူးထင်တယ် ..." လင်းကျားပေါင်(ဂျာပေါင်)သည် လီကျန့်ချုံကိုတောင်းပန်စကားဆို၏။ ဆောင်းဦးရာသီပွဲတော်နေ့နီးကပ်လာပြီဖြစ်တာကြောင့် ပေကျင်းသို့ရောက်ရှိလာတော့မည့် မိသားစုတွေအကြောင်းစဉ်းစားမိတာနှင့် သူမတည်မငြိမ်ဖြစ်ကာအာရုံစိုက်ဖို့ခက်ခဲနေလေသည်။
''လင်ရှောင်ဇူ ပင်ပန်းနေလို့လား?" အင်္ကျီကော်လံဖြင့်မဖုံးနိုင်တဲ့ ကြက်သွေးရောင်အမှတ်အသားတချို့ တစ်စွန်းတစပေါ်နေသောလင်ဂျာပေါင်(ကျားပေါင်) ၏လည်ပင်းကို
ကြည့်မိကာမေးလိုက်၏။ သူ့စိတ်ထဲတွင်လဲအိမ်ရှေ့စံမင်းသား ညတိုင်း ဖျင်အော်နန်းဆောင်တွင်သာအိပ်စက်ကြောင်း ကောလာဟလများကို ပြန်ကြားယောင်လာလေသည်။
ခဏလာရောက်တဲ့ဧည့်သည်အနေဖြင့် ခန့်မှန်းပြောဆိုတာတွေမလုပ်သင့်ဘူးဆိုပေမဲ့ သူ့တပည့်လင်ရှောင်ဇူးတစ်ယောက်ပင်ပန်းနေပုံရတယ်ဆိုတာက လုံးဝသိသာနေတာကြီးပဲလေ။အင်း.... ငါတို့ရဲ့အိမ်ရှေ့စံမင်းသားကလဲ အရမ်းငယ်သေးတာကြောင့် ကိုယ့်ကိုကိုယ်ဘယ်လို ထိန်း ချုပ်ရမလဲမသိသေးဘူးထင်ပါရဲ့...။
လင်ရှောင်ဇူးက အရမ်းကိုငယ်သေးတာကို...။ရှောင်ဇူတစ်ယောက် ပင်ပန်းနွမ်းနယ်နေတာကို တော်တော်လေးအားတင်းတောင့်ခံပြီးနေ,နေရပုံပဲ..။
''ဆရာ...ဂျာပေါင်မပင်ပန်းပါဘူး။ နည်းနည်းအာရုံမစိုက်နိုင်ရုံပါ။ နောက်မဖြစ်စေရတော့ပါဘူး။ ကောင်းကောင်းအာရုံစိုက်ရေးပါ့မယ်'' ဂျာပေါင်သည် ဂရုတစိုက်စာရေးသားနေရင်းဆို၏။
ဖျင်အော်နန်းဆောင်ကလူတွေသည်လဲ ဆရာကြီး လီကျန့်ချုံနှင့်အတွေးအတူတူပင်ဖြစ်ပြီး အိမ်ရှေ့စံအားမကျေမနပ်ဖြစ်နေကြ၏။ဒီအိမ်ရှေ့စံမင်းသားက တကယ်ပဲမညှာမတာကိုအနိုင်ကျင့်နေတော့တာပဲ!
ရွှမ်းရန်ဟန်ချန်တစ်ယောက်ကတော့ အခုသူ့ရဲ့လက်ရှိဘဝကြီးကို အကျေနပ်ကြီးကျေနပ်ကာ ပျော်ရွှင်မြူးထူးနေတော့သည်။ တစ်ခုပဲအဆင်မပြေတာက ညဘက်တွေဟာ သူ့အတွက်ပိုပိုပြီးခက်ခဲ၍လာနေ၏။ ညစဉ်ညတိုင်းသူ့ရဲ့ထိန်းချုပ်နိုင်စွမ်းကို ကိုယ်တိုင်စမ်းသပ်နေခြင်းမှာ တကယ်ကိုလွယ်ကူလှတဲ့အရာတော့မဟုတ်ချေ!
ဂျာပေါင်ရဲ့သေးသွယ်ပြီး နုနုဖက်ဖက်ခန္ဓာကိုယ်လေးက သူ့ရဲ့နှုန်းကိုလိုက်မှီနိုင်သလောက်နီးပါး သန်မာလာနိုင်လိမ့်မယ်လို့တော့ သူ,မတွေးထားပေ။ သူ့ရဲ့ကလေးကသူ့အောက်ကိုရောက်နေတဲ့အချိန်အတိုင်း ဆွဲဆောင်မှုအားပိုပြင်းလာသလိုရှိပြီး သူ့အပေါ်ကိုယုံကြည်မှုအပြည့်ဖြင့် မှီခိုထားဟန်လဲရှိလေ၏။
သူ့ကလေးရဲ့ခန္ဓာကိုယ်သေးသေးလေး၏ အစိတ်အပိုင်းတစ်ခုချင်းစီအား နက်နက်ရှိုင်းရှိုင်းဖိကပ်နမ်းရှိုက်ရမည့် အချိန်ကိုမစောင့်နိုင်တော့ပေ။ ဒါပေါ့ သေချာပေါက်သူတကယ်ပဲအဲ့လိုလုပ်ခဲ့ပြီးပါပြီ.....။
အတိုချုပ်ပြောရရင်တော့ အခုသူ့ရဲ လက်ရှိအခြေနေက ကြုံနေရတဲ့ ပြဿနာမီးတောက်ကို အရေးပေါ်ယာယီဖြေရှင်းငြိမ်းသတ်ထားနေရတဲ့ အဆင့်မှာသာရှိသေး၏၊ ဝါးမြိုစားသုံးနိုင်ခြင်းမရှိသေးပဲအရသာခံခြင်းဖြင့်သာ ပြီးဆုံးနေရသည်ကဝမ်းနည်းဖွယ်ရာပင်....။
...
လင်ဂျာပေါင်သည် သေချာစဉ်းစား၍ ဂရုတစိုက်ရေးသားပြီး လီကျန့်ချုံအားပြလိုက်၏။ လီကျန့်ချုံသည်လဲ တစ်ခုချင်းစီသေချာစစ်ဆေးပြီးနောက် နောက်နေ့အတွက်အိမ်စာ၂မျက်နှာပေးလေ၏။
လီကျန့်ချုံ က "လင်ရှောင်ဇူး မင်းရဲ့ခန္ဓာကိုယ်ကို ထိန်းထိန်းသိမ်းသိမ်းဂရုစိုက်ဖို့ကလဲ အရေးကြီးတယ်။ အလုံးရေများနေတယ်လို့ထင်ရင် တစ်ခေါက်ပဲရေး။ ကျန်းမာတဲ့ခန္ဓာကိုယ်ရှိဖို့ကအရေးကြီးဆုံးပဲ......။
ငါလူငယ်ပဲဆိုပြီး ကိုယ့်ကိုကိုယ်ထိန်းချုပ်ပြီး သည်းခံမနေနဲ့...။ငယ်ရွယ်မှုဆိုတာ အချိန်အတိုင်းတာတစ်ခုထိပဲဆိုတာကိုမမေ့ထားနဲ့ ကိုယ့်ကိုကိုယ်ဂရုစိုက်ပါကွာ...။''
လင်ဂျာပေါင်သည် လီဖူဇီ၏ဆိုလိုရင်းကိုနားမလည်ပဲ
"မှတ်သားထားပါ့မယ်ဆရာကြီး!ပြီးတော့ စာမျက်နှာနှစ်မျက်နှာက သိပ်မများပါဘူး။ ရှောင်ဇူးကောင်းကောင်းရေးနိုင်တယ်"
လီကျန့်ချုံသည် လင်ရှောင်ဇူး၏လေးလေးနက်နက်အမူအရာဖြင့် အတည်ပေါက်ပြန်ပြောနေသော မျက်နှာနွမ်းဖက်ဖက်လေးအားကြည့်ရင်း သက်ပျင်းသာချမိလေ၏။ နောင်တွင်အခွင့်အရေးရပါက သူ့ဟာသူပဲသတ္တိမွေးပြီး ဒီကိစ္စကိုအိမ်ရှေ့စံအားလျှောက်တင်တော့မည်ဟု ဆုံးဖြတ်ထားလိုက်တော့ သည်။
လီကျန့်ချုံထွက်သွားပြီးနောက် ယွမ်ချင်းသည်လဲစိုးရိမ်စွာဖြင့် ''သခင်ငယ်လေး အရမ်းပင်ပန်းနေလား? ကြည့်ရတာအရမ်းနွမ်းနယ်နေသလိုဖြစ်နေတာကြောင့် ခဏလောက်ဖြစ်ဖြစ်နားယူလိုက်ပါလား...''
ဂျာပေါင် ခေါင်းခါပြီးငြင်းလိုက်၏။သူဒီနေ့တမှေးအိပ်ပြီးပြီလေ ပြီးတော့ အရမ်းပင်ပန်းတယ်လို့လဲ မခံစားရပါဘူး။
''ဒါဖြင့် သခင်ငယ်လေးဘာလုပ်စရာတွေများရှိပါသေးလဲ? " ယွမ်ချင်းသည် လင်ရှောင်ဇူး၏အကြည့်ကို ပြန်ကြည့်ရင်းမေး၏။
လင်းကျားပေါင်(ဂျာပေါင်) ကတော့ခေါင်းခါနေဆဲ။
သူနန်းတွင်းရဲ့စည်းကမ်းချက်များစွာကို ဆရာ၊ ဆရာမများစွာနှင့် လေ့လာခဲ့ရသည်။ သူကအခုဆို အိမ်ရှေ့စံမင်းသားရဲ့လူဖြစ်နေခဲ့ပြီဖြစ်တာကြောင့် အရင်လိုသူ့မိသားစုကိုပေါ့ပေါ့ပါးပါး တွေ့လို့မရနိုင်တော့ဘူး။ နန်းတွင်းတရားရုံးစည်းကမ်းတွေကလဲ အရမ်းတင်းကျပ်တာ၊ သူ့ကို ဘယ်လိုလုပ်ပြီး ခြွင်းချက်ပေးနိုင်ပါ့မလဲ။
....
လင်ဂျာရွာမှ လင်,တကျွမ်းတို့၏ အိမ်သည်မကြာသေးမီကတိုးချဲ့အသစ်ဆောက်ခြင်းပြီးစီးခဲ့လေသည်။ ဒါကြောင့် ထုံးစံရှိသည့်အတိုင်း လင်,တကျွမ်းတို့မိသားစုသည် ရွာရှိသားသတ်ရုံမှ ဝက်သားကိုစောစောမှာယူပြီး ချက်ပြုတ်ကြော်လှော်ကာ ရွာတွင်းရှိရင်းနှီးသူအချို့ကို အိမ်တက်မင်္ဂလာအဖြစ်
ဧည့်ခံကျွေးမွေးလေသည်။
လင်,မိသားစု၏အသစ်တိုးချဲ့ဆောက်လုပ်လိုက်သော အိမ်သည် မူလအိမ်ထက်များစွာကြီးမားလေ၏။ ယခုလင်,မိသားစု၏ နေအိမ်သည် အရွယ်အစားမတူသော အခန်း ၇ခန်း၊၈ခန်းနီးပါး,ပါရှိပြီး ခြံ၏ဧရိယာသည်လဲ ယခင်ကထက် နှစ်ဆကျယ်ဝန်းလာလေသည်။
Advertisement
လင်,တကျွမ်းတို့လင်မယားအတွက်တစ်ခန်း၊လင်ဂျာဝမ်တို့လင်မယားအတွက်တစ်ခန်း၊ လင်လီအာတို့မောင်နှမ၄ယောက်အတွက်လဲ သီးသန့်တစ်ခန်းစီပါရှိပြီးအပြင် အသစ်ထပ်ရောက် လာမည့် လင်,မိသားစုဝင်တွေအတွက်လဲအခန်းပိုပါရှိသေး၏။ထိုထဲတွင်ဂျာပေါင်ရဲ့အခန်းကတော့ အနည်းငယ်ပိုကြီးလေသည်။
"ကောင်းချီးပေးခံရတဲ့မိသားစုပဲ! မင်းတို့မိသားစုကတဖြည်းဖြည်း ပိုပိုပြီးချမ်းသာလာပြီ။ ဂျာဝမ်ကပညာရှင်အဆင့်ရောက်တော့မယ်ပြီးတော့ မကြာခင်မှာမိသားစုဝင်သစ်ကလဲထပ်တိုးလာဦးမယ်။ဂျာပေါင်(ကျားပေါင်)ကလဲ နန်းတော်ထဲမှာ အရမ်းအဆင်ပြေပြေနေရတဲ့ပုံပဲ။ဒါကလုံးဝကိုမနာလိုစရာပဲ!"စားပွဲထိပ်ပိုင်းမှလူကြီးတစ်ယောက်က ကျန်းဟွေ့ညောင်အား ချီးမွမ်းစကားဆိုလေသည်။
လူတိုင်းဟာ ဂျာပေါင်ကဧကရီမယ်မယ်ကြီးရဲ့အဆောင်မှာတာဝန်ကျနေတာဖြစ်ကြောင်းကို ဂျာပေါင်း၏အမေပြောပြခြင်းကြောင့် သိထားကြပြီးဖြစ်သည်။ ကျန်းဟွေ့ညောင်က ဂျာပေါင်ဟာ မယ်မယ်ကြီးအတွက်သီးသန့်မီးဖိုဆောင်တွင် အချက် အပြုတ်အမှုကိစ္စလုပ်ကိုင်ပေးရတဲ့သူသာဖြစ်ကြောင်း သေသေချာချာပြောတယ်ဆိုပေမဲ့ ရွာကသူတွေကလဲ ငတုံးတွေမှမဟုတ်ကြတာ! အားလုံးကအခြေနေအရပ်ရပ်ကိုတွေးတောနိုင်ကြ၏။
ဧကရီမယ်မယ်ကြီးလေ တိုင်းပြည်ရဲ့မယ်မယ်ကြီး! ဒီလိုအခန်းနားဆုံးသူကောင်းပြုခံထားရတဲ့နန်းဆောင်ထက် ပိုကောင်းတဲ့နန်းဆောင်က ဘယ်လောက်များရှိနိုင်ဦးမှာလဲ။ဒါဆို ဂျာပေါင်ရဲ့နောက်ခံကိုတွေးကြည့်တာနဲ့ မသိနိုင်ပေဘူးလား?အခုပဲ လင်မိသားစုက အိမ်ကြီးအိမ်ကောင်းကြီးကိုဆောက်လုပ်ပြီးသွားပြီ။ ဘယ်လိုပဲတွေးကြည့်ကြည့် သူတို့ရွာမှာဒီမိသားစုက အကောင်းဆုံးပဲဆိုတာ အသိသာကြီးလေ!
"ဟင်းဟင်း...! အားလုံးက ခလေးတွေကြိုးစားကြလို့ဖြစ်လာတာပါ'' ကျန်းဟွေ့ညောင် က သူမအားချီးမွမ်းစကားပြောနေတာကြောင့် အရမ်းပျော်သွားသော်လည်း ကျိုးနွံစွာဖြင့်သာ ယဉ်ယဉ်ကျေးကျေးပြန်ပြောလေသည်။
"ငါပြောချင်တာက ဟွေ့ညောင်ရှင်ကကောင်းချီးပေးခံထားရတဲ့သူလို့...! သားသမီးရအရမ်းကံကောင်းတယ်လေ။ ဂျင်အာဆိုလဲ အိမ်ထောင်ကျအရမ်းကံကောင်းတယ်။ မင်းရဲ့လီအာကလဲ တော်တာပဲ။ ဒါပေမဲ့သူလဲသိပ်မငယ်တော့ဘူး။ ဒါကြောင့် မြို့ကလူကောင်းလေးရှာပြီး မြန်မြန်အိမ်ထောင်ပြုပေးလိုက်တော့'' ဘေးမှာထိုင်နေသော အမျိုးသမီးများက တညီတညွှတ်တည်း ပြောကြသည်။
ကျန်းဟွေ့ညောင်သည် ကျောက်ဟိုင်၏မိသားစုဝင်တွေကို နှုတ်ဆက်နေသော လင်လီအာ,အားကြည့်ကာ ပြုံးလိုက်သည်။''လီအာကိုအလျင်လိုမလိုပါဘူး။ဖြည်းဖြည်းပဲပေါ့! နောက်ပြီး ကျမနဲ့အရမ်းအဝေးကြီးမှာ သူ့ကိုလက်မထပ်စေချင်ဘူးလေ...။ဂျင်အာတစ်ယောက်နဲ့တင်ပဲ လုံလောက်နေပါပြီ။''
ခြံအပြင်ဘက်တွင် မြင်းခွာသံများထွက်ပေါ်၍လာသည်။လင်ဂျင်အာ သည် သူမ၏ခင်ပွန်းချင်ချိုင်ရှောင် နှင့် သူတို့၏အကြီးဆုံးသားတွေဖြစ်တဲ့ ချုံညီအကိုကိုပါခေါ်လာခဲ့ခြင်းဖြစ်လေသည်။
"အိုး...မြေးလေးတွေကိုပါခေါ်လာတာပဲ ! လာပါဦး ဖွားဖွား ပွေ့ဖက်ပါရစေဦး..." ကျန်းဟွေ့ညောင်သည် သူ့ရဲမြေးငယ်လေးကို ကောက်ချီလိုက်ပြီးနောက် သူ့မျက်နှာကိုနမ်းလိုက်ပြီး အစ်ကိုဖြစ်သူချုံကိုလဲ ပြုံးပြနမ်းရှိုက်လိုက်၏။
ချင်ချိုင်ရှောင် က သူ့ယောက္ခထီးနဲ့ယောက္ခမကို နှုတ်ဆက်ပြီး ''အဖေနဲ့အမေတို့ရဲ့အိမ်သစ်အတွက် ဂုဏ်ပြုပါတယ်။ပြီးတော့အဖေနဲ့အကိုကြီးနဲ့ကို ပေကျင်းသွားမဲ့ကိစ္စကိုဆွေးနွေးချင်သေးလို့ တစ်ခါလဲလာခဲ့လိုက်တာပါ''
မိသားစုတွေစကားပြောနေရင်း ခြံအပြင်ဘက်ကမြင်းခွာသံကိုထပ် ကြားလိုက်ရပြန်သည်။
"နောက်ထပ်ဘယ်သူကျန်သေးလို့လဲ? "လင်ဂျင်အာ သည် ခြံအပြင်ဘက်သို့ လှမ်းကြည့်လိုက်လေရာ..... ရပ်နေသောမြင်းလှည်းတစ်စီးပေါ်မှမိန်းကလေးငယ်တစ်ဦး ခုန်ဆင်းလာပြီး လှည်းပေါ်မှလက်ဆောင်အချို့ယူကာ ခြံဝန်းအတွင်းသို့ဝင်လာလေသည်။
လက်ဆောင်ကိုင်ထားတဲ့ကလေးမလေးက သူတို့ရှေ့ကိုလျှောက်လာပြီး လင်,တကျွမ်းနှင့်ကျန်းဟွေ့ညောင်အား
"သခင်ကြီးလင် နဲ့ သခင်မလင်နေကောင်းပါရဲ့လား။ ကျမက မြိုတော်ရဲ့ ဝမ်အိမ်တော်ကနေလာခဲ့တာပါ။ ဒီမှာသခင်ကြီးတို့အတွက်ပေးလိုက်တဲ့လက်ဆောင်ပါ....။''
လင်းမိသားစုမှလူတိုင်း မျက်မှောင်ကြုတ်ကာမကျေမနပ်ဖြစ်နေကြပေမဲ့ ကျန်းဟွေ့ညောင်ကထိုကလေးမလေးအား ယဉ်ကျေးစွာဖြင့်
"မင်းအဖွားငယ်လေးရဲ့ ကြင်နာတတ်တဲ့နှလုံးသားကိုပဲ လက်ခံထားလိုက်ပါ့မယ်။ လက်ဆောင်ပြန်ယူသွားပါ။ ငါတို့လက်မခံဘူး!"
အိမ်အကူမိန်းမငယ်လေးသည် ခဏတာမျှသူတို့နဲ့နေပြီးနောက် လက်ဆောင်လက်မခံတာသေချာလေမှ ထိုလက်ဆောင်ကိုယူ၍ ပြန်သွားလေသည်။
ဝမ်မိသားစု၏အဖွားငယ်ဆိုသူမှာ ချုံရှီးဆီသို့ရောက်သွားသော လင်ချန်အာပင် ဖြစ်လေသည်။လင်ချန်အာရဲ့ကံကလဲ တကယ်ကောင်းပါတယ်။ ချုံးရှီးကဝမ်မိသားစု၏မနာမကျန်းဖြစ်နေတဲ့သားဖြစ်သူနှင့်လက်ထပ်လိုက်ပြီးနောက် သူမရဲ့ခင်ပွန်း၏ကျန်းမာရေးအခြေအနေသည်လဲ တဖြည်းဖြည်းတိုးတက်လာခဲ့လေသည်။ဒါကြောင့် ဝမ်မိသားစု၏အကြီးအကဲနှစ်ဦးသည်လဲ သူမကိုအလွန်သဘောကျကြပြီး တကယ်ကို ပျော်ရွှင်နေကြလေ၏။
အဲ့ဒီ့အချိန်မှာပဲ လင်,တလီ၏မိသားစုသည် သူတို့လုပ်ရပ်အတွက် အလွန်ဂုဏ်ယူနေခဲ့ကြတော့၏။ အထူးသဖြင့်နန်းတွင်းတရားရေးမှ ရွာလူကြီးလီကျန့်သို့တစ်စုံတစ်ယောက်အားစေလွှတ်ပြီး လင်,တလီတို့မိသားစု စည်းမျဉ်းများအားမလှိမ့်တပတ်လုပ်ခြင်းသည် ပြစ်မှုမသင့်ကြောင်းလာရောက်ပြောကြားရာတွင် လင်,တလီတို့မိသားစုသည် ပိုပိုပြီးဂုဏ်ယူခဲ့ကြလေသည်။
လင်,တကျွမ်းသည်ကား အံတကြိတ်ကြိတ်ဖြင့်ဒေါသအလွန်မင်းထွက်နေလေကာ လင်တလီ၏မိသားစုဝင်များကို ဆွေမျိုးအဖြစ် အသိအမှတ်မပြုတော့ကြောင်း သူ့မျိုးနွယ်စုရှေ့တွင် အတိ အလင်း ကြေညာခဲ့လေသည်။
လင်,တလီတို့ ဇနီးမောင်နှံကတော့ အဲ့ဒါတွေကို အလေးအနက်ထားနေဟန်မပြပဲ ရွာထဲ၌လက်ယားလက်ယားကြွားဝါနေဖို့ကိုသာ အာရုံအပြည့်စိုက်ထားလေသည်။ ဖဲအဝတ်အစားတွေ အထပ်ထပ်ဝယ်ဝတ်ပြီး ရွှေ၊ငွေတွေလဲသီးနေအောင်ဝတ်စားကာ သူတို့ချမ်းသာနေပြီဖြစ်ကြောင်း လူသိအောင်ကြွားဝါနေကြတော့၏။
အဲဒီနောက်ပိုင်းမှာလဲ လင်,တလီတို့မိသားစုဟာ အိမ်ကြီးတစ်အိမ်မှာပြောင်းရွေ့နေထိုင်ကြ၍ လယ်ကောင်း၁၀ဧကကိုဝယ်ပြီးနောက် ပြန်၍ငှားစားလေသည်။သူတို့ဟာ အိမ်အကူကျွန်မိန်းခလေးနှစ်ယောက်ကိုလဲ ဝယ်ယူခဲ့ကြသေးသည်။
လင်,တလီ သည်လဲလက်သမားမလုပ်တော့ပဲ ငှားရမ်းခများဖြင့်စားသောက်၍ ဘဝကိုသက်သောင့်သက်သာအပင်းပန်းမရှိဖြတ် သန်းနေထိုင်ခဲ့သည်။သူကိုယ်တိုင်ကလဲချမ်းသာလာပြီး ခမည်းခမက်တွေကလဲ ကြွယ်ဝချမ်းသာသူတွေဖြစ်တာကြောင့် စိတ်ကြီးဝင်ပြီး အလွန်အမင်းကြွားလုံးထုတ်လေ့ရှိလေရာ ရွာသူရွာသားတွေကလဲ သူတို့နဲ့ မဆက်ဆံချင်ကြတော့ပေ။
လင်ချန်အာ၏ ပေါင်းသင်းဆက်ဆံရေးသည်လဲ ပြန်လည်တိုးတတ်ကောင်းမွန်လာလေသည်။ လင်ချန်အာကိုယ်တိုင် အဖွားငယ်ဘဝကိုလိုလိုလားလားလက်ခံကာ နေထိုင်လာနိုင်ခဲ့သည်။ သခင်မဝမ်၏ဖေးမမှုကြောင့်သူမသည်လဲ ပီရှန်းရှိ အထက်တန်းအဆင့်အမျိုးသမီးမှီခိုသူများ၏ အသိုင်းအဝိုင်းသို့ ဝင်ဆံ့နိုင်ခဲ၏။
လင်ချန်အာသည် လင်ဂျင်အာကို အကြိမ်အနည်းငယ်တွေ့မိပြီးနောက် အကြီးကျယ်ကိုမနာလိုဖြစ်မိနေတော့ သည်။သေချာပေါက်သူမဝတ်စားထားတာက လင်ဂျင်အာ၏ ဝတ်စားဆင်ယင်ပုံထက်ပိုလှတယ်ဆိုပေမဲ့ သူမအတွက်တော့ မနာလိုဖြစ်နေရတုန်းပဲ။
ဟမ်း....! လင်ဂျင်အာကို ဒီအတိုင်းရိုးရိုးကုန်သည်တစ်ယောက်နဲ့လက်ထပ်လိုက်တာဆိုပြီးထင်ထားခဲ့တာ....။သူက ဘာတွေ ဒီလောက်ကြီးကျယ်ခမ်းနားနေတာတုန်း...!
⭐⭐⭐⭐⭐⭐⭐
Advertisement
- In Serial50 Chapters
I Will Always be his REPLACED BRIDE
I can see through my veil, that all the people are congratulating each other, and are happy on my marriage...My eyes have started to get blurry and tears are about to fallAnd then I look for my husband who was first going to be my sister's husband sitting beside me with no emotions...His face has no emotions at all...All I was expecting was him to look at me atleast once...His jaw was clenched and he was cursing something, his hand were formed in a fist, i was very scared only looking at him..I dont know how i was going to face him all my life..i really wish, if my parents would be alive i would not be in this situation.. thinking about them a low sob escaped my lips...But I very well knew one thing that "I will always be his replaced bride"There is lots of drama in this story.. And what will happen when there will also be an entry of a baby..🤔🤔 Lets.. Read to find out..😊😊Hey guys, I want to make one thing clear that DO NOT COPY MY BOOK... if i find similar matter in other books i wont hesitate to Report..Thankyou so much for clicking on my book...do give it a try you wont regret i promise ♡︎Started on 8th March 2022Ended on 25th April 2022
8 202 - In Serial23 Chapters
TO CAPTURE A HEART
История в която Jungkook отива на гледачка, за да разбере дали приятелката му наистина му изневерява, както най-добрият му приятел Jimin все му повтаря. Но какво ще стане когато гледачката всъщност е окаже гледач - при това много секси?°°°°°°°°°°°-Знам защо си тук. - каза един дълбок глас карайки ме да потрепна -Ха, това го казват всички гледачки! - отвърнах с насмешка. Прочистих си гърлото, след което ксзах: - Е приятелката ми не ми изневерява, нали? -Ха, това казват всички идиоти като теб!Приключена история:17/03/2019 - 29/12/2019 г.
8 240 - In Serial37 Chapters
Suga's Jealousy (Imagine)
Even you didn't know how jealous Yoongi can get...
8 165 - In Serial18 Chapters
Reckless Love
You want the kind of love that takes over, engulfs you. That's what I had with Julie Molina but what happens when your faced with real life? Could reckless love change into the real deal. Asking her out was a dare, but was falling in love a mistake?
8 116 - In Serial38 Chapters
The Bad Boy's Favorite Girl
When both of her parents leave on a business trip for a few months, Alina Hadley is sent from Fort Worth to Greenwich, where her mom's best friend lives. She is introduced to a whole new world, one that she wasn't aware of when she moved seven years ago. This change from Texas to Connecticut is topped off with having to live with the school's bad boy, Jay Von Baron. Will Alina last these few months?
8 165 - In Serial121 Chapters
His Touch | Jonah Marais
I didn't know how to explain his touch, until I couldn't have it...It's funny how someone can make you feel so special so fast
8 224

