《မင်းကို ချစ်မဝသေးလို့(BL Novel,Myanmar tran)》Ch-13.1 Unicode
Advertisement
..
လီချန်း
လီဝမ်၏စံအိမ်,လင်ဝမ် ရွှမ်းရန်ကျောက်မုန်သည် သူ၏လက်အောက်တွင်ရှိသော သံချပ်ကာတပ်သား၈ရာအား စီမံကိန်းတွင်သုံးစွဲရန်အတွက် နိုင်ငံတော်သို့ပြန်လည်အပ်နှင်းရမည်ဖြစ်ကြောင်း အမိန့်စာအားလက်ခံရပြီးနောက် သူ့မျက်နှာသည်အလွန်အိုစာ၍ရှုံ့တွလျက်ရှိနေသည်။
''ဒါငါ့ရဲ့ စစ်တပ်အင်အားကိုကန်သတ်ဖို့လုပ်လိုက်တာပဲ!'' လီဝမ်(လင်ဝမ်)ရွှမ်းရန်ကျောက်မုန်တစ်ယောက် ဒေါသချောင်းချောင်းထွက်နေတော့၏။
လင်ဝမ်ဘေးမှ ပုန်ကန်သူတစ်ဦက
''ဒါက တုန့်ပြန်ဖို့တကယ်ခက်တာပဲ!။ လုံမြစ်ရေလျှံမှုဒဏ်ကိုကာကွယ်ဖို့ ရေတာတမံနဲ့တူးမြောင်းတူးမဲ့အစီစဉ်မှာ စစ်သားတွေကိုမလွှတ်ချင်ဘူးဆိုရင်တောင်မှ ကျွန်တော်တို့ဘယ်လိုမှငြင်းလို့မရနိုင်ဘူး။ တကယ့်ကိုသေသပ်လွန်းတဲ့ရိုက်ချက်ပဲ!''
လင်ဝမ်တစ်ယောက် သက်ပျင်းကြီးကြီးချမိလေသည်။ဒီဒေသဟာ သူ့လက်အောက်မှာတဖြည်းဖြည်းဖွံဖြိုးတိုးတတ်လာသလို သူ့ရဲ့ကိုယ်ပိုင်စစ်တပ်ဖွဲ့စည်းရန်ရည်ရွယ်၍ လူသစ်စုလေ့ကျင့်သင်ကြားပေးခဲ့သည်။
''ဒီရွှမ်းရန်ဟန်ချန်ကတော့!''
အစက သူ့မှာအစီစဉ်ကြီးကြီးမားမားရှိခဲ့သည်။ ၂နှစ်အတွင်း ဒီဖန်တိအင်အားစုဟာ တရိပ်ရိပ်အင်အားကြီးထွားလာခဲ့တာဖြစ်သည်။တကယ်လို့အနာဂတ်မှာ အခြေနေတစ်ခုခုနှင့်ကြုံတွေ့ခဲ့ရရင်တောင်မှ ကြောက်လန့်နေစရာမလိုပဲ အင်ပါယာကို ပေါ်ပေါ်ထင်ထင်အံတုပြီး တိုက်ခိုက်နိုင်သလိုခုခံဖို့အထိလဲအဆင်သင့်ဖြစ်နေခဲ့သည်။
အခုတော့အကုန်သဲထဲရေသွန်ပဲ!ကြည့်ရတာ ရွှမ်းရန်ကျောက်မုန်မှာ သားကောင်းတစ်ယောက်ရှိတဲ့ပုံပဲ။ရွှမ်းရန်ဟန်ချန်က တကယ်ကို အရည်ချင်းရှိတဲ့အိမ်ရှေ့စံတစ်ယောက်ဖြစ်သလို သူ,ဖြုံလောက်တဲ့ ပြိုင်ဖက်ဆိုလဲမမှားပေ။
ရွှမ်းရန်ဟန်ချန်က စစ်ရေးအမြင်လဲအလွန်ကြွယ်ဝပြီး ပရိယာယ်များသလို တိတိကျကျဆုံးဖြတ်ချက်ချ၍ ပြတ်ပြတ်သားသားလုပ်ဆောင်နိုင်စွမ်းရှိ၏။ သူဘယ်လောက်အကြင်နာတရားမဲ့ပြီး ရက်စက်သလဲဆိုတာကို ဘာဘေရိယန်(လူရိုင်း)တွေအား အမြစ်ဖျက်ချေမှုန်းခဲ့သည်ကို ကြည့်တာနှင့်သိနိုင်သည်။
အခုလုံဟယ်စီမံကိန်းကိုအကြောင်းပြ၍ သူ့ရဲ့စစ်တပ်ကိုစေလွှတ်ခိုင်းနေပြန်၏။ ဒီစီမံကိန်းအောင်အောင်မြင်မြင်နဲ့ပြီးဆုံးသွားခဲ့ရင် ဒီရွှမ်းရန်ဟန်ချန်၏ဂုဏ်သတင်းဟာ ပြည်သူတွေကြားပိုမိုကြီးထွားလာဦးမည်။ ဒီအကြောင်းကိုစဉ်းစားလိုက်တာနှင့် သူ့အတွက်တကယ်ကိုခေါင်းကိုက်စရာပင်ဖြစ်နေတော့၏။
ကံကောင်းစွာဖြင့်သူ့လက်ထဲတွင် ဝှက်ဖဲတစ်ခုရှိနေခဲ့သည်။အဲ့ဒါကတော့ ချွဲချင်ယိပါပဲ!စဉ်းစားကြည့်လိုက်ရင် ဒီရွှမ်းရန်ဟန်ချန်က သူ့ထက်၁နှစ်ပဲငယ်တယ်ဆိုပေမဲ့လဲအခုထိနန်းမွေဆက်ခဲဖို့မင်းသားငယ်ကို မမွေးဖွားနိုင်သေးဘူး။ အဲ့ဒါ့အပြင်ကို ဒီကောင်က အခုဆိုမြည်းမြည်းငတုံးကောင်ကိုဖြစ်နေတာ.....
တကယ်လို့ ရွှန်းရန်ဟန်ချန်စာ နန်းမွေဆက်ခံဖို့မင်းသားငယ်မမွေးဖွားနိုင်ဘူးဆိုရင် သူ,ဘယ်လောက်ပဲကောင်းအောင်လုပ်ပြီးအောင်မြင်နေပါစေ သူ့မှာအကြီးမားဆုံးအားနည်းချက်ကြီးကိုထန်းပိုးထားရမှာပဲ။ ရွှမ်းရန်ဟန်ချန်ရဲ့အားနည်းချက်ကိုဆုတ်ကိုင်ပြီး သူသည်လဲသူ့ရဲ့နယ်မြေမှာအားသစ်လောင်းပြန်လည်ထူထောင်ရင်း အချိန်ကောင်းကိုစောင့်နေရုံပဲ။
ဧကရာဇ်ရွှမ်းရန်ကျောက်ရန်သည် သတ်လတ်ပိုင်းကိုကျော်လွန်ခဲ့ပြီး တဖြည်ဖြည်းအိုမင်းလာလိမ့်မည်။ မင်းသား၂သည်ကား စိတ်လိုက်မာန်ပါလုပ်ကိုင်တတ်သူဖြစ်ပေမဲ့ သတ္တိရှိသူတော့မဟုတ်ချေ။ မင်းသားငယ်လေးတွေက အရမ်းလဲငယ်သေးသလို ဆုံးဖြတ်ချက်တောင်ကိုယ်တိုင်မချနိုင်သေး၍ ဘာမှလဲသုံးစား၍ရဦးမည်မဟုတ်ပေ။
ရွှမ်းရန်ဟန်ချန်ကို ပ,ထုတ်ပြီးသွားရင် သူ့အနေနဲ့စစ်တိုက်စရာတောင်မလိုပဲ ထီးနန်းဟာလွယ်လွယ်ကူကူ သူ့လက်ထဲသို့ရောက်ရှိလာလိမ့်မယ်! ဒီအကြောင်းကိုရွှမ်းရန်ကျောက်မုန်တွေးမိလိုက်တဲ့အခါ ကျေနပ်လွန်းတာကြောင့် အာပါးတရရယ်မောလေ၏။ သူ့ရဲ့လက်အောက်ငယ်သားတွေကတော့ သူတို့ရင်သခင်ဟာစိတ်တိုလွန်းလို့ ရူးများသွားပြီလားဟု တွေးထင်နေကြတော့သည်။
''နန်းတော်က အမိန့်ကိုနာခံလိုက်ကြ! ငါ့မှာတခြားအကြံတစ်ခုရှိသေးတယ်။အဲ့ဒါကိုဒီစီမံကိန်းပြီးနောက်နှစ်အနည်း ငယ်ကြာပြီးရင် အကောင်ထည်ဖော်မယ်'' ရွှမ်းရန်ကျောက်မုန်သည် ယုံ ကြည်ချက်ရှိရှိဖြင့်ဆို၏။
အရင်ထဲက သူ, ချွဲချင်ယိဖြင့်လဲမကြာခင်ဆက်သွယ်ဖို့ ရည်ရွယ်ထားခဲ့တာဖြစ်သည်။ ရွှမ်းရန်ဟန်ချန်တစ်နှစ်ကျော်ကြာ စစ်ထွက်သွားခြင်းကြောင့် အရင်ပို့ထားပေးခဲ့သောဆေးတွေဟာလဲ အာနိသင်ပျက်ပြယ်သွားမှာစိုးရိမ်ရတာကြောင့် ဆေးအသစ်ထပ်ပို့ပေးဖို့ပြင်ဆင်နေခဲ့ခြင်းဖြစ်သည်။
သူနှင့်ချွဲချိုင်ယိဟာ မလိုအပ်ပဲတစ်ယောက်နှင့်တစ်ယောက်မဆက်သွယ်ကြပေ။ အထူးသဖြင့်သူ့ဖက်က သတိကြီးကြီးထားကာ တကယ်လိုအပ်မှဆက်သွယ်လေ့ရှိ၏။ သူတို့နှစ်ယောက်အဆက်ဆံရေးကို တခြားသူတွေမပြောနှင့်သူ့ရဲ့အဖိုးချွဲယုံတို့ မိသားစုကိုပင်အသိမပေးခဲ့ကြပဲလျှို့ဝှက်ထားခဲ့ကြသည်။သူတို့နှစ်တွေအများကြီး ချောချောမွေ့မွေ့ဖြတ်သန်းလာခဲ့ပြီးပြီပဲလေ နောက်နှစ်နည်းနည်းလောက်စိတ်ရှည်ရှည်နဲ့သည်းခံစောင့်နေလိုက်ရုံပါပဲ.....။
...
ရွှမ်းရန်ဟန်ချန်သည် ဂျာပေါင်နေထိုင်သည့်ဖျင်အော်နန်းဆောင်၌သာ အနားယူရင်းအချိန်ကုန်လွန်စေသည်။ အိမ်ရှေ့စံမင်းသားဟာ လင်အန်ဇူကိုတော်တော်လေး အရေးပေးဂရုစိုက်သည်ဆိုသောသတင်းသည် ကျယ်ကျယ်လောင်လောင်ပျံ့နှံလာလေ၏။ ရွှမ်းရန်ဟန်ချန်ကတော့ ဂျာပေါင်အပေါ်ထားရှိတဲ့ သူ့ရဲ့ချစ်ခြင်းမေတ္တာတွေကိုဖော်ပြဖို့ဘယ်တော့မှရှက်မနေခဲ့ချေ။
တကယ်လို့ တစ်ယောက်ယောက်ကိုအချစ်စစ်မှန်နဲ့ ချစ်မိနေပြီဆိုတာကို ဖုံးကွယ်လို့ရနိုင်တယ်ဆိုပေမဲ့ သူကတော့ အဲ့လိုမလုပ်နိုင်ဘူးလို့ခံစားနေရသည်။ သူပြန်လည်မွေးဖွားလာပြီးနောက် သေချာဆုံးဖြတ်ချက်ချထားခဲ့တယ်။
ဒီဘဝတော့ လင်ဂျာပေါင်ကိုကောင်းကောင်းစောင့်ရှောက်ကာကွယ်ပေးမယ်လို့!။ သူ့ရဲ့ခလေးကို အမြဲတမ်းစိတ်ချမ်းချမ်းသာသာနဲ့ပြုံးပျော်နေစေချင်ပြီး မကောင်းတဲ့ဘယ်အရာကိုမှမခံစားစေ့ချင်ပေ။ အကောင်းဆုံးအရာတွေကိုသာဖြည့်ဆည်းပေးလိုပြီး ဂျာပေါင်ဟာသူ့ရဲ့တန်ဖိုးအထားရဆုံးရတနာလေးဆိုတာကိုလဲ အားလုံးကိုသိစေချင်သည်။
သို့သော်မိန်းမများက သူတို့ရဲ့အဆင့်အတန်းကို အလွန်ကျူးမြှင့်တင်ရန်နှင့် မောင်းမဆောင်၏ရှုပ်ထွေးမှုတွေကနေ ကာကွယ်ရန်အတွက် ကိုယ်လုပ်တော်တစ်ယောက်အားချစ်မြတ်နိုးနေသည်ကို ထင်ယောင်ထင်မှားအနေဖြင့်သာ ဖန်တီးထားတတ်ကြသည်။
ဧကရာဇ်တို့ဟာ သူတို့ရဲ့ချစ်မြတ်နိုးမှုကိုဖုံးကွယ်ထားရခြင်းကြောင့် နှစ်သက်ခြင်းခံရသောကိုယ်လုပ်တော်သည်လဲ ရသင့်သည့်အလေးမြတ်ထားမှုတွေကိုမရသည့်တိုင် ကျေနပ်တတ်ကြသည်မလား။
ဒီဘဝမှာတော့ သူ့ခမည်းတော်ထက်ပိုပြီးကောင်းကောင်းပြုမူနိုင်ဖို့ ယုံကြည်ချက်အပြည့်ရှိနေခဲ့သည်။ သူနဲ့ဂျာပေါင်ကိုခြိမ်းခြောက်လာနိုင်သည့် အရာအားလုံးကို ဖြည်းဖြည်းချင်းဂရုစိုက်စွာဖယ်ရှားနေခဲ့သည်။ လျှို့ူဝှက်ကိုယ်ရံ တော်တွေကိုလဲ နေ့ညမပြတ်စောင့်ကြည့်နေစေပြီး ချွဲအိမ်တော်နှင့်လင်ဝမ်
ရဲ့မျက်နှာဖုံးကို ခွာချနိုင်ဖို့လုပ်ရလိမ့်မည်။
ဒါမှသာ သူ့ရဲ့ခလေးကထီးမွေဆက်ခံရန် သူ့ရဲ့ခလေးပိစိလေးတွေကိုစိုးရိမ်မှုကင်းစွာနှင့်မွေးဖွားနိုင်မှာ!။သူ့ခလေးလေးရှိနေသရွေ့ ဘယ်သူ့ကိုမှထိတွေ့မှာမဟုတ်ပေ။တစ်နေ့မှာ သူ့ရဲ့ခလေးဟာ သူနှင့်အတူဘေးချင်းယှဉ်ရပ်ပြီး အားလုံးရဲ့အရိုပေးခြင်းကိုခံယူရမယ့်သူဖြစ်လာလိမ့်မည်။
နောက်နေ့တွေမှာလဲ အိမ်ရှေ့စံ၏အထူးအလေးပေးခြင်းခံရသော ကောင်ငယ်လေး၏သတင်းသည် ပိုပိုပြီးပျံ့နှံ့၍လာ၏။
ငါကြားတော့ အဲ့တစ်ယောက်ကအသက်၁၄နှစ်ပဲရှိသေးတဲ့ ဒွိလိင်လေးတဲ့!သူကတကယ်ကို နှစ်လိုဖွယ်ကောင်းပြီး ကျက်သရေရှိတယ်တဲ့ အဒ့ဒါကြောင့်မယ်မယ်ကြီးကိုယ်တိုင် သဘောကျရွေးချယ်ပြီး ခန့်အပ်ပေးလိုက်တာတဲ့လေ။အိမ်ရှေ့စံမင်းသားကလဲ ဒီကောင်လေးကိုအရမ်းသဘောကျနေတာတဲ့လေ။ပြီးတော့ မယ်မယ်ကြီးနဲ့ရင်းနှီးလာဖို့အတွက် သူနဲ့အတူယုံရှောင်နန်းဆောင်ကို မကြာမကြာခေါ်သွားတတ်တယ်တဲ့!
သီအိုရီအရဆို ဒီကောင်လေးကမယ်မယ်ကြီးနဲ့တွေ့ဖို့အတွက် အရည်ချင်းမရှိဘူးလေ။ပြီးတော့မယ်မယ်ကြီးက အိမ်ရှေ့စံမင်းသားနဲ့ပတ်သတ်ပြီး အခုထွက်နေတဲ့သတင်းတွေကို ငြင်းလဲမငြင်းဘူး ဘာမှလဲမပြောဘူးတဲ့!အဲ့ဒါကပဲ မယ်မယ်ကြီးကလဲ လင်အန်ဇူ(လင်ရှောင်ရှီ)ကိုအရမ်းကျေနပ်နေတယ်ဆိုပြီး ပြနေတာတဲ့လေ!
ဒီလိုသတင်းတွေဟာ တဖြည်းဖြည်းပျံ့နှံလာတာကြောင့် နန်းတော်ရှိလူတိုင်းဟာ ဒီဒွိလိင်ကောင်လေးအကြောင်းကို အရမ်းသိချင်နေကြတော့သည်။
နန်းတွင်းထိပ်ပိုင်းခေါင်းဆောင်ဝန်ကြီးတွေပင် လင်အန်ဇူဆိုတာ ဘယ်သူလဲ?ဆိုတာကို ဆွေးနွေးရသည်အထိဖြစ် လာ၏။သို့ပေမဲ့လဲ လင်ဂျာပေါင်သည်ကား အိမ်ရှေ့စံမင်းသား၏တင်းတင်းကြပ်ကြပ်စောင့်ရှောင်ပေးမှုအောက်
တွင်ရှိနေသောကြောင့် သာမာန်သူတွေအနေဖြင့်ဘယ်လိုမှစုံစမ်း၍မရနိုင်ဖြစ်နေလေသည်။
ချွဲအိမ်တော်၏အကြီးအကဲချွဲယုံသည်ပင် သူ့ရဲ့နောက်လိုက်အချို့နှင့်ဒီကောင်ငယ်လေးအကြောင်းကို ဆွေးနွေးနေရ၏။
''လင်အန်ဇူကဘယ်လိုလူမျိုးလဲ?မင်းတို့အမြဲစုံစမ်းနေခဲ့ကြတာမဟုတ်ဘူးလား?'' ချွဲယုံ၏ညီမဖြစ်သူချွဲရှီသည် နောက်လိုက်အချို့အား စိတ်သောကရောက်စွာမေးမြန်းလေသည်။
''အရည်ချင်းရှိပုံမရပါဘူး။ဘာသတင်းမှမကျန်အောင် ခြေရာလက်ရာပျောက်နေခဲ့တာပါ။ ကျွန်တော်မျိုးတို့ အချိန်အကြာကြီးစုံစမ်းခဲ့တောင် မယ်မယ်ကြီးရဲ့နန်းဆောင်မှာတာဝန်ကျခဲ့တယ်ဆိုတာနဲ့ ယွမ်ထိုင်ရဲ့၄နှစ်မြောက်မှာနန်းတော်ကိုရောက်လာခဲ့ပြီး အသက် ၁၄နှစ်ရှိပြီဆိုတာအပြင် မသိလာခဲ့ရပါဘူး'' နောက်လိုက်တစ်ယောက်က ရှက်ရွံ့စွာလျှောက်တင်၏။
''အခုထိ အိမ်ရှေ့စံရဲ့အရှေ့ဆောင်က ဘာသတင်းမှစုံစမ်းလို့မရသေးဘူးလား?ချင်းယိတစ်ယောက် ဘယ်လိုနေ,နေရလဲဆိုတာတောင် မသိဘူးရဘူး?ဇနီးသည်ကနန်းတွင်းထဲအခစားဝင်ချင်လို့ အကြိမ်ကြိမ်တောင်းဆိုပေမဲ့ မယ်မယ်ကြီးက ကြင်ရာတော်နေမကောင်းလို့ အနားယူဖို့လိုနေတယ်ဆိုပြီးပဲငြင်းနေတယ်''ချွဲချင်ယိ၏အဖေချွဲဆုန်က အားမလိုအားမရဖြင့် ပြောလေသည်။
''ဟင်း ....ဧကရာဇ်ကလဲ အခုဆိုငါတို့ချွဲအိမ်တော်ရဲ့အဆက်နွယ်တွေကို နေရာတိုင်ကနေဖယ်ရှားဖို့ကြိုစားချင်နေတာ ...
ချွဲအိမ်တော်နဲ့ဆက်စပ်သူဆို သိက္ခာချရင်ချ မဟုတ်ရင် ရာထူးကထုတ်ပယ်တာမျိုးတွေလုပ်နေတာ....။အိမ်ရှေ့စံကလဲ သူ့ဟာသူတောင်အနိုင်အနိုင် သူ့ကိုယ်သူပြန်ဂရုစိုက်နေရတာနဲ့တင် အလုပ်ရှုပ်နေတာ...!အဖေ ကျမတို့ ချွဲအိမ်တော် ဒီအတိုင်းအဆုံးသတ်ရတော့မှာလား.....''ချွဲရှီသည် ဘာလုပ်ရမယ်မှန်းမသိတော့တာကြောင့် သူ့အဖေကိုအားကိုးတကြီးမေးလေသည်။
''ငါတို့ချွဲအိမ်တော်က မင်းလောင်းနဲ့တစ်လှေထဲစီးဖို့ဆုံးဖြတ်ပြီးပြီပဲ ပြန်လှည့်လို့မရတော့ဘူး။ မင်းလဲအားလုံးကို စိတ်အေးအေးထားဖို့နဲ့ ခဏလောက်ငြိမ်ငြိမ်လေးစောင့်ကြည့်နေကြဖို့ပြောထားလိုက်!ဧကရာဇ်ကိုထပ်ပြီး ချုပ်ကိုင်ခွင့်လို့မရတော့ဘူး။''မျက်နှာတွင်အရေးအကြောင်းနက်နက်တို့ နေရာယူနေပြီဖြစ်တဲ့ အသက်၆၀နီးပါလူတစ်ယောက်သည် အားလုံးအားအမိန့်ပေးညွှန်ကြားလေသည်။
ချွဲယုံက မျက်မှောင်ကျုံ့လျက်
''ဒီအင်္ဂါနှစ်ခုပါတဲ့ကောင်လေးနဲ့ပတ်သတ်ပြီး ဘာမှဝင်မရှုပ်ကြနဲ့ လူတိုင်းကိုလှည့်စားချင်လို့ဖြစ်နိုင်တယ်!အိမ်ရှေ့စံမင်းသားက အဲ့လိုထူးဆန်းတဲ့ခလေးကိုသဘောကျလိမ့်မယ်လို့ ဒီကလူအိုကြီးကတော့မထင်ဘူး။ ဒါကတစ်ခုခုကိုကြံစည်ထားတာဖြစ်ရမယ်.......ငါတို့ချွဲအိမ်တော်က သေချာစောင့်ကြည့်ပြီးမှလုပ်သင့်တာလုပ်ကြတာပေါ့!''
''မှန်လှပါ!'' အားလုံးကလဲအတွေးတူတာကြောင့် အကြီးကဲ၏စကားအားနာခံကျလေသည်။အိမ်ရှေ့စံမင်းသားက ဘယ်သူမိုလို့လဲ ခန့်မှန်းလို့မရတဲ့မျက်နှာသေဖြင့် အမူယာကင်းမဲ့နေပြီးစိတ်လှုပ်ရှားမှုမရှိအမြဲတည်ငြိမ်နေတဲ့သူက ဘယ်လိုဖြစ်ပြီး သတင်းတွေကလိုဖြစ်နိုင်မှာတုန်း။ဒါဟာ သေချာ ပေါက်အကြောင်းတစ်ခုခုရှိလို့ပဲပေါ့...!
.....
⭐⭐⭐⭐
Advertisement
- In Serial56 Chapters
The Bad Boy's Toy | ✔️
"I'm not it, I'm not her. I won't fall for this monster. I won't be the Bad Boy's Toy."Ashley Airwood.Perfect Grades. Perfect Daughter. Perfect Sister. Perfect good girl.Bain White. Bad reputation. Bad player habits. Bad temper. Very Bad Boy.Enjoy!
8 114 - In Serial27 Chapters
The Soldiers of Azur Lane
6 soldiers who were long lost friends are teleported to the world of Azur Lane. They realized that they where now ships from the future and decided to band together once again to help each other survive.
8 248 - In Serial61 Chapters
Bitter Heart √
Caden Miller.Hot, cynical, and notoriously labelled the bad boy of Crestmont High. Attention-seekers flirt with him. Idiots fight with him. The ones who know what's good for them, stay away from him. If you fight him, you know you'll lose soon. Short-tempered, mysterious, and those oh-so-hot looks. All of that was enough for a person to fall head over heels for him.If only he cared to give a shit about them.Not when he was also the youngest gang leader in New York City, with just one mission in mind: stop his equally cynical brother from ruining his life more than he already had. Skylar Anderson.Not a nerd. Or a cheerleader. All she cares about is her workaholic (and maybe even a little dysfunctional) parents, her adorable cat and her not-so adorable best friend, and her sleep. Quite literally. Living a normal and carefree life, trying her best not to flunk Physics, there wasn't anything more that she wanted. Until she receives a letter in her mailbox......and that normal, carefree life goes right above the clouds...."Tʜᴇ ᴘʀᴏʙʟᴇᴍ ɪꜱ," ʜᴇ ꜱᴀɪᴅ ᴀꜱ ʜᴇ ʟᴇᴀɴᴇᴅ ᴄʟᴏꜱᴇʀ, "Iғ ɪ ᴋɪꜱꜱ ʏᴏᴜ, ɪ ᴅᴏɴ'ᴛ ᴛʜɪɴᴋ ɪ'ᴅ ʙᴇ ᴀʙʟᴇ ᴛᴏ ꜱᴛᴏᴘ."#2 in Chick-lit#1 in Humor#7 in Romance#1 in Teen Fiction #3 in The Grace Awards 2019Text copyright © Crystal7016 ™ 2018Cover credits: @youtumblrgeek ✨
8 192 - In Serial13 Chapters
Scream (Billy Loomis x Reader)
(Ghostface x Reader)A year after Sidney Prescott's father, Neil Prescott, was convicted for brutally murdering five people, a 17 year old girl called Y/n L/n joins Woodsboro High School, completely oblivious to the horror that awaits her.(In this case, Billy, Stu, Sidney, etc were in 11th grade last year) None of the Scream characters from the original movie belong to me.None of the images attached to my chapters belong to me.*I am currently working on rewriting the ending of this story because right now it's terrible. Until then, the ending is up to interpretation*
8 225 - In Serial83 Chapters
My step brother is a stripper
"I can give you a lap dance, but mom can't find out." "W-what?""Well? Do you want one or not?""I- um- you-"{Where Jungkook falls in love with a stripper, and Taehyung falls in love with his step-brother}
8 113 - In Serial19 Chapters
Pet Project :His Dissertation
The Internship is exploring 'Sexual Awakening Methods' What wasn't specified are the research methods employed. His 'hands-on' approach would normally have her running, but for the fact that her motivations aren't pure either - Told from the POV of the Video Recording Device
8 91

