《မင်းကို ချစ်မဝသေးလို့(BL Novel,Myanmar tran)》Ch-11 Unicode
Advertisement
အပိုင်း(၁၁): ယောကျာ်း
...
နောက်နေ့မနက်စောစောမှာတော့ယွင်ဖူဟာ နန်းဆောင်၏တံခါးဝကိုစောစောရောက်လာ အခန်းတွင်းမှအခြေနေကိုအကဲခတ်နားထောင်နေလေ၏။
အတန်ကြာတဲ့အထိ အခန်းတွင်းမှလှုပ်ရှားသံမကြားရတာကြောင့် သူ့လည်ချောင်းကိုလှုပ်ကိုင်ရင်း အခန်းတွင်းမှကြားရရန်အတွက် အသံကိုအနည်းငယ်မြှင့်၍မတိုးမကျယ်အသံဖြင့်ပြောလိုက်၏။
''အိမ်ရှေ့စံအရှင့်သား နောက်ကျနေပါပြီ''
အခန်းတွင်းမှလှုပ်ရှားသံအနည်း ငယ်ကြားလိုက်တာနှင့်တပြိုင်နက် ယွင်ဖူသည် ရံရွေတော်အချို့ကိုဝတ်လဲတော်နှင့်ကိုယ်လက်သန့်စင်ရန်အတွက် အခန်းတွင်းသို့ဝင်ခိုင်းလိုက်တော့၏။
''တိုးတိုးသက်သာလုပ် !'' ရွှမ်းရန်ဟန်ချန်ဟာ စောင်ခြုံထဲအိပ်မော ကျနေဆဲဖြစ်သည့် သူ့ခလေးငယ်လေးကို ချစ်စိတ်အပြည့်ဖြင့်ကြည့်ရင်း အမှုထမ်းတွေအားသတိပေးလိုက်သည်။
လင်ဂျာပေါင်သည်လဲ အခန်းတွင်းမှလှုပ်ရှားသွားလာနေကြသောအသံအချို့ကြောင့် သေချာမပွင့်နိုင်သေးသောမျက်လုံးများဖြင့် စောင်ခြုံအတွင်းမှလှုပ်လီလှုပ်လဲ့ဖြင့်ထရန်ပြင်လေ၏။
ဂျာပေါင်၏အမှတ်တမဲ့လှုပ်ရှားမှုကြောင့် ခြုံထားသောစောင်လျှော ကျသွားလျက် ဖြူဖွေးသောပခုံးသားလေးအား လှစ်ဟပြသလိုဖြစ်သွားတော့သည် ။ထိုဖြူဖြူဖွေးဖွေးပခုံးသားလေးပေါ်တွင် ရဲတောက်နေသောအချစ်အမှတ်ရာများပြည့်နက်နေသည်မှာ ထိပ်လန့်ဖွယ်ရာပင်။
သူ့ရဲ့အိမ်ရှေ့စံဟာ ဒီကောင်ငယ်လေးအပေါ်ဘယ်လောက်အလေးနက်ထားအချစ်ကြီးသည်ကို သိနေပြီးဖြစ်တာကြောင့် ယွင်ဖူဟာသိပ်အံ့သြနေခြင်းလဲမရှိသလို ထိုကောင်ငယ်လေးအားသေချာစွာလဲ ထပ်မကြည့်ဝံ့ပါချေ။
ရွှမ်းရန်ဟန်ချန်သည် အိပ်ချင်မူးတူး
ဖြစ်နေသောဂျာပေါင်အားအိပ်ရာပေါ်သို့ပြန်လှဲပေးလိုက်ပြီး''အိပ်ဦး!စောသေးတယ် ကိုယ်ကမနက်စော စောသွားစရာရှိလို့သာပြင်ဆင်နေရတာ''
ထိုနောက်နဖူးလေးအား ချစ်ခြင်းအပြည့်ဖြင့် ဖွဖွနမ်းပြီးနောက်အခန်းတွင်မှ ထွက်ခွာသွားတော့သည်။
ဂျာပေါင်တစ်ယောက်ထပ်နိုးလာချိန်မှာတော့ အိမ်ရှေ့စံအားမတွေ့ရတော့ပေ။ဂျာပေါင်၏ လှုပ်ရှားသံကိုကြားပြီး အပြင်တွင်အသင့်ရပ်စောင့်နေသောရံရွေတော်၂ဦးသည် အခန်းတွင်းသို့ဝင်ရောက်လာလေသည်။
ထို၂ယောက်ထဲမှအရပ်ပိုရှည်သော အမျိုးသမီးတစ်ဦးသည်''လင်အန်ဇူ နိုးလာပါပြီလား။ကျွန်တော်မျိုးမက လျှိုယိလို့ခေါ်ပြီး မင်းကိုခစားရမဲ့သူပါ။အိမ်ရှေ့စံက စာကြည့်ဆောင်မှာဆွေးနွေးမှုအချို့ပြုလုပ်နေပါတယ်။အခု မနက်စာ,စားရမယ့်အချိန်ပါ။
ချူးယိက ပိန်ပါးပြီးအရပ်ကာ အနေအေး၍ အိန္ဒြကြေီးပြီးတည်ငြိမ်လေးနက်ဟန်ရှိသည်။
''ကျွန်တော်မျိုးမက ချူးချင်ပါ'' ထိုပိန်သွယ်သွယ်အမျိုးသမီးသည် အဝတ်တွေကိုပြင်ဆင်ပေးရင်း ဆို ၏။ချူးချင်ရဲ့ဖော်ရွေတတ်ဟန်ရှိပြီး သက်သောင့်သက်သာဖြစ်စေမှုက လင်ယန်ကိုပင်သတိရစေလေသည်။
''လင်အန်ဇူ, ဒီနေ့ ဘယ်ဝတ်စုံကိုဝတ်ချင်ပါသလဲ။ကျွန်တော်မျိုးမကတော့ ဒီအစိမ်းရင့်ရောင်နဲ့အပြာနုနုလေးနှစ်ထည်ကိုရွေးပေးထားပါတယ်။စိတ်တိုင်း ကျပါရဲ့လား တခြားဝတ်စုံရွေးချင်ပါသေးလား?''
လှပသောပိုးဖဲသားဝတ်စုံနှစ်စုံကိုယူလာပေးရင်း လျှိုချင်ကဆို၏။ဒီဝတ်စုံနှစ်စုံကို မကိုင်ကြည့်ရသေးပဲနှင့်တောင် အလွန်ကိုနူးညံ့ပြီးတန်ဖိုးကြီးမည်ကို ခန့်မှန်း၍ရလေသည်။
ဂျာပေါင်က အစိမ်းရောင်ဝတ်စုံကိုရွေးကာဝတ်လိုက်လေသည်။ ချူးချင်၏စကားနဲ့ပြောရမယ်ဆို သူ့ကိုယ်သူ ကြက်သွန်မိတ်ပင်လို့ခံစားနေရ၏။
အိမ်ရှေ့စံ၏အရှေ့နန်းဆောင် စာကြည့်ဆောင်၌ရွှမ်းရန်ဟန်ချန်နှင့် လူနှစ်ယောက်သည် လတ်တလောဖြစ်ပေါ်နေသော ကိစ္စရပ်အချို့ကိုဆွေးနွေးနေကြ၏။
''ချွဲယုံတစ်ယောက် ကျန့်နန်မှာသူ့လူယုံနှစ်ယောက်ကိုဆုံးရှုံးလိုက်ရပြီးတော့ အခုဖြစ်နေတဲ့ သူ့ရဲ့အီလည် လည်မျက်နှာကြီးကိုကြည့်ရတာက အားရလိုက္တာဆိုတာ လူကိုလန်းဆန်းသွားတာပဲ'' လျှိုဇီချီကရယ်ရင်းမောရင်းပြော၏။လျှိုဇီချီသည် ရွှမ်းရမ်ဟန်ချန်၏ရဲဘော် ရဲဘက် လူယုံတစ်ယောက်ဖြစ်ကာ အခုတော့ သူကကာကွယ်ရေးဝန် ကြီးဌာနတွင် အမှုထမ်းဆောင်နေသော အရာရှိတစ်ယောက်ဖြစ်၏။
လျှိုဇီချီနှင့်ပုဂ္ဂိုလ်ရေးအရ ခင်မင်ရင်းနှီးတာကိုထည့်မတွက်ဘူးဆိုရင်တောင်မှ သူဟာသူကသတ္တိနှင့်ပြည့်စုံပြီး ရဲရင့်ကာကိုယ်ရည်ကိုယ်သွေးကြွယ်ဝသူဖြစ်သည်။
ချွဲယုံဆိုသူသည် ချွဲမယ်မယ်ကြီး (အမျိုးသားကွယ်လွန်)၏အကိုတော်စပ်သူဖြစ်ပြီး အတွင်းဝန်အမတ်ကြီးတစ်ဦးဖြစ်ကာ ချွဲအိမ်တော်၏အကြီးကဲလဲဖြစ်သည်။
''ချွဲအိမ်တော်နဲ့ဆက်နွှယ်သူတွေက ချွဲယုံကလွဲရင်ဘယ်သူမှကြောက်တာမှမဟုတ်တော့ လွယ်လွယ်နဲ့တော့အလျှော့မပေးပဲ မရမကကယ်ဖို့လုပ်ကြသေးတယ်။
ဒါပေမဲ့ကံကောင်းစွာနဲ့အိမ်ရှေ့စံက သူတို့နှစ်ယောက်ရဲ့ပြစ်မှုတွေကို သက်သေပြဖို့အတွက် လိုအပ်တဲ့အထောက်ထားကို တစ်ယောက်ယောက်နဲ့ပို့ခိုင်းလိုက်လို့သာ ချွဲအိမ်တော်ကဘာမှမလှုပ်ရှားနိုင်တော့ပဲ လက်လျှော့လိုက်ရတာ'' ကျန့်ကျားသည် ချုံငုံသုံးသပ်ရင်းဆို၏။
ကျန့်ကျားသည်လဲ ရွှမ်းရန်ဟန်ချန်၏အားကိုးရသော လူယုံတစ်ယောက်ဖြစ်သည်။ကြံရည်ဖန်ရည်လဲရှိသလို ရည်မွန်တဲ့ကျန့်ကျားဟာ နက္ခတ်ဗေဒနှင့်ပထဝီအနေထားကိုလဲကျွမ်းကျင်ပိုင်နိုင်တာကြောင့် ဉာဏ်ကြီးရှင်တစ်ယောက်ဟုဆိုနိုင်သည်။
အရင်ဘဝတုန်းကလဲ ကျန့်ကျားဟာသူ့ကိုများစွာအထောက်အပံ့ပေးခဲ့သလို နည်းပရိယာယ်တွေ၊နည်းဗျူ ဟာတွေများစွာကိုအစီစဉ်ချရေးဆွဲပေးခဲ့လေသည်။သို့ပေမဲ့ ကံမကောင်းစွာနဲ့ ကျန့်ကျားဟာခန္ဓာကိုယ်အားနည်းသူဖြစ်လေရာ ပင်ပန်းပြီးဖျားနာ၍ စောစီးစွာသေဆုံးသွားခဲ့သည်။
ဒါကြောင့်ဒီဘဝတွင်တော့ ရွှမ်းရန်ဟန်ချန်ဟာ ဒီပုဂ္ဂိုလ်နှစ်ယောက်ရဲ့ကျန်းမားရေးကို အထူးအလေးထားဂရုစိုက်၍ သမားတော်စေလွှတ်ပြီး သူတို့ရဲ့ခန္ဓာကိုယ်တွေကိုမကြာမကြာစစ်ဆေးစေ၏။ဒါကြောင့်ပဲ သူတို့ကလဲအိမ်ရှေ့စံကိုအထူးလေး စားချစ်ခင်လာကြသလို အရင်ဘဝကထက်ပိုရင်းလာကြလေသည်။
''အခုဆုံးရှုံးလိုက်ရတဲ့လူနှစ်ယောက်က ချွဲအိမ်တော်ရဲ့အရေးပါတဲ့ဘယ်လက်ရုံးနဲ့ ညာလက်ရုံးလို့ဆိုနိုင်တယ်။ ပြီးတော့ ကျန့်နန်ဆိုတာကလဲ ချွဲအိမ်တော်ရဲ့အဓိကရေ သောက်မြစ်လို့ပြောလို့ရတဲ့ အခြေကုတ်ယူထားတဲ့နေရာပဲ။
ချွဲအိမ်တော်ဟာ အတော်ကျင်းထဲကျပ်ထဲရောက်နေတယ်လို့ပြောလို့ရတယ်။ ချောင်ပိတ်ရိုက်ခံရတဲ့ခွေး ပြန်ကိုက်ရင် ပိုကြောက်ဖို့ကောင်းတာကြောင့် မင်းတို့ချွဲအိမ်တော်ကို ကိုင်တွယ်တဲ့အခါ အခုကစပြီးပိုသတိထားတော့။ပြီးတော့မြို့စား,လင်နဲ့ဆက်ဆံရေးကိုလဲ မျက်ခြေမပျက်သေချာစောင့်ကြည့်နေ'' ရွှမ်းရန်ဟန်ချန်ဟာသူ့လူနှစ်ယောက်ကို သတိပေးစကားဆိုရင်းမှာကြား၏။
''နားလည်ပါပြီ''
သူ,ဒီနှစ်ယောက်နဲ့ရှိနေသည်မှာ မနက်အစောပိုင်းထဲကဖြစ်တာကြောင့် အခုချိန်လောက်ဆို သူ့ရဲ့ခလေးငယ်လေးနိုးနေလောက်ပြီဆိုတာကိုတွေးမိလိုက်ပြီး
''ဒီနေ့အတွက်တော့ ဒီလောက်ပဲ''
လျှိုဇီချီသည် အနည်းငယ်တွေးတောပြီးတော့
''အိမ်ရှေ့စံမနေ့က လှပတဲ့နေ့လေးတစ်နေ့ဖန်တီးခဲ့တယ်ဆိုတာကို ငါသွားရင်းလာရင်းကြားလာခဲ့တယ်''
ကျန့်ကျားသည်လဲ သူစပ်စုလာတဲ့အကြောင်းအချို့ကို ဝင်ပြော၏။''ငါကြားတာတော့ ဧကရီမယ်မယ်ကြီးပို့ပေးလိုက်တာတဲ့။ ကြည့်ရတာတော့ ငါတို့အိမ်ရှေ့စံတော်တော်လေး ကျေနပ်နေပြီး ပျော်နေတဲ့ပုံပါပဲ''
''ဟားဟား နောက်ကျရင် မင်းတို့သူကိုတွေ့ဖို့အခွင်ရေးရှိလာပါလိမ့်မယ်။ အဲ့ကျရင်တော့ငါဘာလို့ကျေနပ်လဲဆိုတာ မင်းတို့သဘောပေါက်သွားကျမှာပါ''
အိမ်ရှေစံရဲ့စကားကိုကြားလိုက်တဲ့ လျှိုဇီချီနဲ့ကျန့်ကျားဟာ အံ့သြလျက်။ ဘယ်သူမိုလို့သူတို့ရဲ့အိမ်ရှေ့စံက ဒီလိုမှတ်ချက်ကိုတကူးတက ထ,ပေးနေရတာလဲဆိုပြီး သိချင်စိတ်ပြင်းပြနေလေသည်။
ယွင်ဖန်ရယ် နောက်ထပ်မိန်းမစိုးအမှုထမ်းငယ်တစ်ယောက်ရယ် ရွှမ်းရန်ဟန်ချန်တို့ဖျင်အော်နန်းဆောင်ကိုပြန်လာချိန်၌ ဂျာပေါင်သည် မနက်စာစားပြီးနောက် စားပွဲတွင်ပျင်းရိစွာထိုင်နေလေသည်။
''အိမ်ရှေ့စံအရှင့်သား!'' ဂျာပေါင်ဟာ အိမ်ရှေ့စံကိုတွေ့လိုက်သည်နှင့်အလျင်မြန်ထ၍ နှုတ်ဆက်အရိုသေပေးလိုက်၏။
ဂျာပေါင်ဟာ အိမ်ရှေ့စံနှင့်တော်တော်လေးရင်းနှီးပြီးလွန်လွန်ကျူးကျူးဆက်ဆံရေးကို မနေ့ညက, စတင်လိုက်ပြီဖြစ်ပေမယ့် သူဟာအိမ်ရှေ့စံကိုတွေ့လိုက်ရသည်နှင့် တကယ်ကိုနေရခက်ပြီး ရှက်နေတုန်းပါပဲ။
''ခလေး,ဘယ်လိုနေလဲ?မနက်စာကောစားပြီးပြီလား?'' အိမ့်ရှေ့စံမင်းသားဟာ အနားရှိလူအားလုံးကိုခလျစ်လျူရှုလျက် ဂျာပေါင်၏ မျက်နှာလေးအား ခပ်ဖွဖွထိကိုင်ရင်းနမ်းရှိုက်နေလေတော့သည်။
အိမ်ရှေ့စံ၏လုပ်ရပ်ကြောင့် ဂျာပေါင်၏မျက်လေးဟာ နီရဲ၍လာလေသည်။''ဌက်သိုက်ပေါင်းစွတ်ပြုတ်တစ်ခွက်ရယ် ပုဇွန်ဖက်ထုပ် ၃ခုရယ်စားပြီးပါပြီ''
''အရသာရှိရဲ့လား? စားတာနည်းလွန်းတယ် ''
''အရမ်းအရသာရှိပါတယ် ဂျာပေါင်ဗိုက်ပြည့်နေပါပြီ'' လင်ဂျာပေါင်ဟာ သူ့ရဲ့ဗိုက်လေးကိုမထိတထိပုတ်ပြရင်းဆို၏။
(T/N: ဒီနေရာကနေစပြီးတော့ လင်ဂျာပေါင်စကားပြောတဲ့နေရာတွေမှာ ဂျာပေါင်လို့သူ့နာမည်ပဲကိုထည့်သုံးပါ့မယ်နော် အဆင်မပြေရင်ပြောပေးပါနော်)
ရွှမ်းရန်ဟန်ချန်ဟာ ဂျာပေါင်၏ချစ်စဖွယ်ဟန်လေးကိုကြည့်ရင်း ဂျာပေါင်၏ပါးချိုင့်ခွက်ခွက်လေးအား နမ်းရှိုက်ချင်စိတ်ကိုတားမရခဲ့ချေ။
''သူက ယွမ်ချင်းလို့ခေါ်တယ်။နောက်ကျရင် မင်းကိုခံစားရမဲ့သူပဲ'' ရွှမ်းရန်စန်ချန်ဟာ မိန်းမစိုးအမှုထမ်းငယ်လေးကို လက်ညှိုးညွှန်ပြရင်းပြောလေသည်။
''အစေခံယွမ်ချင်း လင်အန်ဇူကိုဂါရဝပြုပါတယ်။အနာဂတ်မှာသခင်လေးကို ခစားရမယ့်သူဖြစ်တာကြောင့် တစ်ခုခုစေခိုင်းစရာရှိရင် ဒီအစေခံယွမ်းချင်းကိုစေခိုင်းနိုင်ပါတယ်။ယွမ်ချင်း စိတ်မပျက်ရအောင် ကြိုးစားထမ်းရွက်ပါ့မယ်''
တကယ်တော့ယွမ်ချင်းသည်လဲ အိမ်ရှေ့စံဟာသူ့ရဲ့သခင်ငယ်လေးဖြစ်လာမဲ့သူကို နက်နက်ရှိုင်းရှိုင်းချစ်ပြီးမြတ်နိုးတယ်ဆိုတာကို ယွမ်ဖူထံမှသိရှိထားပြီးဖြစ်၏။ ဒါကြောင့်သူဟာသူ့ရဲ့သခင်ငယ်လေးကို ကောင်းကောင်းပြုစုစောင့်ရှောက်ပေးနိုင်နေသရွေ့ သူ့အနာဂတ်အတွက်လဲပူစရာလိုမည်မဟုတ်ပေ။
ထိုအချိန်၌ယွင်ဖူသည် အိမ်ရှေ့စံအား
''အိမ်ရှေ့စံအရှင့်သား ချုံယိရောက်လာပါပြီ''
ရွှမ်းရန်ဟန်ချန်သည် ခေါင်းညိတ်လျက်လာခွင့်ပေးကြောင်း အသိပေးလိုက်၏။ ချုံယိသည်လင်ဂျာပေါင်အား အကဲခတ်ကြည့်လိုက်ပြီးနောက် အိမ်ရှေ့စံနှင့်လင်ဂျာပေါင် အားအရိုသေပေးလိုက်သည်။
''သူက အရှေ့နန်းဆောင်ရဲ့အမှုကိစ္စတွေကို တာဝန်ယူဆောင်ရွက်ပေးရတဲ့ အိမ်တော်ထိန်းကြီးချုံယိ ။ နောက်မင်းဘာပဲလိုလို သူ့ကိုပြောလို့ရတယ်'' ရွှမ်းရန်ဟန်ချန်သည် လင်အန်ဇူအား ချုံယိနှင့်နှုတ်ဆက်စေ၏။
Advertisement
နောက်ဆုံးတော့ အိမ်ရှေ့စံ၏အလေးပေးခြင်းကိုအထူးရရှိထားတဲ့ လင်အန်ဇူဆိုတဲ့ပုဂ္ဂိုလ်လေးကို ယနေ့သူတွေ့ရပြီဖြစ်သည်။ ဒီကောင်ငယ်လေးဟာ ခလေးမျက်နှာလေးနှင့် နှစ်လိုဖွယ်ကောင်းပြီး ကျက်သရေရှိကာလုံးဝကို အဖြူထည်လေးဖြစ်နေလေရဲ့။ဒါဟာ သူ့ရဲ့အတွေးထဲကပုံဖော်ထားသည့် လင်အန်ဇူနှင့် လုံးဝကိုခြားနားနေလေသည်။
''မင်္ဂလာပါ တွေ့ရတာဝမ်းသာပါတယ် ချုံ..'' ဒီလိုနှုတ်ဆက်ခြင်းဟာ ဂျာပေါင်အတွက်တော့ဘာမှမဟုတ်တဲ့ ပုံမှန်နှုတ်ဆက်မှုပင်ဖြစ်သည်။ဂျာပေါင်ဟာသူ့ထက်အကြီးတွေကို အမြဲ တမ်းရိုရိုသေသေဆက်ဆံခဲ့တာပင်။
''လင်အန်ဇူ မင်းကနှိမ့်ချတတ်ပြီးတော့ အရမ်းယဉ်ကျေးတာပဲ!မင်းတစ်ခုခုအဆင်မပြေတာရှိရင် တစ်ယောက်ယောက်ကို ငါ့ဆီလွှတ်ပြီးပြောခိုင်းလို့ရပါတယ်'' ချုံယိဟာ အန်ဇူရဲ့ချစ်စဖွယ်ကောင်းတဲ့သွင်ပြင်လေးကို သဘောအကျကြီးကျရင်းဆို၏။
ထို့နောက် ချုံယိသည် ဖျင်အော်နန်းဆောင်ရှိ လင်သခင်လေး အတွက်ခန့်အပ်ရွေးချယ်ထားသော အမှု ထမ်းတွေအကြောင်းအား အိမ်ရှေစံသို့တင်ပြလေသည်။ ''အခု လင်အန်ဇူမှာ ဒုတိယတန်းရံရွေတော်အမျိုး သမီး၂ဦးကိုခန့်အပ်ထားပြီးပါပြီ။အိမ်ရှေ့စံမင်းသား ထပ်တိုးခန့်အပ်ချင်ပါသေးလား?''
တကယ်ဆိုရင်တော့ဒီအခြေနေဟာ ကိုယ်လုပ်တော်အဆင့်ရှိသူတစ်ယောက်အတွက်ဆို တော်တော်လေးချီးမြှင့်မြှောက်စားခံထားရတဲ့ အနေအထားဟုဆိုနိုင်သည်။ဒါပေမဲ့ ဒီကောင်ငယ်လေးအပေါ် အိမ်ရှေ့စံ၏ချစ်ခြင်းမေတ္တာအလေးနက်ထားမှုအား ချုံယိ,သေချာစွာသိမြင်တာကြောင့် ထိုသို့ရဲတင်းစွာမေးရဲခြင်းဖြစ်လေသည်။
''အင်း အခုတော့ဒီအတိုင်းပဲသွားကြတာပေါ့။ လွန်လွန်ကဲကဲလုပ်တာက မကောင်းပါဘူးလေ။ နောက်မှလူထပ်တိုးခန့်လိုက်ရတာကျတော့လဲ သိပ်အဆင်မပြေတာမဖြစ်နိုင်ပါဘူး'' ရွှမ်းရန်ဟန်ချန်စိတ်ထဲတွေးမိလိုက်သည်မှာ သူကဘယ်လိုစိတ်မျိုးနဲ့များ သူ့ရဲ့ခလေးငယ်လေးကို သူ့ရဲ့ကိုယ်လုပ်တော်အဆင့်အနေနဲ့ပဲထား,ထားနိုင်မှာလဲဟူ၍ပင်။
ဒီရက်ပိုင်းအတွင်း အိမ်ရှေ့စံ၏အရှေ့နန်းဆောင်ရှိအခြေအနေများကို အိမ်ရှေ့စံအားတင်ပြပြီးနောက် ချုံယိဟာဂါရဝပြုနှုတ်ဆက်ထွက်ခွာသွားတော့သည်။
''အင်း! မင်း ချူးယိနဲ့ချူးချင်ကိုသိနေပြီပဲ ကျန်တဲ့လေးယောက်ကအရေးမကြီးပါဘူး။ နောက်မှတွေ့လိုက်တော့ ''
ရွှမ်းရန်ဟန်ချန်ဟာ လင်ဂျာပေါင်ကိုနူးညံ့စွာကြည့်ရင်းဆိုလိုက်ပြီးနောက် စုရှီနဲ့ချီယီဘက်သို့ကြည့်လိုက်ပြီး
"မင်းတို့ မင်းတို့ရဲ့သခင်လေးကို ကောင်းကောင်းဂရုစိုက်ရလိမ့်မယ်။သူကအရမ်းကိုငယ်သေးပြီး အရမ်းနုနယ်သလို စိတ်ထားလဲကောင်းတာကြောင့် ပေါ့ပေါ့ပျက်ပျက်မလုပ်မိကြစေနဲ့။ တကယ်လို့ တစ်ခုခုအမှားယွင်းဖြစ်သွားခဲ့ရင် မင်းတို့ရဲ့အဆုံးသတ်ကို ကိုယ့်ဘာသာတွေးထားကြ''
ရွှမ်းရန်ဟန်ချန်၏စကားသံသည် ကြမ်းတမ်းဒေါသထွက်နေတာမဟုတ်ပဲ ပေါ့ပေါ့ပါးပါးပြောနေဟန်လို့ဆိုနိုင်ပေမဲ့ သူ့ရဲ့ခန့်မှန်းလို့မရနိုင်အောင်ဖြစ်နေသည် အေးတိအေးစက်ဟန်ပန်ကြီးသည်ကား ချူးချင်နှင့်ချူးယိတို့နှစ်ယောက်ကို ချက်ချင်းဒူးထောက်စေသည်အထိ စွမ်းဆောင်နိုင်လေ၏။
''ကျွန်တော်မျိုးမတို့သခင်ငယ်လေးကို စိတ်ရောကိုယ်ပါနှစ်၍ အမှုထမ်းရွက်ခ,စားပါ့မယ်''
လက်မောင်းကြားထဲက သူ့ရဲ့ရတနာငယ်လေးသည်ကား ကြောက်ရွံ့၍ အနည်းငယ်တုန်ရီနေသည်ကို ရွှမ်းရန်ဟန်ချန်တစ်ယောက်သေချာစွာ ခံစားမိလိုက်လေသောကြောင့် ခပ်တင်းတင်းပွေ့ဖက်လိုက်ရင်း ဂျာပေါင်၏နားလေးနားသို့ကပ်၍
''ကိုယ့်ခလေးလေးကြောက်သွားတာလား
မကြောက်နဲ့နော်....''
''......မကြောက်ပါဘူး....'' ကမောက်ကမ အခြေနေကြောင့် စိတ်မသက်မသာဖြစ်ပြီး ဂျာပေါင်သည်အိမ်ရှေ့စံ၏လက်မောင်းတွေကြားထဲမှအနည်းငယ် တွန်းထိုးရုန်းကန်ရင်းဖြေ၏။
ရုန်းကန်နေသောခလေးငယ်ကြောင့် အတင်းကြပ်ဖက်ထားတာရာကနေ လွှတ်ပေးလိုက်ပြီး ''အဲ့ဒါဆိုကိုယ့်ကိုနမ်း''
လင်ဂျာပေါင်သည်တကယ်ကိုစိတ်မသက်မသာဖြင့်
''လူတွေအများကြီး ကြည့်နေကြတယ်လေ...''
ရွှမ်းရန်ဟန်ချန်သည် မျက်လုံးတစ်ချက်ပင့်ကြည့်လိုက်ရာ အားလုံးသည် သူတို့ရှိနေသောနေရာတွေမှအရိုသေပေး၍ အလိုက်တသိ ခေါင်းငုံထားလိုက်ကြလေသည်။
''အခု ဘယ်သူမှမကြည့်တော့ဘူး''
သူကဂျာပေါင်အား အရိပ်ကဲပြလိုက်ရင်းဆို၏။
သူ့ရဲ့ခလေးငယ်လေးဟာ သူ,ဘာမှအကြံမထုတ်ရသေးခင် အလွန်ကိုမြန်သောအရှိန်နှုန်းဖြင့် သူ့ပါးအားခပ်ဖွဖွနမ်းသွားလေသည်။
ရွှမ်းရန်ဟန်ချန်ဟာ တကယ်ကိုမကျေနပ်ရှိနေပါသော်လည်း သူ့ရဲ့အကောင်ပေါင်လေးအား ထပ်၍ကျီစယ်ဖို့ကိုတော့ မဝံ့ရဲတော့ပေ။
''အင်း နောက်တောင်ကျနေပြီ။ ကိုယ်တို့မယ်မယ်ကြီးဆီကို ဂါရဝသွားပြုအောင်'' ရွှမ်းရန်ဟန်ချန်ကဂျာပေါင်အား နူးညံ့စွာကြည့်ရင်းဆို၏။
''ဟင်အင်း'' ဧကရီမယ်မယ်ကြီးဆီကို သွားရမယ်လို့ကြားလိုက်ရတာကြောင့် ဂျာပေါင်တကယ်ကိုကြောက်လန့်သွား၏။သူ အရင်ကလဲ ဧကရီမယ်မယ်ကြီးဆီမကြာမကြာ အခ,စားဝင်ဖူးတယ်ဆိုပေမဲ့လဲ အခုကအခြေနေမတူတော့ဘူးလေ။
''မကြောက်ပါနဲ့ ကိုယ်,မင်းဘေးမှာရှိနေမှာလေ...''
ရွှမ်းရန်ဟန်ချန်ကနှစ်သိမ့်ရင်းဆို၏။
သူတို့နှစ်ယောက်သည်ဝေါယာဉ်ကိုစီးလျက် ကုန်းကုန်း၄ယောက်ခြံရံပြီး ယုံရှောင်နန်းဆောင်သို့ ထွက်ခွာလာကြလေသည်။ဂျာပေါင်ဟာ ဘယ်တုန်းကမှမစီးခဲ့ဖူးသောဝေါယာဉ်ပေါ်ကနေ အေးချမ်းပြီးသာယာလှသောမီးကုတ်စက်ဝိုင်းကျယ်ကြီးအား ငေးမောစူးစမ်းနေမိလေသည်။
မကြာခင်မှာပဲ သူတို့ယုံရှောင်နန်းဆောင်သို့ ရောက်ရှိသွား၏။
ရွှန်းရန်ဟန်ချန်သည် ဂျာပေါင်ကိုပင်မခန်းမသို့ဆွဲခေါ်၍ သူ၏ မယ်တော်နှင့်တွေ့ဆုံပေးလေသည်။
ဧကရီမယ်မယ်ကြီးသည်သူ့ရဲ့သားတော်ဟာ ဂျာပေါင်ရဲ့လက်ကိုဆွဲလျက်လျှောက်လာနေသည်ကို တွေ့လိုက်ရပြီးနောက် ''ချန်အာ သားတော်ရောက်လာပြီပဲ''
''ဟုတ်ကဲ့!မယ်တော့်ကို ဂျာပေါင်ဂါရဝပြုဖို့အတွက်ခေါ်လာပေးတာပါ ။ ဂျာပေါင်ကိုအရမ်းသဘောကျပြီးတော့ သားတော်ဆီကိုပို့ဆောင်ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်'' ရွှမ်းရန်ဟန်ချန်ဟာ လေးလေးစားစား ကျေးဇူးတင်စကားဆိုလေသည်။
''ဂျာပေါင်?'' မယ်တော်ဟာ သူ့သားတော်၏စကားတွေထဲမှ သံသယဖြစ်စရာအချို့ကိုကြားမိတာကြောင့် ရေရွတ်မိလိုက်၏။
''အန်ဇူရဲ့နာမည်အရင်းက လင်ဂျာပေါင်(ကျားပေါင်)လေ။ပြီးတော့ နားထောင်လို့ကောင်းတဲ့အသံလေးလေ.. ဂျာပေါင် ဂျာပေါင် မိသားစုရဲ့အငယ်ဆုံးခလေးလေးပေါ့'' ရွှမ်းရန်ဟန်ချန်သည် ဂုဏ်ယူစွာပြောလေသည်။
မယ်မယ်ကြီးသည်လဲ သဘောကျရယ်မောရင်း
''တကယ်ကိုချစ်စရာနာမည်လေးပဲ လာပါဦး
အနီးကပ်သေချာကြည့်ရအောင်''
လင်ဂျာပေါင်ဟာ အိမ်ရှေ့စံကိုစောင်းငှဲ့ကြည့်မိလေရာ အိမ်ရှေ့စံသည်ကျေနပ်စွာ စိတ်လိုလက်ရပြုံးပြနေတာကြောင့် မယ်မယ်ကြီးဆီကို ခပ်ဖြည်းဖြည်းလျှောက်သွားလိုက်၏။
မိဖုရားကြီးဟာ ဂျာပေါင်သည်စိတ်ထားလေးလဲကောင်းသလို နုနုနယ်နယ်လေးနှင့်ကျော့ရှင်းလှပပြီး တကယ့်ကိုမှစစ်မှန်တဲ့အလှလေးဆိုတာကို သိနေခဲ့ပြီးသားဖြစ်သည်။အခု အစိမ်းရောင်ဝတ်စုံကိုဝတ်ဆင်ထားတဲ့ ဒီကောင်ငယ်လေး၏သွင်ပြင် ယခင်သူ့နန်းဆောင်မှရှိစဉ်က အမှုထမ်းဝတ်စုံနှင့်တုန်းကထက် ပိုပိုပြီးအဆင့်တန်းမြင့်ကျက်သရေရှိနေခဲ့လေသည်။
''တကယ်ကို ချစ်စရာခလေးလေးပဲ'' မယ်မယ်ကြီးဟာ ပြောရင်းဆိုရင်း ဂျာပေါင်း၏အင်္ကျီလက်လေးကို လှန်ကြည့်လိုက်ရာ တေအနီရောင်အစက်လေးဟာ တောက်ပနေဆဲဖြစ်၏။သူမအနေနဲ့ဒီလိုမျိုးဖြစ်မှာကိုကြိုခန့်မှန်းထားပြီးမှအတည် ပြုခြင်းဖြစ်တာတောင်မှ စိတ်ထဲ၌မသက်မသာခံစားရနေလေသည်။
ရွှမ်းရန်ဟန်ချန်ဟာဂျာပေါင်ကို သူ့ရဲ့လက်မောင်းတွေကြားထဲပြန်လည်ဆွဲသိမ်းယူထားလိုက်ပြီးနောက် ပြုံးစိစိဖြင့်သူ့မယ်တော်အားကြည့်ရင်း
''မယ်တော် ဘာတွေစဉ်းစားနေတာလဲ?
ဂျာပေါင်က ငယ်သေးတယ်လေ....''
ဧကရီမယ်မယ်သည်အနည်းငယ်ရှက်သွားပြီးနောက်
''ဟုတ်ပါရဲ့ ငါကိုကအတွေးလွန်သွားတာပါ..။
ကျောက်ယန်...!''
မယ်မယ်ကြီးသည် ကျောက်ယန်အားလှမ်းခေါ်ပြီးနောက် ဂျာပေါင်အားဆုချီးမြှင့်လေသည်။''ဒါကမင်းအတွက်လက်ဆောင်ပါ။ မင်းကအခု အိမ်ရှေ့စံရဲ့အရှေ့နန်းဆောင်ကိုရောက်ပြီးတော့ တော်ဝင်မိသားစုဝင်ဖြစ်နေပြီ။မင်းကောင်းကောင်းမွန်မွန်ပြုမူနေထိုင်ပြီး အိမ်ရှေ့စံအပေါ်သစ္စာရှိစွာနဲ့ခစားရမယ်နော်''
''မှန်လှပါ'' ဂျာပေါင်ဟာ စည်းစနစ်ကျစွာနှင့် ရိုကျိုးစွာဆုလာဒ်ကိုလက်ခံယူလေသည်။
ဧကရီမယ်မယ်ကြီးကတော့ ကျာပေါင်ရဲ့လေးစားမှုအပြည့်ဖြင့်ရိုကျိုးမှုကိုသဘောအကျကြီးကျနေတော့သည်။
''ချန်အာနေ့လည်ပဲကျော်နေပြီ မယ်တော်နဲ့ထမင်းအတူစားသွားကြပါလား'' မယ်မယ်ကြီးဟာ အိမ်ရှေ့စံအားရည်ညွှန်းရင်းဆိုလေသည်။
''မယ်တော် စိုးရွံ့မိပါတယ်။ သားတော်နဲ့ဂျာပေါင်ထမင်းမစားခင် ဆေးရည်သောက်သုံးရဦးမှာမို့ မယ်တော်နဲ့ထမင်းအတူစားပေးဖို့မဖြစ်နိုင်လောက်ဘူးထင်ပါတယ်'' အိမ်ရှေ့စံဟာ အနည်းငယ်တွေးတော ရင်းစိုးရွံ့ဟန်ဖြင့်ပြောလေသည်။
မယ်မယ်ကြီးသည်လဲ သူ့သားတော်ရဲ့စကားအားအကြွင်းမဲ့ယုံကြည်လျက် ''အိုး... အဲ့ဒါဆိုသွားသွား ပြန်ကြတော့။
ဆေးသောက်ဖို့မနောက်ကျစေနဲ့လေ...''
''အဲ့ဒါဆို သားတော်တို့ဂါရဝပြုပါတော့မယ်။ နောက်ကျရင်လဲ ဂျာပေါင်နဲ့အတူ လာရောက်ဂါရဝပြုပါဦးမယ်''အိမ်ရှေ့စံသည်လဲ မယ်မယ်ကြီးအားအရိုသေပေးပြီးနောက် ဂျာပေါင်၏လက်ကိုကိုင်လျက် နန်းဆောင်မှပြန်လည်ထွက်ခွာလာတော့သည်။
ဂျာပေါင်သည် အိမ်ရှေ့စံမင်းသား၏ခြေလှမ်းတွေနောက်ကို ထက်ကြပ်မကွာလိုက်လှမ်းနေရင်း အိမ်ရှေ့စံအားမကြာကြာခိုးကြည့်နေမိလေ၏။
''အင်း....ခလေးကိုယ့်ကိုဘာပြောချင်လို့လဲ? ပြောလေ...''
''အိမ်ရှေ့စံမင်းသား ဆေးသောက်ရမယ်လို့ပြောခဲ့တယ်လေ....အဲ့ဒါ ဘာဖြစ်လို့လဲနေမကောင်ဖြစ်နေလို့လားဟင်....''
''အင်း ကိုယ်ရဲ့အတွင်းဒဏ်ရာတွေကပြန်မကောင်းသေးလို့ ဆေးသောက်နေရတာ'' ဂျာပေါင်ရဲ့မျက်နှာလေးပေါ်က အရိပ်ခြေတို့ကို အကဲခတ်ရင်းဆိုလိုက်၏။
ဂျာပေါင်သည်လဲ စိုးရိမ်ပူပန်စွာဖြင့် ''ဘယ်လိုဒဏ်ရာမျိုးလဲ?အရမ်းပြင်းထန်လား?
''ဟားဟား အရူးလေး ကိုယ်လိမ်လိုက်တာ!ကိုယ်နဲ့မယ်တော်နှစ်ယောက်ထဲထမင်းစားနေရင် မင်း,တစ်ယောက်ထဲမတ်တပ်ရပ်ပြီးစောင့်နေရမှာပေါ့'' ဂျာပေါင်၏ အနည်ငယ်တည်တင်းသွားသောမျက်နှာလေးအား ချော့မော့ရင်းပြောလိုက်သည်။
''အိမ်ရှေ့စံမင်းသားက ဂျာပေါင်အပေါ်အရမ်းကြင်နာတာပဲ! ကျေးဇူးတင်ပါတယ် အရှင့်သား'' ဂျာပေါင်ဟာ အိမ်ရှေ့စံ၏စကားကိုကြားပြီးနောက် ကျေးဇူးတင်စကားဆိုလိုက်၏။အိမ်ရှေ့စံဟာသူ့အတွက်တွေးပေးလိုက်တာကြောင့် မယ်မယ်ကြီးဆီကနေပြန်လာခဲ့ရတာပင်။
''ခလေးလေး မင်းကိုယ့်ကိုအိမ်ရှေ့စံမင်းသားလို့ မခေါ်ပါနဲ့လား။ အဲ့လိုခေါ်တာက ကိုယ်တို့ကိုပိုဝေးသွားစေတယ်လို့ထင်တယ်'' ရွှမ်းရန်ဟန်ချန်က ဂျာပေါင်၏နားရွက်လေးကိုကပ်ပြီး အာငွေ့နွေးနွေးဖြင့်မှုတ်လိုက်ပြီးနောက် ဂျာပေါင်၏မျက်နှာလေးအနီရင့်ရောင်သို့ပြောင်းလာတာကို ဆစာင့်ကြည့်နေလေ၏။
''ကိုယ့်ကို ဟန်ချန်လို့ခေါ်ရင်ရော ဘယ်လိုလဲ?''
ဂျာပေါင်ဟာ သူ့ရဲနား,အနားသို့ကပ်နေသော အပူကိုရှောင်ရှားရင်း '' အိမ်ရှေ့စံမင်းသားရဲ့ နာမည်အရင်းကိုတိုက်ရိုက်ခေါ်ဆိုတာက နန်းတွင်းစည်းကမ်းနဲမကိုက်ပါဘူး.....''
ရွှမ်းရန်ဟန်ချန်က သူ့အနားကနေရုန်းကန်နေတာကို အလွှတ်ပေးပဲ ''အဲ့ဒါဆိုကိုယ်တို့နှစ်ယောက်ထဲရှိတဲ့အချိန် 'ယောကျာ်း'လို့ခေါ် !မင်းမှာရွေးစရာနှစ်ခုရှိမယ် 'ဟန်ချန်'လား 'ယောကျာ်း'လား မင်းကြိုက်တာတစ်ခုရွေး''
သူတကယ်ပဲ အိမ်ရှေ့စံရဲ့နာမည်ကိုတိုက်ရိုက်ကြီးမခေါ်ရဲသလို စည်းမျဉ်းအရခေါ်လို့လဲမဖြစ်နိုင်ပေ။ 'ယောကျာ်း'လို့ခေါ်တာကိုတော့ နန်းတွင်းစည်းကမ်းအရတားမြစ်ထားခြင်းမရှိတာကြောင့် သူ့အနေနဲ့လဲနည်းနည်းတစ်ကိုယ်ကောင်းဆန်ပြီး ခေါ်၍ဖြစ်နိုင်သည်ဟုတွေးမိလေသည်။ဒါကြောင့် ဂျာပေါင်ဘေးပတ်ဝန်းကျင်ကိုအကဲခတ်လိုက်ပြီးနောက် အိမ်ရှေ့စံ၏နားရွက်ဖျားလေးဆီသို့ နီးကပ်အောင်ကပ်လိုက်ပြီး 'ယောကျာ်း' ဟု တိုးတိုးလေးခေါ်လိုက်လေသည်။
အိမ်ရှေ့စံဟာ ထိုအသံတိုးဖျော့ဖျော့လေးကိုကြားပြီးနောက် လွန်စွာသဘောခွေ့မနောတွေ့လျက် ရယ်မောနေပြီးနောက် ''ကိုယ့်အချစ်လေး နောက်ထပ်အကြိမ်ရေနည်းနည်းလောက်ထပ်ခေါ်ပေးပါဦးလား''
ဂျာပေါင်ဟာ တော်တော်လေးအရှက်သဲနေပေမဲ့လဲ ရွှမ်းရန်ဟန်ချနန်ကတော့ ဂရုမစိုက်နိုင်ပဲအတင်းအကြပ်ကိုတိုက်တွန်းနေတာကြောင့် ထို'ယောကျာ်း'ဟူသော စကားလုံးလေးအား အကြိမ်ရေတော်တော်များများကို ထပ်ခေါ်ပေးခဲ့ရလေသည်။
သူ့ကိုချစ်ခြင်းမေတ္တာနည်းနည်းလေးပေးလိုက်ရင်တောင် ထိုသူကအားကိုးတကြီး၊မှီတွယ်သံယောဇဉ်ထားကာ သူ့ဘဝရဲ့အရေးကြီးဆုံးလူတစ်ယောက်အဖြစ် ကာကွယ်စောင့်ရှောက်ပေးချင်နေပေလိမ့်မည်။ထိုသူကတော့ရွှမ်းရန်ဟန်ချန်၏တန်ဖိုးအထားရဆုံး ရတနာလုံးလေးပင်ဖြစ်လေသည်။
ဘယ်လိုကောင်းချီးတွေကြောင့် ဘဝနှစ်ခုလုံးတွင်ထိုရတနာလေးအား ပိုင်ဆိုင်ခွင့်ရလဲဆိုတာကို သူ,မသိပေ။အရင်ဘဝကဆုံးရှုံးလိုက်ရတာတောင်မှပဲ ဘုရားသခင်ကနောက်တစ်ကြိမ်ပြန်မွေးဖွားစေကာ ထိုရတနာလေးအားသူ့လက်ထဲသို့ပြန်ထည့်ပေးခဲ့ပြန်သည်။ဒီဘဝမှာတော့ ဒီကောင်ငယ်လေးအတွက်ပဲ သူ,ရှင်သန်မယ်လို့ ကျိန်ဆိုပါသည်။
ရွှမ်းရန်ဟန်ချန်နှင့်လင်ဂျာပေါင်တို့သည် လမ်းတလျှောက်ကြည်နူးစွာရယ်မောနေခဲ့ကြပြီး အိမ်ရှေ့စံသည်ထိုကောင်ငယ်လေးအားလွန်စွာမှတန်ဖိုးထားသည်ဆိုသောသတင်းသည် အိမ်ရှေ့စံ၏ မောင်းမဆောင်(ဝါ)အနောက်ဆောင်သို့ အုတ်အုတ်ကြပ်ကြပ်ပျံ့နှံ့သွားလေသည်။
⭐⭐⭐⭐⭐⭐⭐
Advertisement
- In Serial32 Chapters
Please Be A Traitor
I am Inaila, the only daughter of the Duke. I was living peacefully.
8 245 - In Serial16 Chapters
I Reincarnated As A Villainess, But Why Did I Become A Cat Butler Instead?
I reincarnated as Rowaine, the villainess who was fated to be executed for the sin of mistreating a shapeshifter. To escape death, I decided to replace my sister, Renee, in her arranged marriage.
8 394 - In Serial21 Chapters
Finding Gilbert Blythe
[COMPLETED] What if Gilbert Blythe didn't need to be found because he was under your nose all along?
8 131 - In Serial17 Chapters
Daddy's Girl || Bakugou x Pregnant! Reader
"Daddy's going to protect you from every fucking villain out there!"You ruffled his hair as he talked to your belly. "Stop cursing at the baby!""It's fine! She's gonna be my princess anyway!""Please! He's totally a boy!""Whatever! She's going to be a Daddy's girl!"
8 201 - In Serial37 Chapters
His Possession✔ [BWWM+Completed] (Wattys2018)
BOOK 1C O M P L E T E DU N D E R E D I T I N GI quickly ran into a random room and locked the door behind me. Breathing heavySweatingScared"Jasmine........ Where are you?......" Damon said out in the open. I quietly whimpered as he passed by the door. "When I first saw you at school.....you were so breath taking, I had to make you mine. We were meant to be. "He walked back to the door I was hiding behind."YOU. ARE. MINE."****Jasmine's life was great. Things were great at school, she had the best of friend. She couldn't complain, not until Damon comes crashing into her life, metaphorically. Jasmine thinks he's a person you shouldn't mess with, a person with secrets, but at the same time, wanting to figure him out. Damon sees her in a different light than he would to anyone else, but still looks at her as if she's hiding something.Why is Damon so secretive? Most importantly...What is Jasmine hiding?Join Jasmine through this crazy, mysterious adventure she calls her life and see what's to come..#417 in Teen Romance 9/22/18#462 in Wattpad 10/16/18#80 in highschool 11/16/18#57 in highschool 11/17/18#639 in Romance 11/22/18*read at your own risk pls.*
8 120 - In Serial37 Chapters
Fragmented ✔️
Former nurse Beatrice is struggling with her mental health after a tragic accident, but a torrid relationship with empathetic Australian bartender Matt could be her path to healing... or her ultimate destruction.---They were only meant to be a one night stand, but fate had other plans. Since the car accident that claimed her best friend's life, former nurse Beatrice Leighton has been spiralling into a black hole of reckless behaviour, sex, and alcohol. She is barely holding her life together; the stitches surrounding her broken heart fit to burst. With his own past traumas to deal with, Aussie barman, Matt Quinn, might be the only person who understands what she has been through-her beacon in the darkness. When their paths cross, Beatrice drops her defences and discovers a new love for life. But Matt is less than perfect, and his own dark secret has the potential to destroy her or finally set her free.*** Warning: rated MATURE for sexual content and strong language. + Descriptions of panic attacks, PTSD, grieving and death. ***🎉 featured on Wattpad's NaRomance profile under the 'Bad Romance' reading list. 🧡 3rd April 2021🎉 featured on Wattpad's Contemporary Romance profile under the 'ContemporaryLit' reading list. 🧡 🎉 featured on Wattpad's StoriesUndiscovered profile for the month of September 2021🎉 featured on Wattpad's ProfileMentalHealth under the 'A New Day' reading list. 🧡 29th Sept 2021🏅 #1 - #newadultromance 19th December 2020🏅 #35 - #romance 23rd February 2022✨Completed✨
8 112

