《မင်းကို ချစ်မဝသေးလို့(BL Novel,Myanmar tran)》Ch10🚨🚨🚨Uni
Advertisement
18+Warning🚨🚨🚨🚨
....
အပိုင်း(၁၀): အနီရောင်ဖယောင်းတိုင်
နောက်တစ်နေ့မနက်မှာလင်ယန်ဟာ အထိန်းတော်၂ယောက်လာရောက်ခေါ်ဆောင်ခြင်းကို အန်ဇူအားအသင့်စောင့်စားနေစေ၏။
လင်ယန်ထက်အသက်ပိုကြီးတဲ့ထိုအထိန်းတော်ရဲ့နှစ်ဦးဟာ လင်ဂျာပေါင်ကိုတွေ့သည်နှင့် အရိုသေပေးနှုတ်ဆက်၏။ ''တွေ့ရတာဝမ်းသာပါတယ် လင်အန်ဇူ''
အထိန်းတော်ထဲကတစ်ယောက်က
''လင်အန်ဇူ ကျွန်တော်မျိုးတို့လာရခြင်းအကြောင်းက သင့်ကိုလိုအပ်သည့်ကျင့်ဝတ်များ သင်ကြားပြသပေးရမည်ဟူသော ဧကရီမိဖုရားကြီး၏အမိန့်ကြောင့် လာရောက်ခေါ်ဆောင်ခြင်းဖြစ်ပါတယ်။ ကျွန်တော်မျိုးနာမည်ကစုရှီပါ သူကတော့
ချီယီပါ''
အခုမှစတွေ့ဖူးတာဖြစ်ကြောင့် လင်ဂျာပေါင်ဟာဘာပြောရမှန်းမသိဖြစ်နေ၏။'' တွေ့ရတာဝမ်းသာပါတယ် စုရှီနဲ့ချီယီ''
''အိုး စုရှီနဲ့ချီယီ ဒီရောက်နေတာပဲ'' လင်ယန်က ထိုအထိန်းတော်နှစ်ယောက်လုံးကို သိတာကြောင့် လာရောက်နှုတ်ဆက်ပြီး စကားလာပြောပေးသည်။
''မတွေ့တာတောင်ကြပြီနော်လင်ယန် ဒါပေမဲ့နင်ကအရင်လိုကြောက်ဖို့ကောင်းနေတုန်းပဲ။အခုဆိုနင်က နန်းတော်ရဲ့မျက်ကွယ်မပြုဝံ့တဲ့ နာမည်ကြီးအမှုထမ်းတွေထဲက တစ်ယောက်တောင်ဖြစ်နေပြီဆိုတော့ ပိုတောင်ကြောက်ဖို့ကောင်းလာသေး''
လင်ယန်ဟာရယ်မောရင်း
'' ဒီကလေးရဲ့အနာဂတ်က အရမ်းကိုတောက်ပနေတာဆိုပေမဲ့ သူကအရမ်းငယ်သေးတယ်လေ။ ဒါကြောင့်ဒီကနှစ်ယောက်ကို စောင့်ရှောက်ဖို့ဒုက္ခပေးရတော့မှာပဲ။ အန်ဇူကိုသေချာချာအပင်ပန်းခံပြီး အများကြီးဂရုစိုက်ပေးပါဦး''
စုရှီနဲ့ချီယီဟာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးနောက် လင်ယန်အားပြုံးပြလိုက်၏။သူတို့ သေသေချာချာသိတာပေါ့ ဒီလင်အန်ဇူဆိုတဲ့ကောင်ငယ်လေးဟာ သာမာန်ပုဂ္ဂိုလ်တစ်ယောက်မဟုတ်ဘူးဆိုကို!
မနေ့ကပဲအိမ်ရှေ့စံက လူတစ်ယောက်လွှတ်ပြီးသူတို့ကိုထပ်ခါ ထပ်ခါသေချာဂရုစိုက်ဖို့မှာကြားနေခဲ့တာလေ။တကယ်လို့ တစ်ခုခုလွဲမှားသွားခဲ့ရင် နန်းတွင်းမှာအချိန်ကြာကြီးနေခဲ့စဉ်တစ်လျှောက် အဆိုးဝါးဆုံးပစ်ဒဏ်ကိုခံရင်ခံရနိုင်တယ်ဆိုတာ အသေချာကြီး ! ဒါကိုသိနေရဲ့သားနဲ့ ဘယ်လိုလုပ်ပြီး သူတို့ဒီကောင်ငယ်လေးကို ဂရုမစိုက်ပဲနေရဲမှာတုန်း။
''လင်ယန်စိတ်ချပါ ဟားဟား!''
ချီယီကရယ်မောလျက်ပြန်ဖြေ၏။
စုရှီ က'' လင်အန်ဇူ တခြားထပ်ထည့်စရာမရှိတော့ဘူးလား?မင်း အဝတ်နဲ့အခြားအရေးကြီးပစ္စည်းတွေကော?''
ဂျာပေါင်က ခေါင်းညိတ်လိုက်ပြီး ''အားလုံးထည့်ပြီးပါပြီ'' သူအိတ်ထဲ၌ အမှတ်တရပစ္စည်းတွေအားလုံးကို လွယ်အိတ်ထဲထည့်ပြီးယူလာခြင်းဖြစ်၏။
''သွားရအောင် ဒီနေရာနဲ့'ဝူထုံးယွမ်'နဲ့က နည်းနည်းလှမ်းတယ် အချိန်ဆွဲနေလို့မဖြစ်ဘူး'' ချီယီက ပြောလိုက်သည်။
ဂျာပေါင်က လင်ယန်ကိုဖက်လိုက်ပြီး
''ကျနော်သွားရတော့မယ်''
လင်ယန်ကလဲ စိတ်လိုလက်ရပြန်ဖက်လိုက်ပြီးနောက်
''အင်း ကောင်းကောင်းသွား ! နောက်မင်းသရေစာမုန့်စားချင်လို့ရှိရင် တစ်ယောက်ယောက်ပိုလွှတပြီးပြောခိုင်းလိုက် ငါ,မင်းအတွက်လုပ်ပေးပါ့မယ်''
''ဟုတ်ကဲ့!'' ဂျာပေါင်ဟာလင်ယန်ကိုအရိုသေပေးပြီးနောက် အထိန်းတော်နှစ်ယောက်နောက်သို့ လိုက်သွားတော့သည်။
ဂျာပေါင်၏နောက်ကျောကိုကြည့်ရင်း လင်ယန်မျက်လုံးတို့နီရဲ၍လာ၏။ အနာဂတ်မှာ ဒီခလေးသေချာပေါက် ပျော်ပျော်ရွှင်ရွှင်နေရဖို့ သူ,တကယ်ပဲ မျှော်လင့်မိပါရဲ့..။
စုရှီနဲ့ချီယီတို့ဟာဂျာပေါင်တစ်ယောက် အသံမထွက်ပဲကျိတ်ငိုနေတာကိုကြည့်ရင်း တော်တော်လေး ဂရုဏာသတ်မိလေသည်။ဒီကောင်ငယ်လေးကသံယောဇဉ်လဲကြီးသလို အရမ်းရိုးရှင်းပြီးကျေးဇူးသိတတ်တဲ့ပုံပင်။
ဘာအဆိပ်တောက်မှမရှိပဲ ခန့်မှန်းရလွယ်ပြီးဒီလိုဖြူစင်လှတဲ့ကောင်ငယ်လေးဟာ အနာဂတ်မှာ ရှုပ်ထွေးလှသောနန်းတော်ကြီးထဲ၌ အလိုက်သင့်နေထိုင်နိုင်ပါ့မလားဆိုတာ သူတို့လဲသေချာတော့မသိပါချေ။သူတို့အတန်ငယ်လမ်းလျှောက်ပြီးချိန်မှာတော့ ဖျင်အော်နန်းဆောင်တော်ဝန်းအတွင်းသို့ ရောက်ရှိလို့လာ၏။
သူတို့ဥယျာဉ်ငယ်အတွင်းဖြတ်လျှောက်လို့လာတော့ အစေခံအမှုထမ်းတွေက အရိုသေပေးကြ၏။ဂျာပေါင်ကနားမလည်နိုင်စွာနဲ့ အ ထိန်းတော် ဦးလေးကြီးနှစ်ယောက်ကိုကြည့်မိလေသည်။
''နောက်ကျရင် မင်းကိုအမှုထမ်းရမယ့် သူတွေပါ''
ချီယီကခပ်ဖြည်းဖြည်းရှင်းပြ၏။
နောက်သူ့ကိုကျယ်ဝန်းသော အဆောင်တစ်ခုကိုခေါ်သွာ၏။ထိုနန်းဆောင်သည်အလွန်ကျယ်ဝန်းကာ ပန်းအိုးတွေနှင့်အလှဆင်ထားသော အခန်းကျယ်တစ်ခုရယ်, အတွင်းရယ်, အပြင်အိပ်ခန်းရယ်ဘေး၌ အိပ်ခန်းကျယ်တစ်ခုအပြင် စာကြည့်ခန်းလဲပါရှိသည်။
ထို့အပြင်ဂျာပေါင်၏ကိုယ်တိုင်းအတိုင်းချုပ်ထားသော အဝတ်များစွာပါရှိသည့်အခန်းလဲပါရှိ၏။
''လင်အန်ဇူ ဒါက တရားဝင်ခန့်အပ်ပြီးတာနဲ့ မင်းနေရမယ့်နေရာပဲ။စိတ်ကျေနပ်မှုရှိပါရဲ့လား? မင်းထပ်ဖြည့်ချင်တာပဲဖြစ်ဖြစ် တစ်ခုခုလိုအပ်တာပဲဖြစ်ဖြစ်ရှိလာခဲ့ရင် ကျွန်တော်မျိုးကို သော်လည်းကောင်း ချီယီကိုသော်လည်းကောင်း မှာကြားလို့ရပါတယ်'' စုရှီကဂျာပေါင်အားနန်းဆောင်အတွင်းသို့ လှည့်ပတ်ပြရင်းပြော၏။
''မလိုအပ်ပါဘူး ဒါကအရမ်းပြည့်စုံပါတယ်'' ဂျာပေါင်ဟာအရမ်းကိုကျေနပ်နေ၏။ ပန်းတွေနှင့်အလှဆင်ထားသော ခန်းမကျယ်ကြီးကိုမြင်တဲ့အခါ ထိုခန်းမ၏စားပွဲ၌သွားရောက်ထိုင်ချင်စိတ်ကိုတားမရပေ။
ဂျာပေါင်ကစားပွဲတွင်ထိုင်လိုက်ပေမဲ့ စုရှီနှင့်ချီယီတို့ကတော့ ရပ်မြဲအတိုင်းရပ်နေကာ ''ဒီနေ့ကစပြီးတော့ ကျွန်တော်မျိုးတို့နှစ်ယောက်ဟာ ကိုယ်လုပ်တော်တစ်ပါး၏ အမူကျင့်ကောင်းတွေ၊တပ်သင့်တပ်အပ်တဲ့ပညာရပ်တွေအပြင် နန်းတွင်း၏ စည်းမျဉ်းအသေးစိတ်တွေကို သင်ကြားပြသပေးသွားပါမယ်''
''မင်းလွယ်လွယ်နဲ့ အသားမကျနိုင်သေးဘူးဆိုတာ ကျွန်တော်မျိုးတို့သိပါတယ်။အရမ်းမစိုးရမ်ပါနဲ့ မင်းတဖြည်းဖြည်းနဲ့အသားကျပြီး လက်ခံနိုင်လာမှာပါ'' ချီယီက ဂျာပေါင်၏ စိတ်လှုပ်ရှားနေဟန်ကိုမြင်တာကြောင့် ဖြေသိမ့်ပေး၏။
''ဟုတ်တာပေါ့!မင်းအတွက် အချိန်တွေအများကြီးရှိပါတယ်... ငါတို့ဖြည်းဖြည်းချင်းပဲသွားကြတာပေါ့ ဒါတွေကမခက်ပါဘူး''စုရှိကလဲ အားပေး၏။
ဂျာပေါင်ဟာ သူတို့နှစ်ယောက်ရဲ့စကားတွေကြောင့် အနည်းငယ်တည်ငြိမ်သွားတော့သည်။ ''ကျွန်တော် ကြိုးစားပြီးသင်ပါ့မယ်'' သူတကယ်ပဲ ကြိုးကြိုးစားစားနဲ့သင်ယူလိုစိတ်ရှိပါတယ် ဒါပေမဲ့ သူက အမြဲတမ်းစိုးရိမ်စိတ်များနေခဲ့ရုံသာ။
''ကဲ အခုတော့ အရင်ရေချိုးလိုက်ပါဦး မင်းအဝတ်တွေလဲရမယ်။ အခုကစပြီး ဒီအမှုထမ်းဝတ်စုံကိုဝတ်စရာမလိုတော့ဘူးလေ'' စုရှီတို့နှစ်ယောက်ပြင်ဆင်ပေးရင်း ဆို၏။
ရေချိုးဆောင်ရှိ ရေကန်ထဲတွင် ရေပူများကိုအသင့်ဖြည့်ထားပြီး အထိန်းတော်တို့က ဂျာပေါင်၏ဝတ်ရုံကိုချွတ်ရန်ပြင်လာကြသည်။
''ကိုယ့်ဘာသာပဲလုပ်လိုက်ပါ့မယ်'' လင်ဂျာပေါင်ဟာ အထိန်းတော်တို့၏အပြူမူကြောင့် တကယ်ပင်နေရခက်နေတော့သည်။
ချီယီ က''သခင်လေး လင်,ဒါက နန်းတွင်ရံရွေတော်တို့ရဲ့ ရေချိုးဆောင်အတွင်းလုပ်ရမယ့် တာဝန်တစ်ခုပါပဲ။မင်းဒါကိုတဖြည်းဖြည်းအသားကျသွားမှာပါ''
ဂျာပေါင်ဟာ ရွေးစရာမရှိတော့ပဲမလှုပ်မယှက်ဖြင့် သူတို့လုပ်ပေးသမျှငြိမ်ငြိမ်လေးရပ်နေပြီးနောက် ရေချိုးကန်အတွင်းသို့ဆင်းသွားလေ၏။ဒါဟာ သူ့ဘဝမှာလူအများကြီးရှေ့၌ ပထမဆုံးအကြိမ်ရေချိုးရခြင်းဖြစ်တာကြောင့် တကယ်ကိုပင်အရှက်ရနေလေ၏။
လင်ဂျာပေါင်ဟာ တကယ်ကိုနေရခက်ခဲနေဟန်ပေါ်နေပေမဲ့ စုရှီကတော့ သူ့တာဝန်အတိုင်းခန္ဓာကိုယ်ကိုပွတ်တိုက်သန့်စင်ပေးနေသည်။
''လင်အန်ဇူရဲ့လက်က မနေ့ကမှအပူလောင်ထားတာဆိုတော့ ရေထိလို့မရသေးဘူး သေချာဂရုစိုက်'' ချီယီဟာပုဝါတစ်ထည်ဖြင့်ဂျာပေါင်လက်ကိုပတ်လိုက်ပြီး ရေမစိုစေရန်ပြုလုပ်လိုက်၏။
''အာ..,ကျနော်ကောင်းနေပါပြီ နည်းနည်းမှမနာတော့ပါဘူး"
''လင်အန်ဇူ ဒါကလုံးဝအရှင်းပျောက်တာမဟုတ်သေးဘူးလေ။မင်းရဲ့အသားရည်ကိုကောင်း ကောင်းဂရုစိုက်ရမယ်။ရေချိုးပြီးရင် စုရှီဆေးထည့်ပေးလိမ့်မယ်။မင်းအပူလောင်တယ်ကြားလို့ အိမ်ရှေ့စံကမင်းအတွက်ဆေးတစ်မျိုးလာပို့ပေးထာတယ်။ဒါလိမ်းပြီးရင် လုံးဝအမာရွတ်မကျန်တော့ပဲ မင်းလက်လေးတွေနူးညံ့သွားလိမ့်မယ်''
ချီယီကဆက်ပြီး ''အဲ့ဆေးကအရမ်းကောင်းပြီးလွယ်လွယ်နဲ့မရနိုင်ဘူး အိမ်ရှေ့စံက တကယ်ပဲမင်းအပေါ်ကြင်နာတယ်''
အိမ်ရှေ့စံအရှင့်သား......ဂျာပေါင် အိမ်ရှေ့စံ၏ကြည့်ကောင်းပြီး ခန့်ငြားလှသောမျက်နှာကိုမြင်ယောင်လာ၏။
နန်းတော်၏အစောပိုင်းကာလတွေ၌ အိမ်ရှေ့စံသည်ရက်စက်ပြီး သဘောထားသေးသိမ်ကြောင်း စသည့်အတင်းဖျင်းတွေကို များစွာကြားခဲ့ရသည်။ သူလဲအစတုန်းအတင်းဖျင်းတွေကြောင့် အိမ်ရှေ့အားကြောက်ရွံ့ခဲ့၏။ ဒါပေမဲ့လင်ယန်က မယ်မယ်ကြီးနန်းဆောင်သို့မကြာမကြာခေါ်ပြီးတဲ့နောက် အိမ်ရှေ့စံနှင့်တွေ့ရဖန်များလာသည့်အခါ သူ,ထိုသတင်းတွေကိုမယုံကြည်တော့ပေ။
အိမ်ရှေ့စံက သူ့မယ်မယ်ကြီးဆီကို မကြာမကြာဂါရဝလာပြုပေးပြီး အချိန်ဖြုန်းပေးတတ်သည်။ဒီလိုသိတတ်တဲ့သားတစ်ယောက်က လူဆိုး,ဆိုတာဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
အိမ်ရှေ့စံမင်းသားက တိတ်ဆိတ်ပြီးအမူရာကင်းမဲ့ရင်တကယ်ကြောက်ဖို့ကောင်းပေမဲ့ သူ,စကား ပြောလိုက်ရင်တော့ ကြောက်ဖို့မကောင်းတော့ပေ။ သူ့အသံဟာ တကယ်ကိုသြရှရှနှင့်တည်ငြိမ်ပြီး လူကြီးလူကောင်းသံပေါက်ကာ အင်မတန်နားထောင်၍ကောင်းလေ၏။ပြီးတော့သူက,မကြာမကြာဆုချီးမြှင့်တတ်သေးသည်။
ရေချိုးပေးပြီးနောက် အထိန်းတော်နှစ်ယောက်ဟာ သူ့အားအလှဆီတစ်မျိုးနှင့်နှိပ်နယ်ပေးကြပြန်သည်။ရလဒ်အနေဖြင့် အမွှေးရနံ့ခပ်သင်းသင့်ဖြင့်သူ့အသားရည်ဟာလဲ ပိုပိုပြီးနူးညံ့ပြီးလာသလိုခံစားနေရ၏။
''နောက်ရက်တွေမှာပဲ ဒီလိုပဲလုပ်ရမယ်။ မင်းကငယ်လဲငယ်သေးပြီးတော့ အသားရည်လဲကောင်းတယ် ဒါကိုဆက်ပြီးထိန်းသိမ်းထားရမယ်။ဒါမှတရားဝင်ခန့်အပ်ပွဲနေ့ကျရင် အိမ်ရှေ့စံကမင်းကိုအရမ်းသဘော ကျသွားမှာ...''စုရှီက သူ့ရဲ့ခန္ဓာကိုယ်ကိုသေချာဂရုစိုက်ရမည့်အကြောင်းကို အသေးစိတ်ပြောပြနေ၏။
Advertisement
ဂျာပေါင်ဟာဝတ်စုံအသစ်ကိုဝတ်ပြီးနောက် လက်ဝတ်တန်ဆာအနည်းငယ်ဝတ်ဆင်ရပြန်သည်။နောက်ချီယီက ငွေရောင်သေတ္တာငယ်လေးကိုယူလာပြီးဖွင့်လိုက်ရာ ဖန်ခွက်အံ့ထဲထည့်ထားသော အစိမ်းရောင်ဖျော့ဖျော့ရှိ ရနံ့ခပ်သင်းသင်းလိမ်းဆေးဆီတစ်မျိုးကိုတွေ့ရ၏။
စုရှိက ဂျာပေါင်၏လက်ကိုဆွဲယူ၍ ညင်သာစွာလိမ်းပေးလေရာ တော်တော်လေးအေးမြပြီးသက်သောင့်သက်သာရှိသည်ဟု ခံစားလိုက်ရသည်။
အရာအားလုံးပြီးနောက် ပန်းဧည့်ခန်းမဆောင်ကိုပြန်လာပြီး သူ့ကိုနေ့လည်စာကျွေး၏။ ဂျာပေါင်ဟာအားလုံး၏အကြည့်အောက်တွင် တစ်ယောက်ထဲထီးထီးကြီး ထမင်းစားနေရသည်မို့ ရှက်ရွံ့နေရခက်နေတော့သည်။
အစားစားနေစဉ်အတွင်း အထိန်းတော်၂ဦးသည် နန်းတော်၏စည်းမျဉ်းနှင့်မကိုက်ညီသည့် လိုအပ်သောကျင့်ဝတ်အချို့နှင့်လိုက်နာရမည့်အမူကျင့်ကောင်းတို့ကိုသင်ပြပေး၏။
ထို့နောက် သူ့အားဟင်းပွဲတို့၏ အခေါ်အဝေါ်၊ပါဝင်ပစ္စည်းနှင့်ချက်ပြုတ်နည်း၊ပွဲတော်အစားစာများ.. စသည်ဖြင့်ပြောပြပြန်၏။
''သခင်လေး အခုပြောတာတွေအားလုံးကို အသေးစိတ်သိနေဖို့မလိုပါဘူး။မင်းအနေနဲ့ မြင်လိုက်ကြားလိုက်ရရင်သိမိနေဖို့ပါ။ဒီအတိုင်းအပေါ်ယံမှတ်မိနေတာနဲ့တင်ရပါပြီ'' စုရှီဟာ အသေချာလိုက်လံမှတ်သားနေသော ဂျာပေါင်ကိုကြည့်ရင်းပြော၏။
နေ့လည်စာစားပြီးတဲ့နောက် နန်းဆောင်၏စည်းမျဉ်းအချို့ကိုထပ် ပြောပြပြီးချိန်တွင်တော့ သူ့ကိုတရေးတမောအိပ်ရန်နားခွင့်ပေးသည်။
ဂျာပေါင်ဟာ အိပ်ရာတွင်လှဲနေပြီး ''ဟေး ကျနော်ကနေ့ခင်းတရေးတမောမအိပ်တတ်ဘူးလေ။ ကျနော် အိပ်မပျော်ဘူး''
''သခင် မင်းကအခုမှဖွံ့ဖြိုးနေဆဲအရွယ်မှာလေ။ အအိပ်အစားဂရုစိုက်ရပါမယ်။စိတ်ကိုလျော့ချလိုက် ပါ အဲ့ဒါဆို တဖြည်းဖြည်းအိပ်ပျော်သွားပါလိမ့်မယ်'' စုရန်ကခပ်ဖြည်းဖြည်းရှင်းပြ၏။
ချီယီကအခန်းလေထု သက်သောင့်သက်သာဖြစ်စေဖို့အတွက် စန္ဒာကူးအမွှေးတိုင်ကိုထွန်းလိုက်ပြီး အမွှေးအိုးထဲသို့ထည့်လိုက်သည်။
လင်ဂျာပေါင်လဲ တဖြည်းဖြည်းသက်သောင့်သက်သာဖြစ်လာကာ ဘာမှမတွေးတောတော့ပဲ အိပ်ပျော်သွားတော့၏။
နာရီအနည်းငယ်ကြာပြီးတဲ့နောက် သူ့ကိုနိုးကာပန်းလက်ဖက်ရည်တစ်မျိုးကိုတိုက်လေသည်။ ထို့နောက် နန်းတွင်းကျင့်ဝတ်တွေကိုဆက်သင်ကြားပေး၏။
နောက်ရက်များစွာမှာလဲ ဂျာပေါင်ဟာနန်းတွင်းစည်းမျဉ်းတွေကိုသင်ကြာနေရ၏။သူတို့က သူ့ကိုစိတ်ရှည်ပေးကြသလို လေးစားသမှုလဲရှိကြသည်။ ဒီရက်တွေအတွင်းမှာ သူဟာအားဖြည့်စွတ်ပြုတ်တစ်ခွက်နေ့တိုင်းသောက်ခဲ့ရသလို အသားရည်နှင့်ခန္ဓာကိုယ်ကိုလဲ အမြဲထိန်းသိမ်းစောင့်ရှောင်ပေးခြင်းကိုခံရ၏။ဒါကြောင့် လဝက်အတွင်းမှာပဲဂျာပေါင်ဟာအရွယ်ရောက်ဖွံ့ဖြိုးလာသလို သူ့ရဲ့အသားရည်ဟာလဲ ရှိရင်းစွဲထက်ပိုပြီးတော့ သလင်းကျောက်လိုကြည်လင်၍တောက်ပလာလေသည်။
အထိန်းတော်၂ဦးဟာ နန်းတော်ရှိအမျိုးသမီးများ၏ရာထူးအဆင့်တန်းကွာခြားပုံ၊ သူတို့နှင့်ဆက်စပ်သော တော်ဝင်မိသားစုဝင်အချို့တို့၏ ဆက်ဆံရေးတွေအကြောင်းတွေကိုပြောပြပြန်လေရာ ဂျာပေါင်သည်လဲ အသေချာနားထောင်၏။
''သခင် ဒါကိုလဲအကုန်မှတ်မိနေဖို့မလိုအပ်ပါဘူး။သူတို့တွေထဲက အရေးကြီးတဲ့ တချို့သူတွေကိုပဲမှတ်မိဖို့ပဲ လိုအပ်ပါတယ်။တခြားအရာတွေကိုတော့ လိုအပ်တဲ့အချိန်ထပ်ဖြည့်ပြောပေးပါမယ်'' ချီယီကသူ့ကိုနှစ်သိမ့်ရင်းဆို၏။
သြဂုတ်လရဲ့၅ရက်နေ့မတိုင်ခင်သူ့ကိုအရေးကြီးပြီး အခြေခံကျတဲ့သင်ခန်းစာ,စာအုပ်ကိုပေးမည်ဟု ပြောခဲ့လေသည်။
စုရှီ: ''ဒီနေ့ဟာကျွန်တော်မျိုးတို့နှစ်ယောက် သင်ကြားပြသပေးရမယ့်နောက်ဆုံးရက်ဖြစ်တာကြောင့် အရေးကြီးဆုံးအရာကိုသင်ကြားရပါမယ်။''
ချီယီဟာ စာအုပ်ကိုကမ်းပေးပြီးနောက်
''မင်းရဲ့အနာဂတ်ဟာ ဒီစာအုပ်အပေါ်မှာမူတည်နေပါတယ် ဒါကြောင့် သေသေချာချာလေ့လာရပါမယ်''
အထိန်းတော်နှစ်ယောက်ပေးလာသော စာအုပ်ကိုဖွင့်ကြည့်လိုက်ပြီးနောက် ဂျာပေါင်မျက်နှာဟာ အလွန်ကိုနီရဲ၍လာ၏။
''သင်ယူရမှာကိုမရှက်ပါနဲ့ သခင်!အိမ်ရှေ့စံကိုကောင်းကောင်းပြုမူပေးနိုင်မှသာ သူ့ကိုဆွဲဆောင်ထားနိုင်မှာဖြစ်ပြီး အိမ်ရှေ့စံ၏အချစ်ကိုကြာကြာထိန်းသိမ်းထားနိုင်မှာပါ''စုရှီဟာ စာရွက်တစ်ကွက်ချင်းစီက အပြုအမူ၊ကိုယ်နေဟန်ထား၊လိုအပ် ချက်တွေ အစရှိသဖြင့်အသေးစိတ်ရှင်းပြတော့၏။
ချီယီဟာ သေတ္တာခပ်ကြီးကြီးထဲမှ ပျော်ရွှင်ချင်းနတ်ဘုရား (God of Bliss/Kangiten)ရုပ်ထုငယ်ကိုပြလေ၏။ဒီရုပ်ထုဟာ အသက်ဝင်လွန်းတာကြောင့် ဂျာပေါင်ရဲ့မျက်နှာဟာနီရဲလွန်းလို့အညိုရောင်ဖက်ပါသန်းနေပြီဖြစ်သည်။
...
(T/N: ဒီမှာပြောချင်တာ ဒီ Kangiten ကို မူရင်းTက Huanxi Buddhaဆိုပြီးရေးထားပေးပါတယ် ဒါပေမဲ့ Kangiten ဂျပန်နတ်တွေထဲပဲရှာတွေ့တယ်ပေါ့နော်!ဒီနတ်ဟာဆင်ခေါင်းအထီး၊အမပွေ့ထားဖတ်ထားတဲ့ပုံပါ။အကောင်းအဆိုးဒွန်တွဲနေတဲ့နတ်ပါတဲ့ သူ့ဆီမှာဆုတောင်းရင် ဘယ်လိုမှမဖြစ်နိုင်တဲ့ဆုတောင်းကိုတောင်မှဖြည့်ဆီးပေးတဲ့နတ်ပါတဲ့။သူနဲ့ကံတရားအရဆက်နွယ်လိုက်ရင်(ပဋိသန္ဓေ)ယူလိုက်ရင် သေသည်အထိစောင့်ရှောက်ပါတယ်တဲ့။
တစ်ဖက်မှာလဲ ဒီနတ်ဟာ အလိုဆန္ဒရမက်ကြီးတဲ့နတ်ဖြစ်တာကြောင့် တစုံတယောက်ကိုပျက်စီးစေချင်လို့ဆုတောင်းရင်ပိုပြီးဆုတောင်းပြည့်မြန်ပါတယ်တဲ့။အမှားမခံဘူးပေါ့ ဆိုလိုချင်တာက ကြင်နာတတ်သလို၊နတ်ဆိုးဝိညာဉ်လဲရှိတယ်ပေါ့နော် ဒီနေရာမှာထပ်ပြောချင်တာက ဆင်ခေါင်းဆိုပေမဲ့ပေါ့နော် အရှင်Ganeshaနဲ့မတူတာက Kangitenဟာ ဘုရားကျောင်းတွေမှာကိုယ်ထင်ပြတဲ့နတ်မဟုတ်ပါဘူး။သူ့ကိုယုံကြည်သူအချင်းချင်းသာ လက်ဆင့်ကမ်းကြတဲ့နတ်ရုပ်ပုံစံမျိုးပါ။သေချာတော့ရှာထားတာပါပဲ အမှားပါရင်လဲပြောကြပေါ့နော်)
....
ရှီယီဟာ ဂျာပေါင်၏အလွန်ရှက်ရွံ့နေတာကိုမြင်ပေမဲ့ အခြားအ ကြောင်းအရာတစ်ခုကိုဆက်ပြော၏။
''သခင်လေး မင်းကအရမ်းငယ်ရွယ်သေးတာကြောင့် ချစ်စိတ်ပြင်းထန်တဲ့အခါ လက်ခံဖို့ခက်ခဲပြီးအခက်ခဲများစွာရှိနိုင်ပါတယ်။ဒါပေမဲ့လက်ရယ်ပါးစပ်ရယ်ကို အသုံးပြုပြီးအိမ်ရှေ့စံကျေနပ်အောင်စွမ်းဆောင်ပေးလို့ရပါသေးတယ်'' ဟု ဆိုတာ စုရှီသည် နည်းစနစ်များစွာကိုပြောဆို သင်ပြလေသည်။
အထိန်းတော်နှစ်ယောက်ဟာ တနေ့လုံးသင်ကြားပြီးမှသာ သူ့အားစော စောအိပ်ရမည်ဟုဆိုကာနားခွင့်ပေးတော့သည်။သူဟာအိပ်ရာထဲတွင်လှဲနေရင်း မျက်နှာကျက်ကိုကြည့်ကာ သူဟာဘယ်လိုဖြစ်ပြီးအိမ်ရှေ့စံဆီဆက်သခံလိုက်ရတယ်ဆိုတာကို စဉ်းစားနေမိ၏။
သူဟာဒွိလိင်ခလေးဖြစ်တာကြောင့် တစ်ခါလေးမှလက်ထပ်ဖို့အကြောင်းကို မတွေးကြည့်ခဲ့ဖူးပေ။ဒါပေမဲ့ မနက်ဖြန်မှာတော့ သူဟာ အိမ်ရှေ့စံမင်းသားရဲ့ကိုယ်လုပ်တော်ဖြစ်လာတော့မည်။
.....
သြဂုတ်လ ၅ရက်နေ့
လင်ဂျာပေါင်အတွက်အရေးကြီးဆုံးနေ့ဖြစ်တာကြောင့် စောစောထပြီးရေချိုးပေးကြ၏ ။ရေချိုးရာ၌လဲအမွှေးဆပ်ပြာသုံးမျိုးဖြင့် အကြိမ်ကြိမ်တိုက်ပြီး လင်ဂျာပေါင်တစ်ကိုယ်လုံးမွှေးကြိုင်နေခါမှ ရေချိုးသန့်စင်ခြင်းအမှုပြီးကာ ဝတ်စုံလဲပေးကြတော့သည်။
လင်ဂျာပေါင်သည် အချိန်အတော်ကြာပြင်ဆင်ပေးခြင်း ခံခဲ့ရပြီး နောက်ဆုံးတွင်တော့ အိမ်ရှေ့စံ၏ဖျင်အော်နန်းဆောင်၏ကြီးမားသောခုတင်ကြီးပေါ်သို့ ပို့ဆောင်ခြင်းခံလိုက်ရလေသည်။
အနီရောင်မင်္ဂလာအိပ်ခန်းမ၏အပြင်ဆင်သည် တကယ်ကိုရင်သက်ရှုမောဖွယ်ရာပင်။ပြတင်းပေါက်တွင် မင်္ဂလာဆုတောင်းစာတမ်းကိုကပ်ထားပြီး စားပွဲပေါ်တွင်လဲဖီးနစ်နှင့်နဂါးလာဘ်ကောင်ပုံပါ အနီရောင်ဖယောင်းတိုင်နှစ်တိုင်ကိုထွန်းညှိထား၏။အိမ်ရှေ့စံ၏ အမှုထမ်းတစ်ယောက်မဟုတ်သည့်တိုင် သတို့သမီးအနေဖြင့် သူ့ရဲ့သတို့သားကိုစောင့်မျှော်နေရသလိုခံစားချက်မျိုးဖြင့် ဂျာပေါင်ဟာအလွန်ကိုစိတ်လှုပ်ရှားကာတုန်ရီ၍နေလေသည်။
(T/N:ဒီနေရာမှာပြောချင်တာက ဂျာပေါင်ဟာ လက်ဆက်တာမဟုတ်ပါဘူး ဒီအတိုင်းကိုယ်လုပ်တော်ခန့်အပ်ခံလိုက်ရတာပါ။ဒါကြောင့်ဘာအခမ်းနားမှမရှိပဲ နန်းတွင်းဓလေ့ အတိုင်းလိုရင်းဖြစ်တဲ့ မင်္ဂလာခန်းကိုတန်းဝင်ရတာပါ)
....
အခန်းဟာလဲတိတ်ဆိတ်လွန်းလို့ သူ့ရဲ့နှလုံးခုန်သံကိုတောက် ပြန်ကြားနေရ၏။
နန်းဆောင်အပြင်ဘက်မှ အိမ်ရှေ့စံ၏ခြေသံကိုလဲ ကြားနေရပြီး အိမ်ရှေ့စံ၏ခြေသံဟာတဖြည်းဖြည်းဖြင့် မင်္ဂလာအိပ်ခန်း၏အနီးသို့ ပိုပိုပြီးနီးကပ်၍လာနေလေရဲ့....။
အိမ်ရှေ့စံမင်းသား သူ့ရှေ့သို့ရောက်လာချိန်တွင် ဂျာပေါင်ရဲ့နှလုံးသားဟာ အပြင်သို့ခုန်ထွက်လာတော့မယောင် မထိန်းချုပ်နိုင်အောင်ခုန်၍နေခဲ့၏။
''အိမ်ရှေ့စံအရှင့်သား.....''
ဂျာပေါင်အလျင်မြန်ထ၍ အရိုသေပေးလိုက်သည်။
''မလိုဘူး ထပါ'' ရွှမ်းရန်ဟန်ချန်ဟာဂျာပေါင်ကို အိပ်ရာပေါတွင်ထိုင်ရန်ကူညီပေးလိုက်သည်။
အိမ်ရှေ့စံဟာ ရွှေချည်ဖြင့်ထိုးထားသော ဖိနစ်၊နဂါးရုပ်ပုံပါ အနီရောင်ပိတ်စတစ်ခုကို ကိုင်ထားပြီး ဂျာပေါင်ကိုမေး၏။
''မင်း ကြိုက်ရဲ့လား?''
''ကြိုက်....ပါ..တယ်'' ဂျာပေါင်ဟာ ထိုအနီရောင်ပိတ်စကိုကြည့်ရင်း နားမလည်နိုင်စွာနဲ့စဉ်းစားပြီးနောက် ဖြေလိုက်သည်။
''မင်း ကြိုက်ရင်ကောင်းတယ်'' အိမ်ရှေ့ဟာ ပြောနေရင်းဖြင့် သူ့ခေါင်းပေါ်သို့ ထိုပိတ်စအားလွှမ်းဖြန့်တင်ပေးလေ၏။
ထို့နောက်သူဟာ ခေါင်းဆောင်းဖယ်တံတုတ်ချောင်းကိုယူလိုက်ပြီး ညှင်သာစွာပုဝါစအား မတင်၍ဖယ်ရှားပေးပြန်သည်။
ခေါင်းအုပ်ပုဝါစအားမ,တင်လိုက်ချိန်တွင် အိမ်ရှေ့စံ၏မျက်လုံးနက်နက်တွေနှင့်အကြည့်စုံမိ၏။ထိုမျက်ဝန်းနက်နက်တွေထဲ၌ ဂျာပေါင်ဟာသူ့ကိုယ်သူပြန်၍ ရှာတွေ့လိုက်လေသည်။
ရွှမ်းရန်ဟန်ချန်ဟာ သူ့ခလေးရဲ့ပြူးကြောင်ကြောင်းလေးဖြစ်နေတဲ့ပုံကိုကြည့်ပြီးနောက် ထိုခလေးကိုဆွဲယူ၍ ဖက်ထားလိုက်တော့သည်။သူ့လက်မောင်းကြားထဲမှ ခလေးငယ်လေးဟာ ခပ်တောင်တောင့်လေးဖြစ်နေတာကြောင့်
'' မင်း.. ငါ့ကိုကြောက်နေတာလား?''
''မ....မ....ကြောက်....ပါ....ဘူး..''ဂျာပေါင်ဟာ 'ဘူး'ခံငြင်းနေပေမဲ့လဲ သူ့ရဲ့အသံဟာတော့ ကြောက်စိတ်ကြောင့်တုန်ရီ၍နေလေ၏။
ရွှမ်းရန်ဟန်ချန်ဟာ နူးညံ့ညှင်သာစွာပြုံးလျက် ဂျာပေါင်ကိုကြည့်လိုက်ပြီးနောက် စိတ်မထိန်းနိုင်ပဲနဖူးလေးသို့ခပ်ဖွဖွနမ်းလိုက်မိတော့သည်။
ဂျာပေါင်ဟာ ထိုအခိုက်တန့်လေးမှာအသက်ရှုဖို့ပေမေ့လျော့နေခဲ့လေ၏။ တချိန်ထဲမှာပဲဂျာပေါင်ရဲ့ဗိုက်ထဲမှ တဂွီဂွီနှင့်အသံစုံထွက်၍လာသည်။
''ဗိုက်ဆာနေတာလား?''ရွှမ်းရန်ဟန်ချန်ဟာ သူ့ခလေးလေး၏ပါးနူးနူးအိအိလေးကိုဖိနမ်းရင်း မေးလိုက်၏။
''အင်း...''ဂျာပေါင်ဟာ ခေါင်းကိုငုံလျက် ရှက်ရွံ့စွာလေသံတိုးတိုးဖြင့်ပြန်ဖြေလေသည်။တကယ်လဲသူဟာ ဒီနေ့တစ်နေ့လုံးဘာမှဟုတ်တိ ပတ်တိမစားရသေးပေ။ ဗိုက်အရမ်းကြီးဆာတာမျိုးမဖြစ်နိုင်ဘူးလို့ဆိုကာ အနံ့မွှေးပြီးချိုတဲ့ပန်းဝတ်ရည်တစ်မျိုးကိုသာ သူ့အား,စားသုံးစေခဲ့ကြတာဖြစ်သည်။
ရွှမ်းရန်ဟန်ဟာ တံခါးအပြင်ဘက်ကိုထွက်သွားပြီးနောက် အစောင့်အချို့အား တစ်စုံတစ်ခုမှာကြားနေလေ၏။
မကြာခင်မှာပဲ ထိုအမှုထမ်းအစေခံဟာစွပ်ပြုတ်ပန်ကန်ငယ်ကိုကိုင်လျက် နန်းဆောင်အတွင်းသို့ပြန်ဝင်လာတော့သည်။ပန်ကန်ထဲမှ ပူပူနွေးနွေးအငွေ့တထောင်းထောင်းဖြင့်မွှေ့ကြိုင်လှသော ကြက်စွတ်ပြုတ်ရည်၏ရနံ့ကြောင့် ဂျာပေါင်၏ဗိုက်အတွင်းမှအသံသည် ပိုပိုပြီးကျယ်လောက်၍လာလေ၏။
''လာစား!'' ရွှမ်းရန်ဟန်ချန်ဟာသူ့ရဲ့ခလေးလေးအား လက်ယက်၍ ခေါ်လိုက်သည်။
လင်ဂျာပေါင်ဟာ စားပွဲသို့သွား၍ထိုင်ခုံတွင် ထိုင်လိုက်ပြီးနောက် တူကိုမြန်မြန်ကိုင်လိုက်ကာ စတင်စားသောက်တော့၏။ကြက်စွပ်ပြုတ်ကအရမ်းကောင်းပြီး ခေါက်ဆွဲကအရမ်းနူညံ့တာပဲ။ဂျာပေါင်ဟာ ဗိုက်ဆာဆာဖြင့်အားရပါးရစားသောက်လေသည်။တစ်စုံတစ်ယောက်ကတော့ သူ့ကိုမေ့ပြီးအစားကိုပဲအာရုံစိုက်နေတဲ့ ထိုခလေးသူငယ်အားမငြိုငြင်နိုင်ပဲ တစိမ့်စိမ့်ကြည့်ရင်းကြည့်ရင်း ကျေနပ်နေလေရဲ့..။
ကြက်သားခေါက်ဆွဲစွပ်ပြုတ် ပန်ကန်သေးတစ်ပန်ကန်လုံးဟာ ဂျာပေါင်လက်ချက်ဖြင့်ဆေးစရာမလိုအောင် အကုန်ပြောင်စင်သွားတော့ သည်။
''စားကောင်းလား?''
''ကောင်းပါတယ်'' ဂျာပေါင်ကအနည်းငယ်စဉ်းစားပြီး
''အိမ်ရှေ့စံကကော ဗိုက်မဆာဘူးလား''
''အင်း, ကိုယ်စားပြီးပြီ။ ညဘက်အစားအများကြီးစားတာမျိုးကိုမလုပ်သင့်ဘူး အဲ့ဒါကအစာမကျေတာဖြစ်နိုင်တာမလို့ မင်းအတွက် ကိုယ်,စိုးရိမ်တယ်။ပြီးတော့တကယ်လို့မင်းကြိုက်တယ်ဆိုရင် မီးဖိုဆောင်ကိုပြောပြီး အချိန်မရွေးလုပ်ခိုင်း လိုက်လို့ရတယ်''
''အခု ကိုယ်တို့စကားပြောကြမလား?နန်းတော်ထဲ မလာခင်တုန်းက မင်း,ရဲ့နာမည်အရင်းကဘာလဲ?'' ရွှမ်းရန်ဟန်ချန်ဟာ ဂျာပေါင်ရဲ့အကြောင်းကိုအားလုံးသိနေပေမဲ့ ခပ်တည်တည်ဖြင့်မေးလိုက်၏။
''ကျနော့ နာမည်အရင်းက လင်ဂျာပေါင်ပါ''
''အင်း နောက်ခါကျရင် မင်းကိုဂျာပေါင်လို့ခေါ်မယ် ဟုတ်ပြီလား?'' ရွှမ်းရန်ဟန်ချန်ဟာ ဂျာပေါင်ရဲ့လက်လေးကိုဆွဲယူပြီးနောက် ခပ်ဖွဖွအုပ်ကိုင်ထားရင်းပြောလိုက်သည်။
''ဟုတ်ကဲ့...''
''အခုတော့ မင်းကိုခလေးလို့ခေါ်မယ် ရတယ်မလား'' ရွှမ်းရန်ဟန်ချန်ဟာ သူခပ်ဖွဖွအုပ်ကိုင်ထားတဲ့လက်သေးသေးလေးကို သူ့နှုတ်ခမ်းဖြင်ဖိကပ်နမ်းရှိုက်လိုက်ရင်းဆို၏။
''......ဟုတ်ကဲ့!''ဂျာပေါင် သူ,အနည်း ငယ်ရှက်ရွံ့နေတယ်ဆိုပေမဲ့လဲ အရှင့်သားဆီကနေ သူ့လက်သေးသေးလေးကိုတော့ဆွဲမထုတ်မိခဲ့ပေ။
''ခလေး,မင်းရဲ့ငယ်ဘဝအကြောင်းကိုယ့်ကိုပြောပါဦး,ဒါက အရမ်းချစ်ဖို့ကောင်းတာပဲ'' ရွှမ်းဟန်ဟန်ချန်တစ်ယောက် ဂျာပေါင်ရဲ့လက်လေးတွေကို ထပ်ခါထပ်ခါဖိကပ်နမ်းရှိုက်နေမိလေသည်။
လင်ဂျာပေါင်ဟာ အိမ်ရှေ့စံမင်းသား၏အမျိုးမျိုး ကလူကျီစယ်မှုတွေကိုတောင့်ခံရင်း သူ့ရဲ့ငယ်ဘဝအကြောင်းကိုပြောပြနေရ၏။
Advertisement
- In Serial165 Chapters
Craving Temptation: Love Of A Vampire
What do you get when you put four Vampires, one Angel, a Hybrid and two Vampire Hunters together? A bunch of misfits that make up the ultimate team to the fight for peace between all realms of both human and other creatures.
8 687 - In Serial31 Chapters
The Colour of Your Heart
Hell’s seven Colours to rule Hell’s seven kingdoms. Red, Green, Grey, Blue, Yellow, White and Black. Satan, the ultimate lord and commander of all seven Kingdoms had made it so. No one remembered where the Colours came from or when they last lived without them. It just became a way of life. The Royal descendants, spawns of Satan, were born with the power to manipulate most Colours. Born with the power to submit most to their will. However, in order to ascend and become true Masters of Hell, they were to conquer all Colours and pass the final Test. No matter the cost. Over the years, Satan himself lost many of his own children to the Test, but it was the iron law. It could not be changed. There were some whispers and predictions, however. One of Satan’s children, together with a rare human soul, would be the end of his reign. Twenty-four-year-old Mara Takeda is a shy young woman who has faced many challenges in her short life. From suddenly becoming deaf at the age of five to facing bullies through most of her school years, she became a near recluse whose sole obsession was painting. Always unsociable and under a pseudonym, her art paved the way for her to become a respected and talented artist. Now in Tokyo, she is preparing to come out from the shadows and make an appearance at her first, public exhibition. At least that was the plan until she is abruptly visited by a man with horns and wings…
8 175 - In Serial34 Chapters
Ever Since New York
Birdie Tomlinson, sister to Louis Tomlinson had just turned twenty-one. Her brother and his band mates have reunited in New York for few weeks to work on a new single. Louis has planned a party in honor of his sister and invited his friends and hers. While drinking and partying the night away, Birdie and Harry hit it off. After a drunken mistake and a one night stand, Birdie and Harry hide their secret from Louis. But with all of the time that the band and Birdie spend together only bring her and Harry closer. Will Harry and Birdie continue their romance or will family and friends drive them apart?
8 202 - In Serial44 Chapters
The Secrets She Kept
Milana Bradley returns home after running away for five years due to an unplanned pregnancy. She soon realizes coming home was a mistake and must protect her daughter from the dangers of her past.
8 172 - In Serial60 Chapters
If You Let Me
"Cause if you let me, here's what I'll doI'll take care of you"Allaya is just a girl from the Caribbean trying to make it in NYC. She's too busy going after everything she's ever wanted to be bothered with the drama that comes with love and relationships. She's so used to being alone that she doesn't know how to let someone in. So, what happens when she falls in love with her boss, rapper, and mogul Dave East?I do not own any of the images used in this book or on the cover. All fictional characters do not reflect the names and face claims in reality.
8 129 - In Serial34 Chapters
Fighting the unexpected
'I am your mate, I yell. Not Natacha, not any guy or any other female for that matter, me. ' I did not reject you, I just went outside to enjoy the party that you invited me too--PhoebeI dare you you to order me around again, I dare you to say that to me and my mate again. Matter of fact I dare you to say that to any other alpha again. The members are in their home, they don't leave unless they chooses to or unless they are being turn into rogues. Don't make me take away your elder status and have all of you bowing down to me--AbiWhat do you do when your whole life is flip upside down? Read to find out the outcome
8 175

