《မင်းကို ချစ်မဝသေးလို့(BL Novel,Myanmar tran)》Ch-8 Unicode
Advertisement
မင်းကိုချစ်မဝသေးလို့
အပိုင်း(၈):နိဒါန်း
လဝက်နီးပါးကြာပြီးတဲ့နောက်မှာတော့ လင်ဂျာရွာ၏ရွာလူကြီး လီကျန့်သည်လဲ နန်းတွင်းအစေခံအမှုထမ်းများကိုယခုလ,မုန်ပွဲတော်တွင် မိသားစုနှင့်ပြန်လည်တွေဆုံခွင့်ပေးမည့်ဟူသော နန်းတွင်းကြေငြာစာကိုပြန်လည်ဖြန့်ဝေ စာကပ်ကြေငြာပေးလေ၏။
ရွာသားများကြားတွင်လဲ ထိုသတင်းသည်ထိပ်တန်းသတင်းဖြစ်နေ၏။''တကျွမ်း,မင်းတို့မိသားစုအတွက် ပစ္စည်းထုပ်တစ်ထုပ်ပါလာလို့ ငါယူလာပေးတယ်။ စာထုပ်လဲပါတယ်ပြောပေမဲ့ ဘာတွေလဲမသိဘူး လေးတော့လေးတယ် ရော့!''
လီကျန့်သည် ရွာသားများကြားထဲတွင် နာမည်ခေါ်ပြောတာကြောင့် ရွာသားတွေဟာလဲကြားကြလေ၏။ထိုထဲတွင် 'လေးတယ်'ဆိုတဲ့စကားကိုပိုပြီး ကောင်းကောင်းကြားကြပြီး ဆွေးနွေးကြပြန်၏။
''ဟဲ့လေးတယ်တဲ့ လင်ဂျာပေါင်ဘာတွေများပို့လိုက်လဲ မသိဘူးဟေ?''လင်ဂျာဝမ်သည်ပွစိပွစိတိုးတီးပြောနေမှုတွေကိုလျစ်လျူရှုကာ ခက်တည်တည်ပဲအထုပ်ကိုသွားယူလာလိုက်၏။
နန်းတော်သို့ပို့လိုက်ရတဲ့ကလေးဆယ်ယောက်ထဲမှ လင်ကျားကျားဟုသောခေါ်သောကလေးမလေးဟာ သူ့အိမ်ကိုငွေစအချို့ ပြန်ပို့ပေးတတ်တာကြောင့် သူ့အမေဟာအလွန်ဂုဏ်ယူနေခဲ့လေသည်။ထိုခလေးမလေရဲ့အမေဟာသူ့သမီးက သူကောင်းပြုခံရတဲ့အပျိုတော်အဆောင်မှာ အမှုထမ်းနေတာဖြစ်ပြီး လူတိုင်းကလဲသူ့သမီးကိုချစ်ကြကြောင်း ဆုငွေတွေလဲအများကြီးရသဖြင့် အိမ်သို့ငွေစတွေအများကြီးပို့ပေးတတ်ကြောင်း ရွာထဲတွင်ဂုဏ်ယူစွာလိုက်ပြောလေ့ရှိ၏။
အခုလင်ဂျာပေါင်ကလေးတဲ့အထုပ်တစ်ထုပ် ပို့ပေးလိုက်တယ်လို့သိလိုက်ရတဲ့အချိန်မှာ အားလုံးကစိတ်ဝင်စားနေကြတာဖြစ်တာကြောင့် အထုပ်ကိုလူတွေကြားထဲဖွင့်ကြည့်ဖို့ကို ကြိတ်ဆုတောင်းနေကြတော့ သည်။
လင်ဂျာဝမ်လဲအားလုံးကိုမသိကျိူးနွံပြုကာ ခပ်တည်တည်ဖြင့်ထွက်လာခဲ့တော့သည်။ဂျာဝမ်အိမ်သို့ပြန်လာချိန်မှာ ကျန်းဟွေ့ညောင်သည်၆လကျော်နီးပါးရှိပြီဖြစ်သော သူ့ရဲ့ကိုယ်ဝန်ဆောင်ချွေးမကိုလိုအပ်သည့်အရာများပြုစုလုပ်ကိုင်ပေးလျက်ရှိနေတာဖြစ်၏။
''ဘာတွေ သတင်းကောင်းပါလာလို့လဲ?''
လီကျန်း၏ကြေငြာစာနှင့် ဂျာပေါင်အထုပ်တစ်ထုပ်ပို့ပေးလိုက်ကြောင်း ဂျာဝမ်ဟာစိတ်အားထန်သန်စွာပြောတော့သည်။ထိုအထုပ်ငယ်ကိုဖွင့်ကြည့်ဖို့အတွက် အိမ်သားအားလုံးဟာ စိတ်အားထက်သန်နေကြသည်။
''မြန်မြန်ဖွင့်ကြည့်လိုက်!''
အိမ်သားတွေဟာ ကျားကျားတစ်ခုခုပြန်ပို့ပေးတိုင်း ဂျာပေါင်လဲ တစ်ခုခုပို့ပေးလေမလားလို့မျှော်နေတတ်ကြတာဖြစ်သည်။ဂျာပေါင်နဲ့၂နှစ်နီးပါး အဆက်သွယ်ပြတ်နေတာကြောင့် သူတို့ဟာ ဂျာပေါင်အလွန်စိတ်ပူနေကြသလို စာထဲဘာတွေရေးထားမလဲကိုလဲ အလွန်စိတ်လှုပ်ရှားနေကြတာဖြစ်လေသည်။
သူတို့ဟာ ငွေစထုပ်ကိုလျစ်လျူရှုလျက် စာကိုမြန်မြန်ဖွင့်ဖောက်ဖတ်လိုက်ကြ၏။ဂျာဝမ်ဟာ စာကိုအရင်ဖွင်ဖောက်ပြီးနောက်သူ့မိဘတွေကိုပြန်လည်ပြောပြလေသည်။
/////အဖေနဲ့အမေ သားဂျာပေါင်ပါ။သား,နန်းတော်မှာနေရတာအဆင်ပြေပါတယ်။ဧကရီမယ်မယ်ကြီးတစ်ယောက်ထဲအတွက် အစာပြေလုပ်ပေးရတဲ့အဆောင်မှာအမှုထမ်းရပါတယ်။အဆောင်ရဲ့အကြီးကဲ လင်ယန်ဖြစ်ပြီးတော့ အရသာရှိတဲ့မုန့်လုပ်နည်းတွေလဲအများကြီးလဲသင်ပေးပြီး ဂရုလဲစိုက်ပေးပါတယ်။
ဒီမုန့်တွေကအရမ်ကောင်းတာပြီး တစ်ခါမှမစားခဲ့ဖူးတဲ့အရသာမျိုးတွေဖြစ်တာကြောင့် နန်းတော်ကထွက်လာတဲ့အချိန်ကြရင် အားလုံးကိုလုပ်ကျွေးမယ်နော်။ဆုလဲမကြာမကြာချီးမြှင့်ခံရတာကြောင့် လတိုင်းရထားတဲ့ငွေစတွေစုထားပြီး ပြန်ထည့်ပေးလိုက်တယ်နော်။နောက်ကျရင်လဲငွေစတွေအများကြီးစုမိမှာမို့လို့ နန်းတော်ကထွက်လာရင် မုန့်ဆိုင်လေးဖွင့်မယ်။ ပြီးရင် မြို့မှာပဲအိမ်ကြီးကြီးတစ်လုံးဝယ်ပြီး သားတို့မိသားစုအတူတူနေကြမယ်နော်!
အဖေ၊အမေ အမကြီး၊ယောက်ဖ၊အကိုကြီး၊ယောင်းမ၊အမလတ်၊ညီမလေး၊ညီလေး အားလုံးကို ဂျာပေါင်တကယ်သတိရတယ်!
အခု ဧကရီမယ်မယ်ကြီးက ဂုဏ်ပြုပွဲကျင်းပပေးမယ်တဲ့။ဒီလာမယ့် လ,မုန့်ပွဲတော်မှာသားကိုလာတွေ့လို့ရတယ် လာခဲ့ကြနော် ။လမ်းစရိတ်အတွက် စိတ်မပူရအောင်စုထားတဲ့ငွေစနည်းနည်းထည့်ပေးလိုက်တယ်နော်။ဒီမှာက ငွေသုံးစရာမလိုဘူးလေ ပြီးတော့ဆုလဲထပ်ချီးမြှင့်ခံရမှာပဲ အဲ့ဒါကြောင့် စိတ်မပူကြနဲ့နော်!
လာဖြစ်အောင်လာကြနော်!ဂျာပေါင် အရမ်းလွမ်းနေတာ!////
ဂျာဝမ်ဟာ ဂျာပေါင်ရဲ့စာကိုဖတ်ပြီးတဲ့နောက်မှာတော့ ဂျာပေါင်ဆွဲထားတဲ့ပုံကိုပြန်ကြည့်၏။ကျန်းဟွေ့ညောင်သည်လဲ ဂျာပေါင်ဆွဲထားတဲ့ပုံကိုကြည့်ရင်း ငိုလေတော့သည်။
''ဒီကလေးက ပုံဆွဲတာတော်လိုက်တာ
မုန့်လေးကိုကြည့်ပါဦး တကယ်တူတာပဲ!''
''ဂျာပေါင်က နန်းတော်မှာကောင်းကောင်းနေ,နေရတာပဲ မင်း,စိတ်ပူဖို့မလိုတော့ဘူး'' တကျွမ်းသည် ဝမ်းသာစွာဖြင့် ပြောလေ၏။
''ကလေးတွေဟာတကယ်ပဲပူပင်ရအောင်လုပ်တယ် မင်း,မနက်ဖြန် ဂျင်အာ ကိုသွားတွေ့ပြီးအကျိုးကြောင်းသွားပြောချည် သူလဲအရမ်းစိတ်ပူနေခဲ့တာ''
လင်ဂျာပေါင်၏အမကြီး လင်ဂျင်အာသည်လဲဂျာပေါင်နန်းတော်ကိုသွားလိုက်ရသည်ဟူသော သတင်းကြားလိုက်ရတဲ့အခါ အလွန်စိတ်ထိခိုက်ကာ မူးမေ့လဲသည်အထိဖြစ်သွားရလေသည်။အဲ့ထိအချိန်က အမွှာနှစ်ယောက်၏ကိုယ်ဝန်ကိုလွယ်ထားရတဲ့အချိန်ဖြစ်ပြီး မီးဖွားခါနီးလဲဖြစ်နေတာကြောင့် အတော်လေးကိုစိုးရိမ်စရာဖြစ်ခဲ့ရ၏။
ချင်မိသားစုအတွက်လဲအတော်လေးပူပင်စရာဖြစ်ခဲ့ကာ အားလုံး၏ ဝိုင်းဝန်းစောင့်ရှောက်မှု့ကြောက့်သာ ဂျင်အာဟာပုံမှန်ပြန်ဖြစ်ခဲ့ပြီး အမွှာနှစ်ယောက်ကိုချောချောမောမောမီးဖွားနိုင်ခဲ့တာဖြစ်လေသည်။ထိုမှသာလင်မိသားစုကော ချင်မိသားစုပါ တစ်ပူငြိမ်းခဲ့ရတာဖြစ်၏။
လင်,တကျွမ်း သေတ္တာလေးကိုဖွင့်လိုက်တဲ့အခါ ငွေစအများပြားကိုတွေ့လိုက်ရတော့သည်။ရေတွက်ကြည့်ရာမှာတော့ ငွေစ ၁၃၇စဖြစ်လေ၏။''များလိုက်တာ!''
''ဘယ်လိုဖြစ်လို့ အဲ့လောက်များနေတာလဲ တစ်လမှငွေစ၂စ လောက်ပဲရတာမဟုတ်ဘူးလား?လင်ကျားကျားပို့ထားတာငွေစ၂၀ရှိပြီလို့ကြားထားတာလေ ဟုတ်တယ်မလား?''လင်မိသားစုသည် ငွေစတွေကိုကြည့်ရင်းအံ့သြနေကြ၏။
တကယ်တော့တရားခံက ရွှမ်းရန်ဟန်ချန်ပင်။ဂျာပေါင် ငွေစ၃၇စထည့်ပေးလိုက်တာကိုမြင်တွေ့လိုက်ရတဲ့အခါ မလောက်ငှမှာစိုးတာကြောင့် ငွေစ၁၀၀ထပ်ထည့်ပေး လိုက်ခြင်းဖြစ်လေသည်။ဒါကြောင့်ပဲ လင်မိသားစုဟာ ငွေစရာကျော်ကိုမြင်တွေ့နေရခြင်းပင်ဖြစ်၏။ (T/N-ဟော)
''ဘာလိုပဲဖြစ်တာပါလိမ့်? ဂျပေါင်က ဧကရီမယ်မယ်ကြီးနန်းဆောင်မှာနေတာဆိုတော့ နန်းတော်ရဲ့အကြီးဆုံးနန်းဆောင်ဖြစ်တဲ့အပြင် မယ်မယ်ကြီးလဲသနားကြင်နာတတ်တဲ့သူမိုလို့ ဆုငွေအများကြီးချီးမြှင့်တတ်တယ်ထင်ပါရဲ့။အဲ့ဒါကြောင့် ငွေအများကြီးစုမိနေတာဖြစ်မယ်။''
ဟွေ့ညောင်ကတွေးဆ,ဆဖြင့်ပြောတဲ့တာကို မိသားစုဝင်တွေဟာနားထောင်နေကြပြီး ဂျာဝမ်သည်လဲထိုသို့ပဲတွေးမိလေသည်။
လင်ဂျာဝမ်၏ဇနီးမိန်းခလေးဝူသည် ငွေတွေကိုမြင်လိုက်တဲ့အခါ သူမတို့နောက်နှစ်တွင် အိမ်အသစ်ဆောက်လို့ရပြီဟုတွေးမိလေ၏။လင်လီအာဟာ ပန်းခက်နဲ့ပန်းပွင့်အချို့ပါတဲ့ပန်းထိုးပိုက်ဆံအိတ်လေးဟာ အရမ်းလှတာကြောင့်ငိုင်ကြည့်မိလေသည်။''ဟယ် ဒီထဲမှာလဲပိုက်ဆံတွေရှိသေးတာလား!''
စာပွဲပေါ်သို့သွန်ချလိုက်တဲ့အခါမှာတော့ ငွေသစ်သီးလေး၅လုံးနှင့် ရွှေ, ရွှေဖရုံစေ့လေး၃စေ့ကို တွေ့လိုက်ရလေသည်။
''ဟေး ဒါကရွှေ.. ရွှေ နဲ့လုပ်ထားတာ!'' မိန်းမငယ်လေးတွေဟာ အတင်းပြူးပြဲကြည့်ကြတော့သည်။
''ဒါ..ဒါက နန်းတော်ကဆုချီးမြှင့်တဲ့ပစ္စည်းတွေပေါ့လေ ဒီဟာ၂ကျပ်သားစီလောက်ရှိတယ်!''ကျန်းအမျိုးသမီးဟာ သူ့လက်ထဲငွေသစ်သီးတွေကိုကိုင်ကြည့်ရင်းပြော၏။
မိသားစုဝင်တွေဟာ စားပွဲပေါ်ကပစ္စည်းတွေကိုကြည့်လျက်ပျော်ရွှင်နေကြတော့သည်။ထို့နောက် ငွေကိုဘယ်လိုခွဲဝေသုံးစွဲမလဲဆိုတာနဲ့ပတ်သတ်ပြီးညှိနှိုင်းကြလေသည်။ပေဂျင်းသို့သွားမယ်ခရီးစဉ်ကုန်ကျငွေနှင့် လင်မိသားစုတစ်နှစ်ကုန်ကျငွေတို့ကို အတူတူဖယ်ထားလိုက်ကြ၏။
ကျန်ရှိသောငွေများထဲမှ လင်,တကျွမ်းသည် အိမ်ပြန်ပြင်ပြီးအခန်းအနည်းတိုးချဲ့ရာတွင်သုံးမည်ဖြစ်သည်။အခုမိသားစုဝင်အသစ်တွေလဲတိုးလာနေပြီဖြစ်တာကြောင့် သူတို့အိမ်ပြင်ဖို့လိုအပ်နေတာပင်။
အရင်ကနောက်နှစ်မှာသူ့သားသုံးဖို့ ငွေစအချို့လိုအပ်နေကြောင့် ဘယ်လိုလုပ်ရမလဲဆိုပြီးစဉ်းစားရကျပ်နေခဲ့၏။အခုတော့စိုးရိမ်စရာမလိုတော့ဘူးပေါ့။သူတို့ကရွာမှာနေတာဖြစ်တာကြောင့် အိမ်ပေါင်းကောင်းတစ်လုံးဆောက်မယ်ဆိုရင်တောင်မှ ကုန်ကျစရိတ်သိပ်ရှိမှာမဟုတ်ပေ။
ဒီအတိုင်းသာဆို သူတို့မသေခင်မြေတွေလဲထပ်ဝယ်နိုင်လိမ့်မည်။ပြီးတော့ သူတို့ကအခွန်ကင်းလွတ်ခွင့်ရတဲ့မိသားစုဖြစ်တာကြောင့်အပိုကုန်ကျစရိတ်မရှိပဲ မြေများများဝယ်နိုင်လေ ဝင်ငွေပိုရလေဖြစ်နေလိမ့်မယ်။
သူတို့ဟာဂျာပေါင်ရဲ့နာမည်နဲ့ မြေဝယ်ထားပေးဦးမှာဖြစ်ပြီး ဘယ်မိသားစုကမှလဲမကန့်ကွက်ကြပေ။ အနာဂတ်ဂျာပေါင်ပြန်လာခဲ့ရင်လဲ သူထပ်ချင်ရင်ဝယ်လို့ရသေးတာပဲ။ဒါပေမဲ့ သူတို့ကတော့ ဂျာပေါင်ပို့ပေးသောငွေလေးဖြင့် အခုလိုလေးသူ့အတွက် သီးသန့်စုထားပေးချင်ကြတာဖြစ်လေ၏။
နောက်ထပ်ပိုက်ဆံအိတ်ထဲက ရွှေစ၊ငွေစလေးတွေကိုတော့မထိပဲ အရေးပေါ်ကိစ္စတွေဖြစ်လာခဲ့ရင်သုံးဖို့အတွက် အရေးပေါ်အသုံးငွေအဖြစ် သီးသန့်ဖယ်ချန်ထားကြသည်။
နောက်တစ်နေ့မနက်မှာတော့ ကျန်းအမျိုးသမီးဟာ မြို့ကသူ့သမီးကိုသွားတွေ့ခဲ့ပြီး လင်,တကျွမ်းကတော့ ဂျာဝမ်နှင့်လီကျန်းတို့နှင့်အတူ အိမ်ဆောက်ရန်နှင့်မြေဝယ်ရန်ကိစ္စတို့အတွက် ဆွေးနွေးလေ၏။
ထိုသို့လင်မိသားစုဝင်လူကြီးတွေအလုပ်ရှုပ်လျက်ရှိနေရာ လင်ကျားကျား၏အမေသည် လူကြီးတွေမရှိခိုက် လင်မိသားစုအိမ်ရှေ့သို့ရောက်ချလာတော့သည်။လင်ဂျာပေါင်ဟာခိုးရာပါပစ္စည်းတချို့ကို သူ့မိသားစုကိုပြန်ပို့လိုက်တယ်ဆိုတဲ့သတင်းကို မနေ့ကကြားခဲ့ရတာကြောင့် ဒီနေ့မှာတော့သတင်းမေးရန်လာခဲ့ခြင်းဖြစ်၏။
လူကြီးတွေမရှိချိန် အိမ်တွင်အကြီးဆုံးဖြစ်သည့် မိန်းခလေးဝူသည် ကိုယ်လေးလက်ဝန်ဖြစ်နေတာကြောင့် လင်လီအာကဧည့်ခန်းသို့ တွဲခေါ်ပေးလာသည့်အပြင်ဧည်သည်ကိုနေရာပေး၍ဧည့်ခံရလေသည်။
''စောစောစီးစီးလာတာ ဘာကိစ္စများရှိလို့လဲမသိဘူး?''
''ငါကြားတာ နင်တို့ရဲ့မောင်လေးလား ညီမလေးလား အဲ့ဒါကလေ ပစ္စည်းထုပ်ပြန်ပို့လိုက်တယ်ကြားလို့,သူက ဘယ်မှာအမှုထမ်းနေတာလဲ?ငါတို့ကျားကျားကတော့ ကိုယ် လုပ်တော်အပျိုဆောင်မှာလေ!'' ထိုအမျိုးသမီးဟာ စတင်ပြီးအရေးမပါတာတွေပြောရန်ဟန်ပြင်လာလေ၏။
ဝူအမျိုးသမီးငယ်ဟာ လင်ကျားကျား၏အမေ၏သဘောထားအမှန်ကို မသိချင်ယောင်ဆောင်၍ 'ကျမတို့အိမ်ကရတနာလေးက ဧကရီမိဖုရားကြီးရဲ့မီးဖိုဆောင်မှာ တာဝန်ကျတာလေ''
''သြော် ဧကရီမိဖုရားကြီးရဲ့မီးဖိုဆောင်မှာတောက်တိုမယ်ရလုပ်ရတာကို!"လင်ကျားကျား၏အမေသည် အလွန်ဂုဏ်ယူစွာဖြင့် ''ဟင်း.... ငါ့သမီးကတော့မိဖုရားရဲ့ရှေ့တော်မောက်မှာခစားရတာလေ ဒါနဲ့ပြောပါဦးနင်တို့ရဲ့ဟိုဟာမဟုတ်ဒီဟာမဟုတ်လေး ဘယ်လောက်ပို့လိုက်လဲ?''
Advertisement
''အဲ့ဒါရှင့်အလုပ်လား?''လင်လီအာသည်သူ့မောင်ဖြစ်သူအားပြောဆိုနေတာကို နားမထောင်နိုင်တော့ပဲစိတ်တိုစွာအော်ထုတ်တော့၏။
''ငါကြားတာတော့ အိတ်အကြီးကြီးပဲဆို ငွေတွေအများကြီးပါလာတယ်ပေါ့''လင်ကျားညောင်ဟာအထီမဲ့မြင်ပြုလျက်ဆက်မေးလေသည်။
''ရှင့်ကို ဘာလို့ပြောပြရမှာတုန်း!'' လီအာဟာအလွန်ဒေါသထွက်နေပြီဖြစ်တာကြောင့် ဧည့်သည်အားဧည့်ဝတ်ကျေပွန်ရမှာကိုလဲမတွေးနိုင်တော့ပေ။
မိန်းခလေးဝူကတော့ အကြီးလဲဖြစ်တာကြောင့်ကော ပြောလို့မရတဲ့ကိစ္စလဲဖြစ်သလို ရန်စလဲမရှည်ချင်တာကြောင့်ကော အခြေနေကိုထိန်းသိမ်းက မရုတ်မလွန်သတိပေးစကား ပြောလေသည်။
''သိပ်မများပါဘူး အဒေါ်ကျားညောင် ပြီးတော့ ဒါကကျမတို့မိသားစုကိစ္စပါ အဒေါ်စွက်ဖက်ရမယ့်ကိစ္စမဟုတ်ပါဘူး ဒါကြောင့် တခြားအကြောင်းမရှိရင်နောက်မှပြန်လာခဲ့ပါ''
''နင်တို့ သရုပ်ဆောင်နေကြတာမလား?နင်တို့မပြောလဲ ငါသိပါတယ် တောက်တိုမယ်ရလုပ်ရတဲ့ခလေးက ဘာပို့နိုင်မှာလဲ ကြေးစတွေလောက်ပဲ ပြန်ပို့နိုင်မှာပေါ့ ဟားဟား!'' လင်ကျားကျား၏အမေဟာဘာမှစကားနိုက်မရတာကြောင့် ထင်ရာမြင်ရာ အားမနာတမ်းအော် ဟစ်ပြောဆိုနေလေ၏။
လီအာဟာ စိတ်တိုလွန်းလာတာကြောင့် တံမြတ်စည်းတစ်ချောင်းဆွဲယူ၍ လာစမ်းလာစမ်း မပြန်နဲ့ဟုဆိုကာ လိုက်ရိုက်တော့သည်။လင်ကျားညောင်သည်လဲ လင်မိသားစုနေအိမ်ကနေ အော်ဟစ်ထွက်ပြေးရလေ၏။
''သေသင့်တဲ့မိန်းခလေး!ကြမ်းတမ်းလိုက်တာလွန်ပါရော နင့်ကိုယူမယ့်လူမရှိပဲနေမယ် သတိထားနေ!''
ကျန်အမျိုးသမီးသည်မြို့တော်ရှိချင်မိသားစုဆီကို နေ့လည်မှရောက်ရှိသွားလေ၏။ကံကောင်းစွာဖြင့် ချင်မိသားစုဝင်တွေအစုံလင်ရှိနေကြသည်။ လင်ဂျင်အာသည် သူ့အမေကိုမြင်သူနှင့်မျက်နှာလေးဝင်းပလာကာ
''အမေ ဘယ်လိုဖြသ်ပြီးရောက်လာတာလဲ?'' ချင်,ချိုင်ရှောင်ကလဲ သူ့ယောက္ခမဖြစ်သူအားနှုတ်ဆက်အရိုသေပေး၏။
ကျန်းအမျိုးသမီးဟာ သူ့ရဲ့သားမက်နှင့်ခမည်းခမက်တွေကိုနှုတ် ဆက်ပြီးနောက် သူ့ရဲ့မြေးလေးတွေလဲရောက်လာသည့်နှင့် ပွေ့ဖက်နှုတ်ဆက်ပြန်သည်။
ဂျာပေါင်ရဲ့သတင်းကိုကြားတဲ့အခါ ချင်မိသားစုတွေလဲ ဝမ်းသာကြလေသည်။
''အဲ့တော့ အမေရယ်အဖေရယ် ဂျာဝမ်ရယ်သွားမှာပေါ့ ဘယ်တော့သွားကြမှာလဲ?'' ချင်ချိုင်ရှောင်ဟာ သူ့တွင်အကြံတစ်ခုရှိနေတာကြောင့် အကျိုးသင့်အကြောင်းသင့် မေးလိုက်၏။
''သူတို့သြဂုတ်လလယ်လောက် တော့သွားကြမှာပေါ့ ခရီးကလ,ဝက်လောက်ကြာတယ်ဆိုတော့လေ'' သူမပြောလိုက်ပေမဲ့ တကယ်တော့ တကျွမ်းရယ်ဂျာဂမ်ရယ်နှင့် ထိုအကြောင်းကိုအိမ်ရောက်တိုင်ပင်ရမှာပင်။သူမအနေနဲ့ တကယ်သွားချင်ပေမဲ့လဲ ချွေးမဖြစ်သူကအောက်တိုဘာလတွင် မီးဖွားတော့မှာဖြစ်တာကြောင့် ခေါ်သွားလို့လဲမရသလိုခလေးသုံးယောက်နှင့်ထားခဲ့ဖို့ဆိုတာလဲ မဖြစ်နိုင်ပေ။
''တကယ်လို့မစီစဉ်ရသေးရင် ကျနော်နဲ့သွားရအောင်ပါ။ ကျနော်လဲ ပေကျင်းမြို့တော်ကိုမရောက်ဘူးသေးတာကြောင့် သွားမလို့စီစဉ်နေတာ။ အဲ့မှာက ဒီကအထည်တွေထက်ပိုကောင်းတယ်လို့ပြောတာပြီး လူတွေကိုပိုဆွဲဆောင်နိုင်တယ်လေ ဒါကြောင့် အဲ့ကအထည်တွေသွားဝယ်ကြည့်ရင်ကောင်းမလားလို့စဉ်းစားနေတာကြာပါပြီ ။ဒီအခွင့်ရေးကိုအသုံးချပြီး အတူသွားကြရအောင်ပါ''
အကြီးကဲချင်ဟာ သူ့သားရဲ့ပထမဆုံးစီးပွားချဲ့ထွင်မယ့်လမ်းအကြောင်းနှင့်အကြံပေးတာကိုနားထောင်နေပြီး
''အမကြီးကျန်း ချိုင်ရှောင်ပြောတာမှန်တယ်!အမကြီးတို့ သယ်စရာပိုးစရာအထုတ်တွေအတွက်လဲ အပိုငွေမကုန်တော့ဘူးပေါ့။ပြီးတော့ မိသားစုတွေပဲအတူတူသွားကြတာဆိုတော့ စိတ်ချရတာပေါ့''
''ဒါလဲဟုတ်တာပဲကျေးဇူးတင်ပါတယ် သမက်လေး! အိမ်ကသူတွေကိုအဲ့လိုပဲပြန်ပြောလိုက်တော့မယ်''ကျန်းဟွေ့ညောင်သည် ထွေထွေထူးထူးစဉ်းစားစရာမလိုပဲ သဘောတူလေသည်။
နေ့လယ်စာစားပြီးနောက်ကျန်းဟွေ့ညောင်သည် ချင်မိသာစုကိုနှုတ်ဆက်ကာ ဝယ်စာအချို့ဝယ်ခြမ်းပြီးနောက် အိမ်သို့ပြန်လာခဲ့တော့၏။နောက်ရက်တွေမှာလဲ လင်,တကျွမ်းတို့မိသားစုဝင်တွေဟာ အလုပ်ရှုပ်နေကြဆဲဖြစ်သည်။
အခုဆိုရင် လင်,တကျွမ်းတို့မိသားစုဟာ အိမ်သစ်ဆောက်ပြီးသွားပြီဖြစ်၍ပျော်ရွှင်နေကြလေသည်။သူတို့အားလုံးဟာ နန်းတော်ကိုသွားဖို့လဲ အသင့်ဖြစ်နေကြပြီဖြစ်၏။ ထို့သို့ပဲနန်းတွင်းမှ ရွှမ်းရန်ဟန်ချန်သည်လဲ သူ့ရဲ့အကြံကိုအကောင်ထည်ဖော်ရန်အတွက် အစီစဉ်ချနေလေသည်။
ဂျုလိုင်လတွင်တော့ ရွှမ်းရန်ဟန်ချန်ဟာကိုရီးယားသံတမန်အဖွဲ့နှင့်တိုင်းပြည်ရေးဆွေးနွေးရလေသည်။ထိုကိစ္စဟာလဲ အဖုထစ်မရှိချောချော မောမောပင်ဆွေးနွေးညှိနှိုင်းလို့ရတာကြောင့် မှုးမတ်တွေဟာလဲ အိမ်ရှေ့စံကိုပိုမိုယုံကြည်အားကိုးလာကြပြန်သည်။သူတို့ဟာအိမ်ရှေ့စံကို သဘောလဲကျ,လာကျသလို ကြောက်လဲကြောက်ကြလေ၏။
မွန်းလွဲပိုင်းမှာတော့ထုံးစံအတိုင်း ရွှမ်းရန်ဟန်ချန်ဟာ သူ့မယ်တော်နန်းဆောင်ယုံရှောင်ကိုရောက်လာပြီး စကားစမြည်းပြောကာ မုန့်အချို့ကိုမြည်းစမ်းတော့သည်။
မိဖုရားကြီးကတော့ သားငယ်ဖြစ်တဲ့ရွှမ်းရန်ဟန်ချီက သူမဆီသိပ်မလာတတ်ပေမဲ့ သားတော်ကြီးရွှမ်းရန်ဟန်ချန်က မကြာမကြာရောက် လာတတ်သေးတာကြောင့် အကျေနပ်ကြီးကျေနပ်နေလေ၏။ဒါပေမဲ့မတင်မကျဖြစ်နေသည်က သူ့သားဟာ အခုနှစ်ပိုင်းတွေဟာ ဘယ်အမျိုးသမီးနှင့်မှအတူတွဲမတွေ့ရတာကိုပင်။
''ချန်အာ လ,မုန့်ပွဲတော်ကလဲ သိပ်မလိုတော့ဘူးနော်။မယ်တော် မင်းအတွက် မြောက်ပိုင်းကမိန်းမပျိုလေးတစ်ယောက်ကို နန်းတွင်းထဲခေါ်ထားချင်တယ်ကွယ်။ဒါမှမဟုတ် ကိုယ်လုပ်တော်ကို မင်း,သဘောကျအရင်ရွေးကြည့်ချင်လား?အခု သုံးယောက်ရှိနေပေမဲ့ နည်းများနည်းနေလားလို့ ပြီးတော့ သူတို့ရှိနေတာကလဲ ကြာနေပြီလေ မင်းက လူတအားများရင်လဲ မကြိုက်ဘူးမဟုတ်လား?''
မယ်တော်ဟာချွဲမိသားစုကပေးတဲ့အတွေ့ကြုံကြောင့် ကိုယ် လုပ်တော်ခန့်အပ်တဲ့နေရာမှာ သူကိုယ်တိုင်ဝင်ပါလာတော့သည်။အမေတို့ရဲ့ထုံးစံအတိုင်း စည်းကမ်းတင်းကြပ်ကာပေါ့ပျက်ပျက်မဖြစ်အောင်ကြပ်မတ်တော့၏။
''မယ်တော် မလိုသေးပါဘူး။ဒီလိုကိစ္စတွေကိုရှောင်ကျဉ်ဖို့နောက်ထပ် ၁နှစ်၊ ၂နှစ်လောက်လိုတယ်လို့ပြောထားလေတော့ လိုက်နာလိုက်ပါဦးမယ် သားတော်အဆိပ်အရှင်းမပြောက်မှာကိုလဲကြောက်တယ်လေ''ရွှမ်းရန်ဟန်ချန်သည် ခေါင်းငုံလျက်ဂရုဏာသတ်ဖွယ်ပြန်ဖြေ၏။
''ဘာကိုနောက်ထပ်၁နှစ်၊၂နှစ်တုန်း!အခုပဲ ၁နှစ်ကျော်နေပြီလေ အဲ့သမားတော်မကုပေးနိုင်ရင် သူ့ကိုဒီအတိုင်းမထားဘူး မင်း,စစ်ထွက်တာကိုလဲ သူမတားခဲ့ဘူးလေ '' ဧကရီဟာ ပြောရင်းပြောရင်း အနည်းငယ်ဒေါသပါလာတော့သည်။
''သမားတော်ကို အပြစ်မတင်ပါနဲ့ သူက အကောင်းဆုံးကြိုးစားပြီးကုသပေးနေတာပဲလေ။ ဒါပေမဲ့ဘတစ်ခါတလေမှာ သားတော်တို့ဖြစ်ချင်တဲ့အတိုင်းဘယ်ဖြစ်ပါ့မလဲ။သားတော်ကိုယ်ထဲက အဆိပ်တွေအကုန်ပျောက်သွားပြီဆိုပေမဲ့ ပြန်လည်ကောင်းမွန်ဖို့တော့ အချိန်လိုနိုင်တာပဲ''
''အဲ့တော့မင်းက ဘာလုပ်ချင်တာလဲ?ဒီအတိုင်းဘာမှမလုပ်ပဲ အချိန်ကိုထိုင်စောင့်နေတော့မှာလား?မင်း မိန်းခလေးတွေနဲ့နီးနီးကပ်ကပ်မနေရင် ဘယ်လိုလုပ်ပြီးမင်းသားငယ်ကို မွေးနိုင်မှာလဲ ပြောပါဦး။အခုထိမိန်းခလေးတွေကိုရှောင်နေတာ မလုံ လောက်သေးဘူးလားဟင်!အိမ်ရှေ့စံဟာ ရောဂါဆိုးဆွဲကပ်နေပါတယ်ဆိုပြီး သတင်းထပ်ထွက်လာရင် ကြောက်ဖို့ကောင်းလိုက်တာ!''ဒါဟာ မိဖုရားကြီး၏ စိုးရိမ်မှုပင်ဖြစ်၏။
''သားတော်လဲ ဒီကိစ္စကိုမကိုင်တွယ်နိုင်ဘူးလေ ဒါပေမဲ့ သားတော်မှာအကြံတစ်ခုတော့ရှိပါတယ်'' ရွှမ်းရန်ဟန်ချန်ဟာ သူ့မယ်တော်ကိုအကဲခတ်ရင်းပြောလိုက်သည်။
တကယ်တော့ သူ့ကျန်းမာရေးပြန်က ကောင်းနေတာတော်တော်ကြာနေခဲ့ပြီဖြစ်သည်။ဒါပေမဲ့ သူ့ခလေးကအသက်ငယ်လွန်းသေးတာကြောင့် ၁နှစ်တန်သည် ၂နှစ်တန်သည်စောင့်ရင်းအချိန်ဆွဲနေခဲ့တာဖြစ်သည့်အပြင် သူကိုယ်တိုင်ကလဲ ဒီခလေးကလွဲရင် ဘယ်မိန်းမကိုမှထိတွေ့ကိုင်တွယ်လိုချင်းမရှိခဲ့ပေ။
''ဘယ်လိုလုပ်ကြမလဲ ပြောပါဦး?''
''စိတ်မပူပါနဲ့မယ်တော် သားတော်ဒီလိုစဉ်းစားထားပါတယ်''
''သားတော်ဒွိလိင်တစ်ယောက်လိုချင်တယ်။ဒီနှစ်ပိုင်းတွေမှာ သားတော် သူတစ်ယောက်ထဲနဲ့ပဲအတူနေမယ်။ဒီလို ဒွိလင်တွေက သာမာန်မိန်းမတွေထက်စာရင် ခလေးရဖို့ပိုခက်ခဲတယ်လေ။ ဒါဆိုရင်သားတော်ဒီနှစ်ထဲ ခလေးမရနိုင်တာကပုံမှန်ပဲဖြစ်သွားလိမ့်မယ်''
''အင်း ဒွိလိင်ခလေးတစ်ယောက်ကိုရှာလိုက်ထားလိုက်မယ် သူကသေချာပေါက်အလှလေးဖြစ်စေရမယ်'' မယ်တော်ဟာ ခေါင်းငြိမ့်ရင်း ရွှမ်းရန်ဟန်ချန်၏အကြံကို သံသယမရှိသဘောတူလေသည်။
''အနည်းဆုံးတော့ အိမ်ရှေ့စံနဲ့ပတ်သတ်ပြီး မကောင်းတဲ့သတင်းတွေနည်းသွားမှာပေါ့ အဲ့လိုပဲလုပ်ကြတာပေါ့! ဒါပေမဲ့ အဲ့ဒွိလိင်ခလေးကတော့ ဘယ်သူမှမငြင်းနိုင်တဲ့အလှလေးဖြစ်နေမှရမယ်''
''သားတော် မျက်စိကျတဲ့တစ်ယောက် ယောက်များရှိသလား?''
''အခုထိတော့ မရှိပါဘူး။မယ်တော်ကိုပဲဒုက္ခပေးပါရစေ မယ်တော့်ရဲ့နန်းဆောင်ကပဲဆိုရင် ပိုအဆင်ပြေ ပါတယ်''
''ကျောက်,ကုန်း အိမ်ရှေ့စံပြောတာကြားတယ်မလား မနက်ဖြန်ယုံရှောင်နန်းဆောင်က လူစာရင်းယူလာပေး''မယ်မယ်ကြီးဟာ သူ့ဘေးကအပါးတော်မြဲကျောက်ယန်ကိုကြည့်ရင်းပြောလိုက်၏။
''မယ်မယ်ကြီးစိတ်ချပါ မနက်ဖြန်သေချာပေါက် လာရောက်တင်ပြပါ့မယ်'' ကျောက်ယန်ဟာ အရိုသေပေးရင်းလျှောက်တင်လိုက်သည်။
ရွှမ်းရန်ဟန်ချန်သည်လဲ ကျောက်,ကုန်း၏စကားကိုကြား လိုက်တဲ့အခါ သဘောကျစွာပြုံးမိလေ၏။
အဲ့အချိန်မှာပဲ လင်ယန်ဟာလဲ အိမ်ရှေ့မင်းသားအဆောင်မှ စာတစ်ဆောင်ကို အန်းဝေထံမှတစ်ဆင့်လက်ခံရလေသည်။သူမဖွင့်ဖတ်ပြီးနောက်မှာတော့ အနည်းငယ်လေးလံသောစိတ်ဖြင့် သက်ပျင်းချမိတော့သည်။
ကျောက်ယန်သည်လဲ မိဖုရားကြီး၏စေခိုင်းချက်အတိုင်း ယုံရှောင်နန်းဆောင်တွင် ဒွိလိင်တွေကိုရှာဖွေ၏။သို့သော် ကံဆိုးစွာဖြင့် ငါးယောက်သာရှာတွေလေ၏။၂ယောက်ကအသက်၂၀ တစ်ယောက်က၁၃၊တစ်ယောက်က၁၅၊နောက်တစ်ယောက် ၁၆နှစ်ဖြစ်သည်။ ထို၂ယောက်ဟာ ယုံရှောင်နန်းဆောင်၏ဥယျာဉ်လုပ် သားတွေဖြစ်ကာ သာမာလျှံကာရုပ်ရည်မျိုးတွေချည်းပင်။
''နုနုနယ်နယ်သိမ်သိမ်မွေ့မွေ့လေး?''ကျောက်ယန်ဟာ မနက်ဖြန်မယ်မယ်ကြီးအားဘယ်လိုပြန်လျှောက်တင်ရမည်ကို စဉ်းစားရင်း သူ့အခန်းတွင်းသို့ပြန်လျှောက်လာကာ တစ်ကိုယ်ထဲရေရွတ်မိလေသည်။
သူအခန်းဆီရောက်လာပြီး မကြာခင်မှာပဲ အခန်းတံခါးဆီမှ တံခါးခေါက်သံကြားလိုက်ရ၏။''လာပြီ''သူတံခါးဖွင့်လိုက်ချိန်မှာ လင်ယန်ကိုတွေ့လိုက်ရတာကြောင့် အံ့သြသင့်လျက်''အိုး လင်ယန်ဘယ်လိုလုပ်ပြီး ဒီကိုရောက်လာတာလဲ?''
လင်ဂျာပေါင်ကစားစရာထည့်ထားသော ဆွဲခြင်းလေးကိုသယ်လျက်လိုက်ပါလာပြီး စားပွဲပေါ်သို့တင်လိုက်လေ၏။
''လ,မုန့်ပွဲတော်ကလဲနီးပြီလေ ဒါကြောင့်ကျမတို့ယွိရှန်းဖန်းကလဲ အစာပြေမုန့်အသစ်ကိုစမ်းလုပ်ကြည့်ပါတယ်။ ကျောက် ကုန်းက မယ်မယ်ကြီးနဲ့အနီးကပ်နေတဲ့သူဖြစ်တာကြောင့် မယ်မယ်ကြီးကြိုက်နိုင်/မကြိုက်နိုင်ကိုသိချင်လို့ လာရောက်မြည်းစမ်းခိုင်တာပါ''
''လင်ယန်က ကောင်းကောင်းလုပ်ထားတာပဲ။ မယ်မယ်ကြီးကမင်းရဲ့သရေစာတွေကိုကြိုက်ပါတယ်'' လင်ယန်နဲ့ကျောကယန်ဟာငယ်ငယ်ထဲက မယ်မယ်ကြီး၏ အရိပ်မှာအတူနေခဲ့ရသူတွေဖြစ်တာကြောင့် ညီမတွေလိုရင်းနှီးကျလေသည်။
ပန်ကန်ကိုယူပေးရင်း လင်ယန်က''စားကြည့်ပါဦး ငှက်သိုက်ပုံကိတ်လေ။ပုံစံကတော့ အသစ်ဆန်းလုပ်ထားတာပဲ''
''အိုး အရမ်းလှတာပဲ လင်ယန်,စိတ်နှစ်ပြီးသေချာလုပ်ထားတယ်ဆိုတာသိသာတယ်''ကျောက်ယန်ဟာ ပုံစံလေးကိုကြည့်တာနဲ့တင်အရမ်းတွေသဘောကျနေပြီဖြစ်ရာ အရသာကိုလဲမြည်းစမ်းကြည့်၏။''အရသာကလဲကောင်းနေရော...လင်ယန် နင်တော့ ဆုချီးမြှင့်ခံရမှာစောင့်နေလိုက်တော့''
''အမပြောသလိုပဲဖြစ်ပါစေပေါ့'' လင်ယန်ဟာရယ်မောလျက် သဘောကျစွာပြောလိုက်ပြီးနောက် စားပွဲပေါ်ရှုပ်ထွေးနေသော စာရွက်တွေကိုကြည့်လိုက်ရင်း ''အမကျောက်ယန် အလုပ်ရှုပ်နေတာလားကူညီပေးနိုင်တာများရှိလား''
''အင်း!စိတ်ပူစရာတစ်ခုတော့ရှိနေတယ် အမကြီးရယ် မယ်မယ်ကြီးက သူ့သားအိမ်ရှေ့စံအတွက် အဆင့်မြင့်ကိုယ်လုပ်တော်တစ်ယောက်ခန်အပ်ပေးချင်နေတယ်လေ။ ငါလဲသင့်တော်တာရှာလို့မရဘူးဟယ်။ ဘယ်လိုပြန်လျှောက်တင်ရမှန်းကို မသိဘူးဖြစ်နေတယ်!''
''ဟုတ်ပါတယ် ကျမတို့နန်းဆောင်မှာက အမှုထမ်းတွေကနည်းတော့ ဒီကိစ္စကမလွယ်ကူနိုင်ဘူးလေ''လင်ယန်ဟာ အခက်ခဲကိုစဉ်းသားမိရင်းပြောလိုက်သည်။
''လိုအပ်ချက်နဲ့ကိုက်ညီတဲ့နှစ်ယောက်တော့ရှိပါတယ် ဒါပေမဲ့ သူတို့ကအရမ်းကိုသာမာန်ဆန်လွန်းတယ်''လင်ယန်ဟာ သူ့ရဲ့စိတ်မတင်မကျမှုကိုပြော၏။
''ဘယ်လိုခုပ်ကြမလဲ?မယ်မယ်ကြီးစိတ်ဆိုးလိမ့်မယ်။ သူကဒီကိစ္စကိုအရမ်းစိတ်အားထက်သန်နေတာလေ''လင်ယန် က,မသိမသာဖြင့် ''သူဆိုရင်ရောဘယ်လိုလဲ ကျမတို့အဆောင်ကပဲလေ အရမ်းအဆင်ပြေတယ်မထင်ဘူးလား''
''ငါသိတယ်ဝမ်းနည်းဖို့ကောင်းတာက သူက၁၃နှစ်ပဲရှိသေးတယ်လေ''
''သူက၁၃နှစ်မဟုတ်ပါဘူး လွန်ခဲ့လကပဲ၁၄နှစ်ပြည့်ပြီးသွားတာကို ဒါပေမဲ့လဲနည်းနည်းလေးတော့ငယ်နေမလားလို့'' လင်ယန်က တီးတိုးပြောလိုက်၏။''အိုးဒါဆိုကောင်းတာပေါ့!မျက်လုံးကလဲကြီးမားဝိုင်းစက်နေတဲ့အပြင် ပါးချိုင့်လေးတွေတောင်ပါသေး''
ကျောက်ယန်ဟာ လင်ယန်တီးတိုးပြောနေတာကိုကောင်းစွာကြားလိုက်ပြီးနောက် ရေရွတ်မိလေ၏။''ဘာပဲဖြစ်ဖြစ် ငါသုံးယောက်ဆိုပြီးစာရင်းတင်ပြလိုက်တော့မယ် အပိုရှိနေတာကကောင်းတာပဲလေ''
''ဟုတ်တယ် ဘာပဲဖြစ်ဖြစ်စာရင်းထဲမှာနှစ်ယောက်ထဲရှိတာထက်စာရင်တော့ သုံးယောက်ကပိုဆင်ပြေတာပေါ့'' လင်ယန်ကလဲ သဘောတူစွာထောက်ခံ၏။
''ဟုတ်တယ် အဲ့လိုပဲလုပ်လိုက်တော့မယ်!''
နောက်နေ့မှာတော့ကျောက်ယန်သည် မယ်မယ်ကြီးအားရွေးချယ်ထားသည့် သုံးယောက်၏စာရင်းကိုတင်ပြလေသည်။ဧကရီဟာတင်ပြသောစာရင်းကိုကြည့်ပြီးနောက် ''ကျောက်ယန် နင်ဘာတွေလုပ်နေလို့သုံးယောက်ပဲခေါ်လာရတာတုန်း?ပြီးတော့ ဒီတစ်ယောက်ဆို၁၃နှစ်တဲ့ အရမ်းငယ်လွန်းတယ်လေ!''
ကျောက်ယန်ဟာအလျင်မြန်ဒူးထောက်ရင်း ''ကျွန်တော်မျိုးမ အတတ်နိုင်ဆုံးကြိုးစားရှာထားပါ။ ကျွန်တော်မျိုးမတို့အဆောင်ကအမှူထမ်းလဲနည်းတယ်လေ။ဒါကြောင့် ကန့်သတ်ချက်နဲ့ကိုက်ညီပြီးရှာဖို့ဆိုတာခက်ခဲပါတယ်။ကိုက်ညီသူနှစ်ယောက်တွေ့ပေမဲ့လဲ သူတို့ကအရမ်းကိုသာမာန်ဆန်တာကြောင့် အရှင့်သားအကြိုက်မတွေ့မှာစိုးပါတယ်။ဒါကြောင့် ဒီငယ်ရွယ်တဲ့ခလေးကိုထပ်ထည့်လိုက်ထည့်လိုက်ရတာပါ။သူကတော့ အရှင့်သားအကြိုက်နဲ့အနီးစပ်ဆုံးဖြစ်ပြီး အရှင့်သားကိုလဲ အရှက်ရစေမှာမဟုတ်ပါဘူး''
ကျောက်ယန်ဟာ ဧကရီရဲ့မျက်နှာ ရိပ်မျက်နှာကဲကိုကြည့်ပြီးနောက် ''ဒီကလေးကယွိရှန်းဖန်မီးဖိုဆောင်မှာ တာဝန်ကျနေတာဖြစ်ပြီးတော့ သူကရုပ်ရည်အရလဲအပြစ်ပြောစရာမရှိသလို အနေထိုင်လဲသိမ်မွေ့ပြီးအလိုက်သိပြောဆိုနေထိုင်တတ်သူဖြစ်ပါတယ်။ ဒီခလေးက၁၄နှစ်ထဲရောက်နေပြီဆိုပေမဲ့ ဒွိလိင်ခလေးတွေက သာမာန်မိန်းခလေးတွေနဲ့မတူတာကြောင့် သူကနည်းနည်းငယ်နေသေးတယ်လို့ဆိုရမှာပါ။''
''ထားပါတော့!ငါတော့ ချန်အာ,ကမကြိုက်မှာကိုပဲကြောက်တယ်'' လင်ယန်ရဲ့အကျိုးသင့်အကြောင့်သင့်လျှောက်တင်တာကိုကြားတဲ့အခါ ဧကရီဟာပြစ်တင်စကားမဆိုတော့ပေ။
''ဧကရီမယ်မယ်ကြီး!အိမ်ရှေ့စံကိုကိုယ်တိုင်လာကြည့်ခိုင်းလို့မရဘူးလား။ တကယ်လို့အိမ်ရှေ့စံက မကြိုက်ဘူးဆိုတော့လဲ တခြားနန်းဆောင်တွေကနေရှာကြည့်လို့ရသေးတာပဲ''
Advertisement
- In Serial47 Chapters
Business Wife
"I'm sorry Alex, but we are not possible," I rejected the hottest guy on our campus because I was engaged with Maru, the heir of the richest family in the country.I don't have a right to choose the person I want to be with, because I was born for my obligation in our family business. My friends said I was an emotionless person, but I knew even if I tried to fight for the person I love, I can't win against my parents.My dad married my mom for business. There was no love in them. So were Maru and I.However, Maru had a girlfriend. Without hesitation, he broke up with her because he was going to marry me. I was happy on our wedding day until his girlfriend showed up. #1 Business
8 256 - In Serial28 Chapters
Beyond The Golden Skies
Sakshi Kumari Rana, the only daughter of the powerful Rana family, is sick of being caged in her own home. When she bumps into Ayushman Singh, an aspiring musician, he sparks warm feelings in her heart. Slowly yet steadily, they start falling for each other. Things take a stark turn when they are forced to confront a painful secret from the past. Also, her politically charged father shoves her into an engagement with a wealthy minister's son.Can their love win against all odds?
8 259 - In Serial47 Chapters
Flame & Frost | Rise of the Guardians Fanfiction
Jack Frost was just an ordinary Guardian who thinks he would never fall in love. Ever. Thats what he thought of until he met an old friend of his other fellow Guardians - She's invisible to humans, just like Jack once, she's skillful in archery, she can fly. and most of all, she can control fire. They may be very different, but the Man in the Moon determined that they will be together, unless they break the bond and put danger in not just themselves, but also the wonder and hope that the Guardians swore to protect. ♥
8 179 - In Serial46 Chapters
Split Fanfiction
What if he didn't leave her there in that cell. What if he took the girl with him back to his home his real home not the place under the zoo. What if he's keeping her because he wants her not because she's needed like he's convinced the others.
8 153 - In Serial39 Chapters
Misleading The Marquis
Lord Brisbane, the Bear of the North thought he'd snatched up a beautiful blonde bride but when he goes to collect his wife-by-proxy, he finds himself wed to her cousin instead. Gina Marie hated decieving a stranger for her own gain, but she was desperate for a way out from under her uncle's control. When Bane rejects their marriage on sight - she's certain all of her hopes are dashed. But a forgotten pair of gloves and an unexpected streak of posessiveness from her brand new husband catapaults her into the life of a Marquis' wife, on her way to her new home. But what neither of them expected was the enemy from the past that shadows them all the way home.
8 205 - In Serial30 Chapters
Floating Like a Lilo ── Itadori Yuuji (✓)
there is no stopping when it comes to god © parhkers / 2020ITADORI YUUJI / READER . COMPLETED (✓)
8 159

