《မင်းကို ချစ်မဝသေးလို့(BL Novel,Myanmar tran)》Ch-7 Unicode
Advertisement
အပိုင်း(၇):တစ်နှစ်ကြာပြီးနောက်
...
ယွမ်တိုင်၏လေးနှစ်မြောက် စက်တင်ဘာလမှာတော့ ဘာဘေရီယန်တွေဟာ မြောက်ပိုင်းမှတောင်ပိုင်သို့ရောက်လာပြီး နယ်စပ်မြို့၏ ရွာငယ်လေးတွေကိုဝင်ရောက်ကျူးကျော်နေကြပြန်ပြီဆိုသည့်သတင်းသည် မြို့တော်သို့ရောက်လာခဲ့ပြီး မြို့တော်၌အတော်လေးပွက်လောရိုက်နေလေ၏။
နန်းတော်ညီလာခံမှလဲ ဘာဘေရိယန်တွေဟာ စာချုပ်ပါအချက်လက်တွေကိုချိုးဖောက်ပြီး'ရွှမ်းရန်မင်းဆက်'၏အချုပ်ခြာအာဏာကိုရန်စထိပါးနေသဖြင့် ပြန်လည်တုံ့ပြန်သင့်ကြောင်း ဆွေးနွေးအမိန့်ထုတ်ပြန်ခဲ့ကြသည်။
ဧကရာဇ်ရွှမ်းရန်ကျောက်ကန်သည်လဲ အိမ်ရှေ့စံအားပီကင်းမြောက်ပိုင်းစစ်သင်တန်းကျောင်း၏ အာဏာပိုင်အဖြစ်သတ်မှတ်ပေး၍ ထိုသင်သန်းကျောင်းမှ စစ်သား၅သောင်းကျော်အား အိမ်ရှေ့စံ၏ဦးဆောင်မှုတွင်လိုက်ပါရန် အမိန့်ထုတ်ပြန်ခဲ့သည်။ဒါ့အပြင် ကျိယွင်ဟုန်ကိုလဲမြောက်ပိုင်းတွင် အိမ်ရှေ့စံနှင့်အတူစစ်မြေပြင်တွင်ပူးပေါင်းရန် အမိန့်ထုတ်ပြန်၏။
နန်းတော်၏အဆောင်တစ်ခုတွင် ဧကရာဇ်နှင့်အိမ်ရှေ့စံတို့သည် သီးသန့်စကားပြောနေကြသည်။
''မြောက်ပိုင်းကနေရုတ်တရက် သွားတိုက်တာမျိုးကိုမလုပ်မိစေနဲ့။ဘာဘေရိယန်တွေက သိတဲ့အတိုင်းဉာဏ်များတာကြောင့် အခြေနေကို သေချာလေ့လာသုံးသပ်ပြီးမှ ဆုံးဖြတ်ချက်ချရမယ်။ရွှမ်ရန်မင်းဆက်ရဲ့စစ်အင်အားဟာ အကောင်းဆုံးဆိုပေမဲ့ ရန်သူကိုလဲလျော့တွက်ထားလို့မရဘူး။''
''ပြီးတော့ မင်းရဲ့ခန္ဓာကိုယ်ကိုလဲဂရုစိုက်ရမယ်''
''မင်းဒီလိုမကျန်းမမာဖြစ်နေတာတောင် စစ်ထွက်ချင်တာသေချာရဲ့လား? စစ်ရေးကိုပဲအာရုံစိုက်ပြီး မင်းရဲ့ကျန်းမာရေးကိုလျစ်လျူရှုထားတာမျိုး လုံးဝမလုပ်မိစေနဲ့'' ဧကရာဇ်ဟာ သူ့သားရဲ့ကျန်းမာရေးကိုလဲမမေ့ခဲ့ပဲ စိုးရိမ်စွာမှာကြားလေသည်။
''အရာတော်တော်များများက အစီစဉ်တကျဖြစ်နေပါပြီ။ပြီးတော့ ခမည်းတော်လဲကျန်းမာရေးဂရုစိုက်ပါ။သားတော်ကိုပဲ အမြဲပူပန်နေရပြီး သားသမီးတာဝန်မကျေပွန်တဲ့ သားတော်ကိုခွင့်လွှတ်ပေးပါ။''ရွှမ်းရန်ဟန်ချန်သည် ဒူးထောက်ရင်း သူ့ခမည်းတော်ကို အရိုသေပေးလိုက် ၏။
''ထပါ!မင်းမယ်တော်ကို မသွားခင်နှုတ်ဆက်သွားလိုက်ဦး။သူ မင်းကိုတော်တော်လေး စိတ်ပူနေတယ်''
''သားတော် ...ဒီနေ့တော့ ဒီလောက်နဲ့ပဲ အနားယူလိုက်တော့''
သူဟာ ဒီရက်ပိုင်းညီလာခံတွေ စစ်ရေးပြင်ဆင်စရာတွေနဲ့ မအားလပ်နိုင်ဖြစ်ပြီး ပင်ပန်းဟန်ရှိနေတာကြောင့် ခမည်းတော်ဟာအနားယူဖို့ပြောပေမဲ့လဲ သူ့ရဲ့ခြေလှမ်းတွေကတော့ ယွိရှန်းဖန်၏ရင်းနှီးပြီးသားအခန်းလေးတစ်ခန်းဆီသို့ဦးတည်နေလေသည်။
သူ အခန်းတံခါးကိုခပ်ဖွဖွဖွင့်ပြီးဝင်လိုက်ချိန်တွင် သူ့ရဲ့အကောင်ပေါက်လေးဟာ ခုတင်ပေါ်မှာနှစ်ခြိုက်စွာအိပ်မောကျနေသည်ကိုမြင်လိုက်ရ၏။လရောင်အောက်မှာ အပူပင်ကင်းစွာ အိပ်နေတဲ့ဂျာပေါင်ရဲ့မျက်နှာလေးဟာ တကယ်ကိုအပြစ်ကင်းစင်ပြီးချစ်စဖွယ်ကောင်းနေလေ၏။ထိုနှစ်လိုဖွယ်မျက်နှာလေးကိုမြင်လိုက်ရတဲ့အခါ တစ်နေ့လုံးပင်ပန်းထားရသမျှအရာအားလုံး ပျောက်ကွယ်ပြီးလန်းဆန်းသွားတော့ သည်။
ဂျာပေါင်က တော်တော်လေးအိပ်မောကျနေပြီး အိပ်မက်ပင်မက်နေပုံပင်ရကာ သူ့ရဲ့နှုတ်တွေဟာကွေးညွတ်လျက် ပြုံယောင်သန်းလို့လာလေ၏။
သူ,ကြည့်ရင်းကြည့်ရင်းမနေနိုင်စွာနဲ့ပင် ဂျာပေါင်ရဲ့နှဖူးလေးကိုဖွဖွနမ်းရှိုက်လိုက်တော့သည်။နောက် သူ့ရဲ့နှုတ်ခမ်းတွေဟာ ပါးချိုင့်သေးသေးလေးဆီသို့ ဦးတည်သွားပြန်၏။သူ့ဟာ သူ့ရဲခလေးငယ်လေးနိုးလာမှာကိုလဲ စိုးရွံ့မိတာကြောင့် နက်နက်
ရှိုင်းရှိုင်းမနမ်းရှိုက်ဝံ့ပါချေ။သို့ပေမဲ့လဲ သူဟာ သူ့နှုတ်ခမ်းနှင့် အိပ်မောကျနေသည့်အကောင်ပေါက်လေး၏ နှုတ်ခမ်းကိုခပ်ဖွဖွထိကပ်မိလိုက်လေသည်။
''အင်း....''ဂျာပေါင်ဟာ သူ့ရဲ့နှုတ်ခမ်းကိုတစ်ယောက်ယောက်ကနှောက်ယှက်နေသည်ကို ခံစားမိပုံရသည့်အလား ငြီးငြူလျက်တစ်ဖက်သို့လှည့်သွားပြီးနောက် သူ့ရဲ့အိပ်မက်ထဲသို့ အေးချမ်းစွာပြန်ဝင်ရောက်သွားပြန်၏။
တစ်ဖက်လှည့်သွားခြင်းကြောင့် လှစ်ဟာလာတဲ့ဂျာပေါင်၏ လည် တိုင်နုနုတို့ကို လရောင်အောက်၌မြင်ရသည်မှာ အလွန်ကို ဆွဲမက်ဖွယ်ကောင်းနေတော့သည်။
ထိုလျစ်လျူရှုရန်ခက်ခဲပြီး ညို့ဓာတ်ပြင်းသောလည်တိုင်အား သူ,မကူမကယ်နိုင်ပဲ ငုံခဲလိုက်မိလေသည်။သူ့ရဲ့ဆွဲမက်ဖွယ်အရသာဟာ အသိစိတ်ကိုလွတ်သွားစေပြီး ရပ်တန်းလိုက်ဖို့ကို လွန်စွာခက်ခဲလွန်းစေ၏။
ရုတ်တရက် အခန်းပြင်ပမှတိုးတိုး, တိုးတိုးဖြင့် လှုပ်ရှားသံတစ်ချို့ကိုကြားလိုက်ခါမှ အသိဝင်လာပြီးကောင်ငယ်လေး၏လည်တိုင်ကိုလွှတ်ပေးမိလေသည်။ထို့နောက် စောင်သေချာခြုံပေးပြီးနောက် အေးဆေးစွာပင်အခန်းတွင်းမှထွက်လာခဲ့တော့သည်။
''လင်ယန် မင်း....ပဲ'' ရွှမ်းရန်ဟန်
ချန်းဟာ ဂျာပေါင်၏အခန်းတံခါးကိုဖြည်းငြင်စွာပြန်ပိတ်ပေးပြီးနောက် ခပ်တိုးတိုးဆိုလေသည်။ထို့နောက်လင်ယန်အားခပ်လှမ်းလှမ်းသို့ လိုက်လာရန်ပြောလိုက်၏။
''အိမ်ရှေ့စံ..... အန်းဇူ အန်းဇူ ကငယ်ပါသေးတယ် သူက၁၃နှစ်ပဲရှိသေးတာလေ... ဒါကို..အရှင်က....'' လင်ယန် သူ,တရေးနိုးလာတာဖြစ်သည်။ ဂျာပေါင်ရဲ့အခန်းတံခါးကခပ်ဟဟဖြစ်နေပြန်တာကြောင့် ပိတ်ပေးမလို့ အခန်းရှေ့ရောက်လာတာဖြစ်ပေမဲ့ အရှင့်သားက ဂျာပေါင်အားနမ်းရှိုက်ခြင်းကို မတော်တဆမြင်တွေ့လိုက်ရလေသည်။
အိမ်ရှေ့စံကို ညခင်းကြီးအဆာင်မှာမြင်တွေ့နေရတာဟာ သူမအတွက်တော့ ဒါပထမဆုံးအကြိမ်တော့မဟုတ်ပေ။အစတုန်းက သူမအတော်လေးလန့်ခဲ့ပေမဲ့ အခုတော့နေသားကျနေခဲ့ပြီဖြစ်သည်။
အိမ်ရှေ့စံဟာ အန်းဇူအပေါ်မှာခံစားချက်တစ်မျိုးမျိုးရှိနေတယ်ဆိုတာကို လင်ယန်,သိနေခဲ့သည်။ဒါပေမဲ့ လင်ကလေးတစ်ယောက်ကို ဒီလိုပုံစံမျိုးဖြင့်စိတ်ဝင်စားနေလိမ့်မယ်ဆိုတာကိုတော့ လင်ယန်မသိခဲ့ပေ။အန်းဇူနဲ့၆လလောက်အတူနေပြီးတဲ့နောက်မှာ ဒီကလေးဟာ အလုပ်လဲကြိုးစားသလို အရည်ချင်းလဲရှိပြီးလိမ္မာရေးခြားရှိသူလဲဖြစ်တာကြောင့် သူမလဲဒီကလေးငယ်လေးကိုချစ်မိလေသည်။ဒါကြောင့် သူမအနေနဲ့ တချို့ကိစ္စတွေကို မသိသလိုနေနေခဲ့တာပင်။
''လင်ယန် ငါမနက်ဖြန်စစ်မြေပြင်ကိုသွားရတော့မယ်။ မင်း အန်းဇူကိုကောင်းကောင်းစောင့်ရှောက်ပေးဖို့ မျှော်လင့်ပါတယ်''
''စိတ်ချပါအရှင့်သား ကျွန်တော်မျိုးမ အမှားအယွင်းမရှိအောင်ဆောင်ရွက်ပါ့မယ်''
နောက်တစ်နေ့မှာတော့ ရွှမ်းရန်ဟန်ချန်သည် စစ်သည်ငါးသောင်းနှင့်အတူမြို့တော်မှထွက်ခွာပြီး စစ်မြေပြင်သို့ချီတတ်လေသည်။
မြို့တော်မှထွက်ခွာလာချိန်တွင် ရွှမ်းရန်ဟန်ချန်းသည် နန်းတော်ကို သေချာစွာစူးစိုက်ကြည့်မိလေသည်။သူ့ရဲ့မိသားစု၊သူ့ရဲ့ခလေးငယ်လေးသူ့ရဲ့တာဝန်ဝတ္တရားတွေ အားလုံးဟာဒီနေရာမှာအကုန်ကျန်ရှိနေခဲ့သည်။သူဟာဒီတိုက်ပွဲကိုရှုံးလို့မရပဲ နိုင်ကိုနိုင်ရမှဖြစ်မည်။
ယွမ်တိုင်၏၅နှစ်မြောက် မေလမှာတော့ ရွှမ်းရန်မင်းဆက်၏စစ်တပ်သည် မြောက်ပိုင်းဘာဘေရိယန်တပ်တို့ကို အောင်နိုင်ခဲ့သည်။ ရွှမ်းရန်ဟန်ချန်းသည်လဲ ဘာဘေရိယန်တို့၏အဓိကမြို့တော်ကိုသိမ်းပိုက်နိုင်ခဲ့ပြီး စိတ်ထဲတွင်ခံစားချက်မျိုးစုံကိုခံစားနေရ၏။
လွန်ခဲ့တဲ့ကိုးလအတွင်းမှာ သူဟာစစ်ရေးနဲ့ပတ်သတ်ပြီးအတွေ့ကြုံတွေလဲအများကြီးရရှိခဲ့သလို သူ့ရဲ့ပင်ကိုယ်ဗီဇသည်လဲ သူ,ဘာစဉ်းစားနေမှန်းကို ခန့်မှန်းဖို့ပင်မလွယ်ကူတော့သည်အထိ သူဟာသီးသန့်ဆန်ပြီးလျှို့ဝှက်လာခဲ့သည်။
ဒီစစ်ရေးခရီးရှည်ကြီးသည် အစကထဲကကြမ်းတမ်းခဲ့တာဖြစ်သည်။သူတို့စစ်တပ်ဟာ နယ်စပ်မြို့ကိုရောက်တဲ့အချိန်မှာ ဆောင်းလ,လယ်သို့ရောက်နေပြီဖြစ်သည်။ မြောက်ပိုင်းနယ်စပ်ဟာ အလွန်ကိုအေးလွန်းတာကြောင့် စစ်သည်အများစုဟာခရီး ပန်းတာကြောင့်ကော ရာသီဥတုဒဏ်ကြောင့်ပါ ဖျားနာကုန်ကြ၏။ကံကောင်းစွာဖြင့် ဆေးဝါးအလုံအလောက်ပါလာခြင်းကြောင့်သာ အခြေနေကိုကောင်းကောင်းထိန်းသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
ဘာဘေရိယန်တွေဟာ ရွှမ်းရန်စစ်တပ်စစ်ချီလာမှာကြိုတင်သိထားကြသည်။ဒ့ါအပြင်နှစ်ဖက်စစ် တပ်၏ စစ်အင်အားကွာခြားမှုအခြေနေကို ကောင်းစွာသိနားလည်ထားကြသူတွေဖြစ်တာကြောင့် ထိပ်တိုက်ရင်ဆိုင်ခြင်းမပြုကြပဲ ညအချိန်မှသာ ချောင်းမြောင်းလုပ်ကြံကြပြန်သဖြင့် အတော်လေးထိခိုက်နစ်နာခဲ့ရသည်။
ထို့ပြင်လူရိုင်းတွေဟာ မြင်တွေ့သမျှဖြတ်ဆီး၊တိုက်ခိုက်ကြပြီးနောက် ကိုယ်ရောင်ဖျောက်ထွက်ပြေးကြပြန်ရာလေရာ စစ်သည်တွေအတွက် ခေါင်းကိုက်စရာပင်ဖြစ်နေ၏။
စစ်ပွဲဟာ နွေဦးရောက်သည်အထိမပြီးဆုံးနိုင်သေးပေ။ရွှမ်းရန်ဟန်ချန် သည်လဲ ရန်သူ၏ပင်မစစ်ဌာနကို တောက်လျှောက်ခြေရာခံနေကာ တစ်ဖက်မှာလဲဝန်းရံတိုက်ခိုက်ခြင်း မျှားခေါ်၍ချုံခိုတိုက်ခြင်းကဲ့သို့သော ဘာဘေရိယန်တို့၏စစ်ပရိယာယ်များ အတိုင်းပြန်လည်တိုက်ခိုက်နေခဲ့သည်။
တိုက်ပွဲတော်တော်များများကိုတိုက်ခိုက်ပြီးမှသာ ဘာဘေရိယန်တို့၏ အခြေစိုက်ပင်မစခန်းနှင့်မြို့ကိုခြေရာခံနိုင်ခဲ့၏။
ထိုသို့ခြေရာခံနိုင်ပေမဲ့လဲ စားနပ်ရိက္ခာအခက်ခဲရှိလာပြန်တာကြောင့် စစ်မျက်နှာပြန်ဆုတ်လာရပြန်သည်။နောက်ထပ်ထိတွေ့မှုနှစ်ကြိမ်ထပ်ဖြစ်ပြီးမှသာ ရွှမ်းရန်ဟန်ချန်၏တပ်သည် ဘာဘေရိယန်တို့၏မြို့တော်ကို အောင်မြင်စွာသိမ်း ပိုက်နိုင်ခဲ့သည်။
''အိမ်ရှေ့စံမင်းသား....မင်းသားကြီးကျိယွင်ဟုန်တွေ့ခွင့်တောင်းပါတယ်'' အစောင့်တစ်ယောက်ကသတင်းပို့လာ၏။
''ဝင်လာခိုင်းလိုက်!'' သူ့အသံဆုံးသွားတာနှင့်တပြိုင်နက် ခန္ဓာကိုယ်ခပ်တောင့်တောင့်တွင် ချပ်ဝတ်တန်ဆာဝတ်ထားသော သက်လတ်ပိုင်းအမျိုးသားတစ်ယောက်ဝင်လာကိုကြည့်နေလိုက်သည်။
''အိမ်ရှေ့စံအရှင့်သား ဘာဘေရိယန်တွေအားလုံးကိုကွက်မျက်ရမယ်လို့အမိန့်ပေးထားဆိုပေမဲ့.. ဒါနဲ့ပတ်သတ်ပြီး ဧကရာဇ်ရဲ့အမိန့်ကိုစောင့်သင့်ပါတယ်'' ကျိယွင်ဟုန်သည်ဧကရာဇ်ကိုအကိုကြီးဖြစ်ကာ သူနှင့်ဦးလေးတော်စပ်သူဖြစ်သည်။တိုက်ပွဲတွင်းကာလတွေမှာ ဦးလေးဖြစ်သူဆီမှအတွေ့ကြုံတွေနှင့်အကြံဉာဏ်တွေရယူကာ ဆုံးဖြတ်ချက်တွေအတူချမှတ်ခဲ့ကြပေမဲ့ အခုစစ်သုံ့ပန်းကိစ္စနှင့်ပတ်သတ်၍ သိပ်သဘောထားမတိုင်ဆိုင်ချင်ပေ။
''မလုပ်တော့ဘူး ကျနော် ခမည်းတော်ရဲ့အခက်ခဲကိုနားလည်တယ်'' သူ, ကျိယွင်ဟုန်ပြောချင်တဲ့ဆိုလိုရင်းကို သူနားလည်သည်။ဒါဟာ လူမဆန်တဲ့ဆုံးဖြတ်ချက်ဆိုတာကိုသူ,သိသည်။အရာအားလုံးပြီးတဲ့နောက် ဒီဘဝမှာဘာဘေရိယန်တွေရဲ့လက်ထဲကနေ သူ့အဖေရယ်ဦးလေရယ်ကိုကယ်တင်နိုင်ခဲ့ရင်ရပြီ။ ဒါဆိုလုံလောက်ပြီ!
''ဒါပေမဲ့ အိမ်ရှေ့စံမင်းသားရဲ့ပုံရိပ်အတွက်တော့ မကောင်းနိုင်ပါဘူး!ကျား၊မ အသက်ရွယ်မရွေးကွက်မျက်လိုက်တာထက်စာရင် သူတို့ရဲ့တော်ဝင်မိသားစုကိုပဲကွက်မျက်ပြီး ကျန်တဲ့သူတွေကို သုံ့ပန်းကျေးကျွန်အဖြစ် ဖမ်းဆီးလိုက်ရင်ရော''
''ကျတော့ကိုမဖြောင်းဖျပါနဲ့တော့ ကျနော်ဆုံးပြီးပြီ။ဘာဘေရိယန်တွေက ကျနော်တို့လိုတစ်နေရာထဲမှာ အခြေချနေထိုင်တာမဟုတ်ပဲ အမြဲမြက်ခင်းတွေပေါ်မှာလှည့်လည်သွားနေတဲ့သူတွေ ကျွန်တွေလိုတင်းကြပ်တဲ့စည်းကမ်းတွေနဲ့ထိန်းချုပ်ထားတာကို နေနိုင်မယ်လို့ထင်လား။
Advertisement
သူတို့ပစ်မှုတွေကျူးလွန်တုန်းကလဲ တွေ့သမျှခလေးလူကြီးအကုန်သတ်ပစ်ခဲ့ကြတာပဲ။အငြိုးကြီးပြီးရန်လိုလှည့်ဖျားတတ်တဲ့ ဒီလိုလူရိုင်းတွေကိုညှာတာပေးလိုက်ရင် အနာဂတ်မှာ သူတို့ဟာသေချာပေါက် လက်တုံ့ပြန်လာလိမ့်မယ်။ဒါကြောင့် အနာဂတ်ကကြုံလာရမယ့်ရန်ဆွယ်ကိုဖယ်ရှားဖို့အတွက် ကျူပင်ခုတ်ကျူငုတ်မကျန်သလိုမျိုးပဲ အားလုံးကိုရှင်းပစ်ရလိမ့်မယ်။ပြီးတော့ ခမည်းတော်လဲ သဘောတူမယ်လို့ကျနော်ထင်ပါတယ်''
''အင်း.... ရွေးစရာမှမရှိတော့ ဒီလိုပဲလုပ်ရတော့မှာပေါ့...''ကျိယွင်ဟုန်အနေနဲ့လဲ အိမ်ရှေ့စံရဲ့ဆုံးဖြတ်ချက်ကဖြစ်သင့်တယ်ဆိုတာကိုသိပါတယ်။ဒါပေမဲ့ အိမ်ရှေ့စံရဲ့ပုံရိပ်ဟာ ရက်စက်ကြမ်းကြုတ်ပြီးလူမဆန်တဲ့သူ,အဖြစ်ရောက်ရှိသွားမှာကိုတော့ သူတကယ်ပဲဆိုးရွံ့မိလေသည်။
ယွင်တိုင်၏၅နှစ်မြောက် မေလမှာအိမ်ရှေ့စံ၏အမိန့်နဲ့အတူ တုချန်းဘုရင့်မြို့တော်မှအသက်ရွယ်ကျား၊မမရွေ့ လူပေါင်း၂သောင်းကျော်ဟာ သွေးချောင်းစီးရှင်းလင်းသုတ်သင်ခဲ့ရ၏။ဤသို့ဖြင့် ဘာဘေရိယန်တွေဟာ ကမ္ဘာပေါ်တွင်အပြီးတိုင်ပျောက်ကွယ်သွားလိမ့်မည်ဖြစ်၏။
ဧကရာဇ်ဟာ ဒီသတင်းကိုကြားတဲ့အချိန်မှာ ရွှမ်းရန်ဟန်ချန်ဟာသူ့ရဲ့စစ်တပ်နှင့်အတူ မြို့တော်ကိုပြန်လာနေခဲ့ပြီဖြစ်သည်။အိမ်ရှေ့စံမင်းသားဟာ ဘာဘေရိယန်တွေကို မျိုးတုန်းတတ်ဖြတ်ပစ်ခဲ့သည်ဟူသောသတင်းသည် နေပြည်တော်တွင်တောမီးပမာပျံနှံ့နေလေ၏။
မူးမတ်များကလဲ အိမ်ရှေ့စံ၏ရက် စက်ကြမ်းကြုတ်မှုသည် ရွှမ်းရန်မင်းဆက်၏ဂုဏ်သိက္ခာကိုထိခိုက်စေသည်ဟု စာချွန်တော်များဆက်သကြသည်။ဒါ့အပြင်ဧကရာဇ်မင်း၏ အမိန့်ကိုမစောင့်ပဲ ကိုယ့်သဘောနှင့်ကိုယ်ကွက်မျက်လိုက်သည့်အတွက်လဲ အပြစ်ပေးသင့်သည်ဟု ဆိုကြပြန်လေသည်။
ဧကရာဇ်ဟာ သူ့ရဲ့၁၉အရွယ်သားလေး၏လုပ်ဆောင်ချက်ကိုကြား လိုက်တဲ့အခါ တကယ်ကိုအံ့သြသင့်သွားလေသည်။သူ့ငယ်သားတော်ဟာ ငယ်ရွယ်ပေမဲ့ရဲရွမ်းသတ္တိတို့ဖြင့်ပြည့်နေသည်ဆိုပေမဲ့ ရေရှည်အကျိုးကိုကြည့်တတ်ဖို့ကိုတော့ လိုအပ်နေသေးသည်။ဒီကလေးဟာပြသာနာကို အလွယ်ကူအရိုးရှင်းဆုံးနည်းဖြင့်ဖြေရှင်းလိုက်နိုင်သည်ဆိုပေမဲ့ ဖြစ်လာမည့်အကျိုးဆက်တွေကများလွန်းသည်။
နန်းတွင်းအမတ်တွေ၏ဖိအားပေးမှုကြောင့် အောင်ပွဲနှင့်ပြန်လာသောအိမ်ရှေ့စံအား အခမ်းအနားဖြင့်ကြိုဆိုမည့်အစီစဉ်ကိုလဲတွန့်ဆုတ်စွာဖြတ်သိမ်းခဲ့ရသလို ညီလာခံအားလ,ဝတ်နီးပါးမတက်ရောက်ပဲ အမှားကိုပြန်လည်သုံးသပ်ထားရန် အမိန့်ထုတ်လိုက်ရလေသည်။
နန်းတော်ပင်မစာကြည့်ဆောင်တွင် ဧကရာဇ်နှင့်ရွှမ်းရန်ဟန်ချန်းတို့ သီးသန့်စကားပြောနေကြ၏။
''လဝက်လောက် ကောင်းကောင်းအနားယူလိုက်!အနာဂတ်ရဲ့တော်ဝင်မင်းသားတစ်ပါးအနေနဲ့ နောက်တစ် ခါဒီလိုအမှားမျိုးမလုပ်ရဘူး။အိမ်ရှေ့စံတစ်ယောက်ရက်စပ်ကြမ်းကြုတ်ပြီး လူမဆန်ဘူးဆိုတဲ့သတင်းထွက်လာရင် မင်းကိုအိမ်နီး ချင်းတိုင်းပြည်တွေက ဘယ်လိုသဘောထားကြမလဲ?မင်းကငယ်သေးတယ် နောက်ကြုံတွေရမယ်အရေးကိစ္စတွေအများကြီးရှိသေးတယ်။ ဒါကိုမမေ့ပစ်ပဲ သင်ခန်းစာယူပြီး ပြန်သုံးသပ်နေ ဟုတ်ပြီလား သွားနားတော့''
ဧကရာဇ်ဟာ သူ့ရဲ့သားငယ်ကို စိတ်လိုက်မာန်ပါလုပ်တတ်တယ်လို့အမြဲတမ်းထင်နေခဲ့တာ မထင်မှတ်ပဲသူ့ရဲ့သားတော်အကြီးဆုံးကလဲ ဒီလိုအချိုးမျိုးပဲဖြစ်နေပြန်သည်။ဒါပေမဲ့ ကိစ္စတော့မရှိပါဘူး သူ့ရဲ့သားတော်ဟာ အရမ်းကိုငယ်ရွယ်သေးတာကြောင့် သင်ယူဖို့အချိန်အများကြီးရှိသေးတယ်လေ...။
''နားလည်ပါပြီ ခမည်းတော်''.
နောက်ရက်အနည်းငယ်အကြာမှာတော့ အိမ်ရှေ့စံဟာအမိန့်လွန်ဆန်လို့ပြစ်ဒဏ်ပေးခံရတဲ့အကြောင်းနှင့် သတင်းမှားအချို့ဟာချဲ့ထွင်ပြီးပြည်သူတွေကြား၌ပျံနှံ့နေ၏။
အိမ်ရှေ့စံဟာ အကျဉ်းသား၁သိန်းကျော်ကို အရှင်လတ်လတ်မြေမြှုပ်သတ်ပစ်လိုက်တာမျိုး၊ခလေးအသားကိုစားရတာကြိုက်တာမျိုး ပြီးတော့ လူသားစားရတာကြိုက်တာမျိုး စတဲ့သတင်းမျိုးတွေပေါ့လေ.....။
လူတွေဟာလဲ အမှားအမှန်မခွဲခြားနိုင်တော့ပဲ သူတို့ကြားရသမျှကိုသာအမှန်အဖြစ်ယုံကြည်ကြတော့၏။တော်ဝင်နန်းတွင်းကိစ္စဆိုပိုစိတ်ဝင်စားလေလေ သတင်းဟာပိုပျံ့နှုန်းမြန်လေလေဖြစ်နေသည်။
ယုံရှောင်နန်းဆောင်မှာတော့ ဧကရီမိဖုရားဟာ အလွန်စိတ်ဆိုးနေခဲ့ပြီး သတင်းစိုးဖြန့်နေသော မိန်းမစိုးတိုကိုနှင်ထုတ်ပစ်ဖို့ ကျောက်ရန်ကိုပြောနေခဲ့သည်။
''မယ်တော် စိတ်လဲမဆိုးပါနဲ့ ဒေါသထွက်ဖို့မတန်ပါဘူး''ရွှမ်းရန်ဟန်ချန်ဟာ သူ့မယ်တော်ကို ပြန်လည်နှစ်သိမ့်နေခဲ့သည်။''ပြသာနာက အဲ့လောက်လဲမကြီးပါဘူး ချွဲအိမ်တော်က ဝင်ရှုပ်နေလို့သာဒီလိုဖြစ်နေတာပါ''
''အဲ့ဒီ့ချွဲအိမ်တော်ကြောင်ပဲပေါ့ မင်းခမည်းတော်ကလဲ သူတို့ဒီကိစ္စကိုအကြာကြီးမကိုင်တွယ်နိုင်ပါဘူး စောင့်ကြည့်ပါဦးတဲ့'' သူမ ဒီအကြောင်းကို စဉ်းစားမိလိုက်တိုင်း နေရတာအဆင်မပြေတော့ပဲ ဖျားတဲ့အထိပါဒေါသတွေထွက်နေရတော့သည်။
''သားတော်မရှိတုန်း အရှေ့ဆောင်ကအမှိုက်တွေကိုရှင်းလင်းပေးထားကြောင့် မယ့်တော့်ကိုကျေးဇူးတင်ကြောင်းပြောပါရစေ မယ်တော့်အနေနဲ့လဲခက်ခဲခဲ့မှာပါပဲ ''ရွှန်းရန်ဟန်ချန် ဟာ သူစစ်ထွက်နေချိန်မှာအတွင်းယွင်ဖူကိုမခေါ်သွားပဲ သူ့နန်းဆောင်ကအမှိုက်တွေကို မယ်တော်နဲ့အတူရှင်းလင်းခိုင်းထားခဲ့တာဖြစ်သည်။
သူ,နန်းတော်မှာမရှိတဲ့အချိန်မှာ ထိုအမှိုက်တွေဟာအများကြီး စိတ် သက်သာရာ,ရခဲ့ကြပေမဲ့ အခုတေ့ာသူတို့အားလုံးရှင်းလင်းခံလိုက်ရပြီဖြစ်၏။ကြင်ရာတော်အနီးပါးမှသူများသည် လင်ဝမ်နှင့်ဆက်သွယ်ရန်ကြိုးစားပြီးသည့်အခါတိုင်း တိတ်တဆိတ်ပျောက်ကွယ်သွားကြသည်။
လင်ဝမ်နှင့်အဆက်သွယ်ရှိသူမှာ ရွှမ်းရန်ဟန်ချန်၏ လျှို့ဝှက်ကိုယ်ရံတော်လီဝေဖြစ်နေတာကြောင့် သူတို့ဟာလင်ဝမ်ကိုရှာဖွေဆက်သွယ်ဖို့မဖြစ်နိုင်ပေ။
''မယ်တော့်ကို ကျေးဇူးတင်စကားပြောဖို့လိုလို့လား?'' ဧကရီသည် သူ့သားတော်ရဲ့ပခုံးလေးကိုခပ်ဖွဖွထိကိုင်ရင်းပြောလေသည်။
သူမအနေနဲ့ စိုးရိမ်စရာအခြေနေမဟုတ်ဘူးဆိုတာတောင်မှ သူ့သားရဲ့သတင်းမှားတွေနဲ့ပတ်သတ်ပြီး မစိုးရိမ်ပဲမနေနိုင်ပေ။
ညခင်းဧကရာဇ်သည် ယုံရှောင်နန်းဆောင်သို့ရောက်လာချိန်တွင် ဧကရီသည်စိတ်ဓာတ်ကျစွာဖြင့်ကုတင်ပေါ်တွင်ထိုင်နေသည်ကိုမြင်တွေ့လိုက်သည်။
''ကောလဟာလတွေကပိုပိုပြီးဆိုးလာပြီး ဒုက္ခရောက်စေတာကို ရှင်,မြင်လား။ ကျမအစကချန်အာပြန်လာရင် ကိုယ်လုပ်တော် ခန့်ထားပေးမလို့ပဲစီစဉ်ထားတာ ။အခုကောလဟာလတွေကလဲပျံနေတော့အမတ်တွေလဲ မဟုတ်တာတစ်ခုခု
စဉ်းစားမှာကိုကြောက်မိတယ်။အခုတော့ အဲ့ဒီ့ခန့်အပ်မယ့်ကိစ္စကလဲ မသေချာတော့ဘူး'' ဧကရီသည်သူ့ရဲ့ပူပင်မှုတွေကို တိုင်တန်လေ၏။
''အရမ်းကြီးတွေးပူမနေပါနဲ့ သတင်းကိုသတင်းကဖုံးစမျှပါပဲ။လူတွေက ပိုကြီးတဲ့သတင်းကိုကြားလိုက်ရရင် အရင်သတင်းကို လွယ်လွယ်ကူကူမေ့သွားကြတာပဲလေ။ပြီးတော့ ချန်အာရဲ့ခန္ဓာကိုယ်ကလဲ ပြန်ကောင်းဖို့လိုသေးတာပဲလေ အရမ်းမလောပါနဲ့ဦး''
''အဲ့လိုဆိုပေမဲ့လဲ ချန်အာရဲ့ဂုဏ်သတင်းကိုပြန်ဆည်ဖို့တော့လိုသေးတယ်လေ'' ဧကရီသည် စကားပြောနေရင်း အကြံတစ်ခုကိုရသွားလေ၏။
''အိုး....ဧကရာဇ် ဆောင်ဦးရာသီလယ်ပွဲတော်(လပွဲတော်/လမုန့်ပွဲတော်)ရောက်ဖို့ ၃လပဲလိုတော့တယ်လေ! တကယ်လို့ နန်းတွင်းသူ/နန်းတွင်းသားတွေကို ဒီပွဲတော်မှာသူတို့ရဲ့မိသားစုတွေနဲ့ပြန်စုံခွင့်ပေးမယ်လို့ ကြေငြာလိုက်ရင်အားလုံးကအိမ်ရှေ့စံကိုကောင်းချီးပေးချီးမွမ်းကြလိမ့်မယ်''
''ဒီအကြံမဆိုးဘူး ဒါပေမဲ့သတိထားဖို့တော့လိုတယ်။နန်းတွင်းကိုလာတွေ့ဖို့ပြောရင် အချိန်တွေကိုစီစဉ်ပေးရမယ်။နန်းတွင်းပြင်ပထွက်ခွင့်ပေးရင်လဲ အစောင့်တွေထည့်ပေးသင့်ရင်ထည့်ပေးရနိုင်တယ် လူတိုင်းကိုတော့မစီစဉ်ပေးနိုင်ဘူးပေါ့။''ဧကရာဇ်ဟာ ဖြစ်နိူင်ချေတွေကိုစဉ်းစားသုံးသပ်ပြီးနောက် ''ကိုယ် မနက်ဖြန်ကျသေချာစီစဉ်ခိုင်းလိုက်ပါမယ်။ ထားလိုက်ပါ စောစောအနားယူကြတာပေါ့''
လင်ဂျာပေါင်တို့၏ ယွိရှန်းဖန်တွင်လဲ ယိလင်နှင့်ယိရန်တို့သည် အတင်းဖျင်းတွေကိုဖောက်သည်ချနေကြ၏။
''ဟဲ့ငါကြားလာတာ အိမ်ရှေ့စံက လူသားစားတယ်တယ်တဲ့ သူ့ကိုယ်ထဲကနတ်ဆိုးက တကယ်ကြောက်ဖို့ကောင်းအောင်နှောက်ယှက်နေတာဖြစ်မယ် '' ယိရန်က ထိုသို့ဆိုတဲ့အခါ
''ယိလင် နင်သေချင်နေပြီလား!အိမ်ရှေ့စံက ရဲရင့်ပြီးအရှိန်အဝါကြီးတဲ့ သူရဲကောင်းတစ်ယောက်ဟဲ့'' ယိလင်သည်အလွန်ဒေါသထွက်လျက် သည်းမခံနိုင်စွာရန်တွေ့လေ၏။
''ရန်မဖြစ်ပါနဲ့အမတို့ရယ်။ လင်ယန်ပြန်လာရင် ဆူနေလိမ့်မယ်'' ဂျာပေါင်သည်ကြားထဲမှနေ၍ ဖျောင်းရပြန်သည်။
ထိုနှစ်ယောက်သည်ရန်ထပ်မဖြစ်တော့ပဲ တစ်ယောက်နှင့်တစ်ယောက်စွေစောင်းကြည့်နေကြ၏။လင်ယန်နှင့်ယိရှောင်သည် ချိုသာစွာပြုံးလျက်အဆောင်တွင်းသို့ဝင်လာသည်ကို တွေ့လိုက်ရသည်။
''သတင်းကောင်း သတင်းကောင်းတွေပါတယ်''
ယိလင်သည်စိတ်လှုပ်ရှားစွာဖြင့် အမ,နှစ်ယောက်နားသို့ပြေးသွားကာ တပတ်ပြည့်အောင်လှည့်ပတ်ပြီးမေးလေ၏။
''ဘာလဲ? ဘာသတင်းကောင်းလဲဟင်?''
လင်ယန်ဟာပြုံးလျက်
''ဒီနှစ်အိမ်ရှေ့စံက ဘာဘေရိယန်တွေကို နှိမ်နှင်းနိုင်ခဲ့တာကြောင့် ဧကရီမယ်မယ်ကြီးက ဒီနှစ်လ,မုန့်ပွဲတော်မှာဂုဏ်ပြုပွဲတော်ကိုကျင်းပပေးမယ်တဲ့။အဲ့ဒီ့ပွဲတော်မှာ နန်းတွင်းအမှုထမ်းတွေကို သူတို့မိသားစုတွေနဲ့ပြန်စုံတွေ့ခွင့်ပါပေးမယ်တဲ့!။''
''တကယ်လား?တကယ်လူတိုင်းကို မိသားစုနဲ့တွေ့ခွင့်ပေးမှာလား?ငါကောတွေ့ရမှာလား? ''
''ဒါပေါ့! လူတိုင်းသူတို့မိသားစုနဲ့ နာရီနည်းနည်းလောက်တွေ့ခွင့်ရလိမ့်မယ်။ အဲ့အချိန်ကျရင်နန်းတော်က စီစဉ်ပေးမှာပေါ့။အသေးစိတ်ကိုကြေငြာစာကပ်ထားပေးတယ်''
''ကောင်းလိုက်တာ! မယ်မယ်ကြီးကအရမ်းကြင်နာတတ်တာပဲ!''လူတိုင်းဟာ အိမ်နဲ့ဝေးလာတာနှစ်အနည်းငယ်ကြာနေကြပြီဖြစ်တာကြောင့် ဒီသတင်းကြားလိုက်ရတဲ့အခါမှာ အရမ်းကိုစိတ်လှုပ်ရှားနေကြသည်။သူတို့အတွက်မိသားစုနှင့်ပြန်တွေ့ရမယ်ဆိုတဲ့သတင်းလောက် ကောင်းတဲ့သတင်းမရှိနိုင်ပေ။
တစ်ခဏအတွင်းမှပဲ သတင်းဟာပျံနှံ့သွားကာ ကြားရတဲ့လူတိုင်းက ဧကရာဇ်ရယ်ဧကရီမယ်မယ်ကြီးရယ် သူတို့ရဲ့သားတော်တို့၏ကြင်နာတတ်မှုကို ချီးမွမ်းထောပနာပြုကြလေသည်။
ဤသို့ဖြင့် အိမ်ရှေ့စံ၏သတင်းမှားတွေဟာ တဖြည်းဖြည်းပျောက်ကွယ်သွားလေ၏။နောက်ပိုင်းမှာတော့ ချွဲအိမ်တော်မှခလေးငယ်လေး၏ ချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပေါ်ထွက်လာပြန်လေရာ လူတွေ၏အာရုံစိုက်မှုတွေဟာလဲ တစ်ဖက်ကိုပြောင်းသွားကြပြန်၏။
ဂျာပေါင်ဟာ သတင်းကြားပြီးထဲကစိတ်အတော်လေးလှုပ်ရှားနေခဲ့ကာ အိပ်ရာဝင်တဲ့အထိသူဟာ စဉ်းစားလို့မဆုံးနိုင်ဖြစ်နေရသည်။
လင်ဂျာရွာကသူတွေကကော ဒီသတင်းကိုကြားပါ့မလား?ကြားတယ်ဆိုရင်တောင် လာဖို့ဖြစ်နိုင်ပါ့မလား? သူတို့တောင် လ,ဝက်နီးပါးလာခဲ့ရတာ သူ့မိသားစုကလာရင်ရောဘေးကင်းကင်းနဲ့လာနိုင်ပါ့မလား?ခရီးစရိတ်ကော လုံလုံလောက်လောက်ရှိပါ့မလား?
ဂျာပေါင်တွေးလေလေ အိပ်မရလေဖြစ်လေပါပဲ။ဒါကြောင့် အိပ်ရာမှထလိုက်ပြီး တစ်ဖက်အခန်းမှ လင်ယန်ဆီကိုလျှောက်လာကာ တံခါးကိုခေါက်လိုက်၏။
''လင်ယန် အိပ်နေပြီလား?''
''အန်ဇူ ဘာဖြစ်လို့လဲ? အိပ်မရလို့လား''
လင်ယန်ကတံခါးဖွင့်ပေးပြီးနောက်
''လာ ဝင်လာခဲ့''
''ဘာဖြစ်လာလို့လဲ?ပြောပါဦး'' လင်ယန်ဟာ အန်ဇူရဲ့မျက်နှာရိပ်ကိုအကဲခတ်ပြီးနောက်မေးလိုက်၏။
ဒီနှစ်,နှစ်အတွင်းမှာအန်ဇူဟာ သူမကိုသူ့ရဲ့ဆွေမျိုးရင်းအမကြီးသဖွယ်ဆက်ဆံလာကာ သူပူပင်နေသည့်အကြောင်းအရာအားလုံးကိုပြောပြလာတတ်သည်။
''ပြောပါဆို ဘယ်လုပ်ချင်တယ်ဆိုတာကို?''
''စိတ်မပူပါနဲ့ ဘယ်လိုလုပ်ရမလဲဆိုတာ ကူစဉ်းစားပေးမယ်ညဟုတ်ပြီလား'' လင်ယန်တို့မိသားစုဟာ နန်းတွင်းမျိုးရိုးတွေလဲဖြစ်သလို ပေဂျင်းမှာပဲနေတာဖြစ်တာကြောင့် ဂျာပေါင်လောက်စိတ်သောကမရောက်ရပေ။
''စိတ်မပူပါနဲ့ ဒီလိုလုပ် မင်း,မင်းမိသားစုကိုစာရေးလိုက် ပြီးရင်ငွေစပါထည့်ပေးချင်ထည့်ပေးလိုက်ပေါ့။ ငါနန်းတွင်းက အသိတစ်ယောက်ကိုအကူညီတောင်းပြီး မင်းအိမ်ကိုပို့ခိုင်းလိုက်မယ်လေ''
''တကယ်လား အဲ့လိုပို့ခိုင်းလို့ရတာလား?''အန်ဇူဟာ မလွယ်ကုမှန်းသိတာကြောင့် မယုံနိုင်စွာမေးမိ၏။
''ရတာပေါ့ ဒါပေမဲ့ပုံမှန်ဆိုရင်တော့ အဲ့လိုအကူညီတောင်းရင်မရဘူးပေါ့။ စည်းကမ်းချက်လဲရှိတာကို မိရင်အပြစ်ပေးခံရတာပေါ့ ဒါပေမဲ့လဲရင်းနှီးတဲ့သူဆိုရင်တော့လဲ အချင်း ချင်းနားလည်မှုပေးတာမျိုးပေါ့လေ''
''ကျေးဇူးအများကြီးတင်ပါတယ်,စာရေးပြီးရင်ပြန်လာခဲ့မယ်နော်'' ဂျာပေါင်ဟာ လျင်မြန်စွာအခန်းတွင်းမှထွက်သွားလေ၏။
ညလုံးပေါက်နီးပါးစာရေးနေခဲ့ပြီးနောက် ယိရှောင်ချုပ်ထားပေးသော ပိုက်ဆံအိတ်အတွင်းမှပိုက်ဆံအားလုံးကိုပါထည်ပေးလိုက်တော့၏။သူကနန်းတွင်းမှာနေတာမလို့ ပိုက်ဆံမလိုဘူးလေ သူ့မိသားစုကတော့သူ့ထပ်ပိုပြီးငွေလိုအပ်မှာလေ..။
နောက်တစ်နေ့မနက်မှာတော့ဂျာပေါက်ဟာ သူထုတ်ထားတဲ့အထုပ်နဲ့အတူ လင်ယန်ဆီကိုရောက်လာခဲ့ပြီး နောက် သူ,ရေးထားသောစာထဲတွက် မရေးတတ်၍ကျန်ခဲ့သော စာအချို့ကိုမေးမြန်းပြီး ထပ်ဖြည့်ရေးပေးရန်တောင်းဆိုလေသည်။
အားလုံးပြီးဆုံးသွားတော့ ဂျာပေါင်ဟာသူ့ရဲ့အပူလုံးကြီးကျသွားပြီးနေစိတ်အေးလက်အေးဖြင့် လ,မုန့်ပွဲ တော်ရက်ကိုရေတွက်ရင်း သူ့မိသားစုကိုစောင့်ရန်သာရှိတော့လေ၏။
လင်ယန်ဟာလဲမဆိုင်းမတွပဲ အိမ်ရှေ့စံ၏လျှို့ဝှက်ကိုယ်ရံတော်ဆီသို့ ပေးအပ်လိုက်လေသည်။
ဂျာပေါင်ရဲ့အိတ်ထုပ်လေးဟာ အိမ်ရှေ့စံ၏စားပွဲပေါ်တွင် အကျအနနေရာယူထားလေရဲ့....။ရွှမ်းရန်ဟန်ချန်းဟာ စာအိတ်ကိုဖွင့်ဖတ်ရင်းပြုံးမိလေ၏။တကယ်တော့ စာဆိုတာထက် ရှေ့စာမျက်နှာဟာ ပုံဆွဲထားခြင်းကသာနေရာပိုယူထားသည်။
လူငယ်လေးတစ်ယောက်မုန့်ဖုတ်နေဟန်ကို ဆွဲထားခြင်းဖြစ်ပြီး ဒါကအတော်လေးအသက်ဝင်လေသည်။လွတ်နေသောနေရာလေးတွင် 'အဖေ၊အမေ၊အမကြီး၊ယောက်ဖ၊အကိုကြီး၊မရီး၊ဒုတိယအမကြီး၊ညီလေးနဲ့ညီမလေး သတိရတယ်'ဟုရေးသားထား၏။
ဒုတိယစာမျက်နှာတွင်တော့စာတွေသာများပြီး အချို့ကိုလင်ယန်ရေးထားတာဖြစ်သည်။အနာဂတ်မှာသူ့ရဲ့ခလေးကို စာလုံးရေများများသင်ပေးရမည်ဟု စဉ်းစားမိလေသည်။ပြီးတော့ သူ့ရဲ့အကောင်ပေါက်လေးဟာ ပန်းချီရေးသားရာအလွန်ပါရမီပါသူဖြစ်တာကြောင့် ဒီခလေးသာအလိုရှိရင်အနာဂတ်မှာ ပန်းချီပညာကိုလဲဆက်လေ့လာခိုင်းရမည်။
ယေဘူယျအားဖြင့် စာထဲ၌သူနန်းတော်မှာနေရတာအဆင်ပြေကြောင်း ဧကရီကိုသီးသန့်အစာပြေဆက်သရသောအဆောင်တွင်အမှုထမ်းနေကြောင်း သူကိုယ်တိုင်လဲမုန့်လုပ်ပြီး မယ်မယ်ကြီးကိုဆက်သနေပြီဖြစ်ကြောင်း အတူနေအမတွေနှင့်လဲဆက်ဆံရေးကောင်းကြောင်း အထူးသဖြင့် အကြီးဆုံးအမကြီးက သူ့ကိုဂရုစိုက်ကြောင်း
သူ့ကိုစိတ်ချဖို့နှင့် မိသာစုကိုသတိရနေကြောင်း မုန့်လုပ်နည်းတွေအများကြီးတတ်နေပြီဖြစ်တာကြောင့် နန်းတော်မှထွက်ခွာခွင့်ရခဲ့ရင် သရေစာမုန့်ဆိုင်ဖွင့်မည်ဖြစ်သလို မိသားစုဝင်တွေကိုလဲလုပ်ကျွေးမည်ဖြစ်ကြောင်း အခုတော့ ဒီအားလပ်ရက်လ,မုန့်ပွဲတော်မှာ သူ့ကိုလာတွေ့ဖို့ရေးသားထားလေသည်။
ရွှမ်းရန်ဟန်ချန်း စာကိုအဆုံးထိဖတ်ပြီးနောက် သူ့မျက်နှာသည်အလွန်ကိုမည်းမှောင်သွားတော့၏။ဒီဘဝမှာ သူ့ခလေးကသူ့ကိုချန်ထားခဲ့ပြီး နန်းတော်ကထွက်ဖို့ကြံနေတာပဲ....မဖြစ်နိုင်လိုက်တာ!
Advertisement
- In Serial6 Chapters
Inked & Pierced (LGBT)
Premier body modification artist Megara Sutton is readying for the annual Inked & Pierced con even though she'd rather do anything else. Her three studios are doing well and she's made a name for herself, but something's missing despite her loyal group of friends and fans. While helping plan for cousin's wedding, Meg's perfect woman walks in the door and is headed in the same direction she is. The two decide to travel together and see what the next two weeks might bring them. Only, will two weeks be long enough? Copyright © 2020 Graceli Kaye - All Rights Reserved The VAC Chronicles characters and storylines are the intellectual property of Author Graceli Kaye. None of the novels, characters, nor parts of thereof may be reproduced, scanned, or distributed by any means, either printed or electronic, without the express written permission and cooperation of the author.
8 197 - In Serial16 Chapters
Two Dimensions (Larry Stylinson)
19 year old Louis Tomlinson is popular in school for one reason, he goes out of his way to talk to and befriend every person he meets. 17 year old Harry Styles is the socially awkward new kid, who's socially indecisive and has trouble talking to people. Of course, when Louis and Harry meet, they instantly become friends, Louis helping Harry to come out of his shell in this new environment. Everything changes when the both of them are suddenly thrown into a universe not too dissimilar to our own where One Direction exists, and in the bodies of international pop sensations, they find fitting in even harder than in high school.
8 74 - In Serial41 Chapters
My fiance /Vkook(Taekook) ✔️
Jungkook :Seriously you think I wouldn't know someone is invading my privacy at this stage of my life .Kim taehyung is an engineer and CEO of Kim cooperation who is now engaged to Jeon jungkook ceo of Jeon company without his knowledge ..
8 148 - In Serial14 Chapters
The Photobooth; rodrick x reader♡
between moving to Plainview, having to babysit Manny and Greg Heffley and having a slight crush on Rodrick Heffley, what could go wrong?!! I do not own the diary of a wimpy kid characters, i only own the plot of this story !!____𝘚𝘵𝘢𝘳𝘵𝘦𝘥 : 𝘢𝘱𝘳𝘪𝘭 21, 2020𝘍𝘪𝘯𝘪𝘴𝘩𝘦𝘥 :____this is also my very first story so i hope you like it ♡
8 191 - In Serial48 Chapters
Life in a Spiral.
Some love stories have unexpected beginnings. Some love stories have unexpected endings.A life changing episode changes the life of Rohan and Anjali when Anjali's sister dies tragically succumbing to Cancer. Fate couldn't tie the knots between Rohan and his long term girlfriend Aisha. He knows to keep his promises and gets married to his girlfriend's sister, Anjali. Anjali's life changed as if she was in a spiral of keeping her promise to her sister and her responsibilities. Read my book to see how the story evolves between Anjali and Rohan. #55 in unrequited may 2/2020#1 Kolkata... june 3/2020#17 India... june 29/2020#1 Watty... november 2/ 2020#1 unrequited July 8/2022Started: 21st March, 2020Completed: 24th August, 2020This book is in editing phase.
8 191 - In Serial47 Chapters
The MaAn Journey
It is my first fanfiction...This is a story of anupama after she divorced vanraj and moved out of shah house...how she build back her life..how she met anuj kapadia. It is a bit different from the story of the anupamaa serial with a few added characters.
8 136

