《မင်းကို ချစ်မဝသေးလို့(BL Novel,Myanmar tran)》Ep-6 Unicode
Advertisement
မိဖုရားကြီး၏ဂုဏ်ပြုခံရသောအဆောင် (ယွိရှန်းဖန်)
ယွိရှန်းဖန်နှင့်အတော်လှမ်းသည် ရှီလီနန်းဆောင်ကိုသွားရမှာဖြစ်တာကြောင့်နောက်နေ့မနက်မှာတော့ လင်ယန်တစ်ယောက် အစောကြီးအိပ်ရာထကာပြင်ဆင်ရလေ၏။
''အမလင်ယန် ဒီနေ့အစောကြီးနိုးနေတာလား!''မနက်အလှည့်တာဝန်ကျတဲ့ယိရှောင်ဟာ လင်ယန်ကိုမြင်လိုက်ရတာကြောင့် အရိုသေပေးရင်းစကားဆို၏။
''အင်း,ဒီနေ့နန်းတော်ထဲကို လူသစ်တွေခွဲပေးမယ်လေ အဲ့ဒါငါလဲတစ်ယောက်လောက်သွားခေါ်မလို့။သိတဲ့အတိုင်း ငါကလမ်းလျှောက်တာနှေးတယ်လေ အဲ့ဒီ့တော့စောစောထရတာပေါ့ဟာ''
တကယ်တမ်းလင်ယန်ပြောချင်တာက ငါမနေ့ကပိုက်ဆံတွေအများကြီးလက်ခံလိုက်မိတယ်အေ။ အဲ့ဒီ့တော့ခိုင်းတဲ့ကိစ္စတစ်ခုခုလွဲမှားသွားရင် ငါဘယ်လိုဆင်ခြေပေးရမှန်းမသိဘူးရယ် ဟုဖြစ်လေသည်။
''လူသစ်,အမအရင်ကပြောတော့ ဒီနှစ်လူသစ်မခေါ်သေးဘူးဆို?''
ယိရှောင်ရဲ့ဒွိဟဖြစ်နေတဲ့အတွေးကို နားလည်နေတဲ့လင်ယန်က ''နင် မနေ့က ငါ့ဆီအဘိုးကြီးယွင်ဖူလာသွားတာတွေ့တယ်မလား။သိတဲ့အတိုင်း ငါနဲ့ယွင်ဖူက အဆက်ဆံမရှိတော့တာ မနည်းကြာနေပြီလေ။ဒါပေမဲ့ သူက ရုတ်တရက်ရောက် လာပြီး ငါ့ကိုလူသစ်တစ်ယောက်ခေါ်ထားပေးဖို့ပြောတယ်။သူ့နောက်ကွယ်မှာ အိမ်ရှေ့စံသာမရှိရင် သူ,ဒီလိုအကူညီတောင်းမှာမဟုတ်ဘူး။ဒီတော့ ငါလဲငြင်းလို့မှမရတာ လက်ခံရမှာပေါ့။ငါ့ကိုလဲနည်းနည်းပါးပါးကူညီဦးနော်။ သြော်..ပြီးတော့ ဒီအကြောင်းကို ဘယ်သူ့မှလျှောက်ပြောမနေနဲ့ဦးကြားလား''
''နားလည်ပါပြီ,ကျမ ယောင်လို့တောင်မပြောဘူးလို့အာမခံပါတယ်'' ယိရှောင်သည် သူ့ကိုယ်သူအာမခံနေခဲ့ပြီး လင်ယန်သည်လဲ အပြည့်အဝယုံကြည်လေ၏။
''မနက်စာ မစားသွားတော့ဘူးလား?''
'မစားသွားတော့ဘူး ပြန်လာမှပဲစားတော့မယ် နောက်ကျနေပြီ။ပြီးတော့ ယိရှောင် အမဘေးကအခန်းလွတ်ကို နည်းနည်းရှင်းလင်းပြီး အိပ်ရာနဲ့လိုတဲ့ပစ္စည်းလေးတွေထည့်ထားပေးပါဦးနော်။အခုခေါ်လာမဲ့ခလေးက ဒွိလိင်လေးဆိုတော့ နင်တို့နဲ့ အတူထားဖို့ကလဲခက်တယ်လေ'' ယိရှောင်၊ ယိရန် ရယ်၊ ယိလင် ရယ်ဟာ အခန်းတစ်ခန်းထဲအတူနေကြပေမဲ့ အိပ်ရာတော့တစ်ယောက်စီခွဲအိပ်ကြသူတွေဖြစ်၏။
''အမ,သွားစရာရှိတာသာသွားပါ ရှင်းထားလိုက်ပါ့မယ်''
လင်ယန်သည် အတော်တန်ဝေးသည့် ရှီလီနန်းဆောင်သို့သွားသောလမ်းတွင် တခဏလေးတောင်မနားနိုင်ပဲ သုတ်ခြေတင်သွားလေ၏။
''လင်ယန် ဘယ်လိုဖြစ်ပြီးဒီရောက်နေတာလဲ?''ရှီယန်သည် ရှီလီနန်းဆောင်တွင်လင်ယန်ကို မထင်မှတ်ပဲတွေ့လိုက်ရတာကြောင့် ရပ်ကာမေးလိုက်သည်။
''အိုး ရှီရှီ မင်းပဲ!နင်ကတော့အမြဲတမ်းကြည့်ကောင်းနေတော့တာပါပဲ။ တစ်ယောက်ယောက်များ လူလာရွေးပြီးပြန်သွားပြီလား ငါအနည်းနည်းအလုပ်များပြီး နောက်ကျသွားလားကွယ်!'' လင်ယန်က ချီးမွမ်းနှုတ်ဆက်ရင်းစကားဆိုလိုက်၏။
'ဟင်းဟင်း! လင်,အမ ကိုဘယ်သူကမသိပဲနေမှာလဲ?။အမလိုချင်တဲ့သူကို တစ်ယောက်ယောက်လွှတ်ပြီးပြောခိုင်းလိုက်ရင် ရှီရှီ(ရှီယန်)ထည့်ပေးလိုက်တာပေါ့။ကိုယ်တိုင်လာစရာမလိုပါဘူးအမရယ်''
လင်ယန်ဟာဧကရီမယ်မယ်ကြီးအဆောင်တွင် အတော်အတန်မြှောက်စားခံရသော ရံရွေတော်ကြီးဖြစ်တာကို ရှီယန်သိတာကြောင့် မဆန့်ကျင်ဝံ့ဘဲရွင်ပျစွာအလျင်မြန်လောကွတ်ပြုလိုက်သည်။''ပြီးတော့ ဘယ်ကိုမှလူ,ခွဲမပေးသေးရပါဘူး အမ,လင် လိုချင်တဲ့သူကို အရင်ရွေးယူထားလိုက်ပါ။''
''အိုး...အာနာဖို့ကောင်းလိုက်တာ'' လင်ယန်သည် ယဉ်ကျေးစွာဆိုရင်း ရှီယန်နောက်မှလူသစ်တွေကိုကြည့်လိုက်၏။
လင်ဂျာပေါင်ဟာ လူကောင်သေးတာကြောင့် ကြီးစဉ်ငယ်လိုက်စီရာတွက် ရှေ့ဆုံးတန်းမှနေရာရလေသည်။ပြီးတော့ သူ့ရဲ့ပါးချိုင့်နှစ်ဖက်ရယ် ကြီးမားကြည်လင်သောမျက်ဝန်းတောက်တောက်လေးတွေကြောင့် အများကြားထဲတွင်အလွယ် တကူရှာလို့ရနိုင်လေ၏။.
ရှီယန်သည်လဲ လင်ယန်တစ်ယောက် လင်ဂျာပေါင်အား အကဲခတ်နေတာကို ကြည့်နေသည်။
''လင်ယန်တို့အဆောင်ကအဆင်ပြေတယ် ။ရွေးချယ်ခံရရင်တော့ ကောင်းချီး ပေးခံရတာပဲ။''
လင်ယန်ဟ ဂျာပေါင်တို့အတန်းကိုလက်ညိုးညွှန်လိုက်ပြီး
'' သူတို့အတန်းရဲ့ နာမည်တွေကိုသိလို့ရမလား?''
''အန်းဖင် မင်းကစပြီးပြောပြလိုက်''
ရှီယန် ညွှန်ကြားလိုက်၏။
မကြာမီ လင်ဂျာပေါင်အလှည့်သို့ရောက်လာလေသည်။
''အမှုထမ်း လင်အန်းဇူ(ကျူ)ပါ။ အသက်၁၂ နှစ်ရှိပါပြီ'' သူတို့တစ်အုပ်စုလုံးဟာ အန်းဇီ'အဆောင်၏ မျိုးဆက်တွေဖြစ်တာကြောင့် နန်းတွင်းနာမည် ပြောင်းလဲရာတွင် လင်ဂျာပေါင် သည် လင်အန်းဇူ(ကျူ)ဟုပြောင်းခဲ့၏။
''လင်..မျိုးရိုး လင်ပေါ့လေ ဘယ်လောက်တိုင်ဆိုင်တာလဲ! မင်း ချက်ပြုတ်တတ်လား!''လင်ယန်မေးလိုက်သည်။
''နည်းနည်း...နည်းနည်းတော့ချက်တတ်ပါတယ်'' လင်ဂျာပေါင်ပြန်ဖြေလိုက်၏။
''ဟင်းဟင်း ရတယ်ရတယ်!ရှီရှီအမလဲအကြာကြီးရွေးပြီး မင်းကို အချိန်ဖင့်စေမှာဆိုးတယ်ကွယ် သူ့ကိုပဲခေါ်သွားတော့မယ် မင်းစီစဉ်စရာရှိတာစီစဉ်ပေးပါဦး''
''ရပါတယ် အချိန်မဖင့်ပါဘူး။ အမ,လင် ရွေးချင်ရင်ထပ်ရွေးပါဦး''ရှီယန်သည် ယဉ်ကျေးစွာဆို၏။
''ရပါတယ်။အမ လုပ်စရာရှိလို့ပြန်သွားရမယ် မင်းလဲအားတာမှမဟုတ်တာ ကျေးဇူးတင်ပါတယ်ကွယ်'' လင်ယန်ဟာ သူ့လက်ကိုခါရင်းပြော၏။
''လင်ယန်အကြီးကဲ နောက်ကိုဖြည်းဖြည်းလိုက်သွားလိုက်'' ရှီယန်သည် လင်အန်းဇူအမှုထမ်းမည့်နေရာကို စာရင်းယူပြီးနောက် လင်ယန် နောက်သို့လိုက်သွားစေ၏။
ကျန်ခဲ့သော အမှုထမ်းငယ်တွေသည် သူတို့ထွက်သွားကြတာကို မနာလိုစွာဖြင့်ကြည့်နေခဲ့ကြလေသည်။ရှီလီနန်းဆောင်မှပြန်ထွက်လာတော့ လင်ယန် သူမ,နောက်မှလိုက်ပါလာသော လင်အန်းဇူအား သေချာကြည့်ရင်း
''အန်းဇူး မင်းနာမည်အရင်းကဘာလဲ?ဘယ်ကလာတာလဲ?မင်းမိဘတွေဇာတိကကော?''
''ကျတော့နာမည်အရင်းက လင်ဂျာပေါင်ပါ။ပိုင်စီရင်စုကပါပဲ။မိဘတွေနဲ့ပဲအတူနေပါတယ် ။ဇာတိက ပိုင်မြို့နဲ့သိပ်မဝေးတဲ့ရွာတစ်ရွာကပါ'' သူက အခုလင်အန်းဇူဖြစ်နေပေမဲ့ သူ့မိဘတွေပေးခဲ့တဲ့ လင်ဂျာပေါင်ဆိုတဲ့နာမည်ကိုပဲ သူသဘောကျတာပါ။ဒါပေမဲ့လဲ ရှီအကြီးကဲက နန်းတွင်းနှင့်အံ့ဝင်ခွင်ကြရှိစေရန်အတွက် လင်အန်းဇူ ဟုနာမည်ပြောင်းပေးခဲ့လေသည်။
''ဂျာပေါင်,ဒီနာမည်လဲကောင်းပါတယ်။ဒါပေမဲ့ နန်းတွင်းစည်းကမ်းအရဆိုရင်တော့ အန်းဇူလို့ခေါ်ရမှာပဲပေါ့ ဘယ်တတ်နိုင်ပါ့မလဲနော့'' လင်ယန်ဟာ သူဘာမှအမှားမလုပ်ခဲ့ဘူးဆိုတာကို သေချာစေရန်စစ်ဆေးနေခြင်းဖြစ်၏။
''အန်ဇူ နားလည်ပါတယ်'' အန်ဇူသည်သက်ပျင်းချလျက် စိတ်အေးလက်အေးဖြင့်ပြောလိုက်သည်။
''အဆင်ပြေမှာပါ။မကြောက်နဲ့နော်။ မင်းလဲတွေ့တဲ့အတိုင်း ငါတို့မျိုးရိုးဆင်တူပဲလေ။ ဒါဘယ်လောက်တိုက်ဆိုင်ထားလဲ!ငါတို့အခုသွားမှာက 'ယုံရှောင်နန်းဆောင် 'လေ ဧကရီမိဖုရားကြီးအတွက်ပဲ သီသန့်လုပ်ကိုင်ပေးရတဲ့မီးဖိုဆောင်ပေါ့။ဧကရီမိဖုရားကြီးတစ်ယောက်အတွက်ပဲဆိုတော့ ဘာမှထွေထွေ ထူးထူးလုပ်စရာတော့မရှိပါဘူး။အဲ့ဒါကြောင့် အမှုထမ်းလဲ များများစားစားမရှိဘူးရယ် မင်းနဲ့မှ၄ယောက်လောက်ပဲရှိမှာပါ။''
''ဟုတ်ကဲ့ ကျနော်ကြိုးကြိုးစားစားလုပ်ပါ့မယ်''
လင်အန်ဇူသည် မျက်နှာငယ်လေးဖြင့်ပြောလာ၏။။
''လိမ္မာတဲ့ကောင်လေးပဲ'' ဂျာပေါင်ရဲ့ခေါင်းလေးကိုထိကိုင်ရင်းဆိုလေသည်။လင်ယန်နှင့် လင်ဂျာပေါင်တို့အတော်ကြာလမ်းလျှောက်ပြီးနောက် ယွိရှန်းဖန်သို့ရောက်လေ၏။
''လင်ယန် ပြန်လာပြီလား'' ယိရန်သည် အရိုသေပေးရင်း သူ့နောက်က လင်ဂျာပေါင်ကိုကြည့်လိုက်၏။
''အော် အော် ဒါလေးကအသစ်လေးပေါ့"
ယိလင်သည်လဲ စပ်စုလေသည်။
''ဟုတ်တယ် ဒါငါတို့နန်းဆောင်ရဲ့ အစေခံအမှုထမ်း အသစ်လေး အန်းဇူပဲ'' နောက် လင်ယန်သည် တစ်ယောက်ချင်းစီကိုမိတ်ဆက်ပေး၏။
''ဒါက ယိရှောင်၊ယိရန် ပြီးတော့ အငယ်ဆုံး ကျောက်စိမ်းဝိညဉ်လေး ယိလင်''
''မင်္ဂလာပါ အမယိရှောင်၊အမယိရန်၊အမယိလင်''လင်ဂျာပေါင် သည်တစ်ယောက်ချင်းစီအားယဉ်ကျေးစွာနှုတ်ဆက်လေ၏။
''ဟီးဟီး ငါဒီနေ့ကစပြီးအငယ်ဆုံးမဟုတ်တော့ဘူး။အန်းဇူ အသက်ဘယ်လောက်ရှိပြီလဲ?'' ယိလင်က အားရဝမ်းသာမေးလေသည်။
''၁၂နှစ်ရှိပါပြီ'' ဂျာပေါင်က သူ့ရဲ့မျက်လုံးဝိုင်းဝိုင်းတို့ဖြင့် ယိလင်ကိုကြည့်ပြီးဖြေလိုက်၏။
''၁၂နှစ်လား မင်းကအရမ်းချစ်ဖို့ကောင်းတာပဲ!အား ပါးချိုင်းလေးနဲ့ဟ!''ယိလင်ဟာ ပြောနေရင်းအူယားစွာနဲ့ မျက်နှာသေးသေးလေးကိုဖျစ်ညစ်လိုက်သေးသည်။
Advertisement
''ဟဲ့ အခုမှအသစ်ရောက်လာတဲ့သူကို အနိုင်ကျင့်မနေစမ်းနဲ့ သွားလုပ်စရာရှိတာသွားလုပ်တော့!ယိရှောင် အန်ဇူကို သူနေရာမယ့်အခန်းကိုလိုက်ပြပေးလိုက်''
''နားလည်ပါပြီ''
ယိရှောင်ဟာ အန်ဇူကိုခေါ်သွားပြီးသူနေရမယ့် မီးဖိုဆောင်တစ်ဖက်က တစ်ယောက်ခန်းအခန်းသေးလေးဆီခေါ်သွားလေ၏။
''ဒါ မင်းနေမယ့်အခန်းပဲ လိုအပ်တာတော့ဖြည့်ပေးထားတယ် ဘာတွေလိုနေသေးလဲကြည့်လိုက်ဦးနော်''
လင်ဂျာပေါင် သူ့အခန်းဆိုတဲ့အခန်းငယ်လေးကိုကြည့်နေမိ၏။အခန်းဟာ မကျယ်ပေမဲ့သပ်ရပ်နေသည်။ခုလင်ရယ်၊အဝတ်ဗီရိုတစ်လုံးရယ်အပြင် ပြားတင်းပေါက်ဘေး၌ စားပွဲရာ်ကုလားထိုင်ရယ်ပါရှိလေ၏။ ပရိဘောဂတွေဟာလဲ လှပသေသပ်ပြီးတော့အသစ်တွေပဲဖြစ်ကာ အစစအရာရာပြည်စုံနေလေသည်။
လင်ဂျာပေါင်ဟာ ပျော်ရွင်စွာဖြင့် ''ဒီအခန်းက အရမ်းကောင်းပါတယ် ဘာမှထပ်မလိုတော့ပါဘူး''
''မင်းပစ္စည်းတွေနေရာချလိုက်ပါဦး ပြီးတော့မင်းမြန်မြန်နေသားကျသွားဖို့ကြိုးစားရမယ်နော်'' အန်ဇူသည်လဲ ဒီလိုပဲစိတ်ကူးရှိလေသည်။
သူတို့ပိုရင်းနှီးလာဖို့အတွက် နေ့လည်စာအတူစားကြ၏။သူတို့စားတဲ့ အစားစာက သုံးမျိုးစပ်အသီးရွက်ဟင်းပွဲတစ်မျိုးဖြစ်ပေမဲ့လဲ အရမ်းကိုအရသာရှိလေသည်။
'အန်းဇူ မင်းများများစားသင့်တယ်''ဟုဆိုတာ ယိရှောင်က အသားဖက်အချို့ကို အန်ဇူပန်ကန်ထဲသို့ထည့်ပေး၏။
''အာ..အမယိရှောင် ကျေးဇူးအများကြီးတင်ပါတယ်'' အန်းဇူဟာ ပါးလေးမို့တက်နေသည်အထိ ပြုံးရယ်ကာကျေးဇူးတင်စကားဆိုလေသည်။
အားလုံးဟာ သူ့ရဲ့ချစ်သဖွယ်အမူယာလေးကိုကြည့်ရင်း သဘောကျစွာရယ်ကြ၏။နေ့လည်မှာတော့လင်ဂျာပေါင်ဟာ လင်ယန် အသာပြေမုန့်အချို့လုပ်နေတာကို ဘေးကနေေ့လာလေသည်။
လင်ယန်သည်လဲ အစမ်းမလုပ်ကြည့်စေဘဲ အရင်နားလည်အောင်ကြည့်စေခါ အသေးစိတ်ရှင်းပြ၏။
ယိရန်ဟာ ယိရှောင်ကိုသူမဖက်ဆွဲလိုက်ပြီး တိုးတိုးကပ်ပြောလိုက်သည်။'' အန်ဇူကိုကြည့်ကြည့်စမ်း ဒီနေ့မှစရောက်တာကို နင့်ကိုယှဉ်ဖို့ကြိုးစားနေပြီ''
တကယ်တော့ ယိရန်ဟာ ယိရှောင်ကိုလင်ယန်က အစာပြေမုန့်လုပ်နည်းကိုသင်ပေးနေတုန်းက အတော်လေးမနာလိုဖြစ်နေခဲ့ပေမဲ့ သူမ,ဘာတစ်ခုအထွန့်တက်ပိုင်ခွင့်မရခဲ့ပါဘူး။ဘာလို့လဲဆိုတော့ ယိရှောင်ရဲ့အချက်ပြုတ်စွမ်းရည်ဟာ သူမထက်အများကြီးကောင်းနေလို့ပါပဲ။
ဒီလူသစ်လေးဟာ အခုရောက်ရောက်ခြင်းမှာပဲ အားလုံးရဲ့ချစ်ခင်မှုကိုရအောင်လုပ်နိုင်ခဲ့သည်။လင်ယန်ကလဲအတူတူပါပဲ ဒီကောင်ငယ်လေးကိုအရမ်းအလေးပေးလွန်းတယ်။ အန်ဇူရဲ့မျက်နှာလေးကိုစေ့ စေ့ကြည်းရင်းတွေးနေလေ၏။
ယိရှောင်သည် ယိရန်၏သဘောထားကိုသိနေပြီးသားသူဖြစ်တာကြောင့် ထွေထွေထူးထူးပြောမနေပဲ လျစ်လျူရှုလျက်လုပ်စရာရှိတာကိုသာဆက်လုပ်နေလိုက်သည်။
ယိရန်ကလဲ သူမအားလျစ်လျူရှုရမလားဆိုပြီး ငြီးငြူလေ၏။
လင်ယန်ကနွားနို့ကြက်ဥပူတင်းကိုလုပ်နေတာဖြစ်ပြီး ယိလင်ကအသား ကင်လုပ်ဖို့ပြင်ဆင်နေတာဖြစ်သည်။လင်ဂျာပေါင်က သူတို့လုပ်သမျှကိုသေချာကြည့်၍ တစ်ဆင့်ချင်းလိုက်မှတ်သားနေ၏။
ကြက်ဥကို အနှစ်နဲ့အကာခွဲလိုက် ကာ အနှစ်ထဲကိုသကြားနွားနို့ထည့်၍သကြားကြေအောင်မွှေပြီးနောက် အကာထဲသို့ဆားထည်ကာမွှေလိုက်သည်။အကာဖက်ကိုအတော်တန်မွှေပြီးသောအခါ မွှေထားသောကြက်ဥအနှစ်၊သကြား၊နွားနို့တို့ကိုရောထည့်လိုက်ကာပြန်မွှေပြန်၏။
ထိုသို့မွှေတဲ့အခါ စက်ဝိုင်းပုံမမွှေရပဲ တစ်ဖက်ထဲကိုသာခပ်မှန်မှန်မွှေရမည်ဖြစ်သည်။နောက်သကြားကြိုကာပုံစံခွက်အတွင်းသို့ လောင်ထည့်ပြီးနောက် အဆိုပါရေမွှေထားသောအနှစ်တို့ကိုလောင်းထည့်ပြီး တစ်နာရီနီးပါးလောက်ပေါင်းထားရ၏။
''နားလည်ရဲ့လား?''ဒါကမခက်ပါဘူး။ နည်းနည်းလေ့ကျင့်လိုက်ရင် မင်းလုပ်တတ်သွားမှာပါ။ပြီးတော့ ဒါက ဧကရီမိဖုရားကြီးအနှစ်သက်ဆုံး သရေစာလေ။ ဒါကြောင့်မကြာမကြာလုပ်ရတယ်'' လင်ယန်က အန်ဇူအားသိသင့်သည်ကိုပြောပြလေသည်။
''ကျနော် အကုန်သေချာမှတ်သားထားပါတယ်''
မကြာမှီမှာပဲ နွားနို့နဲ့တသင်းသင်းဖြင့်ကြက်ဥပူတင်းနံ့ဟာ မီးဖိုဆောင်အတွင်းသို့ပျံ့နှံ့လာ၏။
ယိလင်က ပေါင်အိုးထဲမှပူတင်းကိုထုတ်လာပြီး စာပွဲပေါ်တွင်အအေးခံထားလိုက်ပြီးနောက် ပန်ကန်ပြားတစ်ချပ်ပေါ်သို့ ဂရုတစိုက်မှောက်ချလိုက်သည်။
''ဒီလိုပန်ကန်ထဲထည့်တဲ့အချိန်မှာ ပုံစံမပျက်ဖို့ကိုအထူးသတိထားရမယ်။အဲ့ဒါမှ ပုံမပျက်ပဲလှလှပပလေးဖြစ်နေမှာလေ'' ယိလင်ကပဲ့ကျလာသော အပိုင်းစလေးကိုကြည့်ရင်း
''အင်း ဒီလိုပုံပျက်သွားရင်တော့ ငါတို့စားရတာပေါ့။ ဟားဟား!လာမြည်းကြည့်ရအောင်'' ဟုဆိုကာ အန်ဇူပါးစပ်ကို ခွံ့ကျွေးလေ၏။
''ယိလင်,ပြောင်ချော်ချော်ပြောနေတာကို နားထောင်မနေနဲ့ အဲ့လိုခဏခဏဖြစ်နေရင် မင်းအတွက်ကောင်းမှာမဟုတ်ဘူးနော်'' လင်ယန်ကပြုံးပြုံးလေးဖြင့် အမှန်တရားကိုထောက်ပြတော့သည်။
''ဒါကအရမ်းမွှေ အရမ်းနူးညံ့ပြီးအရမ်းအရသာရှိတာပဲ'' လင်ဂျာပေါင်ဟာ တကယ်ပဲ ဒီပူတင်းကိုကြိုက်နှစ်သက်သွားတော့၏။မျက်လုံးလေးတွေ မှိတ်ကြသွားတဲ့အထိပြုံးရယ်ရင်းပြောလေသည်။
ဂျာပေါင်အနာဂတ်မှာလဲ သူ,မုန့်လုပ်နည်းတွေအများကြီးသင်ယူခွင့်ရရင်ကောင်းမှာပဲဟုတွေးမိလေသည်။ အဲ့ဒါဆို နန်းတော်ထဲကပြန်ထွက်ခွင့်ရရင် သူ့မိသားစုဝင်တွေကိုအရသာရှိတဲ့အရာတွေ အများကြီးလုပ်ကျွေးနိုင်တယ်။ ပြီးတော့ သူတို့လဲကြိုက်ကြမှာ!
လင်ဂျာပေါင်ဟာ လင်ယန်အကြီးကဲကော အမတွေကောက ဂရုစိုက်ကူညီပေးမှုတွေကြောင့် နန်းတွင်းမှာနေရတာကို အလျင်မြန်ပဲအသားကျလာခဲ့၏။
နန်းတော်မှာနေလာခဲ့တဲ့ နှစ်ဝက်ကျော်သည် ဘာမှန်းမသိအောင်ကို အလျင်မြန်ကုန်ဆုံးသွားခဲ့သည်။ဒါပေမဲ့သူဟာ အစာပြေမုန့်လုပ်နည်းတော်တော်များများကိုတော့ သင်ယူခဲ့ပြီးပါပြီ။
လင်မော့(လင်ယန်)က သူ့ကို ဧကရီမိဖုရားကြီးအဆောင်သို့ အစာပြေမုန့်သယ်ပို့ဆက်သရန်အတွက် မကြာမကြာခေါ်သွားပေးခဲ့သည်။အဲ့လိုသွားတဲ့အခါတိုင်း သူ,ဆုချီးမြှင့်ခံရလေ့ရှိသည်။တစ်ခါတရံ အိမ်ရှေ့စံနှင့်မင်းသား၂တို့ကိုတွေ့ရတတ်၏။
အထူးသဖြင့်အိမ်ရှေ့စံဟာ သရေစာမုန့်တွေကိုတွေ့တိုင်း အလွန်ကျေနပ်နေပြီး ရက်ရောစွာဖြင့်ငွေစအချို့ကိုချီးမြှင့်လေသည်။ထိုသို့ချီးမြှင့်တိုင်း,သူ့အမချုပ်ပေးလိုက်သော ပိုက်ဆံအိတ်လေးထဲသို့ထည့်ကာစုထားတတ်သည်။
သူအခုတစ်လအတွင်းမှာပဲ ငွေ၂စ၃စလောက်ကိုစုမိနေပြီဖြစ်သည်။ဒီနှုန်းအတိုင်းသာဆို သူ,နန်းတော်ကထွက်ရင် သူ့မိသားစုနေဖို့အတွက်အိမ်အကြီးကြီးကိုဆောက်ပေးနိုင်သည်အထိ သူငွေတွေအများကြီးစုစောင်းမိနိုင်လောက်သည်။
''အန်းဇူ အဆင်သင့်ဖြစ်ပြီလား?သွားရအောင်!''
လင်ယန် မေးလိုက်၏။
လင်ယန်ဟာ ဒီခြောက်လအတွင်းအန်းဇူရဲ့ လုပ်ဆောင်ချက်မှုတွေကို အရမ်းကျေနပ်မိနေ၏ ။ဒါကြောင့် ပဲ သူ,အစာပြေမုန့်ဆက်သဖို့သွားတိုင်း အန်းဇူကိုအကူအဖြစ်မကြာမကြာ ခေါ်သွားလေ့ရှိတာပင်။
''ဟုတ်ကဲ့ ပြီးပါပြီ'' လင်ဂျာပေါင်ဟာ အစာပြေမုန့်ဆွဲခြင်းကို ယူရင်းပြောလိုက်၏။
''အင်း ယိရှောင်လဲလိုက်ခဲ့။ယိလင်နဲ့ယိရန်တို့နှစ်ယောက်က အဆောင်ကို သေချာစောင့်ကြည့်ထားကြ''
''အင်း အခုတော့ဒီထူးဆန်းတဲ့ဖြစ်ရပ်ဆန်းကြီးက အလေ့အထလိုတောင်ဖြစ်နေပြီ။ အန်းဇူကိုပဲ မိဖုရားနန်းဆောင်ကိုအမြဲခေါ်သွားတယ်''အန်ဇူက အိမ်ရှေ့စံနဲ့မင်းသား ၂ကိုတွေ့လာတယ်လို့ပြောတဲ့အခါအတိုင်း သူမတကယ်ကိုမနာလိုဖြစ်မိလေသည်။
''ဘာပဲဖြစ်ဖြစ် ငါတို့ဆုကြေးငွေတော့အတူတူခွဲယူရတာပဲလေ''ယိလင်က ပေါ့ပေါ့ပါးပါးသာတွေးရင်းပြောလိုက်သည်။ဟုတ်တယ်လေ မိဖုရားကြီးရှေ့မှာ မျက်နှာမထားတတ်လောက်အောင်ကြောက်ရွံပြီးစိတ်လှုပ်ရှားနေရမှာထက် စာရင်တော့ ဒီလိုအေးဆေးနေခဲ့ရတာကပိုကောင်းတယ်လို့ထင်တာပဲ။
ယိလင်ရဲ့ ဘာသိဘာသာနားအေးပါးအေးနေတတ်ပုံကို မြင်လိုက်ရတဲ့အခါမှာတော့ ယိရန်စကားဆက်မပြောချင်လောက်အောင်ဖြစ်သွားရတော့သည်။
ယုံရှောင်နန်းဆောင်တော်ကြီးတွင်တော့ ဧကရီမိဖုရားသည် သူနဲ့အတူစကားထိုင်ပြောနေသော သားနှစ်ယောက်ကိုကြည့်ရင်း စိတ်ထဲတွင်အလွန်ဂုဏ်ယူမိနေလေ၏။
သူ့ရဲ့သားတစ်ယောက်ဖြစ်တဲ့ ရွှမ်းရန်ဟန်ချန်သည် အိမ်ရှေ့စံဆက်ခံသူဖြစ်ကာ တည်ငြိမ်ပြီးဉာဏ်လဲကောင်းသူဖြစ်ကာ နည်းပရိယာယ်ကြွယ်ဝသူဖြစ်သည်။ဒါကြောင့် သူ့ကိုနောက်ကွယ်တွင် နန်းဆက်ခံဖို့မွေးလာတဲ့ နန်းသွေးအပြည့်နှင့်မင်းသားငယ်ဟု ချီးမွမ်းကြလေ၏။
မင်းသား၂က ရွှမ်းရန်ဟန်ချင် သည် ရဲရင့်ပြီးသစ္စာတရားကြီးမားသူဖြစ်ကာ ဧကရာဇ်ရဲ့ချစ်ခင်ခြင်းကိုလဲရရှိထားသူဖြစ်သည်။ဒီသားနှစ်ယောက်ကြောင့်ပဲ နန်းတော်တွင်သူမရဲ့တည်ရှိမှုကို ဘယ်သူမှမျက်ကွယ်မပြုရဲကြပေ။ သူမရဲ့ဧကရီမိဖုရားကြီးဂုဏ်ထူးဘွဲ့တော်အတွက်လဲ ဘယ်သူမှကိုင်လှုပ်ခြိမ်းခြောက်နိုင်စွမ်းမရှိကြပေ။
ညီအကိုနှစ်ယောက်ဟာ အချင်းများခြင်းမျိုးမရှိသလို ရွှမ်းရန်ဟန်ချီဟာလဲ သူ့ရဲ့အကို,ကို ရိုသေချစ်ခင်လေ၏။
''ဒီနေ့အရမ်းပင်ပန်းတာပဲ ဗိုက်ဆာနေပြီ!မယ်တော့်အဆောင်က မုန့်တွေကတကယ်အရသာရှိတယ်'' ရွှမ်းရန်ဟန်ချီသည် မုန့်ကြီးကြီးတစ်ခုကိုကိုက်ဝါးရင်းပြောလိုက် ၏။
''ခလေးကြနေတာပဲ ဖြည်းဖြည်းစားပါကွယ်။ ဒီမှာအများကြီးရှိသေးတာပဲ။ မင်းပြန်ရင် အဆောင်ကိုထည့်ပေးလိုက်မယ် ဟုတ်ပြီလား'' ဧကရီမိဖုရားသည့် သူ့သားကိုချစ်စိတ်အပြည့်ဖြင့် ကြည့်ရင်းပြောလိုက်သည်။
''မင်း အလျင်စလိုတွေလုပ်နေပြန်ပြီလား။စစ်မြေပြင်အတွေ့အကြုံမှာ စစ်သူကြီးလီနဲ့ မင်းရဲ့ကွာခြားချက်ကကြီးလွန်းတယ်။အခြေခံစစ်ပညာကို အရင်လေ့လာသင့်တယ် အဲ့လိုမဟုတ်ပဲ အလောတကြီးနဲ့လုပ်လို့ ဒဏ်ရာရသွားရင်ဘယ်လိုလုပ်မလဲ''
''ဟီးဟီး.. ,သူနဲ့ပဲယှဉ်တိုင်ချင်တာလေ သူကလဲ ဘယ်လိုပဲဖြစ်ဖြစ်ငြင်းတာမှ မဟုတ်တာ'' ရွှမ်းရန်ဟန်ချီသည် ဂရုမစိုက်စွာပြောလေ၏။
''ဝုန်းဒိုင်းကျဲနေလို့မရဘူး မင်းတိတ်တိတ်ဆိတ်ဆိတ်နေတတ်ဖို့လိုတယ် မင်းစစ်မြေပြင်သွားရင် ရန်သူက မင်း အလောတကြီးနဲ့အမှားလုပ်နေတာကို ဒီအတိုင်းထိုင်ကြည့်နေမယ်လို့တကယ်တွေးနေတာလား'' ရွှမ်းရန်ဟန်ချန်းသည် အရင်ဘဝက သူ့ရဲ့ညီတော်၏ သေဆုံးခြင်းအကြောင်းကိုတွေးရင်းပြောနေခဲ့တာဖြစ်သည်။
''ဒီတစ်ကြိမ်တော့ အကိုနဲ့အတူစစ်မြေပြင်ကိုလိုက်ခွင့်ပေး။ အသက်၁၅ရှိနေပြီလေ။ အကိုတော်ဆို အဲ့အရွယ်ထဲက စစ်မြေပြင်ကိုရောက်ဖူးနေပြီမလား''
''မလိုက်ရဘူး မင်း,နောက်ကျရင် လုပ်ရမယ့်အရာအများကြီးရှိလာဦးမှာ။အခုချိန်မှာ ခမည်းတော်နဲ့မယ် တော်ကိုစောင့်ရှောက်ရင်း နန်းတော်ထဲမှာပဲ သင်စရာရှိတာတွေသင်ဦး။ခမည်းတော်ကလဲ မင်းကိုနောက်လကစပြီး ညီလာခံကိုလာခဲ့ဖို့ပြော ထားတာမဟုတ်ဘူးလား?နောက်နှစ်ဆို လက်ထပ်ဖို့ပြင်ဆင်ရတော့မှာမလို့ ဒီနှစ်ထဲမှာ တတ်သင့်တတ်ထိုက်တဲ့ပညာရပ်တွေ အကုန်တတ်မြောက်ရမယ်ကြားလား''
တကယ်တော့သူ ဘာဘေရိယန်တွေတောင်ဘက်မှာ အနည်းငယ်လှုပ်ရှားလာနေတယ်ဆိုတာကို သတင်းကြားထားပြီးသားဖြစ်သည်။သူကိုယ်တိုင်ကလဲ ပြင်ဆင်စရာရှိတာတွေကို တိတိတဆိတ်ပြင်ဆင်နေခဲ၏။သူ့အနေနဲ့ ဘာဘေရိယန်တွေကို တိုက်ထုတ်နိုင်မယ်လို့အပြည့်အဝယုံကြည်ထားသော်လည်း သူ့ရဲ့ဒုတိယညီအကို,ကိုတော့ စစ် မြေပြင်ကိုမခေါ်သွားနိုင်ပေ။အ
အရင်ဘဝက ရွှမ်းရန်ဟန်ချီ၏သေဆုံးမှုသည် သူ့ကိုကော သူ့မိဘတွေကိုကော လွန်စွာပူဆွေးမှုဖြစ်စေခဲ့သည်။သူ ဒီတစ်ကြိမ်တော့ ဘာစွန့်စားမှုကိုမှသူ,ခွင့်ပြုမပေးနိုင်ပေ။
''မင်း အကိုပြောတာမှန်တယ် စစ်မြေပြင်ဆိုတာကောင်းတဲ့နေရာမှမဟုတ်တာ!မင်းလဲမငယ်တော့ဘူးဆိုတော့ မင်းခမည်းတော်ကို တစ်ခုခုကူညီပေးဖို့လုပ်တော့''
''ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ။မုန့်ရှိသေးလား?ဒါက အရမ်းစားကောင်းတယ်!''ရွှမ်းရန်ဟန်ချီသည် သူ့ကိုဒီအကြောင်းပြောတာနှင့်ခေါင်းကိုက်လာသလိုခံစားရတာကြောင့် ခေါင်းစဉ်ပြောင်းဖို့ကြိုးစားတော့သည်။
''မင်းသား၂ လက်ထပ်ဖို့ကိစ္စကိုတော့ မယ်တော် မင်းရဲ့ခမည်းတော်နဲ့တိုင်ပင်လိုက်ပါဦးမယ်'' ရွှမ်းရန်ဟန်ချန်သည် သူ့မယ်တော်နှစ်ယောက်ထဲသာ စကားပြောနေကြခြင်းဖြစ်သည်။
ရွှမ်းရန်ဟန်ချန်ရဲ့စိတ်ထဲမှာတော့ သူ့ရဲ့ညီငယ်ဟာ အရင်ဘဝက ငယ်ငယ်ရွယ်ရွယ်နှင့်သေဆုံးခဲ့တာကြောင့် သူ့ရဲ့မျိုးဆက်ကိုဆောင်ချန်မထားနိုင်ခဲ့ပေ။ဒီဘဝမှာတော့ ကြင်ရာတော်လဲရပြီး သိပ်မကြာခင်မှာပဲ ခလေးမွေးလာနိုင်ဖို့မျှော်လင့်မိပေသည်။ဒါမှသာ အရင်ဘဝကလိုကြေကွဲစရာအဆုံးသတ်မျိုးနဲ့မတူပဲ ပြောင်းလဲနိုင်ပြီလိုဆိုနိုင်မှာလေ။
ဧကရီသည်လဲ အစကသူမရဲ့သားငယ်ကို မြန်မြန်ဆန်ဆန်လက်ထပ်စေချင်တာပါပဲ။ဒါပေမဲ့ သားကြီးဖြစ်သူက အဆိပ်မိပြီးခလေးမရနိုင်ချိန် ညီဖြစ်သူက မင်းသားငယ်ကိုမွေးဖွားသန့်စင်နိုင်တယ်ဆိုရင် ထီးမွေနန်းမွေကိစ္စတွေရှုပ်ထွေးလာမှာဖြစ်သလို သားအဖတွေ ညီအကိုတွေကြားသဘောထားကွဲလွဲလာမှာကိုလဲ သူမ,အဖြစ်မခံနိုင်ပေ။
အဲ့ဒီ့အချိန်မှာပဲ လင်ယန်၊လင်ဂျာပေါင်၊ယိရှောင်တို့ကို မယ်တော့်ရဲ့အပါးတော်မြဲ ကျုံကျောက်ကဦးဆောင်ပြီးလာနေတာကိုတွေ့လိုက်ရ၏။
ရွှမ်းရန်ဟန်ချန်၏ အကြည့်တို့သည်လင်ဂျာပေါင်တွင်သာ စူးနှစ်စွာစွဲမြဲနေခဲ့၏။ထိုအကြည့်တို့သည် သူ့အားဒုတ်နှင့်ပြင်းထန်စွာရိုက်နေသလိုခံစားလာရတာကြောင့် အိမ်ရှေ့စံ၏အကြည့်တို့ကိုရှောင်ရှားရန်အတွက် ခေါင်းကိုမြေကြီးထဲစိုက်ဝင်မတက်ငုံမိလိုက်လေသည်။
အလွန်အမင်းကြောက်ရွံ့နေဟန်ဖြစ်နေတာကြောင့် လင်ဂျာပေါင်,ခြင်းထဲမှထုတ်ယူနေသော ပန်ကန်ထဲကနေ မုန့်တစ်ခုကို တမင်တကာပင်ကောက်ယူ၍ ပါးစပ်ထဲသို့ထည့်လိုက်လေ၏။
''မင်း ဒီသရေစာမုန့်တွေကိုအရမ်းကြိုက်နေလို့ မယ်တော့်အဆောင်ကိုမကြာမကြာလာနေတာလား!အိုး ဒါကအရေးကြီးကိစ္စမှမဟုတ်တာပဲ ယွင်ဖူကို မင်းစားချင်တာပြောပြီး လင်ယန်ကိုလုပ်ခိုင်းလိုက်လေ'' မိဖုရားကြီးသည် လင်ယန်အတွက်အရမ်းကိုကျေနပ်နေခဲ့ကာ ဆုချီးမြှင့်လေသည်။
''မယ်တော်ပဲအမြဲဆုချီးမြှင့်နေတာဆိုတော့ သားတော်လဲ မတွန့်တိုတော့ပါဘူး ယွင်ဖူ.....''ယွင်ဖူသည်လဲ အလိုက်သိစွာဖြင့် လင်ယန်လက်ထဲသို့ချီးမြှင့်ငွေထုပ်ကိုထည့်ပေး လိုက်၏။
လင်ယန်သည် ဂျာပေါင်၊ယိရှောင်တို့နှင့်အတူ ကျေးဇူးတင်စကားပြောပြီးနောက် ယုံရှောင်နန်းဆောင်မှပြန်လည်ထွက်ခွာလာခဲ့လေသည်။
''ဒီနေ့ မိဖုရားကြီးဆီကနေကော အိမ်ရှေ့စံကနေဆီကော ဆုချီးမြှင့်ခံရတယ်''လင်ဂျာပေါင်သည် မီးဖိုဆောင်ကိုပြန်ရောက်သည်နှင့် သတင်းအားကောင်းအား ဝမ်းသာအားရကြေငြာတော့၏။
''တကယ်လား!ပျော်စရာကြီး''အန်းဇူ နင်လင်ယန်နောက်ကိုလိုက်သွားတိုင်း ဆုအများကြီးချီးမြှင့်ခံရတယ်နော်။ ကံကောင်းလိုက်တာ'' ယိရန်သည် တဟီဟီဖြင့်ဝမ်းမြောက်စွာဆိုလေသည်။
''ဟဲ့ ဘယ်လိုဖြစ်နိုင်မှာလဲ?အမလင်ယန်ကြောင့်ပဲ ဆုချီးမြှင့်တာနေမှာပေါ့ဟ''လင်ဂျာပေါင်သည် ယိလင်၏တဲ့တိုးစကားကြောင့် မဆိုသလောက်လေးအနေခက်သွားတော့သည်။
လင်ယန်သည် မိဖုရားကြီးချီမြှင့်လိုက်သော ငွေနှင့်လုပ်ထားသည့်အသီးနှံကို နှစ်ပုံပုံလိုက်ပြီး အိမ်ရှေ့စံချီးမြှင့်လိုက်သည့် ရွှေဖရုံစေ့လေးတွေကို တစ်ယောက်တစ်ခုစီခွဲဝေပေး၏။
သေးငယ်တဲ့ရွှေဖရုံလေးတွေဟာ တကယ်ကိုအနုစိတ်ပြီးလက်ရာမြောက်လွန်းတာကြောင့် ဂျာပေါင်သူ့လက်ဖဝါးထဲထည့်ရင်း အကြိမ် ကြိမ်ခါခါကြည့်နေမိကာ အလွန်ကိုသဘောကျနေ၏။နှစ်ဝက်အတွင်း ဒီရွှေဖရုံစေ့လေးဟာ သူချီမြှင့်ခံရတဲ့ တတိမြောက် အစေ့လေးဖြစ်တာကြောင့် အမ ယိရှောင်ကို ညကျရင် သူ့အတွက်ပိုက်ဆံအိတ်အသစ်တစ်လုံးချုပ်ပေးနိုင်မလားဟု မေးရင်ကောင်းမလားစဉ်းစားနမိသည်။
ဂျာပေါင်ဟာ ဒီ၆လအတွင်း အစာပြေမုန့်လုပ်နည်းအများအပြားကိုသင်ယူနိုင်ခဲ့ပေမဲ့ သူရဲ့ပိုက်ဆံအိတ်လေးဟာ အလွန်သေးငယ်တယ်ဆိုတာကို သိဖို့တော့မေ့နေခဲ့ဟန်ရှိလေသည်။
⭐⭐⭐⭐⭐⭐⭐
Advertisement
- In Serial39 Chapters
Spirits Awakening
The fabric of reality has been torn apart, and spirits are now appearing everywhere on Earth. While searching for his missing uncle, Rafael will discover the world of shamanism, bind a plant spirit, and face multiple dangers with his newfound magical powers. A chapter every Friday, a bonus chapter every so often on Wednesday. Link to my discord: https://discord.gg/fGg2JTfjur Matusblstack's fantastic cover will come back later. Credit to Wombo for the current one.
8 138 - In Serial6 Chapters
Mirror Mirror
People who chase after a dream, often forget about the world around them.Leysan Petrovna became the youngest professor at the medical university at the young age of 24.While the world congratulated her, she found her achievement an empty trophy. She sacrificed her youth for her dreams. But now that she has her dream in her hands, She wants to enjoy her youth again.
8 180 - In Serial57 Chapters
Dimitri's Promise
*Second book*It all started with a promise and a challenge....
8 173 - In Serial25 Chapters
Spice!
Based on the song Spice! by Len Kagamine. So I like my twin sister. Sure. She doesn't like me back - and that sucks for me. Especially since she has a boyfriend. Maybe I can use a little distraction from everything...who's that tealette over there, the one looking at me? She has lovely eyes...prettier than my sister's, even. Who is she? LenXMiku.
8 177 - In Serial10 Chapters
Babysitting the Demon's baby ✔️
If it wasn't for the rent due, Ria wouldn't have found herself caught in the dark lair of a demon named August Knight, the devil himself. In the pages of the contract, she didn't sign up for handling fire spitting babies or having to wipe tears that are onyx like the twilight sky. But as unusual as the world of August Knight's may have been, she finds herself quickly falling for the man.
8 240 - In Serial17 Chapters
My Angel
"This is the last room." Forth heaved a sigh of frustration as he led his men. Where are you?Forth opened the door and was surprised with the view in front of him. Inside the room was the most beautiful boy he has ever seen. An angel.Credits to Chiffon_cake for the characters from 2Moons.Highest ranking: #1 - sbfive 😊
8 153

