《မင်းကို ချစ်မဝသေးလို့(BL Novel,Myanmar tran)》Ch-5 Unicode
Advertisement
အပိုင်း(၅): နန်းတော်ထဲသို့ရောက်ရှိခြင်း
.....
မြင်းရထားလုံးသည် အိမ်ရဲ့အဝေးကိုခရီးနှင်နေသလို ပိုင်မြို့ကနေလဲတကျီကျီအော်မြည်လျက်ထွက်ခွာနေပါပြီ။
ထိုအဖွဲ့သည် တခြားမြို့မှလာရောက်ပူးပေါင်းမယ့်အဖွဲ့များကို စောင့်ရန်အတွက် ချီရှုံတွင်တစ်ရက်တည်းခိုလေသည်။လာရောက်ပူးပေါင်းသည့်အဖွဲ့များစုံပြီးသည့်အခါ မြင်းရထားလုံး ၁၀စီးအထိဖြစ်သွားတော့သည်။
မူလလူဦးရေ၁၀ယောက်သာပါသော မြင်းလှည်းတို့သည် ယခုအခုအယောက် ၂၀တင်ဆောင်ထားရ၏။အဆိုပါမြင်းရထားလုံးတို့သည် ကွမ်ချာမှဘေဂျင်းတို့ဦးတည်လျက်ထွက်ခွာလာသည်။
တစ်စီး,စီတွင် အထိန်းတော်တစ်ယောက်ပါပြီး လင်ဂျာပေါင်တို့မြင်းရထားတွင်လဲ အသက်၃၅နှစ်အရွယ် ကျောက်အမျိုးသားတစ်ယောက်ပါလေ၏။ထိုကျော်ကအမျိုးသားသည် အရပ်ခပ်ပျက်ပျက်နှင့်မပိန်မပါးသောကိုယ်ထည်ရှိကာ အနည်းငယ်ခက်ထန်ပုံပေါ်တာကြောင့် အားလုံးကသူ့ကိုကြောက်ကြလေသည်။
လာခဲ့သောနေရာတူတဲ့သူတွေကို မြင်းရထားတစ်စီးစုပေးထားခြင်းကြောင့် အချိန်ကြာလာတာနဲ့အမျှ ခလေးတွေဟာ တဖြည်းဖြည်းရင်းနှီးလာကြသည်။ထိုအုပ်စုထဲတွင် လင်ဂျာပေါင်သည် ပိုင်စီရင်စုအုပ်စုမှ တစ်ဦးထဲခွဲထွက်လာရတာကြောင့် တခြားခလေးတွေနှင့် ရင်းနှီးဖို့ရန်အနည်းငယ်ခက်ခဲနေ၏။ဂျာပေါင်ရဲ့ သင်းကွဲနေမှုကို ကျောက်ကုန်းကုန်းသတိထားမိသည့်အခါ သူ့ရဲ့တာဝန်အတိုင်း ဂျာပေါင်အားဂရုစိုက်ပေးလေသည်။
လဝက်မျှခရီးနှင်ပြီးသည့်နောက်မှာတော့ ဘေဂျင်းသို့ရောက်ရှိလာ၏။ကြီးကျယ်ခမ်းနားပြီးကျယ်ဝန်း သောနေရာတစ်ခုတွင် မြင်းလှည်းအားလုံးသည် အတူရပ်နားလိုက်သည်။
''ကိုယ့်အထုတ်ကိုယ်ယူပြီး မြင်းရထားထဲကနေထွက်ကြ!စကားမပြောနဲ့ ဘယ်ကိုမှလဲမကြည့်နဲ့ ငါ့နောက်ကိုပဲလိုက်ခဲ့ကြ!''ကျောက်ကုန်းကုန်းသည် ရှေ့မှဦးဆောင်၍ ထွက်သွားလေ၏။
အားလုံးသည်စကားလဲမပြောဝံ့သလို ဘယ်မှလဲမကြည့်ရဲ့ပဲ ကျောက်ကုန်းကုန်းခေါ်ဆောင်ရာ နားနေရာ,နေရာသို့ လိုက်ပါလာကြသည်။အခန်းကျယ်ထဲတွင် ရေအိုးအနည်းငယ်ရှိပြီး သူ့တို့အားလက်ဆေးခိုင်းလေ၏။
ထို့နောက် သူတို့အားခေါက်ဆွဲတစ်ပွဲနှင့် ဟင်းရည်ပူပူတစ်ပွဲပေးကာ ညစာစားခိုင်းသည်။ခေါက်ဆွဲဝါအနည်းငယ်မာနေပေမဲ့လဲ ခရီးလမ်းတစ်လျှောက်အားလုံးဟာ အစာခြောက်တွေကိုသာ အားထားစားခဲ့ရသောကြောင့် လူတိုင်းကပြောင်စင်အောင်စားကြတော့သည်။
ထို့နောက်ကျောက်ကုန်းကုန်းသည် သန့်စင်ခန်းသွားချင်ရင် သွားလို့ရကြောင်းပြောလေ၏။အချိန်ခဏပေးပြီးနောက် နားနေဆောင်သို့ပြန်ခေါ်လာကာ တံခါးပိတ်လိုက်တော့သည်။
လူတိုင်းဟာ နားနေဆောင်ကိုပြန်လာကြပြီးနောက် ကိုယ်နဲ့နီးစပ်သူတွေနှင့်အတူနေထိုင်နိုင်နှင့် နေရာကောင်းရရန်အတွက်ကြိုးပမ်းကြတော့သည်။လင်ဂျာပေါင်သည် ငယ်လဲငယ်သလို လူကောင်လဲညှပ်သူဖြစ်တာကြောင့် တံခါးဘေးသို့တွန်းပို့ခံရလေ၏။
လင်ဂျာပေါင်သည်လဲ တိုးတိုက်လုယက်ခြင်းမရှိပဲ သူ့ရဲ့လွယ်အိတ်ငယ်လေးကိုကိုင်လျက် ခုတင်းစွန်းတွင်အိပ်ရန်ပြင်လေ၏။
''ဟေး အိပ်တော့ ငါ့ကိုလာကြည့်မနေနဲ့!'' သူ့ဘေးတွင်အိပ်နေသော မိန်းခလေးသည်စိတ်ဆိုးနေဟန်ဖြင့်ပြောလာ၏။
အဆိုပါမိန်းခလေးသည် လင်ဂျာရွာမှပဲဖြစ်ကာ သူ့အားအလွန်အမင်းဒေါသထွက်နေပုံပေါ်လေ၏။ဖြစ်နိုင်တာက သူ့ကိုမကောင်းတဲ့သတ္တဝါလို့ထင်နေပုံပဲ။
လင်ဂျာပေါင်လဲ ဘာမှပြန်မပြောတော့ပဲ တံခါးဘက်ကိုသာလှည့်အိပ်လိုက်၏။အားလုံးသည်ခရီးပန်းလာတာကြောင့် ကျောဆန့်လိုက်သည်နှင့်လွယ်လွယ်ကူကူပဲ အိပ်ပျော်သွားကြလေသည်။
နောက်တစ်နေ့မနက်တွင် အိပ်ရာထပြင်ဆင်စရာရှိတာပြင်ဆင်ပြီးနောက် အခန်းထဲမှထွက်လာရန်ညွှန်ကြားလေသည်။မနက်စာ,စားပြီးနောက် အားလုံးကို မြင်းရထားလုံးထဲသို့ပြန်ဝင်ခိုင်းပြန်၏။
မြင်းရထားလုံးသည် မြို့တော်ထဲသို့ဝင်လာပြီးနောက် မြင့်မားပြီးအဆုံးမရှိရှည်လျားသော အုတ်မြို့ရိုးကိုမြင်လိုက်ကြရသည့်အခါ အားလုံးဟာအံ့သြမှင်သက်ဖြစ်ရတော့ သည်။
မနက်ခင်းဆည်းဆာနေရောင်ဟာ အနီရောင်နံပေါ်ကိုကျရောက်နေပြီး အထူးသဖြင့်ရွှေဝါရောင်အုတ်ကြွပ်မိုးတွေပေါ်ကျရောက်နေပုံက အင်မတန်ကျက်သရေရှိခမ်းနားတင့်တယ်လေသည်။ယနေ့သည်နန်းတော်ထဲလူသစ်တွေဝင်ရန် ရှိသည့်အတွက် နန်းတော်တံခါးဟာခပ်စောစောဖွင့်ထားဟန်ရှိလေ၏။
ပထမဆုံးအနေနှင့် အဆောင်၅တွင်စစ်ဆေးမှုခံရ၏။ပထမအကြိမ်စစ်ဆေးမှုသည် အသံ၊ရုပ်ရည်သွင်ပြင် ၊လျှာ အနေအထား ၊တစ်ကိုယ်ရည်သန့်ရှင်းမှုရှိ၊မရှိ စသည်ဖြင့်အပေါ်ယံသာစစ်ဆေးခြင်းသာဖြစ်ပြီး အလွန်ရိုးရှင်းလေသည်။
ရိုးရှင်းသောစစ်ဆေးမှုဖြစ်သော်လည်း လူပေါင်းထောင်နှင့်ချီစစ်ဆေးရသောကြောင့် အချိန်ကြန့်ကြာမှုတော့ရှိပြန်၏။
ဂျာပေါင်သည် သူ့လို့ခလေးမျိုးတွေသာသီးသန့်ရှိအဖွဲ့တစ်ခုတွင်စစ်ဆေးခံရပြီး လွယ်လွယ်ကူကူပဲပထမအဆင့်ကိုကျော်ဖြတ်နိုင်ခဲ့၏။မွန်းလွဲပိုင်းရောက်မှသာ အဖွဲ့အားလုံးကိုစစ်ဆေးခြင်းကိစ္စပြီးစီးလေသည်။
အားလုံးပြီးစီးသွားသည့်အခါ နေ့လည်စာ,စားရန်အတွက်ခေါ်သွားကြ၏။လူတိုင်းကို အသီးရွက်ရယ်အသားအနည်းငယ်ပါသော စွတ်ပြုတ်နှင့် အသားပေါက်ဆီတစ်ပန်အပြည့်ကိုကျွေးလေ၏။နန်းတော်မှအစားသောက်ဖြစ်တာကြောင့် အရသာကအထူးပြောစရာတော့မလိုပေ။ခရီးတစ်လျှောက် အစာခြောက်တွေသာစားခဲ့ရပြီး အသားငါးနှင့်မထိတွေ့ခဲ့ရသည်မှာကြာပြီဖြစ်တာကြောင့် အားလုံးဟာအနံ့နှင့်ပင် အတော်ကိုဆွဲဆောင်ခံနေရ၏။
လင်ဂျာပေါင်သည်လဲ စွတ်ပြုတ်ကိုမြည်းကြည့်ပြီးနောက် ဒါဟာတော်တော့်ကိုအရသာကောင်းမွန်ပြီး သူ, ဘယ်တုန်းကမှမစားသည့်အရသာမျိုးဖြစ်ကြောင်း သိလိုက်၏။သို့ပေမယ့် သူဟာ အလောတကြီးစားသောက်နေခြင်းတော့မရှိခဲ့ပေ။
တခြားခလေးတွေဟာလဲ ပါးစပ်ထဲခေါက်ဆွဲစွတ်ပြုတ်အပြည့်ဖြင့် အားရဝမ်းသာပြောနေ၏။ ''ဒါက အရမ်း.. အရမ်း အရသာရှိတာပဲ ငါဒါမျိုးတစ်ခါမှမစားခဲ့ဘူးဘူး''
''ဟုတ်တယ် ဟုတ်တယ် ဒါကအရမ်းစားကောင်းတယ်'' ဝိုင်းဝန်းထောက်ခံကြပြန်သည်။
''ဟွန့်! ဒါက အဖြူရောင်ပေါက်ဆီလုံးလေးတွေပဲကို'' အိဒ္ဒြေကြီးသောတချို့ခလေးတွေဟာလဲ မထီမဲ့မြင်ပြုကြလေသည်။
ဂျာပေါင်ဟာအဖြူရောင်ပေါက်ဆီလုံးတွေကို သေချာကြည့်နေမိသည်။သူတို့မိသားစုဟာ လူဦးရေများတာကြောင့် ပေါက်ဆီကိုအကြိမ်ရေအနည်းငယ်သာစားဖူးပြီး ပြောင်းဖူးယောဂုကိုသာအမြဲလိုလိုစားခဲ့ရလေသည်။
ဂျာပေါင်သည် ပေါက်ဆီအား အနည်းငယ်ကိုက်လိုက်ပြီး ဖြည်း ဖြည်းချင်းဝါးနေလိုက်၏။နူးညံ့ပြီးချိုမြတဲ့အရသာက ပါးစပ်ထဲတိုးဝင်လာတော့သည်။ဒါက အရသာရှိလွန်းတယ်..။
ဒီနေ့မှာလဲ လူတိုင်းဟာနေ့လည်စာကိုအများပြားစားခဲ့ကြလေသည်။ဂျာပေါင်သည်လဲ စွတ်ပြုတ်တစ်ပန်ကန်နှင့် ပေါက်ဆီ၂လုံးကိုစားခဲ့၏။ဒီနေ့လည်စာသည် လဝက်အတွင်းတွင် သူအများဆုံးစားခဲ့သည့်အနပ်ဖြစ်ပြီး သူ့ရဲ့ဗိုက်လုံးလုံးလေးကိုပင်ခံစားမိနေ၏။
ညနေစောင်းချိန်မှာတော့ အမှုထမ်းတချို့က မိမိဘာသာရေချိုးသန့်စင်ရန်အတွက် ရေချိုးရာနေရာသို့ခေါ်သွားလေ၏။
ရေချိုးသန့်စင်ပြီးနောက်မှာတော့ တစ်ယောက်စီကို အခန်းတစ်ခုစီသို့ဝင်ခိုင်းပြန်သည်။အခန်းထဲတွင်အမျိုးသမီးကြီးနှစ်ဦးအသင့်စောင့်နေကာ ခလေးတွေ၏ဗလာကျင်းနေသောကိုယ်ဟန်အနေထားအား ချို့ယွင်းချက်ရှာစစ်ဆေးကြ၏။
အမျိုးသမီးကြီးတွေ၏ ညွှန်ကြားချက်အတိုင်း ဂျာပေါင်သည်ရှေ့၊နောက်လှည့်ရပ်ပေးကာ အစစ်ဆေးခံ၏။ထို့နောက် အိပ်ရာအသေးလေးတစ်ခုတွင်လှဲနေစေကာ အမျိုးသားကြီးတစ်ဦးက သူ့ရဲ့အောက်ပိုင်းကိုစစ်ဆေးပြန်၏။
သူတို့ထဲကတစ်ယောက်ဟာ ဂျာပေါင်အားအနည်းငယ်တို့ထိကြည့်ပြီးနောက် ''အိုး!ဒီခလေးရဲ့အသားရည်က နူးညံ့လိုက်တာ''
ဂျာပေါင်၏မျက်နှာသည်နီရဲလာကာလှုပ်လဲမလှုပ်ရဲတော့သလို အသံလဲထွက်ရဲတော့သည်အထိ ရှက်ရွံလာလေ၏။
အားလုံးစစ်ဆေးပြီးသည့်နောက် အမျိုးသမီးကြီးတစ်ဦးသည် သူ့အား မတ်တပ်ရပ်လို့ရပြီဖြစ်ကြောင်းပြော၏။ထို့နောက် စားပွဲပေါ်ရှိဆေးရည်တစ်မျိုးထည့်ထားသောကြွေခွက်ထဲသို့ စုတ်တံကိုနှစ်ကာ သူ့လက်မောင်းအတွင်းပိုင်းနေရာသို့ ရေးခြစ်လေသည်။
ထို့နောက် အဆိုပါအမျိုးသမီးကြီးတွေသည် အလွန်ရှက်ရွံ့နေသောဂျာပေါင်အား ထပ်မံ၍စနောက်ခြင်းမရှိတော့ပဲ အင်္ကျီဝတ်၍အပြင်သို့ထွက်ခိုင်းလိုက်ကြတော့၏။
လင်ဂျာပေါင်သည် အခန်းတွင်းမှပြန်ထွက်လာပြီးနောက် စစ်ဆေးပြီးသွား၍ ခြံဝန်းထဲရပ်စောင့်နေကြသော တခြားသူတွေအနားသို့လျောက်သွား၍ အများနည်းတူရပ် နေလိုက်၏။
သူ့ရဲ့လက်မောင်းအတွင်းသားအပိုင်းတွင်ရှိနေတော အနီရောင်တောက်တောက်အစက်လေးများအားလဲ သေချာစွာကြည့်နေမိသည်။
ရုတ်တရက် အခန်းတစ်ခန်းမှကျယ်လောင်သော အော်သံကိုကြားလိုက်ရ၏။ထို့နောက် အခန်းတွင်းမှ မိန်းခလေးတစ်ယောက်အား တရွတ်တိုက်ဆွဲခေါ်လာလေသည်။ အဆိုပါမိန်းခလေးသည်လဲ ငိုယိုအော်ဟစ်ရုန်းကန်ကန်ရင်း အခန်းပြင်သို့ရောက်လာ၏။
မိန်းမစိုးတို့သည် ဝါး၊သစ်သားဒုတ်ချောင်းတွေဖြင့် အဆိုပါမိန်းခလေးကို အပြင်းအထန်ရိုက်နှက်ကြတော့သည်။
''နန်းတော်ကို ဘယ်လိုနေရာထင်နေလဲ။ညစ်ညမ်းပြီးအညှီအဟောက်ရှိတဲ့သူတွေ လာလို့ရတဲ့နေရာလို့ထင်နေတာလား?အဲ့လိုဟာမျိုးတွေရောက်လာခဲ့ရင်လဲ အသေပဲပြန်ထွက်သွားလို့ရမယ်'' မိန်းမစိုးတို့သည် အဆောင်ရှေ့တွေပင်ဒေါသကြီးစွာအော်ဟစ်ကြလေသည်။
မိန်းမငယ်လေးဟာ ကျယ်နိုင်သမျှကျယ်အော်ဟစ်နေပေမဲ့ အသာစဉ်းစဉ်းသလို အော်ဟစ်ထုရိုက်နေတဲ့မိန်းမစိုးတို့၏ရိုက်နှက်သံတွေကိုတော့ လွှမ်းအောင်မအော်နိုင်ခဲ့ပေ။
ပြင်းထန်သောရိုက်ချက်တွေကြောင့် မိန်းမငယ်လေးရဲ့ခန္ဓာကိုယ်အောက်ပိုင်းဟာ သွေးချင်းချင်းနီရဲနေလျက်။
လူတိုင်းဟာသေဆုံးခြင်းကိုယခုမှ မျက်မြင်တွေ့ဖူးတာကြောင့် ကြောက်ရွံ့နေကြကာ အသံထွက်ဖို့ပင်မေ့လျော့ကုန်ကြ၏။
လင်ဂျာပေါင်သည်လဲ ကြောက်လန့်လွန်းတာကြောင့် မျက်နှာတွင်ပင်သွေးမရှိတော့သကဲ့သို့ ဖြူလျော့လာကာ ထိုမြင်းကွင်းအားလှည့်မကြည့်ရဲတော့ပေ။
မကြာခင်မှာပဲ ထိုမိန်းမငယ်လေးဟာသေဆုံးသွားလေသည်။ထို့နောက်ချက်ချင်းပဲ ခန္ဓာကိုယ်အားဆွဲခေါ်သွားကြပြန်ရာ မြေကြီးပေါ်တွင်သွေးကွက်ကြီးသာ ကျန်နေခဲ့လေသည်။
သူအခုချိန်ထိ လူသေဆုံးခြင်းကိုမျက်မြင်မတွေ့ခဲ့ဘူးသလို အခုတွေ့ရတာကလဲ နန်းတော်မှာဖြစ်နေခြင်းကြောင့် နန်းတော်ထဲဘယ်လိုရှင်သန်နေထိုင်ရမလဲဆိုကို ပထမဆုံးအနေနဲ့ကောင်းကောင်း သဘောပေါက်သွားတော့သည်။'တိတ်ဆိတ်ဆိတ်နေ၊ဘယ်သူ့ကိုမှပြသာနာမရှာမိစေနဲ့ သူ့ကိုစောင့်နေတဲ့မိသားစုရှိတယ်။ အချိန်ရောက်ရင် ဒီကနေထွက်ပြီးသူ့အိမ်ကိုရောက်အောင်ပြန်ရမယ်' ဟူ၍ပင်ဖြစ်၏။
ညစာ,စားချိန်ရောက်မှသာ လူအားလုံးကိုစစ်ဆေးပြီးလေသည်။
ညစာသည်လဲနေ့လည်စာကဲ့သို့ပင် စွတ်ပြုတ်တစ်ပန်နှင့် အသားပေါက်ဆီတွေပင်ဖြစ်၏။
နောက်တနေ့၌ အားလုံးဟာမွန်းမတည့်ခင်အထိ အိပ်စက်ခွင့်ရလေသည်။မနေ့ကလူသေမှုကိုပြန်တွေးမိနေတာကြောင့် ဂျာပေါင်ဟာ မအီမသာခံစားနေရပြီး နေ့လည်စာတောင်ကောင်းကောင်းမစားနိုင်တော့ပေ။
မီးခိုးနုရောင် နန်းတွင်းအမှုထမ်းဝတ်ရုံကိုဝတ်ဆင်ထားတဲ့ ကျောက်ကုန်းကုန်းဟာ ထမင်စားဆောင်အတွင်းသို့ ဝင်လာခြင်းကြောင့် အားလုံးဟာစားသောက်နေတာကိုရပ်နားပြီး မတ်တပ်ရပ်၍အရိုသေပေးကြ၏။
Advertisement
''ဒါကရှီရှီ နောက်လ၁အတွင်းမှာမင်းတို့ကို ရှီကုန်းနန်းတော့ရဲ့စည်းမျဉ်းတွေကိုသင်ပေမယ့် သူပဲ''
''ငါကရှီယန်ပါ နောက်လကစပြီး မင်းတို့ (ဂျာပေါင်လို) ခလေး၃၀က ငါ့လက်အောက်မှာနေရမယ်။မနက်ဖြန်ကစပြီး နန်းတွင်းရဲ့ကျင့်ထုံးတွေနဲ့စည်းကမ်းတွေကို စသင်ကြားရမယ်။အခု နန်းတွင်းအမှုထမ်းအဆောင်ထဲလိုက်ပို့ပေးမှာဖြစ်တာကြောင့် မင်းတို့ရဲ့အပြင်အဝတ်အစားတွေကိုလဲရမယ်။ လိုအပ်တဲ့မင်းတို့ပစ္စည်းတွေကိုတစ်ခါလဲယူလာပြီး ဒီမှာလာပြန်စုကြ။မင်းတို့ နန်းတွင်းမှာဘယ်လိုနေထိုင်ရမလဲဆိုတာကို လိုက်ပြပေးမယ်''
''နားလည်ပါပြီ''
ယွင်ဖူတစ်ယောက် သူ့အရှင်ဟာဒီရက်ပိုင်းတွေမှာထူးဆန်းနေတယ်ကို ခံစားမိနေခဲ့သည်။အထူးသဖြင့် ဒီနေ့မှာပိုလို့တောင်ဆိုးနေသေး၏။
သူ့ရဲ့အိမ်ရှေ့စံဟာ တိုင်းရေးပြည်ရေးကိစ္စတွေကို တစ်ခုမှကောင်းကောင်းမလုပ်ဆောင်နိုင်ပဲ ငြိမ်သက်စွာထိုင်နေခဲ့သည်မှာ အချိန်အတော်ကြာနေခဲ့ပြီဖြစ်သည်။သူ့ပုံစံဟာ အရမ်းကိုငြိမ်သက်နေတယ်ဆိုပေမဲ့လဲ တကယ်တော့.. အတော်ကိုစိတ်လှုပ်ရှားနေတာသာဖြစ်၏။
သူ့ရဲ့စိတ်အခြေနေဟာ ဒီနေ့လည်မှာပိုဆိုးလာပုံရ၏။'ပေတိုင်ရင်'ကိုမသွားပဲ နန်းတော်ထဲကိုသာလှည့်ပတ်သွားလာလေသည်။သူရဲ့အရှင်ဟာသွားရင်းသွားရင်း နန်းဆောင်ဖြင့်တဖြည်းဖြည်းဝေးကွာလာကို သတိထားမိပုံလဲမရပေ။
တဖြည်းဖြည်းမိုးလဲမှောင်လာတာကြောင့် မနေနိုင်တော့ပဲ ''အရှင့်သား ဘယ်ကိုကြွမြန်းချင်နေတယ်ဆိုတာကို သိပါရစေ?'' အရှင်သာဆက်သွားနေရင် လူသစ်တွေထားတဲ့အဆောင်၅ကိုရောက်သွားတော့မှာ.။
အဲ့ဒီအချိန်မှာပဲ မျက်နှာချင်းဆိုင်၌ အပြာရောင်အမှုထမ်းငယ်ဂတ်ရုံကိုဝတ်ဆင်ထားတဲ့ လူသစ်တစ်သိုက်ခပ်လှမ်းလှမ်းမှလာတာကိုမြင်လိုက်ရ၏။ရွှမ်းရန်ဟန်ချန်သည် ထိုလူသစ်တစ်သိုက်ကိုမြင်လိုက်ရသည်နှင့်လအတော်ကိုပျော်ရွှင်ကျေနပ်မိလေသည်။
ရွှမ်းရန်ဟန်ချန်တစ်ယောက် ရှေ့သို့ခပ်မြန်မြန်လျှောက်သွားတာကြောင့် ယွမ်ဖူသည်လဲထပ်ကြပ်မကွာလိုက်ရပြန်၏။
ရှီယန်သည် သူ့ရဲ့အဖွဲ့ကိုနန်းတော်ထဲသို့လိုက်ပြနေတုန်း မလှမ်းမကမ်းတွင် လူနှစ်ယောက်လျှောက်လာနေသည်ကိုမြင်လိုက်ရ၏။
ရှေ့မှဦးဆောင်လာသော အမျိုးသားသည် လာဗန်ဒါခရမ်းနုရောင်အောက်ခံတွင် ရွှေချည်ထိုးထားသောဝတ်ရုံကိုဝတ်ဆင်ထား၏။ထိုထည်ဝါသောဝတ်ရုံဖြင့်အမျိုးသားကို မသေချာ၍ နောက်တွင်ခပ်ရို့ရို့လျှောက်လှမ်းလာသော အမျိုးသားကိုသေချာစွာကြည့်လိုက်ရသည်။
ယွမ်ဖူ.. ?အိမ်ရှေ့စံရဲ့နောက်တော်ပါးမဟုတ်ဘူးလား?
ဒါဆို ရှေ့ကဦးဆောင်လာတဲ့သူက...
''အိမ်ရှေ့စံအရှင့်သား....!''
ရှီယန်သည်သွားနေတာကိုရပ်လိုက်ပြီး သူရဲ့ဒူးတွေကိုကွေးညွတ်လျက်အရိုသေပေးလိုက်၏။
အရှေ့မှအကြီးအကဲဖြစ်သူ ရှီယန်ဒူးကွေးလျက်အရိုသေပေးနေတာကြောင့် အနောက်မှလင်ဂျာပေါင်တို့သည်လဲ အူလည်လည်ဖြင့် ဒူးညွတ်လျက်အရိုသေလိုက်ပေးရတော့သည်။
''အမ်း.....မင်းတို့ဘယ်ကိုသွားကြမှာလဲ?''ရှီယန်ကိုဦးတည်ပြီးမေးနေတာဆိုပေမဲ့လဲ့ ရွှမ်းရန်ဟန်ချန်၏မျက်လုံးတို့ကတော့ ရှီယန်နောက်မှတစ်စုံတစ်ယောက်ကို လိုက်ရှာနေခဲ့တာဖြစ်၏။
ခဏအကြာမှာတော့ သူရှာနေတဲ့ကောင်ငယ်လေးကိုတွေ့ရှိသွားတော့သည်။အပြာရောင်အမှုထမ်းဝတ်ရုံနှင့် ဒူးညွတ်လျက်အရိုသေပေးနေသော လင်ဂျာပေါင်အားထိတွေ့ပွေ့ဖက်ချင်စိတ်ကို ခက်သီးတင်းတင်းဆုတ်လျက်ချိုးဖြတ်နေရ၏။
လင်ဂျာပေါင်ဟာ အသက် ၁၂အရွယ်မှာပဲရှိသေးတာကြောင့် သူ့ရဲ့ငယ်ရုပ်လေးဟာ မပျောက်သေးပေ။အမှုထမ်းဝတ်ရုံအကြီးကြီးတွေကို ဝတ်ဆင်ထားရတာကြောင့် လူတွေဟာအနည်းငယ်ပွယောင်းယောင်းဖြင့် ကြည့်ရတာအနည်းငယ်ထူးဆန်းနေ၏။
သူ့ရဲ့ခလေးငယ်လေး၏မျက်နှာသည်လဲ မသက်မသာဖြစ်နေပုံသည်။သူခေါင်းငုံပြီးကြည့်လိုက်သည့်အခါ ထိုအကောင်ပေါက်လေး၏ပါးချိုင့်နှစ်ဖက်ကိုတွေ့လိုက်ရလေသည်။ဒါ...ဒါက...တအားချစ်ဖို့ကောင်းတာပဲ!
''အိမ်ရှေ့စံအရှင့်သား,ဒါက ကျွန်တော်မျိုးလေ့ကျင့်သင်ကြားပေမဲ့ အဆောင်၅ကိုရောက်လာတဲ့ အမှုထမ်းအသစ်လေးတွေပါ။ဒီနေ့ သူတို့ကိုပထမဆုံးအနေနဲ့ နန်းတွင်းထဲလှည့်ပတ်ပြပြီးရင် 'ရှီလီနန်းဆောင်'ကိုသွားမှာဖြစ်ပါတယ်။အခုအသစ်ဝင်တဲ့သူတွေဟာ အရင်ထက်ပိုများတာကြောင့် အဆောင်၅ မှာ နေရာအခက်ခဲရှိလာပါတယ်။ဒါကြောင့် အကြီးကဲကုန်းကုန်းတွေက 'ရှီလီနန်းဆောင်' မှာပဲ လူသစ်တွေကို နေရာချထားပေးမယ်လို့ ညွှန်ကြားထားပါတယ်''
''ရပြီ ထတော့! '' ရွှမ်းရန်ဟန်ချန်၏မျက်လုံးတို့သည် လင်ဂျာပေါင်ဆီတွင်သာ ဆွဲကပ်နေလျက် ''မြန်မြန်ခေါ်သွားပြီး နားခိုင်းလိုက်တော့''
''အမိန့်တော်မြတ်အတိုင်းပါ''
ရွှမ်းရန်ဟန်ချန်သည် တွန့်ဆုတ်စွာဖြင့်တစ်ချက်ကြည့်ပြီးနောက် သူ့ရဲ့နန်းဆောင်သို့သာ ခပ်မြန်မြန်ထွက်ခွာလာရသည်။အဲ့လိုမဟုတ်ပဲ သူ,လင်ဂျာပေါင်ကိုတင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားမိလိမ့်မယ်။ပထမဆုံးအချိန်တွေ့ဆုံခြင်းမှာတင် ဂျာပေါင် အရမ်းကြောက်လန့်သွားမှာမျိုးကို သူ,မလိုလားပေ။
''ရှီလီနန်းဆောင်.....''သူဟာ ခပ်ဖွဖွရေရွတ်ရင်း တကယ်ကို ပီတိဖြာမနော ခွေ့နေတော့သည်။
ယွမ်ဖူသည်လဲ သူ့ရဲ့အိမ်ရှေ့စံကြောင့် ပဟေဠိတွေတိုးပြီးရင်းတိုးလာနေ၏။သူ့အရှင်ရဲ့မျက်လုံးတွေဟာ စကားပြောနေတဲ့တလျောက်လုံး အမှုထမ်းငယ်အုပ်စုတွင်သာရှိလေသည်။နေပါဦး သူဘယ်သူ့ကိုကြည့်နေတာပါလိမ့်?
ယွမ်ဖူ အဲ့လိုတွေးမိတဲ့သူခေါင်းဟာခြောင်များသွားပြီလားလို့ ထပ်တွေး မိလိုက်၏။ဒီအမှုထမ်းတွေဟာငယ်ရွယ်လွန်းပြီး တချို့ဆိုကောင်းကောင်ပင်အရွယ်မရောက်သေးပေ။ပြီးတော့ ချောမောကြည့်ကောင်းသူတစ်ယောက်မှကို မတွေ့ဘူးလေ။သေချာပေါက် သူအတွေးလွန်နေတာပဲဖြစ်ရမယ်။
လင်ဂျာပေါင်နှင့်အခြားအမှုထမ်းငယ်တွေကို ရှီယန်သည် မနက်တိုင်းတွင် တောင်ဝင်နန်းတော်ရဲ့စည်းမျဉ်းတွေကိုသင်ကြားပေး၍ နေ့လည်ပိုင်း၌ ကိုယ်ကျင့်တရားနှင့်အပြူမူတွေကို သင်ကြားပေးလေသည်။
နန်းတွင်းသို့ရောက်လာကြသောအမှု ထမ်းတွေသည် စာမတတ်သူတွေသာများလေသည်။သို့သော် အမှုထမ်းတို့သည် နန်းတွင်းရဲ့စည်းကမ်းတွေ၊နန်းဆောင်တစ်ခုနှင့်တစ်ခု ကူးရာလမ်းကြောင်းတွေအပြင် နန်းတွင်း၏တားမြစ်စည်းကမ်းတွေကိုလဲ ကျက်မှတ်ရန်လိုအပ်သေး၏။
ဒါဟာ အင်မတန်ခက်ခဲတယ်ဆိုပေမဲ့လဲ ဂျာပေါင်အတွက်တော့ အရမ်းခက်ခဲနေတာမျိုးမဟုတ်ချေ။သူ့အကိုကြီးသင်ပေးလိုက်သော စကားလုံးအချို့ကို စွဲစွဲမြဲမြဲမှတ်မိနေခြင်းကြောင့် အခြားသူတွေထက်ကျက်ရမှတ်က ပိုမိုလွယ်ကူနေတော့သည်။
အပြုအမူနှင့်ကျင့်ဝတ်ပိုင်းက သူတို့ကိုခက်နေပြန်သည်။ခေါင်းကိုငုံ့၊မျက်လွှာကိုချ၊ရင်ဖတ်ကိုအနည်း ငယ်လျှို့လျက် တိတ်ဆိတ်စွာလမ်းလျှောက်ရခြင်းမျိုးကဲ့သို့ အသေးစိတ်ကျသော အရိုသေပေးပုံတို့ကို သင်ပြပေး၏။
စကားပြောတဲ့အခါမှာလဲ လိုရင်တိုရှင်းဖြင့်မနိမ့်လွန်းမကျယ်လွန်းသောအသံဖြင့်သာပြောရမည်ဖြစ်ပြီး အမြန်နှုန်းဟာလဲ မြန်လို့လဲမရသလိုနှေးလို့လဲမရပဲ တသတ်မတ်ထဲဖြစ်ရမည် ဟူသောစည်းမျဉ်းကိုလိုက်နာရပြန်သည်။
ထို့ပြင် လက်ဖက်ရည်ဖျော်စပ်နည်း၊လက်ဖက်ရည်ဆက်သခြင်း၊ရေဆက်သခြင်း တို့ကိုသင်ကြားရ၏။ခြေလက်လှုပ်ရှားဟန်တို့သည် ပေါ့ပါးသွက်လက်နေရမှာဖြစ်ပြီး ပန်ကန်ထဲထည့်ရာတွင် အဖိတ်အဆင်မရှိစေဖို့ကိုလဲ အထူးသတိ ထားရဦးမည်ဖြစ်သည်။
လင်ဂျာပေါင်သည် အထက်ပါစည်းကမ်းချက်များကို သေချာမှတ်သားပြီး တစ်နေ့ကိုအခေါက်ရေတစ်ရာအနည်းဆုံးထား လေ့ကျင့်လေ၏။
တစ်လနီးပါးရှိလာတဲ့အခါမှာတော့ ရှီလီနန်းဆောင်တွင် တစ်ခုခုရှိနေပြီဆိုတာကို ယွမ်ဖူသတိထားမိလာတော့သည်။
သူ့ရဲ့အရှင်သည် နေ့တိုင်းရှီလီနန်းဆောင်သို့ ခိုးဝင်ပြီးပြတင်းပေါက်ကနေ တစ်ခုခုကိုချောင်းကြည့်လေ့ရှိသည်။နေ့စဉ်ရက်ဆက်ဖြစ်လာတာကြောင့် အရှင့်နောက်အမြဲလိုက်နေရသည့် ယွမ်ဖူပင်အရှင့်အားကြောက်လန့်လာ၏။
အိမ်ရှေ့စံသည် သစ်ပင်ပေါ်သို့တက်ပြီး ချောင်းရင်လဲချောင်းပြန်၏။အဆောင်တွေတွေ့သွားရင် ဘယ်လိုလုပ်ကြမလဲ?ဒါဟာနည်းနည်းမှကောင်းတဲ့အရာမဟုတ်ပေ!အရမ်းကိုအရှက်မဲ့လွန်းတယ်!ယွမ်ဖူသည် အရှင့်နောက်လိုက်ရင်းရူးချင်သလိုပါဖြစ်လာလေသည်။
သူ,အိမ်ရှေ့စံဆီမှာ ခစားလာတာကြာပြီဖြစ်ပေမယ့် သူ့အရှင့်ဆီတွင်ဒီလိုထူးဆန်းတဲ့ဝါသနာပါနေမှန်းမသိခဲ့ပေ။ပြီးတော့ သူ့ရဲ့အရှင်ဟာငယ်ရွယ်တဲ့ကောင်ငယ်လေးကို သဘောကျနေလိမ့်မယ်လို့လဲ မတွေးမိခဲ့ပေ။
ရှီလီနန်းဆောင်ကဘယ်လိုခလေးကများ သူ့အရှင့်ကိုဤသို့ဂနာမငြိမ်ဖြစ်လဲဆိုတာကို သူ,တကယ်ကိုသိချင်နေခဲ့သည်။
တနေ့မှာတော့ စာကြည့်ဆောင်အတွင်းရှိနေတုန်း ရွှမ်းရန်ဟန်ချန်သည် ဘေးကအမှုထမ်းတွေကိုပထုတ်ပြီး ယွမ်ဖူအား သီးသန်ပြောကြားလေ၏။
''ရှီလီနန်းဆောင်ကတစ်ယောက်ယောက် အနာဂတ်မှာ မင်းရဲ့အရှင်ဖြစ်လာနိုင်တယ်ဆိုတာကို မင်းရိပ်စားမိမယ်လို့ ငါထင်တယ်။အခုပြောမယ့် ကိစ္စကိုကောင်းကောင်းလုပ်။မယ်တော့်ရဲ့ရံရွေတော်ကြီး လင်ယန်နဲ့မင်းက ဆက်ဆံရေးကောင်းတယ်မလား?''
သူ့ရဲ့နန်းဆောင်ကအမှိုက်တွေကိုသေချာမရှင်းလင်းရသေးတာ
ကြောင့် လင်ဂျာပေါင်အားသူ့နန်းဆောင်တွင်မထားချင်ပေ။ထို့ကြောင့် မယ်တော်ရဲ့ ရံရွေတော်ထံသို့အပ်ပြီး ဘေးအန္တရာယ်ကင်းသည့် မယ်တော်၏နန်းဆောင်တွင်သာထားရန်ဆုံးဖြတ်ထားခြင်းဖြစ်သည်။
ယွိရှန်းဖန်အဆောင်သည် အစာပြေမုန်နှင့်အခြားသောစားသောက်တွေကိုပြင်ဆင်ပေးရသည့် မယ်တော်၏ သီးသန့်မီးဖိုဆောင်ဆိုရင်လဲမမှားချေ။မယ်တော်၏သီသန့်ရံရွေတော်တွေသာရှိတာကြောင့် လူလဲသိပ်မများသလို ပြသာနာအရှုပ်ရှင်းတွေဟာလဲ မရှိသလောက်နည်းပါး၏။
သူသိတာပေါ့ သူ့ရဲ့အရှင်သစ်ဖြစ်လာမဲ့သူအား မယ်မယ်ကြီး ထံတွင် ထိုခလေးငယ်လေးအား လက်ဖွဲ့အဖြစ်ကြိုတင်အပ်နှံထားချင်နေတာကို..။လင်ယန်သည်လဲ အနေအထိုင်လိမ္မာပါးနပ်ကာလုပ်ရည်ကိုင်ရည်ရှိသူဖြစ်တာကြောင့် မယ်မယ်ကြီး၏ မျက်နှာသာပေးမှုကိုရထားသူဖြစ်သည်။
လင်ယန်ဟာ ဒေါသကြီးသူဖြစ်ပေမဲ့ သူ့ထက်အငယ်တွေကိုတော့ လက်လွတ်စပယ်ဆက်ဆံတတ်သူမဟုတ်ပေ။ဒါကြောင့် သူ့အရှင့်ဟာ သူ့ခလေးငယ်လေးကိုလင်ယန်ထံတွင် စိတ်ချစွာအပ်နှံဖို့ဆုံးဖြတ်ထားဟန်ပင်။
''ဆက်.. ဆံရေးကကောင်းပါတယ်''နန်းတော်မှာ သူ့ရဲ့နာမည်ကြီးမှုကလဲ လျော့တွက်သင့်တဲ့အရာမျိုးမဟုတ်ချေ။
ရွှမ်းရန်ဟန်ချန်သည် သက်ပျင်းချလိုက်ပြီး
'' လင်ယန်ကိုသီးသန့်ခေါ်ပြီး လင်ဂျာပေါင်ဆိုတဲ့ခလေးကို သူ့လက်အောက်ကို ခေါ်ထားဖို့ပြောလိုက်။အဲ့ခလေးက ပိုင်စီရင်စုကလာတာ အသက်က,၁၂နှစ်ပဲရှိဦးမယ်။အခု လင်အန်ဇူ ဆိုတဲ့နာမည်နဲ့ရှိနေလိမ့်မယ်။သူက မျက်လုံးကြီးကြီးနဲ့ ပါးချိုင့်နှစ်ဖက်ပါတယ်။ ဒီကိစ္စကိုတစ်ခုခုလွဲချော်ခဲ့ရင် မင်း ငါ့နောက်လိုက်ဖို့မလိုတော့ဘူး။''
''မှန်လှပါ အမှားယွင်းမရှိအောင်သေချာလုပ်လိုက်ပါ့မယ်''ယွင်ဖူသည် သူ့အရှင့်ရဲ့အတည်ပေါက်ကြီးအသည်းသန်ဖြစ်နေမှုကို မြင်လိုက်ရတဲ့အခါ ဘာမှဆက်မပြောတော့ပဲ အမြန်ဆုံးအကောင်ထည်ဖော်နိုင်ရန်အတွက် ဧကရီ၏နန်းဆောင်သို့ထွက်လာခဲ့၏။
ယွင်ဖူ မီးဖိုဆောင်ကိုရောက်သွားချိန်မှာ လင်ယန်သည်ရံရွေတော်အနည်းငယ်ဖြင့် အချိုပွဲတစ်ခုကိုပြင်ဆင်နေ၏။လင်ယန်သည် ယွင်ဖူကိုတွေ့လိုက်တော့လုပ်လက်စအား တခြားအပျိုတော်တွေဖြင့်လွှဲလိုက်ကာ သူ့အားကြိုဆိုဧည့်ခံလေသည်။
''အဘိုးကြီး ယွင်ဖူပါလား,ဒီအချိန်ကြီးဘာလာလုပ်တာတုန်း ရှင့်ရဲ့အိမ်ရှေ့စံကတစ်ခုခုများမိန့်လိုက်လို့လား?''
''ဘာပါလိမ့်။ အရှင့်သားသူ့မယ်တော်ဆီနောက်ဆုံးအလည်လာခဲ့တုန်းက စားခဲ့တဲ့ပဲကိတ်ကိုကြိုက်တယ်တဲ့လေ။အဲ့ဒါကြောင့် ငါလဲမင်သားနန်းဆောင်ကသူတွေပြန်လုပ်ခိုင်းခဲ့တယ်။ဒါပေမဲ့ အရှင့်သားစာကြည့်တော့ အရသာကမတူဘူးတဲ့လေ အဲ့ဒါနဲ့ပဲငါလဲဒီရောက်လာခဲ့ရတာ''
'အဲ့ဒါဆို အခုလုပ်ပေးလိုက်မယ် အဘိုးကြီးယွမ်ဖူ ခဏပဲစောင့်နေနော်'' လင်ယန်သည်သူ့ပဲကိတ်အား အိမ်ရှေ့စံကြိုက်သည်ဟု ကြားလိုက်ရသည့်အခါ အလွန်ကိုတက်ကြွပျော်ရွင်နေလေ၏။
''ကောင်းပြီကောင်းပြီ ဖြည်းဖြည်လုပ်ငါအလျင်မလိုပါဘူး'' ယွမ်ဖူသည် အဓိပ္ပါယ်ပါပါကြည့်ရင်းပြောလိုက်သည်။
လင်ယန်သည်လဲယွင်ဖူ၏အကြည့်တွေကို တွေ့လိုက်ရသည့်အခါ တစ်ခုခုကိုအလိုလိုသိသွားကာ မီးဖိုဆောင်အကွယ် တံခါးဖက်သို့ဆွဲခေါ်ပြီး အတော်တန်ကျယ်ဝန်းသည့် သူ့အခန်းထဲသို့သွားကာ အဓိကဆိုလိုရင်းကိုမေးလိုက်၏။
''အကိုယွမ်ဖူ ဘာဖြစ်လာတာလဲ?''
''လင်ယန် ငါတို့သူငယ်ချင်းဟောင်းတွေလေ။မင်းကို အခုအလိုရှိမှဆက်သွယ်မိတာကို ဖုံးကွယ်မထားချင်ပါဘူး။ဒါပေမဲ့ ဒီအကူညီကိုမင်းကလွဲရင် တောင်းစရာလူမရှိလို့ပါ။ မင်းကခင်မင်ရင်းနှီးပြီးကြင်နာတတ်တာကိုသိပါတယ်။အလုပ်လုပ်တာလဲကျွမ်းကျင်တယ်လေ။ဒါကြောင့် ငါမင်းလက်ထဲကို ခလေးတစ်ယောက်အပ်ချင်လို့''
''ရပါတယ် ဒါအရမ်းခက်ခဲတဲ့ကိစ္စမဟုတ်ပါဘူး ပြောပါဦး။ ဘယ်သူလဲဆိုတာ '' လင်ယန် စိတ်ထဲမှာ တစ်ခုခုဆိုးဆိုးဝါးဝါးဖြစ်မှာလို့ တွေးနေခဲ့တာဖြစ်သည်။မီးဖိုဆောင်ထဲ လူတစ်ယောက် ထပ်ခေါ်ထည့်ထားတာက သူမအတွက်အရမ်းခက်ခဲတာမျိုး မဟုတ်ပေ။
''ကျေးဇူးတင်ပါတယ်ကွာ!မင်း ငါ့ကိုအကြီးကြီး ကူညီပေးလိုက်တာပဲ!'' ယွင်ဖူသည် လင်ဂျာပေါင်၏ ကိုယ်ရေးအကျဉ်းကို အသေးစိတ်ဂရုတစိုက်ပြန်ပြောပြနေခဲ့၏။
''လိမ္မာပါးနပ်ပြီးအကဲခတ်တော်တဲ့ ငါရဲ့လင်ယန်ကိုနောက်မှသေချာပြုစုပါ့မယ်နော့ '' ယွမ်ဖူသည်ပြောရင်းဆိုရင်း သူ့လက်အိတ်ထဲမှသေတ္တာငယ်လေးကိုစမ်း၍ထုတ်ယူပြီး လင်ယန် လက်ထဲသို့ထည့်ပေးလိုက်၏။
''နောက်လထဲမှာမင်းမွေးနေ့ရှိတယ်လို့ကြားတယ် ဒါလေးတန်ဖိုးသိပ်မကြီးပါဘူး။လက်ခံပေးပါဦး''
''အိုး...အကိုကြီး ရှင်တအားကြင်နာတတ်တာပဲ။အဲ့ခလေးအတွက်စိတ်ချထားပါ ကျမဂရုစိုက်ပေးပါ့မယ်'' လင်ယန်ပြုံး၍ပြောလိုက်၏။
အဆိုပါသူငယ်ချင်းနှစ်ယောက်သည် စကားအတန်ကြာပြောပြီးတဲ့နောက် အခန်းပြင်ပရှိမီးဖိုဆောင်သို့ပြန်ထွက်လာကြသည်။
''လင်ယန်,အမ သင်ပြထားတဲ့အတိုင်း ကိတ်နည်းနည်းလုပ်ထားပါတယ်မြည်းကြည့်ပေးပါဦး'' သူမတို့အဆောင်ရဲ့ သက်တမ်းရင့် ရံရွေတော်တစ်ယောက်ဖြစ်တဲ့ လင်ထုံဟာ သူ့ကိတ်၏အရသာကို မြည်းစမ်းခိုင်းနေခြင်းဖြစ်သည်။
လင်ထုံသည် ဘယ်လိုတုန့်ပြန်လာမည်ကို စိတ်လှုပ်ရှားစွာစောင့်ဆိုင်းနေ၏။''ကောင်းတယ် ကောင်းတယ်'' ယွင်ဖူကို နည်းနည်းပေးလိုက်ဦး။
''အိုး အရသာရှိတယ်! အရမ်းအရသာရှိတယ်! လင်ယန် ကောင်းကောင်းသင်ပြထားတာပဲ။ အဲ့ဒါကြောင့်ပြောတာ မင်းလက်နဲ့ထိလိုက်ရင်ရွှေပဲဆိုပြီးလေ''
လင်ယန်အရမ်းကိုမှ ကိုယ့်ကိုကိုယ်ဂုဏ်ယူမိလေ၏။လင်ထုံက သူမကိုမျက်နှာမပျက်စေဘူးပဲ။သူမအနေနဲ့ လင်ထုံရဲ့သင်ယူတတ်မြောက်မှုကို ၇မှတ် ၈မှတ်လောက်ပေးလို့ရမယ်။
ကိတ်အနည်းငယ်ကို သေချာထုတ်ပိုး၍ ယွမ်ဖူပြန်တဲ့အခါတစ်ပါတည်းထည့်ပေးလိုက်ကြ၏။ယွင်ဖူပြန်သွားတဲ့နောက်မှာတော့ ရံရွေတော်လေးနှစ်ယောက်သည် တွတ်ထိုးနေကြလေသည်။
''အမယန် ကအရမ်းမိုက်တာပဲ။အိမ်ရှေ့စံတောင် သူ့ရဲ့ကိတ်အရသာကိုမှတ်မိနေတယ်''
အဆောင်ရဲ့အငယ်ဆုံးလေးယိလင်က အားကျစွာပြော၏။
Advertisement
- In Serial83 Chapters
Sweet Bastard
Lisa and her boss, Alessandro, agree to spite their exes by pretending to date, but things begin to backfire when fake feelings become real along the way. *****For two years, Lisa Brooks worked as a secretary to the powerful self-made billionaire, Alessandro Russo. He hardly noticed her, and to him, she was nothing more than a co-worker who wore conservative clothes, a tight bun, and followed his orders. But when Lisa's heart gets broken by her first love and Alessandro starts to lose his willpower to avoid Gretchen (his ex-girlfriend and now-client's wife), they decide to help each other out by fake dating. I mean, how hard can it be to not fall in love? [[word count: 100,000-150,000 words]]Cover designed by Ashley Santoro
8 227 - In Serial33 Chapters
Dominantly yours (Unedited)
He was coming close and close. I tried to move rightwards but due to my attire and jewellery i feel i was not fast enough and i felt his left hand encircling around my waist.With his touch i felt a sensation in my entire body going through my spinal cord and my heartbeat it had no boundaries. I closed my eyes tightly and kept my face down and trying to get out of his hold. I was looking like a petite frame under his hold with my small height in comparison to his beastly size. I was not wearing any heels right now and barely reached upto his shoulders. I was not able to understand what he was trying to do but i didn't dare to open my eyes.I felt his another hand on my chin and he lifted my face."Leave me" i said nervously and was not able to bear this much of our proximity."First open your eyes" he said tightening his grip on my waist.He is 28 and she is 23.Anirudh and Sona totally opposite souls are bound together.Let's see what destiny has stored for them.#SOHANIImpressive rankings.#1 out of 12.9k in motivation October 2021#1 out of 12.9k in motivation April May 2022#1 out of 104k in betrayal June 2022
8 222 - In Serial13 Chapters
Falling in love with a witch
"The sun today will be the judge of you men, burning you and your sins, as the wind will sweep away the ashes of you fools. We witches pray to mother nature and she shall save us, as our souls are pure gold unable to rust". A witch spoke these words on the day of her death. Centuries later a hidden tale is unraveled in the 21st century in the town of Mount Giest. What secrets will be discovered and who is lying, whilst who is telling the truth? A love story between a boy and a witch. They learn to bond and heal each other wounds growing together, with a hint of darkness that lurks behind all of us. release dates hopefully if I'm not busy: Tuesday and Friday note: l do not own any copyrights over the cover image l used
8 202 - In Serial53 Chapters
The Unwanted Proposal
(Highest rank #3 in romance on 15/02/2017, #5 in romance on 13/11/16)Note: the story is unedited and you might find many mistakes.Avni is a beautiful independent lady of 25 whose life is almost perfect. But soon that is going to change when under certain circumstances she is bound to marry Aditya, her father's best friend's son. Aditya is handsome and rich. He is a man of secrets. What happens when they have to live under the same roof.
8 188 - In Serial7 Chapters
The Proposal
When Seoul editor Jimin faces deportation to America, he convinces his assistant Yoongi to marry him in return for a promotion. A trip to Yoongi's hometown, however, brings many surprises Jimin's way.
8 171 - In Serial36 Chapters
Tethered Destinies
We are each born with a universal soulmate, and at eighteen, each is destined to receive their half of a complete binding mark. A Knot tattoo, of which the universal balance gifts the soulmate their own compatible other.Never believed in soulmates, never believed in true love. Amelia was one of those who lived, and loved in 'the now', not the 'fated to be'. University studies, a part-time job, and her soulmate, Owen, held her in check. Joshua Anderson, Amelia's university lecturer, irritated her deeply until she saw something that called to her. A tattoo, not the tattoo she had seen on his wrist before, but a different one that drew her in.Amelia thought her love for Owen was true, after all, they had matching tattoos. But she knew there was another one; she had seen it. The question is, how could she have two soulmates? What mysteries does Joshua hold to have a different Knot?***FEATURED by @fantasy @wattpadurbanfantasy @newadultreads2nd DraftCover by @eryxnaps
8 120

