《မင်းကို ချစ်မဝသေးလို့(BL Novel,Myanmar tran)》Ch-4 Unicode
Advertisement
အပိုင်း(၄):ဗီဇပြောင်းလဲခြင်း
....
ညနေခင်းအချိန် လင်တကျွမ်းနှင့်ကျန်းဟွေ့ညောင်တို့ အိပ်ရာထဲနားနေနေချိန် လင်တကျွမ်းသည်သက်ပြင်းချ၍ပြောလာသည်။
''တလီတို့က ချန်အာကိုနန်းတွင်းပို့မလို့တဲ့'' ည,ကလဲ အိမ်မှာအချိန်အတော်ကြာစကားပြောခဲ့ကြသလို နေ့ခင်းဘက်မှာလဲမအားလပ်တာကြောင့် ဒီအကြောင်းကိုအခုမှပြောရခြင်းဖြစ်သည်။
''ချန်အာက ၁၄နှစ်ရှိနေပြီလေဘယ်လိုဖြစ်တာလဲ။သူမက လက်ထပ်ဖို့အရွယ်ရောက်နေပြီကို ဘယ်လိုဖြစ်ပြီးတော့ ဒီလိုလုပ်ဖို့ စဉ်းစားနိုင်ရတာလဲ?''ဟွေ့ညောင်သည် အံ့သြသင့်စွာဖြင့် ဆိုလေသည်။
''တလီနဲ့ လီကျန်းပြောတာတော့ ချန်အာရဲ့အသက်က၁၄နှစ်ဆိုပေမယ့် ၁၄နှစ်ပြည့်မှာကိုပြောတာတဲ့ကျော်သွားတာမဟုတ်ဘူးတဲ့လေ။ '' တကယ်ဆိုရင်လဲ ရွာကလူတော်တော်များများသည် ကိုယ့်ခလေးနှင့်ရွယ်တူတွေထဲတွင် ဘယ်အိမ်ကသား၊သမီးကအကြီးဆုံးဆိုတာကို သိကြလေသည်။
''လီကျန်းက သေဘာတူတယ်လား?'' ကျန်းအမျိုးသမီးသည် ဆက်မေးနေ၏။
''အင်း, လီးကျန်းက ခွဲတမ်းလူမပြည့်မှာစိတ်ပူတယ်တဲ့ အဲ့ကြောင့် ချန်အာ နန်းတွင်းထဲသွားဆိုတာကိုလက်ခံလိုက်တယ်တဲ့''
''အိုး...သူတကယ်ကိုအကြင်နာမဲ့တာပဲ!''ကျန်းဟွာညောင်သည် တလီတို့မိသားစုဟာလိုတာထက်ပိုပြီး အပေးအကမ်းရက်ရောခဲ့တယ်ဆိုတာကိုသိနေခဲ့သည်။
လင်တလီသည် လင်တကျွမ်း၏ ၅နှစ်ငယ်သောညီငယ်လေးဖြစ် သည်။လင်တလီက ဖျက်လတ်တတ်ကြွပြီး စကားပြောချိုသာသူဖြစ်သည်။သူ့ရဲ့ကိုယ်ရည်ကိုယ်သွေးကြောင့်ပဲ ရွာ၏ဝါရင့် လက်သမားဆရာကြီးထံတွင် တပည့်ခံနိုင်ခဲ့သူဖြစ်သည်။
အစောပိုင်းကာလတွေမှာ ညီအကိုနှစ်ဦးဟာ အတော်လေးသဟဇာတဖြစ်ခဲ့ကြသည်။လင်တလီဟာလဲ သူ့အကိုဟာ သူ့ကိုခက်ခက်ခဲခဲစောင့်ရှောက်ခဲ့ရမှန်း သိနေခဲ့ပါသည်။
ညီအကိုနှစ်ယောက်ကြားက အက်ကြောင်းဟာ လင်တကျွမ်းတစ်ယောက် ကျန်းဟွေ့ညောင်နှင့်လက်ထပ်ခြင်းမှစတင်ခဲ့သည်။သူတို့နှစ်လက်ထပ်ပြီးနောက်မှာ လင်,တလီ အပြင်းထန်ဖျားနာခဲ့သည်။ ကုသ၍ပျောက်ကင်းခဲ့ပေမဲ့လဲ လင်,တလီကေတာ့ ဒါသူ့မရီးရောက်ရှိလာမှုရဲ့အကျိုးဆက်ဟုပင် ယူဆခဲ့သည်။
ဒါကြောင့်ပဲ ညီအကိုနှစ်ယောက်ရန်ဖြစ်စကားများသည်အထိဖြစ်လာခဲ့သည်။ကျန်းမိန်းခလေးသည် ဘယ်လိုပဲသူအပေါ်ကောင်းကောင်းဆက်ဆံနေပါစေ လင်,တလီကတော့ အမြဲသတိထားပြောဆိုဆက်ဆံခဲ့သည်။
ညီအကိုနှစ်ယောက်ကြားက သဘောထားကွဲလွဲမှုသည် လင်,တဝမ် လက်ထပ်ပြီးချိန်တွင်ပိုပြီးဆိုးဝါးလာခဲ့သည်။
လင်,တလီသည် ကျဲမိသားစု၏သမီးအငယ်ဆုံးလေး ကျဲမီလိနှင့်လက်ထပ်ခဲ့သည်။ကျဲမီလိက သူ့နာမည်လေးအတိုင်းပဲ အရမ်ကိုလှပပြီး ရွာ၏ကွမ်းတောင်ကိုင်ပန်းတောင်ကိုင်အလှပဂေးလေးဖြစ်သည်။ရွာရဲ့အလှပဂေးလေးကို လူပျိုတွေကအပြိုင်ဆိုင်ချစ်ရေးဆိုကြတော့၏။ဒါကြောင့်ပဲ ကျဲမိသားစုသည် လက်ဖွဲ့ပစ္စည်းများများပေးနိုင်မည့် အမျိုးသားကိုသာလက်ခံရန် ရှာဖွေကြတော့သည်။
လင်,တလီသည် ကျဲမီလိအား အလွန်မင်းဆွဲလမ်းပြီးချစ်ခင်နေပြီဖြစ်ကြောင်းကို လင်,တကျွမ်းသိလိုက်သည့်အခါ သူ့ညီအတွက်ခန်းဝင်ပစ္စည်းအမြောက်များဖြင့် လက်ဆက်နိုင်ရန်ကူညီပေးတော့သည်။
အစပိုင်းတွင် အိမ်ထောင်စုနှစ်ခုသည် အတူတကွနေထိုင်ခဲ့သည်။ကျဲမီလိသည် သူ့အိမ်တွင်ခလေးသာသာ၊မိသားစု၏အထူးအလေးပေးနေထိုင်ခဲ့ရသူမို့ ဘာအလုပ်တာဝန်ကိုမှမယူချင်ပဲ ပျင်းရိကာနေပေမဲ့ အလိုရမက်တော့အင်မတန်ကြီးလေသည်။
မိသားစု၏အိမ်အမှုကိစ္စတွေအကုန်လုံးကို ကျန်းဟွေ့ညောင်သည် ခလေးတစ်ဖက်ဖြင့်ပင်ပန်းခက်ခဲစွာ လုပ်နေရတာကြောင့် လင်,တကျွမ်းသည်လဲ ခလေးလေးသာသာနေနေသော ကျဲမီလိအားအမြင်က မကြည်တော့ပေ။လင်,တလီသည်လဲ သူ့မိန်းမဘက်တွင်သာရှိနေတာကြောင့် အစိုင်ခဲတွေဟာတဖြည်းဖြည်းစုပုံလာတော့သည်။
ကျဲမီလိတွင်သမီးနှစ်ဦးထွန်းကားလာချိန်မှာတော့ မိသားစုနှစ်ခုဟာဘယ်လိုမှအစေးမကပ်တော့ပဲ အိမ်ခွဲရသည်အထိ ဖြစ်လာတော့သည်။လင်,တလီတို့ဇနီးမောင်နှံတွင် သားယောကျာ်းလေးမထွန်းကားရခြင်းမှာ ကံဆိုးစေသည့်မြွေနှင့်အလားတူသော ကျန်းဟွေ့ညောင်ကြောင့်ဟုဆိုကာ အိမ်ခွဲနေကြရန်
အတင်းအကြပ်တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။
တကယ်တော့ ကျဲမီလိဟာအစပိုင်းထဲကအိမ်ခွဲနေခြင်းခဲ့တာဖြစ်သည်။သူမမှာကျန်းဟွေ့ညောင်လောက်လဲ ကေလးမရှိသလို လင်,တကျွမ်းသည်လဲ လယ်တစ်ခုထဲကိုသာလုပ်ကိုင်နေသူဖြစ်သည်။
သူမယောကျ်ားလောက်ငွေရှာမကောင်းပေမဲ့ စားမယ့်ပါးစပ်ပေါက်တွေကတော့ သူမတို့ထက်များနေတယ်ဟုဆိုတာ နေ့စဉ်နေ့တိုင်းအကျိုး အမြတ်တွက်ရင်းဖြင့် အတူနေရသည်ကိုစိတ်သောကရောက်နေခဲ့ရသည်။လင်,တလီသည်လဲ ဘာမှမပြောပဲနေနေတာကြောင့် ကျဲမီလိသည်ကျိတ်မှိတ်ခါသာနေခဲ့ရလေသည်။
လင်,တကျွမ်းသည် ရွာလူကြီးလီကျန့်နှင့်တိုင်ပင်ကာ မိသားစု၏ လက်ငုတ်လက်ရင်း အိမ်၊ခြံ၊လယ်ယာမြေတို့ကိုတစ်ဝက်ကာ လင်,တလီအားပေးခဲ့လေသည်။ယခင်ကထဲက လင်,တလီအတွက် သူ,များစွာငွေကြေးစိုက်ထုတ်ပေးခဲ့တာတွေအတွက် လင်,တကျွမ်းသည် အကိုကြီးပီသစွာပြန်လည်တောင်းယူခြင်းမပြုခဲ့ပေ။
ဤသို့ဖြင့် လင်,တလီသည် ရွာ၏ တစ်ဖက်ခြမ်းတွင် အိမ်ဆောက်ကာသီးသန့်ခွဲနေခဲ့သည်။နောက်၂နှစ်ကြာတဲ့အခါမှာတော့ ကျဲမီလိသည်တကယ်ပဲ သားယောကျာ်းလေးမွေးဖွားခဲ့သည်။ကျဲမီလိတို့ဇနီးမောင်နှံသည်လဲ ကျန်းဟွေ့ညောင်၏ကံဆိုးစေမှုကို ပိုယုံကြည်လာကြပြီး မိသားစုနှစ်ခုသည်လည်းတဖြည်း ဖြည်းပိုဝေးလာခဲ့တော့သည်။
လင်,တလီတို့ဇနီးမောင်နှံသည် သူတို့ရဲ့ဆုံးဖြတ်ချက်ကိုလဲ ကြိတ်ပြီးကျေနပ်နေခဲ့ကြ၏။ကျဲမီလိနှင့်လင်,တလီတို့သည် ဘဝင်လေဟပ် ငွေကြိုက်ခင်များဖြစ်တာကြောင့် သူတို့သမီးတွေဟာလဲ ငွေကြေးချမ်းသာသူနှင့်သာ လက်ဆက်စေလိုကြသည်။ဒါပေမဲ့ သူတို့ရဲ့အကြီးဆုံးသမီး လင်ချန်အာသည် အဖေဖြစ်သူနှင့်တူပြီး ကျဲမီလိ ၏ နှစ်လိုဖွယ်မျက်နှာလေးကို အမွေမဆက်ခံနိုင်ခဲ့ပေ။
လင်ဂျင်အာ၏လက်ထပ်သတင်းကို ကြားလိုက်တဲ့အခါ သူမရဲ့သမီးက ဘယ်တော့မှလင်ဂျင်အာလို လက်မထပ်နိုင်ဘူးဆိုတာကိုလဲ ကျဲမီလိသိနေခဲ့သည်။တကယ်လို့ ချန်အာရဲ့ပုံစံနှင့်လက်ထက်လို့ရမယ်ဆိုရင်တောင် သူမတို့မင်္ဂလာစရိတ်အများကြီးအလိုက် ပေးရမည်ဖြစ်သည်။
(T/N:ပြောချင်တာက သူ့အဖေနဲ့တူလို့ရုပ်ဆိုးပြီး လက်ထက်ချင်တဲ့သူ,မရှိတာပါ)
အဲ့ဒီ့အချိန်မှာပဲ နန်းတော်ကအရေးပေါ်အစေခံခေါ်ယူတယ်ဆိုတဲ့ သတင်းကိုကြားလိုက်ရတာကြောင့် လင်,တလီပြန်လည်ရှင်သန်လာသလိုတောင် ခံစားလိုက်ရသည်။တကယ်လို့ နန်းတော်ထဲရောက်သွားရင် တင်တောင်းငွေအတွက်လဲပူစရာမလိုတော့သလို ထောက်ပံ့ငွေလဲရဦးမည်။နောက်အနာဂတ်မှာလဲ လစဉ်ငွေစုမိပြီး အိမ်သို့ပြန်လာနိုင်လိမ့်မည်။ဒါဘယ်လောက်ကျေးဇူးတင်စရာကောင်းလိုက်လဲ!
လင်ချန်အာသည်လဲ သူမရဲ့အဖေနဲ့အမေက သူမကိုနန်းတွင်းထဲပို့မယ်လို့ပြောတုန်းက ဝမ်းနည်းနေခဲ့သည်။ဒါပေမဲ့ ရွာလူကြီးလီကျန်း၏ လူချမ်းသာတစ်ယောက်ရဲ့မျက်စိကျခြင်းကိုခံရရင် အဆင်ပြေပြေနေနိုင်ပြီဟူသော စကားကိုကြားလိုက်ရတဲ့နောက်မှာတော့ အတွေးပြောင်းသွားခဲ့သည်။
သူမ လင်ဂျင်အာတစ်ယောက်လက်ထပ်ပြီး မြို့မှာချမ်းချမ်းသာသာနေထိုင်နေသည်အား တကယ်ကိုမနာလိုဖြစ်နေခဲ့ရသည်။သူမရဲ့သွင်ပြင်၊အခြေနေဖြင့် ဒီလိုလက်ထပ်ခြင်းမျိုးကို ဘယ်တော့မှလုပ်နိုင်မည်မဟုတ်ကြောင်းကိုလဲ ကောင်းစွာသိနေခဲ့သည်။ဒါပေမဲ့ နန်းတော်ထဲဝင်လိုက်ရင်တော့ ကံတရားကမျက်နှာသာပေးပြီး သူမ,လက်ထပ်လို့ရရင်ရနိုင်တာပဲလေ။
ဆယ်ရာကြာတဲ့အခါမှာတော့ လီကျန်းသည်မြို့တော်သို့သွား၍ လူစာရင်းကိုတင်ပြလေသည်။လူတိုင်းက သူတို့ရဲ့မိသားစုကိုခွဲရမှာကြောက်တာကြောင့် ဆယ်ယောက်ပြန်ရန်ခက်ခဲလေသည်။လီကျန်းသည် သူရသောဒဏ်ကြေးငွေတွေကိုစုပြီး နန်းတွင်းလိုက်ပါမည့် ခလေးရဲ့မိသားစုတွေကိုပြန်ခွဲဝေပေးလေသည်။ထို့နောက် လိုအပ်တာတွေဝယ်ယူပြင်ဆင်ရန်အတွက် မြို့သို့လိုက်ပို့ပေးပြီး ၁၀ရက်အချိန်ပေး၏။
ကျဲမီလိသည် သူမရလာသောထောက်ပံ့ကြေးငွေတွေဖြင့် သူမသမီးအတွက် အင်္ကျီအဝတ်အစားတစ်စုံကိုဝယ်ပေးလေ၏။ဒီဝတ်စုံဟာ သူမဆီကနေထွက်သွားတော့မယ် ချန်အာအတွက်နောက်ဆုံးဝယ်ပေးမည့် ဝတ်စုံဖြစ်လိမ့်မည်။ကိုယ်တိုင်းဖြင့် အပ်နှံချုပ်ပေးချင်သော်လည်း အချိန်မရတာကြောင့်အသင့်ချုပ်ပြီးသားဆိုင်ကိုသာ သွားလိုက်ရတော့သည်။
အထည်ဆိုင်ကထွက်လာပြီးနောက်ကျဲမီလိသည် သရေစာမုန့်ဆိုင်ကိုသွားပြန်သည်။သရေစာမုန့်တွေ (အထူးသဖြင့်သူမသားနှစ်ယောက် ကြိုက်တတ်သောမုန့်များ)ကိုရွေးကာ အိမ်အတွက်ဝယ်ယူလာခဲ့၏။
ကျဲမီလိဈေးထဲလှည့်ပတ်သွားလာနေတုန်း ကျယ်ကျယ်လောင်လောင်ပြောနေကြသော အတင်းဖျင်းတစ်ခုကိုကြားလိုက်ရတာကြောင့် နောက်လှည့်ကြည့်ကာနားထောင်နေလိုက်သည်။
''ငါ့ညီမတို့ဘေးအိမ်ကအောင်သွယ်တော်ကျန်းတို့ အိမ်လေ။သူတိုပြောတာတော့အောင်သွယ်တော်ကျန်းကို အောင်သွယ်ခအနေနဲ့ ငွေစ၁၂၀ပေးတယ်တဲ့ဟေး!''
''ငွေစ၁၂၀!ဝမ်မိသားစုကလွဲပြီး ဘယ်သူမှရှိမယ်မထင်ပါဘူး''
''အဲ့လိုမှမဟုတ်ရင်လဲ ရှာလို့ရနိုင်မှာမဟုတ်ဘူးလေ။သူတို့သားကတော်တော်လေးနာမကျန်းဖြစ်နေတာတဲ့။သမားတော်တောင် လက်လျှော့လိုက်ပြီလို့ကြားနေတယ်''
''အေးလေ!ငွေစ၁၂၀ကကောဘာအရေးလဲ အိမ်ထောင်ပြုတယ်ဆိုတာ မိန်းမတစ်ယောက်အနေနဲ့ သေချာမစဉ်းစားရင် တစ်ဘဝလုံးသွားပြီပဲ။ဘယ်လိုလူကောင်းကကောင်းကကော ဒီကိစ္စကိုသဘောကျမှာတုန်းဟယ်?''
''အင်း အဲ့ဒါကြောင့် အောင်သွယ်တော်ကျန်းကပြောတာဖြစ်မယ် လက္ခဏာရှစ်ပါးနဲ့ညီရင်ရပြီ ကျန်တာတစ်ခုမှဂရုမစိုက်ဘူးတဲ့။ရွာကဖြစ်နေလဲရတယ်တဲ့။နောက်ပိုင်း သူတို့ရဲ့သားဆုံးပါးသွားလို့ နောက် အိမ်ထောင်ပြုချင်ရင်လဲ ခွင့်ပြုပေးမယ်တဲ့တော်ရေ..။အင်း...ကြည့်ရတာတော့ ဝမ်မိသားစုက သူတို့သားလေးကို အိမ်ထောင်မပြုရသေးပဲ လက်လွှတ်ရမှာကို အတော်စိုးရိမ်နေကြတယ်ထင်ပါရဲ့...။''
Advertisement
ကျဲမီလိ သရေစာမုန့်တွေဝယ်ပြီးပြန်လာတာတောင်မှ ဒီအမျိုးသမီးနှစ်ယောက်ရဲ့စကားကိုပြန်ကြားယောင်နေတုန်းပဲ။
ငွေစ၁၂၀! သူမဘယ်တုန်းက ဒီလောက်များတဲ့ပိုက်ဆံကို ဘယ် တုန်းကမှမတွေ့ခဲ့ဘူး။ဒါကြောင့် သူမစဉ်းစားလေ ပိုပြီးမရိုးမရွဖြစ်လာရလေပဲ...။
ကျဲမီလိအိမ်ပြန်ရောက်ပြီးတဲ့နောက် သူ့ယောကျာ်းအားပြန်ပြောပြလေသည်။
''အေး!မင်းက ဒီသတင်းကိုနည်းနည်းစောစောကြားလာခဲ့ရမှာ... အခုတော့ မင်းရဲ့သမီးနန်းတော်ကိုသွားရတော့မယ်။ငါ မနက်ဖြန်မြို့ကိုသွားပြီး အခြေနေစုံစမ်းကြည့်လိုက်ဦးမယ်''ဟု လင်,တလီသည် အနည်းငယ်တွေးတော့၍ပြန်ပြောလေသည်။
နောက်တနေ့မှာတော့ လင်,တလီသည် လင်ချန်အာ၏ကိစ္စအတွက် အောင်သွယ်တော်ကျန်းအိမ်ကို စုံးစမ်းပြီးသွားလေ၏။
အောင်သွယ်တော်ကျန်းသည်လဲ ဒီကိစ္စနဲ့ပတ်သတ်ပြီး အလွန်မင်းပူပန်နေရတာဖြစ်သည်။ကြေငြာစာထုတ်ထားတာ ရက်အနည်းငယ်ကြာပြီဖြစ်တာတောင် ဘယ်သူမှလာရောက်စုံစမ်းခြင်းမပြုကြပေ။လင်,တလီ လာရောက်စုံစမ်းတဲ့အခါမှာတော့ အလွန်ကျေနပ်ပျော်ရွင်နေလေ၏။
လင်ချန်အာ၏လက္ခဏာရှစ်ပါးကိုကြည့်ပြီးတဲ့နောက် တကယ်ကိုကျေနပ်ရပြန်သည်။ဒါက တကယ်ကိုနီးစပ်စွာကိုက်ညီလွန်းတာကြောင့် ဝမ်မိသားစုအား အပြေးလွှားသတင်းကြောင်းပြောကြားလေသည်။
သခင်ကြီးဝမ်သည်လဲ မြန်မြန်ဆန်ဆန်ရောက်လာပြီး ဘာစကားတစ်ခွန်းမှကိုမပြောနိုင်အောင်ဝမ်းသာနေကာ လင်,တလီလက်ထဲသို့ ငွေစ၁၂၀ကို တင်တောင်းငွေအဖြစ် ပေးလိုက်လေသည်။မိသားစုနှစ်ခုသည် မနက်ဖြန်ပဲလက်ထပ်ပေးမည်ဖြစ်တာကြောင့် လင်ချန်အာ,အား မနက်ဖြန်မှခေါ်လာပေးမည်ဟု ပြောသည့်အခါမှာလဲ ဝမ်မိသားစုသည် လှိုက်လှိုက်လှဲလှဲပင်ခွင့်ပြုပေးပြန်သည်။
ဝမ်မိသားစုသည် သူတို့သားငယ်အတွက် ဘာနောက်နှေးကျန့်ကြာတာမျိုးမှမဖြစ်ချင်တာကြောင့် တောင်းဆိုသမျှကို သဘာဝကျကျပင်လိုက်လျောပေး၏။
လင်,တလီသည် သူတို့ဘယ်တုန်းကမှမထိတွေ့မကိုင်တွယ်ခဲ့ဖူးသည့် ငွေစ၁၂၀ကိုယူ၍အိမ်သို့ပြန်လာပြီးနောက် မနက်ဖြန် လင်,ချန်အာကို မြို့သို့ခေါ်သွားရန်အတွက်ပြင်ဆင်ပြန်သည်။
လင်,ချန်အာသည်လဲ နန်းတော်သို့သွားတာထက် ချုံရှီနှင့်လက်ထက်လိုက်ခြင်းက ပိုကောင်းတယ်ဆိုတာကိုသိနေခဲ့သည်။
တကယ်တော့ သူမအနေနဲ့ မြို့တော်ကိုသွားချင်တယ်ဆိုတာရဲ့ရည်ရွယ် ချက်က လူချမ်းသာတစ်ယောက်နဲ့လက်ထပ်ချင်လို့ပဲလေ။သူမသာဉာဏ်မကောင်းရင် ဒီလိုမျိုးတွေးမိမှာမဟုတ်ပေ။
တကယ်လို့ ချုံရှီချုံသာပြန်ကောင်းသွားရင် သူမကတရားဝင်ဇနီးဖြစ်လာနိုင်တယ်။ဒါဆိုရင် ဘယ်လိုပဲတွက်တွက် လင်ဂျင်အာထက်ပိုကောင်းတဲ့ လက်ဆက်ခြင်းဖြစ်လာမှာပဲ။
တကယ်လို့ ချုံရှီချုံက ပြန်မကောင်းတော့လို့ သေသွားပြီဆိုရင်လဲ သူတို့ပြောတဲ့အတိုင်းဆို သူမက နောက် ၂နှစ်လောက်နေရရင်ကို ပြန်လက်ထက်လို့ရနေပြီ။သူမသာ နန်းတော်ထဲဝင်သွားမယ်ဆို ၂၅နှစ်နေမှနန်းတော်ထဲကပြန်ထွက်လို့ရမှာ အဲ့အချိန်မှ တစ်ယောက် ယောက်နဲ့လက်ထပ်ဖို့ဆိုတာက တကယ်ကိုခက်ခဲသွားမှာဖြစ်သည်။
လင်,တလီတို့မိသားစုသည် ကိစ္စအဝ,ဝကို ၂ရက်အတွင်းအပြီးသတ်လုပ်ရတာကြောင့် အတော်ကို အလုပ်ရှုပ်သွားရတော့သည်။ငွေစ၁၂၀နှင့်အတူအိမ်သို့အရင်ပြန်လာရပေမဲ့ ရွာလူကြီးလီကျန်းကို ကလန်ကဆန်လုပ်ဖို့ဆိုတာက လွယ်ကူတဲ့ကိစ္စမဟုတ်တာကြောင့် အခက်တွေ့နေကြသည်။
''သွားမယ် လီကျန်းကို ငွေစ ၅စဖြစ်ဖြစ်၆စပေးလိုက်မယ် ဘာပဲဖြစ်ဖြစ် ချန်အာက ဝမ်မိသားစုဝင်ဖြစ်သွားပြီ။သူဘာလုပ်နိုင်မှာမလို့လဲ?အိုး..ဘာပဲဖြစ်ဖြစ် သူမတို့က မြို့တော်က အရာတစ်ဦးရဲ့ဆွေမျိုးဖြစ်နေပြီပဲ'' ကျဲမီလိသည် ချမ်းသာလာပြီဖြစ်တာကြောင့် အရာရာကိုယုံကြည်ချက်အပြည့်ရှိနေတော့ သည်။
''မင်လဲသိရဲ့သားနဲ့လီကျန်းအတွက် လူဆယ်ယောက်ပြည့်ဖို့ကိုဘယ်လောက်ခက်ခဲတယ်ဆိုတာကို...အခုတစ်ယောက်ထပ်လျှော့သွားပြန်ပြီဆိုတော့...''
''ဘာပဲဖြစ်ဖြစ်လေ ငါတို့ချန်အာကအသက်လဲကြီးနေပြီ အဲ့လိုမဟုတ်ရင်လဲ သူတို့၁ယောက်လျှော့မှာပဲဟာကို။အန်ယာကလဲ ၁၀နှစ်ပဲရှိသေးတယ် ငါတို့အိမ်မှာ စည်းကမ်းချက်နဲ့ညီတဲ့ခလေးမရှိတော့ဘူး။အိုး..ဟုတ်တာပေါ့ အကိုကြီးတို့အိမ်မှာ အဆင်ပြေမယ့်ခလေးနှစ်ယောက်တောင်ရှိတာပဲ။
သူတို့တစ်ယောက်ယောက်ကို အစေခံအဖြစ်ပို့လို့ရလောက်မှာပါ။အဲ့ထဲကတစ်ယောက်က ဒွိလင်လေးလေ။သူတို့အိမ် အနည်းဆုံးတော့ စားစရာအပေါက်တစ်ပေါက်သက်သာသွားမှာပါ ။''ကျဲမီလိသည်ယုတ်ညံ့စွာတွေးတောရင်း ပြောလေသည်။
''ဟုတ်တယ် အဖြေကဒါပဲ။အကိုကြီးတို့အိမ်သွားရမယ် ဒီကိစ်သကိုဒီမှာဖြေရှင်းလို့ရ,ရင်ရ မရင်ရင် မြို့တော်အထိတက်မယ် ပိုက်ဆံရှိနေပြီပဲ ဘာကိုကြောက်နေရဦးမှာလဲ'' လင်,တလီသည်လဲ လူစိတ်ပျောက်နေခဲ့ပြီဖြစ်သည်။
ညနေခင်းအချိန်တွင်တော့ လင်,တလီတို့ဇနီးမောင်နှံသည် ရွာလူကြီးလီကျန်းကိုခေါ်ကာ အကိုဖြစ်သူလင်,တကျွမ်းအိမ်သို့ ထွက်လာခဲ့ ၏။
လင်,တကျွမ်းတို့လင်မယားသည်လဲ ထိုသူတွေကိုမြင်လိုက်သည်နှင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍ တစ်ခုခုဖြစ်တော့မည်ကိုသိနေခဲ့ကြလေသည်။
လီကျန်းသည် လင်,တကျွမ်း၏ပိုက် ဆံတွေကိုပြန်ပေးရင်း ''တကျွမ်း မင်းနဲ့မင်းညီက အိမ်ခွဲနေလိုက်ကြပေမဲ့ မင်းတို့ကသွေးသားတော်စပ်နေကြတုန်းပဲဆိုတာ မင်းလဲသိတာပဲ။စိတ်လိုက်မာန်ပါလုပ်မိတဲ့အရာတွေကလဲ ဘာအရေးလဲ နောက်ဆုံးမှာတော့ မင်းတို့ဟာဘိုးဘွားမှတ် တိုင်တစ်ခုထဲအောက်မှာ အတူရှိနေကြမှာပဲလေ။အခု မင်းတို့မိသားစုဝင်တစ်ယောက်ယောက်ကတော့ နန်းတော်ကိုသွားကိုသွားရလိမ့်မယ်''
''ဒါ..ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ မနက်ကပဲငါတို့မိသားစုက ဒဏ်ကြေးငွေထပ်ပိုပြီးတော့တောင် ပေးခဲ့ပြီးပြီလေ'' ကျန်းဟွေ့ညောင်သည် သူမရဲ့ခလေးတွေကို ထည့်ပေးလိုက်ရမည်ဟုဘယ်တုန်းကမှမတွေးခဲ့ဖူးတာကြောင့် သည်းထန်စွာငိုကြွေးရင်းဆိုလေသည်။
လင်,တကျွမ်းသည် ဘေးနားတွင်ရှိနေသာ လင်,တလီအားပြေးရိုက်တော့သည်။
ဒေါသထွက်နေသောလင်တကျွမ်း ၏ခြေထောက်ကိုဖက်လျက် လင်,တလီသည် ''အကိုကြီး ဒါကမှားနေတယ်ဆိုတာကို သိပါတယ်။ငွေကြောင့်ဆိုရင် ကျနော်နောက် ထပ်ငွေ၁၂စကို အစားထပ်ပေးပါ့မယ်''
လင်,တလီ၏စကားသံကိုမကြားချင်လောက်အောင် လင်,တကျွမ်းသည် အလွန်မင်းဒေါသထွက်လာလေသည်။
ကျဲမီလိသည်လဲ သူ့ယောကျာ်းပြင်းပြင်းထန်ထန်ရိုက်ခံနေရတာမြင်တော့ အောဟစ်လျက် တားမြစ်လေ၏။ ''အား..!မရိုက်ပါနဲ့ မရိုက်ပါနဲ့တော့ အကိုကြီး သူသေသွားလိမ့်မယ်''
''ဘယ်သူက ခင်ဗျားတို့ပိုက်ဆံတွေကိုလိုနေလို့လဲ?ကျနော်တို့မိသားစုက ခင်ဗျားတို့ကိုမကြိုဆိုဘူး'' လင်ဂျာဝမ်သည် သတင်းကြားတာကြောင့် အပြင်မှပြန်လာခဲ့တာဖြစ် သည်။
''ဟင်း...မင်းထက်အကြီးတွေကိုညဘယ်လိုဆက်ဆံနေတာလဲ။ဒါက မင်းရဲ့ ဦးလေးနဲ့အဒေါ်ဆိုတာကော သိသေးရဲ့လား?ပညာတတ်ကျောင်သားဆိုတော့ကော ဘာလုပ်လိုရလို့လဲ?ရိုင်းစိုင်းနေလိုက်တာ!အခု မင်းဦးလေးကို သေအောင်ရိုက်သတ်လိုက်လဲ မင်းတို့အိမ်ကတစ်ယောက် ယောက်ကတော့ နန်းတော်ကိုမဖြစ်မနေသွားရဦးမှာပဲ!'' ကျဲမီလိသည် စိတ်ကြီးဝင်လျက် တစ်လုံးချင်းသေချာစွာပြောလေ၏။
''အကိုကြီး သေသေချာချာတွေးကြည့်စမ်းပါ။ အကို့ရဲ့ သမီးလားသားလားမသေချာတဲ့ ခလေးကိုကြည့်လိုက်စမ်း။အသက်ကသာကြီးလာတယ် ခလေးသာသာပဲ ဘာမှရေရေရာရာမလုပ်နိုင်သေးဘူး။လက်ထပ်တာလား? ဘယ်သူက သူ့ကိုယူချင်မှာလဲ?သူတစ်ယောက်ထဲဘယ်လိုမှ ချမ်းချမ်းသာသာမနေနိုင်ဘူး။နောင်ရေးဆိုတာရှိသေးတယ်။
အကိုကြီး တစ်သတ်လုံးလုပ်ကြွေးနေရမှာထက် နန်းတော်ထဲပို့လိုက်တာဘယ်လောက်ကောင်းတယ်လေ။သူ့အတွက်လဲ ပိုက်ဆံပိုမကုန်တော့သလို သူလဲသူ့ဟာသူပိုက်ဆံရှာနိုင်ပြီလေ။ဘယ်လောက်ကောင်းလိုက်သလဲ! လင်,တလီသည် သူ့အကိုကိုကြည့်ရင်းပြော၏။
''တလီပြောတာတာမှန်တယ်။မင်းစဉ်းစားသင့်တယ်။ခလေးအတွက်ပြင်ဆင်ဖို့ ရက်နည်းနည်းပေးမယ်''ဟုဆိုကာ လီကျန်းသည် လင်,တကျွမ်းအားငြင်းဆန်ခွင့်မပေးပဲ အဆိုပါဇနီးမောင်နှံနှင့်အတူ လာရာလမ်းအတိုင်းပြန်ထွက်ခွာသွားတော့သည်။
''ဖေဖေနဲ့မေမေ အာပေါင်က အိမ်မှာအသုံးမဝင်ဘူးဆိုတာ အမှန်ပဲလေ။သားကို နန်းတော်ထဲသွားခွင့်ပေးပါ။သားကိုယ့်ဘာသာဂရုစိုက်နိုင်ပါတယ်'' ဂျာပေါက်သည် အခိုင်မာကတိပေးနေပေမဲ့လဲ သူ့မျက်ရည်တွေကတော့တားဆီးလို့မရခဲ့ပေ။
ဂျာပေါင်ဟာ သူငယ်ငယ်ထဲကသူငယ်တခြားခလေးတွေနဲ့မတူဘူးဆိုတာသိနေခဲ့သည်။တခြားခလေးတွေကလဲ သူနဲ့ဆိုအတူမကစားချင်ကြပေ။သူ၅နှစ်သားအရွယ်တုန်းက လူချမ်းသာအမျိုးသားတစ်ဦးက သူ့ကိုလာဝယ်တာကြောင့် သူအမေနဲ့အဖေက ထိုအမျိုးသားအား အိမ်ပေါက်ဝကနေမောင်းထုတ်ဖူးတာကို သူမှတ်မိသေးသည်။
သူအပြင်သွားတိုင်း သူ့အမေကနောက်ကလိုက်သလို သူ့အားအမြဲတမ်းဂရုစိုက်တော့သည်။သူ့ကိုဖက်ပြီးတိုင်း မေမေသည်အမြဲတမ်းငိုတတ်သလို အဖေနှင့်အမေနှစ်ယောက်လုံးက အကောင်းဆုံးတွေကိုသာပေးကြသည်။အိမ်မှာဟင်းကောင်းကောင်းချက်ရင် အကောင်းဆုံးအပိုင်းကိုကျွေးတတ်သလို မောင်နှမတွေကလဲ သူ့ကိုအများကြီးချစ်တယ်ဆိုတာကို သူခံစားမိသည်။
အမွှာအငယ်ဆုံးလေးတွေမွေးပြီးတာတောင်မှ အိမ်ရဲ့အကောင်းဆုံးတွေဟာသူ့အတွက်ပဲဖြစ်ကာ တစ်အိမ်သားလုံးကလဲ သူ့ကိုအရင်လိုချစ်နေကြဆဲဖြစ်သည်။ဒါကြောင့်ပဲသူဟာ သူ့မိသားစုလေးကို အရမ်းချစ်ပြီးသံယောဇဉ်ရှိလေသည်။
ကျန်းအမျိုးသမီးသည် ဂျာပေါင်ကိုကိုင်ထားရင်းငိုလေသည်။''ဂျာပေါင်သားကလေ မေမေနဲ့ဖေဖေရဲ့ခလေးလေးပါပဲ။သားကိုခဘယ်တုန်းကမှ ဝန်ထုပ်ဝန်ပိုးရယ်လို့မခံစားခဲ့ရဘူး။ဖေဖေနဲ့မေမေက သားကိုတကယ်ချစ်တာပါ!ဒါက ဓားချက်ပေါင်းထောင်ချီပြီးအထိုးခံနေရတာထက်ပိုပြီးတော့ နာကျင်ရတယ်ကွယ်.....''
လင်,တကျွမ်းသည် တခြားနည်းလမ်းမရှိတော့ဘူးဆိုတာကို နားလည်နေခဲ့သည်။တစ်ယောက်လျော့ရင် ရွာဟာပြစ်ဒဏ်ခတ်ခံရမှာဖြစ်တာကြောင့် သူ့အိမ်ကခလေးတစ်ယောက်ယောက်ကို မဖြစ်မနေပို့ရတော့မှာဖြစ်သည်။တကယ်လို့ ပို့ရမယ်ဆိုရင်လဲ ဂျင်အာကလက်ထပ်ရန်ပြောဆိုပြီးဖြစ်တာကြောင့် ဂျာပေါင်သည်သာ အသင့်တော်ဆုံးရွေးချယ်မှုဖြစ်နေလေသည်။
လင်,တကျွမ်းသည် သားအမိနှစ်ယောက်ရှေ့ရပ်ကာ ''ဂျာပေါင် သားအဖေနဲ့အမေနဲ့ကို အရမ်းအပြစ်မတင်နဲ့နော်။နန်းတော်ကိုကောင်းကောင်းသွား အဖေတို့သားပြန်လာတာကိုစောင့်နေပါ့မယ်။အဖေတို့ကိုလဲအရမ်းစိတ်မပူပါနဲ့ မင်းအကိုတွေ အမတွေရှိတာပဲ ဘာမှစိတ်မပူနဲ့နော် အဖေတို့စောင့်နေပါ့မယ်!''
ဂျဝမ်သည်လဲ သူ့ရဲ့ညီငယ်လေးအားနှစ်သိမ့်ပေးလေသည်။''ဂျာပေါင် စိတ်မပူပါနဲ့။နောက်ကျရင် အကိုမင်းကိုလာခေါ်ပါ့မယ်။မင်းရဲ့အကိုသားလေးမွေးရင် မင်းရဲ့တူလေးဘယ်လောက်ကြီးလာတယ်ဆိုတာကိုပြပြီး မင်းကိုလန့်သွားအောင်လုပ်ပြမယ်''
လင်ဂျချိုင်သည်လဲ ''သားကော သားကောပဲ ဒုတိယအကိုလို ကြီးလာအောင်လုပ်ပြီး လန့်အောင်လုပ်ပြမယ်''
အချိန်ခဏလောက် မိသားစုဝင်တွေ သည်လက်ယောက်လက်ကိုတစ်ယောက်ဆုတ်ကိုင်ရင်း ဖတ်ထားကြလေသည်။
အမှန်တရားကိုလက်ခံလိုက်ပြီးတဲ့အချိန်မှာတော့ လင်,တကျွမ်းတို့မိသားစုသည် ကိုယ်စီအလုပ်ရှုပ်နေကြတော့၏။ကျန်းဟွေ့ညောင်သည် ဖိနပ်ဝယ်ဖို့အတွက်အလုပ်ရှုပ်နေသလို၊ဝူအမ(မရီး)သည် အဝတ် အထည်တွေကိုပြင်ဆင်ပေး၏။လင်လီအာသည် ဂျာပေါင်၏ပိုက်ဆံအိတ်တွင်ပန်းထိုးပေးနေခဲ့ပြီး အမွှာနှစ်ယောက်သည်လဲ နေ့ချင်းညချင်းအရွယ်ရောက်လာကာ အိမ်အလုပ်တွေကိုကူလုပ်ပေးနေကြပြီဖြစ် သည်။
လင်ဂျဝမ်သည် ဒီနေ့တွေမှာ ပန်ချီကိုဆက်သင်ချင်းမရှိသေးပဲ ဂျာဝမ်ကိုစာရေးစာဖတ်တတ်စေရန်သင်ပေးလေ၏။ဂျာပေါင်သည် အရင်ကသင်ပေးဖူးသော စာတွေကိုမှတ်မိနေတာကြောင့် သိပ်မခက်ပဲ ခရီးရောက်တယ်ဟု သူထင်မိလေသည်။ဂျဝမ်သည် လူကြားထဲနေတတ်ထိုင်တတ်စေရန် အကြောင်း အရာအချို့ကိုလဲပြောဆိုဆုံးမ၏။
ဘယ်အရာကိုမှမကြောက်နဲ့၊ပူပင်ကြောင့်ကြစိတ်မဖြစ်စေနဲ့၊နှိမ့်ချပြီးနေရမယ်ဆိုပေမဲ့ ရန်လိုသင့်တဲ့အရာမျိုးဆိုလဲ မတုန့်ဆိုင်းနဲ့၊သဘောထားမမှန်မပြည့်တဲ့ မကောင်းဆိုးဝါးလိုလူတွေနဲ့မပေါင်းသင်းနှင့်ဟု ပညာရှင်တစ်ယောက်ဖြစ်သည့်အား လျော်စွာ သူ့ရဲ့အတွေ့ကြုံ၊သူအသိတို့နှင့်ယှဉ်၍ သင်ပြလေသည်။
ဂျာပေါင်သည်သူ့အကိုသင်ပေးတဲ့ ပြောသင့်မပြောသင့်အရာတွေကိုသေချာနားထောင်ပြီး ရေးမှတ်ရန်ကြိုးစားလေ၏။
ပေးထားသောအချိန်သည် မြန်မြန်ဆန်ဆန်ပဲကုန်ဆုံးသွားခဲ့သည်။လင်ဂျာပေါင်တို့မိသားစုနှင့် အခြားမိသားစုများသည် နန်းတော်သို့သွားမည့် ဂျာပေါင်နှင့်အခြားခလေးကိုးယောက်အား စုရပ်သို့လိုက်ပို့ပေးကြသည်။
''ဂျာပေါင် နန်းတော်ကိုကောင်းကောင်းသွား။အဖေနဲ့အမေ ပြီးတော့ မင်းအကိုရယ်အမရယ် ညီလေးကောညီမလေးကော က သားပြန်လာတာစောင့်နေမယ်။ပိုက်ဆံအိတ်ကိုလဲ ကောင်းကောင်းသိမ်း။ အဲ့ထဲမှာ ငွေစ၁၂စထည့်ပေးထားတယ်။နန်းတော်ထဲမှာလဲ ပါးပါးနပ်နပ်နေနော်။
အများကြီးစိတ်မကောင်းမဖြစ်ပဲ စားလဲကောင်းကောင်းစားနော်။ပြီးတော့ မင်းအကိုမှာတာတွေကိုလဲမမေ့နဲ့ ဟုတ်ပြီလား''လင်,တကျွမ်းသည် ခက်ခက်ခဲခဲကိုဖြေသိမ့်ရင်း မှာကြားနေရသည်။
လင်မိသားစု၏အချိန်နှေးဖင့်စေမှုကြောင့် လင်ဂျာပေါင်အပါအဝင်အခြားခလေး၉ယောက်ကိုတင်ဆောင်ထားသောမြင်းလှည်းသည် အစောင့်ရှောက်တွေပင်ဝန်းရံလျက် စုရပ်မှထွက်ခွာခဲ့ရတော့ သည်။
⭐⭐⭐⭐⭐
Advertisement
- In Serial9 Chapters
Why is Red the Colour of Love, Sex, and Murder?
Every picture perfect family is a little weird behind closed doors. In our case, a "little" may be an understatement.
8 149 - In Serial37 Chapters
The Witch's Alpha
Grace did everything she could to separate herself from the supernatural world. Little did she know, one moment of weakness would destroy all of her hard work. Can she get over her fears for love?---------------------------------------------------------"Grace, have you ever heard about werewolves and mates?" I looked at him confused. "No, what does that mean?""It means every werewolf has a mate. One person made specifically for them. Their soul mate in a way.""Do you have a mate?" I asked quietly. "Yes..." Shock and fury ran through my body like a bolt of lightning and I scrambled off his lap."IS THAT WHY YOU CAN'T SLEEP WITH ME, OWEN? BECAUSE YOU HAVE A MATE BACK HOME? A PERFECT WOMAN WAITING FOR YOU?!" I screamed at him. "NO! No, no, no Grace that's not it at all! Please, just listen to me!" His face contorted into a mixture of shock and fear that made me put a lid on my righteous indignation for a hot second to let him explain. "Ok, then what is it?" I narrowed my eyes."It's you Grace. You're my mate."Cover made by @ViaAlyssaNicole
8 383 - In Serial158 Chapters
HIS UNFORGETFUL WIFE ✅ [Unedited]
She has it all except his heart. She had done both amazing and ridiculous things but was still treated as a wallflower. She's been a good wife. But now, she can no longer be. __________________**SLOW BURN and roller-coaster plot****This is my original story. ***I do not own all the pictures that were attached to this book. Cover photo design idea from @ImReginaOscura[[Free on WATTPAD and Amazon Unlimited]]Highest Rank Attained (2021):#1 Royal - July 2022#1 Heartbreak - Sep 2021 - Jan 2022#16 Romance - Oct 2021#1 Intrigue - Nov, Dec, Feb, May 2022#1 GeneralFiction - Oct, Nov, Dec, May 2022#1 Divorce - Oct, Nov, Dec#1 Millionaire - Sep, Dec#1 Husband - Nov#1 Wife - Oct, Nov#1 Drama - Oct#1 StrongFemaleLead - Oct, Nov#1 Revenge - Sep, Oct, Nov#1 Rebel - Sep, Oct, Nov 2021, July 2022#1 President - Oct, Nov#1 Slowburn - Sep#1 DramaRomance - Sep, Oct, Nov#1 Random stories - Sep 2021 - Jan 2022#1 DominantMale - Sep, OctStarted on August 27, 2021Completed on October 11, 2021Around 72,332 words
8 201 - In Serial37 Chapters
Sayonee
What if a girl had to sacrifice herself for family.Getting into a pure bond like nikkah is a dream of every girl. Witnessing such a moment is a proud moment for a child's parents.What happens when everything crumble down in front of the parents eye. Seeing their daughter tie a knot to man in the name of sacrifice. Ainam basim and Ehan hamid , two people under one roof. Trying to digest that they are married now. Give a look to know how they experience the feeling of love.
8 195 - In Serial8 Chapters
Get Diddled
In which 3 male best friends get diddled.In no way is this book meant to be taken seriously. It's basically just a shitpost
8 79 - In Serial10 Chapters
Hoshigaki Kisame's love
Sasuke is gone. He despises the person he once loved the most, his brother. Knowing this, Itachi's heart is shattered to pieces. He would do anything to get his little brother back, while Kisame would do anything for Itachi, his love interest. It's time for Sasuke to know the truth.Itachi and Sasuke's story [kind of], but in the modern era. +Kisame's one-sided love.
8 168

