《မင်းကို ချစ်မဝသေးလို့(BL Novel,Myanmar tran)》Ch 2 Unicode
Advertisement
အပိုင်း ၂ : ပြန်လည်မွေးဖွားခြင်း
......
မနက်သူနိုးလာချိန် စိမ်းသက်သော်လည်း ရင်းနှီးလှတဲ့အခန်းရဲ့အပြင်ဆင်ကိုတွေ့လိုက်ရတော့ အေးခဲသွားရသည်။ ဒါက သူ,မင်းသားငယ်အဖြစ်သာရှိနေချိန်တုန်းကသာ နေခဲ့တဲ့အခန်း...။
အခုမှသူ,အိပ်ရာကနိုးလာတာလေ ဘာတွေဖြစ်ကုန်တာလဲ။ ချွမ်းရန်ဟန်ချန်လန့်ဖြန့်ပြီး ယွင်ဖူကိုအော်ခေါ်လိုက်သည်။
''ယွင်ဖူ''
''အိမ်ရှေ့စံ နိုးလာပါပြီလား''
ယွင်ဖူတစ်ယောက် အိမ်ရှေ့စံ၏အော်သံကိုကြားကြားချင်း ရှေ့တော်သို့ချက်ခြင်းရောက်သွားခဲ့တာဖြစ်သည်။
ယွင်ဖူသည် တံခါးအပြင်တွင်အချွေရံအချို့နှင့်အတူ အိမ်ရှေ့စံနိုးလာလျှင်ရေချိုး၊ ဝတ်ရုံတော်လဲလှယ်ရန်အတွက် အရန်သင့်စောင့်စား နေခဲ့တာလဲဖြစ်သည်။
''ယွင်ဖူ မင်း... ဘယ်လို....ဘယ်လိုဖြစ်ပြီး''
အနှစ်၂၀ကျော်ကရုပ်ရည်နှင့်ပြန်လည်နုပျိုနေသော ယွင်ဖူကြောင့် သူ,အလွန်မင်းထိပ်လန့်ရပြန်သည်။ပြီးတော့သူ့ရဲ့ငယ်ရွယ်နေတဲ့ပုံရိပ်ကို ကြေးမုံပြင်တွေပြန်ကြည့်ရင်း သူ့ရင်ထဲမုန်တိုင်းဝင်တိုက်နေသလို ဝုန်းဒိုင်းကျဲခံစားနေရပြီး စကားပြောဖို့ပါဆွံ့အနေရ၏။အတန်ကြာမှ ''ဒီနေ့ ဘာနေ့လဲ?''
"အရှင့်သား ၊ ဒီနေ့ကယွမ်တိုင်ရဲ့လေးနှစ်မြောက် ၊ ဖေဖော်ဝါရီလရဲ့ခုနစ်ရက်မြောက်နေ့ပါ"ဟု ယွင်ဖူသည်ချွမ်းရန်ဟန်ချန်ရဲ့ မျက်နှာကိုကြည့်ပြီး သံသယရှင်းစွာဖြင့်ပြန်ဖြေလေ၏။
မကြာသေးခင်ကမှမွေးဖွားလာတဲ့ သခင်ကြီးဇူရဲ့ဒုတိယသားတော်ငယ်လေးဟာ ဖျားနာပြီးဆုံးပါးသွားခဲ့ပါသည်။။ဒါကြောင့်ပဲ သခင်ကြီးလဲ တော်တော်လေးစိတ်ဓာတ်ကျသွားကာ စိတ်ဝေဒနါတောင်ခံစားနေရသည်။
"အရှင့်သား ၊ အရှင့်သားသည်လည်း အရှင့်ရဲ့ခန္ဓာကိုယ်ကို ဂရုစိုက်ရပါမယ် ဒါမှ အနာဂတ်မှာမင်းသားငယ်တွေကို ကျန်းကျန်းမာမာမွေးဖွားသန့်စင်နိုင်မှာပါ" ယွင်ဖူက အလေးအနက်ထားပြောဆိုလေ၏။
အခုကလေးနှစ်မြောက်ပဲရှိသေးဆိုရင် သူရဲ့ အသက်ကတကယ်ကြီး ၁၈နှစ်အရွယ်ကို ပြန်ရောက်သွားတာပဲ။
ဒါလုံးဝကိုမယုံနိုင်စရာပဲ!
ချွမ်းရန်ဟန်ချန် တဖြည်းဖြည်းငြိမ်သက်သွားကာ အတွေးနယ်ချဲ့နေမိ၏။ သူဘယ်လိုအကြောင်းမျိုးနဲ့ဖြစ်ဖြစ် အတိတ်ကိုပြန်ရောက်သွားခဲ့သည်ဖြစ်စေ ဒါကအရေးမကြီးဘူး။
ဒါပေမဲ့ဒါဟာ ဘုရားသခင်ရဲ့ ကောင်းမွန်တဲ့ရည်ရွယ်ချက်နှင့်အလိုဆန္ဒကြောင့်ဆိုရင် သူ,ဒီဘဝမှာအခွင့်ရေးကိုကောင်းကောင်းဆုတ်ကိုင်ပြီးနောင်တ ကင်းအောင်နေထိုင်ရမည်။
"အိမ်ရှေ့စံမင်းသား, အိမ်ရှေ့စံနှင့်အတူမနက်စာ စားလို့ရနိုင်မလားဆိုတာကို တစ်ယောက်ယောက်ကမေးလျှောက်ထားခိုင်းလိုက်ပါတယ်" ဟု နန်းတွင်းအစေခံတစ်ယောက်မှလာရောက်လျှောက်တင်ခြင်းကို ယွမ်ဖူကသူ့အားပြန်၍လျှောက်တင်လေ၏။
''လာခဲ့မယ်လို့ အကြောင်းပြန်လိုက်'' ချွမ်းရန်ဟန်ချန် သည် ချွဲချင်ယိကို ပြန်တွေ့ရတော့မည်ဟုတွေးမိလိုက်တဲ့အခါ သူမရဲ့အရင်ဘဝကအပြူအမူအားလုံးကိုပြန်တွေးမိပြီး သူ့စိတ်ထဲ ညစ်နွမ်းသွားရသည်။
''နားလည်ပါပြီ''
ကြင်ရာတော်နှင့် တခြားကိုယ်လုပ်တော်အနည်းငယ်တို့သည် အချိန် အတော်ကြာအောင်စောင့်မျှော်နေခဲ့ရသော မင်းသားကြွလာသည်ကို မြင်လိုက်ကြတဲ့အခါ အလျင်မြန်ထ၍အရိုအသေပေးကြတော့သည်။
ချွမ်းရန်ဟန်ချန် ထိုင်လိုက်ပြီးနောက် "စားရအောင်" ဟု ပြေလိုက်ချိန်တွင် ဘေးကအစေခံတို့သည်ထမင်းပွဲကို သေသပ်လျင်မြန်စွာပြင်ဆင်ကြလေ၏။ချွမ်းရန်ဟန်ချန်သည် စကားတစ်ခွန်းမျှမဆိုပဲ တိတ်ဆိတ်စွာသာစားနေခဲ့သည်။
ထမင်းစားပြီးနောက် ယွမ်ဖူဆက်သလာသော လက်ဖက်ရည်ကိုသောက်ရင်း မလှမ်းမကမ်းတွင်ရှိနေသော အမျိုးသမီးများကိုအကဲခတ်နေလိုက်သည်။
အခုကယွမ်တိုင်၏လေးနှစ်မြောက်ပဲရှိသေးတာကြောင့် သူ့အားခစားနေသော ကိုယ်လုပ်တော်အများအပြားမရှိသေးပေ။ ကြင်ယာတော်ချွဲရီယိရယ် အခြားကိုယ်လုပ်တော်သုံးယောက်သာရှိသေး၏။
ရှုအိမ်တော်က ရှုးရွှမ်းရင် ၊ယုအိမ်တော်က ယုချင်၊ ဆုန်အိမ်တော်က ဆုန်ရိယွင်တို့ဖြစ်ကြသည်။ အရင်ကကျောင်း,အိမ်တော်ကတစ်ယောက်ကတော့ ခက်ခက်ခဲခဲမင်းသားငယ်တစ်ပါးကိုမွေးဖွားပေးခဲ့သည်။ ကံမကောင်းစွာပဲထိုမင်းသားငယ်ဟာ မွေးပြီးသိပ်မကြာခင်မှာပဲဖျားနာကာ သေဆုံးသွားခဲ့၏။
ဒီသုံးယောက်ထဲက သူ့ရဲ့ပထမဆုံးကိုယ်လုပ်တော်ဖြစ်သူ ဆုန်ရိယွင်ဟာ သူ့ထက်အသက်ကြီးပြီး ရုပ်ရည်ကရိုးရိုးရှင်းရှင်းနှင့် လှသူသာဖြစ်သည်။ သူကတော့ ချင်းချုံးလို့သာခေါ်ပြီး သမီးနှစ်ယောက်မွေးဖွားပေးထားသူလဲဖြစ်သည်။
ပထမသမီးလေးကမွေးပြီးပြီးချင်းမှာပဲ ဆုံးပါးသွားခဲ့ပြီး ဒုတိယသမီးလေးကလဲ ကျန်းမာရေးအင်မတန်ချူချာသူဖြစ်နေပြန်၏။ ဒါကကိစ္စတော့မရှိပါဘူး ဘာကြောင့်လဲဆိုတော့ ယခု ၃နှစ်အရွယ်သာရှိသေးတဲ့ဒီ ခန်းအာဆိုတဲ့ခလေးမလေးဟာ နောက်နှစ်တွေမှာ ဘာထွေထွေထူးထူးဘေးအန္တာရယ်မှ မဖြစ်လာခဲ့ရင် သူ့အတွက် ခန်းပိုင်ဆိုတဲ့မြေးမလေးတစ်ယောက်ကိုထပ်မွေးပေး လိမ့်မည်ဖြစ်သည်။
'ခန်းအာရဲ့ကျန်းမာရေးကော ဘယ်လိုနေလဲ?' ဟု ဆုန်ရိယွင်ကို မေးလိုက်သည်။
ချွမ်းရန်ဟန်ချန် သူမသမီးရဲ့ကျန်းမာရေးအခြေနေကိုမေးလာတဲ့အခါ ဆုန်ရိယွင်ကစိတ်လှုပ်ရှားကာ
''အရှင့်သားဆီကနေပြန်လာခဲ့ပြီးတော့ ခန်းအာအအေးမိပြီး ချောင်းနည်းနည်းဆိုးလာတာကြောင့် ထိုက်ယန်ဆေးရုံက ထိုက်ဆွေ့ နဲ့ပြထားပါတယ်။ ဆေးသောက်ပြီးနည်းနည်းအနားယူလိုက်ရင် အခုထက်ပိုကျန်းမာလာ မှာပါ။''ဟုအမြန်ဖြေလိုက်လေသည်။
ဘာကြောင့်လဲဆိုတော့ရွှမ်းရန်ဟန်ဟာ သူမကိုခန်းအာအားဝရုမစိုက်လို့ပြစ်တင်ပြောဆိုမှာစိုးသည့်အပြင် ထိုသားသမီးအရေးကိစ္စနှင့်ပတ်သတ်၍ အပြစ်တင်ကာအမြဲတမ်းလျစ်လျူရှုထားလိုက်ခြင်းကြောင့်ပင်။
ရွှမ်းရန်ဟန်ချန် ခေါင်ငြိမ့်လိုက်ပြီး
''သရေစာမုန့်တွေစားတာကိုလဲ ဂရုစိုက်ရမယ်။ ကိုယ်သတိမထားလိုက်မိတဲ့ အမှုမဲ့အမှတ်မဲ့အမှားတွေကလဲ ကိုယ့်ကိုထိခိုက်စေတတ်တယ်'''ထိုက်ဆွေ့သည် ထိုက်ယန်ဆေးရုံက ကလေးအတူကုသမား တော်တစ်ယောက်ဖြစ်၏။
''မင်းကော ဘယ်လိုနေသေးလဲ?'' ရွှမ်းရန်ဟန်ချန်သည် ယုချင်ကို လှမ်းကြည့်ရင်းမေးလိုက်သည်။ သူမအတွက်ရည်ရွယ်သော ရွှမ်းရန်ဟန်၏စကားသံကိုကြားလိုက်တဲ့အခါ စိတ်လှုပ်ရှားစွာဖြင့်
''ကျမအခုပိုကောင်းလာပါပြီ မယ်မယ်ဖုရားကသမားတော်လဲလွှတ်ပေးသလို ေဆေးကောင်းတွေကိုလဲပို့ပေးပါတယ်။ ကျွန်တော်မျိုးမရဲ့အပြစ်တွေပါပဲ မျက်နှာမပြဝံ့အောင်ဖြစ်ရပါတယ်။ မင်းသားငယ်လေးကို ကောင်းကောင်းမစောင့်ရှောက်နိုင်ခဲ့ဘူး'' ဟုဖြေလေရာ သူသက်ပြင်းချရင်း မသက်မသာခံစားရပြန်သည်။
ယုချင်နဲ့ရှုးရွှမ်းရင်တို့ဟာ သူလက်ထပ်ပြီးမှရောက်လာခဲ့တဲ့ကိုယ်လုပ်တော်တွေဖြစ်ကြသည်။ရှုးရွှမ်းရင်ကလိမ္မာပါးနပ်ကာ နှစ်လိုဖွယ်အလှလေးဖြစ်ပြီး သူအနှစ်သက်ဆုံးသောကိုယ်လုပ်တော်ဖြစ်သည်။
ယုချင်းကသေးသွယ်ကာ ထိလွယ်ရှလွယ်မိန်းခလေးပုံစံမျိုးလေးပင်။သူမရဲ့သမီးကလဲ အသက်၂နှစ်ရှိပြီဖြစ်ပေမဲ့ နုနှယ်ကာချူချာသူလေးပင်ဖြစ်ပြန်သည်။သူမအရွယ်ရောက်လာခဲ့ရင် သူ့ရဲ့ဒုတိယသမီးတော် 'ခန်းအော်မင်းသမီး'ဖြစ်လာလိမ့်မည်။
ယုချင်သည် အိမ်ရှေ့စံ၏ပထမဆုံးသားတော်ဖြစ်လာမည့် မင်းသားငယ်တစ်ပါးကိုမွေးဖွားခဲ့သော်လည်း လုံလောက်တဲ့ဂုဏ်ယူထည်ဝါခြင်းကို မလုပ်နိုင်ခဲ့ပေ။
အကြောင်းမှာထိုမင်းသားငယ်သည် တစ်လပြည့်အောင်ပင်လူ့လောက၌မနေခဲ့ရသောကြောင့်ပင်။ ဖြူလျော့ကာ အမူရာကင်းမဲ့နေသောယုချင်နှင့် ဘာအပြစ်မှမလုပ်ထားသလို ယုချင်ဘေးထိုင်နေသော ရှုးရွှမ်းရင်တို့ကိုကြည့်ရင်း အမှန်တရားတွေကိုနောင်တ,တရားနှင့်ရင်းပြီး ရနေခဲ့သော ရွှမ်းရန်ဟန်ချန်သည် တိတ်ဆိတ်သွာသာလသက်ပြင်းဖွဖွချမိလေသည်။
သူအရင်ဘဝကဘာလို့များ ရှုးရွှမ်းရင်(ရှုဖေး)ရဲ့ဟန်ဆောင်မှုတွေကို မမြင်ခဲ့ရတာပါလိမ့်?။
အိမ်ရှေ့စံသည်သူမအားကြည့်နေတယ်လို့ ခံစားလိုက်ရတာကြောင့် ရှုးရွှမ်းရင်နှစ်လိုဖွယ်မျက်လုံးများဖြင့် မင်းသားနှင့်အကြည့်ချင်းဆုံရန် အလျင်မြန်ကြိုးပမ်းလိုက်၏။
ရှူးရွှမ်းရင်၏အကြည့်များကိုလျစ်လျူရှုကာ
''အင်း,မြန်မြန်စိတ်နဲ့ ကိုယ်နဲ့ကပ်အောင်လုပ်တော့ နောက်ထပ်စောင့်ရှောက်ရမယ့် သမီးတစ်ယောက်လဲရှိသေးတယ် ။ မင်း ဒီ့ထက်ပိုပြီးအသိစိတ်လွတ်နေလို့မရဘူး''ဟု ရွှမ်းရန်ဟန်ချန်သည် ယုချင်းအား အားပေးအကြံပြုလေသည်။
''မဟုတ်ပါဘူး ကျမကောင်းကောင်းဂရုစိုက်ပါတယ်''
အမေတစ်ယောက်အနေနဲ့ သန်မာနေရမယ်ဆိုတာကို ယုချင်းကောင်းကောင်းသိတာပေါ့။ ဒီသမီးငယ်လေးကသာ သူမရဲ့နောက်ဆုံးမျှော်လင့်ချက်လေးလေ။သူမက
"အရှင်မင်းသား အရှင်လဲ ဂရုစိုက်ရမယ်။"
တည်ကြည်ဖြောင့်မတ်လှပါတဲ့ ချွဲယီရိကလဲ စိတ်လိုလက်ရဝင်ပြောလေသည်။ "အရှင်မင်းသားစိတ်မပူရအောင် ဒီကလေးရဲ့အဒေါ်တစ်ယောက်အနေနဲ့ သူ့ကိုကောင်းကောင်းကြည့်ရှုစောင့်ရှောက်လိုက်ပါ့မယ်လို့ ကတိပေးပါတယ်''
...
မနက်စာစားပြီးတဲ့နောက် ရွှမ်းရန်ဟန်ချန်သည် စာကြည့်ဆောင်သို့သာပြန်သွားလိုက်သည်။ ဧကရာဇ်မင်းသည်လဲ မကြာသေးမီကမှ ကလေးကိုဆုံးရှုံးခဲ့ရသဖြင့် စိတ်သောကရောက်နေသည့်သူ့အား ညီလာခံမတက်စေဘဲ ရက်အနည်းငယ်အနားယူစေခဲ့သည်။
ရွှမ်းရန်ဟန်ချန်တစ်ယောက် မနက်စာ,စားပြီးထဲက စာကြည့်စားပွဲတွင်ထိုင်နေခဲ့သည်မှာနေ့လည်စာအစာပြေမစားခင် အချိန်ထိဖြစ်သည်။ ယွင်ဖူကိုကျန်းရှောက်အားေ ခါ်ခိုင်းလိုက်ပြီးနောက် ကျန်းရှောက်နှင့်သူ တစ်နာရီနီးပါးလောက် တချို့သောကိစ္စတွေကိုဆွေးနွေးခဲ့သည်။
ကျန်းရှောက်ပြန်ထွက်သွားပြီးနောက်ယွမ်တိုင်ရဲ့လေးနှစ်မြောက်မှတ်တမ်းတွေကိုပြန်ကြည့်ရင်း ဦးနှောက်ကိုအလုပ်ပေးနေခဲ့၏။
Advertisement
ကံကောင်းထောက်မစွာနဲ့ ဘုရားသခင်သည် သူ့အားအချိန်မှီပြန်ပို့ပေးခဲ့သည်။ကိစ္စတော်တော်များများက မဖြစ်သေးဘူး။ သူကောင်းကောင်းအစီစဉ်ဆွဲနိုင်သေးလေသည်။
အခုကယွမ်တိုင်၏လေးနှစ်မြောက် ဖေဖော်ဝါရီလပဲရှိသေးသည်။ ပြီးခဲ့သည့်လက နန်းကျဘုရင်လင်ဝမ်သည် ဧကရီမိဖုရားအား နောက်ဆုံးအနေနှင့်ဂါဝရထားဝတ်ပြုကာ လီနင်၏မြို့တော် ဖန်နင်သို့ သွားခဲ့သည်။
အဲ့ကနေစတင်ပြီး သူ့ဦးလေးလင်ဝမ်ဟာစစ်သည်တော် မြင်းသည်တော်တွေကိုဝယ်ယူကာ တိတ်တဆိတ်လေ့ကျင့်ပေးနေခဲ့သည်။သူကလဲအစကထဲက လင်ဝမ်ရဲ့အညွှန့်တလူလူတက်နေသော အာဏာစက်ကိုဖြိုခွဲချင်တဲ့သူဖြစ်နေခဲ့လေရာ ဦးလေး လင်ဝမ်နဲ့နှစ်များစွာအဆက်ဆံမလုပ်ဖြစ်ခဲ့တော့ပေ။
တကယ်တော့လင်ဝမ်ကြောင့်မဟုတ်ရင်လဲ အဲ့နှစ်ကယွမ်တိုင်မှာ ကိစ္စကြီးကြီးတစ်ခုရှိနေသေးသည်။ အဲ့ဒါကလဲ သူ့အပေါ်များစွာအကျိုးသက်ရောက်မှုဖြစ်စေခဲ့သည်။ယွမ်တိုင်၏လေးနှစ်မြောက် အောက်တို ဘာလတွင် မြောက်ဘက်ရှိ ဘာဘေရိယန်(လူရိုင်း)တပ်တွေဟာ တောင်ဘက်သို့သွားကာ နယ်စပ်ကမြို့ငယ်လေးတွေကိုမီးရှို့ဖျက်ဆီးရန်စ၍ မကောင်းတာမှန်သမျှလုပ်ခဲ့ကြသည်။ဒါကြောင့်ပဲ နယ်စပ်မြို့ငယ်လေးမှာနေထိုင်တဲ့ပြည်သူတွေသည် စိတ်ပင်ပန်းကြီးစွာဖြင့်ရှင်သန်နေထိုင်ခဲ့ရ၏။
မြောက်ပိုင်းကဘာဘေရိယန်(လူရိုင်း)တွေဟာ ရွှမ်းရန်မင်းဆက်ကို အမြဲခြိမ်းခြောက်နေခဲ့တာဖြစ်သည်။သူတို့တွေက မြက်ခင်းစိမ်းတွေပေါ်လှည့်လည်သွားလာနေတဲ့ ခြေသလုံးအိမ်တိုင်လူမျိုးတွေဖြစ်တဲ့အားလျော်စွာ စိုက်ပျိုးမြေလဲနည်းပါးကြသည်။
ရက်စက်ကြမ်းကြုတ်ကြ၍ လူ့ကျင့်ဝတ်ကော ဘာသာတရားအလေးမြတ်ထားမှုကော မရှိကြပေ။လွန်ခဲ့နှစ်အနည်းငယ်ကစပြီးတော့ နယ်စပ်မြို့ငယ်တွေနားရောက်လာကာ ရွာတွေကိုမီးရှို့၊ တိရိစ္ဆာန်တွေကိုခိုးယူမှုတွေအပြင် ဓားပြတိုက်လုယက်မှုတွေပါကျူးလွန်လာကြသည်။
ယွမ်တိုင်၏နှစ်,နှစ်တာကာလအတွင်းက ချွမ်းရန်ဟန်ချန်သည် ထိုလူရိုင်းတွေကိုတိုက်ထုတ်ခဲ့ဖူးသည်။သူ့စစ်သားတွေဟာ ရဲရင့်ပြီးတိုက်ရည်ခိုက်ရည်ပြည့်ဝတာကြောင့် ထိုလူရိုင်းတွေကို နန်းတော်အားဦးညွတ်စေခဲ့သည်။
နောက်တစ်ခါမကျူးကျော်ဖို့စာချုပ်ချုပ်ပြီး ဘေဂျင်းသို့ခေါ်ကာ ဧည်ခံကျွေးမွေးခဲ့သည်။ဒီဘာဘေရိယန်လူရိုင်းတွေရဲ့ ရိုင်းစိုင်းတဲ့သဘာဝအရ စာချုပ်ကိုလျစ်လျူရှု၍ဒီနှစ်ဆောင်းရာသီကောက်သစ်စားပွဲတော်ပြီးချိန်လောက်တွင် ပြန်လည်တိုက်ခိုက်ရမည်ကိုလဲ ချွမ်းရန်ဟန်ချန်သိနေခဲ့သည်။
အရင်ဘဝတုန်းက ဒီအကြောင်းကိုသူ့ခမည်းတော်အား လျှောက်တင်တဲ့အခါ အလွန်ဒေါသထွက်ပြီး သူ့အားလက်ထပ်ဖို့ဆိုသောအကြောင်းပြချက်ဖြင့် နန်းတွင်းမှခေတ္တနှင်ထုတ်ထားခဲ့သည်။
သူရဲ့ခမည်းတော်ရယ် ဒုတိယအကိုတော်ရယ် ဦးလေးချွမ်းရန်ဟန်ချီရယ်တို့သည် စစ်ရေးချီ၍ခမ်းခမ်းနားနားအောင်ပွဲခံရန်နန်းတွင်းမှထွက်ခွာလာကြသည်။ လမ်းခရီးတွင်မမျှော်လင့်ပဲလုပ်ကြံခံရတဲ့အခါ အကိုတော်သည်သူ့ခမည်းတော်ကိုကာကွယ်ရင်းသေဆုံးခဲ့သည်။
ဧကရာဇ်သည်လဲနှလုံးကိုမြှားစိုက်မှန်ခဲ့လေရာ ဘေဂျင်းသို့ ရုပ်အလောင်းကိုသာ သယ်လာခဲ့ရတော့သည်။သူလဲ နန်းဆက်ခံပွဲကိုအကျဉ်းချုံပြီး ခပ်မြန်မြန်သာလုပ်ခဲ့ရသည်။မယ်တော်ဟာလဲ တပြိုင်ထဲ ယောကျာ်းဖြစ်သူအပြင်နောက်ထပ်ဆွေမျိုးနှစ်ယောက်ကိုပါ ဆုံးရှုံးလိုက်ရတာကြောင့် ကြီးစွာသောစိတ်ထိခိုက်မှုခံစားရကာ မကြာခင်မှာပဲသူတို့ကိုနောက်လိုက်သွားခဲ့တော့သည်။
ချွမ်းရန်ဟန်ချန်သည်များစွာ ရှုပ်ထွေးနေသောအခြေနေတွင် ရုတ်တရက် မင်းအဖြစ်သို့ရောက်လာခဲ့ကာ အခက်ခဲအတိုက်ခိုက်များစွာဖြင့်ရင်ဆိုင်ရလေသည်။ထိုထဲတွင် ဘာဘေရိယန်တွေသည် အပြင်ရန်ဖြစ်၍ ဘုရင်အမည်ခံလိုက်ပြီဖြစ်သော လင်ဝမ်သည် အတွင်းရန်ဖြစ်၍ထိုကဲ့သို့သော ပေါ်ပေါ်ထင်ထင် ရန်သူတော်ကြီး တို့လဲပါဝင်လေသည်။
ချွမ်းရန်ဟန်ချန်ရဲ့ ထီးနန်းဆက်ခံခြင်းဟာ တကယ်ကိုရှုပ်ထွေးပြီးခက်ခဲခဲ့သည်။သူ၏အဖေနှင့်အကိုအတွက် ဘာဘေရီယန်တွေကိုချေမှုန်းပြီးလက်စားချေဖို့ကို တစ်နှစ်ထက်ပိုပြီးအချိန်ယူခဲ့ရသည်။
ပြီးတော့ သူချွဲအိမ်တော်ကို အင်အားချိနဲ့အောင်လုပ်ပြီး သူ့ရဲ့ရင်းနှီးပြီးယုံကြည်ရတဲ့သူငယ်ချင်းတွေကို နန်းတွင်းထဲဝင်စေကာ သွေးသစ်လောင်းခဲ့သည်။အမှုထမ်းတွေကိုလဲတင်းကျပ်စွာစာမေးပွဲစစ်၍အရည်ချင်းပြည့်ဝသူတွေကိုပဲ ရွေးချယ်ကာ ခန့်အပ်သည်။ဘက်စုံကနေ မင်းကောင်းမင်းမြတ်တာဝန်ကို အပြည့်အဝ ထမ်းဆောင်နေခဲ့တယ်ဟုပဲ သူ့ကိုယ်သူထင်ခဲ့သည်။
မောင်းမဆောင်ကိုလျစ်လျူရှုလိုက်တဲ့ အကျိုးဆက်ကြောင့် မိဖုရားကိုယ်လုပ်တော်တွေအကြောင်းကိုလဲ ကောင်းကောင်းမသိတော့ပေ။ထိုထဲအဆိုးဆုံးက ချွဲယီရိ(မိဖုရား)နှင့် ရှုးရွှမ်းရင်(ရှုဖေး) သူ့ရဲ့ခလေးငယ်တွေအပေါ် ကျူးလွန်တဲ့အရာတွေကိုမသိလိုက်ရခြင်းပင်။ ချွဲချင်ယိသည် နန်းကျဘုရင်နှင့်ဆက်သွယ်အား သူ့အားနန်းချလုပ်ကြံရန်ကြိုးပမ်းခဲ့သည်။သူ့ရဲ့ ခလေးတွေကိုလဲသတ်ပစ်ခဲ့ကြတယ်!။
ဒီဘဝမှာတော့ သူကောင်းကောင်းအစီစဉ်ဆွဲကာ သူ့ခလေးတွေထပ်ပြီးမထိခိုက်စေရန် ကာကွယ်ပေးမယ်။အနှစ်၃၀ကျော် မှတ်ဉာဏ်ထဲမှာဆွဲလမ်းခဲ့ရပြီး သူနက်နက်ရှိုင်းရှိုင်းချစ်မိသွားခဲ့တဲ့ လင်ဂျာပေါင်ကောရောပဲ။ဒီဘဝမှာတော့ လင်ဂျာပေါင်ကလွဲရင် သူဘယ်သူ့ကိုမှမလိုချင်တော့ပေ။
အရေးကြီးဆုံးက ယွမ်တိုင်ရဲ့လေးနှစ်မြောက်ဒီနှစ်မှာပဲ သူ့ခလေးလေးက(အချစ်ကလေး) နန်းတွင်းထဲရောက်လာမှာ။ဒါပေမဲ့ ဒါကလ,နည်းနည်းတော့လိုပါသေးသည်။
လင်ဂျာပေါင်ကိုတွေ့ရဖို့ သူ,မစောင့်နိုင်တော့ပေ။လင်ဂျာပေါင်အကြောင်းစဉ်းစားလိုက်တာနဲ့စိတ်လှုပ်လွန်းလို့ မရိုးမရွပါဖြစ်နေရ သည်။သူပြန်လည်မွေးဖွားလာတဲ့အချိန်မှာ ပထမဆုံးတွေ့ဆုံမှုအနေဖြင့် တောက်ပစွာပြုံးပြနေမည့် ဒီကောင်ငယ်လေးရဲ့အပြုံးကို သူမြင်တွေ့ချင်လှပါပြီ။
သူ,စာကြည့်ခန်းအတွင်းရှိနေစဉ် အခန်းပြင်ကယွင်ဖု၏အသံသည်အခန်းအတွင်းထဲသို့ပျံ့လွှင့်လာ၏။
''အရှင့်သား,ရှုမယ်မယ်ရဲ့အပါးတော်မြဲ ဘန်ရှုလာရောက်ဂါဝရပြုပါတယ်''
''ဝင်လာခိုင်းလိုက်''ရွှမ်းရန်ဟန်ချန်သည် သူရေးမှတ်ထားတဲ့စာရွက်ကိုမီးရှို့လိုက်ပြီးနောက် တောက်ပစွာလောင်မြိုက်နေခြင်းအား ကြည့်နေရင်းပြောလိုက်သည်။
ဘန်ရှုရဲ့လက်ထဲ၌အနံ့အရသာနှင့်ပြည့်စုံသော စွတ်ပြုတ်ပန်ကန်ကို ကိုင်ရင်းဝင်လာသည်။သူလက်ခံကြောင်းပြပြီးနောက် ရွှမ်းရန်ဟန်ကိုလျှောက်လေ၏။
"အရှင့်သား, အရှင့်အတွက်ကြက်သားစွတ်ပြုတ် ရှုမယ်မယ်ကိုယ်တိုင်ချက်ပေးလိုက်ပြီး ကျွန်တော်မျိုးမကိုလာပို့ခိုင်းလိုက်ပါတယ်။ရှုမယ်မယ်မှာလိုက်တာက....''
''ဒီမှာထားခဲ့ပြီးရင် မင်းထွက်သွားလို့ရပြီ'' ဘန်ရှု,ဆက်ပြောမည့်စကားကိုလျစ်လျူရှုကာ ချွမ်းရန်ဟန်ချန်သည်ယွင်ဖူအားအချက်ပြလိုက်သည်။
ယွင်ဖူသည် အရှင့်၏အရိပ်အကဲကို တွေ့လိုက်ရတဲ့အခါ လင်ဗန်းကိုလွှဲပြောင်းယူရန်ရှေ့သို့တိုးလာလိုက်၏။ဘန်ရှုတစ်ခုခုကိုပြောချင်နေပါသော်လည်း အိမ်ရှေ့စံဆီမှထွက်သွားရန် အမိန့်ကိုရလာခဲ့၏။
သူမအတောမသတ်နိုင်စွာဆက်ပြောဖို့ မော့ကြည့်လိုက်မိတော့ သူမကိုပြင်းပြင်းထန်ထန်သိပေးနေသော အိမ်ရှေ့စံမင်းသား၏အကြည့်တွေကို မြင်တွေ့လိုက်ရသည်။ထိုအ
ကြည့်တွေက သူမကိုအေးခဲစေလျက် စကားဆက်ပြောဖို့ကိုပင်ကြောက်ရွံ့သည်အထိဖြစ်လာစေတာကြောင့် ခပ်မြန်မြန်ပဲပြန်ထွက်လာခဲ့ရသည်။
ချွမ်းရန်ဟန်ချန်သည် ဘန်ရှုတံခါးအပြင်ရောက်သွားသည်အထိစောင့်ကြည့်နေပြီးနောက်ယွင်ဖူအား
''ယွင်ဖူ တစ်ယောက်ယောက်ကို သူမနောက်မြန်မြန်လိုက်ခိုင်း လိုက်။ သူမကိုယ်ပေါ်မှာပစ္စည်းတစ်ခုခုရှိနေလိမ့်မယ် ရှာလာခဲ့။ ပြီးတော့ဘယ်သူမှလဲမသိစေနဲ့''
ချွမ်းရန်ဟန်ချန်စဉ်းစားလိုက်တာက ဘန်ရှု သူ့ဆီကိုစွတ်ပြုတ်ထဲအဆိပ်ထည့်ပြီးယူလာဖို့ဆိုတာက လွယ်ကူတဲ့အရာတော့မဟုတ်ဘူးဆိုတာပင်။ အစောင့်တွေတင်းကြပ်လှဝင်ပေါက်ကိုဖြတ်ရမှာဖြစ်ပြီး မီးဖိုချောင်ထဲမှာပိုဆိုးကာ ဘာတစ်ခုမှလှုပ်ရှားလို့ရမှာတောင်မဟုတ်ချေ။ဒါကြောင့်အဆိပ်ဟာ သူမလာရာလမ်းမှာရှိရင်ရှိ မရှိရင်သူမကိုယ်ပေါ်တွင်သာ ရှိနေမည်ဟူ၍ပင်ဖြစ် သည်။
''မဟုတ်သေးပါဘူး'' ဘန်ရှုဆိုတာက အာဏာစက်အနည်းငယ်ရှိတဲ့ ရှုမယ်မယ်ရဲ့အပါးတော်မြဲလေ။ အဲ့ဒါကို မင်းသားငယ်က ဘာကြောင့်ဖမ်းစေချင်နေရတာတုန်း?ယွင်ဖူ ထိုကဲ့သို့တွေးမိနေပေမဲ့လဲ ခြေလှမ်းတွေကတော့ အရှင့်ရဲ့ခိုင်းစေချက်အတိုင်း ခပ်မြန်မြန်ရွေ့လျားနေမိသည်။
အစောင့်နှစ်ယောက်နှင့်အတူ ခပ်သွက်သွက်သွားနေသော ဘန်ရှုအား တစ်ဖက်တစ်ချက်စီမှဖမ်းဆီးထားလိုက်ပြီး သူမကိုယ်ပေါ်တွင်တစ်ခုခုကိုတွေ့လိုတွေ့ငြားရှာနေမိသည်။
ခဏအကြာမှာတော့ အူလည်လည်ဖြင့်ရှာနေသည့် ယွင်ဖူသည် အနည်းငယ်ပြုံးလာကာ ''အရှင့်သား အရှင့်သား ဘန်ရှုစီကနေ ဒါရှာတွေ့တယ်'' အဖြူရောင်အမှုန့်အနည်းငယ်ကို ထည့်ထုတ်ထားသည့် စက္ကူအိတ်ထုတ်လေးကိုမြှောက်ပြရင်းပြောလေသည်။
''ယွင်ဖူ တန်ယန်ဆေးရုံကိုသွားပြီး ချင်ချွင်းရုံဆိုတဲ့သမားတော်ကိုခေါ်လာခဲ့''ချွမ်းရန်ဟန်ချန် သူ့ရှေ့က စွတ်ပြုတ်ပန်ကန်ကိုမမှိတ်မသုန်ကြည့်နေမိကာ ပြောလိုက်၏။
ယွင်ဖူသည် အမိန့်အတိုင်းလျင်မြန်စွာဖြင့်် တစ်ယောက်ယောက်ကိုသွားခေါ်ခိုင်းလိုက်သည်။
အရင်ဘဝက ရှုးရွှမ်းရင်သူ့ကိုစွတ်ပြုတ်ဆက်သတိုင်း သူမရဲ့ကြင်နာတတ်မှုနဲ့ စဉ်းစားတွေးတောတတ်မှုကို သူအတော်လေးနှစ်ခြိုက် သဘောကျခဲ့သည်။
သူ သူမဆီကိုသွားရင်ဖြစ်ဖြစ် ဒါမှမဟုတ်ယုချင်ဆီသွားရင်ဖြစ်ဖြစ် ဆုန်ရိယွင်ဆီသွားရင်ဖြစ်ဖြစ် ရှုးရွှမ်းရင်အဆောင်သို့အမြဲဝင်ကာစွတ်ပြုတ်ကို ထပ်သောက်လေ့ရှိသည်။သူ စွတ်ပြုတ်ကိုကုန်အောင်သောက်ပြီးသည့်အခါတိုင်း နွမ်နယ်လာသလိုခံစားနေရပေမဲ့ ဒီစွတ်ပြုတ်ကြောင့်ဆိုတာကိုတော့ မသိခဲ့ပေ.....။
ချင်ချွင်းရုံကသည် တန်ယန်ဆေးရုံအုပ်ကြီး၏သားဖြစ်သူဖြစ်သည်။အသက်ငယ်သော်လည်း ဆေးပညာအင်မတန်ထူးချွန်တာကြောင့် တန်ယန်ဆေးရုံတွင်တာဝန်ထမ်းဆောင်နေပြီဖြစ်၏။အရင်ဘဝ၌လဲ သူနှင့်အတူစစ်မြေပြင်သို့လိုက်ပါကာ ကျွမ်းကျင်စွာဆေးကုသာပေးခဲ့သလို သူ့အားလဲသစ္စာရှိသူဖြစ်သည်။
ခဏအကြာတွင် ယွင်ဖူသည်ချင်ချွင်းရုံရှေ့ကနေဦးဆောင်ကာ စာကြည့်ဆောင်အတွင်းသို့ဝင်လာလေ၏။နန်းတော်စောင့်အချို့ကို အပြင်တွင်စောင့်ဆိုင်းရန်မှာကြားလိုက်သည်။
''ဒီအမှုန့်တွေကိုလာကြည့် ပြီးရင်ဒီကြက်စွတ်ပြုတ်ထဲ ဘာဆေးတွေပါလဲဆိုတာစစ်ကြည့်လိုက်''
ချင်ချွမ်းရုံသည်အရှင်ပေးလာသော စက္ကူအိတ်ထဲမှအဖြူရောင်အမှုန့်များကို သေချာစွာကြည့်ရှုပြီးနောက်အနံ့ခံကြည့်မိ၏။ထို့နောက်လက်ဖြင့်အနည်းငယ်တို့ထိမိကာ အရသာခံပြီးနောက် စွတ်ပြုတ်အနည်းငယ်ကိုလဲမြည်းကြည့်ပြန်၏။
သူအရသာကိုတစ်ဆင့်ချင်း သေချာစွာခံပြီးနောက် ဒီအဖြူရောင်အမှုန့်တွေကို ကြက်သားစွတ်ပြုတ်ထဲရောထည့်ထားသည်အား ရှာတွေ့သွားတော့သည်။ဒါပေမဲ့ ဒီအမှုန့်.......ဒီအမှုန့်တွေက.....
''အရှင့်သား ဒီအမှုန့်တွေကို တောကြောင်မြက်ဆိုတဲ့အပင်တစ်မျိုးကနေထုတ်ယူထားတာပါ။ကြက်စွတ်ပြုတ်ထဲမှာလဲ ဒီအမှုန့်တွေရောပါနေပါတယ်''ဟု ချင်ချွင်းရုံသည် သူ့၏တွေ့ရှိချက်ကိုလျှောက်တင်လိုက်၏။
''ဟွားဟွားချောင်?'' ယွင်ဖူတစ်ယောက် အရှင့်ဘေးတွင်ရပ်နေရင်း တုန်လှုပ်နေကာချွေးအေးများပင် ထွက်လာတော့သည်။ဘန်ရှုကိုယ်ပေါ်ရသည့်အမှုန့်တွေသည် ပန်း,ပန်းပင်ကနေရသည့်အမှုန့်တွေဖြစ်ကြောင်းကို ယွင်ဖူကြားလိုက်ရတဲ့အခါ သူ,အတော်ကိုအိုစာသွားရသည်။
သူသည်လဲစားပွဲပေါ်ကအငွေ့တထောင်းထောင်ဖြင့် ကြက်စွတ်ပြုတ်ကို ငွေမျှင်အပ်ဖြင့်အဆိပ်မစစ်ခဲ့မိသည့် သူ့ရဲ့လိုအပ်ချက်အတွက်လဲ များစွာစိတ်မကောင်းဖြစ်နေရသည်။ကံကောင်းထောက်မစွာဖြင့် သူ့ရဲ့အရှင်သည်ဒါကိုမသောက်မိခဲ့ပေ။တကယ်လို့ သောက်မိရင်ဘယ်လိုလုပ်မလဲ?
''မင်းပြောတဲ့ တောကြောက်မြက်က ဘယ်လိုအာနိသင်ရှိတာလဲ?''ရွှမ်းရန်ဟန်ချန် သည်အရာအားလုံးကိုသိပြီးဖြစ်သော်လည်း မသိချင်ယောင်ဆောင်ကာ ချင်းချွင်းရုံကိုမေးလိုက်၏။
''သန္ဓေတားမြစ်တဲ့ဆေးတစ်မျိုးပါ အဝလွန်တဲ့ဆိုးကျိုးလဲရှိပါတယ်။အမျိုးသမီးတွေမှာ အဲ့ဒီ့ဆိုးကျိုးကပိုပြင်းထန်တတ်ပါတယ်။ဒီနေ့ခတ်မှာတော့သန္ဓေတားဖို့ဆိုရင် ကတိုးရွက်တို့ဆူးပန်းတို့လို တခြားဆေးဝါးတွေကို အစားထိုးသုံးနေ့ကျပါပြီ။
ဆေးအာန်သင်ကပြင်းထန်လွန်းတာကြောင့် ယုတ်ညံ့ပြီးမကောင်းတဲ့အကြံစည်ရှိသူတွေပဲ ဒီနေ့ခတ်မှာအသုံးပြုကြပါတော့တယ်''
ချင်းချွင်းရုံသည် တော်ဝင်ဆေးကြမ်းစာအုပ်မှ ဟွားချောင်,နှင့်ပတ်သတ်သည့်မှတ်တမ်းကို သေချာစွာလေ့လာခဲ့ဖူးသလို ဒီဆေးပင်၏ အမှုန့်တွေကိုလဲ စမ်းသပ်အနံ့ခံခဲ့ဖူးသည်။ဒါကြောင့်ပဲ ဒီအဖြူရောင်အမှုန့်တွေဟာ တောကြောင်ပန်းပင် ၏အမှုန့်တွေဆိုတာကို သူ,သေချာကိုသိနေလေ၏။
''ဒီဆေးကို အမျိုးသားတွေမှာသုံးရင် ဘာဖြစ်မလဲ?'' ရွှမ်းရန်ဟန်ချန်သည် ဖြည်းငြင်းစွာမေးလိုက်သည်။ချင်းချွင်းရုံ သည် အေးစက်စက်လေထုကို တစ်ချက်ရှုရှိုက်ရင်း
''တ...ကယ်လို့....အမျိုးသားတွေမှာသုံးရင်တော့ သုံးတဲ့အမျိုးသားရဲ့မျိုးပွားစွမ်းရည်ကို ထိခိုက်စေနိုင်ပါတယ်!ဟွာချောင်မှာပါတဲ့ ကာမအားတိုးမှုကိုဖြစ်စေတဲ့ အစိတ်အပိုင်းအနည်းငယ်ဟာ ယန်ရဲ့ယင်ကို ဆိုးဆိုးဝါးဝါးထိခိုက်ပျက်စီးစေပါတယ်။
ဒီဆေးကိုအသုံးပြတဲ့အမျိုးသားတွေဟာ နောက်ပိုင်းမှာအမျိုးသမီးတွေနဲ့သန္ဓေရဖို့ခက်ခဲလာပါတယ် တကယ်လို့ ကံအားလျော်စွာသန္ဓေရလာခဲ့ရင်လဲ အဖက်မတင်တာမျိုးဖြစ်တတ်သလို မွေးဖွားလာခဲ့ရင် မိခင်ကိုယ်တွင်းကအဆိပ်အာနိသင်ကြောင့် မကျန်းမမာနှင့်သက်ဆိုးမရှည်ဖြစ်တတ်ပါသေးတယ်''
ချင်းချွမ်းရုံသည် အိမ်ရှေ့စံ၏အရှေ့ဆောင်တွင် ဘာတွေဖြစ်နေတယ်ဆိုတာကိုတွေးမိလိုက်ကာ သတင်းဆိုးတစ်ခုကိုဖော်ထုတ်လိုက်မိပြီဖြစ်ကြောင်းကို နားလည်လိုက်တော့၏။
''အရှင့်သား...အရှင့်သား ''ယွမ်ဖူသည်လဲ ဖြစ်ကြောင်းကုန်စင်ကိုနားလည်သွားကာ သူ့၏အိမ်ရှေ့စံအတွက် ကြီးစွာပူပင်ရလေသည်။
''ဒါကို ကုလို့ရနိုင်တယ်မလား?''
ယွင်ဖူ သည် ပူပန်ကြောင့်ကျကြီးစွာဖြင့် ချင်းချွင်းရုံကို မေးလိုက်၏။သူ့ရဲ့အိမ်ရှေ့စံအရှင့်သားအား ဒီလိုကိစ္စမျိုးကိုကြုံတွေ့စေခဲ့သည်အထိ သူ,ဘယ်လိုတောင်ပေါ့လျော့ခဲ့ပါလိမ့်။သူ တကယ်ကို အပြစ်ကြီးကြီးကို ကျူးလွန်နေခဲ့တာဖြစ် သည်။
''အရှင့်သား, ဒီဆေးရဲ့အာနိသင်ဟာ အင်မတန်ပြင်းထန်တယ်ဆိုပေမဲ့ အရမ်းစိုးရိမ်စရာတော့မလိုပါဘူး။ လိင်အမှုကိုဆောင်ရွက်ပြီးတဲ့အခါ ဆေးရဲ့အာနိသင်ဟာအမျိုးသမီးရဲ့ခန္ဓာကိုယ်တွင်းမှာသာကျန်ခဲ့ပြီး အမျိုးသားရဲ့ခန္ဓာကိုယ်ကိုတော့ ပြင်းပြင်းထန်ထန် ထိခိုက်မှုမဖြစ်စေပါဘူး။ ဒီဆေးကိုထပ်မသုံးတော့ပဲ ကုသမှုအနည်းငယ်ခံယူလိုက်ရုံနဲ့ အနာဂတ်မှာဘေးဥပါပတ်ကင်းကင်းဖြင့် သန္ဓေထပ်ယူနိုင်လာမှာပါ။''
ချွမ်းရန်ဟန်ချန် ကျေနပ်စွာဖြင့်
ခေါင်းညိမ့်လိုက်၏။အခုကယွမ်တိုင်၏လေးနှစ်မြောက်ပဲရှိသေးတယ်။ ဒါပေမဲ့ဒီကိစ္စကို သူ,စောစောဖော်ထုတ်ထားနိုင်နေပြီ။ဒါက အရင်ဘဝထက်စာရင် အများကြီးကောင်းတဲ့ရလဒ်လို့ဆိုရမည်။ယွင်ဖူသည်လဲချင်ချွင်းရုံ၏ လျှောက်တင်သံကိုကြားလိုက်တဲ့အခါမှ အသက်ဖြောင့်ဖြောင့်ရှူနိုင်တော့သည်။
''ချင်တန်ယိ,ငါကိုယ်တော်ရဲ့ခန္ဓာကိုယ်ကို မင်းခန္ဓာကိုယ်လိုသဘောထားပြီး ဂရုစိုက်ကုသပေးရလိမ့်မယ်'' ဟု ရွှမ်းရန်ဟန်ချန် သည် ချင်ချွင်းရုံအားအမိန့်ပေးတောင်းဆိုလေ၏။ပြီးတော့ ငါ့ရဲ့အခြေနေကို ခမည်းတော်နဲ့မယ်တော်ကိုလျှောက်တင်မယ်။
အဲ့အချိန်ကျရင် သူတို့ကမင်းကိုခေါ်ပြီး ကိုယ်တော်ရဲ့အခြေနေကိုမေးမြန်းကြမှာပဲ။မင်းပြန်ဖြေရမှာက ပြန်ကောင်းဖို့အတွက် အနည်း ဆုံး ၂နှစ်၊၃နှစ်လိုတယ်လို့လျှောက်ရမယ်။ငါကိုယ်တော်ပြောချင်တာကို သဘောပေါက်ရဲ့လား?''
''ကျွန်တော်မျိုးအသက်ထက်ပိုပြီး ဂရုစိုက်ကုသပေးပါ့မယ်။ အရှင့်သားမှာကြားတဲ့အတိုင်းလဲ လျှောက်တင်လိုက်ပါ့မယ်။''
ချင်ချွင်းရုံ သည် သံသယအနည်းငယ်ရှိနေပေမဲ့လဲ အရှင်သားသည်ကား နှလုံးလက်ရုံးသူရသတ္တိတို့နှင့်ပြည့်စုံရုံသာမက ညဏ်ရည်ထက်မြက်သူလဲဖြစ်လေတာကြောင့် သူ,နောက်တစ်ကြိမ်တွေးမနေတော့ပဲ သဘောတူလက်ခံလိုက်လေသည်။ဤသည်ကား အိမ်ရှေ့စံအပေါ်ထားရှိသည့် သူ့ရဲ့ယုံကြည်လေးမြတ်မှုသစ္စာတရားပင်ဖြစ်ပါလိမ့်မည်။
''မင်းပြန်ပြီး ပြင်ဆင်စရာရှိတာပြင်ဆင်လိုက်တော့'' ချွမ်းရန်ဟန်ချန်သည် ယွင်ဖူအားအချက်ပြလိုက်လေရာ ယွင်ဖူသည် ချင်ချွင်းရုံအားအပြင်ကိုလိုက်ပါပို့ဆောင်လေ၏။
'မင်း အတွက်''
Advertisement
- In Serial35 Chapters
The Elder's Mate
Artemis is artificially inseminated with the child of a Yautja and when she meets the father, an Elder Yautja named Rhage, they form a bond between one another. Together they escape the Weyland-Yutani lab and they slowly learn to love one another. Their budding relationship will be put to the test. Will they be able to withstand the pressure or will they crumble?• Friends to lovers• Interspecies smut• Sweet fluffy romance• Smut and crude language• Viewer Discretion Advised - 18+.• Mature Chapters with triggering content labeled at beginning of chapter~ Best Ratings ~#1 Predator: 6/26//22#1 Interspecies: 7/10/22#1 Humanoid: 11/22/21#1 Yautja: 3/29/22#1 YautjaxHuman: 7/10/22
8.18 158 - In Serial16 Chapters
the psychiatrist and his patient
Liam West is in a mental health hospital along with his new best friend Aiden Reed.Liam tried to kill himself multiple times but he never succeed . He killed his last doctor , he said he didn't want help but mrs. Avery didn't listen so his anger got to him and stab her. his new doctor is Alexander Gray , a sarcastic vampire who happened to hate his job .
8 97 - In Serial22 Chapters
In the World of Downton Abbey
Mandy DeMont is a huge fan of Downton Abbey, the famous British TV series that spread like wildfire across the world. This small-town girl gets the shock of her life when she enters the Downton world, and experiences life both in the downstairs as a maid, and then the upstairs as a hospital accountant. What will she do when she is ridiculed, and sought after by two well-known men from the show, one shockingly being a certain gay footman?
8 136 - In Serial8 Chapters
Forbidden But Pure
Belle has never been good at English, but will her new teacher change that? (Lesbian TeacherXStudent)(I don't promote TeacherXStudent relationships, I just enjoy writing about them.)
8 151 - In Serial42 Chapters
Only For You
Riah had her own reasons on why she never dealt with dudes involved inna streets but when HE showed up it was hard for her to remember that reason...
8 109 - In Serial22 Chapters
The Bad Boy And The Jock [BoyxBoy]
Isaac Houton hated the world and everything on it, with the exception of his best friends. Jake Harden was probably the happiest person in the whole of White Water. When Isaac finds himself in trouble with the football team, Jake comes to his aid which lands them both in detention. Soon Jake starts to realise that Isaac needs more than just help from a couple of guys, Isaac needs saving from himself.
8 142

