《မင်းကို ချစ်မဝသေးလို့(BL Novel,Myanmar tran)》Ch-1 Zawgyi
Advertisement
အပိုင်း(၁): အရင်ဘဝ
.....
ချီမင်းဆက် ၃၃နှစ်
'ရွှန်းဒယ်တော်ဝင်နန်းတော်ခန်းမ' စာကြည့်ခန်း၏ စာကြည့်စားပွဲတွင် တောက်ပသောသောရွှေဝါရောင်နဂါးဝတ်ရုံကိုဝတ်ဆင်ထားတဲ့ သတ်လတ်ပိုင်းအရွယ်ခန့်အမျိုးသားတစ်ယောက်၏ဈာန်ဝင်စားလျက်ပုံဆွဲနေဟန်သည် အလွန်ကိုခန့်ညားနေလေ၏။
စာရွက်ပေါ်မှာ နှစ်လိုဖွယ်မျက်နှာလေးနှင့်ပိန်ပိန်သွယ်သွယ်ကိုယ်ဟန်ရှိလူငယ်လေးတစ်ဦးသည် နန်းတွင်းအမှုထမ်းဝတ်ရုံဝတ်ဆင်ထားလေသည်။ အာရုံစူးစိုက်ထားဟန်ရှိသော ပန်းချီဆွဲနေသောသူသည် ပုံတူဆွဲခြင်းအမှုကိုအဆုံးသတ်လိုက်နိုင်ပြီးသည်နှင့် ခပ်ရေးရေးပြုံးမိလေ၏။
"ယွမ်ဖူရေ ဒီကိုလာကြည့်ပါဦး ကိုယ်တော်ဆွဲထားတာကို မင်း,တူတယ်လို့ မထင်ဘူးလား?" အပါးတော်အမြဲအခစားဝင်ရတဲ့ အတိုင်ပင်ခံယွမ်ဖူကုန်းကုန်းကို ရွှမ်းရန်းဟန်ကမေးလိုက်သည်။
ယွမ်ဖူဟာအိမ်တော်ထိန်းဖြစ်ခဲ့တာ နှစ်၃၀ကျော်ရှိနေပါပြီ။ သူဟာ ဧကရာဇ်မင်းအသက်ထက်များစွာကြီးသူဖြစ်၍ မျက်ခုံးမွှေးနှစ်ခုဟာနှင်းလိုဖြူဖွေးနေပြီး သူ့မျက်နှာမှာလည်း အရေးအကြောင်းတွေနဲ့ပြည့်နေလို့နေခဲ့ပြီဖြစ်သည်။
ယွမ်ဖူသူ့စိတ်ထဲလေးပင်စွာသက်ပျင်းချရင်း
"ဧကရာဇ်,လင်းကွေ့ယန်ရဲ့အသွင်အပြင်က မသဲမကွဲဖြစ်နေပါသေးတယ်" လို့သူကပြန်ဖြေလိုက်သည်။
"ဘာလို့များပါလိမ့်" ရွှမ်းရန်ဟန်ချန်ခပ်တိုးတိုးတိုးလေးငြီးလိုက်မိသည်။ တကယ်တော့လဲသူ့မှတ်ဉာဏ်ထဲမှာ ဒီကောင်လေးရဲ့သွင်ပြင်ကိုကောင်းကောင်းမှတ်မိနေတာမျိုးမဟုတ်ပေ။
သူနက်နက်ရှိုင်းရှိုင်းတွေးမိလေမှ ကောင်လေးဟာထူးထူးခြားခြား ချစ်စရာကောင်းပြီးလှပကျယ်ဝန်းတဲ့မျက်လုံးလေးတွေနဲ့ ချစ်ဖို့ကောင်းတဲ့ ပါးချိုင့်လေးတစ်စုံရှိနေတယ်ဆိုတာပါပဲ။ အနှစ်၃၀ဆယ်လောက်ကြာခဲ့ပေမဲ့ အဲ့ညကထိုလူငယ်လေးရဲ့သွေးစွန်းနေတဲ့နောက်ဆုံးအပြုံးနဲ့မြင်ကွင်းကို သတိရမိလေတိုင်း သူရဲ့နှလုံးသားထဲမှာတစ်စစ်စစ်နဲ့ထိုးနှက်မှုကို ဧက္ကရာဇ်ခံစားနေရတုန်းပါပဲ။
ဒီနေ့လည်းဧကရာဇ်က လင်းကွေ့အကြောင်းကိုထပ်ပြီးစဉ်းစားနေတာကို ယွမ်ဖူသိနေခဲ့တယ်။ ဒီနေ့ကဧကရာဇ်ရဲ့မွေးနေ့လေ။ထုံးစံအရဆိုရင်ဧကရာဇ်နဲ့မွေးနေ့မှာ မိဖုရားကြင်ယာတော်တွေ ရာချီတဲ့အရာရှိတွေနဲ့အတူ အောင်ပွဲခံနေရမှာ။
ဒါပေမယ့် ဧကရာဇ်ရဲ့မွေးနေ့ပွဲတော်ကို ပြီးခဲ့တဲ့နှစ်၃၀ဆယ်ထဲက နန်းတော်ထဲမှာတားစီးပိတ်ပင်ထားခဲ့သလို အဲ့အနှစ်၃၀အကြာင်းကကိစ္စတွေကိုလဲ ဘယ်သူမှမသိတော့အောင်ဖုံးကွယ်ထားခဲ့ကြသည်။
လွန်ခဲ့တဲ့အနှစ်၃၀လောက်က ရွှမ်းရန်ဟန်ချန်ရဲ့နှစ်ဆယ့်ငါးနှစ်မြောက်မွေးနေ့ကို သူရဲ့နှစ်သက်မှုကိုအများဆုံးခံရတဲ့ ကိုယ်လုပ်တော်နဲ့အတူ အထူးပွဲတော်ကိုကျင်းပခဲ့ကြတယ်။ ရှုးဖေးက အဆင့်ငါးအမတ်ကြီးဖြစ်လာတဲ့ဝူဖိန်းဇီကျောင်ရဲ့သမီးရင်းဖြစ်ပြီး အိမ်ရှေ့စံမင်းသားဖြစ်နေချိန်တုန်းက သူ့ရဲ့ကိုယ်လုပ်တော်အဖြစ်အပ်နှင်းခြင်းခံခဲ့ရသည်။
ရှူးရွှမ်ရင်း(ရှူးဖေး)ဟာနူးညံ့လှပတဲ့အသွင်အပြင်၊ ရေလိုတည်ငြိမ်အေးချမ်းတဲ့အကျင့်စာရိတ္တရှိပြီး ချွမ်းရန်ဟန်ချန်ရဲ့မျက်နှာသာပေးမှုကိုရရှိသွားတဲ့ အမျိုးသမီးလေးတစ်ယောက်ပေါ့။
နှစ်ပေါင်းများစွာပျက်ကွက်ခဲ့တဲ့ သူမရဲ့တာဝန်ကိုမကျေပွန်ခဲ့ကြောင့်သာမဟုတ်ရင်(T/n-ကလေးမရသေးတာ) ချွမ်းရန်ဟန်ချင်အနေနဲ့သူမကိုကြင်ယာတော်အနေနဲ့ မြှောက်စားခဲ့မိမှာ။
ချွမ်းရန်ဟန်ချန်၏အဖိုးဖြစ်သူလက်ဆက်ပေးခဲ့သော ချွဲယိယိသည် တရားရေးဝန်ကြီးဌာနရဲ့ဆက်ခံသူချွဲရှီ၏ ညီမတော်စပ်သူလဲဖြစ်သည်။ ချွမ်းရန်ဟန်ချန်၏ဖခင်ဧကရာဇ်ချွမ်းရန်ကျောက်ရှန်သည် ဧကရာဇ်မင်းကြီး၏တတိယမြောက်သားတော်ဖြစ်ပြီး,ချွမ်းယူဟန်ချန်သည် ဧကရီမိဖုရားအတွက်တော့ သားမက်ကမွေးတဲ့မြေးဖြစ်သည်။
ချွဲယိယိသည် ဧကရီမယ်မယ်ကြီး၏ချွေးမမိသားစုဘက်မှတော်ဆက်သူဖြစ်၏။ ချွဲအကြီးကဲ၏မယ်တော်ဟာသွေးလွန်ပြီးသေဆုံးခဲ့တာကြောင့် ဧကရာဇ်ဟာသူ့ရဲ့မိသားစုဝင်အရိုက်ရာဆက်ခံခွင့်ရှိသူတို့နှင့်တန်းတူထား သနားချစ်ခင်လေ၏။
(T/N: မူရင်းစာရေးသူဆိုလိုချင်တာက ဧကရာဇ်ဘက်ကမြေးနဲ့ဧကရီဘက်မြစ်ကိုပြန်ပေးစားတာလို့ ယူဆပါတယ်)
နောက်ပိုင်းနှစ်တွေမှာချွဲရှီဟာ ဧကရာဇ်ရဲ့လူအိုလူပိုသားလေး မင်းသား၁၀-ချွမ်းရန်ကျောက်မုန်အား လူဝင်ဆံ့စေရန် ခက်ခက်ခဲခဲပြုစုလေ့ကျင့်ပျိုးထောင်ခဲ့ရသည်။ ချွမ်းရန်ကျောက်မုန်ဟာ ချွမ်းယန်ဟန်ချန်ထက် ၁နှစ်သာကြီးသည်။
ချွဲရဲ့အာဏာမက်မောမှုရယ် သူ့ရဲ့အလေးပေးခံရမှုနဲ့အတူ တော်ဝင်မင်းသားတစ်ပါးဖြစ်လာရန်ဆန္ဒရှိနေတဲ့ ချွဲရဲ့သားငယ်လေး၏ သွေးထိုးလှုံ့ဆော်မှုတွေကြောင့်တော်ဝင်မင်းသားတွေကြားယှဉ်ပြိုင်မှုတွေပြင်းထန်သထက်ပြင်းထန်လာခဲ့သည်။
နောက်တော့ပထမမင်းသားကြီးနဲ့ မင်းသား၅တို့ဟာ မင်းသား၂ကိုသတ်ဖြတ်လိုက်ကြပြီး နန်းတော်ထဲအင်အားကြီးထွားခဲ့ကြပေမဲ့ ချွမ်းရန်ဟန်ချန်၏အဖေ ချွမ်းရန်ကျောက်ရန် သည် ထိုနှစ်ဦးအားရပ်တန့်နိုင်ခဲ့သည်။
ဧကရာဇ်သည်လဲနေမကောင်းဖြစ်ရသည်အထိ ထိပ်လန့်စိတ်ဆိုးဒေါသထွက်ကာ ချွမ်းယန်ကျောက်ရန်အားပိုအလေးလာတော့သည်။ ချွဲရဲ့သားငယ်က သားပေးသမီးပေးဆက်ဆံရေးတစ်ခုတည်ဆောက်နိုင်ခဲ့ပေမဲ့ ချွမ်းရန်ကျောက်မုန်ကတော့ အဲ့အချိန်က ၁၀နှစ်သားသာရှိသေးတဲ့အတွက်ဘာမှမစွမ်းဆောင်နိုင်ခဲ့ပေ။
(T/N:မူရင်းOTပြောချင်တာကို ဧကရာဇ်ဟာချွဲကိုသနားလိုသူ့ရဲ့သားတွေနဲ့တန်းတူဆက်ဆံပေးခဲ့ပေမဲ့ ချွဲကအပယ်ခံဖြစ်နေတဲ့ မင်းသား၁၀ကိုလက်သတ်မွေးမြူထားခဲ့တယ်။ ချွဲနဲ့သူ့သားကတော့ လောဘမသတ်နိုင်ပဲနန်းတွင်းပုန်ကန်မှုတွေကိုချယ်လှယ်ခဲ့တယ်။
အဲ့မှာမင်းသား၁နဲ့၅ကြောင့် မင်းသား၂သေခဲ့ပြီး ချွမ်းရန်ဟန်ချန်ရဲ့အဖေမင်းသား၃ကပဲ ပိုအင်အားကြီးလာခဲ့တယ်။ ဒီအရေးခင်းမှာ မင်းသား၃ကအလေးသာသွားတယ်ထင်ရပေမဲ့ နောက်ကွယ်က ချွဲအကြီးကဲရဲ့သားငယ်ဟာ မင်းသမီးနဲ့လက်ဆက်နိုင်ခဲ့ပြီး ချွမ်းရန်ကျောက်မုန်ကတော့ အဲ့အချိန်ကငယ်သေးတာကြောင့် ဘာမှမယ်မယ်ရရဖြစ်မလာခဲ့ဘူး လို့ခပ်လွယ်လွယ်ဘာသာပြန်လို့ရမယ်ထင်ပါတယ်။ )
နောက်ပိုင်းမှာချွမ်းရန်ကျောက်မုန်ကို တရားဝင်,မင်းသားအဖြစ်သတ်မှတ်ပေးဖို့ရန်နဲ့ အဆောင်ယောင်တွေလဲကိုပေးသနားဖို့အတွက် ချွဲရှီကပဲတောင်းဆိုပေးခဲ့သည်။ချွဲယန်ဟန်ချန်ကိုလဲ သူ့ရဲ့သမက်အဖြစ်ဘေးမှာထား,ထားနိုင်ခဲ့သည်။
အဲ့လိုနဲ့ ချွဲမိသားစုရဲ့အင်အားဟာပိုပိုကောင်းလာပြီး လီဝမ် ရဲ့တိတ်တဆိတ်ကူညီမှုကြောင့် မကြာသေးမှီနှစ်များကစပြီး မြောက်ကိုရီးယားတွင်ပါ အာဏာတည်ဆောက်လာနိုင်ခဲ့၏။
ဧကရီမိဖုရားမကွယ်လွန်မီအချိန်ထိ ချွဲမျိုးနွယ်စုတွေဟာစည်းလုံးခဲ့ကြသည်။ချွမ်းရန်ဟန်ချန်က အမြဲလိုလိုချွဲမိသားစုကိုမြေလှန်ပစ်ချင်နေခဲ့သော်လည်း မြောက်ကိုရီးယားအထိပါအာဏာခြေဆန့်နေသောကြောင့် တစ်ချက်ထဲနှင့်အလဲမထိုးနိုင်သေးခြင်းပင်။
တစ်ယောက်နှင့်တစ်ယောက်ယဉ်ကျေးမှု ဂုဏ်ဒြပ်တွေကြောင့်လေးစားနေတဲ့ သူ၏မိဖုရားနှင့်ယှဉ်လိုက်ရင် လှပပြီးနှစ်လိုဖွယ်ကောင်းသောမိန်းမပျိုလေးသည်သာ သူ့စိတ်ကိုပိုမွေ့ပျော်စေလေသည်။
ရှုးဖေး က အဆိုအက,ဆုချီးမြှင့်ခြင်းပါ,ပါဝင်သော ပွဲတော်တစ်ခုကို ဦးစီးပြီးလုပ်ကိုင်လိမ့်မယ်လို့ သူတစ်ခါမှမတွေးခဲ့ဖူးပါဘူး။ထိုစဉ် ကခုန်သူတစ်ဦး၏အင်္ကျီလက်မှ အဖြူရောင်အလင်းတန်းတစ်ခုထွက်ပေါ်လာပြီး ထိုလတ်လတ်ထနေသောအပြာရောင်ဓားရှည်တစ်ချောင်းက သူ့ဆီကိုဦးတည်လာလေသည်။
တစ်ချက်ကြည့်ရုံနှင့်အဆိပ်ပါသည်ဟုသိနိုင်သည့် ဤဓားရှည်ဟာ အနီးနားကတားဆီးနေတဲ့အစောင့်တွေဆီကို ဦးစွာထိုးနှက်လိုက်သည်။ တစ်ချိန်တည်းမှာပဲအကအဖွဲ့ဝင်များထဲမှ အကသမားအချို့သည် ဓားသမားအသွင်သို့ရုတ်ချည်းပြောင်းသွားကာ အစောင့်များအားတိုက်ခိုက်ကြသည်။
ခဏကြာမှာတော့ မင်းသမီးအချို့နှင့်အမျိုးသမီးတို့ရဲ့ အော်ဟစ်သံတွေက နန်းတော်ထဲမှာကျယ်လောင်စွာပျံ့လွင့်လာ၏။ ပျော့ညံ့ပြီးဆွဲဆောင်မှုရှိတဲ့ အကသမားဆိုတာဘယ်မှာလဲ?? သူ့ရဲ့ကိုယ်ခံပညာက တကယ့်ကိုဆရာကျလွန်းပြီး ဓားချက်များဟာလဲ ပရိယာယ်များသလိုတိကျပြီး ချက်ကောင်းကိုထိစေနိုင်မယ့် ရက်စက်တဲ့ဓားချက်တွေပဲ။
ပြီးတော့ သူ့ရဲ့ရည်ရွယ်ချက်က သေချာ ပေါက် ဤဓားဟာ ချွမ်းရန်ဟန်ချန်ရဲ့ရင်ဘတ်ဆီကို ထိုးစိုက်လိုက်ဖို့..။ချွမ်းရန်ဟန်ချန်သည် သူ့ရဲ့ရင်ဘတ်ဆီကို တဟုန်ထိုးတိုးဝင်လာနေတဲ့ ဓားကိုရုတ်တရက်မြင်တွေ့လိုက်ရတဲ့အချိန် တစ်စုံတစ်ယောက်က သူ့ဆီဦးတည်လာနေတဲ့အဆပ်ဓားအား တားဆီးပေးခဲ့သည်။
ဒီလိုလုပ်ကြံခံရမှုကြောင့် နန်းတွင်းကိုယ်ရံတော်တပ်၏တပ်မှူး လင်းကျန့်ဖန်သည် အစောင့်အကြပ်များစွာဖြင့်ရောက်ရှိလာတော့သည်။ ကိုယ်ရံတော်တပ်များရောက်ရှိလာခြင်းကြောင့် လုပ်ကြံရေးသမားများကိုပိတ်ဆို့ကာ ဝိုင်းဝန်းတိုက်ခိုက်ကြတော့သည်။
အင်အားနည်းလာသောလုပ်ကြံရေးသမားများသည် အခြေနေကိုသဘောပေါက်ကာ နှုတ်ပိတ်သောအနေနဲ့ကိုယ့်ဘာသာသတ်ကြလေရာ တချို့ကိုတော့အချိန်မှီတားဆီးပြီးအရှင်ဖမ်းနိုင်ခဲ့လေသည်။
ကိုယ်ရံတော်တပ်သားများရဲ့ အကာကွယ်ပေးခြင်းကိုအပြည့်အဝရရှိထားပြီဖြစ်တဲ့ ချွင်းယန်ဟန်ချန်သည် သူ့ရဲ့လက်မောင်းတွင်းကသွေးလွှမ်းနေပြီဖြစ်သည့်ကောင်ငယ်လေးကိုသေချာကြည့်မိလေရာ လုံးဝကိုမှမျှော်လင့်မထားလေသော လင်ကွေ့ယန်တစ်ဖြစ်လဲ လင်အန်ဇူကိုတွေ့လိုက်ရလေသည်။
လင်ကွေ့ယန်တွင်သူ့ရဲ့ အမွှာတစ်ယောက်ရှိသေးသည်။ ချွမ်းယန်ဟန်ချန်မင်းသားငယ်ဘဝက သူ့ကိုတစ်ခါတွေ့ဖူးသည်။ အဲ့အချိန်သူဟာဝိုင်ကြောင့် အနည်းငယ်ရီဝေဝေဖြစ်နေချိန် နန်းတွင်းဝတ်ရုံကိုဝန်ဆင်ထားတဲ့ထိုကောင်ငယ်လေးကိုရုတ်တရုတ်တွေ့လိုက်ရပြီး သူ့နှလုံးသားဟာအနည်းငယ်လှုတ်ခတ်သွားခဲ့ပြီးနောက် သူဟာရမ္မက်အာရုံနောက်ကို ထိုကောင်လေးအား ဝိုင်တန်ခိုးဖြင့်အတင်းကြပ်ခေါ်ဆောင် သွားခဲ့မိသည်။
နောက်ပိုင်းတွင်ယောက္ခမဖြစ်သူက လင်အန်ဇူကိုသူ့ရဲ့အစေခံ,အဖြစ်ပေးခဲ့လေ၏။ သူ့အနေနဲ့လင်အန်ဇူကို စ,စတွေ့ချင်းထဲကသဘောကျမိတယ်ဆိုပေမဲ့လဲ သူဟာအချောအလှလေးများစွာကိုပိုင်ဆိုင်ထားရတဲ့ သူတစ်ယောက်လေ။ ပြီးတော့အထူးသဖြင့်တကယ့်ကိုမှနူးညံ့သိမ်မွေ့ပြီး လိမ္မာယဉ်ကျေးတဲ့ရှုးရွမ်းရင်ကြောင့် သူဟာလင်အန်ဇူကိုထူးခြားတဲ့သူအဖြစ် ဆက်မခံစားရတော့ပေ။
သူ,နယ်ခြားမှပြန်လာပြီးနောက် လင်အန်ဇူတစ်ယောက်ခြေချော်ပြီး ရေထဲပြုတ်ရာမှသူ့ရဲ့ကိုယ်ဝန်ပျက်ကျသွားသည့်အပြင် အနာဂတ်တွင် ကိုယ်ဝန်ရရန်ခက်ခဲနိုင်ကြောင်း သူကြားခဲ့ရသည်။ သူ့ရဲ့ကလေးကို မတော်တဆဆုံးရှုံးသွားစေသည်အထိလက်လွတ်စပယ်နေတတ်သော လင်အန်ဇူကိုလဲ အလွန်စိတ်ပျက်မိခဲ့သည်။ သူသည်တဖြည်းဖြည်းနှင့် လင်အန်ဇူကို လျစ်လျူရှုလာသည်။
လင်အန်ဇူသည်လည်း နဂိုကတည်းကတိတ်ဆိတ်အေးဆေးပြီး ငြိမ်းငြိမ်းချမ်းချမ်းနေတတ်သူဖြစ်နေရာ သူ့အားလည်းတိုးရှိုးတွယ်ကပ်နေခြင်းမရှိခဲ့ပေ။ထို့အပြင်ကလေးဆုံးရှုံးရခြင်းကြောင့် ကြီးစွာသောဝမ်းနည်းပူဆွေးမှုများစွာကိုခံစားခဲ့ရပြီး သူ့ကိုယ်သူအပြစ်သားတစ်ယောက်လို ပဲနေခဲ့သလို ပတ်ဝန်းကျင်ရဲ့ဝေဖန်အပြစ်တင်ခြင်းကိုလဲ ခါးစည်းခံခဲ့ရလေသည်။
နဂိုကထဲကအေးဆေးသော ထိုအစေခံလေးသည် ပိုပိုပြီးတိတ်ဆိတ်သွားကာ ချွမ်းရန်ဟန်ချန်၏အကြည့်အောက်၌ပင် တဖြည်းဖြည်းနှင့် မတွေ့မမြင်ရတော့အထိပျောက်ကွယ်သွားတော့သည်။သူထီးနန်းမဆက်ခံရသေးခင်မှာထဲက ထိုကောင်ငယ်လေးဟာ သခင်ငယ်လေးရာထူးကိုဘဲရရှိခဲ့လေသည်။
....
သူရဲ့လက်ပေါ်ကအနှီကောင်လေးသည် သူမမှတ်မိနိုင်လောက်အောင်ပိန်ပါးနေခဲ့ပြီးဖြစ်သည်။ ရုတ်တရတ်သွေးထွက်များလာခြင်းကြောင့် သူ့ရဲ့လက်မောင်းကြားထဲကပိန်သေးသေးခန္ဓာကိုယ်လေးဟာ ဖြူလျော့ကာအေးခဲလာနေသလို အဆိပ်ဒဏ်ကြောင့် ဓားဒဏ်ရာဟာလည်း မည်းနက်လို့နေခဲ့ပါပြီ။
Advertisement
တစ်ကိုယ်လုံးတုန်ခါကာဒဏ်ရာများက မည်းနေပြီဖြစ်သည်။တုန်ယီနေတဲ့ခန္ဓာကိုယ်သေးသေးလေးကိုကြည့်ရင်း ချွမ်းယန်ဟန်ချန် ရင်ထဲကြီးစွာတုန်လှုပ်နေခြင်းသည် မျက်နှာတွင်အတိုင်သားပေါ်နေခဲ့လျက်
"မြန်မြန်! သမားတော်ကို မြန်မြန်သွားခေါ်ကြစမ်း''
သွေးစွန်းနေသော မျက်နှာလေးအားပွတ်သပ်နေမိလျက် ထပ်၍ထပ်၍ အန်လာသောသွေးတို့သည်သူ့လက်နှင့်သုတ်လို့ပင် မနိုင်ချင်တော့။
"မကြောက်ပါနဲ့ သမားတော်မကြာခင်ရောက်လာတော့မှာ မကြောက်နဲ့နော် ..." သူ့လက်မောင်းကြားထဲကကောင်လေးကိုနှစ်သိမ့်နေတာလား ဒါမှမဟုတ်သူ့ကိုယ်သူနှစ်သိမ့်နေခြင်းလား။
ချွင်းရန်ဟန်ချန်တစ်ယောက်သူ့နှလုံးသားထဲက အရေးကြီးသော အစိတ်အပိုင်းတစ်ခုလုံးတဖြည်းဖြည်း ပျောက်ကွယ်သွားတော့မှာကိုခံစားမိနေပြီ။ လင်အန်ဇူပါးစပ်ကိုဖြည်းဖြည်းချင်းဟပြီး တစ်ခုခုပြောနေပါသော်လည်း အသံကတိုးလျလွန်းတာကြောင့် သူသေချာမကြားလိုက်ရပေမဲ့ ထိုကောင်လေးရဲ့ခပ်ဖွဖွပြုံးဟန်ကိုတော့ သူသေချာစွာတွေ့လိုက်ရသည်။
တကယ်လို့သူခန့်မှန်းတာမမှားရင် 'သူ့ကိုစိတ်မပူပါဖို့' ပြောလိုက်ချင်းပင်။သူကအခုသူ့ကိုယ်သူထက်သူ့အား ပြန်နှစ်သိမ့်နေတာလား ဒီလိုအချိန်မှာတောင်လေ...!။သူ့ရဲ့မျက်လုံးထဲမှာ ချစ်ခြင်းတရားတွေပြည့်နှက်နေပေမဲ့... အိုး......သူ့မျက်နှာတွင်တော့သွေးချင်းချင်းနီနီရဲလျက်....။
လင်အန်ဇူတစ်ယောက် ချွင်းရန်ဟန်ချန်အားစူးစူးနစ်နစ်ကြည့်ပြီးတဲ့နောက် သူ့ရဲ့မျက်လုံးတွေဟာအလွန်ကို လေးလံလာသလို ဖြည်းဖြည်းချင်းမှိတ်ကျသွားတော့သည်။
''မဟုတ်ဘူးမဟုတ်ဘူး မဖြစ်ရဘူး'' သူရဲ့အော်သံသည်အထိန်းချုပ်မဲ့နေလျက်..။
''ဧကရာဇ်... သမားတော်ရောက်လာပါပြီ'' အမှုထမ်းဟာ သမားတော်ကို နန်းတွင်းဆေးခန်းမှ ခေါ်ဆောင်ခါခဲ့ရတာဖြစ်သည်။
''အင်း... လင်ကွေ့ဟန်ကိုကြည့်ပေးပါဦး'' ချွမ်းရန်ဟန် ခွင့်ပြုပေးလိုက်သည်။
နန်းတွင်းသမားတော်ချုပ်သည် ဧကရာဇ်ရဲ့လက်မောင်းကြားမှာ အချိန်ကြာမြင့်စွာရှိနေပုံတဲ့ကောင်ငယ်လေးကို စမ်းသပ်ကြည့်ရှုဖို့ရာအတွက် အနည်းငယ်ရှေ့ကိုတိုးလိုက်လေသည်။ သူခပ်လှမ်းလှမ်းလောက်ထဲက သေချာသတိထားမိနေသည်မှာ သူတို့ရဲ့ဧကရာဇ်ဟာသွေးအလိမ်းလိမ်းနှင့်အနှီကောင်လေးအား ဆုံးရှုံးရမှာအလွန်အမင်းကြောက်ရွံ့နေတယ်ဆိုတာပါပဲ။
'အရှင်မင်းကြီး, လင်ကွေ့ဟန်ရခဲ့တဲ့အဆိပ်ကြောင့် ဆုံးပါးသွားပါပြီ ကျေးဇူးရှင်အရှင်မင်းကြီးဘုရား ''
ချွမ်းရန်ဟန်ချန်သည် လင်အန်ဇူကိုထွေးပွေ့ထားရင်း တိတ်ဆိတ်စွာငြိမ်သက်စွာသာငေးကြည့်နေမိလေသည်။အဲ့ဒီ့အချိန်မှာပဲ ကိုယ်လုပ်တော်မိဖုရားတွေဟာ တိတ်ဆိတ်မှုကိုဖြိုခွင်းရင်း အပြေးလွှားရောက်ရှိလာကြပြီး ဆူညံစွာမေးမြန်းကြပြန်သည်။
''အရှင်မင်းကြီး, အဆင်ပြေပါရဲ့လား အရှင်မင်းကြီး?''
ရှုဖေး, ချွမ်းရန်ဟန်ချန်အားရပ်ကြည့်နေရင်း တခုခုလွဲနေပြီဆိုတာကိုသိလိုက်၏။သူမစိတ်ပူပန်ဝမ်းနည်းနေဟန်ဖြင့်
''အရှင်မင်းကြီး ဘာမှမဖြစ်လို့တော်သေးတာပေါ့, သေသွားတဲ့အမှုထမ်းတွေအတွက်လဲ စိတ်မကောင်းဖြစ်ရပါတယ်။ ဒါပေမဲ့ လင်ကွေ့ဟန်ကိုကျေးဇူးတင်ရမှာပဲ။ အဲ့လို့မှမဟုတ်ရင် ကျွန်မတို့...... တကယ်ကိုထိပ်လန့်စရာတွေဖြစ်လာမှာ...''
ချွမ်းရန်ဟန်ချန် သူ့ရဲ့အနီးပါးကမောင်းမမိဿံများကို သူ့တစ်သက်လုံး ကြောက်ရွံ့လာခဲ့ဟန်ဖြင့် ကြည့်နေမိသည်။ မိဖုရားသည်သူ့ရဲ့ဂုဏ်သိက္ခာကြီးစွာနဲ့ မတုန်မလှုပ်နေတတ်တဲ့ပုံစံအတိုင်းတည်ငြိမ်စွာရှိနေပြီး ကိုယ်လုပ်တော်ရှုးရွှမ်းရင်း ငိုကြွေးနေခဲ့တော့ အိနြေ္ဒမဲ့စွာဖြင့်ငိုကြွေးနေခဲ့သည်။
ဆုန်ဖေးနှင့်ယုဖေးတို့က မင်သမီးများကိုစောင့်ရှောက်ဖို့အတွက် သူ့ဆီကိုမလာနိုင်ခဲ့ပေ။သူတို့ကသူ့ရဲ့တစ်ဦးတည်းသော သားနဲ့ သမီးများဖြစ်ကြတယ်ဆိုပေမဲ့ပေါ့လေ။ သူ့ရင်ခွင်ထဲက လင်ကွေ့ဟန်ကိုကြည့်လိုက်တော့ သူထိုင်တဲ့နေရာဟာသူနဲ့ခပ်လှမ်းလှမ်းမှာဖြစ်နေတာတောင် ဒီလိုအခြေနေကြီးမှာ သူ့ဆီအပြေးလာပြီးရှေ့ကနေကာကွယ်ပေးရအောင် ဘယ်လိုအင်အားမျိုးတွေက သူ့ကိုဒီလိုတွန်းပို့လိုက်လေသလဲဆိုတာကို သူတကယ်မသိတော့ပေ။
ကိုယ်ရံတပ်မှူး လင်းကျန့်ဖန် သည်
"ဧကရာဇ်မင်းမြတ်၎ယောက်ကို အရှင်ဖမ်းမိပါတယ်" ဟူ၍ ရှေ့သို့ တိုးကာလျှောက်တင်လိုက်သည်။ ဘေးနားကအစောင့်တွေက လုပ်ကြံသတ်ဖြတ်သူတွေအား သူတို့ရဲ့မျက်နှာဖုံးတွေကိုဖယ်ပြီး ချုပ်နှောင်ထားကြသည်။
''နောက်ကွယ်ကလုပ်ကြံသူကို မင်းဘာသာစစ်မေးထားလိုက် အခုတော့ မြို့တံခါးတွေကိုပိတ်ထားခိုင်းလိုက်။ ပြီးရင် နန်တွင်းထဲကပါဝင်ပတ်သတ်နေသူကိုပါ ရှာဖို့လူထပ်လွှတ်ရမယ်။ မြို့တော်ကိုစစ်တပ်ဝင်ရှာဖို့အတွက် မြို့တော်ဝန်ရဲ့ခွင့်ပြုချက်တောင်းလိုက်'' ဒီလုပ်ကြံမှုမှာသူ့ရဲ့ဦးလေးလင်းဝမ် ပါကိုပါနေလိမ့်မယ် သူယုံကြည်နေခဲ့သည်။
အတွင်းလူတစ်ယောက်ယောက်ရဲ့သတင်းပေးမှုကြောင့်သာ ဂေါင်ကျောင်းဖိန်နန်းတော်ထဲကိုရောက်လာပြီး သူ့မွေးနေ့၌သူ့ကို ဓားနှင့်ထိုးရန်လုပ်ဆောင်နိုင်ခြင်းဖြစ်သည်။ဒါကြောင့် အနီးစပ်ဆုံးဖြစ်တဲ့အတွင်းလူကိုမြန်နိုင်သမျှမြန်မြန်ရှာလိမ့်မယ်။
ယွင်ဖူ,လင်ကွေ့ရန်ကို ဈာပနပွဲကျင်းပပြီးသင်္ဂြိုဟ်လိုက်တော့ သူကလူကယ်ပြီး သေသွားတာဆိုတော့နောက်ကျရင် လင်ကွေ့ချွင်း(ကြင်ယာတော်) ဆောင်ပုဒ်ဂုဏ်တင်ချီးမြင့်ရမယ်''
လင်ဟွေ့ရန်,သေဆုံးခဲ့ပြီဆိုတာကို စိတ်တည်ငြိမ်ငြိမ်နဲ့လက်ခံနိုင်ဖို့ သူ့ကိုယ်သူခက်ခက်ခဲခဲတွန်းအားပေးနေရ၏။ လင်အန်ဇူတစ်ယောက် သူ့ကိုအမြဲချစ်နေခဲ့ကြောင်းကို သူသိရှိခဲ့ရပြီးနောက်မှာ ဒီကောင်ငယ်လေး၏သေဆုံးခြင်းက ချွမ်းရန်ဟန်ချန်အတွက် တကယ်ကိုရင်နင့်စေပြီး မဖြည်ဆည်နိုင်အောင်ကိုဖြစ်နေရသည်။
ယခင်ကအနှီကောင်ငယ်လေးအား သူ,ဥပက္ခာပြုခဲ့သည့်တိုင် ယခုတော့ထိုကောင်ငယ်လေးအတွက် သေချာပေါက်လက်စား ချေပေးမည်ဟုကတိပြုပါသည်။
စစ်ဆေးမေးမြန်းမှုအရ လုပ်ကြံသတ်ဖြတ်သူများတွေကို နန်းတော်ထဲမှ သူတစ်ဦးကပဲငှားခဲ့တာဟုဆို၏။သူတို့ဟာဌားရမ်းသူကိုမမြင်ဖူးကြပေမယ့် သူ့ယောက္ခမနန်းဆောင်ကရံရွေတော်အမျိုးသမီးကြီးဘန်ရှု လို့ယူဆထားကြသည်။
ဧကရာဇ်၏မွေးနေ့ပွဲတွင်လုပ်ကြံဖို့ အကအဖွဲ့ကိုစီစဉ်ပေးကာ သူ့ရဲ့နောက်ကွယ်တွင်တော့ ရှုးဖေးရှိနေသည်ဟုဆိုတာကိုပြောပြပြီး ဘန်ရှုကသူ့အပြစ်သူဝန်ခံသွားခဲ့သည်။ရှုးယွမ်းရင် ကလဲ သူမတရားခံရတာပါ ချောက်ချခံရတာပါဟု အော်ဟစ်နေ၏။
နန်းတော်အစောင့်တစ်ယောက်က 'နန်းတွင်းအပြင်ဖက်ကတစ်ယောက်ယောက်ကို အချက်ပြနေသယောင်အစိမ်းရောင်အငွေ့တွေ ကူနန်နန်းဆောင်ခေါင်မိုးတွင်ပြည့်နေကြောင်း' လာရောက်လျှောက်တင်တဲ့အခါ ယွင်ဖူလဲ ဧကရာဇ်အား အလျင်အမြန် ပြန်၍လျှောက်တင်ရလေသည်။
''ကူနင်းနန်းဆောင်ကို သွားမယ်' ရှုးရွမ်းရင်သည် သူ့အပေါ်မလျော်ကန်တဲ့လုပ်ရပ်မျိုးကို ကျူးလွန်မည်မဟုတ်ပေ။တကယ်လို့မိဖုရားသာဆိုရင်တော့ အရာအားလုံးကအဓိပ္ပါယ်ရှိနေလောက်သည်။
ကူနန်းနန်းဆောင်သည် မိဖုရား၏နန်းဆောင်ဖြစ်သောကြောင့် ကျော့ရှင်း၍ခမ်းနားထည်ဝါသည်။ ကူနန်နန်းဆောင်၏သခင်မ,သည်လဲ ဧကရာဇ်မင်းကြွလာမည်ကိုသိပုံရလေသည်။
"အရှင်မင်းကြီး ၊ ရောက်လာပါပြီလား ။" မိဖုရား ချွဲချင်ယိ သည်ခန်းမဧည့်ခန်းတွင်ထိုင်နေပြီး သူမ၏အသံကအေးစက်နေ၏ ။
''မြို့တစ်ဖက်ကမ်းရောက်နေတဲ့ ဦးလေးလင်ကို မြို့တော်ထဲဝင်လာခဲ့ဖို့အချက်ပြတာလား။ ဘာဖြစ်လို့လဲ?ဘာအကြောင်းကြောင့်များလဲ? မင်းကချွဲအိမ်တော်ရဲ့သမီးဖြစ်နေလို့ပြီဆိုပြီး မင်းကိုယ်လုပ်တော်ဘဝထဲကနေ အခုချိန်ထိမင်းအပေါ်ငါကိုယ်တော် မလျော်ကန်တဲ့အရာတွေဘယ်တုန်းကမှမလုပ်ခဲ့ဘူး။
မင်းကိုချစ်မြတ်နိုးပါတယ်လို့မပြောနိုင်ပေမဲ့ င မင်းအပေါ်အမြဲတမ်း အလေးမြတ်ထားခဲ့တယ်။ ငါကိုယ်တော် ထီးနန်းဆက်ခံတော့လဲ မင်းကိုမိဖုရားခေါင်ရာထူးပေးပြီး မင်းနဲ့ထိုက်တန်တဲ့အဆောင်ယောင်တွေကိုချီးမြင့်ခဲ့တာပဲ။မင်း ဘာလို့များ သစ္စာဖောက်နိုင်ရတာလဲ?''
''အလေးထားတယ် အလေးထားတယ်! ဟားဟား ရှင်အလေးထားခဲ့တာ သောက်ချီး ချီအိမ်တော်ကိုလေ ငါ့အဖွားကို သူ့ချွေးမရယ်မြေးတွေရယ်နဲ့အတူတူထိုင်ခိုင်းတာက ငါ့ကိုအလေးမြတ်ပေးတာလား''ချွင်းရန်ဟန်ချန်သည် မိဖုရား၏ရူးသွပ်သွာအော်ဟစ်နေမှု အတန်ကြာကြည့်နေမိသည်။
''တိတ်စမ်း! မင်းကကိုယ့်ဘာသာအတွေးလွန်ပြီး လုပ်ချင်ရာလုပ်ထင်ချင်ရာထင်နေတတ်တဲ့ အဆိပ်လိုမိန်းမမျိုးပဲ။အရင်က မင်းဟာသဘောထားကြီးပြီးကြင်နာတတ်တဲ့သူတစ်ယောက်လေ။ဘန်ရှုကမင်းလူဆိုတာကို သိတယ်။ ရှောင်ဖေးကို အပြစ်ပုံချဖို့ဘာလို့ပြောခိုင်းရတာလဲ?''
''ဘန်ရှုက ဟိုးစောစောပိုင်းကထဲက ရှင့်အကြောင်းကိုသိရအောင်လုပ်ဖို့စီစဉ်ပြီးသား ဟင်းဟင်း သူမတကယ်လဲလုပ်နိုင်ခဲ့တယ် ဟားဟား!'' မိဖုရားစကားဟာ သူ့ကိုဆွံ့အသွားစေခဲ့သည်။
''ရှင့်ရဲ့သမီးနှစ်ယောက်က ဘာလို့ကျန်းမာရေးမကောင်းဖြစ်နေတာလဲ ဆိုတာကိုသိလား? ရှင့်ရဲ့ချစ်လှစွာသောအမျိုးသမီးရှင့်ကို အားတိုးဆေးလုပ်ပေးတယ်မလား ရှင်ကလဲသဘောကျတယ်လေ။ဘန်ရှုကသူ့ချွေးမကိုအနိုင်ကျင့်ချင်တဲ့အခါတိုင်း ကျမနဲ့အပေးယူလုပ်လေ့ရှိတယ်။ရှင့်အတွက်ဆေးစွမ်းကောင်းကိုတော့ ရှင့်ဦးလေးလင်ကခက်ခက်ခဲခဲရှာပေးထားရတာ.... အဲ့ဆေးကြောင့်ပဲ ရှင်ခလေးရဖို့ခက်ခဲလာသလို ရတဲ့ခလေးတွေကလဲ ကျန်းမာရေးမကောင်းဖြစ်နေရတော့တာပဲ။''
ဒီအဆိပ်ပြင်းလှတဲ့မိန်းမကိုကြည့်ရမှာတောင် သူရွံရှာလာ၏။ဒီနှစ်တွေမှာသူထင်ထားခဲ့တာက တိုက်ပွဲတွေအများကြီးတိုက်ခဲ့ရသလို လူတွေလဲသတ်ဖြတ်ခဲ့ရတာကြောင့် ကံတရားက သူ့အားဒဏ်ပေးသောအားဖြင့် ကံတရားကသားယောကျာ်းလေးမပေးသနားခြင်းဟူ၍ပင်။
မိဖုရားကတော့ သူ့ရဲ့စိတ်တိုနေမှုကိုလျစ်လျူရှုရင်း ဆက်ပြောလေသည်။
''ရှင်ရဲ့ချစ်ရတဲ့ကိုယ်လုပ်တော်နဲ့ သေလုလုခလေးနှစ်ယောက်တော့ရှိတယ်မလား။ ရှင်က အဲ့ကိုယ်လုပ်တော်ကိုစိတ်ကောင်းရှိတယ်လို့ထင်နေမှာပေါ့ ဒါပေမဲ့ဘန်ရှု,ဒီနှစ်ပိုင်းတွေမှာစိတ်ကြီးဝင်နေတဲ့အကြောင်းရင်းက အဲ့မိန်းမပဲ ဘန်ရှု့ကိုလူယုံမွေးလိုက်ပြီး သူ့ကိုတိတ်တဆိတ်ကူညီခိုင်းနေတာ။
အိုး... အများကြီးပါပဲ။ ကိုယ်လုပ်တော်ငယ်တော်တော်များကလဲ သူ့ရဲ့အဆိပ်လက်တွေချည်းပဲ။ရှင်ကတော့ထင်မှာပေါ့ သူ့လိုအရာရှိငယ်လေးရဲ့သမီးက ဒီလိုလုပ်နိုင်မလားပေါ့ ပြီးတော့ နောက်ကွယ်ဘာသဲလွန်စမှမကျန်ခဲ့တဲ့သူက ကျမလို့လေ။ အေး ဒါပေမဲ့ကျမ မဟုတ်ဘူး!!!!'' ပြောချင်ရာပြောပြီးနောက် သူမကျေနပ်သွားဟန်ရှိလေသည်။
''မဟုတ်ဘူး သူလုပ်မှာမဟုတ်ဘူး''
ရှုးရွှမ်းရင် ကအဲ့လိုလူဆိုတာကို သူဘယ်လိုမှမယုံကြည်နိုင်ပေ။ရှုရွှမ်းရင်မှာကကလေးမှမရှိတာပဲကြောင့် လီလီရှန်ရဲ့သားကို သူမမွေးစားချင်နေခဲ့တာလေ။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ ခလေးက ကျန်းမာရေးမကောင်းပဲ အအေးမိပြီးသေဆုံးသွားခဲ့သည်။
''မယုံဘူး မယုံဘူးဟုတ်လား မယုံရင်ရှင့်ဘာသာစစ်ဆေးကြည့်လိုက်လေ ဟားဟား! ချွမ်းရန်ဟန်ချန် ရှင်ကရှင့်ကိုယ်ရှင် လက်ရုံးကောနှလုံးကောပြည့်စုံတဲ့ ဘုရင်တပါးလို့ထင်နေမှာပေါ့။ ဟားဟား ဒါက ငါတို့မိန်းမနှစ်ယောက်က ရှင့်ကို ကောင်းချီးပေးထောက်ခံမှာမဟုတ်ဘူး''
''မင်းကငါကိုယ်တော်မြတ်နဲ့လက်ဆတ်ပြီးတာတောင် ဦးလေးကိုကူညီလိုက်တာက သူ့ကိုလက်ထပ်ချင်လို့လား?မင်း အတွက်ကောင်းတာရှိလို့လား? ဒီလုပ်ကြံမှုအောင်မြင်သွားခဲ့ရင်ရော မင်းကမိဖုရားလေ မင်းအပေါ်ကောဘာတွေအကျိုးသက်ရောက်နိုင်လဲဆိုတာ သိရဲ့လား?''
''ကျမရဲ့အဘွားကြောင့် ငယ်ငယ်ထဲကနန်းတွင်းထဲကိုအဝင်ထွက်ရှိခဲ့ပါတယ်။ဒါပေမဲ့ ကျမ လီဝမ်ကိုတွေ့ပြီးတဲ့နောက်မှာတော့ ကျမနန်းတွင်းမှာ သူ့မိဖုရားအဖြစ်နဲ့ပဲနေချင်တော့တယ်။
ကျမသူ့ကိုချစ်မြတ်နိုးတယ် သူ့အတွက်ဆိုကျမဘာပဲလုပ်ပေးရလုပ်ပေးရ လုပ်နိုင်တယ်။ကျမရှင်နဲ့စ,လက်ထပ်လိုက်ရကထဲက ချွဲမိသားစုဝင်ဖြစ်တဲ့ကျမရဲ့သွေးသားကို မလိုချင်ခဲ့ဘူးဆိုတာကိုသိတယ်။ကျမကလဲ ရှင့်ရဲ့ခလေးကိုမမွေးချင်ပါဘူး။သူကသူ့ရဲ့ရည်ရွယ်ရာအတွက် ရှင့်ရဲ့လက်အောက်မှာခဏနေဖို့ဆန္ဒရှိတယ်။ ကျမကလဲ သူ့အတွက်ဆိုဘာကိုမှဂရုမစိုက်ဘူး''
''မင်းရဲ့မိဖုရားအဆောင်ယောင်တွေကို ရုတ်သိမ်းမယ်'' ချွမ်းရန်ဟန်ချနသည် သူ့ရဲ့မိဖုရားနှင့်ဦးလေးဖြစ်သူရဲ့ဆက်ဆံရေးကို သိသွားတဲ့အခါ အလွန်အမင်းစိတ်တိုလာခဲ့သည်။
''ဒီနန်းတော်ကြီးမှာ အနာဂတ်ကောအောင်မြင်ကျော်ကြားမှုဆိုတာကောရှိပါ့မလားမသိဘူး ပြီးတော့ရှင့် အပေါ်သစ္စာရှိတဲ့သူကောရှိရဲ့လားဆိုတာ ကျမ,မသိဘူး။''မိဖုရားရဲ့ခနဲ့သံကိုထပ်ကြားလိုက်ရပြီး သူမကခေါင်းမော့လျက်ထပ်ပြောပြန်၏။
''ရှင့်ကိုတော့အားနာပါရဲ့... အိုးဟုတ်တာပေါ့။ လင်ကွေ့ရန် ဆိုတဲ့အရူးရှိတာပဲ ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲ သူကသေသွားခဲ့ပြီ။ သူ,က မရှိရှာတော့ဘူး ဟားဟား''
မိဖုရားရဲ့စကာတွေကိုနားထောင်ရင်း လင်အန်ဇူ သေဆုံးခြင်းကိုပြန်ကြားလိုက်ရတဲ့အခါ ချွမ်းရန်ဟန်၏နှလုံးသားထဲတင်းကြပ်၍လာခဲ့ပြန်သည်။
''သူရဲ့ကလေးကိုလဲ နင်ရဲ့ယဉ်ကျေးသိမ်မွေ့လှပါတယ်ဆိုတဲ့ဂုဏ်သရေရှိအမျိုးသမီးလေးကပဲ သတ်ပစ်လိုက်တာလေ။ တကယ့်ကိုမှခဲခဲတောက်အေးနေတဲ့နေ့မှာမှ ကိုယ်ဝန်သည်ကိုရေကန်ထဲဆွဲချတယ်ဆိုမှတော့ ကိုယ်ဝန်ပျက်တာအဆန်းတော့လဲမဟုတ်ပါဘူး။
ဒီရှုးရွှမ်းရင်ကလဲ တကယ့်ကို မကောင်းတဲ့ရာဇဝတ်သား မမွေးသေးတဲ့ခလေးတွေကိုတောင် အလွတ်မပေးဘူး။ထားပါတော့ ရှင်လဲသိမှာပါ အဲ့အချိန်က ချုံအာအမြွှာလေးမွေးပေးဖို့အရမ်းကိုနီးစပ်နေသလို လင်ကွေ့ဟန်ကလဲမျက်နှာပေးခံရတဲ့သူမဟုတ်တော့ ဒီရှုးဖေးအတွက်ကြီးကြီးမားမားခြိမ်းခြောက်မှုမမြောက်ခဲ့ဘူးပေါ့''
သိုးယောင်ဆောင်ထားတဲ့ဝံပုလွေမကို ရှင်မြင်အောင်မကြည့်တတ်သေးဘူး ရှင်အရမ်းကိုငယ်သေးတယ်'' မိဖုရားသည် သူ့ကိုနှစ်ပေါင်းများစွာမကျေနပ်ခဲ့သလို အားကုန်အော်ဟစ်နေလေသည်။
''ငါကိုယ်တော် မင်းကိုမိဖုရားအဖြစ်ကနေရုတ်သိမ်းမယ်။ ချွဲအိမ်တော်ကိုကော နန်းကျဘုရင်ကိုကော ငါတစ်ယောက်မှ အလွတ်မပေးဘူး'' သူဒီထက်ပိုပြီး စကားဆက်ပြောခွင့်မပေးချင်တော့ပေ။ ရှင်ဘုရင်ဆိုတဲ့ မာန်မာနကြောင့် သူ့ကိုယ်သူဟာသအဖြစ်မခံနိုင်တော့ပေ။
''နောက်ကျသွားပြီ လီဝမ်ကငါ့အချက်ပေးမှုကိုမြင်ကထဲက သူ့အစီစဉ်ကပြောင်းသွားပြီ။ သူထွက်သွားပြီ သူဘာတစ်ခုမှအထိခိုက်မရှိပဲ မြို့တော်ကနေအောင်အောင်မြင်မြင်ထွက်ခွာနိုင်မှာ ဟားဟား'' ထိုစကားကို သူမပြောပြီးပြီးချင်းမှာပဲ သူ့ရဲ့ဘေးမှာရှိတဲ့အုတ်တိုင်ကိုခေါင်းနှင့်ပြေးတိုက်လိုက်ကြောင့် သွေးတွေဟာကြမ်းပြင်ပေါ်သို့ ဖြာကျလာ၏။
Advertisement
-
In Serial200 Chapters
Princess Is Glamorous In Modern Day
Having brought up her younger siblings in troubled times and guiding her younger brother to the throne, Xia Wanyuan is the most legendary eldest princess in the history of the Xia Dynasty. When this eldest princess opens her eyes, she finds herself in a world a thousand years into the future. While she is still called “Princess”, it’s only a nasty jeer imparted on her as a mockery for her arrogant connections within the entertainment industry. So what if you were rich? In the end you’ve fallen to a status far lower than any beast! In response, Xia Wanyuan promises that a day would come when they will sincerely call her Princess. Everyone laughs at her, waiting to see the day when she’ll be abandoned by the wealthy and affluent. Handsome yet aloof, President Jun Shiling is known only for his success in the corporate world with a demeanor cold enough to cut through ice. He has just one thing to say: Take the one hundred million divorce fee and leave quickly. Two years later, the eldest princess is a two-time winner of a prestigious acting award. The darling of the fashion world, she has become a style icon who is also proficient in the four classical arts. As an all-knowing professor in both literature and poetry, she is also a professor in two departments at the most renowned institute of higher learning. The Olympics? Gold medals are a dime a dozen when considering her skills in fencing and shooting. Her name is spread all over the world and she is filled with an unprecedented glory never bestowed upon any other. The CEO who wanted a divorce at the start refutes on television: “How dare anyone spread rumors about our divorce? My dearest wife, can we have another child?”
8 1550 -
In Serial54 Chapters
WULF : Gang Of Wolves - Motorcycle Romance | Dark Romance | MC Romance
"Are you ready, baby?" I'm asking her as much as I'm asking myself. She never lets her eyes leave mine. "Mm," she nods and I push all the way in. Her face twists in a mixture of torment and temptation. I hold myself still, feeling her tightness wrap every inch of me. Leaning forward, I press my forehead to hers. "No one will ever get you like I do. No one will ever f ck you like I do. No one will ever love you like I do, baby."--Though she's young, Silvie has spent a lifetime paying for other people's mistakes. That's what landed her in the sights of a wolf. A Gang of Wolves to be exact.Everything Wulf does is for his motorcycle club, but when Silvie- young, innocent, and sweet, enters the picture things change. He takes an interest in the little pixie who becomes more than just a payment for her brother's debts.What happens when a woman begins to tame the beast of her predator? What happens when a wolf learns he wants to be a protector?** This story is a Dark Romance. If you want a fairy tale, read Cinderella. Yes, this book has a HEA, but there are a lot of bumps and bruises along the way. This book is real and sometimes raw. If you have triggers, expect some of them to be pulled**Highest Ranking -#1 Dark Romance#1 Age Gap#1 Alpha Male
8 133 -
In Serial18 Chapters
Ribbons & Rumors
"Have you heard of the 8th wonder of the school...? They say she's called the Rouge Rumor..."A Toilet-Bound Hanako-Kun fan-fictionstarted: june 2nd, 2020published: june 10th, 2020ended: n/a✨HIGHEST RANKINGS::✨•• #1 in #jibakushounenhanakokun••#1 in #amane••#1 in #hanako-kun••#1 in #toiletboundhanakokun••#1 in #yugitsukasa••#1 in #yugiamane‼️NO MANGA SPOILERS IN HERE‼️
8 187 -
In Serial42 Chapters
How Did I Go To the Beast World in My Pajamas?
Samantha is traumatized, fat, and chronically ill. She's given up hope on a world that she feels gave up on her. But one morning, after awakening from yet another painful slumber, she wakes up outside and in strange surroundings with only the pajamas on her back. However, the people she meets in this so-called Beast World are even stranger; multitudes of hunky beastmen are desperate to find a rare female mate. Who can Samantha trust in this world? Will she find safety? Friends? Lovers? Follow her story to find out!This work contains mature scenes that are not appropriate for younger readers. 18+ warning now, because we've officially got smut!---Hi y'all! This is a project I've just started, and I'd like to gauge interest for it on here. I'm putting some of my OCs into the "Beast World" setting of some of my favorite novels like Beauty and the Beasts, Beast World, Memeda!, and Beast Hubby, XOXO to name a few!My cover was made for me by the amazing plankset of spacenoodlesoup! She's soup-er amazing!
8 229 -
In Serial32 Chapters
To Build A Home [ Simon x Wilhelm ]
Just another one of those Simon and Wilhelm stories, cuz they are my comfort couple <>A brief overview:The new year begins, with new stories and new people and Simon finds himself stuck in the common romantic's dilemma 'The head or the heart?'What will happen when Simon finds a new lover? And what will happen when Alexander walks back through the doors of Hillerska? Who must leave and who must stay? As they say, life comes full circle.OMG #1 edvinryding October 4, 2021 😭❤️
8 124 -
In Serial14 Chapters
showbiz // phan
the one where the owner of a fashion boutique falls for a struggling actor with a notorious side job.// completed 10|03|17// hughest ranking; #1 in #phanfiction// tw; none
8 193
