《အချစ်ဝိုင် ( Complete )》Part 45 (ဇာတ်သိမ်းပိုင်း)
Advertisement
အချစ်ဝိုင် ( part - 45 ) ဇာတ်သိမ်းပိုင်း
▪▪▪▪▪▪▪▪▪▪
"ခေ ဒါလေးကြိုက်တယ်"
"ကြိုက်ရင်ယူလိုက်လေ ဒါလေးထည့်ပေးပါ"
"နေပါဦး ရှင်ကလည်း ခေဝတ်ကြည့်ချင်လို့"
"ဟာ!! နေပါစေ မဝတ်ရဘူး"
သူ့ အငြင်းစကားကြောင့် ခေ မျက်မှောင်လေးကုပ်ကာ နှုတ်ခမ်းလေးစူပစ်လိုက်မိသည်။
မင်္ဂလာဝတ်စုံဆိုတာ ဝတ်ကြည့်မှ ပွသလား၊ကြပ်သလား သိရမှာမလား။
"မရဘူး မဝတ်နဲ့ ကြိုက်ရင်ယူလိုက် မဟုတ်လည်း ဒါမင်းရဲ့ဆိုဒ်ပဲဥစ္စာ"
"ခေ့ရဲ့ဆိုဒ်တော့ဟုတ်တယ်လေ ဝတ်ကြည့်မှ ပုံကျမကျသိရမှာပေါ့"
"မကျလည်းနေစမ်းပါ ခေရယ် မင်းဘယ်လိုနေနေ ကိုယ့်မျက်လုံးထဲမှာလှပြီးသား လက်မထပ်ခင်မင်္ဂလာဝတ်စုံဝတ်ရင် ယတြာကျေပြီးကွဲတတ်တယ်တဲ့ မင်းအဲ့လိုအဖြစ်ခံနိုင်လို့လား"
ခေ ပါးစပ်အဟောင်းသားဖြစ်သွားပြီး ရုတ်တရက်ဘာပြောလို့ပြောရမှန်းမသိအောင်ဖြစ်သွားသည်။
အစစအရာရာလက်တွေ့ကျပြီး ရဲဝံ့ပြတ်သားသည့် သူလိုလူက ဒီလိုအယူအဆတွေကိုယုံတယ်လား။
"ကြားလား မဝတ်ရဘူး အရံဝယ်ထားတာတွေလည်းရှိတယ်မလား"
"ခေ သိချင်တာက ရှင့်ကိုဘယ်သူကအဲ့လိုပြောလိုက်တာလဲ"
"ဘယ်သူကပြောပြောကွာ မဝတ်ရဘူး လိုချင်ရင်ယူလိုက်"
မင်္ဂလာပွဲမှာဝတ်ဖို့ ဂါဝန်၊ ပန်း၊ မိတ်ကပ်ကအစ သူ့စိတ်တိုင်းကျရွေးချယ်ပြီး ခေကတော့ သူ့ဘေးကနေလျှောက်လိုက်နေရုံသာ။
ဒီလောက်ထိအပင်ပန်းခံတာကိုလည်း အံ့သြမိသလို ခေ့အပေါ်ချစ်တတ်တာကိုလည်း ကြည်နူးမိသည်။
"ခရမ်းရောင်လေးပဲ ကြိုက်တယ်မလား"
အပေါ်ထပ်ကအခန်းမှာပဲ ပြန်နေဖို့စီစဥ်သည်ကလည်း သူ့အကြံအစည်ပဲဖြစ်ကာ တစ်ခန်းလုံးကို ခရမ်းရောင်နုနုလေးသုတ်ထားသည်။
ဗီရို၊ မှန်တင်ခုံကအစ ခရမ်းရောင်နှင့်အဖြူရောင်ပဲမို့ ထိုအခန်းကို ခေ အရမ်းသဘောကျနေတော့ သူက ကျေနပ်နေသည့်မျက်နှာဖြင့်။
"ရှင် ကြိုက်တဲ့အရောင် မပြောင်းဘူးလား ဘာလို့ခရမ်းချည်းပဲလဲ"
"မင်းက ပိုပြီးအရေးကြီးတယ်"
"ခြွေတတ်လိုက်တာ ဒီလူကြီးက"
ခေ သူ့လက်မောင်းကိုဖက်ထားပြီး ပါးလေးအပ်ထားတိုင်း သူကနဖူးလေးကိုငုံ့နမ်းတတ်စမြဲ။
အရင်က ခေ ရှက်ပြီးရှောင်ဖယ်တတ်ပေမယ့် သူ တယုတယနမ်းတတ်မှန်းသိလာသည့်နောက်ပိုင်း မရှောင်ဖယ်ချင်တော့။
"ကိုယ်နဲ့ပဲနေရမယ်နော် ကြားလား ခရေဝိုင်"
"ဟုတ်"
"ကိုယ့်ကိုပဲချစ်ရမယ်"
"ဟုတ်"
"မင်းစေရာလေးတွေ အများကြီးမွေးပေးရမယ်"
ဒီတစ်ခါတော့ ခေ ခေါင်းမညိတ်တော့ဘဲ သူ့ဗိုက်ကြီးကို တံတောင်နဲ့တွက်ပစ်တော့ အွတ်ခနဲမြည်ကာ သူ ဗိုက်ကိုနှိပ်ပြီးရယ်သည်။
"ဘောလုံးတစ်သင်းစာလောက်ဆိုရပါပြီ"
"ရှင်နော် ရှင်တစ်ယောက်တည်းတောင် ခေ့ကိုအရမ်းအနိုင်ကျင့်တာ"
"ကိုယ်ပဲအနိုင်ကျင့်မယ်လေ တခြားသူဖြစ်ကြည့်ပါလား သားသမီးမကလို့ ဘာဖြစ်နေနေ ရိုက်ခွဲပြီးဖျက်ဆီးပစ်မှာ မင်းကိုထိခိုက်ခွင့်တောင် မပေးနိုင်ဘူး"
"တွေ့လား လူယုတ်မာတွေရဲ့အကျင့်အကြံနဲ့"
"ချစ်လို့ပါ"
"ရှင်နော် စပ်ဖြဲဖြဲနဲ့ လူယုတ်မာပြုံး ပြုံးမနေနဲ့ ဖယ် အဲ့မျက်နှာကြီးက"
အနားကပ်ကာ နမ်းမလိုပြင်နေသော သူ့မျက်နှာကိုတွန်းဖယ်ပစ်တော့ သူကရယ်ကာ ခါးလေးကနေပွေ့ယူပြီး ဆံပင်တွေထဲတိုးတိုက်နမ်းသည်။
ဘယ်လောက်ပဲပွေ့ပိုက်နမ်းရှိုက်မိနေပါစေ၊ ရိုးအီမသွားတတ်သလို သူမကိုနမ်းမိတိုင်း ရင်ခုန်သံတွေက အသစ်ကပြန်စမြဲ။
သူမရဲ့နှုတ်ခမ်းစူစူလေး၊ မျက်စောင်းလေးတွေက အချိန်ကြာလာလေ ပိုပြီးငြိတွယ်လာလေ။
"ချစ်တယ်"
ပါးလေးကို နှာတံတစ်ခုလုံးနစ်ဝင်သွားအောင် အားရပါးရနမ်းတော့ ခေက ပြုံးကာသူ့ရင်ဘတ်ကိုဖွဖွထုသည်။
"နေ့တိုင်းပြောနေတာမရိုးဘူးလားဟင်"
"မရိုးပါဘူး နေ့တိုင်းပြောမှာ အမြဲတမ်းပြောမှာ မင်းမကြားချင်တော့တဲ့အထိကိုပြောမှာ"
"ဟွန့်!! လူလည်ကြီး"
ခေက သူ့လည်ပင်းကိုဖက်ကာ မေးဖျားကိုမော့နမ်းတော့ ကျေနပ်သွားပြီး သူမကိုတင်းတင်းဖက်၍ဆံပင်တွေထဲမျက်နှာနှစ်ထားလိုက်သည်။
တစ်နေ့တစ်မျိုး မရိုးနိုင်အောင်ပြုစားလွန်းတဲ့ သူ့ရဲ့အချစ်ဝိုင်လေး .....
▪▪▪⏳⏳⏳▪▪▪
"နင် ခဏဖယ်စမ်းပါ"
အိမ်ထဲဝင်ဖို့ပြင်နေရင်းမှ ခေ့အသံကြောင့် မဝင်ဖြစ်သေးဘဲ အိမ်ထဲလှမ်းကြည့်မိတော့ ခေက မခရဲ့ဗိုက်ပူပူလေးပေါ်မှာ မျက်နှာအပ်ရင်း နားထောင်နေ၏။
ပီယကတော့ စိုးရိမ်ပူပန်နေသလို မထိရဲမကိုင်ရဲဘဲ ခေ့ကိုလည်း တွန်းဖယ်ချင်ဟန်ဖြင့် လက်တပြင်ပြင်။
"ပီယနော် နင့်လက်ကြီးဖယ်ထားစမ်းပါ ဒီဟာလေးလည်းငါ့ကလေးလေးပဲဥစ္စာ"
"နင့်ဘာသာနင် မွေးပါ့လား"
"ကဲ တော်ပါတော့ လာ ကိုလည်းလာ မခကိုဖက်ထားပေး"
ထိုအခါမှ ပီယက ခေ့ရဲ့ဘေးတစ်ဖက်မှာထိုင်ကာ မခကိုဖက်ထားပြီး ဗိုက်ပူပူလေးကို အရိပ်တကြည့်ကြည့်။
"အမလေး အူယားလိုက်တာ ဟီဟီ မခ နေရခက်လားဟင် ဘယ်လိုကြီးလဲ"
"သိပ်မခက်ပါဘူး လနုနုလေးပဲရှိသေးတာကို"
"ဘာလေးလဲ သိပြီလား"
"မသိသေးပါဘူး မွေးမှပဲကြည့်တော့မလို့"
"ကောင်းတယ် မိန်းကလေးဆိုရင် ငါ့နာမည်ပါအောင်ပေးရမယ်နော်"
"ပါချင်ပြန်ပြီ"
သူငယ်ချင်း၃ယောက်ဖြစ်နေပုံကိုကြည့်ရင်း ရယ်ချင်လာကာ အိမ်ထဲဝင်လာတော့ ခေက ထိုင်ရာကထပြီး သူ့ဆီပြေးလာသည်။
"ပင်ပန်းလိုက်တာ"
သူ့ခါးကိုဖက်ရင်းပြောလာတော့ သူက ခေ့ပါးလေးကိုဖွဖွလေးဆွဲဖဲ့လိုက်သည်။
"အင်း အိမ်မှာနေပြီး အိပ်လိုက်စားလိုက်ဆိုတော့ ပင်ပန်းသွားမှာပေါ့ သနားပါတယ်"
"ဟုတ်တယ်နော"
သူ မခနဲ့လည်းမတွေ့တာကြာပြီမို့ ဧည့်ခန်းမှာပဲထိုင်လိုက်ကာ မခကိုကြည့်မိတော့ ညီမလေးက ဂါဝန်ပွပွလေးဖြင့် မိခင်လောင်းတို့ရဲ့ကျက်သရေဖြင့် တမျိုးလေးလှနေသည်။
"ဘယ်နှလထဲရောက်ပြီလဲ"
"၃လပြည့်တော့မယ် ကိုမင်းတို့ကရော"
"ငါကအခုမှ လက်ထပ်ရမှာလေ လိုတော့လိုချင်ပေမယ့်ခေက ကလေးလုပ်ချင်သေးတယ်"
သူ ပြုံးလျက်ပြောလိုက်တော့ ခေ့မျက်နှာလေးရဲသွားပြီး သူ့ကိုကြိတ်ပြီးဆိတ်တာမို့ နာသွား၍ သူမလက်ကလေးကိုဖမ်းချုပ်ထားလိုက်သည်။
"အဲ့ဒါကြောင့်ပြောပါတယ် ကလေးနာမည်မှာ နင့်နာမည်ပါချင်ရင် နင့်ဘာသာမွေးလို့"
ပီယရဲ့အငေါ်တူးစကားကြောင့် သူက ခေ့ကိုပြုံးပြီးကြည့်လိုက်ကာ••••
"ဘောလုံးသင်းတစ်သင်းစာလောက်ပဲ မွေးပေးမှာ သူက"
သူမ မျက်စောင်းလေးထိုးတော့ အားလုံးရဲ့ရယ်သံတွေက ဧည့်ခန်းမှာပြည့်လျှံသွားလေ၏။
▪▪▪⏳⏳⏳▪▪▪
"ငါ့သူငယ်ချင်း ပညာစုံတာတော့ လက်ခံသွားပြီ"
မိတ်ကပ်လိမ်းနေသည့်နေရာကို ရောက်လာပြီး ရှပ်လက်ရှည်၊ ပုဆိုးဖြင့် ကြည့်ကောင်းနေသည့်ပီယက ခေ့ကိုသေချာကြည့်ရင်းပြော၏။
ခေက မှန်ထဲကိုကြည့်နေရင်း ပြန်မော့ကြည့်ကာ••••
"ဘာပညာလဲ"
"နင် ယောကျာ်းကောင်းရတယ်လို့ငါပြောရင် လက်ခံမလား"
ခေ ပြုံးရုံလေးသာပြုံးနေမိသည်။
သူ ပြောင်းလဲသွားတာက မသိမသာလေးမဟုတ်မှန်း ဘေးလူတောင်သတိထားမိနေသည်ပဲ။
ခေမသိဘဲနေမလား.....
"ပညာစုံတာမဟုတ်ပါဘူး သူ့ဘာသာသူပြောင်းလဲသွားတာပါ"
"ယောကျာ်းတစ်ယောက်ပြောင်းလဲသွားဖို့ လွယ်တယ်များမှတ်နေလား မိန်းကလေးတစ်ယောက်ကြောင့် ယောကျာ်းလေးတစ်ယောက် လုံးဝပြောင်းလဲသွားရင် အဲ့ဒီမိန်းကလေးကိုသူ့အသက်ထက်ပိုချစ်လို့ပဲ"
Advertisement
"ငါသိပါတယ်"
နှစ်ယောက်သားစကားပြောနေတုန်း သတို့သားဝတ်စုံဖြင့်သူက ခေ့အနားရောက်လာပြီး...
"ဘာတွေပြောနေကြတာလဲ နှစ်ယောက်သား တိုးတိုး တိုးတိုးနဲ့"
"ပီယက ပြောနေတာ ရှင်ကခေ့ကိုတကယ်မချစ်ဘူးတဲ့"
ပီယ မျက်လုံးပြူးသွားပြီး သူ့ကိုဖျတ်ခနဲလှမ်းကြည့်၏။
သူက နှုတ်ခမ်းတွန့်ရုံသာပြုံးကာ ခေါင်းခါပြီး ခေ့ပါးလေးကိုနာအောင်ညှစ်ပစ်၏။
"ပြောချင်းပြော မင်းပဲပြောမှာ ခရေဝိုင် မင်းတို့မိန်းကလေးတွေအချင်းချင်းနားလည်သလို ကိုယ်ချစ်တာကိုလည်းယောကျာ်းချင်းနားလည်တယ် ကိုယ့်ယောက်ဖအကြောင်းကိုယ်သိတယ်"
ခေ ဟွန့်ခနဲနှာခေါင်းရှုံ့တော့ ဆေးထိုးခံနေကျပီယသည် သဘောတကျဖြင့် တဟားဟားအော်ရယ်ကာကျေနပ်နေသည့်မျက်နှာကြီးဖြင့်ထွက်သွား၏။
ပီယထွက်သွားတော့မှ ခေ သူ့ကိုမကျေမနပ်ကြည့်ကာ ပါးလေးကိုပွတ်ရင်း•••
"ခေနာတယ်နော် သူ့ကိုလုပ်ရင်ကြိုက်မှာကျနေတာပဲ"
"ကြိုက်ပါတယ် မယုံရင်လုပ်ကြည့်လေ"
ခေနဲ့တွေ့တိုင်း စပ်ဖြဲဖြဲဖြစ်နေတတ်သည့်သူ့ကို အမြင်ကတ်သလိုမျက်စောင်းထိုးကြည့်တော့ သူက ခေ့ကိုဆွဲယူပြီးဖက်ထားသည်။
"ရှင်နော် ဒီမှာပန်းတွေနဲ့ မိတ်ကပ်လည်းလိမ်းထားတာကို"
"ဘာလုပ်နေလို့လဲ ဖက်ရုံတင်ဖက်တဲ့ဟာကို"
"မနမ်းရင်ပြီးတာပဲ သူများ၁နာရီလောက်ကြာအောင်လိမ်းထားရတာ"
ခေ စူအောင့်နေသမျှ သူက ပြုံးပြီးကြည့်နေခဲ့ကာ ပါးလေးကိုပဲ ဖွဖွလေးနမ်း၏။
ပန်းနုရောင်လေးတင်ထားသော ခေ့နှုတ်ခမ်းလေးကို လက်မနှင့်ထိရုံလေးပွတ်သပ်ကာ•••
"မနမ်းတော့ပါဘူး ညအတွက်သိမ်းထားလိုက်ဦးမယ်"
"အရင်ကတော့ ရှင်ပဲတဖွဖွနမ်းနေတာမဟုတ်ဘူးလား"
"မတူဘူး အဲ့ဒါကမင်းကိုစားချင်လို့လေ အခုက ကိုယ်ကချစ်လို့"
"ကြည့်စမ်း လူယုတ်မာကြီး မသိဘူး အဲ့လိုပြုံးစိစိမျက်နှာကြီးနဲ့လည်း လာကြည့်မနေနဲ့ ခေရှက်တယ် သွားတော့ သွားလို့"
ခရမ်းရောင်ကြိုက်သည့်သူမက ခရမ်းနုနုသတို့သမီးဂါဝန်လေးဖြင့် ဖြူနုဝင်းစက်နေအောင်လှနေ၍ သူ ကြည့်မဝ။
ဒါကိုပဲ သူမ ရှက်နေကာ မျက်နှာလေးတစ်ခုလုံးရဲ၍ သူ့ကိုအတင်းပြန်တွန်းလွှတ်နေသည်။
တွန်းပစ်နေသော လက်ကလေးတွေကို လက်ချောင်းချင်းသွယ်ယှက်ဆုပ်ကိုင်လိုက်တော့ ခေ့မျက်နှာလေးမော့လာသည်။
"ကိုယ် မင်းကို အရမ်းချစ်တယ် ခေ ကိုယ့်ရဲ့မနက်ဖြန်လည်းဖြစ်သလို ကိုယ့်ရဲ့အလင်းရောင်လည်းဖြစ်တယ် အဲ့ဒါကိုမှတ်ထား"
တိုးတိုးလေးပြောရင်း သူ ခေ့နဖူးလေးကိုငုံ့နမ်းသည်။
အနမ်းခံရလို့ကြည်နူးရခြင်းမျိူးလည်း ခေ့မှာရှိခဲ့ပြီဖြစ်ကာ သူ အမြတ်တနိုးနမ်းတိုင်းလည်း ရင်ခုန်တတ်နေပြီဖြစ်သည်။
"အမလေးနော် မင်္ဂလာပဲဆောင်တော့မယ့်ဟာကို ဒီမှာလာပြီးချိန်းတွေ့နေကြတယ်"
ဂါဝန်ပွပွလေးဖြင့် မခစကားကြောင့် ခေ သွားလေးတွေပေါ်အောင်ရယ်ပြီး မခကိုလှည့်ကြည့်သည်။
"သွားစို့ ဖေဖေကခေါ်ခိုင်းလိုက်တယ် ခန်းမထဲဝင်လို့ရပြီ"
ပြောပြီး မခ လှည့်ထွက်သွားတော့ ခေ သူ့လက်မောင်းကို ဖက်ထားလိုက်ပြီး•••
"ဒီလက်ကိုဖယ်ချပြီး ဘယ်မှထွက်မသွားရဘူးနော် ကြားလား ဦးမင်းစေရာ"
"ဟုတ်ကဲ့"
"ပြောစကားကိုနားမထောင်ရင်တော့ ရှင့်ကိုသတ်ပစ်မယ်"
"ကြောက်လိုက်တာဗျာ"
သူ ခေ့နဖူးကိုဖွဖွလေးလှမ်းထုကာ မိတ်ကပ်ခန်းအပြင်ကိုထွက်လာခဲ့သည်။
ခန်းမထဲဝင်ဖို့ပြင်တော့ ချစ်ခြင်း၊ မြတ်နိုးခြင်းဖြင့် ခေ သူ့ကိုမော့ကြည့်မိသည့်အခါ သူ့အကြည့်တွေ၊ အပြုံးတွေကလည်း နွေးထွေးနူးညံ့နေခဲ့သည်။
"နှစ်တွေအများကြီးအထိ ကိုယ်တို့အတူတူနေကြမယ်နော်"
ခေ ရှက်ပြုံးလေးဖြင့် ခေါင်းလေးညိတ်ပြလိုက်သည်။
နှစ်တွေအများကြီးအထိ ခေ သူ့အနားမှာရှိချင်ပြီး ဒီလူဆိုးကြီးကိုလည်း ခေအရမ်းချစ်ပါသည်။
ယနေ့မှစ၍ ကျွန်တော်၊ ကျွန်မတို့သည် •••
▪▪▪⏳⏳⏳▪▪▪
The End
စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997
~~~~~~~~~~~~~~~~~~~~~~~~~
အခ်စ္ဝိုင္ ( part - 45 ) ဇာတ္သိမ္းပိုင္း
▪▪▪▪▪▪▪▪▪▪
"ေခ ဒါေလးႀကိဳက္တယ္"
"ႀကိဳက္ရင္ယူလိုက္ေလ ဒါေလးထၫ့္ေပးပါ"
"ေနပါဦး ရွင္ကလည္း ေခဝတ္ၾကၫ့္ခ်င္လို႔"
"ဟာ!! ေနပါေစ မဝတ္ရဘူး"
သူ႔ အျငင္းစကားေၾကာင့္ ေခ မ်က္ေမွာင္ေလးကုပ္ကာ ႏႈတ္ခမ္းေလးစူပစ္လိုက္မိသည္။
မဂၤလာဝတ္စံုဆိုတာ ဝတ္ၾကၫ့္မွ ပြသလား၊ၾကပ္သလား သိရမွာမလား။
"မရဘူး မဝတ္နဲ႔ ႀကိဳက္ရင္ယူလိုက္ မဟုတ္လည္း ဒါမင္းရဲ့ဆိုဒ္ပဲဥစၥာ"
"ေခ့ရဲ့ဆိုဒ္ေတာ့ဟုတ္တယ္ေလ ဝတ္ၾကၫ့္မွ ပံုက်မက်သိရမွာေပါ့"
"မက်လည္းေနစမ္းပါ ေခရယ္ မင္းဘယ္လိုေနေန ကိုယ့္မ်က္လံုးထဲမွာလွၿပီးသား လက္မထပ္ခင္မဂၤလာဝတ္စံုဝတ္ရင္ ယၾတာေက်ၿပီးကဲြတတ္တယ္တဲ့ မင္းအဲ့လိုအျဖစ္ခံႏိုင္လို႔လား"
ေခ ပါးစပ္အေဟာင္းသားျဖစ္သြားၿပီး ရုတ္တရက္ဘာေျပာလို႔ေျပာရမွန္းမသိေအာင္ျဖစ္သြားသည္။
အစစအရာရာလက္ေတြ့က်ၿပီး ရဲဝံ့ျပတ္သားသၫ့္ သူလိုလူက ဒီလိုအယူအဆေတြကိုယံုတယ္လား။
"ၾကားလား မဝတ္ရဘူး အရံဝယ္ထားတာေတြလည္းရိွတယ္မလား"
"ေခ သိခ်င္တာက ရွင့္ကိုဘယ္သူကအဲ့လိုေျပာလိုက္တာလဲ"
"ဘယ္သူကေျပာေျပာကြာ မဝတ္ရဘူး လိုခ်င္ရင္ယူလိုက္"
မဂၤလာပဲြမွာဝတ္ဖို႔ ဂါဝန္၊ ပန္း၊ မိတ္ကပ္ကအစ သူ႔စိတ္တိုင္းက်ေရြးခ်ယ္ၿပီး ေခကေတာ့ သူ႔ေဘးကေနေလ်ွာက္လိုက္ေနရံုသာ။
ဒီေလာက္ထိအပင္ပန္းခံတာကိုလည္း အံ့ၾသမိသလို ေခ့အေပၚခ်စ္တတ္တာကိုလည္း ၾကည္ႏူးမိသည္။
"ခရမ္းေရာင္ေလးပဲ ႀကိဳက္တယ္မလား"
အေပၚထပ္ကအခန္းမွာပဲ ျပန္ေနဖို႔စီစဥ္သည္ကလည္း သူ႔အႀကံအစည္ပဲျဖစ္ကာ တစ္ခန္းလံုးကို ခရမ္းေရာင္ႏုႏုေလးသုတ္ထားသည္။
ဗီရို၊ မွန္တင္ခံုကအစ ခရမ္းေရာင္ႏွင့္အျဖဴေရာင္ပဲမို႔ ထိုအခန္းကို ေခ အရမ္းသေဘာက်ေနေတာ့ သူက ေက်နပ္ေနသၫ့္မ်က္ႏွာျဖင့္။
"ရွင္ ႀကိဳက္တဲ့အေရာင္ မေျပာင္းဘူးလား ဘာလို႔ခရမ္းခ်ည္းပဲလဲ"
"မင္းက ပိုၿပီးအေရးႀကီးတယ္"
"ႁခြေတတ္လိုက္တာ ဒီလူႀကီးက"
ေခ သူ႔လက္ေမာင္းကိုဖက္ထားၿပီး ပါးေလးအပ္ထားတိုင္း သူကနဖူးေလးကိုငံု႔နမ္းတတ္စၿမဲ။
အရင္က ေခ ရွက္ၿပီးေရွာင္ဖယ္တတ္ေပမယ့္ သူ တယုတယနမ္းတတ္မွန္းသိလာသၫ့္ေနာက္ပိုင္း မေရွာင္ဖယ္ခ်င္ေတာ့။
"ကိုယ္နဲ႔ပဲေနရမယ္ေနာ္ ၾကားလား ခေရဝိုင္"
"ဟုတ္"
"ကိုယ့္ကိုပဲခ်စ္ရမယ္"
"ဟုတ္"
"မင္းေစရာေလးေတြ အမ်ားႀကီးေမြးေပးရမယ္"
ဒီတစ္ခါေတာ့ ေခ ေခါင္းမညိတ္ေတာ့ဘဲ သူ႔ဗိုက္ႀကီးကို တံေတာင္နဲ႔တြက္ပစ္ေတာ့ အြတ္ခနဲျမည္ကာ သူ ဗိုက္ကိုႏိွပ္ၿပီးရယ္သည္။
"ေဘာလံုးတစ္သင္းစာေလာက္ဆိုရပါၿပီ"
"ရွင္ေနာ္ ရွင္တစ္ေယာက္တည္းေတာင္ ေခ့ကိုအရမ္းအႏိုင္က်င့္တာ"
"ကိုယ္ပဲအႏိုင္က်င့္မယ္ေလ တျခားသူျဖစ္ၾကၫ့္ပါလား သားသမီးမကလို႔ ဘာျဖစ္ေနေန ရိုက္ခဲြၿပီးဖ်က္ဆီးပစ္မွာ မင္းကိုထိခိုက္ခြင့္ေတာင္ မေပးႏိုင္ဘူး"
"ေတြ့လား လူယုတ္မာေတြရဲ့အက်င့္အႀကံနဲ႔"
"ခ်စ္လို႔ပါ"
"ရွင္ေနာ္ စပ္ၿဖဲျဖဲနဲ႔ လူယုတ္မာႃပံုး ႃပံုးမေနနဲ႔ ဖယ္ အဲ့မ်က္ႏွာႀကီးက"
အနားကပ္ကာ နမ္းမလိုျပင္ေနေသာ သူ႔မ်က္ႏွာကိုတြန္းဖယ္ပစ္ေတာ့ သူကရယ္ကာ ခါးေလးကေနေပြ့ယူၿပီး ဆံပင္ေတြထဲတိုးတိုက္နမ္းသည္။
ဘယ္ေလာက္ပဲေပြ့ပိုက္နမ္းရိႈက္မိေနပါေစ၊ ရိုးအီမသြားတတ္သလို သူမကိုနမ္းမိတိုင္း ရင္ခုန္သံေတြက အသစ္ကျပန္စၿမဲ။
သူမရဲ့ႏႈတ္ခမ္းစူစူေလး၊ မ်က္ေစာင္းေလးေတြက အခ်ိန္ၾကာလာေလ ပိုၿပီးၿငိတြယ္လာေလ။
"ခ်စ္တယ္"
ပါးေလးကို ႏွာတံတစ္ခုလံုးနစ္ဝင္သြားေအာင္ အားရပါးရနမ္းေတာ့ ေခက ႃပံုးကာသူ႔ရင္ဘတ္ကိုဖြဖြထုသည္။
"ေန့တိုင္းေျပာေနတာမရိုးဘူးလားဟင္"
"မရိုးပါဘူး ေန့တိုင္းေျပာမွာ အၿမဲတမ္းေျပာမွာ မင္းမၾကားခ်င္ေတာ့တဲ့အထိကိုေျပာမွာ"
"ဟြန႔္!! လူလည္ႀကီး"
ေခက သူ႔လည္ပင္းကိုဖက္ကာ ေမးဖ်ားကိုေမာ့နမ္းေတာ့ ေက်နပ္သြားၿပီး သူမကိုတင္းတင္းဖက္၍ဆံပင္ေတြထဲမ်က္ႏွာႏွစ္ထားလိုက္သည္။
တစ္ေန့တစ္မ်ိဳး မရိုးႏိုင္ေအာင္ျပဳစားလြန္းတဲ့ သူ႔ရဲ့အခ်စ္ဝိုင္ေလး .....
▪▪▪⏳⏳⏳▪▪▪
"နင္ ခဏဖယ္စမ္းပါ"
အိမ္ထဲဝင္ဖို႔ျပင္ေနရင္းမွ ေခ့အသံေၾကာင့္ မဝင္ျဖစ္ေသးဘဲ အိမ္ထဲလွမ္းၾကၫ့္မိေတာ့ ေခက မခရဲ့ဗိုက္ပူပူေလးေပၚမွာ မ်က္ႏွာအပ္ရင္း နားေထာင္ေန၏။
ပီယကေတာ့ စိုးရိမ္ပူပန္ေနသလို မထိရဲမကိုင္ရဲဘဲ ေခ့ကိုလည္း တြန္းဖယ္ခ်င္ဟန္ျဖင့္ လက္တျပင္ျပင္။
"ပီယေနာ္ နင့္လက္ႀကီးဖယ္ထားစမ္းပါ ဒီဟာေလးလည္းငါ့ကေလးေလးပဲဥစၥာ"
"နင့္ဘာသာနင္ ေမြးပါ့လား"
"ကဲ ေတာ္ပါေတာ့ လာ ကိုလည္းလာ မခကိုဖက္ထားေပး"
ထိုအခါမွ ပီယက ေခ့ရဲ့ေဘးတစ္ဖက္မွာထိုင္ကာ မခကိုဖက္ထားၿပီး ဗိုက္ပူပူေလးကို အရိပ္တၾကၫ့္ၾကၫ့္။
"အမေလး အူယားလိုက္တာ ဟီဟီ မခ ေနရခက္လားဟင္ ဘယ္လိုႀကီးလဲ"
"သိပ္မခက္ပါဘူး လႏုႏုေလးပဲရိွေသးတာကို"
"ဘာေလးလဲ သိၿပီလား"
"မသိေသးပါဘူး ေမြးမွပဲၾကၫ့္ေတာ့မလို႔"
"ေကာင္းတယ္ မိန္းကေလးဆိုရင္ ငါ့နာမည္ပါေအာင္ေပးရမယ္ေနာ္"
"ပါခ်င္ျပန္ၿပီ"
သူငယ္ခ်င္း၃ေယာက္ျဖစ္ေနပံုကိုၾကၫ့္ရင္း ရယ္ခ်င္လာကာ အိမ္ထဲဝင္လာေတာ့ ေခက ထိုင္ရာကထၿပီး သူ႔ဆီေျပးလာသည္။
"ပင္ပန္းလိုက္တာ"
သူ႔ခါးကိုဖက္ရင္းေျပာလာေတာ့ သူက ေခ့ပါးေလးကိုဖြဖြေလးဆဲြဖဲ့လိုက္သည္။
"အင္း အိမ္မွာေနၿပီး အိပ္လိုက္စားလိုက္ဆိုေတာ့ ပင္ပန္းသြားမွာေပါ့ သနားပါတယ္"
"ဟုတ္တယ္ေနာ"
သူ မခနဲ႔လည္းမေတြ့တာၾကာၿပီမို႔ ဧၫ့္ခန္းမွာပဲထိုင္လိုက္ကာ မခကိုၾကၫ့္မိေတာ့ ညီမေလးက ဂါဝန္ပြပြေလးျဖင့္ မိခင္ေလာင္းတို႔ရဲ့က်က္သေရျဖင့္ တမ်ိဳးေလးလွေနသည္။
"ဘယ္ႏွလထဲေရာက္ၿပီလဲ"
"၃လျပၫ့္ေတာ့မယ္ ကိုမင္းတို႔ကေရာ"
"ငါကအခုမွ လက္ထပ္ရမွာေလ လိုေတာ့လိုခ်င္ေပမယ့္ေခက ကေလးလုပ္ခ်င္ေသးတယ္"
သူ ႃပံုးလ်က္ေျပာလိုက္ေတာ့ ေခ့မ်က္ႏွာေလးရဲသြားၿပီး သူ႔ကိုႀကိတ္ၿပီးဆိတ္တာမို႔ နာသြား၍ သူမလက္ကေလးကိုဖမ္းခ်ဳပ္ထားလိုက္သည္။
"အဲ့ဒါေၾကာင့္ေျပာပါတယ္ ကေလးနာမည္မွာ နင့္နာမည္ပါခ်င္ရင္ နင့္ဘာသာေမြးလို႔"
ပီယရဲ့အေငၚတူးစကားေၾကာင့္ သူက ေခ့ကိုႃပံုးၿပီးၾကၫ့္လိုက္ကာ••••
"ေဘာလံုးသင္းတစ္သင္းစာေလာက္ပဲ ေမြးေပးမွာ သူက"
သူမ မ်က္ေစာင္းေလးထိုးေတာ့ အားလံုးရဲ့ရယ္သံေတြက ဧၫ့္ခန္းမွာျပၫ့္လ်ွံသြားေလ၏။
▪▪▪⏳⏳⏳▪▪▪
"ငါ့သူငယ္ခ်င္း ပညာစံုတာေတာ့ လက္ခံသြားၿပီ"
မိတ္ကပ္လိမ္းေနသၫ့္ေနရာကို ေရာက္လာၿပီး ရွပ္လက္ရွည္၊ ပုဆိုးျဖင့္ ၾကၫ့္ေကာင္းေနသၫ့္ပီယက ေခ့ကိုေသခ်ာၾကၫ့္ရင္းေျပာ၏။
ေခက မွန္ထဲကိုၾကၫ့္ေနရင္း ျပန္ေမာ့ၾကၫ့္ကာ••••
"ဘာပညာလဲ"
"နင္ ေယာက်ာ္းေကာင္းရတယ္လို႔ငါေျပာရင္ လက္ခံမလား"
ေခ ႃပံုးရံုေလးသာႃပံုးေနမိသည္။
သူ ေျပာင္းလဲသြားတာက မသိမသာေလးမဟုတ္မွန္း ေဘးလူေတာင္သတိထားမိေနသည္ပဲ။
ေခမသိဘဲေနမလား.....
"ပညာစံုတာမဟုတ္ပါဘူး သူ႔ဘာသာသူေျပာင္းလဲသြားတာပါ"
"ေယာက်ာ္းတစ္ေယာက္ေျပာင္းလဲသြားဖို႔ လြယ္တယ္မ်ားမွတ္ေနလား မိန္းကေလးတစ္ေယာက္ေၾကာင့္ ေယာက်ာ္းေလးတစ္ေယာက္ လံုးဝေျပာင္းလဲသြားရင္ အဲ့ဒီမိန္းကေလးကိုသူ႔အသက္ထက္ပိုခ်စ္လို႔ပဲ"
"ငါသိပါတယ္"
ႏွစ္ေယာက္သားစကားေျပာေနတုန္း သတို႔သားဝတ္စံုျဖင့္သူက ေခ့အနားေရာက္လာၿပီး...
"ဘာေတြေျပာေနၾကတာလဲ ႏွစ္ေယာက္သား တိုးတိုး တိုးတိုးနဲ႔"
"ပီယက ေျပာေနတာ ရွင္ကေခ့ကိုတကယ္မခ်စ္ဘူးတဲ့"
ပီယ မ်က္လံုးျပဴးသြားၿပီး သူ႔ကိုဖ်တ္ခနဲလွမ္းၾကၫ့္၏။
သူက ႏႈတ္ခမ္းတြန႔္ရံုသာႃပံုးကာ ေခါင္းခါၿပီး ေခ့ပါးေလးကိုနာေအာင္ၫွစ္ပစ္၏။
"ေျပာခ်င္းေျပာ မင္းပဲေျပာမွာ ခေရဝိုင္ မင္းတို႔မိန္းကေလးေတြအခ်င္းခ်င္းနားလည္သလို ကိုယ္ခ်စ္တာကိုလည္းေယာက်ာ္းခ်င္းနားလည္တယ္ ကိုယ့္ေယာက္ဖအေၾကာင္းကိုယ္သိတယ္"
ေခ ဟြန႔္ခနဲႏွာေခါင္းရႈံ႔ေတာ့ ေဆးထိုးခံေနက်ပီယသည္ သေဘာတက်ျဖင့္ တဟားဟားေအာ္ရယ္ကာေက်နပ္ေနသၫ့္မ်က္ႏွာႀကီးျဖင့္ထြက္သြား၏။
ပီယထြက္သြားေတာ့မွ ေခ သူ႔ကိုမေက်မနပ္ၾကၫ့္ကာ ပါးေလးကိုပြတ္ရင္း•••
"ေခနာတယ္ေနာ္ သူ႔ကိုလုပ္ရင္ႀကိဳက္မွာက်ေနတာပဲ"
"ႀကိဳက္ပါတယ္ မယံုရင္လုပ္ၾကၫ့္ေလ"
ေခနဲ႔ေတြ့တိုင္း စပ္ၿဖဲျဖဲျဖစ္ေနတတ္သၫ့္သူ႔ကို အျမင္ကတ္သလိုမ်က္ေစာင္းထိုးၾကၫ့္ေတာ့ သူက ေခ့ကိုဆဲြယူၿပီးဖက္ထားသည္။
"ရွင္ေနာ္ ဒီမွာပန္းေတြနဲ႔ မိတ္ကပ္လည္းလိမ္းထားတာကို"
"ဘာလုပ္ေနလို႔လဲ ဖက္ရံုတင္ဖက္တဲ့ဟာကို"
"မနမ္းရင္ၿပီးတာပဲ သူမ်ား၁နာရီေလာက္ၾကာေအာင္လိမ္းထားရတာ"
ေခ စူေအာင့္ေနသမ်ွ သူက ႃပံုးၿပီးၾကၫ့္ေနခဲ့ကာ ပါးေလးကိုပဲ ဖြဖြေလးနမ္း၏။
ပန္းႏုေရာင္ေလးတင္ထားေသာ ေခ့ႏႈတ္ခမ္းေလးကို လက္မႏွင့္ထိရံုေလးပြတ္သပ္ကာ•••
"မနမ္းေတာ့ပါဘူး ညအတြက္သိမ္းထားလိုက္ဦးမယ္"
"အရင္ကေတာ့ ရွင္ပဲတဖြဖြနမ္းေနတာမဟုတ္ဘူးလား"
"မတူဘူး အဲ့ဒါကမင္းကိုစားခ်င္လို႔ေလ အခုက ကိုယ္ကခ်စ္လို႔"
"ၾကည့္စမ္း လူယုတ္မာႀကီး မသိဘူး အဲ့လိုႃပံုးစိစိမ်က္ႏွာႀကီးနဲ႔လည္း လာၾကည့္မေနနဲ႔ ေခရွက္တယ္ သြားေတာ့ သြားလို႔"
ခရမ္းေရာင္ႀကိဳက္သၫ့္သူမက ခရမ္းႏုႏုသတို႔သမီးဂါဝန္ေလးျဖင့္ ျဖဴႏုဝင္းစက္ေနေအာင္လွေန၍ သူ ၾကၫ့္မဝ။
ဒါကိုပဲ သူမ ရွက္ေနကာ မ်က္ႏွာေလးတစ္ခုလံုးရဲ၍ သူ႔ကိုအတင္းျပန္တြန္းလႊတ္ေနသည္။
တြန္းပစ္ေနေသာ လက္ကေလးေတြကို လက္ေခ်ာင္းခ်င္းသြယ္ယွက္ဆုပ္ကိုင္လိုက္ေတာ့ ေခ့မ်က္ႏွာေလးေမာ့လာသည္။
"ကိုယ္ မင္းကို အရမ္းခ်စ္တယ္ ေခ ကိုယ့္ရဲ့မနက္ျဖန္လည္းျဖစ္သလို ကိုယ့္ရဲ့အလင္းေရာင္လည္းျဖစ္တယ္ အဲ့ဒါကိုမွတ္ထား"
တိုးတိုးေလးေျပာရင္း သူ ေခ့နဖူးေလးကိုငံု႔နမ္းသည္။
အနမ္းခံရလို႔ၾကည္ႏူးရျခင္းမ်ိူးလည္း ေခ့မွာရိွခဲ့ၿပီျဖစ္ကာ သူ အျမတ္တႏိုးနမ္းတိုင္းလည္း ရင္ခုန္တတ္ေနၿပီျဖစ္သည္။
"အမေလးေနာ္ မဂၤလာပဲေဆာင္ေတာ့မယ့္ဟာကို ဒီမွာလာၿပီးခ်ိန္းေတြ့ေနၾကတယ္"
ဂါဝန္ပြပြေလးျဖင့္ မခစကားေၾကာင့္ ေခ သြားေလးေတြေပၚေအာင္ရယ္ၿပီး မခကိုလွၫ့္ၾကၫ့္သည္။
"သြားစို႔ ေဖေဖကေခၚခိုင္းလိုက္တယ္ ခန္းမထဲဝင္လို႔ရၿပီ"
ေျပာၿပီး မခ လွၫ့္ထြက္သြားေတာ့ ေခ သူ႔လက္ေမာင္းကို ဖက္ထားလိုက္ၿပီး•••
"ဒီလက္ကိုဖယ္ခ်ၿပီး ဘယ္မွထြက္မသြားရဘူးေနာ္ ၾကားလား ဦးမင္းေစရာ"
"ဟုတ္ကဲ့"
"ေျပာစကားကိုနားမေထာင္ရင္ေတာ့ ရွင့္ကိုသတ္ပစ္မယ္"
"ေၾကာက္လိုက္တာဗ်ာ"
သူ ေခ့နဖူးကိုဖြဖြေလးလွမ္းထုကာ မိတ္ကပ္ခန္းအျပင္ကိုထြက္လာခဲ့သည္။
ခန္းမထဲဝင္ဖို႔ျပင္ေတာ့ ခ်စ္ျခင္း၊ ျမတ္ႏိုးျခင္းျဖင့္ ေခ သူ႔ကိုေမာ့ၾကၫ့္မိသၫ့္အခါ သူ႔အၾကၫ့္ေတြ၊ အႃပံုးေတြကလည္း ေနြးေထြးႏူးညံ့ေနခဲ့သည္။
"ႏွစ္ေတြအမ်ားႀကီးအထိ ကိုယ္တို႔အတူတူေနၾကမယ္ေနာ္"
ေခ ရွက္ႃပံုးေလးျဖင့္ ေခါင္းေလးညိတ္ျပလိုက္သည္။
ႏွစ္ေတြအမ်ားႀကီးအထိ ေခ သူ႔အနားမွာရိွခ်င္ၿပီး ဒီလူဆိုးႀကီးကိုလည္း ေခအရမ္းခ်စ္ပါသည္။
ယေန့မွစ၍ ကၽြန္ေတာ္၊ ကၽြန္မတို႔သည္ •••
▪▪▪⏳⏳⏳▪▪▪
The End
စာဖတ္သူတစ္ဦးခ်င္းစီကိုေလးစားလ်က္
#shinthant1141997
Advertisement
- In Serial39 Chapters
The Book of Zog: Rise of an Eldritch Horror
What were the Great Old Ones like before they were old?In the shadow of cosmic horrors, newly-birthed entity Zogrusz must come to understand his true nature, learn how to wield his dreadful powers, and search for meaning in the mad spaces between the stars. Hopefully, he’ll also make some friends along the way. A Lovecraftian cozy fantasy.
8 264 - In Serial29 Chapters
Warlord
Kings bicker, nobles squabble and kingdoms war with one another. The age of heroes ended long ago, now is the age of decline when men with more entitlement than skill wage war for the smallest of slights. When adventrers roam deep into the wild places of the earth trying desperately to bring back the glory days of their trade, where a woman can't hope to walk alone and stay unmolested, where the strong eat the weak. But in the plains of Belador one individual knowns this cycle of strong eat weak far to well. And he is hungry. Author Note: I found the cover on pintrest, if the creator wants me to take it down I shall
8 116 - In Serial30 Chapters
Money-Grabbing Daoist
Immortals; the esteemed figures depicted in legends. Mortals across the worlds can only ever dream of becoming one. This great ideal haunts the great populous immensely and anybody given half the chance will desperately scramble to obtain the ability to cultivate! Yu Yin however, thinks otherwise. Hailing from the great Yu Family, he never wanted to walk that path. All he ever wanted was to live his mortal life in luxury and enjoy it to the fullest. Unfortunately for him, his appetite for wealth and treasure dragged him down that path anyway! ..... Genres: Action, Adventure, EasternFantasy, Cultivation, Romance [participant in the Royal Road Writathon challenge]
8 380 - In Serial22 Chapters
North Owl: Beginning
After a devastating attack on the North, Amelia is the last North Owl. She heads for the Island of Arbonoc for safety and in the process picks up from friends along the way. Together, they plan a take down of the dreaded South, but ultimatly, do they succeed?This was a lockdown passion project, written in 1 week so it is not that detailed so feedback would be helpful!
8 143 - In Serial11 Chapters
Fantasy of Ash and Blood
War is brewing between the different races in the wildlands continent. The Noble Draakin, fierce Werebeast tribes, cruel harpy clans, and other peoples are feeling increasing hostility from human kingdoms. The Goddess Caphrine has called upon eight heroes from another world to eliminate the impure peoples whose blood is tainted by monsters. What happens when the heroes that come from another world are the antagonists?TO ROYAL ROAD STAFF: I added the link to this profile to my series at Scribblehub and Webnovel
8 179 - In Serial32 Chapters
Ask Soviet
Soviet: Ask me anything I guess.. Admin: If you don't ask him, I will!*NOT MY ART UNLESS I SAY SO*
8 145

