《အချစ်ဝိုင် ( Complete )》Part 44
Advertisement
အချစ်ဝိုင် ( part - 44 )
▪▪▪▪▪▪▪▪▪▪
"စလိုက်ရအောင်"
ပယင်းဘက်မှရှေ့နေက အရင်စကားစလာတော့ အမှုဖွင့်ရခြင်း အကြောင်းအရင်းကို အရင်ပြောပြသည်။
အဓိကက သူတို့ရဲ့မူပိုင်ခွင့်ကို Starlightကခိုးယူခြင်းဖြစ်သည်ဟု စွပ်စွဲပြောဆိုခြင်းဖြစ်သည်။
သူကတော့သိပ်ပြီးစိုးရိမ်မနေဘဲ ခပ်အေးအေးသာရှိနေ၍ ပယင်းရဲ့မျက်နှာလေးက တင်းမာနေ၏။
သူတို့ဘက်မှာ မူပိုင်ခွင့်တကယ်ရှိထားသည့်အပြင် Starlightထက် ၃ရက်လည်းစောနေသည်မို့ အသာစီးရသလိုဖြစ်နေသည်။
"ကျွန်တော်တစ်ခုလောက်မေးလို့ရမလား"
သူ မေးခွန်းထုတ်တော့ ပယင်းမျက်နှာလေးပိုပြီးတင်းသွားကာ ရှေ့နေကတော့ ခေါင်းညိတ်ပြသည်။
"ခင်ဗျားတို့မှာ မူပိုင်ခွင့်ရှိထားတယ်ဆိုရင် ဒီအမှုကိုဘာလို့တရားရုံးမတက်တာလဲ"
"ဒါက မောင့်ရဲ့သိက္ခာကိုငဲ့ညှာတဲ့အနေနဲ့လေ"
"မင်း ငါ့ကိုညှာစရာမလိုပါဘူး မင်းစွပ်စွဲသလို ငါကသူခိုးပဲမလား တစ်ခုရှိတာက မင်းဘက်က ညှာတာမှုရှိပေမယ့် ငါကတော့မညှာဘူး ပယင်း"
သူ ရှေ့နေတွေဘက်ကိုပြန်လှည့်ကာ စာရွက်စာတမ်းတွေက်ုထောင်ပြလိုက်သည်။
"ဒီ ဒီဇိုင်းကိုကျွန်တော်ကိုယ်တိုင်ဆွဲခဲ့တာ ဒါကိုသက်သေပြနိုင်ဖို့အတွက်လည်း ကျွန်တော့်မှာ သက်သေအလုံအလောက်ရှိတယ် ဒီတော့ကျွန်တော့်ဒီဇိုင်းကို ယူသုံးထားတဲ့ခင်ဗျားတို့ကို ကျွန်တော်ပြန်တရားစွဲမယ် ကျွန်တော်ကတော့ တရားရုံးကိုတက်မှာ"
ပယင်းရဲ့ရှေ့နေတွေခေါင်းချင်းရိုက်သွားသလို နဂိုကတည်းက အလုပ်လုပ်တာ စေ့စပ်သည့်သူ့ကို ပယင်းလျှော့တွက်လိုက်တာက အသာစီးရသွားစေသည်။
"ကျွန်တော် အဲ့ဒီ ဒီဇိုင်းကိုစရေးတုန်းက comaဖြစ်ပြီးကာစ လမ်းမလျှောက်နိုင်သေးလို့ဝှီးချဲလ်နဲ့ နေနေရတဲ့အချိန် ပုံကြမ်းကနေ အခုအဆင့်အထိ video editလုပ်ပြီး YouTubeမှာတင်ထားတယ် လက်ဝတ်ရတနာအဆင့်မရောက်ခင်မှာပဲ pre-orderတွေရထားတဲ့ဒီဇိုင်း ခင်ဗျားတို့ Referကထုတ်တဲ့ရက်က ဘယ်နှရက်နောက်ကျလဲ"
You Tubeသုံးလိမ့်မည်မထင်ထားသော ပယင်းမျက်မှာဖွေးခနဲဖြစ်သွား၍ မဲ့ပြုံး ပြုံးလိုက်သည်။
ခေသည် အမြဲလိုလို You Tubeသုံးတတ်တာမို့ You Tubeမှာ Starlightနာမည်ဖြင့် ကျောက်မြတ်ဒီဇိုင်းဆွဲသည့်videoလေးတွေတင်ဖို့ အကြံရသွားခြင်းဖြစ်သည်။
ဒါဟာ Digital Marketingဖြစ်သလို သူ့ဒီဇိုင်းတွေကို ကျောက်မြတ်လောကမှာ နေရာတစ်ခုရလာဖို့ လမ်းသစ်ခင်းထားခြင်းဖြစ်သည်။
ဒါကို သူကလွဲလို့ ဘယ်သူ့ကိုမှလည်းမပြောဖြစ်သလို ဘယ်သူမှလည်းမသိ။
"ဘယ်လိုလဲ မင်းငါ့ကိုညှာချင်သေးလား ပယင်း"
ပယင်းမျက်နှာကိုကြည့်ပြီး သူ ကျကျနနပြုံးပြလိုက်တော့ သူမက ဒေါသဖြစ်သွားသလို စားပွဲကိုဗြန်းခနဲပုတ်ပြီး ထရပ်သည်။
"ကျွန်မပစ္စည်းက ဈေးကွက်ထဲရောက်ထားပြီးသား မင်းစေရာ"
"ဒါဆိုလည်း မင်းလည်းငါ့လိုနိုင်ငံရပ်ခြားအထိလာပြီး တရားရင်ဆိုင်ဖြေရှင်းပေါ့ ငါကတော့မညှာဘူးနော် သနားတတ်မယ်မထင်နဲ့"
အချင်းများနေတုန်း အခန်းတံခါးပွင့်သွားပြီး ဝရုန်းသုန်းကားဝင်လာသည့် securityတွေနှင့် မင်းယံ။
ပယင်းမျက်နှာ ပိုပြီးရဲရဲနီသွားပြီး မင်းယံကိုမြင်လိုက်သည်နှင့် ဆွေ့ဆွေ့ခုန်မတက်ဒေါသဖြစ်သွားကာ လက်ညှိုးလေးထိုးကာ•••
"အဲ့ဒီလူကို အခုချက်ချင်းမောင်းထုတ် ဒီမှာ Meetingလုပ်နေတယ်"
"လွှတ်လိုက် အဲ့ဒါငါ့ညီပဲ ဒီဖြစ်ရပ်ရဲ့တရားခံ အခုချက်ချင်းလွှတ်လိုက်"
သူ့ရဲ့တင်းမာသောလေသံကြောင့် securityတွေက မင်းယံကိုလွှတ်လိုက်တော့ မင်းယံက မဝံ့မရဲဖြင့် သူ့အနားရောက်လာသည်။
"ကျွန်တော် မှီသေးလား အစ်ကို"
သူ ပခုံးတွန့်ပြလိုက်တော့ မင်းယံက ပယင်းကိုပြုံးပြလိုက်၍ ရှေ့နေတွေလည်းအူကြောင်ကြောင်ဖြစ်ကုန်၏။
"ခင်ဗျားရှုံးသွားပြီ ပယင်း"
"နင်တို့ညီအစ်ကို"
"ဆောရီးပါ ခင်ဗျားကိုလှည့်စားသလိုဖြစ်သွားတယ် တကယ်ဆောရီးပါ ကျွန်တော် အစ်ကိုတို့ဇနီးမောင်နှံကို မလွန်ဆန်နိုင်ဘူး"
ပြောနေရင်းမှ မင်းယံက သူ့ကိုမော့ကြည့်ပြီး တောင်းပန်သလိုကြည့်သည်။
သို့သော် လွယ်လွယ်နဲ့ခွင့်မလွှတ်နိုင်သေးတာမို့ သူ့အကြည့်၊ သူ့ရဲ့တင်းမာမှုကို နားလည်သွားပြီးနှုတ်ဆိတ်သွားသည်။
ထိုနေ့က ဆွေးနွှေးပွဲအပြီးမှာ သူ့ရဲ့ခိုင်လုံတိကျသောသက်သေတွေကြောင့် Referဘက်က ရှုံးသွားခဲ့သည်။
သူ့ဒီဇိုင်းကို ထုတ်ထားသမျှပစ္စည်းတိုင်းကို Starlightထံ ပြန်အပ်ရသည့်အပြင် လျော်ကြေးပါပေးရတာမို့ ပယင်းသည် မင်းယံကိုအခဲမကျေသလိုကြည့်၏။
"မင်းလုပ်သမျှက အကွက်စေ့တယ် ပယင်း ဒါပေမယ့် မင်းနည်းနည်းလိုသွားတာက ငါဆိုတဲ့ကောင်က ရပ်နေတဲ့လူမဟုတ်တာပဲ"
"ရှင်သိပ်ကိုတော်ပါတယ် မင်းစေရာ"
"ကျေးဇူးပဲ"
▪▪▪⏳⏳⏳▪▪▪
အခန်းကိုပြန်ရောက်လာတော့ စိတ်အေးလက်အေးဖြစ်သွားပြီး ခေ့ကိုပြင်းပြင်းပြပြ သတိရလာခဲ့သည်။
သူမရဲ့နံပါတ်လေးကိုနှိပ်ပြီး ဖုန်းကိုနားမှာကပ်ကာ ဖိုင်ကို စားပွဲပေါ်သွားထားလိုက်တော့ သူ့အနောက်ဘက်က မွေ့ယာပေါ်မှ ဖုန်းသံထွက်လာ၏။
သူလှည့်ကြည့်မိတော့ သူ့ကိုလန့်သွားအောင် ခြောက်ဖို့ပြင်နေသည့် သူမ။
"ခေ"
"အရေးထဲဖုန်းကလည်း"
သူမက မွေ့ယာပေါ်ကဖုန်းကိုတစ်ချက်လှည့်ကြည့်တော့ သူက ခေါ်လက်စဖုန်းကိုချပစ်လိုက်ကာ သူမလက်ကလေးကိုဆွဲယူလိုက်သည်။
ရင်ခွင်ထဲထွေးခနဲရောက်လာသည့် သူမကိုယ်လေးကို သိမ်းကျုံးဖက်ထားလိုက်ပြီး သူမမျက်နှာလေးကို အနီးကပ်ကြည့်မိသည်။
"မင်း ဘယ်လိုလုပ်ပြီး"
"မင်းယံနဲ့လိုက်လာတာ ရှင် ဟိုမိန်းမနဲ့မျက်နှာချင်းဆိုင်နေတယ်လို့ သတင်းရလို့"
"အာ•• မဟုတ်ပါဘူး အဲ့ဒါက"
"မသိဘူး ကတိမတည်တာက မတည်တာပဲ လူယုတ်မာ မျက်နှာများတဲ့လူ"
"မဟုတ်ဘူးဆိုကွာ မင်းတစ်ယောက်တည်းပဲရှိတာလို့ ကိုယ် မင်းကိုလွမ်းနေတာ"
သူမပါးလေးကို နမ်းပစ်လိုက်တော့ ခေက မျက်စံနက်လေးထောင့်ကပ်ကာ နှုတ်ခမ်းလေးကိုစူပစ်သည်။
"မယုံပါဘူး သူ့ရည်းစားဟောင်းကြီးနဲ့... အမေ့!!"
ခေ့ကိုယ်လေးကို ပွေ့ယူကာ မွေ့ယာဘက်လှည့်လာခဲ့တော့ သူ့ရင်ဘတ်တွေ၊ လက်မောင်းတွေကိုထုရင်း ပါးစပ်ကလည်း ပွစိပွစိဖြင့် ငြိမ်ငြိမ်မနေ။
သူမကို မွေ့ယာပေါ်ချလိုက်ပြီး မျက်နှာလေးတစ်ခုလုံးကို နေရာလပ်မကျန်အောင်နမ်းမိသည်။
"သူများလိုက်လာတာကို အနိုင်ကျင့်ဖို့များထင်နေသလား မင်းစေရာလူညစ်ပတ်ကြီး ဖယ်နော်"
"အဲ့လိုအနိုင်ကျင့်တဲ့ကောင်ကိုပဲ မင်းချစ်တယ်မလား ငြိမ်ငြိမ်နေကွာ ကိုယ်လွမ်းနေတယ်လို့"
ခေ သူ့ကိုယ်ကြီးကိုအတင်းတွန်းဖယ်ပစ်တော့ ဘေးကိုရောက်သွားပြီး ခေ့ကို မေးထောက်ကာ ငုံ့ကြည့်သည်။
"လေယာဥ်စီးလာရတာ ပင်ပန်းလိုက်တာ အိပ်ချင်နေပြီမရတော့ဘူး"
"အင်း ဟုတ်တယ် မရတော့ဘူး"
"ခေက ရိုးရိုးပြောတာ ရှင်ဘာဖြစ်နေတာလဲ မျက်နှာကြီးကပြုံးစိစိနဲ့"
"မပြုံးပါဘူး"
ခေ သူ့ကိုအမြင်ကတ်ကတ်နှင့် မျက်စောင်းထိုးတော့ သူက ခေ့လည်တိုင်လေးဆီကို ငုံ့နမ်း၍ သူ့လည်ပင်းကိုပြန်ဖက်ထားလိုက်သည်။
"ခေ အိပ်ချင်ပြီလို့"
"ခဏနေမှအိပ်ကွာ မင်းမညစ်နဲ့နော်"
တစ်ယောက်တည်းချစ်ရတာထက် နှစ်ဦးနှစ်ဖက်ချစ်ရတာက ပိုပြီးပြည့်စုံသည်ဆိုသော ပီယစကားကို ခေလက်ခံလိုက်ပြီး ခေ့ကိုငုံ့မိုးကြည့်နေသည့် သူ့ကိုကြည့်ရင်း ခေ ပြုံးမိသည်။
Advertisement
ဘယ်အချိန်ပဲကြည့်ကြည့် သူ့ပုံစံက ညှိုးငယ်နွမ်းဖတ်နေတာမျိုးမရှိဘဲ ခေနဲ့ဆိုနူးညံ့နေတတ်သည်ကိုက ကြည်နူးစရာ။
"ကိုယ် မင်းကိုချစ်တယ်"
နှုတ်ခမ်းလေးကို တိုးတိုက်နမ်းရင်းပြောတော့ ခေ သူ့နှုတ်ခမ်းတွေကို ထိရုံကလေးနမ်းလိုက်သည်။
"အလုပ်ကအဆင်ပြေလား"
"ပြေပါတယ် ဘာရယ်မဟုတ်ပါဘူး အတွင်းလူရထားတယ်ဆိုပြီး နည်းနည်းစွာပြတဲ့သဘောပါ အဓိကက Starlightထက် ကိုယ့်ကိုပိုပြီးတိုက်ခိုက်ချင်နေတာ"
"အဲ့ဒါ ခေ့ကြောင့်မို့လေ ရှင်"
"မင်းကြောင့်မဟုတ်ပါဘူး မင်းကဓားစာခံဖြစ်သွားတာပါ အဲ့ဒါကိုစိတ်ထဲမထားနဲ့ မေ့လိုက်တော့"
"ရှင်ကလေ"
"လာပါ ကိုယ်မင်းကိုဖက်ထားချင်လို့ပါ"
သူ ခေ့ကိုယ်လေးကိုဆွဲယူကာ ဖက်ထားလိုက်ပြီး နဖူးလေးကိုဖွဖွလေးနမ်းသည်။
ပြီးတော့ ပါးပြင်နုနုလေးတွေ။
နောက်ဆုံး နှုတ်ခမ်းလေးတွေဆီအရောက်မှာ သူ့အနမ်းတွေအကြာကြီးရပ်တံ့သွားသလို သူ့အထိအတွေ့တွေကြောင့် ရင်ခုန်သံတွေလည်းမြန်လာခဲ့သည်။
ခေ့လည်တိုင်လေးကို တိုးဝှေ့နမ်းရင်း သူ့အနမ်းတွေ ကြမ်းရှလာပေမယ့် ခွင့်ပြုကြည်ဖြူခြင်းဖြင့် ခေ ငြိမ်သက်နေလိုက်သည်။
သူ့အချစ်မိုးက အချိန်အခါမရွေး ရွှဲရွှဲစိုအောင်ရွာတတ်သည်ကိုး•••
▪▪▪⏳⏳⏳▪▪▪
"မင်းကို ငါခွင့်မလွှတ်နိုင်ဘူး"
တစ်ခွန်းတည်းပဲသူပြောလိုက်တော့ မင်းယံခေါင်းငုံ့သွားသလို ဖေဖေကလည်းဘာမှဝင်မပြောဘဲ ငြိမ်နေ၏။
ခေကတော့ သဘောမတူချင်သလိုမျက်နှာလေးဖြစ်နေပေမယ့် သူ ဂရုမစိုက်။
ဒီကောင်လုပ်ခဲ့သည့်ကိစ္စဟာ ဘယ်လောက်ဆိုးဝါးသလဲ။
သူ့မှာသာ You Tubeမှာတင်သည့်videoတွေသာ မရှိခဲ့လျှင် သူ သို့မဟုတ် မင်းထက် ထိခိုက်မှာသေချာ၏။
"မင်းမှာလည်း ထိုက်သင့်တဲ့ပညာရှိနေပြီ မင်းခြေမင်းလက်အကောင်းကြီးပဲ အခုကစပြီး မင်းဘဝကိုပဲမင်းဆက်လျှောက်တော့ Starlightရော ငါတို့မိသားစုပါ မင်းနဲ့မသက်ဆိုင်တော့ဘူး"
ညီတစ်ယောက်ဖြစ်နေပေမယ့် အမေမတူသည့်ညီဖြစ်နေသည့်အပြင် သူ့အပေါ်ကိုဒုက္ခပေးသည့်ညီ။
သူ အသက်မကချစ်ရသော မိန်းကလေးကို လုယူချင်သည့်ညီမို့ စိတ်ထဲခါးသီးနေကာ မျက်နှာကိုမမြင်ချင်။
ဖေဖေရော၊ မေမေပါရှိနေပေမယ့် သူ့စိတ်တိုင်းကျဆုံးဖြတ်ခွင့်ပေးထားသလို အခုချိန်ထိတစ်ခွန်းမှဝင်မပြောသေး။
မင်းထက်ကတော့ မင်းယံကိုကြည့်ပြီးစိတ်မကောင်းသလိုရှိနေပေမယ့် သူ့ကိုအတွန့်မတက်ရဲ။
"ငါ့ဆုံးဖြတ်ချက်က မင်းနဲ့ထိုက်တန်သလား မင်းယံ"
"တန်ပါတယ် အစ်ကို ကျွန်တော်လက်ခံပါတယ်"
"Ok အားလုံးကြားတယ်နော် သူ့ကိုတွေ့ချင်တဲ့သူ သွားတွေ့လို့ရတယ် ဆက်သွယ်ချင်သွယ်လို့ရတယ် ဒီကောင် ငါတို့မိသားစုမှာ ခြေမချရတော့ဘူးဆိုတာကိုတော့ သတိရကြ"
အားလုံးလက်ခံလိုက်ကြသည့် ဆုံးဖြတ်ချက်ဟာ ထိုနေရာမှာပဲ ပြီးသွားပေမယ့် ခေကတော့မပြီးနိုင်။
"အဲ့လောက်ထိလုပ်လို့ လိုလို့လား ကာလအပိုင်းအခြားနဲ့ဆို ရရဲ့သားနဲ့"
"မရဘူး အဲ့ဒီပြဿနာကို ကိုယ်မရှင်းနိုင်ခဲ့ရင် မင်းရှေ့မှာ ဒီကောင်ရပ်နေနိုင်မှာမဟုတ်ဘူး ပိုပြီးခွင့်မလွှတ်နိုင်တာက မင်းကိုထိပါးလာတာပဲ"
"အဲ့ဒါက ရှင်"
"မိုးကုတ်ကပြန်မလာခင်ကတည်းက မင်းကကိုယ့်အပိုင်ဆိုတာ သူ့ကိုသတိပေးထားပြီးသား ဒါနဲ့တောင်မှ စိတ်ကူးရဲသေးတယ် နောက်ထပ် ထပ်မပြောနဲ့ ခရေဝိုင် မင်းနဲ့ကိုယ့်ကြားမှာ ဘယ်သူမှမရှိရဘူး"
"ဟွန့်••• မုန်းစရာကြီး"
သူ သဝန်တိုတတ်မှန်းသိပေမယ့် ဒီလောက်ထိတော့ ခေ ထင်မထားပါ။
မျက်စောင်းလေးထိုးမိတော့ ခေ့နှုတ်ခမ်းတွေကို ငုံယူသိမ်းပိုက်ပြီး လူဆိုးလုပ်တတ်သေးသည်။
"မင်းရဲ့ဆံစအစခြေဖျားအဆုံး ကိုယ်ပဲထိချင်ကြည့်ချင်တာ အဲ့လောက်အထိချစ်တယ်"
ခေ ပြုံးရုံလေးပြုံးကာ သူ့လည်ပင်းကိုသိုင်းဖက်ထားလိုက်သည်။
ရှင်ချစ်ချင်သလိုချစ်ပါ လူဆိုးကြီးရယ်.....
▪▪▪⏳⏳⏳▪▪▪
Part 45( ဇာတ်သိမ်းပိုင်း) ဆက်ရန်
စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997
~~~~~~~~~~~~~~~~~~~~~~~~~
အချစ်ဝိုင် ( part - 44 )
▪▪▪▪▪▪▪▪▪▪
"စလိုက်ရအောင်"
Advertisement
"နင်တို့ညီအစ်ကို"
"ကျေးဇူးပဲ"
▪▪▪⏳⏳⏳▪▪▪
"ခေ"
"အရေးထဲဖုန်းကလည်း"
"မင်း ဘယ်လိုလုပ်ပြီး"
"အာ•• မဟုတ်ပါဘူး အဲ့ဒါက"
"မပြုံးပါဘူး"
"ခေ အိပ်ချင်ပြီလို့"
"ကိုယ် မင်းကိုချစ်တယ်"
"အလုပ်ကအဆင်ပြေလား"
"ရှင်ကလေ"
▪▪▪⏳⏳⏳▪▪▪
"အဲ့ဒါက ရှင်"
"ဟွန့်••• မုန်းစရာကြီး"
▪▪▪⏳⏳⏳▪▪▪
#shinthant1141997
Advertisement
- In Serial349 Chapters
Arcane Awakening
Verdan Blacke is an Imperial Wizard, a researcher by preference but soldier in the war by necessity. Cursed by a hex witch in her final moments, Verdan escapes the ever-increasing pain the curse inflicts by performing a self-made stasis ritual. When the curse has finally faded and he has awoken, Verdan finds a world completely different from the one he left behind. Dark things work in daylight with impunity, once common knowledge is a mystery and even the nature of magic that humans use has changed. Verdan has the chance to start over, to devote himself to his research and leave the world to carry on as it will. All he has to do is forget his Oath as a Wizard, to let the final piece of the empire die.
8 360 - In Serial18 Chapters
Fall For Me
Xing Jun is the son of the notorious gangster Xing Tian that massacre a whole city. Afterwards he settled down in Ziyou City, Xing Tian turns his notorious gang into a legitimate business. This was all for the love of his life Xu Hua. She died shortly after giving birth to triplets. Two daughters and a son. Not wanting his son and daughters to be haunted by his past Xing Tian decided to severe his past ties and turn over a new leaf. Xing Jun was born a martial Dao genius. At age ten his cultivation was comparable to those at the age of 20. By age 16 no one under the age of 50 within a circumference of 300 miles. Not only was he a martial genius he was also a pill forging genius. His father noticing his talents in pill Dao was just as monstrous. Taking advantage of that his father established a Pill store for his Xing Jun. In four years time Xing Jun's pill store took 63% of the market shares in Ziyou city.Feeling bored and stressed Xing Jun escapes during a conference meeting for his Pill company.
8 105 - In Serial6 Chapters
NARUTO THE REINCARNATED NARUTARD
do u love naruto? ever want somethings to be changed? well this is my fanfiction and how I want the naruto world to be! join me as I take the first step by changing naruto's name! (cover not mine, got it from google :D )
8 76 - In Serial11 Chapters
Spiritual Point
Kyle has always been an unlucky boy. Ever since he was young, he has already experienced countless unlucky situations. Getting Crashed by a car, being a victim of landslides, and even creating a massive incident just by slipping on a banana peel. however, all of these jinx will suddenly show a massive change in his life with one simple incident. One which before he'll know it, will change the world forever. (This story is completely fiction. Anything that is remotely similar to real life is purely coincidental. With that said, please enjoy.)
8 90 - In Serial7 Chapters
Ira and Devona. Existara Series
This is a series of short stories for the characters of the Existara series, including backgrounds and side stories. Part 2. The story of Ira and Devona continue on after the events of "Emerald and Wykren"The story continues on to show the new struggles and challenges of the Noxian Trio, or what's left of it...
8 281 - In Serial14 Chapters
One can only laugh in the face of destiny
This is the story of the most unlikely hero ever written. He knows not why he is here or what is expected of him and to be honest he does not really care as long as he gets to eat his snacks. But our hero's destiny is now tied to these new people he has never known. It is up to him and the unwilling Frank to overcome many trials ahead and save this god forsaken world.
8 257

