《အချစ်ဝိုင် ( Complete )》Part 38
Advertisement
အချစ်ဝိုင် ( part - 38 )
▪▪▪▪▪▪▪▪▪▪
"ဆိုင်တွေ အခြေအနေဘယ်လိုရှိလဲ"
အစ်ကိုမေးလာတော့ သူ ခေါင်းကိုမြန်မြန်ညိတ်ပစ်လိုက်ပြီး အလိုလိုနေရင်းရယ်ချင်နေမိ၍ တစ်ချက်ပြုံးလိုက်မိသည်။
ဒါကိုပဲအစ်ကိုက မြင်ဖြစ်အောင်မြင်သွားပြီး မျက်မှောင်ကုပ်သွား၍ သူ မျက်နှာပိုးသတ်လိုက်ရ၏။
"အစ်ကို အခုစစ်ချင်ရင်တောင် စစ်လို့ရပါတယ်"
"မလိုပါဘူး ငါမင်းကိုစိတ်ချတယ်"
အစ်ကိုက စကားပြောတိုင်း အမြဲပြတ်သားပြီး သူ့အတွက်ဆို အမြဲမားမားမတ်မတ်ရှိခဲ့သူ။
ငယ်ငယ်ကတည်းက အနိုင်ကျင့်လှောင်ပြောင်မှုတွေကို အစ်ကိုဆိုသည့်နေရာမှကာကွယ်ခဲ့သူ။
ဒါကြောင့်လည်း ဝှီးလ်ချဲပေါ်ရောက်နေသည့်လူမမာဖြစ်နေသည့်တိုင် အစ်ကို့ကိုဆို ကြောက်ရွံ့ရိုသေနေမိသည်။
"တခြားသူတွေရော အဆင်ပြေကြလား"
"ပြေကြတယ်အစ်ကို ဒါပေမယ့်မရီးကိုမေးနေကြတယ် မြင်ဖူးချင်လို့တဲ့ အစ်ကိုလည်း နေပြန်ကောင်းပြီဆိုတော့"
အစ်ကိုက ခေါင်းညိတ်လိုက်ပြီး ခဲတံကိုတစ်ချက်နှိပ်ကာ ပုံဆွဲနေခြင်းကိုလက်စသပ်လိုက်သည်။
အစ်ကိုသတိပြန်ရမှ ဆွဲထားသည့် ဒီဇိုင်းစာရွက်အားလုံးကို သူ့ဆီလှမ်းပေးလိုက်ပြီး...
"အဲ့ဒါကို ပစ္စည်းရပြီး ၂လအတွင်းဖြန့်လိုက် မင်းအရည်အချင်းကို ငါကိုယ်တိုင်ကြည့်မယ်"
ဒီဇိုင်းစာရွက်လေးကိုကြည့်ကာ သူ ခေါင်းညိတ်ပြလိုက်စဥ် အစ်ကိုဖျတ်ခနဲပြုံးလိုက်သည်မို့ အစ်ကို့မျက်လုံးတွေရှိရာဆီကိုလှမ်းကြည့်မိသည်။
တော်ရုံလောက်နဲ့ မပြုံးတတ်သည့် သူ့အစ်ကိုမလား...
"မင်းထက်ရောက်နေတာကြာပြီလား"
"နည်းနည်းကြာပြီ မရီး အစ်ကိုနဲ့မတွေ့ရသေးလို့"
"ဒီအစ်ကိုကလည်း အပြင်ထွက်ပြီးဘာလုပ်နေတာလဲ မပူဘူးလား"
မရီးက ပန်းရင့်ရောင်ချည်လက်ပြတ်အင်္ကျီနှင့် ပန်းရောင်ထဘီစကဒ်ဝတ်ထား၍ ကျောင်းကပြန်လာဟန်ရှိသည်။
တစ်ကိုယ်လုံးပန်းရောင်လွှမ်းကာ အမြဲတမ်းနုငယ်နေတတ်သည့်မရီးက အစ်ကိုနဲ့အသက်ချင်းကွာမည်ထင်ထားပေမယ့် ၂နှစ်လောက်သာကွာမှန်း အခုမှသိရသည်။
အစ်ကို့ကိုရိုသေသမှုနဲ့ မရီးလို့သာခေါ်နေပေမယ့် မရီးက သူ့ထက်တောင် လပိုင်းလောက်ငယ်နေသေး။
"မုန့်စားရအောင်လေ ခေ ရှင့်အတွက် ဖက်ထုတ်ဝယ်လာတယ် ကြိုက်တယ်မလား"
အစ်ကို့မျက်နှာ မအီမလည်ဖြစ်သွား၍ သူ ကြိတ်ပြုံးမိလေသည်။
အစ်ကိုက အဲ့လိုစားစရာတွေကို စားတတ်သူမဟုတ်။
"အင်း ကြိုက်တယ်"
သူ အံ့သြသွားပေမယ့် မရီးကတော့ ပျော်ရွှင်ကျေနပ်သွားပုံဖြင့် သူတို့ညီအစ်ကိုနှစ်ယောက်ကို ခဏစောင့်ဖို့ပြောပြီး အိမ်ထဲပြေးဝင်သွား၏။
"အစ်ကို အဲ့လိုမုန့်တွေမစားဘူးမလား"
"သူ ဝယ်လာမှတော့စားရမှာပေါ့ အဲ့ဒီအရသာက ဘယ်လောက်ဆိုးမှာမို့လဲ"
ထိုအချိန် လင်ပန်းလေးတစ်ချပ်ဖြင့် မရီးကပြန်ထွက်လာပြီး ရေဘူးတစ်ဘူးလည်းပါလာသည်။
ဖက်ထုတ်တွေက အိုးကပ်ဖြစ်ပြီး မန်ကျည်းဆော့စ်လေးတွေဖြင့်စားချင်စဖွယ်။
"မင်းထက် စားလေ ဦးမင်းစေရာ ရှင့်လက်ကြီးကိုငြိမ်ငြိမ်ထား ခေ.. ခွံ့မယ်"
"မင်းကမစားတော့ဘူးလား ကိုယ့်ဘာသာစားလည်းရနေတာပဲ"
"မရဘူး ရှင်နော် ခေ့ကိုပြန်မပြောနဲ့ ငြိမ်ငြိမ်နေ ခွံ့ကျွေးတာကိုပဲစား ရှင်မစားရင်မင်းထက်ကိုခွံ့လိုက်မှာ"
အစ်ကို့မျက်လုံးတွေ ဖျတ်ခနဲသူ့ဆီရောက်လာတော့ ကိုယ့်ဘာသာယူစားလိုက်၍ ပါးစပ်ထဲရောက်သွားသည့်ဖက်ထုတ်ကို မြိုပဲချရမလား၊ ထွေးပဲထုတ်ရမလား၊ သူလမ်းပျောက်သွား၏။သူ ထိုင်နေရာမှ ထရပ်လိုက်ကာ...
"ဟို.. မေမေ ကျွန်တော့်ကိုခိုင်းထားတာလေးရှိသေးတယ်"
ဟု အိမ်ဘက်ကို ထပြေးလာခဲ့၏။
မရီးက ဖက်ထုတ်တစ်ခုချင်းကို တူဖြင့်ညှပ်ယူကာ အစ်ကို့ကို ဂရုတစိုက်ခွံ့ကျွေးနေ၍ ချစ်သူမရှိသေးသည့်ဘဝကို အတော်အားငယ်သွားမိ၏။
အစ်ကိုတို့အတွဲကတော့ တကယ့်အတွဲ။
အစကတော့မုန်းလိုက်ကြတာ သူ့တို့အပြင်နှစ်ယောက်မရှိ။
အခုတော့လည်း...
▪▪▪⏳⏳⏳▪▪▪
"ကိုမင်း လမ်းလျှောက်နေပြီလား"
မခက ကားပေါ်ကဆင်းကတည်းက ခြံထဲမှာလမ်းလျှောက်နေသည့် သူ့ကိုပြေးတွဲကာ နောက်မှဆင်းလာသော ပီယကလည်းပြုံးနေလျက်။
"အင်း နည်းနည်းတော့ခက်ခဲနေသေးတယ်"
"နောက်ဆိုဖြစ်သွားမှာပေါ့ ခုတောင် အတော်သွက်နေပြီပဲကို"
"အင်း ဘယ်ကလှည့်ဝင်လာတာလဲ"
"ဒီကိုပဲလာတာ ကိုမင်းသတိပြန်ရလာတော့လည်း မလာရဘူး ခေနဲ့လည်းမတွေ့တာကြာလို့ ခေကဖုန်းဆက်ခေါ်နေတာ"
လှမ်းကြည့်မိတော့ ကားနားမှာ ပီယနဲ့ရပ်ပြီးစကားပြောနေသော သူမ။
ဒူးလောက်ဂါဝန်အနီရဲရဲလေးဖြင့် ဆံပင်တွေကို ဖြစ်သလို ထိုးသိပ်ညှပ်တင်ထားသည့် အိမ်နေရင်းပုံစံလေးက ချစ်စရာကောင်းနေသည်။
သူငယ်ချင်းနှစ်ယောက် ဘာတွေပြောနေကြသည်မသိဘဲ တဖြည်းဖြည်းသူတို့နားနီးလာတော့မှ စကားတချို့ကိုကြားလိုက်ရ၏။
"လေးလေးကလေ မပြောချင်တော့ဘူးသိလား ကပ်စေးနဲစရာမရှိ ရှာကြံနဲနေတာ ညကျမှငါဖုန်းဆက်လိုက်မယ်"
"အေး ကျေးဇူး"
အနားရောက်လာသည့်သူမက မခကိုဖတ်ခနဲလှမ်းရိုက်ကာနှုတ်ဆက်ပြီး သူ့လက်မောင်းကိုတွဲရင်းမော့ကြည့်သည်။
"ညောင်းနေပြီလား"
"မညောင်းပါဘူး ဒါပေမယ့်အားမရသေးဘူး မြန်မြန်ပြန်ကောင်းချင်ပြီ"
"မြန်မြန်ပြန်ကောင်းချင်ရင် Bangkokသွားကုလေ"
မဲ့ရွဲ့ပြောလိုက်သည့်မျက်နှာကိုကြည့်ရင်း ရယ်ချင်သွားပေမယ့် သူမကိုစချင်တာကြောင့် စဥ်းစားသလိုလုပ်နေလိုက်သည်။
ဒါကိုပဲ ခေက ကြည့်မရဖြစ်သွားပြီး နှုတ်ခမ်းစူလာ၏။
"အင်း.. ဟုတ်တယ်နော အဲ့ဒါမဆိုးဘူး အဲ့မှာပယင်းလည်းရှိတယ်"
"ကြည့်စမ်း"
သူမမျက်နှာလေးပိုပြီးစူပုတ်သွားကာ လက်သည်းချွန်ချွန်လေးတွေဖြင့် လက်မောင်းကိုဆိတ်တော့ စူးခနဲဖြစ်သွားသည်။
"ခရေဝိုင် နာတယ်နော်"
"ဒီ့ထက်မကနာရမှာသိလား ရှင့်ကို သတ်ကိုသတ်ပစ်ဦးမှာ"
"ပြီးရင် ထိုင်ငိုနေ"
သူ စ နေမှန်းသိသည့် မခတို့နှစ်ယောက်က စိတ်ဆိုးနေသော သူမကိုကြည့်ကာပြုံးစိစိ။
"အဲ့ဒါတွေပဲရှင့်ကိုမတည့်တာ သိလား သူများကိုဆို ဘယ်တော့မှစကားကောင်းမပြောဘူး"
ခေ တကယ်စိတ်ဆိုးသွားသလိုပြောတော့မှ သူမဆံပင်လေးတွေကိုဆွဲဖွပစ်လိုက်သည်။
ထိုအခါ သူမက မကိုင်နဲ့ဆိုသည့်သဘောဖြင့် သူ့လက်တွေကိုပုတ်ထုတ်ပစ်၍ သူယိုင်ခနဲဖြစ်သွားသည့်အခါ ခေကခါးကိုဖက်ထားလိုက်ပြီး ပြန်ဆွဲထားပြန်သည်။
"တွေ့လားအဲ့မှာ ခေမရှိရင် ရှင်ဘာဖြစ်သွားမလဲလို့"
ပီယတို့ဆီက ရယ်သံတွေထွက်လာပြီး သူမမျက်နှာလေးလည်းပြုံးလာသည်။
သူ တစ်ချိန်လုံးမျက်မုန်းကျိုးခဲ့သည့် ပီယကို အခုမှ ပြုံးပြနှုတ်ဆက်လိုက်ကာ...
"ငါ မင်းကိုလက်သီးနဲ့ထိုးခဲ့တဲ့အတွက် တောင်းပန်ပါတယ် နောက်ကျနေပြီဆိုပေမယ့် တကယ်စိတ်ရင်းနဲ့ပါ"
"ရပါတယ် မလိုပါဘူး ကျွန်တော်လည်းရိုင်းခဲ့တာပဲ အစ်ကိုလည်းပြန်သည်းခံပေးပါ"
ပြုံးလျက်ပြန်ပြောလာသည့် ပီယစကားကြောင့် သူ့စိတ်ထဲပေါ့ပါးသွားသလို ခွင့်လွှတ်တတ်ခြင်းဟာ ဘယ်လောက်ထိစိတ်ပေါ့ပါးရလဲ သိလိုက်ရသည်။
မူးယစ်ဆေးဆိုတာ အမှောင်တစ်ခုမှန်း သုံးနေစဥ်က သူမသိခဲ့။
မကောင်းဆိုးဝါးတစ်ကောင်လို အမြင်အာရုံနှင့်အသိတရားကို အကန်းဖြစ်စေကာ ရုန်းထွက်ခဲ့တော့မှ သူဘယ်လောက်မှားခဲ့သလဲ သိခွင့်ရခဲ့၏။
"ရှင် ဘာလို့မြန်မြန်ပြန်ကောင်းချင်နေတာလဲ ခုမှနေပြန်ကောင်းတာကို"
အိမ်ထဲဝင်သွားကြသည့် ပီယတို့အတွဲကိုလှမ်းကြည့်နေရင်းမှ ခေ့ကိုပြန်ကြည့်မိသည်။
မတ်မတ်ရပ်နိုင်ပြီဆိုကတည်းက တုတ်ကောက်တစ်ဖက်နှင့် လမ်းလျှောက်ဖို့ကြိုးစားနေသည်ကို သူမက သဘောမကျသလိုမို့ လက်ကလေးကိုဆုပ်ကိုင်လိုက်သည်။
Advertisement
"မိန်းမယူမလို့လေ"
"နောက်ထပ်လား"
"မဟုတ်ပါဘူး ကောင်မလေးတစ်ယောက်က ပူဆာထားလို့ပါ နေပြန်ကောင်းလာရင် လက်ထပ်ရအောင်ဆိုလို့လေ မဟုတ်ရင်သတ်မယ်ဖြတ်မယ်နဲ့ ကျိန်းမောင်းနေတော့ ကြောက်လို့"
သူမ ရှက်သွားသလိုပါးလေးတွေရဲသွား၏။
အရင်က လက်မှတ်ထိုးရုံသာ ထိုးချင်သည့်သူမက အခုတော့သူ့စကားကိုမငြင်းဘဲ ခေါင်းလေးငုံ့နေ၍ သဘောတူလိုက်ပြီဟု ယူဆလိုက်သည်။
"အခုရော မင်းစေရာရဲ့ဇနီးအဖြစ် လူသိခံရဲပြီလား"
"ရှင်နော် ခေ ထပ်ဆိတ်ရင်နာတော့မှာ"
"မေးကြည့်တာကိုကွာ မင်းတကယ်ကပ်စေးနှဲတဲ့မိန်းမ"
မျက်စောင်းလေးတစ်ချက်ရောက်လာတော့ အသည်းယားသွားပြီး ပါးဖောင်းဖောင်းလေးကို သူငုံ့နမ်းမိသည်။
ခေ့ပါးလေးပိုပြီးရဲသွားကာ မျက်နှာလေးလွှဲပစ်ရင်း...
"ရှင်နော် ဘာလုပ်တာလဲ အိမ်ရှေ့ကြီးမှာ"
"အဲ့ဒါဆိုအခန်းထဲသွားမယ်လေ လာ"
"လာပြန်ပြီ ရှင်ဘာဖြစ်နေတာလဲ အရင်ကလို မျက်နှာကြီးတင်းထားစမ်းပါ အခုကျစပ်ဖြဲဖြဲနဲ့ ကြည့်ကိုမရဘူး နှာဘူးရုပ်ကြီး"
သူ အသေအလဲလိုချင်ခဲ့သော ခပ်စွာစွာအသံလေးတွေ၊ ရန်တွေ့စကားတွေရရှိပြီမို့ ရင်ထဲမှာပျော်သွားမိသည်။
ဒါ့အပြင် ချစ်စဖွယ်မျက်စောင်းလေးတွေရော၊ သူမပါးနုနုလေးတွေရောပါ သူအပိုင်ရခဲ့ပြီမို့ ရင်ထဲမှာ ကြည်နူးခြင်းအပြည့်။
စိတ်ချ ကိုယ့်အချစ်ဝိုင်လေး
နောက်ဆို ပိုပိုသာသာလေးချစ်ပေးပါ့မယ်...
▪▪▪⏳⏳⏳▪▪▪
လမ်းမလျှောက်နိုင်သည်က ရောဂါတစ်ခုခုကြောင့်မဟုတ်ဘဲ အမြဲအိပ်နေရ၍ အကြောရပ်သွားသလိုသာဖြစ်တာမို့ တစ်လမပြည့်ခင်မှာပဲ အရင်လိုပြန်ဖြစ်လာသည်။
တုတ်ကောက်မပါဘဲ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်သည့်အချိန်က ဖြစ်ပါ့မလားဆိုတဲ့စိုးရွံ့မှုမရှိဘဲ သူ့ကိုယ်သူ ယုံကြည်ချက်အပြည့်။
ခေကတော့ စိုးရိမ်သလိုကြည့်နေ၍ ကျေနပ်ရသေးသည်။
"ရှင် နိုးနေပြီလား"
မနက်ဆို သူမက မီးဖိုခန်းမှာ မေမေတို့နှင့်အတူ မနက်စာ သွားစီစဥ်ပြီး သူ့ကိုတစ်ခါပြန်လာနှိုးတတ်သည်။
ဒီနေ့တော့ ခေ့ကိုစချင်တာမို့ အိပ်ချင်ယောင်ဆောင်နေလိုက်တော့ ခေက လက်ကိုလှုပ်ကာနောက်တစ်ခါထပ်နှိုးသည်။
"ရှင် မထသေးဘူးလားလို့"
သူမအသံလေးက စိုးရိမ်လာပုံရ၍ ကြိတ်ကျေနပ်သွားပြီး အသံမပေးဘဲဆက်နေလိုက်သည်။
"ရှင် ထပ်အိပ်သွားပြန်ပြီလား"
ငိုသံလေးထပ်ထွက်လာပြီး ဖြန်းခနဲရိုက်သံနှင့်အတူ ပါးတစ်ဖက်လုံးထူပူသွား၍ သူ ထထိုင်လိုက်တော့ ခေကမျက်ရည်တွေရွှဲနေပြီဖြစ်သည်။
အံ့သြသွားမိသလို ခေ့ရဲ့ကြောက်စိတ်ကိုလည်း သနားသွားမိသည်။
"မအိပ်ပါဘူး ကိုယ်က"
"လူယုတ်မာ ရှင့်ကိုတကယ်သတ်မယ်"
ခေသည် စားပွဲပေါ်တင်ထားသည့် ဆေးလိပ်ပြာခွက်ကိုလှမ်းယူပြီး ခေါင်းကိုအတင်းလိုက်ထုတာမို့ သူမလက်ကလေးတွေကို ဖမ်းဆုပ်လိုက်သည်။
ပြာခွက်ကို မရမကပြန်လုပြီး စားပွဲပေါ်ပြန်ချကာ ခေ့ကိုဖက်ထားတော့ ဒေါသကြောင့်လား၊ သူ့ကိုမထုလိုက်ရ၍လားမသိဘဲ သူမကိုယ်လေးကတဆတ်ဆတ်တုန်နေ၏။
"ဘာလို့အဲ့လိုစတာလဲ ရှင့်ကိုမုန်းတယ် လူယုတ်မာရဲ့ မင်းစေအစုတ်ပလုတ်ကြီး"
"ဆောရီးပါခေရယ် မင်းအဲ့လောက်ဖြစ်သွားမယ်မထင်ဘူး တကယ်.. တမင်လုပ်တာမဟုတ်ပါဘူး"
"မသိဘူး ရှင့်ကိုမကျေနပ်ဘူး"
သူ တကယ်စိတ်မကောင်းဖြစ်သွားမိ၍ သူမ ထုနှက်ကျိန်ဆဲနေသမျှကို စိတ်ရှည်ရှည်ဖြင့် ချော့မိသည်။
မကျေမနပ်ဖြင့် သူ့လက်တွေမှာလည်း ခေကိုက်ထားသည့် သွားရာတွေမနည်းမနော။
ဒါတောင် သူမက မကျေနပ်သေးသလို မျက်ရည်ကျနေဆဲမို့ ခေါင်းထိုးပေးလိုက်ကာ...
"ဆံပင်ဆွဲကွာ ခေါင်းခေါက်ကွာ လုပ်ချင်တာလုပ်"
ဆိုတော့မှ သူမ အငိုတိတ်ကာငြိမ်သွား၏။
ခေ့မျက်နှာလေးကို မေးဖျားလေးကနေ မော့ယူပြီး နဖူးလေးကိုငုံ့နမ်းလိုက်ကာ မျက်ရည်တွေသုတ်ပေးလိုက်သည်။
"ကိုယ်တောင်းပန်ပါတယ်.. နော်!! မငိုနဲ့တော့"
"ရှင် နောက်တစ်ခါထပ်စရင် ခေ နောက်ယောကျာ်းယူပစ်မယ်"
ကြည့်... ခြိမ်းခြောက်ပုံကိုက။
"မစတော့ဘူးလို့"
"ပြီးရော ထ မနက်စာစားမယ်"
"နေပါဦး နောက်ယောကျာ်းမယူခင် ဒီယောကျာ်းကိုပဲအရင်.."
သူ ညစ်ကျယ်ကျယ်ပြုံးနေသည်ကို နှုတ်ခမ်းလေးစူပစ်ကာ မျက်စောင်းလေးထိုးကြည့်သည်။
"မရဘူး အောက်မှာမေမေတို့စောင့်နေတယ်"
"ကိုယ်တို့အခုမှပေါင်းရတာ မေမေတို့သိပါတယ်"
"ရှင်နော် မနက်စာက"
"ဒီမှာလေ ကိုယ့်မနက်စာက"
သူမကိုယ်လေးကိုပွေ့ယူလိုက်ပြီး ငြင်းဖို့ပြင်နေသောနှုတ်ခမ်းလေးကို ဘာစကားမှထွက်မလာခင် အပိုင်သိမ်းပစ်လိုက်သည်။
သူမကိုထိတွေ့မိတိုင်း အစပြန်ရောက်သွားသည့် ရင်ခုန်သံတွေက နားထဲမှာ ကျယ်ကျယ်လောင်လောင်ကြီး မြည်ဟည်းနေသည်။
"ချစ်တယ်"
ခွင့်ပြုခြင်းဖြင့် လည်ပင်းကိုသိုင်းဖက်လာသည့် လက်ကလေးတွေက သူ့ကိုပိုချစ်လာအောင် မြှူဆွယ်နေသလိုပင်။
နားနားလေးအထိရောက်အောင် လည်ပင်းလေးဆန့်ထွက်လာကာ...
"ရှင်လည်း ခေ့ရဲ့မနက်စာပဲ"
မေးရိုးပေါ်နွေးခနဲထိကပ်သွားသည့် နှုတ်ခမ်းလေးတစ်စုံ။
ပြင်းရှရှနမ်းပစ်ရင်း အချိန်အခါမရွေးပွင့်သည့် အချစ်ပန်းပင်တွေဝေဝေဆာဆာရှိသော သူတို့ရဲ့ကမ္ဘာငယ်လေးသို့ သူမကို အလည်ခေါ်သွားလိုက်သည်။
သူမသည်လည်း ကျေနပ်ကြည်ဖြူသည်မို့ ......
▪▪▪⏳⏳⏳▪▪▪
Part 39ဆက်ရန်
စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997
~~~~~~~~~~~~~~~~~~~~~~~~
အခ်စ္ဝိုင္ ( part - 38 )
▪▪▪▪▪▪▪▪▪▪
"ဆိုင္ေတြ အေျခအေနဘယ္လိုရိွလဲ"
အစ္ကိုေမးလာေတာ့ သူ ေခါင္းကိုျမန္ျမန္ညိတ္ပစ္လိုက္ၿပီး အလိုလိုေနရင္းရယ္ခ်င္ေနမိ၍ တစ္ခ်က္ႃပံုးလိုက္မိသည္။
ဒါကိုပဲအစ္ကိုက ျမင္ျဖစ္ေအာင္ျမင္သြားၿပီး မ်က္ေမွာင္ကုပ္သြား၍ သူ မ်က္ႏွာပိုးသတ္လိုက္ရ၏။
"အစ္ကို အခုစစ္ခ်င္ရင္ေတာင္ စစ္လို႔ရပါတယ္"
"မလိုပါဘူး ငါမင္းကိုစိတ္ခ်တယ္"
အစ္ကိုက စကားေျပာတိုင္း အၿမဲျပတ္သားၿပီး သူ႔အတြက္ဆို အၿမဲမားမားမတ္မတ္ရိွခဲ့သူ။
ငယ္ငယ္ကတည္းက အႏိုင္က်င့္ေလွာင္ေျပာင္မႈေတြကို အစ္ကိုဆိုသၫ့္ေနရာမွကာကြယ္ခဲ့သူ။
ဒါေၾကာင့္လည္း ဝွီးလ္ခ်ဲေပၚေရာက္ေနသၫ့္လူမမာျဖစ္ေနသၫ့္တိုင္ အစ္ကို႔ကိုဆို ေၾကာက္ရြံ႔ရိုေသေနမိသည္။
"တျခားသူေတြေရာ အဆင္ေျပၾကလား"
"ေျပၾကတယ္အစ္ကို ဒါေပမယ့္မရီးကိုေမးေနၾကတယ္ ျမင္ဖူးခ်င္လို႔တဲ့ အစ္ကိုလည္း ေနျပန္ေကာင္းၿပီဆိုေတာ့"
အစ္ကိုက ေခါင္းညိတ္လိုက္ၿပီး ခဲတံကိုတစ္ခ်က္ႏိွပ္ကာ ပံုဆဲြေနျခင္းကိုလက္စသပ္လိုက္သည္။
အစ္ကိုသတိျပန္ရမွ ဆဲြထားသၫ့္ ဒီဇိုင္းစာရြက္အားလံုးကို သူ႔ဆီလွမ္းေပးလိုက္ၿပီး...
"အဲ့ဒါကို ပစၥည္းရၿပီး ၂လအတြင္းျဖန႔္လိုက္ မင္းအရည္အခ်င္းကို ငါကိုယ္တိုင္ၾကၫ့္မယ္"
ဒီဇိုင္းစာရြက္ေလးကိုၾကၫ့္ကာ သူ ေခါင္းညိတ္ျပလိုက္စဥ္ အစ္ကိုဖ်တ္ခနဲႃပံုးလိုက္သည္မို႔ အစ္ကို႔မ်က္လံုးေတြရိွရာဆီကိုလွမ္းၾကၫ့္မိသည္။
ေတာ္ရံုေလာက္နဲ႔ မႃပံုးတတ္သၫ့္ သူ႔အစ္ကိုမလား...
"မင္းထက္ေရာက္ေနတာၾကာၿပီလား"
"နည္းနည္းၾကာၿပီ မရီး အစ္ကိုနဲ႔မေတြ့ရေသးလို႔"
"ဒီအစ္ကိုကလည္း အျပင္ထြက္ၿပီးဘာလုပ္ေနတာလဲ မပူဘူးလား"
မရီးက ပန္းရင့္ေရာင္ခ်ည္လက္ျပတ္အက်ႌႏွင့္ ပန္းေရာင္ထဘီစကဒ္ဝတ္ထား၍ ေက်ာင္းကျပန္လာဟန္ရိွသည္။
တစ္ကိုယ္လံုးပန္းေရာင္လႊမ္းကာ အၿမဲတမ္းႏုငယ္ေနတတ္သည့္မရီးက အစ္ကိုနဲ႔အသက္ခ်င္းကြာမည္ထင္ထားေပမယ့္ ၂ႏွစ္ေလာက္သာကြာမွန္း အခုမွသိရသည္။
Advertisement
အစ္ကို႔ကိုရိုေသသမႈနဲ႔ မရီးလို႔သာေခၚေနေပမယ့္ မရီးက သူ႔ထက္ေတာင္ လပိုင္းေလာက္ငယ္ေနေသး။
"မုန႔္စားရေအာင္ေလ ေခ ရွင့္အတြက္ ဖက္ထုတ္ဝယ္လာတယ္ ႀကိဳက္တယ္မလား"
အစ္ကို႔မ်က္ႏွာ မအီမလည္ျဖစ္သြား၍ သူ ႀကိတ္ႃပံုးမိေလသည္။
အစ္ကိုက အဲ့လိုစားစရာေတြကို စားတတ္သူမဟုတ္။
"အင္း ႀကိဳက္တယ္"
သူ အံ့ၾသသြားေပမယ့္ မရီးကေတာ့ ေပ်ာ္ရႊင္ေက်နပ္သြားပံုျဖင့္ သူတို႔ညီအစ္ကိုႏွစ္ေယာက္ကို ခဏေစာင့္ဖို႔ေျပာၿပီး အိမ္ထဲေျပးဝင္သြား၏။
"အစ္ကို အဲ့လိုမုန႔္ေတြမစားဘူးမလား"
"သူ ဝယ္လာမွေတာ့စားရမွာေပါ့ အဲ့ဒီအရသာက ဘယ္ေလာက္ဆိုးမွာမို႔လဲ"
ထိုအခ်ိန္ လင္ပန္းေလးတစ္ခ်ပ္ျဖင့္ မရီးကျပန္ထြက္လာၿပီး ေရဘူးတစ္ဘူးလည္းပါလာသည္။
ဖက္ထုတ္ေတြက အိုးကပ္ျဖစ္ၿပီး မန္က်ည္းေဆာ့စ္ေလးေတျြဖင့္စားခ်င္စဖြယ္။
"မင္းထက္ စားေလ ဦးမင္းေစရာ ရွင့္လက္ႀကီးကိုၿငိမ္ၿငိမ္ထား ေခ.. ခြံ႔မယ္"
"မင္းကမစားေတာ့ဘူးလား ကိုယ့္ဘာသာစားလည္းရေနတာပဲ"
"မရဘူး ရွင္ေနာ္ ေခ့ကိုျပန္မေျပာနဲ႔ ၿငိမ္ၿငိမ္ေန ခြံ႔ကၽြေးတာကိုပဲစား ရွင္မစားရင္မင္းထက္ကိုခြံ႔လိုက္မွာ"
အစ္ကို႔မ်က္လံုးေတြ ဖ်တ္ခနဲသူ႔ဆီေရာက္လာေတာ့ ကိုယ့္ဘာသာယူစားလိုက္၍ ပါးစပ္ထဲေရာက္သြားသၫ့္ဖက္ထုတ္ကို ၿမိဳပဲခ်ရမလား၊ ေထြးပဲထုတ္ရမလား၊ သူလမ္းေပ်ာက္သြား၏။သူ ထိုင္ေနရာမွ ထရပ္လိုက္ကာ...
"ဟို.. ေမေမ ကၽြန္ေတာ့္ကိုခိုင္းထားတာေလးရိွေသးတယ္"
ဟု အိမ္ဘက္ကို ထေျပးလာခဲ့၏။
မရီးက ဖက္ထုတ္တစ္ခုခ်င္းကို တူျဖင့္ၫွပ္ယူကာ အစ္ကို႔ကို ဂရုတစိုက္ခြံ႔ကၽြေးေန၍ ခ်စ္သူမရိွေသးသၫ့္ဘဝကို အေတာ္အားငယ္သြားမိ၏။
အစ္ကိုတို႔အတဲြကေတာ့ တကယ့္အတဲြ။
အစကေတာ့မုန္းလိုက္ၾကတာ သူ႔တို႔အျပင္ႏွစ္ေယာက္မရိွ။
အခုေတာ့လည္း...
▪▪▪⏳⏳⏳▪▪▪
"ကိုမင္း လမ္းေလ်ွာက္ေနၿပီလား"
မခက ကားေပၚကဆင္းကတည္းက ၿခံထဲမွာလမ္းေလ်ွာက္ေနသၫ့္ သူ႔ကိုေျပးတဲြကာ ေနာက္မွဆင္းလာေသာ ပီယကလည္းႃပံုးေနလ်က္။
"အင္း နည္းနည္းေတာ့ခက္ခဲေနေသးတယ္"
"ေနာက္ဆိုျဖစ္သြားမွာေပါ့ ခုေတာင္ အေတာ္သြက္ေနၿပီပဲကို"
"အင္း ဘယ္ကလွၫ့္ဝင္လာတာလဲ"
"ဒီကိုပဲလာတာ ကိုမင္းသတိျပန္ရလာေတာ့လည္း မလာရဘူး ေခနဲ႔လည္းမေတြ့တာၾကာလို႔ ေခကဖုန္းဆက္ေခၚေနတာ"
လွမ္းၾကၫ့္မိေတာ့ ကားနားမွာ ပီယနဲ႔ရပ္ၿပီးစကားေျပာေနေသာ သူမ။
ဒူးေလာက္ဂါဝန္အနီရဲရဲေလးျဖင့္ ဆံပင္ေတြကို ျဖစ္သလို ထိုးသိပ္ၫွပ္တင္ထားသၫ့္ အိမ္ေနရင္းပံုစံေလးက ခ်စ္စရာေကာင္းေနသည္။
သူငယ္ခ်င္းႏွစ္ေယာက္ ဘာေတြေျပာေနၾကသည္မသိဘဲ တျဖည္းျဖည္းသူတို႔နားနီးလာေတာ့မွ စကားတခ်ိဳ႕ကိုၾကားလိုက္ရ၏။
"ေလးေလးကေလ မေျပာခ်င္ေတာ့ဘူးသိလား ကပ္ေစးနဲစရာမရိွ ရွာႀကံနဲေနတာ ညက်မွငါဖုန္းဆက္လိုက္မယ္"
"ေအး ေက်းဇူး"
အနားေရာက္လာသၫ့္သူမက မခကိုဖတ္ခနဲလွမ္းရိုက္ကာႏႈတ္ဆက္ၿပီး သူ႔လက္ေမာင္းကိုတဲြရင္းေမာ့ၾကၫ့္သည္။
"ေညာင္းေနၿပီလား"
"မေညာင္းပါဘူး ဒါေပမယ့္အားမရေသးဘူး ျမန္ျမန္ျပန္ေကာင္းခ်င္ၿပီ"
"ျမန္ျမန္ျပန္ေကာင္းခ်င္ရင္ Bangkokသြားကုေလ"
မဲ့ရဲြ႔ေျပာလိုက္သၫ့္မ်က္ႏွာကိုၾကၫ့္ရင္း ရယ္ခ်င္သြားေပမယ့္ သူမကိုစခ်င္တာေၾကာင့္ စဥ္းစားသလိုလုပ္ေနလိုက္သည္။
ဒါကိုပဲ ေခက ၾကၫ့္မရျဖစ္သြားၿပီး ႏႈတ္ခမ္းစူလာ၏။
"အင္း.. ဟုတ္တယ္ေနာ အဲ့ဒါမဆိုးဘူး အဲ့မွာပယင္းလည္းရိွတယ္"
"ၾကၫ့္စမ္း"
သူမမ်က္ႏွာေလးပိုၿပီးစူပုတ္သြားကာ လက္သည္းခၽြန္ခၽြန္ေလးေတျြဖင့္ လက္ေမာင္းကိုဆိတ္ေတာ့ စူးခနဲျဖစ္သြားသည္။
"ခေရဝိုင္ နာတယ္ေနာ္"
"ဒီ့ထက္မကနာရမွာသိလား ရွင့္ကို သတ္ကိုသတ္ပစ္ဦးမွာ"
"ၿပီးရင္ ထိုင္ငိုေန"
သူ စ ေနမွန္းသိသၫ့္ မခတို႔ႏွစ္ေယာက္က စိတ္ဆိုးေနေသာ သူမကိုၾကၫ့္ကာႃပံုးစိစိ။
"အဲ့ဒါေတြပဲရွင့္ကိုမတၫ့္တာ သိလား သူမ်ားကိုဆို ဘယ္ေတာ့မွစကားေကာင္းမေျပာဘူး"
ေခ တကယ္စိတ္ဆိုးသြားသလိုေျပာေတာ့မွ သူမဆံပင္ေလးေတြကိုဆဲြဖြပစ္လိုက္သည္။
ထိုအခါ သူမက မကိုင္နဲ႔ဆိုသၫ့္သေဘာျဖင့္ သူ႔လက္ေတြကိုပုတ္ထုတ္ပစ္၍ သူယိုင္ခနဲျဖစ္သြားသည့္အခါ ေခကခါးကိုဖက္ထားလိုက္ၿပီး ျပန္ဆဲြထားျပန္သည္။
"ေတြ့လားအဲ့မွာ ေခမရိွရင္ ရွင္ဘာျဖစ္သြားမလဲလို႔"
ပီယတို႔ဆီက ရယ္သံေတြထြက္လာၿပီး သူမမ်က္ႏွာေလးလည္းႃပံုးလာသည္။
သူ တစ္ခ်ိန္လံုးမ်က္မုန္းက်ိဳးခဲ့သၫ့္ ပီယကို အခုမွ ႃပံုးျပႏႈတ္ဆက္လိုက္ကာ...
"ငါ မင္းကိုလက္သီးနဲ႔ထိုးခဲ့တဲ့အတြက္ ေတာင္းပန္ပါတယ္ ေနာက္က်ေနၿပီဆိုေပမယ့္ တကယ္စိတ္ရင္းနဲ႔ပါ"
"ရပါတယ္ မလိုပါဘူး ကၽြန္ေတာ္လည္းရိုင္းခဲ့တာပဲ အစ္ကိုလည္းျပန္သည္းခံေပးပါ"
ႃပံုးလ်က္ျပန္ေျပာလာသၫ့္ ပီယစကားေၾကာင့္ သူ႔စိတ္ထဲေပါ့ပါးသြားသလို ခြင့္လႊတ္တတ္ျခင္းဟာ ဘယ္ေလာက္ထိစိတ္ေပါ့ပါးရလဲ သိလိုက္ရသည္။
မူးယစ္ေဆးဆိုတာ အေမွာင္တစ္ခုမွန္း သံုးေနစဥ္က သူမသိခဲ့။
မေကာင္းဆိုးဝါးတစ္ေကာင္လို အျမင္အာရံုႏွင့္အသိတရားကို အကန္းျဖစ္ေစကာ ရုန္းထြက္ခဲ့ေတာ့မွ သူဘယ္ေလာက္မွားခဲ့သလဲ သိခြင့္ရခဲ့၏။
"ရွင္ ဘာလို႔ျမန္ျမန္ျပန္ေကာင္းခ်င္ေနတာလဲ ခုမွေနျပန္ေကာင္းတာကို"
အိမ္ထဲဝင္သြားၾကသၫ့္ ပီယတို႔အတဲြကိုလွမ္းၾကၫ့္ေနရင္းမွ ေခ့ကိုျပန္ၾကၫ့္မိသည္။
မတ္မတ္ရပ္ႏိုင္ၿပီဆိုကတည္းက တုတ္ေကာက္တစ္ဖက္ႏွင့္ လမ္းေလ်ွာက္ဖို႔ႀကိဳးစားေနသည္ကို သူမက သေဘာမက်သလိုမို႔ လက္ကေလးကိုဆုပ္ကိုင္လိုက္သည္။
"မိန္းမယူမလို႔ေလ"
"ေနာက္ထပ္လား"
"မဟုတ္ပါဘူး ေကာင္မေလးတစ္ေယာက္က ပူဆာထားလို႔ပါ ေနျပန္ေကာင္းလာရင္ လက္ထပ္ရေအာင္ဆိုလို႔ေလ မဟုတ္ရင္သတ္မယ္ျဖတ္မယ္နဲ႔ က်ိန္းေမာင္းေနေတာ့ ေၾကာက္လို႔"
သူမ ရွက္သြားသလိုပါးေလးေတြရဲသြား၏။
အရင္က လက္မွတ္ထိုးရံုသာ ထိုးခ်င္သၫ့္သူမက အခုေတာ့သူ႔စကားကိုမျငင္းဘဲ ေခါင္းေလးငံု႔ေန၍ သေဘာတူလိုက္ၿပီဟု ယူဆလိုက္သည္။
"အခုေရာ မင္းေစရာရဲ့ဇနီးအျဖစ္ လူသိခံရဲၿပီလား"
"ရွင္ေနာ္ ေခ ထပ္ဆိတ္ရင္နာေတာ့မွာ"
"ေမးၾကၫ့္တာကိုကြာ မင္းတကယ္ကပ္ေစးႏွဲတဲ့မိန္းမ"
မ်က္ေစာင္းေလးတစ္ခ်က္ေရာက္လာေတာ့ အသည္းယားသြားၿပီး ပါးေဖာင္းေဖာင္းေလးကို သူငံု႔နမ္းမိသည္။
ေခ့ပါးေလးပိုၿပီးရဲသြားကာ မ်က္ႏွာေလးလႊဲပစ္ရင္း...
"ရွင္ေနာ္ ဘာလုပ္တာလဲ အိမ္ေရ႔ွႀကီးမွာ"
"အဲ့ဒါဆိုအခန္းထဲသြားမယ္ေလ လာ"
"လာျပန္ၿပီ ရွင္ဘာျဖစ္ေနတာလဲ အရင္ကလို မ်က္ႏွာႀကီးတင္းထားစမ္းပါ အခုက်စပ္ၿဖဲျဖဲနဲ႔ ၾကၫ့္ကိုမရဘူး ႏွာဘူးရုပ္ႀကီး"
သူ အေသအလဲလိုခ်င္ခဲ့ေသာ ခပ္စြာစြာအသံေလးေတြ၊ ရန္ေတြ့စကားေတြရရိွၿပီမို႔ ရင္ထဲမွာေပ်ာ္သြားမိသည္။
ဒါ့အျပင္ ခ်စ္စဖြယ္မ်က္ေစာင္းေလးေတြေရာ၊ သူမပါးႏုႏုေလးေတြေရာပါ သူအပိုင္ရခဲ့ၿပီမို႔ ရင္ထဲမွာ ၾကည္ႏူးျခင္းအျပၫ့္။
စိတ္ခ် ကိုယ့္အခ်စ္ဝိုင္ေလး
ေနာက္ဆို ပိုပိုသာသာေလးခ်စ္ေပးပါ့မယ္...
▪▪▪⏳⏳⏳▪▪▪
လမ္းမေလ်ွာက္ႏိုင္သည္က ေရာဂါတစ္ခုခုေၾကာင့္မဟုတ္ဘဲ အၿမဲအိပ္ေနရ၍ အေၾကာရပ္သြားသလိုသာျဖစ္တာမို႔ တစ္လမျပၫ့္ခင္မွာပဲ အရင္လိုျပန္ျဖစ္လာသည္။
တုတ္ေကာက္မပါဘဲ ကိုယ့္ေျခေထာက္ေပၚကိုယ္ ရပ္သၫ့္အခ်ိန္က ျဖစ္ပါ့မလားဆိုတဲ့စိုးရြံ႔မႈမရိွဘဲ သူ႔ကိုယ္သူ ယံုၾကည္ခ်က္အျပၫ့္။
ေခကေတာ့ စိုးရိမ္သလိုၾကၫ့္ေန၍ ေက်နပ္ရေသးသည္။
"ရွင္ ႏိုးေနၿပီလား"
မနက္ဆို သူမက မီးဖိုခန္းမွာ ေမေမတို႔ႏွင့္အတူ မနက္စာ သြားစီစဥ္ၿပီး သူ႔ကိုတစ္ခါျပန္လာႏိႈးတတ္သည္။
ဒီေန့ေတာ့ ေခ့ကိုစခ်င္တာမို႔ အိပ္ခ်င္ေယာင္ေဆာင္ေနလိုက္ေတာ့ ေခက လက္ကိုလႈပ္ကာေနာက္တစ္ခါထပ္ႏိႈးသည္။
"ရွင္ မထေသးဘူးလားလို႔"
သူမအသံေလးက စိုးရိမ္လာပံုရ၍ ႀကိတ္ေက်နပ္သြားၿပီး အသံမေပးဘဲဆက္ေနလိုက္သည္။
"ရွင္ ထပ္အိပ္သြားျပန္ၿပီလား"
ငိုသံေလးထပ္ထြက္လာၿပီး ျဖန္းခနဲရိုက္သံႏွင့္အတူ ပါးတစ္ဖက္လံုးထူပူသြား၍ သူ ထထိုင္လိုက္ေတာ့ ေခကမ်က္ရည္ေတြရႊဲေနၿပီျဖစ္သည္။
အံ့ၾသသြားမိသလို ေခ့ရဲ့ေၾကာက္စိတ္ကိုလည္း သနားသြားမိသည္။
"မအိပ္ပါဘူး ကိုယ္က"
"လူယုတ္မာ ရွင့္ကိုတကယ္သတ္မယ္"
ေခသည္ စားပဲြေပၚတင္ထားသၫ့္ ေဆးလိပ္ျပာခြက္ကိုလွမ္းယူၿပီး ေခါင္းကိုအတင္းလိုက္ထုတာမို႔ သူမလက္ကေလးေတြကို ဖမ္းဆုပ္လိုက္သည္။
ျပာခြက္ကို မရမကျပန္လုၿပီး စားပဲြေပၚျပန္ခ်ကာ ေခ့ကိုဖက္ထားေတာ့ ေဒါသေၾကာင့္လား၊ သူ႔ကိုမထုလိုက္ရ၍လားမသိဘဲ သူမကိုယ္ေလးကတဆတ္ဆတ္တုန္ေန၏။
"ဘာလို႔အဲ့လိုစတာလဲ ရွင့္ကိုမုန္းတယ္ လူယုတ္မာရဲ့ မင္းေစအစုတ္ပလုတ္ႀကီး"
"ေဆာရီးပါေခရယ္ မင္းအဲ့ေလာက္ျဖစ္သြားမယ္မထင္ဘူး တကယ္.. တမင္လုပ္တာမဟုတ္ပါဘူး"
"မသိဘူး ရွင့္ကိုမေက်နပ္ဘူး"
သူ တကယ္စိတ္မေကာင္းျဖစ္သြားမိ၍ သူမ ထုႏွက္က်ိန္ဆဲေနသမ်ွကို စိတ္ရွည္ရွည္ျဖင့္ ေခ်ာ့မိသည္။
မေက်မနပ္ျဖင့္ သူ႔လက္ေတြမွာလည္း ေခကိုက္ထားသၫ့္ သြားရာေတြမနည္းမေနာ။
ဒါေတာင္ သူမက မေက်နပ္ေသးသလို မ်က္ရည္က်ေနဆဲမို႔ ေခါင္းထိုးေပးလိုက္ကာ...
"ဆံပင္ဆဲြကြာ ေခါင္းေခါက္ကြာ လုပ္ခ်င္တာလုပ္"
ဆိုေတာ့မွ သူမ အငိုတိတ္ကာၿငိမ္သြား၏။
ေခ့မ်က္ႏွာေလးကို ေမးဖ်ားေလးကေန ေမာ့ယူၿပီး နဖူးေလးကိုငံု႔နမ္းလိုက္ကာ မ်က္ရည္ေတြသုတ္ေပးလိုက္သည္။
"ကိုယ္ေတာင္းပန္ပါတယ္.. ေနာ္!! မငိုနဲ႔ေတာ့"
"ရွင္ ေနာက္တစ္ခါထပ္စရင္ ေခ ေနာက္ေယာက်ာ္းယူပစ္မယ္"
ၾကၫ့္... ၿခိမ္းေျခာက္ပံုကိုက။
"မစေတာ့ဘူးလို႔"
"ၿပီးေရာ ထ မနက္စာစားမယ္"
"ေနပါဦး ေနာက္ေယာက်ာ္းမယူခင္ ဒီေယာက်ာ္းကိုပဲအရင္.."
သူ ညစ္က်ယ္က်ယ္ႃပံုးေနသည္ကို ႏႈတ္ခမ္းေလးစူပစ္ကာ မ်က္ေစာင္းေလးထိုးၾကၫ့္သည္။
"မရဘူး ေအာက္မွာေမေမတို႔ေစာင့္ေနတယ္"
"ကိုယ္တို႔အခုမွေပါင္းရတာ ေမေမတို႔သိပါတယ္"
"ရွင္ေနာ္ မနက္စာက"
"ဒီမွာေလ ကိုယ့္မနက္စာက"
သူမကိုယ္ေလးကိုေပြ့ယူလိုက္ၿပီး ျငင္းဖို႔ျပင္ေနေသာႏႈတ္ခမ္းေလးကို ဘာစကားမွထြက္မလာခင္ အပိုင္သိမ္းပစ္လိုက္သည္။
သူမကိုထိေတြ့မိတိုင္း အစျပန္ေရာက္သြားသၫ့္ ရင္ခုန္သံေတြက နားထဲမွာ က်ယ္က်ယ္ေလာင္ေလာင္ႀကီး ျမည္ဟည္းေနသည္။
"ခ်စ္တယ္"
ခြင့္ျပဳျခင္းျဖင့္ လည္ပင္းကိုသိုင္းဖက္လာသည့္ လက္ကေလးေတြက သူ႔ကိုပိုခ်စ္လာေအာင္ ၿမွူဆြယ္ေနသလိုပင္။
နားနားေလးအထိေရာက္ေအာင္ လည္ပင္းေလးဆန႔္ထြက္လာကာ...
"ရွင္လည္း ေခ့ရဲ့မနက္စာပဲ"
ေမးရိုးေပၚေနြးခနဲထိကပ္သြားသၫ့္ ႏႈတ္ခမ္းေလးတစ္စံု။
ျပင္းရွရွနမ္းပစ္ရင္း အခ်ိန္အခါမေရြးပြင့္သၫ့္ အခ်စ္ပန္းပင္ေတြေဝေဝဆာဆာရိွေသာ သူတို႔ရဲ့ကမ႓ာငယ္ေလးသို႔ သူမကို အလည္ေခၚသြားလိုက္သည္။
သူမသည္လည္း ေက်နပ္ၾကည္ျဖဴသည္မို႔ ......
▪▪▪⏳⏳⏳▪▪▪
Part 39ဆက္ရန္
စာဖတ္သူတစ္ဦးခ်င္းစီကိုေလးစားလ်က္
#shinthant1141997
Advertisement
- In Serial34 Chapters
Scrapyard Angels
Being reborn in Runettera would have been nice yet fate and luck decreed that Ark would find himself reborn in the deepest levels of Zaun. There, beneath the toxic clouds that poisons the air and blot out the sun he lived, scraping for scraps and trying to survive. He has use every last bit of his wit and cunning to survive this new world and if he has to claw his way up then so be it. With tiny hands like daggers reaching up heaven, a reincarnated boy dare try beat the odds in this cruel world
8 167 - In Serial37 Chapters
Perfect World
Dragons. Politics. War. A centuries long battle has dwindled. A delicate ceasefire hangs over the continent. Alter Carlebach vowed to shatter the peace. This first Arc follows Alter and his... activities in his home country, Arseny. Decades of war allowed corruption to take root. Someone has to purge the parasites. Let there be blood.
8 163 - In Serial16 Chapters
The Modern Domain
The creators of Baria have released a new game mode. A tournament for $ 1 000 000. Everyone has hardcore accounts, meaning you could only die once. The virtual world is modernized and in a few days there would be no place to hide. Luca gets recruited and becomes a participant in a 10 000 player versus player deathmatch. Will he survive and claim the $ 1 000 000 or will he succumb to a player or the elements?
8 84 - In Serial55 Chapters
Ebon Pinion
While mortals walk the land, conducting their day-to-day business, dark gods and tyrants weave machinations that threaten the foundations of the world. Ebon Pinion is a tale of friendship, hard-fought victories, and devastating losses, through which the protagonists must find each other and find themselves to preserve everything they hold dear. New chapters are released on the 1st and the 15th of every month.
8 114 - In Serial14 Chapters
Rise Of The Dark Queen
The protagonist gets transported to the world that was nothing more than a game...but this world is far from a game...it's the world filled with many dangers and war rages from all sides..how will she manage in this new world read and find out yourself.
8 215 - In Serial29 Chapters
A Forgotten Soul
One Day God being a typical God decides on a mere whim to completely destroy the Universe and everything in it. Luckily God was merciful enough to send every sentient life form to a different Universe altogether. Though there's a slight problem with this, he forgot to move me.[Warning: May contain varying degrees of graphic violence, nudity, sexual content, mature content, offensive content, explicit language(A lot of cursing, like no joke), and multiple instance of the 4th wall being broken][Disclaimer: This story will be a unknown length, and will be released at unknown intervals. The perspectives may get a little confusing, and chapters may disappear entirely or be completely changed as i see fit. As i am not always satisfied with what i write, and may or may not change the content a few dozen times]
8 137

