《အချစ်ဝိုင် ( Complete )》Part 37
Advertisement
အချစ်ဝိုင် ( part - 37 )
▪▪▪▪▪▪▪▪▪▪
သူမေ့မျောနေသည်မှာ ၄လနီးပါးရှိပြီမို့ ခေသည် တဖြည်းဖြည်းချင်း စိတ်လျော့လာမိသည်ကအမှန်။
ရာခိုင်နှုန်းနည်းပါးမှန်းလည်းသိနေ၍ သူ မရှိရင်ဘယ်လိုနေခဲ့ရမလဲတွေးမိတိုင်း ခေ မျက်ရည်မဆည်နိုင်။
"မေမေ ကြီးမေ ဒေါ်ကြီးသီ"
အိမ်ရှေ့ရောက်ကတည်းက တကျော်ကျော်အော်ရင်းဝင်ပြေးလာသည့်ခေ့ကြောင့် ကြီးမေတို့ ၃ယောက်လုံးထွက်လာကာ စူးစမ်းသလိုကြည့်နေကြသည်။
ပထမတော့ ခေကိုယ်တိုင်ကြောင်သွားပြီးမှ တစ်ချက်ရယ်လိုက်ကာ•••
"ဘာမှမဟုတ်ပါဘူး ကြေးအိုးဝယ်လာလို့ပါ"
ထိုအခါမှ ၃ယောက်သားပြုံးတုံ့တုံ့ဖြင့် ခေ့လက်ထဲကကြေးအိုးထုတ်ကိုလှမ်းယူတော့ တစ်ချက်မသင်္ကာဖြစ်သွားမိသည်။
ဘာလို့ပြုံးတုံ့တုံ့တွေလုပ်နေကြတာလဲ၊ ဧကန္တ သူ များ သတိပြန်ရနေလို့လား။
ခေသည် သူ့ကိုထားသည့်အခန်းထဲကို လှမ်းကြည့်ရင်း စကားပြောသံတွေကိုတစ်ချက်နားစွင့်တော့ စောစောကလာသွားသည့် koreaနန်းတွင်းကားအကြောင်းသာပြောနေကြ၍ ခေ သံသယတွေလွင့်ပျောက်သွားပြန်သည်။
အရင်က ခေတို့အပေါ်ထပ်မှာနေပေမယ့် သူ့ကိုပြုစုလုပ်ကိုင်ပေးဖို့လွယ်အောင် အောက်ထပ်ကိုပြောင်းထားခဲ့ခြင်းဖြစ်သည်။
"သူ သတိရပြီလား"
ခေတို့ကျောင်းပြန်တက်နေရပြီဖြစ်ပြီး အားလုံးကအလုပ်ကိုယ်စီ ပြန်ဖြစ်သွားတော့ သူ့ကိုဘယ်အချိန်နိုးလာမလဲဟု မျှော်လင့်ချက်ဖြင့်သာ စောင့်ကြည့်ရတော့သည်။
"မရသေးဘူး ခေလေး စောစောက ကြီးမေသွားကြည့်ခဲ့သေးတယ်"
သူသည် ပြန်လာမယ်ဆိုသော သူပေးခဲ့သည့်ကတိကိုတည်မည် ဟု ခေထင်မိကာ လုပ်စရာ၊ သွားစရာမရှိတော့သည်နှင့် ခေ သူ့အနားမှာပဲအချိန်ဖြုန်းမိသည်။
အခန်းထဲရောက်လာတော့ သူက အိပ်ပျော်နေဆဲဖြစ်ပြီး ခေ သက်ပြင်းချလိုက်မိသည်။
"ရှင် မထသေးဘူးလား"
ကျောပိုးအိတ်ကိုစားပွဲပေါ်ချလိုက်ရင်း ခေ သူ့ကိုငုံ့ကြည့်ပြီး မေးမိသည်။
သူရှိနေသလိုစကားတွေပြောပြီး စားပွဲပေါ်မှာ စာအုပ်တွေစီနေရင်း ပါးစပ်ကလည်း ပွစိပွစိပြောနေမိတာကိုက ခေ့ရဲ့နိစ္စဓူဝဖြစ်သည်။
"အရမ်းပျင်းဖို့ကောင်းတာပဲ ရှင် ထပါတော့ဆို ခေ့ကိုတစ်ယောက်တည်းထားရတာ ရှင်အတော်ပျော်နေတယ်ပေါ့လေ ရှင့်ကိုမချစ်တော့မှသူများကိုအပြစ်မပြောနဲ့ ဟွန့်.."
ခေ နှုတ်ခမ်းလေးစူကာပြောလိုက်ပြီးမှ အပြင်မှာကြေးအိုးဝယ်လာသည်ကိုသတိရ၍ မီးဖိုခန်းကိုပဲပြန်သွားဖို့စိတ်ကူးကာ သူ့ကိုပြန်ကြည့်မိသည်။
"ဟင်!!"
သူက ခေ့ကိုစိုက်ကြည့်ရင်းပြုံးနေခဲ့ကာ ဘာစကားမှလည်းမပြော။
ခေများမျက်စိမှားနေသလားဟု မျက်လုံးတွေကိုဖိပွတ်ကြည့်မိတော့ သူက အသံမထွက်အောင်ရယ်သည်မှာ ပခုံးတွေပင်လှုပ်လို့။
"ရှင် နိုးလာပြီပဲ"
ခေ တုန်တုန်ယင်ယင်ဖြစ်သွားပြီး နှုတ်ခမ်းလေးနဲ့လက်ဖဝါးတွေနှင့်အုပ်ကာ ခုန်ဆွဆွလေးဖြစ်သွားသည်အထိ ဝမ်းသာသွားမိသည်။
"နိုးနေတာကို သူများကိုအသံမပေးဘူး ဒီမှာဘယ်လောက်မျှော်နေရလဲ ရှင်မသိဘူးလား မင်းစေ လူယုတ်မာ"
ပြောနေရင်း ခေ ငိုချင်လာတာမို့ သူ့ကိုတအားဖက်ထားလိုက်တော့ သူက ခေ့ကျောပြင်ကိုဖွဖွလေးပွတ်သပ်သည်။
ပြီးမှ တဖြည်းဖြည်းချင်းတင်းကျပ်လာပြီး ခေ့တစ်ကိုယ်လုံးကိုပွေ့ယူကာ လည်တိုင်လေးကို တဖွဖွနမ်းသည်။
"အစကတော့မနိုးသေးဘူး နောက်တော့မှနားညည်းလာတာနဲ့"
"ရှင် လူညစ် လူယုတ်မာ"
"ဘာလဲ ဒီမျက်ရည်က ငါ့ကိုဒုက္ခပေးမယ့်သူပြန်ရောက်လာပြီဆိုပြီး ငိုတာလား"
သူက ခေ့ပါးပေါ်က အေးစက်စက်မျက်ရည်စတွေသုတ်ပေးရင်း နဖူးကိုဖွဖွလေးငုံ့နမ်းကာ မေးသည်။
"ဟုတ်တယ် ဒီမှာဒုက္ခပေးခံချင်လို့ရူးတော့မယ် အဲ့ဒီလူယုတ်မာက ဘယ်အချိန်ကသတိရနေတာလဲ မေမေတို့ကဘာမှလည်းမပြောဘူး"
"နေ့လည်လောက်ကပဲ မပြောဆို ကိုယ်ကပိတ်ထားတာလေ မင်းပျော်သွားတာလေးမြင်ချင်လို့"
ခေ နှုတ်ခမ်းလေးကိုက်ပြီး ငိုလည်းငိုနေရင်း သူ့ရင်ဘတ်ကြီးကို တအားထုနေမိသည်။
အခန်းဝဆီမှ ကြီးမေတို့ရဲ့ရယ်သံတွေကြောင့် ခေ လှည့်ကြည့်မိရင်း ရှက်ကိုးရှက်ကန်းဖြစ်သွားပေမယ့် ငိုချင်နေတာကိုတော့ ထိန်းမရ။
မျက်ရည်တွေလည်းမတိတ်သလို ခြေဖျားလက်ဖျားတွေပါအေးစက်ကာ တုန်ယင်နေသည်အထိ။
သူနှင့်အတူရှိခဲ့ရသည့် တစ်နှစ်ကျော်ကာလမှာ ပျော်ရလွန်းလို့ငိုမိတာ ဒီတစ်ခါပဲရှိသေးသည်ထင်၏။
"ပြန်လာမယ်ဆိုတာသိပေမယ့် ခေ မယုံရဲဘူးသိလား မသိစိတ်ထဲမှာကြောက်နေမိတာ"
"ကိုယ် ကတိပေးထားတယ်လေ"
တိုးဖွသော သူ့စကားကြောင့် ခေ ပြုံးမိသလားမသိဘဲ သူ့လည်ပင်းကို တအားဖက်ထားလိုက်ရင်း ခေ ထပ်ငိုမိတော့ သူ ငြိမ်နေသည်။
"တိတ်ပါတော့ သမီးရယ် နားညည်းတယ်ဆိုပြီးပြန်အိပ်သွားဦးမယ်"
မေမေ့ရဲ့အရွှန်းဖောက်စကားကြောင့် အားလုံးရယ်ကြပေမယ့် ခေကတော့ မရယ်နိုင်။
သူ့နားရွက်ကို အားရပါးရဆွဲလိမ်ပစ်ရင်း...
"အိပ်ရဲအိပ်ကြည့်ပါလား ရှင့်ကိုတကယ်သတ်ပစ်မယ်"
နာသွားပေမယ့် သူရယ်နေခဲ့ကာ ခေ့လက်ဖဝါးကို တင်းတင်းလေးဖိဆုပ်ထားသည်။
အိမ်မက်ထဲကလို သူ့ရဲ့လက်ဖဝါးတွေက နူးညံ့နွေးထွေးလို့...
▪▪▪⏳⏳⏳▪▪▪
"ရေသောက်ဦးမလား"
ထမင်းနည်းနည်းစားပြီး ရေမသောက်သေး၍ ခေက ရေခွက်ကိုလှမ်းပေးတော့ သူကယူပြီးနည်းနည်းပဲသောက်သည်။
Comaဖြစ်ခဲ့သည့် လေးလလောက် အိပ်ယာထဲလှဲနေရသည့်သူသည် လမ်းလျှောက်ဖို့အတွက် အခက်အခဲဖြစ်နေ၍ ဝှီးလ်ချဲအကူအညီဖြင့်သာ သွားလို့ရသည်။
"အကြောတွေရပ်နေလို့ပါ ဖြည်းဖြည်းချင်းလေ့ကျင့်ပေးရင်တော့ အရင်လိုပြန်ဖြစ်လာမှာ လမ်းလျှောက်တော့ပြန်ကျင့်ပေးပေါ့"
အကြောဆရာဝန်က အသေအချာမှာသွားသည်မို့ ဆေးတိုက်ရမည့်အလုပ်ကို ခေ တာဝန်ယူသည့်အခါ သူက ခိုးပြုံး၏။
"တစ်ယောက်တည်းနေရတာပျင်းတယ်ဆို ပြောတော့လေ ဒီမှာ အရှင်လတ်လတ်ကြီးထိုင်နေတယ်"
သူက ခါတိုင်းလိုအမြင်ကတ်စရာကောင်းအောင် စကားတွေပြောနေပေမယ့် ခေ ဒေါသမဖြစ်တော့တာသေချာသည်။
မိုးကုတ်မှာတွေ့ခဲ့တုန်းကလောက် မပိန်တော့ပေမယ့် dripဖြင့်သာနေခဲ့ရသည်မို့ ပိန်တော့ပိန်သေး၏။
ပိန်သွားပေမယ့် သူက မျက်ခုံး၊မျက်လုံး၊နှာတံတွေ ပိုပေါ်လာသလို ခေ အခုမှသူ့မျက်နှာကို စေ့စေ့စပ်စပ်ကြည့်မိသည်ဆိုရင် ရယ်စရာကောင်းနေမလား...
"ကြည့်လို့ဝပြီလား"
သူ မေးတော့မှ ခေ ရှက်ကိုးရှက်ကန်းလေးရယ်မိကာ မျက်နှာလွှဲပစ်သည်။
"ခေ အခုမှရှင့်ကိုသေချာကြည့်မိလို့ပါ"
"ကောင်းသားပဲ"
အရင်ကလိုမဟုတ်တော့သည့်သူက စကားလည်းနည်းလာသလို ရယ်ရင်လည်းတိုးတိုးဖွဖွသာ။
ခေ့ကိုလည်းဂရုတစိုက်ရှိသလို သူ့အကြည့်တွေ နွေးထွေးနူးညံ့နေပုံက တခြားလူတစ်ယောက်ဖြစ်သွားသလိုပင်။
"ရှင်သတိလစ်နေတုန်းက ခေ ရှင့်ကိုတွေ့လိုက်သလိုပဲ တစ်ခါတစ်လေ ခေါ်နေတဲ့အသံတွေကြားတယ် ဒက်ဒီတို့ကိုပြောပြတော့လည်း ခေ့ကိုအရူးလိုဝိုင်းကြည့်နေကြတာ ရှက်စရာကြီး"
ခေ ပခုံးလေးတွန့်ရင်းပြောမိတော့ သူက ခပ်ဝေးဝေးတစ်နေရာကိုစိုက်ကြည့်နေခဲ့သည်။
ထိုအကြောင်းတွေကို သူပြန်ပြောချင်ဟန်လည်းရှိသည်မို့ ခေ နှုတ်ဆိတ်ရင်းငြိမ်နေလိုက်သည်။
"ကိုယ် ဘယ်ရောက်လို့ရောက်နေမှန်းမသိဘူး မရောက်ဖူးတဲ့နေရာတွေရော ရောက်ဖူးတဲ့နေရာတွေရော
မိုးကုတ်ကိုလည်းရောက်တယ် ဒီအိမ်ကိုလည်းရောက်တယ် မင်းဆီကိုလည်းရောက်တယ် အဲ့တုန်းက ကိုယ်ခေါ်လို့လည်းဘယ်သူမှမကြားဘူးသိလား နည်းနည်းတော့ဝမ်းနည်းဖို့ကောင်းတယ်"
ခေ သူ့လက်တစ်ဖက်ကိုဆွဲယူကာ ပါးမှာကပ်ထားလိုက်တော့ အဝေးကိုကြည့်နေခဲ့သည့်သူ့အကြည့်တွေ ခေ့ဆီပြန်ရောက်လာသည်။
Advertisement
"ခေ ကြားတယ်လေ"
"မင်း လိုက်ရှာနေတာ ကိုယ်မြင်ပါတယ် ဒါပေမယ့် နောက်ထပ်အသံတွေကိုတော့ မင်းမကြားတော့ဘူးလေ"
ထိုအချိန်တွေကို သူ ဘယ်လိုများဖြတ်ကျော်ခဲ့ရသလဲဟု တွေးမိရင်း စိတ်မကောင်းဖြစ်သွားသည်။
"ပြောပြစရာတွေရှိတယ် နားထောင်မလား"
ကြမ်းပြင်ပေါ်ထိုင်နေသည်ကို သူက ပေါင်ပေါ်မှာထိုင်ခိုင်းတော့ ခေက ထိုင်လိုက်ကာ လည်ပင်းကိုဖက်ထားလိုက်သည်။
သူကလည်း ခေ့ကိုပျောက်ကွယ်သွားမှာစိုးသလို ခပ်တင်းတင်းဖက်ထားရင်း ခေ့ပခုံးလေးကိုမှီပြီး လည်တိုင်လေးကိုနမ်းသည်။
"အဲ့ဒီတုန်းက မင်းကိုမြင်နေရပေမယ့် ထိလို့လည်းမရဘူး နမ်းလို့လည်းမရဘူး ကိုယ်အရမ်းလွမ်းနေခဲ့တာ"
ခေလည်း သူ့ကိုအရမ်းလွမ်းနေခဲ့တာပါ...
မကြားချင်လည်းကြားခဲ့ရသည့်အသံကိုရော၊ ဆွဲကုတ်ပစ်ချင်ခဲ့သောမျက်နှာကိုပါ ခေ သိပ်လွမ်းခဲ့ရတာပါ...
"ကိုယ် အရမ်းပြန်လာချင်ခဲ့တာသိလား"
"အင်း"
"မင်းငိုနေတာတွေ တွေ့လည်း ထိမရကိုင်မရနဲ့ စကားပြောလည်းမကြား ကိုယ်ကမှတကယ်အရူးလိုပဲ"
"ဒါနဲ့လေ ရှင် ခေ့ဆီမှာပဲတစ်ချိန်လုံးရှိနေတာလား"
"အမြဲတမ်းတော့မဟုတ်ပေမယ့် အများအားဖြင့်တော့ရှိတယ်"
"တွေ့လား စိတ်နဲ့လူနဲ့ကပ်နေတုန်းကတော့ သူများကိုအနိုင်ကျင့်ပြီး တခြားစီဖြစ်သွားတော့မှ သရဲလို လိုက်ကပ်နေတာ ရှင်တရားလွန်တယ်လို့မထင်ဘူးလား"
ခေ မျက်စောင်းလေးထိုးတော့ သူက ရယ်ကာ ဆံပင်တွေကိုဆွဲဖွပြီး ပါးလေးကိုမနာအောင်ဆွဲဖဲ့သည်။
ခေ ပြုံးလိုက်ကာ မညှပ်တာကြာပြီဖြစ်သော သူ့ဆံပင်တွေကိုဆွဲဖွပစ်လိုက်သည်။
သူ့ဆီကရနေကျ ရေမွှေးနံ့ကိုလည်း ခေ အနီးကပ်ရနေတာမို့ ပိုပြီးသဘောကျနေမိသည်။
"ခုလိုဖြစ်တာလည်းတန်ပါတယ် ကိုယ်ကျေနပ်ပါတယ် ပြီးတော့ မေမေ့ကိုတိုင်ပင်တုန်းက ကိုယ်မသွားခင် မင်းဖြစ်ချင်သမျှ အကုန်လိုက်လျောပေးမယ်လို့ ပြောခဲ့သေးတယ် မင်းက အရမ်းတွေ ကွဲချင်ကွာချင်နေတော့လေ"
"အာ့ဆို ခု ကွာပေးလိုက်လေ ဟွန့်"
"တကယ်လား မင်းနေနိုင်လို့လား ကိုယ်မရှိတော့ဘူးထင်ပြီးတအားအော်ငိုတာ ဘယ်သူလဲ မသိဘူးမမြင်ဘူးမထင်နဲ့နော်"
"ရှင်.. လူယုတ် လူညစ် အကျင့်မကောင်းတဲ့လူ"
ခေ သူ့ပခုံးကိုကိုက်ပစ်တော့ သူကတဟားဟားရယ်ရင်း ခေ့ပခုံးစွန်းလေးကိုနမ်းသည်။
"ရန်ဖြစ်တိုင်း ဒေါသနဲ့ပြောခဲ့တာတွေအတွက် ကိုယ်တောင်းပန်ပါတယ် ကိုယ်ကချစ်ပဲချစ်ခဲ့တာလေ ထုတ်မှမပြတတ်ခဲ့ဘဲ အဲ့ဒါကြောင့် မင်းကိုမချစ်ရသေးဘဲ သေသွားမှာကြောက်ခဲ့တာ ပြီးတော့"
ခေ့လက်ကလေးကို ဖွဖွလေးဆုပ်ယူရင်း သူ့ပါးမှာကပ်ကာ ခေ့မျက်နှာလေးကိုမော့ကြည့်သည်။
"မင်းမုန်းနေဦးမှာကိုလည်း စိုးတယ်"
"ခေလေ မိုးကုတ်မှာတုန်းက ရှင့်အဖေကိုကတိပေးခဲ့တယ် ရှင် လိမ္မာလာရင် ခေ့ဘက်ကလည်းအလျှော့ပေးမယ်လို့"
"ကိုယ် တစ်သက်လုံးမဆိုးတော့ဘူးဆိုရင်ရော"
ခေ့နှုတ်ခမ်းလေးပြုံးသွားကာ သူ့နဖူးကို ဖွဖွလေးနမ်းလိုက်သည်။
"အခုထက်ပိုချစ်ပေးမယ်"
သူ ကျေနပ်သွားသလို ခေ့မျက်နှာလေးကိုဆွဲယူပြီးနှုတ်ခမ်းတွေကို ခပ်ပြင်းပြင်းစုပ်ယူနမ်းရှိုက်သည်။
ခေ သူ့ရင်ဘတ်အင်္ကျီစလေးကို ဆုပ်ဆွဲထားရင်း သူ့အနမ်းတွေကို ကြည်ကြည်ဖြူဖြူ ငြိမ်သက်နေမိသည်။
တဖြည်းဖြည်းတင်းကျပ်ရစ်နွယ်လာသည့် သူ့လက်တွေကိုလည်းမလွှတ်စေချင်သလို သူ့အနမ်းတွေကြောင့် မွှန်းသလိုဖြစ်မိပေမယ့် မရပ်စေချင်။
ခေ တကယ်ချစ်မိနေပါပြီ...
▪▪▪⏳⏳⏳▪▪▪
"ရှင်တစ်ချိန်လုံးကြည့်နေတော့မှာလား"
အိပ်ခါနီးမှာတောင် ခေ့ကိုကြည့်နေသေးသည့်သူက ခေ့စကားကြောင့် ပြုံးနေလျက်ခေါင်းညိတ်ပြသည်။
သူ့ပုံစံက ခေပျောက်ကွယ်သွားမှာ စိုးရိမ်နေသလိုပင်။
"မအိပ်ချင်သေးရင် အရင်ကအကြောင်းတွေပြောပြပါလား ဆော်ကြည်ဘဲကြီးက ခေ့ကိုဘယ်လိုတွေကြွေခဲ့တာလဲ သိချင်လို့"
"ဆော်မကြည်ရင်နေပါ မင်း ကြည်ရင်လုံလောက်တယ်"
ခေ့နဖူးလေးကိုဖွဖွလေးနမ်းတော့ ကျေနပ်သွား
သည်မို့ သူ့ရင်ခွင်ထဲ ခေါင်းလေးတိုးဝင်မိတော့ ခေ ရနေကျသူ့ရဲ့ရေမွှေးနံ့လေး...
"မင်း ရန်ကုန်ကပါဆိုပြီး အိမ်ထဲစဝင်လာကတည်းက ကိုယ်စိတ်ဝင်စားမိတာ မင်းကတော့ အတော်မျက်မုန်းကျိုးနေမှာပေါ့ ဒီလူကဘာလဲဆိုပြီး"
"မုန်းတာပေါ့ လူကိုကြည့်တာများကြောက်စရာကြီး"
"အဲ့ဒီနောက်ပိုင်း မင်းရောက်လာရင် ကိုယ်မသိမသာလိုက်ကြည့်နေမိတာတွေ မခကိုကျောင်းကြိုပို့လုပ်ရင် မင်းနဲ့များတွေ့မလားဆိုပြီးလိုက်လာတာမျိုးတွေ"
"ခေမသိဘူး"
"နည်းနည်းတော့အဆင်ပြေသွားပြီဆိုပြီး ကောင်လေးနဲ့ရုပ်ရှင်ကြည့်လာရလို့ ပျော်နေတာ ကိုယ်တကယ်မမေ့ဘူး အဲ့ဒီအပြုံးလေး"
"ဟီး.. အဲ့ဒါလည်းမြင်တယ်လား"
"Heaven Hotelရှေ့အထိရောက်တယ် မင်းနောက်ကိုလိုက်လာတာ မသိဘူးမလား"
"အင်း"
"ဟိုအံဆွဲထဲမှာ အပြာရောင်ဘူးလေးရှိတယ် ထယူလိုက် မင်းအတွက်surprise"
ခေ သိချင်သွား၍ သူညွှန်ပြသည့်အံဆွဲကိုဖွင့်ကာ အနောက်ထဲရောက်နေသော အပြာရောင်ဘူးလေးကိုဆွဲထုတ်ယူလိုက်သည်။
ဘူးလေးကိုဖွင့်ကြည့်လိုက်တော့မှ ခေ တကယ်surpriseဖြစ်သွားပြီး သူ့ကိုပြန်လှည့်ကြည့်မိသည်။
"ဘယ်လိုလဲ"
"မင်းစေရာ ရှင် အရူးကြီး..."
ခေ ဓာတ်ပုံတွေကိုပါယူလာပြီး စောစောကလို သူ့ရင်ခွင်ထဲပြန်မှီထားလိုက်တော့ သူကခေ့လက်ထဲက ဓာတ်ပုံတစ်ပုံကိုယူကြည့်သည်။
"အဲ့ဒါ မခကို ကျော်ပီယလာအပ်ခါနီး မင်းပြင်ဦးလွင်ပြန်သွားတုန်းက"
"ဒါကရော"
"လက်မှတ်ထိုးတဲ့ညလေ ကိုယ့်ကိုစိတ်ဆိုးနေတာကြည့်ဦး စူပုတ်နေတာပဲ"
"ရှင့်ကိုချစ်တယ်"
သူက ဓာတ်ပုံတွေကိုကြည့်နေရာမှ ခေ့ဆီအကြည့်ရောက်လာကာ မကြားလိုက်သလို နားရွက်ထဲလက်ညှိုးထိုးထည့်ရင်း ခါပစ်ပြီး...
"မကြားလိုက်ရဘူး"
"ရှင့်ကိုချစ်တယ်လို့"
သူက သူ့လက်ထဲကဓာတ်ပုံတွေရော၊ ခေ့လက်ထဲကဓာတ်ပုံတွေကိုရော စားပွဲပေါ်တင်လိုက်ပြီး ခေ့ကိုယ်လေးကို သိမ်းဖက်သည်။
ခေ့နှုတ်ခမ်းလေးကို မထိတထိလေးနမ်းကာ...
"ကိုယ်လည်းချစ်တယ်"
▪▪▪⏳⏳⏳▪▪▪
Part 38 ဆက်ရန်
စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997
~~~~~~~~~~~~~~~~~~~~~~~~~~
အခ်စ္ဝိုင္ ( part - 37 )
▪▪▪▪▪▪▪▪▪▪
သူေမ့ေမ်ာေနသည္မွာ ၄လနီးပါးရိွၿပီမို႔ ေခသည္ တျဖည္းျဖည္းခ်င္း စိတ္ေလ်ာ့လာမိသည္ကအမွန္။
ရာခိုင္ႏႈန္းနည္းပါးမွန္းလည္းသိေန၍ သူ မရိွရင္ဘယ္လိုေနခဲ့ရမလဲေတြးမိတိုင္း ေခ မ်က္ရည္မဆည္ႏိုင္။
"ေမေမ ႀကီးေမ ေဒၚႀကီးသီ"
အိမ္ေရ႔ွေရာက္ကတည္းက တေက်ာ္ေက်ာ္ေအာ္ရင္းဝင္ေျပးလာသၫ့္ေခ့ေၾကာင့္ ႀကီးေမတို႔ ၃ေယာက္လံုးထြက္လာကာ စူးစမ္းသလိုၾကၫ့္ေနၾကသည္။
ပထမေတာ့ ေခကိုယ္တိုင္ေၾကာင္သြားၿပီးမွ တစ္ခ်က္ရယ္လိုက္ကာ•••
"ဘာမွမဟုတ္ပါဘူး ေၾကးအိုးဝယ္လာလို႔ပါ"
ထိုအခါမွ ၃ေယာက္သားႃပံုးတံု႔တံု႔ျဖင့္ ေခ့လက္ထဲကေၾကးအိုးထုတ္ကိုလွမ္းယူေတာ့ တစ္ခ်က္မသကၤာျဖစ္သြားမိသည္။
ဘာလို႔ႃပံုးတံု႔တံု႔ေတြလုပ္ေနၾကတာလဲ၊ ဧကႏၲ သူ မ်ား သတိျပန္ရေနလို႔လား။
ေခသည္ သူ႔ကိုထားသၫ့္အခန္းထဲကို လွမ္းၾကၫ့္ရင္း စကားေျပာသံေတြကိုတစ္ခ်က္နားစြင့္ေတာ့ ေစာေစာကလာသြားသၫ့္ koreaနန္းတြင္းကားအေၾကာင္းသာေျပာေနၾက၍ ေခ သံသယေတြလြင့္ေပ်ာက္သြားျပန္သည္။
အရင္က ေခတို႔အေပၚထပ္မွာေနေပမယ့္ သူ႔ကိုျပဳစုလုပ္ကိုင္ေပးဖို႔လြယ္ေအာင္ ေအာက္ထပ္ကိုေျပာင္းထားခဲ့ျခင္းျဖစ္သည္။
Advertisement
"သူ သတိရၿပီလား"
ေခတို႔ေက်ာင္းျပန္တက္ေနရၿပီျဖစ္ၿပီး အားလံုးကအလုပ္ကိုယ္စီ ျပန္ျဖစ္သြားေတာ့ သူ႔ကိုဘယ္အခ်ိန္ႏိုးလာမလဲဟု ေမ်ွာ္လင့္ခ်က္ျဖင့္သာ ေစာင့္ၾကၫ့္ရေတာ့သည္။
"မရေသးဘူး ေခေလး ေစာေစာက ႀကီးေမသြားၾကၫ့္ခဲ့ေသးတယ္"
သူသည္ ျပန္လာမယ္ဆိုေသာ သူေပးခဲ့သၫ့္ကတိကိုတည္မည္ ဟု ေခထင္မိကာ လုပ္စရာ၊ သြားစရာမရိွေတာ့သည္ႏွင့္ ေခ သူ႔အနားမွာပဲအခ်ိန္ျဖဳန္းမိသည္။
အခန္းထဲေရာက္လာေတာ့ သူက အိပ္ေပ်ာ္ေနဆဲျဖစ္ၿပီး ေခ သက္ျပင္းခ်လိုက္မိသည္။
"ရွင္ မထေသးဘူးလား"
ေက်ာပိုးအိတ္ကိုစားပဲြေပၚခ်လိုက္ရင္း ေခ သူ႔ကိုငံု႔ၾကၫ့္ၿပီး ေမးမိသည္။
သူရိွေနသလိုစကားေတြေျပာၿပီး စားပဲြေပၚမွာ စာအုပ္ေတြစီေနရင္း ပါးစပ္ကလည္း ပြစိပြစိေျပာေနမိတာကိုက ေခ့ရဲ့နိစၥဓူဝျဖစ္သည္။
"အရမ္းပ်င္းဖို႔ေကာင္းတာပဲ ရွင္ ထပါေတာ့ဆို ေခ့ကိုတစ္ေယာက္တည္းထားရတာ ရွင္အေတာ္ေပ်ာ္ေနတယ္ေပါ့ေလ ရွင့္ကိုမခ်စ္ေတာ့မွသူမ်ားကိုအျပစ္မေျပာနဲ႔ ဟြန႔္.."
ေခ ႏႈတ္ခမ္းေလးစူကာေျပာလိုက္ၿပီးမွ အျပင္မွာေၾကးအိုးဝယ္လာသည္ကိုသတိရ၍ မီးဖိုခန္းကိုပဲျပန္သြားဖို႔စိတ္ကူးကာ သူ႔ကိုျပန္ၾကၫ့္မိသည္။
"ဟင္!!"
သူက ေခ့ကိုစိုက္ၾကၫ့္ရင္းႃပံုးေနခဲ့ကာ ဘာစကားမွလည္းမေျပာ။
ေခမ်ားမ်က္စိမွားေနသလားဟု မ်က္လံုးေတြကိုဖိပြတ္ၾကၫ့္မိေတာ့ သူက အသံမထြက္ေအာင္ရယ္သည္မွာ ပခံုးေတြပင္လႈပ္လို႔။
"ရွင္ ႏိုးလာၿပီပဲ"
ေခ တုန္တုန္ယင္ယင္ျဖစ္သြားၿပီး ႏႈတ္ခမ္းေလးနဲ႔လက္ဖဝါးေတြႏွင့္အုပ္ကာ ခုန္ဆြဆြေလးျဖစ္သြားသည္အထိ ဝမ္းသာသြားမိသည္။
"ႏိုးေနတာကို သူမ်ားကိုအသံမေပးဘူး ဒီမွာဘယ္ေလာက္ေမ်ွာ္ေနရလဲ ရွင္မသိဘူးလား မင္းေစ လူယုတ္မာ"
ေျပာေနရင္း ေခ ငိုခ်င္လာတာမို႔ သူ႔ကိုတအားဖက္ထားလိုက္ေတာ့ သူက ေခ့ေက်ာျပင္ကိုဖြဖြေလးပြတ္သပ္သည္။
ၿပီးမွ တျဖည္းျဖည္းခ်င္းတင္းက်ပ္လာၿပီး ေခ့တစ္ကိုယ္လံုးကိုေပြ့ယူကာ လည္တိုင္ေလးကို တဖြဖြနမ္းသည္။
"အစကေတာ့မႏိုးေသးဘူး ေနာက္ေတာ့မွနားညည္းလာတာနဲ႔"
"ရွင္ လူညစ္ လူယုတ္မာ"
"ဘာလဲ ဒီမ်က္ရည္က ငါ့ကိုဒုကၡေပးမယ့္သူျပန္ေရာက္လာၿပီဆိုၿပီး ငိုတာလား"
သူက ေခ့ပါးေပၚက ေအးစက္စက္မ်က္ရည္စေတြသုတ္ေပးရင္း နဖူးကိုဖြဖြေလးငံု႔နမ္းကာ ေမးသည္။
"ဟုတ္တယ္ ဒီမွာဒုကၡေပးခံခ်င္လို႔ရူးေတာ့မယ္ အဲ့ဒီလူယုတ္မာက ဘယ္အခ်ိန္ကသတိရေနတာလဲ ေမေမတို႔ကဘာမွလည္းမေျပာဘူး"
"ေန့လည္ေလာက္ကပဲ မေျပာဆို ကိုယ္ကပိတ္ထားတာေလ မင္းေပ်ာ္သြားတာေလးျမင္ခ်င္လို႔"
ေခ ႏႈတ္ခမ္းေလးကိုက္ၿပီး ငိုလည္းငိုေနရင္း သူ႔ရင္ဘတ္ႀကီးကို တအားထုေနမိသည္။
အခန္းဝဆီမွ ႀကီးေမတို႔ရဲ့ရယ္သံေတြေၾကာင့္ ေခ လွၫ့္ၾကၫ့္မိရင္း ရွက္ကိုးရွက္ကန္းျဖစ္သြားေပမယ့္ ငိုခ်င္ေနတာကိုေတာ့ ထိန္းမရ။
မ်က္ရည္ေတြလည္းမတိတ္သလို ေျခဖ်ားလက္ဖ်ားေတြပါေအးစက္ကာ တုန္ယင္ေနသည္အထိ။
သူႏွင့္အတူရိွခဲ့ရသၫ့္ တစ္ႏွစ္ေက်ာ္ကာလမွာ ေပ်ာ္ရလြန္းလို႔ငိုမိတာ ဒီတစ္ခါပဲရိွေသးသည္ထင္၏။
"ျပန္လာမယ္ဆိုတာသိေပမယ့္ ေခ မယံုရဲဘူးသိလား မသိစိတ္ထဲမွာေၾကာက္ေနမိတာ"
"ကိုယ္ ကတိေပးထားတယ္ေလ"
တိုးဖြေသာ သူ႔စကားေၾကာင့္ ေခ ႃပံုးမိသလားမသိဘဲ သူ႔လည္ပင္းကို တအားဖက္ထားလိုက္ရင္း ေခ ထပ္ငိုမိေတာ့ သူ ၿငိမ္ေနသည္။
"တိတ္ပါေတာ့ သမီးရယ္ နားညည္းတယ္ဆိုၿပီးျပန္အိပ္သြားဦးမယ္"
ေမေမ့ရဲ့အရႊန္းေဖာက္စကားေၾကာင့္ အားလံုးရယ္ၾကေပမယ့္ ေခကေတာ့ မရယ္ႏိုင္။
သူ႔နားရြက္ကို အားရပါးရဆဲြလိမ္ပစ္ရင္း...
"အိပ္ရဲအိပ္ၾကၫ့္ပါလား ရွင့္ကိုတကယ္သတ္ပစ္မယ္"
နာသြားေပမယ့္ သူရယ္ေနခဲ့ကာ ေခ့လက္ဖဝါးကို တင္းတင္းေလးဖိဆုပ္ထားသည္။
အိမ္မက္ထဲကလို သူ႔ရဲ့လက္ဖဝါးေတြက ႏူးညံ့ေနြးေထြးလို႔...
▪▪▪⏳⏳⏳▪▪▪
"ေရေသာက္ဦးမလား"
ထမင္းနည္းနည္းစားၿပီး ေရမေသာက္ေသး၍ ေခက ေရခြက္ကိုလွမ္းေပးေတာ့ သူကယူၿပီးနည္းနည္းပဲေသာက္သည္။
Comaျဖစ္ခဲ့သၫ့္ ေလးလေလာက္ အိပ္ယာထဲလွဲေနရသၫ့္သူသည္ လမ္းေလ်ွာက္ဖို႔အတြက္ အခက္အခဲျဖစ္ေန၍ ဝွီးလ္ခ်ဲအကူအညီျဖင့္သာ သြားလို႔ရသည္။
"အေၾကာေတြရပ္ေနလို႔ပါ ျဖည္းျဖည္းခ်င္းေလ့က်င့္ေပးရင္ေတာ့ အရင္လိုျပန္ျဖစ္လာမွာ လမ္းေလ်ွာက္ေတာ့ျပန္က်င့္ေပးေပါ့"
အေၾကာဆရာဝန္က အေသအခ်ာမွာသြားသည္မို႔ ေဆးတိုက္ရမၫ့္အလုပ္ကို ေခ တာဝန္ယူသည့္အခါ သူက ခိုးႃပံုး၏။
"တစ္ေယာက္တည္းေနရတာပ်င္းတယ္ဆို ေျပာေတာ့ေလ ဒီမွာ အရွင္လတ္လတ္ႀကီးထိုင္ေနတယ္"
သူက ခါတိုင္းလိုအျမင္ကတ္စရာေကာင္းေအာင္ စကားေတြေျပာေနေပမယ့္ ေခ ေဒါသမျဖစ္ေတာ့တာေသခ်ာသည္။
မိုးကုတ္မွာေတြ့ခဲ့တုန္းကေလာက္ မပိန္ေတာ့ေပမယ့္ dripျဖင့္သာေနခဲ့ရသည္မို႔ ပိန္ေတာ့ပိန္ေသး၏။
ပိန္သြားေပမယ့္ သူက မ်က္ခံုး၊မ်က္လံုး၊ႏွာတံေတြ ပိုေပၚလာသလို ေခ အခုမွသူ႔မ်က္ႏွာကို ေစ့ေစ့စပ္စပ္ၾကၫ့္မိသည္ဆိုရင္ ရယ္စရာေကာင္းေနမလား...
"ၾကၫ့္လို႔ဝၿပီလား"
သူ ေမးေတာ့မွ ေခ ရွက္ကိုးရွက္ကန္းေလးရယ္မိကာ မ်က္ႏွာလႊဲပစ္သည္။
"ေခ အခုမွရွင့္ကိုေသခ်ာၾကၫ့္မိလို႔ပါ"
"ေကာင္းသားပဲ"
အရင္ကလိုမဟုတ္ေတာ့သၫ့္သူက စကားလည္းနည္းလာသလို ရယ္ရင္လည္းတိုးတိုးဖြဖြသာ။
ေခ့ကိုလည္းဂရုတစိုက္ရိွသလို သူ႔အၾကၫ့္ေတြ ေနြးေထြးႏူးညံ့ေနပံုက တျခားလူတစ္ေယာက္ျဖစ္သြားသလိုပင္။
"ရွင္သတိလစ္ေနတုန္းက ေခ ရွင့္ကိုေတြ့လိုက္သလိုပဲ တစ္ခါတစ္ေလ ေခၚေနတဲ့အသံေတြၾကားတယ္ ဒက္ဒီတို႔ကိုေျပာျပေတာ့လည္း ေခ့ကိုအရူးလိုဝိုင္းၾကၫ့္ေနၾကတာ ရွက္စရာႀကီး"
ေခ ပခံုးေလးတြန႔္ရင္းေျပာမိေတာ့ သူက ခပ္ေဝးေဝးတစ္ေနရာကိုစိုက္ၾကၫ့္ေနခဲ့သည္။
ထိုအေၾကာင္းေတြကို သူျပန္ေျပာခ်င္ဟန္လည္းရိွသည္မို႔ ေခ ႏႈတ္ဆိတ္ရင္းၿငိမ္ေနလိုက္သည္။
"ကိုယ္ ဘယ္ေရာက္လို႔ေရာက္ေနမွန္းမသိဘူး မေရာက္ဖူးတဲ့ေနရာေတြေရာ ေရာက္ဖူးတဲ့ေနရာေတြေရာ
မိုးကုတ္ကိုလည္းေရာက္တယ္ ဒီအိမ္ကိုလည္းေရာက္တယ္ မင္းဆီကိုလည္းေရာက္တယ္ အဲ့တုန္းက ကိုယ္ေခၚလို႔လည္းဘယ္သူမွမၾကားဘူးသိလား နည္းနည္းေတာ့ဝမ္းနည္းဖို႔ေကာင္းတယ္"
ေခ သူ႔လက္တစ္ဖက္ကိုဆဲြယူကာ ပါးမွာကပ္ထားလိုက္ေတာ့ အေဝးကိုၾကၫ့္ေနခဲ့သၫ့္သူ႔အၾကၫ့္ေတြ ေခ့ဆီျပန္ေရာက္လာသည္။
"ေခ ၾကားတယ္ေလ"
"မင္း လိုက္ရွာေနတာ ကိုယ္ျမင္ပါတယ္ ဒါေပမယ့္ ေနာက္ထပ္အသံေတြကိုေတာ့ မင္းမၾကားေတာ့ဘူးေလ"
ထိုအခ်ိန္ေတြကို သူ ဘယ္လိုမ်ားျဖတ္ေက်ာ္ခဲ့ရသလဲဟု ေတြးမိရင္း စိတ္မေကာင္းျဖစ္သြားသည္။
"ေျပာျပစရာေတြရိွတယ္ နားေထာင္မလား"
ၾကမ္းျပင္ေပၚထိုင္ေနသည္ကို သူက ေပါင္ေပၚမွာထိုင္ခိုင္းေတာ့ ေခက ထိုင္လိုက္ကာ လည္ပင္းကိုဖက္ထားလိုက္သည္။
သူကလည္း ေခ့ကိုေပ်ာက္ကြယ္သြားမွာစိုးသလို ခပ္တင္းတင္းဖက္ထားရင္း ေခ့ပခံုးေလးကိုမွီၿပီး လည္တိုင္ေလးကိုနမ္းသည္။
"အဲ့ဒီတုန္းက မင္းကိုျမင္ေနရေပမယ့္ ထိလို႔လည္းမရဘူး နမ္းလို႔လည္းမရဘူး ကိုယ္အရမ္းလြမ္းေနခဲ့တာ"
ေခလည္း သူ႔ကိုအရမ္းလြမ္းေနခဲ့တာပါ...
မၾကားခ်င္လည္းၾကားခဲ့ရသၫ့္အသံကိုေရာ၊ ဆဲြကုတ္ပစ္ခ်င္ခဲ့ေသာမ်က္ႏွာကိုပါ ေခ သိပ္လြမ္းခဲ့ရတာပါ...
"ကိုယ္ အရမ္းျပန္လာခ်င္ခဲ့တာသိလား"
"အင္း"
"မင္းငိုေနတာေတြ ေတြ့လည္း ထိမရကိုင္မရနဲ႔ စကားေျပာလည္းမၾကား ကိုယ္ကမွတကယ္အရူးလိုပဲ"
"ဒါနဲ႔ေလ ရွင္ ေခ့ဆီမွာပဲတစ္ခ်ိန္လံုးရိွေနတာလား"
"အၿမဲတမ္းေတာ့မဟုတ္ေပမယ့္ အမ်ားအားျဖင့္ေတာ့ရိွတယ္"
"ေတြ့လား စိတ္နဲ႔လူနဲ႔ကပ္ေနတုန္းကေတာ့ သူမ်ားကိုအႏိုင္က်င့္ၿပီး တျခားစီျဖစ္သြားေတာ့မွ သရဲလို လိုက္ကပ္ေနတာ ရွင္တရားလြန္တယ္လို႔မထင္ဘူးလား"
ေခ မ်က္ေစာင္းေလးထိုးေတာ့ သူက ရယ္ကာ ဆံပင္ေတြကိုဆဲြဖြၿပီး ပါးေလးကိုမနာေအာင္ဆဲြဖဲ့သည္။
ေခ ႃပံုးလိုက္ကာ မၫွပ္တာၾကာၿပီျဖစ္ေသာ သူ႔ဆံပင္ေတြကိုဆဲြဖြပစ္လိုက္သည္။
သူ႔ဆီကရေနက် ေရေမႊးနံ႔ကိုလည္း ေခ အနီးကပ္ရေနတာမို႔ ပိုၿပီးသေဘာက်ေနမိသည္။
"ခုလိုျဖစ္တာလည္းတန္ပါတယ္ ကိုယ္ေက်နပ္ပါတယ္ ၿပီးေတာ့ ေမေမ့ကိုတိုင္ပင္တုန္းက ကိုယ္မသြားခင္ မင္းျဖစ္ခ်င္သမ်ွ အကုန္လိုက္ေလ်ာေပးမယ္လို႔ ေျပာခဲ့ေသးတယ္ မင္းက အရမ္းေတြ ကဲြခ်င္ကြာခ်င္ေနေတာ့ေလ"
"အာ့ဆို ခု ကြာေပးလိုက္ေလ ဟြန႔္"
"တကယ္လား မင္းေနႏိုင္လို႔လား ကိုယ္မရိွေတာ့ဘူးထင္ၿပီးတအားေအာ္ငိုတာ ဘယ္သူလဲ မသိဘူးမျမင္ဘူးမထင္နဲ႔ေနာ္"
"ရွင္.. လူယုတ္ လူညစ္ အက်င့္မေကာင္းတဲ့လူ"
ေခ သူ႔ပခံုးကိုကိုက္ပစ္ေတာ့ သူကတဟားဟားရယ္ရင္း ေခ့ပခံုးစြန္းေလးကိုနမ္းသည္။
"ရန္ျဖစ္တိုင္း ေဒါသနဲ႔ေျပာခဲ့တာေတြအတြက္ ကိုယ္ေတာင္းပန္ပါတယ္ ကိုယ္ကခ်စ္ပဲခ်စ္ခဲ့တာေလ ထုတ္မွမျပတတ္ခဲ့ဘဲ အဲ့ဒါေၾကာင့္ မင္းကိုမခ်စ္ရေသးဘဲ ေသသြားမွာေၾကာက္ခဲ့တာ ၿပီးေတာ့"
ေခ့လက္ကေလးကို ဖြဖြေလးဆုပ္ယူရင္း သူ႔ပါးမွာကပ္ကာ ေခ့မ်က္ႏွာေလးကိုေမာ့ၾကၫ့္သည္။
"မင္းမုန္းေနဦးမွာကိုလည္း စိုးတယ္"
"ေခေလ မိုးကုတ္မွာတုန္းက ရွင့္အေဖကိုကတိေပးခဲ့တယ္ ရွင္ လိမၼာလာရင္ ေခ့ဘက္ကလည္းအေလ်ွာ့ေပးမယ္လို႔"
"ကိုယ္ တစ္သက္လံုးမဆိုးေတာ့ဘူးဆိုရင္ေရာ"
ေခ့ႏႈတ္ခမ္းေလးႃပံုးသြားကာ သူ႔နဖူးကို ဖြဖြေလးနမ္းလိုက္သည္။
"အခုထက္ပိုခ်စ္ေပးမယ္"
သူ ေက်နပ္သြားသလို ေခ့မ်က္ႏွာေလးကိုဆဲြယူၿပီးႏႈတ္ခမ္းေတြကို ခပ္ျပင္းျပင္းစုပ္ယူနမ္းရိႈက္သည္။
ေခ သူ႔ရင္ဘတ္အက်ႌစေလးကို ဆုပ္ဆဲြထားရင္း သူ႔အနမ္းေတြကို ၾကည္ၾကည္ျဖဴႁဖူ ၿငိမ္သက္ေနမိသည္။
တျဖည္းျဖည္းတင္းက်ပ္ရစ္ႏြယ္လာသၫ့္ သူ႔လက္ေတြကိုလည္းမလႊတ္ေစခ်င္သလို သူ႔အနမ္းေတြေၾကာင့္ မႊန္းသလိုျဖစ္မိေပမယ့္ မရပ္ေစခ်င္။
ေခ တကယ္ခ်စ္မိေနပါၿပီ...
▪▪▪⏳⏳⏳▪▪▪
"ရွင္တစ္ခ်ိန္လံုးၾကၫ့္ေနေတာ့မွာလား"
အိပ္ခါနီးမွာေတာင္ ေခ့ကိုၾကၫ့္ေနေသးသၫ့္သူက ေခ့စကားေၾကာင့္ ႃပံုးေနလ်က္ေခါင္းညိတ္ျပသည္။
သူ႔ပံုစံက ေခေပ်ာက္ကြယ္သြားမွာ စိုးရိမ္ေနသလိုပင္။
"မအိပ္ခ်င္ေသးရင္ အရင္ကအေၾကာင္းေတြေျပာျပပါလား ေဆာ္ၾကည္ဘဲႀကီးက ေခ့ကိုဘယ္လိုေတြႂကြေခဲ့တာလဲ သိခ်င္လို႔"
"ေဆာ္မၾကည္ရင္ေနပါ မင္း ၾကည္ရင္လံုေလာက္တယ္"
ေခ့နဖူးေလးကိုဖြဖြေလးနမ္းေတာ့ ေက်နပ္သြား
သည္မို႔ သူ႔ရင္ခြင္ထဲ ေခါင္းေလးတိုးဝင္မိေတာ့ ေခ ရေနက်သူ႔ရဲ့ေရေမႊးနံ႔ေလး...
"မင္း ရန္ကုန္ကပါဆိုၿပီး အိမ္ထဲစဝင္လာကတည္းက ကိုယ္စိတ္ဝင္စားမိတာ မင္းကေတာ့ အေတာ္မ်က္မုန္းက်ိဳးေနမွာေပါ့ ဒီလူကဘာလဲဆိုၿပီး"
"မုန္းတာေပါ့ လူကိုၾကၫ့္တာမ်ားေၾကာက္စရာႀကီး"
"အဲ့ဒီေနာက္ပိုင္း မင္းေရာက္လာရင္ ကိုယ္မသိမသာလိုက္ၾကည့္ေနမိတာေတြ မခကိုေက်ာင္းႀကိဳပို႔လုပ္ရင္ မင္းနဲ႔မ်ားေတြ့မလားဆိုၿပီးလိုက္လာတာမ်ိဳးေတြ"
"ေခမသိဘူး"
"နည္းနည္းေတာ့အဆင္ေျပသြားၿပီဆိုၿပီး ေကာင္ေလးနဲ႔ရုပ္ရွင္ၾကၫ့္လာရလို႔ ေပ်ာ္ေနတာ ကိုယ္တကယ္မေမ့ဘူး အဲ့ဒီအႃပံုးေလး"
"ဟီး.. အဲ့ဒါလည္းျမင္တယ္လား"
Advertisement
- In Serial8 Chapters
The Girl Named Rachel
The evolution of man has never witnessed a stop but there are many things that science still can't explain. One of them is paranormal activities. Join Thomas along with his sister who embarks into the unknown to solve such mysteries and bring light to them. This is one of the cases he solved.
8 120 - In Serial46 Chapters
Alaric: The Failed Project
Mark Fanjo’s first webnovel of Jiro Nakojima, an average teenager who has reincarnated into a world of swords and magic. His ambition to become someone vanishes as he soons discovers he has no magic, and is left as a completely vulnerable child. After losing everything and experiencing near-death, he inherits the powers of the world’s ancient nightmare. As his journey continues, he slowly unveils the truth of his powers and his new world.
8 197 - In Serial38 Chapters
The Snake In My Dreams
For as long as Remus could remember, his side of the Imagination was different than Roman's. Remus found his side harder to control, more unstable. Every morning he would wake up with no recollection of the dream he had dreamt, but his subconscious had taken control of the Imagination in his sleep and had placed him inside of it. One day, he wakes up in the arms of Janus.---6/12/21 - #1 in Roceit9/14/21 - #6 in Intrulogical2/3/22 - #1 in Demus
8 82 - In Serial6 Chapters
OP Dragon Male reader x Highschool dxd harem (On Hold)
You are the most powerful dragon god ever you use a fake name and Ddraig knows who you are but after a little "talk" with him he said he will keep your name a secret in fear of what you might do. You date Rias, Akeno, Koneko, and Asia but they leave you for your best friend Issie cause he is a real "dragon" but in heartbreak you let go of all of your aura and almost kill Issie.This is my second story but still criticism is allowed thxI own nothing everything I use belongs to their rightful ownersYou belong to your self.
8 108 - In Serial31 Chapters
Future untold
Nora has always bent the truth to get her way or to complete a mission, but this lie could ultimately erase Carry from existence.-Artwork custom made by me.-#1's dcuniversecaitlinsnowDcuoFlashfrost#2'sBarryAllenSnowbarry#3'sArrowverse
8 412 - In Serial35 Chapters
Vallyk vs dejaune
Who do u think win your heart?
8 259

