《အချစ်ဝိုင် ( Complete )》Part 36
Advertisement
အချစ်ဝိုင် ( part - 36 )
▪▪▪▪▪▪▪▪▪▪
မန္တလေးကိုဆင်းမယ်ဆိုသည့်စကားကြောင့် ခေ စိတ်ကျေနပ်သလိုဖြစ်သွားပြီး ခါတိုင်းထက် တက်ကြွနေမိသည်။
ခရမ်းနုနုအင်္ကျီလေးကို ခရမ်းရင့်ရောင်ဘောင်းဘီနှင့်တွဲဝတ်လိုက်ပြီး ဆံပင်တွေကို ဒီအတိုင်းချထားလိုက်သည်။
သူ ပြန်ရောက်နေမလားဟု မျှော်လင့်ထားမိ၍ မန္တလေးနှင့်နီးလာလေ ခေ ရင်တွေခုန်လာလေ။
သူကြားချင်သော ချစ်တယ်ဆိုတဲ့စကားကိုပြောချင်သည်။
ခေ သူ့ကိုအရမ်းလွမ်းခဲ့ရကြောင်းတွေ ပြောပြချင်သည်။
အိမ်ရှေ့မှာ ကားရပ်လိုက်တော့ ဒေါ်ကြီးသီက အပြင်မှာထွက်စောင့်နေကာ ခေကတော့ ခေတို့နေခဲ့သည့်အခန်းထဲ အတင်းပြေးဝင်လာခဲ့သည်။
"ခေ ခဏ"
မေမေက ကုတင်အနားမှာထိုင်လျက် ဘာလုပ်ပေးနေသည်မသိ၍ ကြည့်မလို့ပြင်တော့ ပီယကခေ့ကိုပိတ်ရပ်လိုက်သည်။
ခေ မျက်မှောင်ကုပ်ကြည့်လိုက်မိကာ...
"သူ ပြန်ရောက်နေပြီမလား ဖယ်စမ်းပါ"
"နေဦး ငါ ပြောတာကိုအရင်နားထောင်"
"ဟင့်အင်း နင်ဖယ်"
ခေ ပီယကိုအတင်းတွန်းဖယ်ပြီး အခန်းထဲရောက်သွားတော့ အိပ်ယာပေါ်မှာ သူတကယ်ရှိနေ၏။
သို့သော်.....
"ခေ"
ခေ ကျောက်ရုပ်လေးလို မလှုပ်မယှက်ဖြစ်သွားရင်း သူ့ကိုငုံ့ကြည့်နေမိပြီး တဆတ်ဆတ်တုန်ယင်လာသည်အထိ။
ဒါ သူအိပ်ပျော်နေတာမလား...
အိပ်ပျော်နေတာလို့ပြောကြစမ်းပါ ကျေးဇူးပြုပြီး...
"သူ Comaဖြစ်နေတာ"
ခေ ထိုနေရာမှာပဲ ပုံလျက်လေးလဲကျသွားတော့ ပီယတို့အားလုံးပြာယာခတ်သွားကာ ပီယက ခေ့ကိုပွေ့ထားလျက်ရှိသည်။
မခက ကြီးမေကိုပြေးခေါ်လာ၍ ကြီးမေက ခေ့ကိုလိမ်းဆေးပါးပါးလေးလိမ်းပေးကာ စိုးရိမ်တကြီးနှိပ်ပေးသည်။
ခေ့ကိုတော့ ဆိုဖာပေါ်မှာချထားပြီး မင်းစေရာကိုတစ်လှည့်၊ ခေ့ကိုတစ်လှည့်ကြည့်ရင်း အားလုံးလိုလိုသက်ပြင်းချလိုက်ကြ၏။
"သမီးလေး သိပ်စိတ်ထိခိုက်သွားတယ်ထင်တယ် ဒါမျိုးမဖြစ်တာကြာပြီ ကျွန်မတို့ ဘယ်လိုလုပ်မလဲဆရာကြီး"
ကြီးမေစကားကြောင့် ဦးမင်းထွန်းမျက်နှာပျက်သွားပြီး သွေးပျက်နေသလို လက်ဖဝါးနှစ်ဖက်ကိုပွတ်ရင်း ခေ့မျက်နှာလေးကိုငုံ့ကြည့်သည်။
စိတ်ထိခိုက်လွန်းလျှင်၊ ဒေါသကြီးလွန်းလျှင် ခေ ဒီလိုမလှုပ်မယှက်ဖြင့် မေ့လဲသွားတတ်သည်မှာ ငယ်စဥ်က ခဏခဏ။
ဒါကြောင့်မို့ပဲ ဦးမင်းထွန်းက ခေဘာပြောပြော မရတာမရှိစေရသည်အထိ အလိုလိုက်ခဲ့ခြင်းဖြစ်သည်။
"မဖြစ်ဘူး သမီးပြန်သတိရမှဖြစ်မယ် ငါ့မှာသူတစ်ယောက်ပဲရှိတော့တာ"
ဦးမင်းထွန်း၏ သွေးရူးသွေးတန်းရေရွတ်မှုကြောင့် အားလုံးစိတ်မကောင်းဖြစ်သွားကာ ခေ့ကိုအရိပ်တကြည့်ကြည့် ကြည့်နေကြသည်။
ဦးမင်းထွန်းမှာလည်း ဗျာမများစဖူးများနေပြီး သမီးကိုငုံ့ကြည့်လိုက်၊ သားမက်ကိုငုံ့ကြည့်လိုက်။
"အင့်"
နာနာကျင်ကျင်ရှုံ့တွလိုက်သည့် မျက်နှာနှင့်အတူ ခေ့အသံလေးထွက်လာကာ မျက်လုံးလေးတွေလည်း ပွင့်လာသည်။
"ခေ" "သမီးလေး"
မျက်လုံးတွေပွင့်ပွင့်ချင်း မင်းစေရာရှိနေသည့်အိပ်ယာပေါ်ကိုအကြည့်ရောက်သွားပြီး ခေ ပြန်ပြီးငြိမ်သက်သွားကာ ပါးပြင်ပေါ်မျက်ရည်တစ်စက်ကြွေဆင်း၏။
"ငါ နင့်ကိုမပြောခဲ့တာ ငါတောင်းပန်ပါတယ် ခေရယ်"
ခေအံလေးကြိတ်လိုက်ကာ ပီယဘက်လှည့်ပြီး ဖြန်းခနဲရိုက်ပစ်လေ၏။
ခါတိုင်းလို နာအောင်ရိုက်ခြင်းမျိုးမဟုတ်သည့်ရိုက်ခြင်းမျိုး။
"ရိုက်ပါ ခေရယ် နင်ကျေနပ်တဲ့အထိရိုက်ပါ ငါနင့်ကိုမပြောဘဲ လိမ်ခဲ့သလိုဖြစ်မိတဲ့အတွက်"
"နင်..လူလိမ် နင်ပြောတော့ သက်သာတယ်ဆို အိပ်နေတာဆို ဘယ်သူ့ကိုမှမယုံတောင် ငါ့ကိုယုံပါဆို.. နင်လိမ်တာ နင်ငါ့ကိုလိမ်တာ.. ပြန်ခေါ်ပေး သူ့ကိုပြန်ခေါ်ပေး"
ပီယရင်ဘတ်အင်္ကျီစတွေကိုဆွဲဆုပ်ရင်း တွန်းပစ်လိုက်၊ ပြန်ဆွဲလိုက်ဖြင့် အရူးတစ်ယောက်လို ခေငိုချပစ်သည်။
ပီယက ခေါင်းငုံ့ထားရင်း ခေ့ကိုမကြည့်ရက်သလို သူပါမျက်ရည်ကျ၏။
မခကတော့ ခေ့ကိုဖွဖွလေးဖက်ထား၍ ခေသည် သူရှိနေရာဆီကိုလှမ်းကြည့်ရင်း မခရင်ခွင်ထဲမှာ ရှိုက်ငိုနေမိသည်။
"သူ့အသံကြားတယ် သူ တစ်ခုခုဖြစ်နေပါပြီလို့ ခေ ပြောသားပဲ အကုန်ဝိုင်းလိမ်ကြတာ သူများကိုဝိုင်းလိမ်ကြတာ"
ကလေးတစ်ယောက်လို အော်ဟစ်ငိုကြွေးရင်း ခေ့ကိုလိမ်ရက်သည့် ပီယကို စိတ်ရှိလက်ရှိ ထုရိုက်ပစ်မိသည်။
ပြီးမှ သူ့အနားကိုသွားထိုင်လိုက်ပြီး dripချိတ်ထားသည့် သူ့လက်တစ်ဖက်ကို ဖွဖွလေးဆုပ်ကိုင်ထားလိုက်သည်။
အိမ်မက်ထဲမှာလို သူ့လက်တွေကနွေးမနေဘဲ အေးစက်လို့သာနေသည်။
ခေ သူ့မျက်နှာကိုစိုက်ကြည့်ရင်း ရင်ထဲနင့်လာကာ မျက်ရည်တွေက ထိန်းမရ။
"ရှင်ပြန်လာမယ်ဆိုတာ ဒီလိုပုံစံနဲ့လား ကိုယ်ရှိရှိ မရှိရှိပျော်အောင်နေဆို ခေပျော်ဖို့အတွက် ရှင့်မှာတာဝန်ရှိတယ် လူယုတ်မာကြီး"
ခေ မငိုချင်တော့ပါ...
ငိုရလွန်းလို့မျက်လုံးတွေလည်း နာနေပြီမို့ နောက်ထပ်လည်းမငိုချင်တော့...
သူ့လက်ပဲကို တင်းတင်းလေးဆုပ်ကိုင်ရင်း မျက်နှာလေးဖေးတင်လိုက်မိသည်။
"ခေကရှင့်ရဲ့အလင်းရောင်ဆို ရှင်အခု ခေ့ကြောင့်အမှောင်ကျနေတာသိရဲ့လား လူဆိုးကောင်ရဲ့"
ခေ တိုးတိုးလေးပြောမိရင်း မျက်ရည်တစ်စက်စီးကျသွားသည်က သူ့လက်ဖမိုးပေါ်သို့...
▪▪▪⏳⏳⏳▪▪▪
လက်သည်းတွေရှည်နေပြီမို့ တစ်ချောင်းချင်းညှပ်ပေးရင်းမှ သူ့လက်တွေကို တယုတယကိုင်ရင်း သတိထားကြည့်မိသည်။
ယောကျာ်းတစ်ယောက်ဖြစ်ပါလျက် နုသွယ်နေသည့်လက်ချောင်းတွေက မနာလိုချင်စရာကောင်းအောင် ရှည်သွယ်ပြီးလှ၏။
လက်ဖဝါးချင်းထပ်ကြည့်တော့ ခေ့လက်ကလေးဟာ သူ့လက်ဖဝါးပေါ်မှာ ကလေးကစားစရာလို သေးသေးကွေးကွေးလေး။
မမြင်ရတာကြာပြီဖြစ်သော ပါးချိုင့်နေရာလေးကို လက်ညှိုးလေးဖြင့်ထိတို့ရင်း ခေ သူ့မျက်နှာကိုသေချာကြည့်မိသည်။
လူရှုပ်လူပွေဆိုပြီး အထင်သေးခဲ့ဖူးပေမယ့် သူက ပွေချင်တိုင်းပွေနိုင်အောင် ရုပ်ဖြောင့်ခဲ့သူပဲ။
"ရှင်သတိမရသေးဘူးလား"
ခေ သူ့မျက်နှာကိုမျှော်လင့်တကြီး ကြည့်မိပေမယ့် သူကတော့ တုတ်တုတ်မှမလှုပ်။
ဘေးနားက စက်တွေရဲ့အသံတွေသာ အခန်းထဲမှာကြားနေရ၍ ခေ သူ့ရင်ဘတ်ပေါ် ပါးလေးကပ်ပြီး ခဏငြိမ်နေလိုက်သည်။
"ဒီရောဂါကတော့ ပြောရခက်တယ် ရက်ပိုင်း၊ လပိုင်းလောက်နဲ့လည်း ပြန်သတိရလာတာမျိုးလည်းရှိတယ် တချို့ကတော့ နှစ်နဲ့ချီပြီးကြာတတ်တယ် နှလုံးခုန်နှုန်းကိုစောင့်ကြည့်ပေးပါ သူ့မှာ side effectထိထားတာရှိတယ်"
"ပြန်နိုးလာဖို့ ရာခိုင်နှုန်းဘယ်လောက်ရှိလဲ ဆရာ"
အသိချင်ဆုံးမေးခွန်းတစ်ခုဖြစ်ပေမယ့် ဆရာဝန်ကဖြေမသွားခဲ့ပါ။
Googleမှာ Comaအကြောင်းရှာကြည့်တော့မှ ပြန်နိုးလာဖို့ ရာခိုင်နှုန်းအလွန်နည်းပါးမှန်းသိလိုက်ရပြီး ထိုစဥ်က ခေ ငိုခဲ့မိသေးသည်။
မတော်တဆ သူ သတိပြန်မရခဲ့ရင် ခေ ဘယ်လိုလုပ်ရပါ့မလဲ။
အတွေးဖြင့် ရင်ထဲမွှန်းကြပ်သွားပြီး သူ့လက်ကိုပိုပြီးတင်းတင်းဆုပ်ထားလိုက်မိသည်။
သူပြန်လာခဲ့မယ်လို့ ကတိပေးခဲ့တယ်မလား...
ရှင်သန်ဖို့ ရာခိုင်နှုန်းတွေ ဘယ်လောက်ပဲ နည်းပါးနေပါစေ။
ရှင်ပြန်လာမယ်လို့ ခေယုံကြည်တယ်..
ရှင်နဲ့ပြန်တွေ့ချင်တယ်
ခေတို့နှစ်ယောက် တကယ်ပေါင်းဖက်ရမယ့်ဖူးစာပါခဲ့ရင် ရှင်မြန်မြန်နိုးလာပါစေ...
Advertisement
▪▪▪⏳⏳⏳▪▪▪
"ကျောင်းတက်ရတာလည်း ပျင်းပျင်းလာပြီနော် ကို"
မခစကားစတော့ ကိုက ခေါင်းညိတ်ရုံသာညိတ်ပြပြီး တကယ်လည်းပျင်းနေပုံဖြင့် အကြောဆန့်ကာ ခေ့ကိုလှမ်းကြည့်သည်။
ခေက မေးလေးထောက်ကာ ကော်ရစ်ဒါဘက်ကို အကြောင်းမဲ့ငေးနေပြီး မခတို့စကားဝိုင်းထဲလည်းဝင်မပါ။
"ဒီအတိုင်းဆို ခေ လွယ်ပါ့မလား ကို"
ကိုက ဘာမှပြန်မပြောဘဲ ခေ့နဖူးကိုလှမ်းတောက်တော့မှ သူမအသက်ဝင်လာပြီး ပြန်လှည့်ကြည့်လာသည်။
"ဘာလဲ ဘာပြောမလို့လဲ"
"နင်မပျင်းဘူးလားလို့"
"ပျင်းတယ်လေ အိမ်ပြန်ပြီးဂိမ်းဆော့ရအောင်"
ထိုအခါ ကိုက ကြိတ်ပြုံးလိုက်ပြီးခေါင်းခါပစ်လိုက်သည်။
လမ်းပျော်တဲ့ခေတစ်ယောက် တစ်ခုခုဆိုအိမ်ကိုပဲပြန်ချင်နေတာက ထူးဆန်းမနေဘူးလား။
"မပြန်ချင်ပါဘူး ဂိမ်းဆော့ချင်ရင် ဖုန်းတွေပါသားပဲ"
ခေ့မျက်နှာလေးတမျိုးဖြစ်သွားပြီး မခတို့နှစ်ယောက်လုံးကို မျက်စောင်းထိုး၏။
ကိုမင်း သည်းသည်းလှုပ်အောင် ချစ်လည်း ချစ်စရာ၊ တစ်ခါတစ်လေ ခေ့ပုံစံလေးက အပြစ်ကင်းစင်လှ၏။
ကလေးလေးလို ဟန်မဆောင်တတ်သည့်မျက်နှာလေး...
"မရီး ကျွန်တော်ဘာဝယ်ပေးရဦးမလဲ"
မခနဲ့သိပ်မရင်းနှီးသည့် မင်းထက်က ခေ့ကိုတော့ရင်းနှီးပြီး လိုအပ်တာမှန်သမျှကို ဂရုတစိုက်လုပ်ပေးသည်။
မခကတော့ ဖေဖေ့ရဲ့သားပဲမို့ မခနဲ့လည်းအစ်ကိုတော်သည်ဟုပဲ ယူဆထားလိုက်ပေမယ့် မင်းထက်နဲ့မခက ရွယ်တူဖြစ်သည်။
"ရတယ် သူသတိရပြီလား"
မျှော်လင့်တကြီးမေးလာသည့် ခေ့မေးခွန်းကြောင့် စိတ်မကောင်းဖြစ်သွားမိသလို ကိုလည်းမျက်နှာပျက်သွား၏။
ကိုမင်းကို ခေဘယ်လောက်အထိမျှော်လင့်နေသလဲ။
"အတိအကျတော့မပြောနိုင်ဘူး စောစောကပြောခဲ့သလိုပဲ ရက်ပိုင်းလပိုင်းလောက်နဲ့လည်း သတိပြန်ရနိုင်သလို တချို့ကတော့သတိပြန်မရဘဲ ဒီအတိုင်းသေဆုံးသွားတာတွေလည်းရှိတယ် မိန်းကလေးက သိပ်မျှော်လင့်နေပုံပဲဆိုတော့ ကျွန်တော်မပြောရက်လို့ပါ"
ဆရာဝန်က ခေမသိအောင်ပြောပြသွားတာဖြစ်ပြီး မျှော်လင့်ချက်မရှိသလိုဖြစ်သွားရင်း ခေ ဘာဖြစ်သွားမလဲ မတွေးရဲ။
ဦးမင်းထွန်းရဲ့ တစ်ခုတည်းသောအသက်သွေးကြောမို့ ကိုမင်းထက် ခေ့ကိုသာ အရိပ်တကြည့်ကြည့်ရှိနေရသည်ဆိုလျှင် မခတို့မှားမည်မထင်။
"ငါ သူနဲ့စကားတွေပြန်ပြောချင်ပြီ လွမ်းတယ်"
မခကိုရင်ဖွင့်ပြောပြသည့်အချိန်တိုင်း ခေ့မျက်လုံးလေးတွေက တစ်ခုခုကိုလွမ်းဆွတ်နေသလို ငေးငေးရီရီလေး။
သက်ပြင်းသာ ချလိုက်မိပြီး ခေ့ကိုဖက်ထားလိုက်တော့ မခကိုမှီတွယ်လာသည့်ခေဟာ တကယ်သနားဖို့ကောင်းနေခဲ့သည်။
ခေတကယ်ချစ်တတ်နေပြီလား...
ကျေးဇူးပြုပြီး...
ကျေးဇူးပြုပြီး ခေ့ကိုစိတ်ဆင်းရဲအောင်မလုပ်ပါနဲ့တော့ ကံကြမ္မာရယ်.....
▪▪▪⏳⏳⏳▪▪▪
"ဘယ်လောက်ချမ်းသာတဲ့သူဌေးကြီးပဲဖြစ်နေပါစေ မိန်းမတွေမှိုလိုပေါက်နေတာ အထင်ကြီးစရာကိုမရှိဘူး"
"သူ့အဖေက အဲ့လိုလူမျိုး"
သူ့ကိုလှည့်ကြည့်လာကြသည့်မျက်လုံးတွေ။
ဒေါသစိတ်ကြောင့် လက်သီးဆုပ်ပစ်လိုက်တော့ မဝံ့မရဲဖြင့် သူ့အင်္ကျီစကိုလာဆွဲသည့် ချာတိတ်လေး။
"ရန်မဖြစ်ပါနဲ့အစ်ကို သူတို့ပြောသလိုပဲ ကျွန်တော်က မယားငယ်ရဲ့သားပါ"
"မင်းကငါ့ညီပဲ မင်းကိုထိရင်ငါ့ကိုထိတာနဲ့အတူတူပဲ အဲ့ဒီကောင်တွေသေပြီသာမှတ်"
"မင်းလား ငါ့ညီကိုမယားငယ်ရဲ့သားလို့ခေါ်တာ မင်းကဘာကောင်မို့လဲ"
ငိုမဲ့မဲ့ချာတိတ်လေးရဲ့ မျက်နှာတစ်ခုနှင့်အတူ စိတ်တိုင်းကျထိုးကြိတ်ပစ်ခဲ့၍ သွေးဖြင့်နီရဲသွားသော မျက်နှာတွေ။
"ငါ့အဖေဟာ ဘာကောင်ကြီးပဲဖြစ်နေနေ လက်ညှိုးမထိုးနဲ့ အဲ့ဒီလက်ညှိုးပိုင်ရှင်တွေကို ငါအကုန်ဖျက်စီးပစ်မယ်"
"မင်းတို့စချင်တိုင်းစနေရအောင် ငါကရေမြွေမဟုတ်ဘူး ငါ့နာမည်မင်းစေရာ"
"ဒီကောင်လည်း သူ့အဖေလိုလာမှာပဲ အလကားလူပွေလူရှုပ် ငါ့ညီမကိုတောင် သေချာမှာထားရတယ် သူတောင်းစားနဲ့တွဲလည်းဖြစ်တယ် မင်းစေရာမဟုတ်ရင်ပြီးတာပဲလို့"
"ပြောရဲတယ်နော် ငါလိုကောင်ကလည်း မင်းညီမကို စောက်ရေးမလုပ်ဘူးစိတ်ချ မနေနိုင်မထိုင်နိုင်ဖြစ်လာရင်တော့ pharသွားချလိုက်မယ်"
"လက်ထပ်ခြင်းဆိုတာ ထောင်ပဲ ပယင်း ငါဘယ်တော့မှထောင်ကျမခံဘူး"
"တစ်ယောက်တည်းကိုပဲချစ်မယ် တစ်ယောက်တည်းကိုပဲလက်ထပ်မယ်"
ဖြူနုနေသော လည်ပင်းလေးမှ တစ်စက်စက်စီးကျနေသည့်သွေးတွေဖြင့် မော့ကြည့်နေသော ခေ။
"ရှင်ထင်သလိုလုပ်နေတဲ့ ဒီခန္ဓာကိုယ်ကိုလည်းမုန်းတယ်"
"ရှင့်ဇနီးအဖြစ် တခြားသူတွေသိသွားမှာကိုမလိုချင်တာ ဘယ်သူမှမသိလေကောင်းလေပဲ"
"ခရေဝိုင့်ဘဝက စားပြီးသားသကြားလုံးလေး သဲထဲပြုတ်ကျသလိုဖြစ်ခဲ့ရင်တောင် ဟဲ့ လို့ တစ်ခွန်းငေါက်မယ့်သူမရှိဘူး ကျန်နေခဲ့တဲ့အတိုင်း ဆက်ရှိသွားမှာပဲ"
သူမဆီက ရင့်သီးရက်စက်သောစကားတွေကြောင့် မျက်မှောင်ကုပ်လိုက်မိသည်။
လက်ဖျံလေးပေါ်ရေးထားသည့် ကဗျာတပိုင်းတစလေး။
Keep your tears
Save my future
I want to live with you
For many years
သူမနဲ့နောက်ဆုံးတွေ့ခဲ့သည့် အနောက်ဘက်တောင်ကုန်းလေးပေါ်မှာ ခရမ်းရောင်ဂါဝန်စလေး တလွင့်လွင့်နှင့် သူမ။
ဖျတ်ခနဲလှည့်လာသည့် ဖြူနုနုမျက်နှာလေးက ခရမ်းရောင်ဆံပင်တွေဖြင့် လှနေဆဲ။
"ပြန်လာမယ်မလား"
သူမ ပြုံးရယ်လျှက် လက်ကမ်းလာတော့ ထိုလက်ကလေးကို လှမ်းဆုပ်ယူဖို့အင်အားမရှိသလို လေးလံနေခဲ့သည်။
သူမကတော့ ကလေးတစ်ယောက်ကိုမုန့်နဲ့ မြှူဆွယ်နေသလို ရယ်မြူးရိပ်တွေဖြင့် လက်နှစ်ဖက်လုံးဖြန့်ပြကာ...
"လာပါ ခေ့ဆီလက်လှမ်းလိုက်"
သူမဆီ လက်ကမ်းချင်စိတ်ဖြင့် သူ့တစ်ကိုယ်လုံးဆတ်ခနဲ...
မျက်ခွံတွေလေးလံပိကျနေ၍ တဖြည်းဖြည်းအားယူရင်း မျက်လုံးတွေကိုဖွင့်ကြည့်တော့ လင်းလွန်းသော မီးရောင်ကြောင့် ဖျတ်ခနဲပြန်ပိတ်ပစ်လိုက်သည်။
တတီတီဆူညံနေသောအသံက နားထဲအရင်ဝင်လာပြီး အလိုမကျခြင်းဖြင့် မျက်မှောင်ကုပ်လိုက်မိသည်။
ဒါဘာသံတွေလဲ...
"သား"
မေမေ့အသံ။
အနားမှာမေမေရှိနေတာလား။
"မေမေ!!!"
▪▪⏳⏳⏳▪▪▪
Part 37 ဆက်ရန်
စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997
~~~~~~~~~~~~~~~~~~~~~~
အခ်စ္ဝိုင္ ( part - 36 )
▪▪▪▪▪▪▪▪▪▪
မႏၲေလးကိုဆင္းမယ္ဆိုသၫ့္စကားေၾကာင့္ ေခ စိတ္ေက်နပ္သလိုျဖစ္သြားၿပီး ခါတိုင္းထက္ တက္ႂကြေနမိသည္။
ခရမ္းႏုႏုအက်ႌေလးကို ခရမ္းရင့္ေရာင္ေဘာင္းဘီႏွင့္တဲြဝတ္လိုက္ၿပီး ဆံပင္ေတြကို ဒီအတိုင္းခ်ထားလိုက္သည္။
သူ ျပန္ေရာက္ေနမလားဟု ေမ်ွာ္လင့္ထားမိ၍ မႏၲေလးႏွင့္နီးလာေလ ေခ ရင္ေတြခုန္လာေလ။
သူၾကားခ်င္ေသာ ခ်စ္တယ္ဆိုတဲ့စကားကိုေျပာခ်င္သည္။
ေခ သူ႔ကိုအရမ္းလြမ္းခဲ့ရေၾကာင္းေတြ ေျပာျပခ်င္သည္။
အိမ္ေရ႔ွမွာ ကားရပ္လိုက္ေတာ့ ေဒၚႀကီးသီက အျပင္မွာထြက္ေစာင့္ေနကာ ေခကေတာ့ ေခတို႔ေနခဲ့သၫ့္အခန္းထဲ အတင္းေျပးဝင္လာခဲ့သည္။
"ေခ ခဏ"
ေမေမက ကုတင္အနားမွာထိုင္လ်က္ ဘာလုပ္ေပးေနသည္မသိ၍ ၾကၫ့္မလို႔ျပင္ေတာ့ ပီယကေခ့ကိုပိတ္ရပ္လိုက္သည္။
ေခ မ်က္ေမွာင္ကုပ္ၾကၫ့္လိုက္မိကာ...
"သူ ျပန္ေရာက္ေနၿပီမလား ဖယ္စမ္းပါ"
"ေနဦး ငါ ေျပာတာကိုအရင္နားေထာင္"
"ဟင့္အင္း နင္ဖယ္"
Advertisement
ေခ ပီယကိုအတင္းတြန္းဖယ္ၿပီး အခန္းထဲေရာက္သြားေတာ့ အိပ္ယာေပၚမွာ သူတကယ္ရိွေန၏။
သို႔ေသာ္.....
"ေခ"
ေခ ေက်ာက္ရုပ္ေလးလို မလႈပ္မယွက္ျဖစ္သြားရင္း သူ႔ကိုငံု႔ၾကၫ့္ေနမိၿပီး တဆတ္ဆတ္တုန္ယင္လာသည္အထိ။
ဒါ သူအိပ္ေပ်ာ္ေနတာမလား...
အိပ္ေပ်ာ္ေနတာလို႔ေျပာၾကစမ္းပါ ေက်းဇူးျပဳျပီး...
"သူ Comaျဖစ္ေနတာ"
ေခ ထိုေနရာမွာပဲ ပံုလ်က္ေလးလဲက်သြားေတာ့ ပီယတို႔အားလံုးျပာယာခတ္သြားကာ ပီယက ေခ့ကိုေပြ့ထားလ်က္ရိွသည္။
မခက ႀကီးေမကိုေျပးေခၚလာ၍ ႀကီးေမက ေခ့ကိုလိမ္းေဆးပါးပါးေလးလိမ္းေပးကာ စိုးရိမ္တႀကီးႏိွပ္ေပးသည္။
ေခ့ကိုေတာ့ ဆိုဖာေပၚမွာခ်ထားၿပီး မင္းေစရာကိုတစ္လွၫ့္၊ ေခ့ကိုတစ္လွၫ့္ၾကၫ့္ရင္း အားလံုးလိုလိုသက္ျပင္းခ်လိုက္ၾက၏။
"သမီးေလး သိပ္စိတ္ထိခိုက္သြားတယ္ထင္တယ္ ဒါမ်ိဳးမျဖစ္တာၾကာၿပီ ကၽြန္မတို႔ ဘယ္လိုလုပ္မလဲဆရာႀကီး"
ႀကီးေမစကားေၾကာင့္ ဦးမင္းထြန္းမ်က္ႏွာပ်က္သြားၿပီး ေသြးပ်က္ေနသလို လက္ဖဝါးႏွစ္ဖက္ကိုပြတ္ရင္း ေခ့မ်က္ႏွာေလးကိုငံု႔ၾကၫ့္သည္။
စိတ္ထိခိုက္လြန္းလ်ွင္၊ ေဒါသႀကီးလြန္းလ်ွင္ ေခ ဒီလိုမလႈပ္မယွက္ျဖင့္ ေမ့လဲသြားတတ္သည္မွာ ငယ္စဥ္က ခဏခဏ။
ဒါေၾကာင့္မို႔ပဲ ဦးမင္းထြန္းက ေခဘာေျပာေျပာ မရတာမရိွေစရသည္အထိ အလိုလိုက္ခဲ့ျခင္းျဖစ္သည္။
"မျဖစ္ဘူး သမီးျပန္သတိရမျွဖစ္မယ္ ငါ့မွာသူတစ္ေယာက္ပဲရိွေတာ့တာ"
ဦးမင္းထြန္း၏ ေသြးရူးေသြးတန္းေရရြတ္မႈေၾကာင့္ အားလံုးစိတ္မေကာင္းျဖစ္သြားကာ ေခ့ကိုအရိပ္တၾကၫ့္ၾကၫ့္ ၾကၫ့္ေနၾကသည္။
ဦးမင္းထြန္းမွာလည္း ဗ်ာမမ်ားစဖူးမ်ားေနၿပီး သမီးကိုငံု႔ၾကၫ့္လိုက္၊ သားမက္ကိုငံု႔ၾကၫ့္လိုက္။
"အင့္"
နာနာက်င္က်င္ရႈံ႔တြလိုက္သၫ့္ မ်က္ႏွာႏွင့္အတူ ေခ့အသံေလးထြက္လာကာ မ်က္လံုးေလးေတြလည္း ပြင့္လာသည္။
"ေခ" "သမီးေလး"
မ်က္လံုးေတြပြင့္ပြင့္ခ်င္း မင္းေစရာရိွေနသၫ့္အိပ္ယာေပၚကိုအၾကၫ့္ေရာက္သြားၿပီး ေခ ျပန္ၿပီးၿငိမ္သက္သြားကာ ပါးျပင္ေပၚမ်က္ရည္တစ္စက္ႂကြေဆင္း၏။
"ငါ နင့္ကိုမေျပာခဲ့တာ ငါေတာင္းပန္ပါတယ္ ေခရယ္"
ေခအံေလးႀကိတ္လိုက္ကာ ပီယဘက္လွၫ့္ၿပီး ျဖန္းခနဲရိုက္ပစ္ေလ၏။
ခါတိုင္းလို နာေအာင္ရိုက္ျခင္းမ်ိဳးမဟုတ္သၫ့္ရိုက္ျခင္းမ်ိဳး။
"ရိုက္ပါ ေခရယ္ နင္ေက်နပ္တဲ့အထိရိုက္ပါ ငါနင့္ကိုမေျပာဘဲ လိမ္ခဲ့သလိုျဖစ္မိတဲ့အတြက္"
"နင္..လူလိမ္ နင္ေျပာေတာ့ သက္သာတယ္ဆို အိပ္ေနတာဆို ဘယ္သူ႔ကိုမွမယံုေတာင္ ငါ့ကိုယံုပါဆို.. နင္လိမ္တာ နင္ငါ့ကိုလိမ္တာ.. ျပန္ေခၚေပး သူ႔ကိုျပန္ေခၚေပး"
ပီယရင္ဘတ္အက်ႌစေတြကိုဆဲြဆုပ္ရင္း တြန္းပစ္လိုက္၊ ျပန္ဆဲြလိုက္ျဖင့္ အရူးတစ္ေယာက္လို ေခငိုခ်ပစ္သည္။
ပီယက ေခါင္းငံု႔ထားရင္း ေခ့ကိုမၾကၫ့္ရက္သလို သူပါမ်က္ရည္က်၏။
မခကေတာ့ ေခ့ကိုဖြဖြေလးဖက္ထား၍ ေခသည္ သူရိွေနရာဆီကိုလွမ္းၾကၫ့္ရင္း မခရင္ခြင္ထဲမွာ ရိႈက္ငိုေနမိသည္။
"သူ႔အသံၾကားတယ္ သူ တစ္ခုခုျဖစ္ေနပါၿပီလို႔ ေခ ေျပာသားပဲ အကုန္ဝိုင္းလိမ္ၾကတာ သူမ်ားကိုဝိုင္းလိမ္ၾကတာ"
ကေလးတစ္ေယာက္လို ေအာ္ဟစ္ငိုႂကြေးရင္း ေခ့ကိုလိမ္ရင္သၫ့္ ပီယကို စိတ္ရိွလက္ရိွ ထုရိုက္ပစ္မိသည္။
ၿပီးမွ သူ႔အနားကိုသြားထိုင္လိုက္ၿပီး dripခ်ိတ္ထားသၫ့္ သူ႔လက္တစ္ဖက္ကို ဖြဖြေလးဆုပ္ကိုင္ထားလိုက္သည္။
အိမ္မက္ထဲမွာလို သူ႔လက္ေတြကေနြးမေနဘဲ ေအးစက္လို႔သာေနသည္။
ေခ သူ႔မ်က္ႏွာကိုစိုက္ၾကၫ့္ရင္း ရင္ထဲနင့္လာကာ မ်က္ရည္ေတြက ထိန္းမရ။
"ရွင္ျပန္လာမယ္ဆိုတာ ဒီလိုပံုစံနဲ႔လား ကိုယ္ရိွရိွ မရိွရိွေပ်ာ္ေအာင္ေနဆို ေခေပ်ာ္ဖို႔အတြက္ ရွင့္မွာတာဝန္ရိွတယ္ လူယုတ္မာႀကီး"
ေခ မငိုခ်င္ေတာ့ပါ...
ငိုရလြန္းလို႔မ်က္လံုးေတြလည္း နာေနၿပီမို႔ ေနာက္ထပ္လည္းမငိုခ်င္ေတာ့...
သူ႔လက္ပဲကို တင္းတင္းေလးဆုပ္ကိုင္ရင္း မ်က္ႏွာေလးေဖးတင္လိုက္မိသည္။
"ေခကရွင့္ရဲ့အလင္းေရာင္ဆို ရွင္အခု ေခ့ေၾကာင့္အေမွာင္က်ေနတာသိရဲ့လား လူဆိုးေကာင္ရဲ့"
ေခ တိုးတိုးေလးေျပာမိရင္း မ်က္ရည္တစ္စက္စီးက်သြားသည္က သူ႔လက္ဖမိုးေပၚသို႔...
▪▪▪⏳⏳⏳▪▪▪
လက္သည္းေတြရွည္ေနၿပီမို႔ တစ္ေခ်ာင္းခ်င္းၫွပ္ေပးရင္းမွ သူ႔လက္ေတြကို တယုတယကိုင္ရင္း သတိထားၾကၫ့္မိသည္။
ေယာက်ာ္းတစ္ေယာက္ျဖစ္ပါလ်က္ ႏုသြယ္ေနသၫ့္လက္ေခ်ာင္းေတြက မနာလိုခ်င္စရာေကာင္းေအာင္ ရွည္သြယ္ၿပီးလွ၏။
လက္ဖဝါးခ်င္းထပ္ၾကၫ့္ေတာ့ ေခ့လက္ကေလးဟာ သူ႔လက္ဖဝါးေပၚမွာ ကေလးကစားစရာလို ေသးေသးေကြးေကြးေလး။
မျမင္ရတာၾကာၿပီျဖစ္ေသာ ပါးခ်ိဳင့္ေနရာေလးကို လက္ၫွိုးေလးျဖင့္ထိတို႔ရင္း ေခ သူ႔မ်က္ႏွာကိုေသခ်ာၾကၫ့္မိသည္။
လူရႈပ္လူေပြဆိုၿပီး အထင္ေသးခဲ့ဖူးေပမယ့္ သူက ေပြခ်င္တိုင္းေပြႏိုင္ေအာင္ ရုပ္ေျဖာင့္ခဲ့သူပဲ။
"ရွင္သတိမရေသးဘူးလား"
ေခ သူ႔မ်က္ႏွာကိုေမ်ွာ္လင့္တႀကီး ၾကၫ့္မိေပမယ့္ သူကေတာ့ တုတ္တုတ္မွမလႈပ္။
ေဘးနားက စက္ေတြရဲ့အသံေတြသာ အခန္းထဲမွာၾကားေနရ၍ ေခ သူ႔ရင္ဘတ္ေပၚ ပါးေလးကပ္ၿပီး ခဏၿငိမ္ေနလိုက္သည္။
"ဒီေရာဂါကေတာ့ ေျပာရခက္တယ္ ရက္ပိုင္း၊ လပိုင္းေလာက္နဲ႔လည္း ျပန္သတိရလာတာမ်ိဳးလည္းရိွတယ္ တခ်ိဳ႕ကေတာ့ ႏွစ္နဲ႔ခ်ီၿပီးၾကာတတ္တယ္ ႏွလံုးခုန္ႏႈန္းကိုေစာင့္ၾကၫ့္ေပးပါ သူ႔မွာ side effectထိထားတာရိွတယ္"
"ျပန္ႏိုးလာဖို႔ ရာခိုင္ႏႈန္းဘယ္ေလာက္ရိွလဲ ဆရာ"
အသိခ်င္ဆံုးေမးခြန္းတစ္ခုျဖစ္ေပမယ့္ ဆရာဝန္ကေျဖမသြားခဲ့ပါ။
Googleမွာ Comaအေၾကာင္းရွာၾကၫ့္ေတာ့မွ ျပန္ႏိုးလာဖို႔ ရာခိုင္ႏႈန္းအလြန္နည္းပါးမွန္းသိလိုက္ရၿပီး ထိုစဥ္က ေခ ငိုခဲ့မိေသးသည္။
မေတာ္တဆ သူ သတိျပန္မရခဲ့ရင္ ေခ ဘယ္လိုလုပ္ရပါ့မလဲ။
အေတြးျဖင့္ ရင္ထဲမႊန္းၾကပ္သြားၿပီး သူ႔လက္ကိုပိုၿပီးတင္းတင္းဆုပ္ထားလိုက္မိသည္။
သူျပန္လာခဲ့မယ္လို႔ ကတိေပးခဲ့တယ္မလား...
ရွင္သန္ဖို႔ ရာခိုင္ႏႈန္းေတြ ဘယ္ေလာက္ပဲ နည္းပါးေနပါေစ။
ရွင္ျပန္လာမယ္လို႔ ေခယံုၾကည္တယ္..
ရွင္နဲ႔ျပန္ေတြ့ခ်င္တယ္
ေခတို႔ႏွစ္ေယာက္ တကယ္ေပါင္းဖက္ရမယ့္ဖူးစာပါခဲ့ရင္ ရွင္ျမန္ျမန္ႏိုးလာပါေစ...
▪▪▪⏳⏳⏳▪▪▪
"ေက်ာင္းတက္ရတာလည္း ပ်င္းပ်င္းလာၿပီေနာ္ ကို"
မခစကားစေတာ့ ကိုက ေခါင္းညိတ္ရံုသာညိတ္ျပၿပီး တကယ္လည္းပ်င္းေနပံုျဖင့္ အေၾကာဆန႔္ကာ ေခ့ကိုလွမ္းၾကၫ့္သည္။
ေခက ေမးေလးေထာက္ကာ ေကာ္ရစ္ဒါဘက္ကို အေၾကာင္းမဲ့ေငးေနၿပီး မခတို႔စကားဝိုင္းထဲလည္းဝင္မပါ။
"ဒီအတိုင္းဆို ေခ လြယ္ပါ့မလား ကို"
ကိုက ဘာမျွပန္မေျပာဘဲ ေခ့နဖူးကိုလွမ္းေတာက္ေတာ့မွ သူမအသက္ဝင္လာၿပီး ျပန္လွၫ့္ၾကၫ့္လာသည္။
"ဘာလဲ ဘာေျပာမလို႔လဲ"
"နင္မပ်င္းဘူးလားလို႔"
"ပ်င္းတယ္ေလ အိမ္ျပန္ၿပီးဂိမ္းေဆာ့ရေအာင္"
ထိုအခါ ကိုက ႀကိတ္ႃပံုးလိုက္ၿပီးေခါင္းခါပစ္လိုက္သည္။
လမ္းေပ်ာ္တဲ့ေခတစ္ေယာက္ တစ္ခုခုဆိုအိမ္ကိုပဲျပန္ခ်င္ေနတာက ထူးဆန္းမေနဘူးလား။
"မျပန္ခ်င္ပါဘူး ဂိမ္းေဆာ့ခ်င္ရင္ ဖုန္းေတြပါသားပဲ"
ေခ့မ်က္ႏွာေလးတမ်ိဳးျဖစ္သြားၿပီး မခတို႔ႏွစ္ေယာက္လံုးကို မ်က္ေစာင္းထိုး၏။
ကိုမင္း သည္းသည္းလႈပ္ေအာင္ ခ်စ္လည္း ခ်စ္စရာ၊ တစ္ခါတစ္ေလ ေခ့ပံုစံေလးက အျပစ္ကင္းစင္လွ၏။
ကေလးေလးလို ဟန္မေဆာင္တတ္သၫ့္မ်က္ႏွာေလး...
"မရီး ကၽြန္ေတာ္ဘာဝယ္ေပးရဦးမလဲ"
မခနဲ႔သိပ္မရင္းႏွီးသၫ့္ မင္းထက္က ေခ့ကိုေတာ့ရင္းႏွီးၿပီး လိုအပ္တာမွန္သမ်ွကို ဂရုတစိုက္လုပ္ေပးသည္။
မခကေတာ့ ေဖေဖ့ရဲ့သားပဲမို႔ မခနဲ႔လည္းအစ္ကိုေတာ္သည္ဟုပဲ ယူဆထားလိုက္ေပမယ့္ မင္းထက္နဲ႔မခက ရြယ္တူျဖစ္သည္။
"ရတယ္ သူသတိရၿပီလား"
ေမ်ွာ္လင့္တႀကီးေမးလာသၫ့္ ေခ့ေမးခြန္းေၾကာင့္ စိတ္မေကာင္းျဖစ္သြားမိသလို ကိုလည္းမ်က္ႏွာပ်က္သြား၏။
ကိုမင္းကို ေခဘယ္ေလာက္အထိေမ်ွာ္လင့္ေနသလဲ။
"အတိအက်ေတာ့မေျပာႏိုင္ဘူး ေစာေစာကေျပာခဲ့သလိုပဲ ရက္ပိုင္းလပိုင္းေလာက္နဲ႔လည္း သတိျပန္ရႏိုင္သလို တခ်ိဳ႕ကေတာ့သတိျပန္မရဘဲ ဒီအတိုင္းေသဆံုးသြားတာေတြလည္းရိွတယ္ မိန္းကေလးက သိပ္ေမ်ွာ္လင့္ေနပံုပဲဆိုေတာ့ ကၽြန္ေတာ္မေျပာရက္လို႔ပါ"
ဆရာဝန္က ေခမသိေအာင္ေျပာျပသြားတာျဖစ္ၿပီး ေမ်ွာ္လင့္ခ်က္မရိွသလိုျဖစ္သြားရင္း ေခ ဘာျဖစ္သြားမလဲ မေတြးရဲ။
ဦးမင္းထြန္းရဲ့ တစ္ခုတည္းေသာအသက္ေသြးေၾကာမို႔ ကိုမင္းထက္ ေခ့ကိုသာ အရိပ္တၾကၫ့္ၾကၫ့္ရိွေနရသည္ဆိုလ်ွင္ မခတို႔မွားမည္မထင္။
"ငါ သူနဲ႔စကားေတျြပန္ေျပာခ်င္ၿပီ လြမ္းတယ္"
မခကိုရင္ဖြင့္ေျပာျပသၫ့္အခ်ိန္တိုင္း ေခ့မ်က္လံုးေလးေတြက တစ္ခုခုကိုလြမ္းဆြတ္ေနသလို ေငးေငးရီရီေလး။
သက္ျပင္းသာ ခ်လိုက္မိၿပီး ေခ့ကိုဖက္ထားလိုက္ေတာ့ မခကိုမွီတြယ္လာသၫ့္ေခဟာ တကယ္သနားဖို႔ေကာင္းေနခဲ့သည္။
ေခတကယ္ခ်စ္တတ္ေနၿပီလား...
ေက်းဇူးျပဳျပီး...
ေက်းဇူးျပဳျပီး ေခ့ကိုစိတ္ဆင္းရဲေအာင္မလုပ္ပါနဲ႔ေတာ့ ကံၾကမၼာရယ္.....
▪▪▪⏳⏳⏳▪▪▪
"ဘယ္ေလာက္ခ်မ္းသာတဲ့သူေဌးႀကီးပဲျဖစ္ေနပါေစ မိန္းမေတြမိႈလိုေပါက္ေနတာ အထင္ႀကီးစရာကိုမရိွဘူး"
"သူ႔အေဖက အဲ့လိုလူမ်ိဳး"
သူ႔ကိုလွၫ့္ၾကၫ့္လာၾကသၫ့္မ်က္လံုးေတြ။
ေဒါသစိတ္ေၾကာင့္ လက္သီးဆုပ္ပစ္လိုက္ေတာ့ မဝံ့မရဲျဖင့္ သူ႔အက်ႌစကိုလာဆဲြသည့္ ခ်ာတိတ္ေလး။
"ရန္မျဖစ္ပါနဲ႔အစ္ကို သူတို႔ေျပာသလိုပဲ ကၽြန္ေတာ္က မယားငယ္ရဲ့သားပါ"
"မင္းကငါ့ညီပဲ မင္းကိုထိရင္ငါ့ကိုထိတာနဲ႔အတူတူပဲ အဲ့ဒီေကာင္ေတြေသၿပီသာမွတ္"
"မင္းလား ငါ့ညီကိုမယားငယ္ရဲ့သားလို႔ေခၚတာ မင္းကဘာေကာင္မို႔လဲ"
ငိုမဲ့မဲ့ခ်ာတိတ္ေလးရဲ့ မ်က္ႏွာတစ္ခုႏွင့္အတူ စိတ္တိုင္းက်ထိုးႀကိတ္ပစ္ခဲ့၍ ေသြးျဖင့္နီရဲသြားေသာ မ်က္ႏွာေတြ။
"ငါ့အေဖဟာ ဘာေကာင္ႀကီးပဲျဖစ္ေနေန လက္ၫွိုးမထိုးနဲ႔ အဲ့ဒီလက္ၫွိုးပိုင္ရွင္ေတြကို ငါအကုန္ဖ်က္စီးပစ္မယ္"
"မင္းတို႔စခ်င္တိုင္းစေနရေအာင္ ငါကေရႁမြေမဟုတ္ဘူး ငါ့နာမည္မင္းေစရာ"
"ဒီေကာင္လည္း သူ႔အေဖလိုလာမွာပဲ အလကားလူေပြလူရႈပ္ ငါ့ညီမကိုေတာင္ ေသခ်ာမွာထားရတယ္ သူေတာင္းစားနဲ႔တဲြလည္းျဖစ္တယ္ မင္းေစရာမဟုတ္ရင္ၿပီးတာပဲလို႔"
"ေျပာရဲတယ္ေနာ္ ငါလိုေကာင္ကလည္း မင္းညီမကို ေစာက္ေရးမလုပ္ဘူးစိတ္ခ် မေနႏိုင္မထိုင္ႏိုင္ျဖစ္လာရင္ေတာ့ pharသြားခ်လိုက္မယ္"
"လက္ထပ္ျခင္းဆိုတာ ေထာင္ပဲ ပယင္း ငါဘယ္ေတာ့မွေထာင္က်မခံဘူး"
"တစ္ေယာက္တည္းကိုပဲခ်စ္မယ္ တစ္ေယာက္တည္းကိုပဲလက္ထပ္မယ္"
ျဖဴႏုေနေသာ လည္ပင္းေလးမွ တစ္စက္စက္စီးက်ေနသၫ့္ေသြးေတျြဖင့္ ေမာ့ၾကၫ့္ေနေသာ ေခ။
"ရွင္ထင္သလိုလုပ္ေနတဲ့ ဒီခႏၶာကိုယ္ကိုလည္းမုန္းတယ္"
"ရွင့္ဇနီးအျဖစ္ တျခားသူေတြသိသြားမွာကိုမလိုခ်င္တာ ဘယ္သူမွမသိေလေကာင္းေလပဲ"
"ခေရဝိုင့္ဘဝက စားၿပီးသားသၾကားလံုးေလး သဲထဲျပဳတ္က်သလိုျဖစ္ခဲ့ရင္ေတာင္ ဟဲ့ လို႔ တစ္ခြန္းေငါက္မယ့္သူမရိွဘူး က်န္ေနခဲ့တဲ့အတိုင္း ဆက္ရိွသြားမွာပဲ"
သူမဆီက ရင့္သီးရက္စက္ေသာစကားေတြေၾကာင့္ မ်က္ေမွာင္ကုပ္လိုက္မိသည္။
လက္ဖ်ံေလးေပၚေရးထားသၫ့္ ကဗ်ာတပိုင္းတစေလး။
Keep your tears
Save my future
I want to live with you
For many years
သူမနဲ႔ေနာက္ဆံုးေတြ့ခဲ့သၫ့္ အေနာက္ဘက္ေတာင္ကုန္းေလးေပၚမွာ ခရမ္းေရာင္ဂါဝန္စေလး တလြင့္လြင့္ႏွင့္ သူမ။
ဖ်တ္ခနဲလွၫ့္လာသၫ့္ ျဖဴႏုႏုမ်က္ႏွာေလးက ခရမ္းေရာင္ဆံပင္ေတျြဖင့္ လွေနဆဲ။
"ျပန္လာမယ္မလား"
Advertisement
- In Serial9 Chapters
Eternal Awakening [LitRPG] [EtA Book 1]
A 17-year old boy must use his wits and work with his friends to get first place in a tournament that takes place in an online deep-immersive Role-Playing-Game He must juggle his real-life problems with problems in the real world, and make sure that his sister does not get into harm's way. What will he do when he loses 2 people close to his heart, just before the most important battle in the tournament?
8 338 - In Serial12 Chapters
A Canopy of Stars
Arden, planet of a billion souls, has been destroyed. A solar body, known only as The Dark Star collided with the world, shattering it. Through the actions of ancient heroes, and the sacrifice of the Gods, life found a way. Floating through the black sea of space, orbiting the destructive beauty of The Dark Star is Shatter, a coalition of continental rocks, surviving as best they can. Through magic and technological advancements, the fractured remnants of the planet have been made halfway habitable. In addition to shattering the prime material plane of Arden, The Dark Star’s destructive force also fractured the planar system, collapsing ancient barriers and forcing the wild elemental and chaotic magics of the planes into conjunction. The Kingfisher, helmed by the enigmatic and powerful Captain Thunder and her miscreant crew, do odd jobs to survive, operating outside of the law. One such job takes them to the shard of Evergreen, a fragment of planet covered in brilliant forests and the capricious and deadly faerie folk who call them home. Unfortunately, while the job seems simple enough from the outside, it quickly embroils the crew of the Kingfisher in a dangerous storm. Can Thunder and her crew keep to the sidelines when war is brewing around them?
8 146 - In Serial621 Chapters
Saga of the Twin Suns : A Dungeons & Dragons Inspired Novel
Saga of the Twin Suns follows Wil Brookmoor, youngest son of an Earl. Considered a wastrel by his family, he lacks the natural talent of his siblings and is sent by his father into dangerous situations to improve himself, or die trying. This story is inspired by Dungeons and Dragons, as well as other tabletop role playing games, with a Xianxia style progression to divinity, called 'Ranks'.
8 150230 - In Serial15 Chapters
I Dislike You | s.m.
COMPLETED | Romeo and Juliet fell in love in four days. I fell in love in eight.
8 121 - In Serial11 Chapters
Male Indra Reader x Naruto (Redo)
Y/n Otsutsuki, the direct reincarnation of Indra Otsutsuki, goes to the leaf to find the other reincarnation of himself, not knowing the journey ahead of him.
8 179 - In Serial45 Chapters
Marrying the Capo
A Mafia Story.Cassandra Evans is a college student. The simple woman who has a big dream of her own but she has this attitude that always got her into trouble. Her curiousity over something couldn't fathom. She wants to build her own empire. Being the daughter of the richest businessman, her life is always in danger. To protect her from her father's enemy, her father arranged her to marry the most dangerous man in the world. The man who's handling the Italian Mafia.Nicolas De Luca, the scariest and dangerous man in the world. The man who doesn't care anyone. Killing people in a brutal way. He hates nosy persons and he kills them without having second thought. When Cassandra came into his life, everything become a mess and the only thing to do is-to kill her. His own wife.____________"You're my wife and you will do everything as I told. Capisci cosa intendo?"She nodded in response."Good. Now get on your knees."
8 284

