《အချစ်ဝိုင် ( Complete )》Part 35
Advertisement
အချစ်ဝိုင် ( part - 35 )
▪▪▪▪▪▪▪▪▪▪
"ဒက်ဒီက babyလေးကိုလွမ်းနေတာ သမီးရဲ့ဦးသီဟကလည်း မတွေ့တာကြာလို့တဲ့ ပြင်ဦးလွင်ကိုခဏပြန်လိုက်ခဲ့ပါလား"
မတွေ့တာကြာပြီဖြစ်သည့် ဒက်ဒီက ခေ နေမကောင်းနေ၍ အလည်အပတ်ရောက်နေကာ ပြင်ဦးလွင်ကိုပြန်လိုက်ခဲ့ဖို့ ခေ့ကိုခေါ်နေသည်။
မိုးကုတ်ကဖုန်းကိုပဲ အချိန်ပြည့်မျှော်နေမိသည့် ခေသည် အရင်လို လမ်းပျော်လည်းမဟုတ်တော့ဘဲ တမှိုင်မှိုင် တထွေထွေဖြစ်နေသည်ကို ဒက်ဒီမြင်ချင်ပုံမပေါ်။
"ခေလိုက်ချင်ပါတယ် ဒါပေမယ့် သူ့ကိုစောင့်ချင်သေးတယ်"
"သူက Babyလေး အိမ်မှာမရှိမှန်းသိရင် ပြင်ဦးလွင်ကိုလိုက်ခဲ့မှာပေါ့ ဒါမှမဟုတ်ရင် မောင်မင်းစေရာပြန်ရောက်ပြီဆိုတာနဲ့ ဒက်ဒီကိုယ်တိုင်ပြန်လိုက်ပို့မယ်"
ခေ ဒက်ဒီ့ကိုချစ်ပေမယ့် သူ့အကြောင်းပြန်သိချင်သည့်စိတ်ဖြင့် တွေဝေနေဆဲ။
မိုးကုတ်နဲ့အဆက်အသွယ်ပြတ်တာ ၂ရက်ကျော်ပြီမို့ အမှန်အတိုင်းဝန်ခံရရင် ခေ မိုးကုတ်ကလွဲလို့ ဘယ်ကိုမှမသွားချင်။
"အဖေကိုစိတ်ချမ်းသာအောင်ထားတာက ကုသိုလ်ရပါတယ် babyလေးရယ်"
"ခေ လိုက်ခဲ့ပါမယ်"
မေမေကလည်း သဘောတူသည်မို့ ကြီးမေက ခေ့ အဝတ်အစားတွေထည့်ပေးကာ ခေက အခန်းထဲမှာပဲ ငူငူလေးထိုင်နေမိသည်။
သူနဲ့ခေ အတူနေခဲ့သည့်ဒီအခန်းလေးကို မခွဲချင်သလို သူ့ကိုလွမ်းသည့်စိတ်တွေကလည်း တနင့်တပိုး။
ခေမျှော်နေမှာမှန်းသိပါလျက် ဒီလူဆိုးကောင်က ဘာလ်ု့ဖုန်းမဆက်တာလဲ...
"ကြီးမေ မိုးကုတ်က ဖုန်းမလာဘူးလား"
"လာတယ် ခေလေး မမကြီးကိုင်လိုက်တယ် ခေလေးအိပ်နေတာနဲ့"
"မေမေကိုင်တယ်ဆိုတော့ ဘာထူးသေးလဲ သူ ဘယ်လိုနေလဲဟင် သက်သာရဲ့လား"
"သက်သာပါတယ် အရမ်းကြီးတော့မသက်သာဘူးပေါ့ ကြည့်ရတာ အားနည်းနေတယ်ထင်ပါရဲ့ အရင်ကထက်ပိုဂရုစိုက်ရတယ်လို့ပြောတယ် သူကိုယ်တိုင်တောင် ဖုန်းမဆက်နိုင်ရှာဘူး ခမျာ သနားပါတယ်"
ခေ သက်ပြင်းလေးချကာ ခေါင်းလေးမော့မိတော့ ရေချိုးခန်းနားမှာ သူ့ကိုတွေ့လိုက်သလိုရှိသည်။
သေချာပြန်ကြည့်တော့လည်းဘာမှမရှိ၍ စိတ်ထဲတစ်မျိုးကြီးဖြစ်သွားမိသည်။
ခေ အမြင်တွေမှားနေသလား၊ အိပ်ရေးတွေပျက်လို့ မြင်ချင်ရာတွေမြင်နေသလား။
"သွားစို့သမီးလေး"
ကြီးမေရော ပြန်လိုက်မှာဖြစ်ပြီး မေမေက နေကောင်းအောင်နေဖို့၊ မိုးကုတ်ကဖုန်းဆက်လာလျှင် ခေ့ဆီဆက်မည့်အကြောင်းတွေပြောသည်။
ခေ ခေါင်းလေးပဲညိတ်ပြလိုက်ပြီး ကားပေါ်မှာဝင်ထိုင်လိုက်တော့ ဒက်ဒီကဖြည်းဖြည်းချင်းမောင်းထွက်လာသည်။
ပြင်ဦးလွင်သည် အရင်အတိုင်း အေးချမ်းလှပနေဆဲဖြစ်ကာ ခေသည်သာ ထိုအလှအပတွေကိုမကြည့်နိုင်အောင် သူ့ကိုသတိရနေမိသည်။
ပီယနှင့်မခဆီ ဖုန်းတွေခေါ်ပေမယ့်လည်း မကိုင်တာကခပ်များများမို့ ခေ ဘာမှသိခွင့်မရ။
"ဒက်ဒီ ပီယဆီဖုန်းခေါ်လို့ရလား"
"ဒက်ဒီမဆက်မိဘူး babyလေး ဘာဖြစ်လို့လဲ"
"ခေ ဖုန်းခေါ်ရင် မကိုင်တာကများလို့"
"မအားလို့နေမှာပေါ့ babyလေးရယ် သူ့ယောက်ဖကိုလည်း ဂရုစိုက်ရသေးတယ်မလား"
လုံလောက်သော အကြောင်းပြချက်မို့ ခေ နှုတ်ဆိတ်နေလိုက်ပေမယ့် ပီယဖုန်းမကိုင်တာက ခေ့အတွက်ထူးဆန်းနေ၏။
ခါတိုင်းဆို မအားသည့်အချိန်မှသာ ဖုန်းမကိုင်ဘဲထားတတ်ကာ အားလျှင်အားချင်း ချက်ချင်းပြန်ခေါ်တတ်သည့်လူက...m
"သမီးလေးနားတော့ ကြီးမေ အိမ်ရှင်းလိုက်ဦးမယ်"
ကြီးမေက ခေ့ပစ္စည်းတွေကိုအခန်းထဲထည့်ပေးထားခဲ့ကာ အိမ်သန့်ရှင်းရေးလုပ်ဖို့ထွက်သွားတော့ ခေတစ်ယောက်တည်းကျန်ခဲ့သည်။
အရင်ကနေခဲ့ဖူးသောအခန်းက ခရမ်းနုရောင်သုတ်ထားသည့်နံရံတွေဖြင့် အေးအေးချမ်းချမ်းလှနေသည်။
"ခေ"
သူ့အသံကြားလိုက်ရ၍ ခေ လှည့်ကြည့်မိတော့ ဘယ်သူမှမရှိဘဲ တစ်ခန်းလုံးမှာခေတစ်ယောက်တည်း။
ခေ ကျက်သီးထသွားမိသလို ပီပီသသကြားလိုက်ရသည့်အသံကြောင့်လည်း ရင်ထဲထိတ်လန့်သွားမိသည်။
"ရှင်လား ရှင် ခေ့ကိုခေါ်နေတာလား"
သူ တစ်ခုခုဖြစ်နေတာ သေချာသွားသည့်စိတ်ဖြင့် ခေ ပြေးထွက်ဖို့ပြင်မှ ခြေမခိုင်တော့၍ ထိုင်လျက်လေးလဲကျသွားသည်။
ပီယနံပါတ်ကို အရူးတစ်ယောက်လို ထပ်ကာထပ်ကာနှိပ်နေရင်း ခေ တအားအော်ငိုမိတော့ ကြီးမေရော၊ ဒက်ဒီပါ ခေ့အခန်းထဲရောက်လာသည်။
ယ္ယ္ယယ္ယယယယယယယစဂ
"ဒက်ဒီ သူတစ်ခုခုဖြစ်နေပြီ ခေ့ကိုပြန်လိုက်ပို့ပေးပါ"
"Babyလေး အခုက"
"သူ ခေ့ကိုခေါ်နေတယ် သူ့အသံကြားလိုက်တယ် သူတစ်ခုခုဖြစ်နေပါပြီဆို ဒက်ဒီဘာလို့မယုံတာလဲ ခေမိုးကုတ်ကိုသွားမယ် ဖယ်ပေး"
ခေသည် ပွေ့ဖက်နွေးထွေးလာသည့် ကြီးမေရင်ခွင်ကိုလည်း မှီမချနိုင်။
သူ့အသံကြားလိုက်ရခြင်းဟာ ခေ့ကိုသွေးပျက်သွားစေပြီး အရူးတစ်ယောက်လို ရင်ဘတ်လေးကိုဖိပြီး ခေ အသံကုန်အော်ငိုနေမိသည်။
ရှင် ဘာဖြစ်နေပြီလဲ....
▪▪▪⏳⏳⏳▪▪▪
"ကိုယ် မင်းကိုချစ်တယ်"
သူ့အသံကြားလိုက်၍ ခေ ထထိုင်လိုက်မိတော့ ဘေးမှာအိပ်နေသည့်ကြီးမေကိုသာ ခေတွေ့ရ၏။
ခေ့အခန်းထဲမှာ ဘယ်သူမှမရှိ။
"ရှင် ဘယ်မှာလဲဟင်"
ခေ အိပ်ယာထဲက လူးလဲထလိုက်ပြီး အခန်းအပြင်ထွက်လာခဲ့ပေမယ့် နောက်ထပ်အသံမကြားရတော့။
"မင်းစေရာ ရှင် ဘယ်မှာလဲလို့ အရူးကောင်ရဲ့"
ခေ တစ်ယောက်တည်း အရူးမလေးလို ဘယ်သူမှမရှိသည့်အိမ်ထဲမှာ သူ့ကိုလိုက်ရှာနေမိသည်။
သူ ခေ့အနားမှာရှိနေသည်။
မမြင်ရပေမယ့် ဘေးကိုဝေ့ပတ်ကြည့်ရင်း နေရာမှာပဲထိုင်ချလိုက်မိသည်။
နားနှစ်ဖက်လုံးပိတ်ထားမိပေမယ့် "ကိုယ် မင်းကိုချစ်တယ်" ဆိုသည့်ပဲ့တင်ထပ်သံကိုသာ ခေ ဆက်တိုက်ကြားနေရဆဲ။
ခေ့ငိုသံတွေ၊ ခေ့ဆုတောင်းတွေ ရှင်ပြန်ကြားပါစေ...
ရှင် လိမ်သွားခဲ့ရင် ဘဝအဆက်ဆက် ခေနှိပ်စက်သမျှခံရပါစေ။
ရှင်ပြန်မလာရင် ရှင့်ကိုခွင့်မလွှတ်ဘူး•••
▪▪▪⏳⏳⏳▪▪▪
"Comaဝင်သွားတာ"
"ဗျာ"
ပီယ လန့်ဖျတ်သွားပြီး ကုတင်ပေါ်မှာအောက်စီဂျင်ပိုက်ကို နှာခေါင်းပေါ်တင်ထားရသည့် မင်းစေရာကို တစ်ချက်လှမ်းကြည့်မိသည်။
Comaဆိုတာမျိုးက ဘယ်အချိန်ကျမှသတိပြန်ရမလဲ ခန့်မှန်းတွက်ချက်လို့မရသည့်အရာ...
"ဆေးကိုပုံမှန်သွင်းပေးရမယ် အာဟာရdripတွေ ဘာတွေအမြဲချိတ်ထားရမယ် ခွဲစိပ်မှုကအောင်မြင်တယ်လို့တော့မဆိုလိုပါဘူး ဒါပေမယ့် အသက်ဘေးကနေတော့ လွတ်မြောက်ခဲ့ပါပြီ"
"ဒါကို လွတ်မြောက်တယ်လို့ ခင်ဗျားက ပြောချင်နေတာလား"
ဦးမင်းမြတ်သည် ရုတ်တရက်စိတ်လွတ်သွားသလို ဒေါက်တာရဲ့ဂျူတီကုတ်ကိုဆွဲယူကာ ဒေါသတကြီးအော်ဟစ်၏။
"ကျုပ်သားက အသေကောင်လို အိပ်ယာထဲမှာလဲနေတာက အသက်ဘေးကလွတ်တာလား ရအောင်ပြန်နှိုးပေး ခင်ဗျားလိုချင်သလောက် ကျုပ်အားလုံးပုံပေးမယ်"
"ဖေဖေ ဖေဖေစိတ်ထိန်းပါဦး ဖေဖေ သမီးကိုကြည့်ပါ"
မခက ဦးမင်းမြတ်ရဲ့လက်တွေကို မရမကပြန်ဆွဲကာ တတွတ်တွတ်တောင်းပန်ရင်း အခန်းအပြင်တစ်နေရာကို ဆွဲခေါ်သွား၏။
ပီယက ဆရာဝန်ကိုအားနာစွာကြည့်ရင်း...
Advertisement
"ကျွန်တော်တောင်းပန်ပါတယ် အဖေစိတ်လွတ်သွားလို့ပါ"
"ရပါတယ် ဦးမင်းမြတ်အကြောင်း ကျွန်တော်သိပါတယ် သူက ဒီသားကို သူ့နေရာမှာတာဝန်ယူခိုင်းဖို့ အတော်လေးမျှော်လင့်ထားတာ ကောင်လေးက လူတော်ပါ လမ်းမှားရောက်သွားလို့သာ"
ဆရာဝန်က နားလည်မှုဖြင့် ခေါင်းညိတ်နှုတ်ဆက်ကာ round လှည့်ဖို့ထွက်သွားတော့ သူ မင်းစေရာကိုငုံ့ကြည့်မိသည်။
"မင်းဘာလို့ ခုလိုဖြစ်သွားတာလဲ ခေကမင်းကို အရမ်းချစ်နေကာမှ"
မလှုပ်မယှက်ရှိနေသော မင်းစေရာကို စိုက်ကြည့်နေမိရင်း ခေ့ဆီကဖုန်းဝင်လာသည်။
ခေသည် သူ့ဆီအမြဲလိုဖုန်းဆက်ကာ သူ မကိုင်ဖြစ်သည့်အခါဆို မနားတမ်းလည်းခေါ်တတ်သေးသည်။
"ခေ ပြော"
"သူ သက်သာလား"
"သက်သာတယ် အိပ်ဆေးပေးထားလို့ အိပ်ပျော်နေတယ် နင်ရော နေကောင်းလား"
"အင်း သူသက်သာတာသေချာလား ပီယ ငါ့ကိုမလိမ်နဲ့နော်"
"နင်က ငါ့ဘဝမှာအစားထိုးလို့မရတဲ့ တစ်ဦးတည်းသော သူငယ်ချင်းပါ ခေရယ် အချစ်ဆုံးသူငယ်ချင်းလည်းဖြစ်သလို မောင်နှတွေလည်းဟုတ်တယ်မလား ဘယ်သူ့ကိုမှမယုံရင်တောင် ငါ့ကိုယုံပါ ဟုတ်ပြီလား"
သူ အာမခံသလိုပြောလိုက်တော့ မယုံချင်သေးသည့်လေသံတွေက တစ်ထစ်လျော့သွားကာ....
"အင်းပါ ငါသူနဲ့ဖုန်းပြောချင်တယ် သူနိုးလာရင်ငါ့ကိုပြန်ဆက်ပေး သူ့အသံကြားရရင်ရပြီ ပြန်ဆက်ပေးနော်"
"အေးပါ စိတ်ချ"
"နင် ပြန်လာတော့မှာလား"
"မလာသေးဘူး ဒီမှာမခရဲ့အစ်ကိုတစ်ယောက်လည်း ဆေးရုံတက်နေရတယ်လေ ငါအဲ့မှာစောင့်ပေးနေတာ"
"ပြီးရောဟယ် ငါ့ဆီပြန်ဆက်ဖို့သာမမေ့နဲ့"
ခေ ဖုန်းချသွားတော့မှ သက်ပြင်းမောကြီးကိုမှုတ်ထုတ်ရင်း ကုတင်နားကထိုင်ခုံမှာဝင်ထိုင်လိုက်သည်။
ခေ့ကို သူလိမ်နေတာ တရားရဲ့လား...
ဘယ်အချိန်မှာ သတိပြန်ရမယ်လို့မဆိုသာသည့်အတွက် ခေ့ကို သူဘယ်အချိန်ထိလိမ်နေရဦးမှာလဲ...
"ကို ဆရာဝန်ကဘာပြောသွားသေးလဲ"
"ဘာမှမပြောသွားပါဘူး အဖေကရော"
"အိမ်ကိုပြန်ဦးမယ်ပြောသွားတာပဲ ဖေဖေက ကိုမင်းကိုသိပ်ချစ်တာ ကျောက်တွင်းတွေအတွက်ရော လုပ်ငန်းတွေအတွက်လည်း အတော်လေးမျှော်လင့်ထားတာ အဲ့ဒါကြောင့်လည်း အိမ်မှာဖေဖေပြီးရင် ကိုမင်းစကားကိုပဲနာခံကြရတာ"
"ကိုတို့ ခေ့ကိုဘယ်လိုပြောကြမလဲ"
"ခေ ဖုန်းဆက်သေးတယ်လား"
"စောစောကဆက်တယ် အသံကြားရရင်ရပြီတဲ့ ခေ အဲ့လောက်ထိခင်တွယ်ပြီး စိတ်ပူနေတာမျိုးမတွေ့ဖူးသေးဘူး ကိုမင်းစေရာအကြောင်းပြောပြလိုက်ရင် စိတ်ထိခိုက်ပြီး ပုံလဲသွားမှာလည်းစိုးရသေးတယ် ခေကစိတ်ထိခိုက်လွန်းရင် သတိလစ်သွားတာမျိုးရှိတတ်တယ် မပြောလို့ကလည်း ရေရှည်မှာမဖြစ်ဘူး"
"ခေက အခုပြင်ဦးလွင်မှာမလား"
"အင်း လေးလေးကိုဖုန်းဆက်ပြီး သွားခေါ်ခိုင်းလိုက်တာ ခေ ညညဆိုမအိပ်ဘူးတဲ့ ကိုမင်းစေရာကိုမြင်တယ် သူ့အသံကြားတယ်ဆိုပြီး အရူးလိုအော်ငိုနေတာတဲ့"
"ဟင်!!"
မခအကြည့်တွေက အိပ်ယာပေါ်မှာ ငြိမ်သက်နေသည့် မင်းစေရာဆီရောက်သွားသည်။
သူသည်လည်း ခေ့အပေါ် ဘယ်လောက်တောင်စွဲလမ်းမြတ်နိုးနေသလဲမသိ။
အခုအတိုင်းဆို ခေ့ အနားမှာပဲ တစ်ချိန်လုံးရှိနေပုံရသည်။
"ခေ့ကို ပြောပြဖို့တိုင်ပင်ရအောင် ကိုရယ်"
▪▪⏳⏳⏳▪▪▪
Part 36 ဆက်ရန်
စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997
~~~~~~~~~~~~~~~~~~~~~~
အချစ်ဝိုင် ( part - 35 )
▪▪▪▪▪▪▪▪▪▪
မိုးကုတ်ကဖုန်းကိုပဲ အချိန်ပြည့်မျှော်နေမိသည့် ခေသည် အရင်လို လမ်းပျော်လည်းမဟုတ်တော့ဘဲ တမှိုင်မှိုင် တထွေထြွေဖစ်နေသည်ကို ဒက်ဒီမြင်ချင်ပုံမပေါ်။
"ခေ လိုက်ခဲ့ပါမယ်"
ခေ အမြင်တွေမှားနေသလား၊ အိပ်ရေးတွေပျက်လို့ မြင်ချင်ရာတြွေမင်နေသလား။
"သွားစို့သမီးလေး"
အရင်ကနေခဲ့ဖူးသောအခန်းက ခရမ်းနုရောင်သုတ်ထားသည့်နံရံတြွေဖင့် အေးအေးချမ်းချမ်းလှနေသည်။
Advertisement
"ခေ"
ယ်ယ်ယယ်ယယယယယယယစဂ
"Babyလေး အခုက"
ရှင် ဘာဖြစ်နေပြီလဲ....
▪▪▪⏳⏳⏳▪▪▪
"ကိုယ် မင်းကိုချစ်တယ်"
"ရှင် ဘယ်မှာလဲဟင်"
▪▪▪⏳⏳⏳▪▪▪
"Comaဝင်သွားတာ"
"ဗျာ"
"ခေ ပြော"
"သူ သက်သာလား"
"အေးပါ စိတ်ချ"
"နင် ပြန်လာတော့မှာလား"
"ခေ ဖုန်းဆက်သေးတယ်လား"
"ဟင်!!"
▪▪⏳⏳⏳▪▪▪
Part 36 ဆက်ရန်
#shinthant1141997
Advertisement
- In Serial46 Chapters
Land of Nowhere
Access Discord Here Lucian Lane, a simple, hardworking man from the southern states, may be the final barrier separating humanity from the terrifying truths that lie beyond its reach. He must acquire power, survive terrifying trials, and build an empire to prevail in the perverse Tournament of Nowhere. Lucian's potential victory is all that stands between the horrors of the Galaxy and those that he holds dear... [Welcome, Host, to the Land of Nowhere]
8 202 - In Serial6 Chapters
Weeds and Immortals
Two different characters. Two goals Both striding on one path in order to archieve their desire. How will the story of an Immortal and an reincarnated human in the form of weed play out in a wolrd where hate and despair, fear and desire rules over the hearths of humans? There will be at least three chapters a week for this. Any more chapters will depend on motivation and/or free time. This is an original novel by my person and it will contain a lot of philosophical ideas and thoughts I have and will get while writing this. Also be prepared for a lot of bad puns and humour as well completely messed up language. Also if anyone would want to proofread and fix my bad english please pn, I'm no native speaker so please have mercy at my tiny ego.
8 167 - In Serial34 Chapters
a piece of moon and the sunflower star
Just some poems, prose and thoughts. Whatever read it!!!I own all the drawings of this book.And please be ready to find some amazing mistakes because I'm not Shakespeare or Rupi Kaur.Thank you :)Btw cover is designed by me.#1 poetry#1 poetrybook#1 poetrycollection 27 June 2022#1 poem 18 Aug 2022
8 175 - In Serial20 Chapters
Baby LaurenzSides.
This is a story about Lauren, a.k.a LaurenzSide, having twins. But will the twins be boys or girls or both? Will the twins by naughty or nice? Read Baby LaurenzSides to find out!
8 213 - In Serial9 Chapters
What if? (Old write will be written! And better than ever!)
This is what if asta was a girl and instead of having no magic she had magic and instead of one grimoire she had 4 lol this story is entirely different from others :) Wanna know more?Then read it -_-Oh and maybe yuno x asta :) maybeDon't own anything but the fan ficRanks :)2:op asta15: readthestoryI think I started October 1 or September something idkRe writing cause I just re read this mess and it makes no sense what so ever 🤦🏽♀️I'll be making aus of this fan fic if Asta chose different paths
8 56 - In Serial13 Chapters
Case Walker meeting Jonas Bridges
Case Walker is new to town and it is his first day at a new school. He meets a kid named Jonas Bridges in math class. He think it's all going to be okay then something changes..... Read To Find Out.....
8 115

