《အချစ်ဝိုင် ( Complete )》Part 34
Advertisement
အချစ်ဝိုင် ( part - 34 )
▪▪▪▪▪▪▪▪▪▪
ခေပြန်သွားပြီးကတည်းက သူ့စိတ်တွေရှုပ်ထွေးနေပြီး ဘာကိုမှစိတ်တိုင်းမကျသလို အမြဲလိုလိုစိတ်တိုနေမိသည်။
ပြန်လွှတ်လိုက်တာကိုတော့ မှားသည်ဟု နောင်တမရမိဘဲ သူနာကျင်ခံစားနေရသမျှ ခေ့ကိုမမြင်စေချင်။
ယင်းထသည့်အချိန်တွေမှာ အေးလိုက်ပူလိုက်ဖြင့် သူ့ခန္ဓာကိုယ်က အမျိုးမျိုးပြောင်းလဲနေပြီး သူ့စိတ်တွေပိုပြီးမတည်ငြိမ်တော့။
အိပ်ပျော်သွားသည့်အခါတွေဆို လွယ်ကူသလောက် ပြန်ထဖို့တော့ သူ့အတွက်ခက်ခဲလာသည်။
သို့သော် ပြန်မထလျှင်လည်း ဆေးဖြတ်နိုင်မှာမဟုတ်ဆိုသည့် သူမအတွက်ကြိုးစားချင်စိတ်ဖြင့် သူအမြဲနိုးထခဲ့ရသည်။
"မင်းစေ ကြားရဲ့လား ဆရာပြောတာကို"
သူမေ့မျောသွားတိုင်း မျက်လုံးကိုဖြဲကြည့်ပြီး ဓာတ်မီးလေးနှင့်ထိုးကာ ဆရာဝန်ကမေးတတ်သည်။
အခုနောက်ပိုင်းမှာတော့ သူ ခေါင်းညိတ်ပြချင်ပေမယ့် တစ်ကိုယ်လုံးအင်အားယုတ်လျော့နေသလို လှုပ်မရ။
လက်ချောင်းလေးတစ်ချောင်းလှုပ်ဖို့ကိုတောင် အတော်လေးကြိုးစားအားယူနေရ၏။
"အခြေအနေသိပ်မကောင်းဘူး ကိုမင်းမြတ် ဒါComaရဲ့လက္ခဏာပဲ ကျွန်တော်တို့ဆေးရုံတင်မြှဖစ်မယ် နောက်ကျသွားရင် comaဖြစ်သွားလိမ့်မယ်"
"ရတယ် ဆရာပဲညွှန်ကြားပါ"
နှစ်ယောက်သားတိုင်ပင်နေကြချိန်မှာ အပေါ်ထပ်ဆီက ဝုန်းခနဲအသံနှင့်အတူ...
"ဆရာကြီး အစ်ကိုလေး လဲသွားပြီ"
ဆို၍ နှစ်ယောက်သားပြေးတက်လာခဲ့တော့ မင်းစေသည် ကုတင်တိုင်နှင့်ပါဆောင့်မိထားဟန်ဖြင့် နဖူးပေါ်မှာသွေးတွေစီးကျနေ၏။
ဖြူဖျော့နေသည့်မျက်နှာဖြင့် မင်းစေရဲ့ပျော့ခွေနေဟန်ကြောင့် အားလုံးပြူးပြူးပြာပြာဖြစ်သွားပြီး ဘာလုပ်လို့လုပ်ရမှန်းမသိကြ။
"ဆေးရုံသွားကြမယ်"
ကျော်ပီယက မင်းစေနဲ့ရန်သူလိုဖြစ်ခဲ့ပေမယ့် အခုအချိန်မှာတော့ ဒါတွေမတွေးမိသလို ကောက်ပွေ့ပြီး အခန်းထဲကပြေးထွက်သွား၏။
ထိုအခါမှ အားလုံးက ပြင်ဆင်စရာရှိတာပြင်ဆင်ပြီး ကျော်ပီယနောက်ကိုလိုက်ဖို့ပြင်ကြသည်။
ဘုရားသိကြား မ လို့ မင်းစေ ဘာမှမဖြစ်ပါစေနဲ့...
▪▪▪⏳⏳⏳▪▪▪
ဒီနေ့တော့ ခေ ရေချိုးနောက်ကျသွားတာမို့ အအေးမိသလိုဖြစ်ကာသိပ်နေမကောင်း၍ ကြီးမေက ပြာနေအောင်ပြုစုပေးသည်။
မေမေကတော့ ခေ့ကိုအရိပ်တကြည့်ကြည့်ရှိပေမယ့် ကြီးမေလို သိနေသူမဟုတ်၍ လိုအပ်သမျှကိုသာ ဘေးကနေလုပ်ပေးသည်။
"ကြီးမေ"
ခေ့အသံတိုးတိုးလေးပေမယ့် ကြီးမေကငုံ့ကြည့်ကာ ရေပတ်ဝတ်ကို ခေ့နဖူးပေါ်တင်ပေးသည်။
"သူ ဖုန်းဆက်သေးလား"
"မဆက်သေးဘူး ခေလေး စိတ်မပူနဲ့နော် ကြီးမေကြည့်ကျက်ဖြေလိုက်မယ်"
"ခေ ဖျားနေတာ သူ့ကိုမပြောနဲ့နော် စိတ်ပူနေလိမ့်မယ်"
ကြီးမေ ခေါင်းညိတ်သည့်အခါ ခေ ကိုယ့်အဖြစ်ကိုတွေးရင်း ယဲ့ယဲ့လေးပြုံးမိသည်။
သူသည်လည်း ခေ့ကိုမသိစေချင်တာ၊ ပြန်စေချင်တာက စိတ်ပူမှာစိုးလို့ပဲဟု ယုံကြည်လိုက်ပြီး မျက်လုံးလေးမှိတ်ထားလိုက်သည်။
"ထတော့ ကိုယ်တို့အပြင်သွားရအောင်"
တိုးဖွဖွလေးကြားလိုက်ရသည့် သူ့အသံကနွေးထွေးစွာ။
ခေ မျက်လုံးတွေဖွင့်ကြည့်တော့ တီရှပ်အင်္ကျီအနက်နှင့် ဂျင်းဘောင်းဘီဝတ်ထားသည့်သူက ခေ မြင်ဖူးစက ချောမွေ့သန့်ပြန့်မှုတြွေဖင့်...
ခေ့ကိုငုံ့ကြည့်နေသည်မှာလည်း ပါးချိုင့်လေးတွေပင် ထင်ရှားစွာပေါ်လွင်လို့...
"ရှင် နေကောင်းသွားပြီလား"
"အင်း သွားရအောင်"
သူ ခေ့လက်တစ်ဖက်ကိုဆွဲယူတော့ ခေ သူ့နောက်ကိုလိုက်လာခဲ့သည်။
မိုးကုတ်ကခြံထဲမှာပဲဖြစ်ကာ ခြံအနောက်ကတောင်ကုန်းလေးဆီကို သူကဦးတည်ပြီးသွားနေပြီး ခေ့ လက်ကလေးကိုကိုင်ထားတာလည်းမလွှတ်။
"ဒီနားလေးက လေအရမ်းတိုက်တယ် မင်းအေးနေမလားပဲ"
ခေ ခေါင်းလေးခါတော့ သူကငဲ့ကြည့်ရင်းပြုံးကာ ခေ့ ဆံပင်တွေကိုတစ်ချက်ဆွဲဖွသည်။
"အရမ်းချစ်စရာကောင်းတယ် ဒီနားလာ"
သူ ခေ့ကိုခါးကနေသိုင်းဖက်ကာ ဦးခေါင်းထိပ်လေးကိုငုံ့နမ်းတော့ ခေ့စိတ်ထဲပျော်သွားပြီး သူ့ခါးကိုတင်းနေအောင် ပြန်ဖက်ထားမိသည်။
အခါများစွာက ရဖူးနေကျ သူ့ဆီကရေမွှေးနံ့သည် ခုတစ်ခါတော့ပိုပြီးမွှေးပျံ့လို့နေသည်။
ထိုအနံ့ကို ခေနှစ်သက်ပြီး သူ့ရဲ့သင်္ကေတလိုဖြစ်နေသည်မို့ ပိုပြီးလည်းသဘောကျမိသည်။
"ရှင့်ကိုချစ်တယ်"
သူ ပြုံးလေသည်။
လိုချင်တာတစ်ခုခုရသွားသော ကလေးတစ်ယောက်ရဲ့အပြုံးလို သူ့အပြုံးကဖြူစင်လှသည်။
"ကိုယ်လည်း မင်းကိုအရမ်းချစ်တယ် တန်ဖိုးလည်းထားတယ် ကိုယ့်ဘဝရဲ့တစ်ခုတည်းသော အလင်းရောင်လေး"
"ရှင့်မှာလည်း ရည်းစားတွေအများကြီးနဲ့ပါ မယုံပါဘူး"
"ရည်းစားများတိုင်း အချစ်က မများပါဘူး ခေရယ် ကိုယ်ပြောခဲ့ဖူးတယ်မလား တစ်ယောက်တည်းကိုပဲချစ်မယ်လို့ အဲ့ဒီတစ်ယောက်ကိုပဲ ကိုယ်သေသည်အထိချစ်သွားမှာ"
"သေ ဆိုတဲ့စကားမပြောပါနဲ့လား ခေမကြိုက်ဘူး"
ခေ မျက်မှောင်လေးကုပ်ကာ စိုးရိမ်သလိုပြောတော့ သူက သဘောကျသလိုရယ်ကာခေါင်းခါပြသည်။
ရယ်သံတွေက ငိုညည်းသံတွေနဲ့ခပ်ဆင်ဆင်။
"ကိုယ်ရှိရှိ မရှိရှိ ပျော်ပျော်နေမယ်လို့ကတိပေး"
တိုးဖွသည့်သူ့အသံက ခေ့ကိုနှုတ်ဆက်နေသည်လား။
သူ့ကိုကြည့်မိတော့ မျက်ရည်တွေဝဲနေခဲ့လျက်။
"ဟင့်အင်း မပေးဘူး ရှင်ကဘယ်သွားမလို့လဲ ပြန်လာခဲ့မယ်ဆို မရဘူးနော်"
ခေ သူ့လက်ကိုလှမ်းပြီးဖမ်းဆွဲပေမယ့် လေကိုဖမ်းယူသလိုသာဖြစ်နေ၏။
စောစောကပဲ သူ့လက်ကိုကိုင်ထားလို့ရနေပြီး...
"ကတိပေးပါ ကိုယ်က မင်း ပျော်နေတာကိုပဲမြင်ချင်လို့ပါ"
ချက်ချင်းလိုလို မြူတွေထလာကာ ထိုမြူတွေထဲမှာ သူကျန်နေခဲ့ပြီး ခေ့ကိုတစ်စုံတစ်ယောက်ကဆွဲခေါ်နေသလို နောက်ပြန်ပါသွား၏။
"ရှင် ဘာလို့နေခဲ့တာလဲ ပြန်လာမယ်ဆို"
ခေ ဆတ်ခနဲထထိုင်လိုက်မိကာ အိမ်မက်မှန်းသိလိုက်ပေမယ့် စိတ်ပြေမသွားဘဲ ပိုပြီးစိတ်ပူသွားသည်။
သူ့ရဲ့ရေမွှေးနံ့ကိုရလိုက်သလိုမို့ အိပ်နေရာမှ ဝုန်းခနဲထပြေးတော့ ကြီးမေက ခေ့ကိုဆွဲထားသည်။
ခေသည် ဆွဲထားသည့်လက်ကိုပြန်ရုန်းပစ်ရင်း မျက်ရည်တွေမနိုင်တော့ဘဲ...
"သူ ဘာဖြစ်နေလဲသိရမြှဖစ်မယ် ခေ ဖုန်းဆက်မယ် ကြီးမေ ဖယ်ပါ"
"သူ အိပ်နေလောက်ပြီလေ သမီးလေးရဲ့"
၁ ကိုညွှန်ပြနေသည့် နာရီလက်တံတွေကိုလှမ်းကြည့်ရင်း ခေမျက်ရည်တွေသုတ်ကာ ပြန်ထိုင်လိုက်မိပေမယ့် စိတ်တွေမငြိမ်နိုင်။
သူ တကယ်တစ်ခုခုဖြစ်နေသလားဆိုသည့် ခြောက်ခြားစိတ်ဖြင့် လက်ဖျားတွေအေးစက်လာသလို ခေ မျက်ရည်ဝဲလာသည်။
နောင်ဆုံးဘယ်လိုမှ နေမရသည့်အဆုံး ဖုန်းကိုလှမ်းယူပြီး ပီယဆီကိုဖုန်းခေါ်လိုက်သည်။
ခေ့ဆီ ရှင်ပြန်လာမယ်ဆို•••
ရှင်ကတိပေးထားတယ်လေ ကျေးဇူးပြုပြီး ဘယ်ကိုမှမသွားပါနဲ့လား ••••••
▪▪▪⏳⏳⏳▪▪▪
"အခြေအနေဘယ်လိုရှိလဲ ဖေဖေ"
တုန်ယင်နေသောမေးခွန်းအဆုံးမှာ မခရဲ့ဖေဖေခေါင်းခါလိုက်၍ ပီယ မျက်လုံးထဲမှောင်မိုက်သွားသလိုခံစားလိုက်ရသည်။
မခဆီကလည်း အိခနဲငိုချလိုက်သံက ဆေးရုံကော်ရစ်ဒါမှာ ဖုံးလွှမ်းသွားခဲ့ပြီး မခရဲ့ဖေဖေသည်လည်း မျက်နှာလွှဲထားလေသည်။
မခကို ချော့မော့နှစ်သိမ့်ဖို့ ပခုံးလေးကိုဖက်ထားမိချိန် ဖုန်းဝင်လာ၍ ငုံ့ကြည့်မိတော့ ခေ။
၁နာရီထိုးနေပြီမို့ ခေ ခုထိမအိပ်သေးဘူးလားဟု တွေးကာ ဖုန်းကို ကိုင်လိုက်သည်။
Advertisement
"နင် မအိပ်သေးဘူးလား ခေ"
"သူ ဘယ်လိုနေလဲ ပီယ"
ပီယ ဘာပြောရမှန်းမသိအောင် ဆွံ့အသွားပြီး ICUထဲကိုတစ်ချက်လှမ်းကြည့်လိုက်မိသည်။
ဒီမှာဖြစ်နေသမျှ ခေ သိနေလို့လား...
မဖြစ်နိုင်ဘူးဟုတွေးကာ ခေါင်းခါရင်း ကိုယ့်စိတ်ကိုပြန်တင်းပစ်သည်။
"သက်သာပါတယ် ညနေကတောင် အောက်ကိုဆင်းလာသေးတယ်"
ခေ မှန်းသိတော့ မခငိုသံလေးတိတ်သွားသလို ပါးစပ်ကိုလက်ဖဝါးလေးနဲ့အုပ်ထားရင်း အသံမထွက်စေဘဲ ကြိတ်ငိုသည်။
တစ်ဖက်က ခေ့အသံလည်း ငြိမ်ကျသွားတာမို့ ပီယ နားစွင့်နေလိုက်သည်။
"ငါ သူ့ကိုအိမ်မက် မက်တယ် ပီယ နင်ငါ့ကိုမလိမ်ပါနဲ့ဟာ သူ တစ်ခုခုဖြစ်နေတယ်မလား"
ရှိုက်သံတွေ ချက်ချင်းပါလာသည့် ခေ့အသံလေးကို မကြားရက်သလို ပီယပါ မျက်ရည်ဝဲလာခဲ့သည်။
ခေက ဗလုံးဗထွေးတောင်းပန်သံတြွေဖင့် သူ ဘယ်လိုနေလဲဟုသာ တွင်တွင်မေးနေတော့သည်။
"ဘုရားရှိခိုးပြီးမှအိပ်လေ ခေရဲ့ မဟုတ်တာတွေလျှောက်မက်နေတာဖြစ်မယ် ကိုမင်းစေရာ သက်သာပါတယ် ခါတိုင်းလိုတော့ရှိတာပေါ့"
"မဟုတ်ဘူး နင်လိမ်နေတာ သူတစ်ခုခုဖြစ်နေတာ ငါသိတယ်"
"ခေရာ နိမိတ်မရှိဘာမရှိ ဘာမှမဖြစ်ဘူးလို့ငါပြောနေတယ်လေ သူ ဘာမှမဖြစ်ဘူး နင်စိတ်လျှော့စမ်း"
ပီယ လေသံကိုတင်းပစ်ကာ ခေ့ကိုအော်ငေါက်ပစ်လိုက်သည်။
ထိုသို့မှ မအော်ရင်လည်း ခေ ရိပ်မိတော့မှာသေချာနေကာ လက်ရှိအဖြစ်အပျက်တွေကို သူမ မသိသေးတာသာအကောင်းဆုံး။
"တကယ် ဘာမှမဖြစ်ဘူးနော်"
"အေး ဘာမှမဖြစ်ဘူး နင်လည်းအိပ်တော့ အဲ့ဒါတွေစဉ်းစားမနေနဲ့ ညနက်နေပြီ ကြားလား ခေမ"
ခေ့ဆီကငိုသံနှင့်အတူ အင်းဟုဖြေလိုက်သံကြောင့် ပီယဖုန်းချပစ်လိုက်တော့မှ မခအသံလေးပြန်ထွက်လာကာ ပီယရင်ခွင်ထဲတိုးဝင်လာသည်။
"ခေက သိနေတာလား"
"အင်း အိမ်မက်မက်တယ်တဲ့ သူငိုနေတယ်"
ဆေးဖြတ်တဲ့သူတွေ ဘယ်လောက်ဒုက္ခရောက်ရလဲ ပီယ သေချာမသိပါ။
သို့သော် မင်းစေရာကတော့ အတော်ဒုက္ခရောက်ပြီး နောက်ဆုံးရှော့ခ်ဖြစ်ကာ ဆေးရုံရောက်ရသည်အထိ။
အိမ်မှာကတည်းက သတိလစ်နေသည့်မင်းစေရာကို ပီယကိုယ်တိုင် ပွေ့ခေါ်ပြီးကားပေါ်တင်ကာ ဆေးရုံကိုမောင်းထွက်လာခဲ့သည်။
ထိုအချိန်မှာ ကြည့်မရတာတွေ၊ မတည့်တာတွေ ပီယဂရုမစိုက်နိုင်တော့ဘဲ ကိုယ့်ယောက်ဖ၊ ကိုယ့်သူငယ်ချင်းရဲ့ခင်ပွန်းဟုသော အသိဖြင့် တစ်ခုခုဖြစ်မှာကိုစိုးရိမ်နေခဲ့သည်။
ခေ့ငိုသံတွေကြားလိုက်ရချိန်မှာတော့ မချစ်တတ်သည့် သူမသည် ဘယ်လောက်ထိပူလောင်ပြင်းပြနေခဲ့သလဲ။
သူ ပြောခဲ့ဖူးသလို မီးတောက်ထဲကိုတိုးဝင်မိသည့် ပိုးဖလံလိုမျိုး သူမကိုယ်တိုင်ဖြစ်နေခဲ့ပြီလား။
"ဒေါက်တာ အခြေအနေဘယ်လိုရှိလဲဗျ"
ခွဲစိပ်ခန်းဝတ်စုံဖြင့် ဒေါက်တာထွက်လာတော့ မခရဲ့ဖေဖေက အသည်းအသန်လှမ်းမေးသည်။
"ခဏတော့စောင့်ကြည့်ရမယ် အခြေအနေကတော့ ၅၀-၅၀ပဲ အတပ်မပြောနိုင်သေးဘူး"
အလွန်အရေးကြီးနေသလို တုံးတုံးတိတိဖြေရင်း ICUဆီအမြန်သွားနေတော့ သူတို့ဘာမှထပ်မမေးဖြစ်ခဲ့။
ခွဲစိပ်မှုဖြစ်ခဲ့ရင်တောင်အောင်မြင်ဖို့၊ မင်းစေရာပြန်နိုးလာဖို့ကိုသာ မျှော်လင့်ရင်း တစ်ညလုံး ဆေးရုံကော်ရစ်ဒါမှာပဲ ငုတ်တုပ်မေ့၏။
တစ်ချိန်လုံးငိုနေသည့်မခကို အားပေးရင်း၊ ချော့ရင်းဖြင့် တစ်ညလုံးမအိပ်ခဲ့ရဘဲ မိုးစင်စင်လင်းခဲ့ရသည့်ညလည်းဖြစ်သည်။
▪▪▪⏳⏳⏳▪▪▪
အမှောင်ထဲမှာ လျှောက်နေရင်း ယောင်လည်လည်ဖြစ်နေမိသည်မှာ ဘယ်လောက်ကြာသွားလဲမသိ။
သူ့တစ်ကိုယ်လုံးမောဟိုက်နွမ်းလျနေပြီး အသက်ရှုသံတြွေမန်နေသည်။
သေချာတာတစ်ခုက သူသိပ်ပင်ပန်းနေပြီဖြစ်ကာ ဘယ်ရောက်လို့ရောက်နေမှန်းမသိသည့် အမှောင်ထုကြီးကလည်း မဆုံးနိုင်။
"ဘယ်သွားနေတာလဲ ဒီကိုတော့မလာဘဲနဲ့"
သူမအသံလေးကြားလိုက်သလိုမို့ ပတ်ပတ်လည်မှာ လှည့်ပတ်ကြည့်ရင်း သူမကိုတွေ့လိုက်ရသည်။
ခရမ်းရောင်နုနုဂါဝန်လေးဖြင့် သူနှစ်သက်ခဲ့သော ခရမ်းရောင်ဆံပင်တွေနှင့် သူ့ကိုလက်ကမ်းခေါ်နေသော သူမ။
"ရှင် ပင်ပန်းနေပြီလား"
လက်ကလေးကိုဆုပ်ကိုင်မိချိန် သူမလက်ကလေးဆီမှ နွေးထွေးသောအင်အားတစ်ရပ် သူ့ဆီစီးဝင်လာသလိုခံစားလိုက်ရသည်။
"ကိုယ် မင်းကိုချစ်တယ်"
သူမ နှုတ်ခမ်းလေးပြုံးသွားပြီး ခြေဖျားလေးထောက်ကာ သူ့မေးဖျားဆီလှမ်းနမ်းသည်။
"ပြန်လာခဲ့နော် ခေစောင့်နေတာ"
သူ ခေါင်းညိတ်ပြလိုက်တော့ သူမက ကျေနပ်သွားသလိုပြုံးရယ်နေ၍ ပါးလေးကိုငုံ့နမ်းမိသည်။
"You are my light
You are my eyes
Let me see the light with you"
ထိုကဗျာလေးဆိုပြမိတော့ သူမမျက်နှာလေး မော့လာပြီး မျက်ရည်တွေဝဲလာသလိုထင်မိသည်။
"Just a look
Just a smile
I dropped it on your foot
You are my fate
You are my life
You are everything for me"
ခေ့ နှုတ်ခမ်းလေးပြုံးသွားသည့်အခါ နောက်ဆုံးကျန်ခဲ့သည့်စာကြောင်းလေးကို ဆက်ရွတ်၏။
"Keep your tears
Save my future
I want to live with you
For many years"
နဖူးလေးကို ငုံ့နမ်းမိတော့ ရင်ထဲမှာရှိန်းခနဲ။
▪▪⏳⏳⏳▪▪▪
Part 35 ဆက်ရန်
စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997
~~~~~~~~~~~~~~~~~~~~~~
အခ်စ္ဝိုင္ ( part - 34 )
▪▪▪▪▪▪▪▪▪▪
ေချပန္သြားၿပီးကတည္းက သူ႕စိတ္ေတြရႈပ္ေထြးေနၿပီး ဘာကိုမွစိတ္တိုင္းမက်သလို အၿမဲလိုလိုစိတ္တိုေနမိသည္။
ျပန္လႊတ္လိုက္တာကိုေတာ့ မွားသည္ဟု ေနာင္တမရမိဘဲ သူနာက်င္ခံစားေနရသမွ် ေခ့ကိုမျမင္ေစခ်င္။
ယင္းထသည့္အခ်ိန္ေတြမွာ ေအးလိုက္ပူလိုက္ျဖင့္ သူ႕ခႏၶာကိုယ္က အမ်ိဳးမ်ိဳးေျပာင္းလဲေနၿပီး သူ႕စိတ္ေတြပိုၿပီးမတည္ၿငိမ္ေတာ့။
အိပ္ေပ်ာ္သြားသည့္အခါေတြဆို လြယ္ကူသေလာက္ ျပန္ထဖို႔ေတာ့ သူ႕အတြက္ခက္ခဲလာသည္။
သို႔ေသာ္ ျပန္မထလွ်င္လည္း ေဆးျဖတ္နိုင္မွာမဟုတ္ဆိုသည့္ သူမအတြက္ႀကိဳးစားခ်င္စိတ္ျဖင့္ သူအၿမဲနိုးထခဲ့ရသည္။
"မင္းေစ ၾကားရဲ႕လား ဆရာေျပာတာကို"
သူေမ့ေမ်ာသြားတိုင္း မ်က္လုံးကိုၿဖဲၾကည့္ၿပီး ဓာတ္မီးေလးႏွင့္ထိုးကာ ဆရာဝန္ကေမးတတ္သည္။
Advertisement
အခုေနာက္ပိုင္းမွာေတာ့ သူ ေခါင္းညိတ္ျပခ်င္ေပမယ့္ တစ္ကိုယ္လုံးအင္အားယုတ္ေလ်ာ့ေနသလို လႈပ္မရ။
လက္ေခ်ာင္းေလးတစ္ေခ်ာင္းလႈပ္ဖို႔ကိုေတာင္ အေတာ္ေလးႀကိဳးစားအားယူေနရ၏။
"အေျခအေနသိပ္မေကာင္းဘူး ကိုမင္းျမတ္ ဒါComaရဲ႕လကၡဏာပဲ ကြၽန္ေတာ္တို႔ေဆး႐ုံတင္ျမႇဖစ္မယ္ ေနာက္က်သြားရင္ comaျဖစ္သြားလိမ့္မယ္"
"ရတယ္ ဆရာပဲၫႊန္ၾကားပါ"
ႏွစ္ေယာက္သားတိုင္ပင္ေနၾကခ်ိန္မွာ အေပၚထပ္ဆီက ဝုန္းခနဲအသံႏွင့္အတူ...
"ဆရာႀကီး အစ္ကိုေလး လဲသြားၿပီ"
ဆို၍ ႏွစ္ေယာက္သားေျပးတက္လာခဲ့ေတာ့ မင္းေစသည္ ကုတင္တိုင္ႏွင့္ပါေဆာင့္မိထားဟန္ျဖင့္ နဖူးေပၚမွာေသြးေတြစီးက်ေန၏။
ျဖဴေဖ်ာ့ေနသည့္မ်က္ႏွာျဖင့္ မင္းေစရဲ႕ေပ်ာ့ေခြေနဟန္ေၾကာင့္ အားလုံးျပဴးျပဴးျပာျပာျဖစ္သြားၿပီး ဘာလုပ္လို႔လုပ္ရမွန္းမသိၾက။
"ေဆး႐ုံသြားၾကမယ္"
ေက်ာ္ပီယက မင္းေစနဲ႕ရန္သူလိုျဖစ္ခဲ့ေပမယ့္ အခုအခ်ိန္မွာေတာ့ ဒါေတြမေတြးမိသလို ေကာက္ေပြ႕ၿပီး အခန္းထဲကေျပးထြက္သြား၏။
ထိုအခါမွ အားလုံးက ျပင္ဆင္စရာရွိတာျပင္ဆင္ၿပီး ေက်ာ္ပီယေနာက္ကိုလိုက္ဖို႔ျပင္ၾကသည္။
ဘုရားသိၾကား မ လို႔ မင္းေစ ဘာမွမျဖစ္ပါေစနဲ႕...
▪▪▪⏳⏳⏳▪▪▪
ဒီေန႕ေတာ့ ေခ ေရခ်ိဳးေနာက္က်သြားတာမို႔ အေအးမိသလိုျဖစ္ကာသိပ္ေနမေကာင္း၍ ႀကီးေမက ျပာေနေအာင္ျပဳစုေပးသည္။
ေမေမကေတာ့ ေခ့ကိုအရိပ္တၾကည့္ၾကည့္ရွိေပမယ့္ ႀကီးေမလို သိေနသူမဟုတ္၍ လိုအပ္သမွ်ကိုသာ ေဘးကေနလုပ္ေပးသည္။
"ႀကီးေမ"
ေခ့အသံတိုးတိုးေလးေပမယ့္ ႀကီးေမကငုံ႕ၾကည့္ကာ ေရပတ္ဝတ္ကို ေခ့နဖူးေပၚတင္ေပးသည္။
"သူ ဖုန္းဆက္ေသးလား"
"မဆက္ေသးဘူး ေခေလး စိတ္မပူနဲ႕ေနာ္ ႀကီးေမၾကည့္က်က္ေျဖလိုက္မယ္"
"ေခ ဖ်ားေနတာ သူ႕ကိုမေျပာနဲ႕ေနာ္ စိတ္ပူေနလိမ့္မယ္"
ႀကီးေမ ေခါင္းညိတ္သည့္အခါ ေခ ကိုယ့္အျဖစ္ကိုေတြးရင္း ယဲ့ယဲ့ေလးၿပဳံးမိသည္။
သူသည္လည္း ေခ့ကိုမသိေစခ်င္တာ၊ ျပန္ေစခ်င္တာက စိတ္ပူမွာစိုးလို႔ပဲဟု ယုံၾကည္လိုက္ၿပီး မ်က္လုံးေလးမွိတ္ထားလိုက္သည္။
"ထေတာ့ ကိုယ္တို႔အျပင္သြားရေအာင္"
တိုးဖြဖြေလးၾကားလိုက္ရသည့္ သူ႕အသံကႏြေးေထြးစြာ။
ေခ မ်က္လုံးေတြဖြင့္ၾကည့္ေတာ့ တီရွပ္အကၤ်ီအနက္ႏွင့္ ဂ်င္းေဘာင္းဘီဝတ္ထားသည့္သူက ေခ ျမင္ဖူးစက ေခ်ာေမြ႕သန႔္ျပန႔္မႈေႂတြဖင့္...
ေခ့ကိုငုံ႕ၾကည့္ေနသည္မွာလည္း ပါးခ်ိဳင့္ေလးေတြပင္ ထင္ရွားစြာေပၚလြင္လို႔...
"ရွင္ ေနေကာင္းသြားၿပီလား"
"အင္း သြားရေအာင္"
သူ ေခ့လက္တစ္ဖက္ကိုဆြဲယူေတာ့ ေခ သူ႕ေနာက္ကိုလိုက္လာခဲ့သည္။
မိုးကုတ္ကၿခံထဲမွာပဲျဖစ္ကာ ၿခံအေနာက္ကေတာင္ကုန္းေလးဆီကို သူကဦးတည္ၿပီးသြားေနၿပီး ေခ့ လက္ကေလးကိုကိုင္ထားတာလည္းမလႊတ္။
"ဒီနားေလးက ေလအရမ္းတိုက္တယ္ မင္းေအးေနမလားပဲ"
ေခ ေခါင္းေလးခါေတာ့ သူကငဲ့ၾကည့္ရင္းၿပဳံးကာ ေခ့ ဆံပင္ေတြကိုတစ္ခ်က္ဆြဲဖြသည္။
"အရမ္းခ်စ္စရာေကာင္းတယ္ ဒီနားလာ"
သူ ေခ့ကိုခါးကေနသိုင္းဖက္ကာ ဦးေခါင္းထိပ္ေလးကိုငုံ႕နမ္းေတာ့ ေခ့စိတ္ထဲေပ်ာ္သြားၿပီး သူ႕ခါးကိုတင္းေနေအာင္ ျပန္ဖက္ထားမိသည္။
အခါမ်ားစြာက ရဖူးေနက် သူ႕ဆီကေရေမႊးနံ႕သည္ ခုတစ္ခါေတာ့ပိုၿပီးေမႊးပ်ံ့လို႔ေနသည္။
ထိုအနံ႕ကို ေခႏွစ္သက္ၿပီး သူ႕ရဲ႕သေကၤတလိုျဖစ္ေနသည္မို႔ ပိုၿပီးလည္းသေဘာက်မိသည္။
"ရွင့္ကိုခ်စ္တယ္"
သူ ၿပဳံးေလသည္။
လိုခ်င္တာတစ္ခုခုရသြားေသာ ကေလးတစ္ေယာက္ရဲ႕အၿပဳံးလို သူ႕အၿပဳံးကျဖဴစင္လွသည္။
"ကိုယ္လည္း မင္းကိုအရမ္းခ်စ္တယ္ တန္ဖိုးလည္းထားတယ္ ကိုယ့္ဘဝရဲ႕တစ္ခုတည္းေသာ အလင္းေရာင္ေလး"
"ရွင့္မွာလည္း ရည္းစားေတြအမ်ားႀကီးနဲ႕ပါ မယုံပါဘူး"
"ရည္းစားမ်ားတိုင္း အခ်စ္က မမ်ားပါဘူး ေခရယ္ ကိုယ္ေျပာခဲ့ဖူးတယ္မလား တစ္ေယာက္တည္းကိုပဲခ်စ္မယ္လို႔ အဲ့ဒီတစ္ေယာက္ကိုပဲ ကိုယ္ေသသည္အထိခ်စ္သြားမွာ"
"ေသ ဆိုတဲ့စကားမေျပာပါနဲ႕လား ေခမႀကိဳက္ဘူး"
ေခ မ်က္ေမွာင္ေလးကုပ္ကာ စိုးရိမ္သလိုေျပာေတာ့ သူက သေဘာက်သလိုရယ္ကာေခါင္းခါျပသည္။
ရယ္သံေတြက ငိုညည္းသံေတြနဲ႕ခပ္ဆင္ဆင္။
"ကိုယ္ရွိရွိ မရွိရွိ ေပ်ာ္ေပ်ာ္ေနမယ္လို႔ကတိေပး"
တိုးဖြသည့္သူ႕အသံက ေခ့ကိုႏႈတ္ဆက္ေနသည္လား။
သူ႕ကိုၾကည့္မိေတာ့ မ်က္ရည္ေတြဝဲေနခဲ့လ်က္။
"ဟင့္အင္း မေပးဘူး ရွင္ကဘယ္သြားမလို႔လဲ ျပန္လာခဲ့မယ္ဆို မရဘူးေနာ္"
ေခ သူ႕လက္ကိုလွမ္းၿပီးဖမ္းဆြဲေပမယ့္ ေလကိုဖမ္းယူသလိုသာျဖစ္ေန၏။
ေစာေစာကပဲ သူ႕လက္ကိုကိုင္ထားလို႔ရေနၿပီး...
"ကတိေပးပါ ကိုယ္က မင္း ေပ်ာ္ေနတာကိုပဲျမင္ခ်င္လို႔ပါ"
ခ်က္ခ်င္းလိုလို ျမဴေတြထလာကာ ထိုျမဴေတြထဲမွာ သူက်န္ေနခဲ့ၿပီး ေခ့ကိုတစ္စုံတစ္ေယာက္ကဆြဲေခၚေနသလို ေနာက္ျပန္ပါသြား၏။
"ရွင္ ဘာလို႔ေနခဲ့တာလဲ ျပန္လာမယ္ဆို"
ေခ ဆတ္ခနဲထထိုင္လိုက္မိကာ အိမ္မက္မွန္းသိလိုက္ေပမယ့္ စိတ္ေျပမသြားဘဲ ပိုၿပီးစိတ္ပူသြားသည္။
သူ႕ရဲ႕ေရေမႊးနံ႕ကိုရလိုက္သလိုမို႔ အိပ္ေနရာမွ ဝုန္းခနဲထေျပးေတာ့ ႀကီးေမက ေခ့ကိုဆြဲထားသည္။
ေခသည္ ဆြဲထားသည့္လက္ကိုျပန္႐ုန္းပစ္ရင္း မ်က္ရည္ေတြမနိုင္ေတာ့ဘဲ...
"သူ ဘာျဖစ္ေနလဲသိရျမႇဖစ္မယ္ ေခ ဖုန္းဆက္မယ္ ႀကီးေမ ဖယ္ပါ"
"သူ အိပ္ေနေလာက္ၿပီေလ သမီးေလးရဲ႕"
၁ ကိုၫႊန္ျပေနသည့္ နာရီလက္တံေတြကိုလွမ္းၾကည့္ရင္း ေခမ်က္ရည္ေတြသုတ္ကာ ျပန္ထိုင္လိုက္မိေပမယ့္ စိတ္ေတြမၿငိမ္နိုင္။
သူ တကယ္တစ္ခုခုျဖစ္ေနသလားဆိုသည့္ ေျခာက္ျခားစိတ္ျဖင့္ လက္ဖ်ားေတြေအးစက္လာသလို ေခ မ်က္ရည္ဝဲလာသည္။
ေနာင္ဆုံးဘယ္လိုမွ ေနမရသည့္အဆုံး ဖုန္းကိုလွမ္းယူၿပီး ပီယဆီကိုဖုန္းေခၚလိုက္သည္။
ေခ့ဆီ ရွင္ျပန္လာမယ္ဆို
ရွင္ကတိေပးထားတယ္ေလ ေက်းဇူးျပဳၿပီး ဘယ္ကိုမွမသြားပါနဲ႕လား
▪▪▪⏳⏳⏳▪▪▪
"အေျခအေနဘယ္လိုရွိလဲ ေဖေဖ"
တုန္ယင္ေနေသာေမးခြန္းအဆုံးမွာ မခရဲ႕ေဖေဖေခါင္းခါလိုက္၍ ပီယ မ်က္လုံးထဲေမွာင္မိုက္သြားသလိုခံစားလိုက္ရသည္။
မခဆီကလည္း အိခနဲငိုခ်လိဳက္သံက ေဆး႐ုံေကာ္ရစ္ဒါမွာ ဖုံးလႊမ္းသြားခဲ့ၿပီး မခရဲ႕ေဖေဖသည္လည္း မ်က္ႏွာလႊဲထားေလသည္။
မခကို ေခ်ာ့ေမာ့ႏွစ္သိမ့္ဖို႔ ပခုံးေလးကိုဖက္ထားမိခ်ိန္ ဖုန္းဝင္လာ၍ ငုံ႕ၾကည့္မိေတာ့ ေခ။
၁နာရီထိုးေနၿပီမို႔ ေခ ခုထိမအိပ္ေသးဘူးလားဟု ေတြးကာ ဖုန္းကို ကိုင္လိုက္သည္။
"နင္ မအိပ္ေသးဘူးလား ေခ"
"သူ ဘယ္လိုေနလဲ ပီယ"
ပီယ ဘာေျပာရမွန္းမသိေအာင္ ဆြံ႕အသြားၿပီး ICUထဲကိုတစ္ခ်က္လွမ္းၾကည့္လိုက္မိသည္။
ဒီမွာျဖစ္ေနသမွ် ေခ သိေနလို႔လား...
မျဖစ္နိုင္ဘူးဟုေတြးကာ ေခါင္းခါရင္း ကိုယ့္စိတ္ကိုျပန္တင္းပစ္သည္။
"သက္သာပါတယ္ ညေနကေတာင္ ေအာက္ကိုဆင္းလာေသးတယ္"
ေခ မွန္းသိေတာ့ မခငိုသံေလးတိတ္သြားသလို ပါးစပ္ကိုလက္ဖဝါးေလးနဲ႕အုပ္ထားရင္း အသံမထြက္ေစဘဲ ႀကိတ္ငိုသည္။
တစ္ဖက္က ေခ့အသံလည္း ၿငိမ္က်သြားတာမို႔ ပီယ နားစြင့္ေနလိုက္သည္။
"ငါ သူ႕ကိုအိမ္မက္ မက္တယ္ ပီယ နင္ငါ့ကိုမလိမ္ပါနဲ႕ဟာ သူ တစ္ခုခုျဖစ္ေနတယ္မလား"
ရွိုက္သံေတြ ခ်က္ခ်င္းပါလာသည့္ ေခ့အသံေလးကို မၾကားရက္သလို ပီယပါ မ်က္ရည္ဝဲလာခဲ့သည္။
ေခက ဗလုံးဗေထြးေတာင္းပန္သံေႂတြဖင့္ သူ ဘယ္လိုေနလဲဟုသာ တြင္တြင္ေမးေနေတာ့သည္။
"ဘုရားရွိခိုးၿပီးမွအိပ္ေလ ေခရဲ႕ မဟုတ္တာေတြေလွ်ာက္မက္ေနတာျဖစ္မယ္ ကိုမင္းေစရာ သက္သာပါတယ္ ခါတိုင္းလိုေတာ့ရွိတာေပါ့"
"မဟုတ္ဘူး နင္လိမ္ေနတာ သူတစ္ခုခုျဖစ္ေနတာ ငါသိတယ္"
"ေခရာ နိမိတ္မရွိဘာမရွိ ဘာမွမျဖစ္ဘူးလို႔ငါေျပာေနတယ္ေလ သူ ဘာမွမျဖစ္ဘူး နင္စိတ္ေလွ်ာ့စမ္း"
ပီယ ေလသံကိုတင္းပစ္ကာ ေခ့ကိုေအာ္ေငါက္ပစ္လိုက္သည္။
ထိုသို႔မွ မေအာ္ရင္လည္း ေခ ရိပ္မိေတာ့မွာေသခ်ာေနကာ လက္ရွိအျဖစ္အပ်က္ေတြကို သူမ မသိေသးတာသာအေကာင္းဆုံး။
"တကယ္ ဘာမွမျဖစ္ဘူးေနာ္"
"ေအး ဘာမွမျဖစ္ဘူး နင္လည္းအိပ္ေတာ့ အဲ့ဒါေတြစဥ္းစားမေနနဲ႕ ညနက္ေနၿပီ ၾကားလား ေခမ"
ေခ့ဆီကငိုသံႏွင့္အတူ အင္းဟုေျဖလိုက္သံေၾကာင့္ ပီယဖုန္းခ်ပစ္လိုက္ေတာ့မွ မခအသံေလးျပန္ထြက္လာကာ ပီယရင္ခြင္ထဲတိုးဝင္လာသည္။
"ေခက သိေနတာလား"
"အင္း အိမ္မက္မက္တယ္တဲ့ သူငိုေနတယ္"
ေဆးျဖတ္တဲ့သူေတြ ဘယ္ေလာက္ဒုကၡေရာက္ရလဲ ပီယ ေသခ်ာမသိပါ။
သို႔ေသာ္ မင္းေစရာကေတာ့ အေတာ္ဒုကၡေရာက္ၿပီး ေနာက္ဆုံးေရွာ့ခ္ျဖစ္ကာ ေဆး႐ုံေရာက္ရသည္အထိ။
အိမ္မွာကတည္းက သတိလစ္ေနသည့္မင္းေစရာကို ပီယကိုယ္တိုင္ ေပြ႕ေခၚၿပီးကားေပၚတင္ကာ ေဆး႐ုံကိုေမာင္းထြက္လာခဲ့သည္။
ထိုအခ်ိန္မွာ ၾကည့္မရတာေတြ၊ မတည့္တာေတြ ပီယဂ႐ုမစိုက္နိုင္ေတာ့ဘဲ ကိုယ့္ေယာက္ဖ၊ ကိုယ့္သူငယ္ခ်င္းရဲ႕ခင္ပြန္းဟုေသာ အသိျဖင့္ တစ္ခုခုျဖစ္မွာကိုစိုးရိမ္ေနခဲ့သည္။
ေခ့ငိုသံေတြၾကားလိုက္ရခ်ိန္မွာေတာ့ မခ်စ္တတ္သည့္ သူမသည္ ဘယ္ေလာက္ထိပူေလာင္ျပင္းျပေနခဲ့သလဲ။
သူ ေျပာခဲ့ဖူးသလို မီးေတာက္ထဲကိုတိုးဝင္မိသည့္ ပိုးဖလံလိုမ်ိဳး သူမကိုယ္တိုင္ျဖစ္ေနခဲ့ၿပီလား။
"ေဒါက္တာ အေျခအေနဘယ္လိုရွိလဲဗ်"
ခြဲစိပ္ခန္းဝတ္စုံျဖင့္ ေဒါက္တာထြက္လာေတာ့ မခရဲ႕ေဖေဖက အသည္းအသန္လွမ္းေမးသည္။
"ခဏေတာ့ေစာင့္ၾကည့္ရမယ္ အေျခအေနကေတာ့ ၅၀-၅၀ပဲ အတပ္မေျပာနိုင္ေသးဘူး"
အလြန္အေရးႀကီးေနသလို တုံးတုံးတိတိေျဖရင္း ICUဆီအျမန္သြားေနေတာ့ သူတို႔ဘာမွထပ္မေမးျဖစ္ခဲ့။
ခြဲစိပ္မႈျဖစ္ခဲ့ရင္ေတာင္ေအာင္ျမင္ဖို႔၊ မင္းေစရာျပန္နိုးလာဖို႔ကိုသာ ေမွ်ာ္လင့္ရင္း တစ္ညလုံး ေဆး႐ုံေကာ္ရစ္ဒါမွာပဲ ငုတ္တုပ္ေမ့၏။
တစ္ခ်ိန္လုံးငိုေနသည့္မခကို အားေပးရင္း၊ ေခ်ာ့ရင္းျဖင့္ တစ္ညလုံးမအိပ္ခဲ့ရဘဲ မိုးစင္စင္လင္းခဲ့ရသည့္ညလည္းျဖစ္သည္။
▪▪▪⏳⏳⏳▪▪▪
အေမွာင္ထဲမွာ ေလွ်ာက္ေနရင္း ေယာင္လည္လည္ျဖစ္ေနမိသည္မွာ ဘယ္ေလာက္ၾကာသြားလဲမသိ။
သူ႕တစ္ကိုယ္လုံးေမာဟိုက္ႏြမ္းလ်ေနၿပီး အသက္ရႈသံေႂတြမန္ေနသည္။
ေသခ်ာတာတစ္ခုက သူသိပ္ပင္ပန္းေနၿပီျဖစ္ကာ ဘယ္ေရာက္လို႔ေရာက္ေနမွန္းမသိသည့္ အေမွာင္ထုႀကီးကလည္း မဆုံးနိုင္။
"ဘယ္သြားေနတာလဲ ဒီကိုေတာ့မလာဘဲနဲ႕"
သူမအသံေလးၾကားလိုက္သလိုမို႔ ပတ္ပတ္လည္မွာ လွည့္ပတ္ၾကည့္ရင္း သူမကိုေတြ႕လိုက္ရသည္။
ခရမ္းေရာင္ႏုႏုဂါဝန္ေလးျဖင့္ သူႏွစ္သက္ခဲ့ေသာ ခရမ္းေရာင္ဆံပင္ေတြႏွင့္ သူ႕ကိုလက္ကမ္းေခၚေနေသာ သူမ။
"ရွင္ ပင္ပန္းေနၿပီလား"
လက္ကေလးကိုဆုပ္ကိုင္မိခ်ိန္ သူမလက္ကေလးဆီမွ ႏြေးေထြးေသာအင္အားတစ္ရပ္ သူ႕ဆီစီးဝင္လာသလိုခံစားလိုက္ရသည္။
"ကိုယ္ မင္းကိုခ်စ္တယ္"
သူမ ႏႈတ္ခမ္းေလးၿပဳံးသြားၿပီး ေျခဖ်ားေလးေထာက္ကာ သူ႕ေမးဖ်ားဆီလွမ္းနမ္းသည္။
"ျပန္လာခဲ့ေနာ္ ေခေစာင့္ေနတာ"
သူ ေခါင္းညိတ္ျပလိုက္ေတာ့ သူမက ေက်နပ္သြားသလိုၿပဳံးရယ္ေန၍ ပါးေလးကိုငုံ႕နမ္းမိသည္။
"You are my light
You are my eyes
Let me see the light with you"
ထိုကဗ်ာေလးဆိုျပမိေတာ့ သူမမ်က္ႏွာေလး ေမာ့လာၿပီး မ်က္ရည္ေတြဝဲလာသလိုထင္မိသည္။
"Just a look
Just a smile
I dropped it on your foot
You are my fate
You are my life
You are everything for me"
ေခ့ ႏႈတ္ခမ္းေလးၿပဳံးသြားသည့္အခါ ေနာက္ဆုံးက်န္ခဲ့သည့္စာေၾကာင္းေလးကို ဆက္႐ြတ္၏။
"Keep your tears
Save my future
I want to live with you
For many years"
နဖူးေလးကို ငုံ႕နမ္းမိေတာ့ ရင္ထဲမွာရွိန္းခနဲ။
▪▪▪⏳⏳⏳▪▪▪
Part 35 ဆက္ရန္
စာဖတ္သူတစ္ဦးခ်င္းစီကိုေလးစားလ်က္
#shinthant1141997
Advertisement
- In Serial8 Chapters
A Necromancer's Village
Life is for the living, and death should be forever. So say the gods, and all humans of good mind. But what happens when someone with power disagrees? A Necromancer's Village follows the mage Annel on his quest to right a wrong, even if that means committing more wrongs on the way.
8 190 - In Serial27 Chapters
The True Jack of all Trades
A boy Named Dean Ashford lives alone, or at least with the help of his childhood friends, Silvia and Gavin. Dean's parents died when he was young leaving him traumatized and alone. He fought through his hardships eventually and started to live a normal life. That was until a blue light surrounds Dean and sends him to an unknown world of magic and war. What will he do with his new power. Live a normal life, or will he become the slaughterer know as The Jack of all Trades?
8 159 - In Serial10 Chapters
Chapter and Verse
Anu dreamed of escaping the mining town, running away to the city of Verse. With no skill for the sword, and absolutely no talent in magic, she set about learning to forge magical circuits. The one thing she could do that would get her into the Academy. She was crushed to learn that it wasn’t enough. Without money, or connections, she would need to find a loop-hole in the entrance examinations, or worse, spend another four years trapped in the mountains. After scouring the regulations, she’d found a way to leave: she would have to contract a beast. Anu hadn’t much mana to offer, but with no other options she stormed into the forest nearby, hoping to contract a beast.
8 135 - In Serial13 Chapters
Myths from Garsuna: The Rise of Zilliad
This story follows the mythos of Garsuna. Within Garsuna there are fourteen deities who created humans to help them battle against the Makers of Garsuna. The deities often copulated with their human creations and the result of one of these relationships is Zilliad, daughter to Haboo, deity of the winds. Zilliad makes a name for herself as a soldier in the War of the Makers and gains renown amongst the humans by following the deeds set out for her by Isaa, deity of the seas and King of the deities.
8 134 - In Serial49 Chapters
"Is this Love?" Maki Harukawa x Reader
17 high school students trapped in a killing game. Who knew you would fall in love with a Child Caregiver? There are plot-twists for plot-twists. !under a bit of editing!Started: October 4, 2020Completed: March 20, 2021None of the characters belong to me. All belong to Spike Chunsoft!
8 117 - In Serial17 Chapters
Only you babe
so i have seen the sandlot many times and ik Phillips is the "bad guy" but like cmon you can't lie he's cute or whateva 👀but anyways this story is about Benny's sister Sofia falling for the enemy🧍♀️(lowercase intended)Anyways this will probably be kinda slow updates we'll see started:7/11/21ended:
8 86

