《အချစ်ဝိုင် ( Complete )》Part 31
Advertisement
အချစ်ဝိုင် ( part - 31 )
▪▪▪▪▪▪▪▪▪▪
မနက်ခင်းပိုင်းလေးအတူရှိပြီးကတည်းက သူ အပေါ်ပြန်တက်သွားပြီး ခါတိုင်းအချိန်မှာပဲ ဝုန်းဒိုင်းကျဲသောင်းကျန်းသံတွေ ပြန်ကြားရသည်။
ဒီနေ့တော့ ပီယတို့နောက်ကို ခေကိုယ်တိုင် လိုက်မသွားတာမို့ တစ်ယောက်တည်းဖြစ်နေခဲ့ပြီး အခန်းတံခါးကို lockချပြီး ကြိတ်ငိုနေမိသည်။
သူ ဘာဖြစ်လို့ ခုလိုနာကျင်ခက်ခဲရတဲ့လမ်းကိုရွေးခဲ့တာလဲ၊ ဒီအတိုင်းနေလို့ရောမရဘူးလား။
"ခေမ ခရေဝိုင်"
အချိန်တွေ ဘယ်လောက်ကြာသွားသည်မသိရဘဲ ပီယအသံကြားတော့မှ ခေ တံခါးထဖွင့်ပေးတော့ အပြင်မှာ မှောင်စပျိုးနေပြီဖြစ်သည်။
တံခါးကိုဖွင့်တော့ ပီယက အခုမှပြန်ရောက်လာပုံရပြီး ခေ့ကိုစိုးရိမ်သလိုကြည့်နေ၏။
"ဘာလို့ငိုနေတာလဲ ခေရယ်"
"သူ တအားအော်နေတာ ပီယရဲ့"
ကလေးတွေတိုင်သလို ပီယကိုတိုင်တန်းမိတော့ ပီယက ခေ့ကိုသေချာငုံ့ကြည့်ပြီး မျက်ရည်တွေသုတ်ပေးသည်။
"မငိုနဲ့တော့ ခေါင်းကိုက်နေမှာပေါ့ ငါမုန့်ဝယ်လာတယ် စားရအောင်"
ခေ ခေါင်းခါပစ်လိုက်ပြီး အနားမှာလာရပ်သည့်ခြေထောက်တစ်စုံကြောင့် မော့ကြည့်မိတော့ သူဖြစ်နေ၍ ပျော်သွားမိပေမယ့် မျက်နှာတင်းနေ၍ နည်းနည်းတော့ လန့်သွားမိသည်။
ပီယက သူ့ကိုတစ်ချက်လှည့်ကြည့်ကာ ခေ့လက်ထဲကို မုန့်ထုတ်လေးထည့်ပေးပြီး လှည့်ထွက်သွား၏။
သူ့ကိုလူကြီးနှစ်ယောက်က တွဲခေါ်လာတာဖြစ်ပြီး ခေ့ရှေ့မှာရပ်လိုက်သည်နှင့် ထိုလူကြီးတွေက နောက်ဆုတ်ကာ ဘယ်ကိုရောက်လို့ရောက်သွားမှန်းမသိ။
"မင်း ဘာလို့ငိုနေတာလဲ ခရေဝိုင်"
"ညနေက ရှင်"
"ကိုယ်အရင်က ဆိုးခဲ့တာတွေအတွက် အပြစ်လို့ပဲသဘောထားတယ် မင်းကိုမငိုရဘူးလို့ပြောထားတယ်မလား"
ဪ... ခေ ငိုမိလို့ဒီရုပ်ကြီးဖြစ်နေတာပေါ့။
ခေ သူ့အတွက်စိတ်မကောင်းပြီး ဝမ်းနည်းရလို့ငိုတာကိုရော သူမသိဘူးလား။
"ဘာဖြစ်လဲ ငိုမှာပဲ ကိုယ့်မျက်လုံးနဲ့ကိုယ်ငိုတာ ရှင့်အပူပါလား"
ခေ ဆောင့်အောင့်ပြီးအခန်းထဲပြန်ဝင်ခဲ့တော့ သူက နောက်ကလိုက်လာပြီး ခါးလေးကိုသိုင်းဖက်သည်။
ဆံပင်တွေကိုရော လည်တိုင်တွေကိုပါ သိမ်းကျုံးနမ်းနေတာမို့ အတင်းအကျပ်ပြန်ရုန်းရင်လည်း သူလဲမှာစိုး၍ ခေ ငြိမ်နေမိပေမယ့် ပါးစပ်ကတော့ပြောလို့ရတာမို့...
"ဖယ်.. လူယုတ်မာ လူညစ်ပတ် သူ့အတွက်စိတ်မကောင်းလို့ငိုမိတာကို သူများကိုအပြစ်လာပြောနေတယ် အကျင့်မကောင်းတဲ့လူ နှာဘူးကောင်"
"အဲ့ဒီနှာဘူးကောင်ကိုပဲ မင်း သနားတတ်နေပြီမလား"
"မသနားဘူး ရှင်နော် ခေတကယ်လုပ်သတ်တော့မှာရှင့်ကို.. ဖယ်ပေး"
သူက တကယ်ဖယ်ပေးပြီး မျက်နှာချင်းဆိုင်ဖြစ်သည်အထိ ဆွဲလှည့်ကာ ခေ့ကို အသေအချာငုံ့ကြည့်သည်။
ခေက သူ့ပခုံးလောက်သာရှိတာမို့ သူ့မျက်နှာကို မော့နေအောင်ကြည့်ရသည်။
"နောက်ထပ်မငိုပါနဲ့ကွာ ကိုယ့်ကြောင့်မျက်ရည်မကျစေချင်တော့ဘူး စိတ်မဆိုးဘဲနဲ့ ကိုယ့်စကားကိုသေချာနားထောင်ပေး"
"ဘာလို့မျက်နှာကြီးတင်းနေတာလဲ အဲ့ဒါဆို"
"ကိုယ့်စကားကို နားမထောင်လို့လေ ပြန်ပါဆိုတော့လည်းမပြန်ဘူး မငိုပါနဲ့ဆိုတော့လည်းငိုနေတယ် သိပ်နေမကောင်းသေးလို့ လွှတ်ထားတာကို မင်းတော်တော်ဆိုးနေတယ်ပေါ့"
ခေမျက်နှာလေးပန်းရောင်သမ်းသွားပြီး မျက်စောင်းထိုးကာ သူ့ရင်ဘတ်ကိုဖွဖွလေးထုသည်။
သူမ မပြန်သေးတာလည်း ခပ်ကောင်းကောင်းပါ၊ လွမ်းခဲ့ရသည့်အချိန်တွေအတွက် အတိုးချပြီးအလွမ်းဖြေခွင့်ရနေသည်ပဲ။
ညတိုင်း သူမဆီသွားချင်လာစိတ်ကို ထိန်းမရသလို နမ်းချင်စိတ်တွေကလည်း အုပ်စိုးမရသည့်ဆင်ရိုင်းတစ်ကောင်လို။
ဒီ့ထက်ပိုပြီးလည်း မထိရက်သလို သူမ နောက်ထပ်နာကျင်မှာကိုလည်း ကြောက်နေမိသည်။
"ကိုယ့်ကိုဖက်ထား"
စိတ်ကောက်ချင်ယောင်ဆောင်ပြီး သူ့ကိုကျောပေးထားပေမယ့် ဖက်ထားဆိုတော့ ချက်ချင်းလှည့်လာသည်။
နွေးနေသည့်နှုတ်ခမ်းလေးကို သူ မက်မက်မောမောနမ်းမိတော့ လည်ပင်းကိုပြန်သိုင်းဖက်လာတတ်သည့် လက်ဖဝါးနုနုလေးတွေ။
သူမမှာ ကလေးဆန်သည့်အပြုအမူတချို့လည်း ခုထိရှိနေဆဲဖြစ်ကာ ဘယ်လိုနေနေ သူချစ်ရသည်။
"ကိုယ် ဒီ့ထက်ပိုချင်တယ်"
"ရှင်နေမကောင်းဘူးလေ မဆိုးရဘူး ခေ့စကားနားထောင်ရမယ်"
"နားထောင်ရင်ဘာပြန်ရမလဲ"
"ရှင်နေကောင်းတဲ့အချိန်ကျ ခေ မတားတော့ဘူး"
▪▪▪⏳⏳⏳▪▪▪
"မေမေ"
သူ့ကို ကြက်ပေါင်းရည်တိုက်နေတုန်း ဘယ်က ကလေးလဲမသိ၊ ခေ့အင်္ကျီစကိုဆွဲတော့ ခေ လှည့်ကြည့်မိသည်။
အသားဖြူဖြူနှင့် ဝဝတုတ်တုတ်ကလေးလေးက ဖိုးဝရုပ်လေးလို ချစ်စရာကောင်းနေပြီး သူ့အမေနှင့်မှားနေပုံရသည်။
"ချစ်စရာကောင်းလိုက်တာ ကြည့်ပါဦး ရှင်နဲ့များတခြားစီပဲ"
"ဘာချစ်စရာကောင်းတာလဲ မဆွေ ဒေါ်ဌေးတို့ ဒီမှာ ဘယ်က ကလေးလဲ လာခေါ်"
ချက်ချင်းကြီး လေသံပြောင်းသွားသော သူ့ကို ခေ တအံ့တသြကြည့်နေမိတုန်း လူကြီးတစ်ယောက်က အရင်ရောက်လာသည်။
ထိုလူကြီးက ခေတို့ကိုအားနာသလိုပြုံးပြရင်း ကလေးကိုကောက်ချီကာ...
"တောင်းပန်ပါတယ် ကလေးက သူ့အမေထင်နေလို့ပါ လာ.. သား.. သွားမယ်နော်"
ခေကတော့ အားတုံ့အားနာဖြစ်နေချိန် သူကတော့ မျက်နှာကြီးစူပုတ်ကာ ခေ့ကိုလည်းမကျေနပ်သလိုကြည့်၏။
"ဒီကလေး ငယ်ငယ်ရွယ်ရွယ်နဲ့ အမေမှားစရာလား မင်းကလည်း ပျော်နေတာဟုတ်လား"
"ရှင်နော် ငယ်သေးလို့မှားတာပေါ့ ဘာဖြစ်နေတာလဲ ကြည့်လိုက်ဦး စူပုတ်ပွထနေတာများ အရင်တုန်းက မင်းစေရာမဟုတ်သလိုပဲ"
"ဘာဖြစ်လဲကွာ ငါတောင် တစ်ယောက်မှမမွေးရသေးဘူး ဘာမေမေလဲ ငါ့ကလေးတွေကျမှ အဲ့လိုအခေါ်ခံ"
ဘာမဟုတ်တာလေးကအစ သဝန်ကြောင်နေသောသူ့ကိုကြည့်ရင်း ခေအသံတွေထွက်အောင်ရယ်မိတော့ သူကမျက်မှောင်ကုတ်၏။
ငါ့ကလေးတွေတဲ့။ ဖြစ်ရလေတယ်...
ခေ သူ့ကိုစချင်လာ၍ သူ့မေးဖျားကိုဖျတ်ခနဲနမ်းလိုက်တော့ သူသည် ပစ်စလတ်ခတ်ကြီးချိုအီသွားသောမျက်နှာဖြင့် ဆံပင်တွေကိုဆွဲဖွ၍ မျက်နှာလွှဲသွားသည်။
ထိုအခါမှ ခေသူ့ရင်ခွင်ထဲအတင်းတိုးတော့ ရယ်သံသဲ့သဲ့ဖြင့် ခေ့ကိုပြန်ပြီးထွေးဖက်လာကာ ဖုံးဖိမရအောင်ပျော်နေသည့်အသံဖြင့်...
"မင်းကြောင့်ပဲ ကိုယ်ရင်ခုန်တတ်၊ချစ်တတ်ခဲ့တာ မင်းရဲ့အထိအတွေ့တိုင်းက ခပ်ပြင်းပြင်းဝိုင်တစ်ခွက်သောက်ရသလိုပဲ အရမ်းချိုမြိန်လွန်းတယ်သိလား"
"ခေ့နာမည် ခရေဝိုင်လေ"
"ကိုယ့်အတွက်တော့ ခရေဝိုင်ဆိုတာထက်သာတယ် မင်းကကိုယ့်ရဲ့အချစ်ဝိုင်"
နှုတ်ခမ်းလေးဟသွားသည်အထိ အံ့သြကြည်နူးသွားသော သူမမျက်နှာလေး။
နဖူးလေးကို ဖွဖွလေးနမ်းမိတော့ မြတ်နိုးခြင်းကြောင့် ရင်တသိမ့်သိမ့်ခုန်မိ၏။
ဘယ်လောက်ချစ်ချစ် ချစ်မဝတဲ့ အချစ်ဝိုင်လေး...
▪▪⏳⏳⏳▪▪▪
"အခြေအနေဘယ်လိုရှိလဲ ဆရာ"
ဆရာဝန်က သားရဲ့လက်တစ်ဖက်မှာ ဆေးသွင်းပေးနေရင်း ခဏတော့ငြိမ်သက်နေကာ သက်ပြင်းချသည်။
ထိုသက်ပြင်းချသံကို သဘောမကျသလို စိတ်ထဲတမျိုးတမယ်ဖြစ်သွား၍ သားရဲ့မျက်နှာကိုငုံ့ကြည့်မိ၏။
"ရှော့ခ်ရတာက ပုံမှန်ဖြစ်ပေမယ့် နှလုံးခုန်အရမ်းမြန်နေတာကိုတော့ ကျွန်တော်သဘောမကျဘူး ကိုမင်းမြတ် side effectsအနေနဲ့ နှလုံးကိုသွားထိမှာစိုးတယ် သေချာအောင် ဓာတ်မှန်ရိုက်ကြည့်စေချင်တယ်"
"ကောင်းသလိုသာ စီစဥ်ပေးပါ ဘာပဲလုပ်လုပ် ကျွန်တော့်သား အသက်ရှင်ရင်ဖြစ်တယ်"
မေ့မျောနေသော သားမျက်နှာကိုကြည့်ရင်း ရင်ထဲဆူဝေလာသည့် နာကျင်ဝမ်းနည်းမှုက ဘာနဲ့မှဖြေမရ။
ငါ့ကြောင့်ဆိုသည့်စိတ်ဖြင့် သားတစ်ခုခုဖြစ်မှာကိုလည်း အလွန်စိုးရိမ်နေမိသည်။
"ကျွန်မသားလေး တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ"
"မဖြစ်ပါဘူး ငါအဖြစ်မခံဘူး မင်းသိပ်စိတ်မပူနဲ့ အဲ့ဒီမှာပဲဂရုစိုက်နေ ပြီးတော့"
ဦးမင်းမြတ် သက်ပြင်းချလိုက်ပြီး မေ့မျောနေသေးသည့်သားကိုတစ်ချက်လှည့်ကြည့်မိသည်။
"အစစအရာရာအတွက် တောင်းပန်ပါတယ်"
အချိန်လွန်ခဲ့ပြီဆိုပေမယ့် တောင်းပန်ချင်သေးသည်။
သူရှုပ်ခဲ့တာတွေမှာ ကလေးတွေရဲ့နာကျင်မှုတွေကိုတော့ ဂရုစိုက်ဖို့မေ့နေခဲ့ပြီး တရားဝင်သားဖြစ်သည့် မင်းစေ တောင် ခုလောက်ခံစားရရင် မင်းထက်တို့ရော။
"ကျွန်မကိုတောင်းပန်ဖို့မလိုပါဘူး သားကိုပဲ ဂရုစိုက်ပေးပါ ဒီမှာ မင်းထက်ရောက်နေတယ်"
မင်းထက်ကို ရန်ကုန်မှာကျောင်းတက်ခိုင်းထားတာမို့ ထိုအိမ်ကိုဘယ်လိုရောက်နေသလဲဟု စဥ်းစားစရာမလိုဘဲ သားကိုနောက်တစ်ခါပြန်ကြည့်မိသည်။
မိသားစုအရေးမှာ ထင်သလိုစီမံနိုင်သူက ဦးမင်းမြတ်ပြီးရင် မင်းစေတစ်ယောက်သာရှိသည်။
"မင်းစေ ခေါ်ထားတာလား"
"ဟုတ်တယ် မိုးကုတ်မသွားခင်ကတည်းကရောက်နေတာပဲ ဆိုင်တွေအပ်ထားခဲ့တယ်ပြောတယ် ဒီက ကလေးဆီလည်းဖုန်းဆက်ပါဦး သူလည်းအဖေကြီးရဲ့သားပါပဲ"
"ဟုတ်ပြီ ဆက်လိုက်မယ်"
ဦးမင်းမြတ်ဖုန်းချလိုက်ပြီး မင်းထက်ဆီဖုန်းဆက်လိုက်တော့ ဖုန်းကမကိုင်။
ကျွတ်ခနဲအသံနှင့်အတူ သားမျက်နှာရှုံ့မဲ့သွားပြီး မျက်လုံးတွေပွင့်လာတော့ ဖုန်းကိုချပြီး ရေတစ်ခွက်လှမ်းပေးလိုက်သည်။
"ဖေဖေရောက်နေတာလား"
"အင်း"
သားက ထထိုင်ပြီးမှလှမ်းပေးသည့်ရေကို အကုန်သောက်ပစ်လိုက်ပြီး ခေါင်းကိုဆတ်ခနဲခါပစ်သည်။
အားနည်းပြီးမူးနေသလားဟု အတွေးရောက်တော့ ဒီရက်ပိုင်းထဲ အစာပိုဝင်သည်ကိုသတိရသွားသည်။
ခရေဝိုင်နဲ့အတူ ထမင်းစားခိုင်းဖို့အကြံက ချက်ချင်းဖြစ်သွားပြီး ခေါင်းညိတ်လိုက်သည်။
"ညစာစားရင် သမီးခေနဲ့စားမလား သား ဖေဖေစီစဥ်လိုက်မယ်"
သားက ခေါင်းညိတ်ပြသည်။
တစ်ခွန်းတည်းနဲ့ ရှောရှောရှူရှူလက်ခံသွားသည့် ပထမဆုံးစကားမို့ ကျေနပ်သွားပြီး သားအတွက် ဒီမိန်းကလေးကမရှိမဖြစ်မှန်းသိသာလာ၏။
ညစာအတွက် ပြင်ဆင်ခိုင်းဖို့ ဒေါ်ဌေးကို ညွှန်ကြားထားခဲ့ပြီး ကျောက်တွင်းကိုရောက်သည်အထိ စိတ်ထဲလန်းဆန်းနေသည်။
အမှားတွေတောင်းပန်လိုက်ရလို့လား၊ သားအတွက် လိုအပ်တာကို ဖြည့်ဆည်းပေးလိုက်ရလို့လားတော့ သေချာမသိ။
▪▪▪⏳⏳⏳▪▪▪
Part 32 ဆက်ရန်
စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997
Advertisement
- In Serial48 Chapters
Seeking the Pinnacle
Gong Lu was the perfect prodigy. Born into the position of Crown Prince, he was able to speak fluently at two, and read the works of great scholars with comprehension at eight. At sixteen, his father died and Gong Lu conquered the three provinces soon after. He could concoct plots that spanned countries, and scheme the scales off a dragon. But below the surface, he was in agony. Gong Lu could not live the life he had to with happiness, and deep down, the genius regretted his intelligence. He detested the fact that he could scheme and trick, abhorred the ruthlessness that came with power. And so, he died with regrets. Despite unifying the world under one flag, despite mitigating discrimination, poverty, and dissent, despite crushing all conspiracies under his unfathomable mind, Gong Lu's last words were: "If I could start again..." And so he did. Gong Lu swore that in this life, that he would not scheme or fool. They said that tricks were useless before absolute power. And this was what he wanted. This was what he would achieve. Release schedule: One chapter every Thursday and Sunday, will likely post chapters late in the day.
8 336 - In Serial21 Chapters
The Seventh Wife
Matamura Yori-no, the daughter of a wealthy merchant, unhappily honors her family's decision to marry her off to her father's business partner, thus securing the welfare of her future. But when her father is cheated by one of his workers, stalling Yori's marriage and leaving her family penniless, her mother proposes that they hand the girl over to the lord of their region, a mysterious and reclusive man since the death of his sixth wife. Accepted as the seventh wife of Lord Ashiro, Yori settles down to her life of being married to one of the highest-ranking men in her land, unprepared for the life she has become a part of. The longer Yori spends with her husband, the more about his twisted past and the dark fate of his previous six wives she unveils. When she reveals that the secret Ashiro has been keeping from her threatens their world, she is caught between loyalty to her lord and determination to stay alive, unwilling to share the same fate as her predecessors...
8 253 - In Serial50 Chapters
Solitary warrior
Ye Mo is an orphan, barely remembering his parents everyday is a fight for survival. In a world where the strong rule and the weak comply fortune will strike and change his destiny forever.
8 184 - In Serial115 Chapters
ALWAYS TOGETHER
After combating homelessness and finding a new home, Jack and Angela are living a life of normality. Seeming as life has gotten better for one of the siblings, Jack's still having and experiencing these unbound supernatural occurrences, notably the girl in his dreams who continues to push this devoted promise he supposedly told her. Still fearing the past, Jack has done everything he can to ensure a life of safety for his sister so a certain doctor won't have a chance on ever finding her again. Yet despite in trying, things just grow and reveal more complexities for the two. Can Jack get an answer to this question the girl in his dreams keeps repeating? Or will more complications come his way and potentially lead him down a darker path.
8 143 - In Serial30 Chapters
Alpha King's Human (completed)
I looked out of the window. The huge window had bars on it. It was designed in a way only I could see outside world. That's what I could only do. I could never live there. Why? There were two huge arms wrapped around me like chains as I stared at the window blankly. "Mate, I can still feel your dislike towards me. Tell me, what should I do to gain your affection. I'll do everything you say or buy anything for you. I love you, mate. Name it"I stared at his wolf eyes filled with love which made my heart churn. I pressed my urge to puke and stared blankly at him."Free me" "I told you. I'll never leave you. How dare you think about going away mate. I'll fuck you so hard that you won't be able to step out of the bed. Then you'll carry my pups. Let's see how you'll deny my love" He growled angrily. In a minute. I was lying under him naked... Again.---
8 185 - In Serial22 Chapters
Please don't leave... again ||Wil Horneff||
You had a childhood best friend. You've always had a crush on him. You were best friends from 1st grade-9th grade. The summer to Freshman year, he disappears. The whole summer, you never gave up on him. You all missed him. When you enter high school, you realized he was still in town and he ghosted you all. You don't know whether to feel angry or relieved that he's okay. Will he have a explanation on why he ghosted you guys? Does he even know who you guys are anymore? Will he do it again? Is your friendship going to be rough or easy? Will everything go back to normal?Start: August 8, 2021End: August 12, 2021
8 117

