《အချစ်ဝိုင် ( Complete )》Part 30
Advertisement
အချစ်ဝိုင် ( Part - 30 )
▪▪▪▪▪▪▪▪▪▪
ဒီအိမ်ကလူ အတော်များများက ပီယကိုတော့ သိကြပြီး ခေ့ကိုတော့သိပ်မသိကြ။
ခေက သူနဲ့ စာချုပ်မှာလက်မှတ်ထိုးခဲ့ရုံသာမို့ သူ့ရဲ့ဇနီးဆိုတော့ ဟုတ်ရဲ့လားဟု နှစ်ခါပြန်မေးကြသည်။
"ခေနဲ့သူ ပြဿနာတက်ထားလို့ပါ"
ခေ ရယ်မောရင်း ရှက်ကိုးရှက်ကန်းပြန်ဖြေမိသည်။
လက်မထပ်ချင်ခဲ့တာက ခေ ကိုယ်တိုင်ပဲမလား။
ဆွေပြမျိုးပြခရီးထွက်လာသည့် ပီယသည်လည်း ခေ့ကိုစိတ်မချနိုင်ဖြစ်ကာ ဘယ်ကိုမှလည်းမရောက်ဘဲ ခေ့ကိုသာအဖော်ပြုပေးနေ၏။
မခကတော့ ခေတို့သူငယ်ချင်းနှစ်ယောက်အပေါ်နားလည်မှုအပြည့်ဖြင့် ဘာမှလည်းမပြောသလို တစ်ခါတစ်လေဆို ခေနဲ့အတူရှိနေပေးသည်အထိ။
"ညဆို ငါလာအိပ်ပါ့မယ် ခေရယ်"
"တော်ပါပြီ ရပါတယ်"
"အဲ့ဒါဆို ၃ယောက်အိပ်မလား ငါတို့အခန်းကကျယ်တယ်"
ခေ ပြုံးရုံသာပြုံးမိပြီး ခေါင်းခါလိုက်သည်။
တကယ်ဆို သူငယ်ချင်း၃ယောက်အတူရှိသည်မှာ ကောင်းပေမယ့် ခေတစ်ယောက်တည်းနေချင်မိသည်။
ဆိုးလွန်းသောသူက ခေ့အတွက်ပြောင်းလဲနေပြီမို့ သူ့အကြောင်းတွေသာ တွေးချင်မိသည်။
ထိုသို့တွေးနေရတာကိုပဲ ခေ ကြည်နူးနေမိပါသည်။
သူသည် ပထမဆုံးတစ်ရက်တုန်းကသာ အောက်ကိုဆင်းလာပြီး နောက်ရက်တွေမှာ ခေ့ကိုလာမတွေ့တော့ဘဲ အခန်းအောင်းလျက်သာရှိသည်။
စူးစူးရှရှအော်သံတွေက နေ့တိုင်းလိုကြားရပေမယ့် သူ ယင်းထသည့်ထိုအချိန်တွေဆို ခေ့မှာ ခြေမကိုင်မိ၊ လက်မကိုင်မိ။
သူ တောင်းဆိုခဲ့ပေမယ့် ခေမပြန်သေးဘဲ သူ့အခြေအနေကိုမသိမသာနားစွင့်ရင်း ငြိမ်နေခဲ့သည်။
သူ ဆေးသုံးနေကျအချိန်တိုင်း ထထဖောက်တတ်ပြီး တစ်ခါတစ်လေဆို သတိလစ်သည်အထိ ဆိုးသည်။
ဆေးအတော်များများကို သူသုံးခဲ့သည်ဟု အိမ်ထဲကလူတွေပြောကြကာ ထိုအိမ်ကိုရောက်မှ သူ့ရဲ့နာကျင်စရာအတိတ်တွေ၊ သူဆိုးခဲ့ပုံတွေ ခေ တစ်စွန်းတစ်စပြန်သိရသည်။
"မေမိုးမခ ရောက်မလာခင်ကဆို ဆရာကြီးနဲ့ မမကြီးကနေ့တိုင်းလိုလို ရန်ချည်းဖြစ်နေကြတာ အစ်ကိုလေးက အဲ့ဒီကတည်းကစိတ်ဒဏ်ရာရခဲ့တာထင်တယ်"
"ဟုတ်ပါ့ လက်သီးဆုပ်အံကြိတ်ပြီး မြင်သမျှပစ္စည်းအကုန်ရိုက်ခွဲပစ်တာ ခုထိမမေ့သေးဘူး"
"မေမိုးမခလေးကတော့ ဘာမှမသိရှာဘူး ဆရာကြီးကလည်း မခလေးရှိနေရင် ရန်မဖြစ်ဘူး မွေးစားသမီးလေးဆိုတော့ စိတ်အားငယ်မှာစိုးလို့ထင်ပါရဲ့"
သူတို့မိသားစုပိုင်ကျောက်တွင်းမှာ သစ္စာရှိရှိအလုပ်လုပ်ခဲ့ကြသူတချို့က ဒီအိမ်ကြီးမှာရှိနေသေးပြီး ဦးကိုရော၊ သူ့ကိုပါ ပြုစုပေးနေကြရသည်မို့ ခေပြန်သိရခြင်းဖြစ်သည်။
"အစ်ကိုလေးပျက်စီးတာ ဆရာကြီးကြောင့်ပဲ တစ်ဦးတည်းသောသားဆိုပြီး တအားအလိုလိုက်ထားတာ"
"တကယ်တမ်း အစ်ကိုလေးက သနားဖို့ကောင်းပါတယ် ဆရာကြီးကဆိုးတာနဲ့ မမကြီးကကျိတ်ငိုရတာနဲ့ သူ့အမေငိုတာမြင်တဲ့နေ့ဆို တစ်အိမ်လုံးရိုက်ခွဲပစ်ပြီပဲ သွားတားရင် တားတဲ့သူကိုပါ ရိုက်လွှတ်တာ သူ၁၀တန်းအောင်တော့ မန္တလေးပြောင်းမယ်ဆိုပြီးခွဲထွက်သွားမှ ပြဿနာတွေလည်း အေးချမ်းသွားတာပဲ"
"အပြင်မှာလည်းခဏခဏရန်ဖြစ်တယ် ကြည့်မရလို့ခေါင်းရိုက်ခွဲခဲ့တာ သူ့ကိုစလို့ဆွဲထိုးလာခဲ့တာ ဆိုင်ကယ်စီးရင်းဆီပြတ်သွားလို့ ဆိုင်ကယ်ကိုမီးရှို့ပစ်တာ အို!! စုံလို့စုံလို့ပဲ"
တော်တော်ဆိုးခဲ့သည့်မင်းစေရာပဲ...
သူ့ရဲ့ဆိုးမျိုးတွေကိုသိရတော့မှ သူသည်ခေ့အပေါ် ဘယ်လောက်ထိအလျှော့ပေး အလိုလိုက်ခဲ့သလဲ သိခွင့်ရတော့၏။
ခေဆို သူ့ကိုအမြဲတမ်းပြန်ခံပြောကာ ခံပြင်းလာသည့်အချိန်ဆို ပါးရိုက်ပစ်သည်မှာလည်း ခဏခဏ။
ဒါနဲ့တောင် သူဟာ လက်နဲ့တစ်ချက်မရွယ်ပါဘဲ ခေ့ကိုစကားနဲ့သာ အနိုင်ယူခဲ့သည်မလား...
"မမလေးကိုတော့ သိပ်ချစ်မှာပါ လက်ထပ်ယူထားတာသာကြည့်တော့ ကျွန်မတို့အစ်ကိုလေးက ရှုပ်သာရှုပ်တာ ဘယ်သူ့ကိုမှအိမ်ခေါ်မလာဘူး"
"ချစ်တာပေါ့ အန်တီတို့ရဲ့ ဒါကိုလေ ဒီခေမက မယုံဘူး"
"မခနော်"
"ဟုတ်တယ် တကယ်ပြောတာ"
ခေ ရှက်ရှက်နှင့်ခေါင်းလေးငုံ့ကာ ဟင်းချက်ဖို့ပြင်ထားသည့် ဂေါ်ရခါးသီးနှင့် ဓားကိုကောက်ယူတော့ မခကပြာပြာသလဲပြန်လုယူ၏။
ခေ အူကြောင်ကြောင်ဖြစ်သွားတော့ မခက ပြုံးစိစိနှင့်ပြောလာသည်က...
"နင် လုပ်စရာမလိုဘူး ကိုမင်းသိရင် ငါတို့အကုန်ဒုက္ခရောက်သွားမယ်"
"ဒါဆိုငါက"
"နင်က မင်းစေကတော်လေ ထိုင်နေ ဘာမှမလုပ်နဲ့"
▪▪▪⏳⏳⏳▪▪▪
ခြံအကျယ်ကြီးကို တစ်ချက်ငေးရင်း ခေတစ်ယောက်တည်း ပျင်းစရာကောင်းလှ၍ အိမ်ရှေ့မှာဆင်းထိုင်နေမိသည်။
တစ်အိမ်လုံးအိပ်နေပြီမို့ တိတ်ဆိတ်နေသည်ကိုက ကြောက်စရာမကောင်းဘဲ ခေ့အတွက် စိတ်သက်သာရာ ရသလိုဖြစ်နေ၏။
ဒီနေ့ဆို ခေ မိုးကုတ်ကိုရောက်တာ ၄ရက်မြောက်...
"မင်း မအိပ်သေးဘူးလား ခေ"
လရောင်ဖြင့် မှုန်ပျပျမြင်နေရသောခြံထဲကို ငေးနေမိသည်မှာ သူရောက်လာတာကိုပင်မသိလိုက်။
သူ့အသံကြားလိုက်၍ ခေလှည့်ကြည့်မိတော့ သူသည်မောဟိုက်နွမ်းဖတ်နေဟန်ဖြင့် ခေ့ကိုကြည့်နေခဲ့သည်။
ခေထိုင်နေတာက အောက်ထပ်ဝရံတာလေးမှာဖြစ်ပြီး အဖြူရောင်ဆေးသုတ်ထားသော သစ်သားခုံရှည်လေးချထားတာမို့ လသာနေချိန်မှာ လွမ်းမောစရာလေးဖြစ်နေ၏။
"ရှင် ဘာလို့ဆင်းလာတာလဲ"
"မင်းတစ်ယောက်တည်းဖြစ်နေတာကိုး"
သူက ခေ့အနားဝင်ထိုင်တော့ ခေ သူ့လက်မောင်းကိုဖက်ကာ ပခုံးကိုမှီထားလိုက်၍ သူ့ဆီကရယ်သံသဲ့သဲ့ထွက်လာ၏။
"အခုတော့ ဒီလူယုတ်မာကို မခွဲနိုင်တော့ဘူးပေါ့"
ခေ သူ့ကိုမကြည့်ဘဲ ဒီအတိုင်းလေးငြိမ်နေပြီးမှ သူ့ကိုဝန်ခံချင်လာ၍စကားပြန်ဆက်၏။
"ခေ ရှင့်ကိုလွမ်းနေတာထင်တယ် အရင်က ရှင်စကားပြောနေရင် နားပူပေမယ့် အခုတော့ တစ်ခုခုလိုနေသလိုပဲသိလား"
"ဟုတ်မှာပေါ့ အဲ့လိုအချိန်တွေဆို စောင်ကိုခေါင်းမြီးခြုံပြီး အမြဲငိုပြတယ်လေ အဟွန်း.. ပြီးတော့ မင်းလိုက်လာမယ်လို့လည်းထင်မထားဘူး ပျော်ပြီး ကိုယ်နဲ့ကွာရှင်းပစ်မယ်လို့ပဲထင်ထားခဲ့တာ"
"ခေ ရှင်နဲ့တွေ့ချင်သေးတယ်"
"ဘာဖြစ်လို့လဲ"
လရောင်ဖြင့် ခေ့မျက်နှာလေးဝင်းစက်နေတာကိုငုံ့ကြည့်ပြီး သူမေးတော့ ရှက်ပြုံးလေးပြုံးကာ ပြန်မဖြေ။
သူ လက်မောင်းကိုဖက်ထားသည့်လက်ကလေးတွေကိုဖြေယူလိုက်ပြီး ခေ့မေးဖျားလေးကိုဆွဲပင့်ယူသည်။
"နမ်းချင်တယ် ဒီတစ်ခါတော့ကြည်ဖြူပေး"
ခေ ဘာပြန်ပြောမလဲမစောင့်တော့ဘဲ သူမနှုတ်ခမ်းလေးကို ဖွဖွလေးစုပ်ယူလိုက်သည်။
မနမ်းရတာကြာပြီဖြစ်သော သူမနှုတ်ခမ်းလေးက ချက်ချင်းပြန်မလွှတ်နိုင်အောင်ညှို့ယူနေခဲ့တာမို့ သူ အကြာကြီးနမ်းမိသည်။
အတူနေခဲ့သည့်တစ်နှစ်နီးပါးမှာ သူမ အခုမှကြည်ဖြူတာမို့ ဒီတစ်ခါနမ်းရခြင်းက ပိုပြီးချိုနေသလိုပင်။
သူ ကျေနပ်သည်အထိနမ်းပြီးမှပြန်လွှတ်တော့ ခေက သူ့ရင်ခွင်ထဲတိုးဝင်လာ၍ သူမကိုယ်လေးကိုဖက်ထားမိသည်။
သူချစ်သည့်ခရမ်းရောင်ဆံပင်တွေကို တဖွဖွနမ်းရင်း နားနားလေးကိုကပ်ကာ...
"ကိုယ် ဒီညမင်းနဲ့ရှိချင်တယ်"
ခေက သူ့ရင်ခွင်ထဲမှာ မျက်နှာလေးမော့လာပြီး...
"ရှင်လွတ်သွားရင် ဘယ်လိုလုပ်မလဲ ခေ့ကိုလည်ပင်းမညှစ်ဘူးမလား"
"အဲ့လိုလုပ်ပါ့မလား ကိုယ်လွတ်သွားရင် ဘာလုပ်တတ်သလဲ မင်းအသိဆုံးမဟုတ်ဘူးလား ဖြစ်တယ်နော် လူပဲနေမကောင်းတာ"
Advertisement
"လူယုတ်မာ နှာဘူးကောင်"
သူမ ရှက်သွားပြီး ရင်ဘတ်ကိုမနာအောင်ထုကာ ကျိန်ဆဲသည့်အခါ သူကခပ်တိုးတိုးရယ်၍ ထရပ်ပြီး ခေ့လက်ကလေးကိုဆွဲယူသည်။
ခေအိပ်သည့်အခန်းမှာပဲ အိပ်ဖို့စိတ်ကူးကာ ခေကမျက်စောင်းလေးထိုးပြီး သူ့ရင်ခွင်ထဲတိုးဝင်လာ၏။
သူမကို ခုလိုဖက်ပြီးအိပ်ရသည့်ညတွေ မရှိတာကြာပြီမို့ အလွန်အမင်းကျေနပ်သွားရပြီး ခေ့ဆံပင်တွေကိုငုံ့နမ်းသည်။
"မင်းအရမ်းချစ်ဖို့ကောင်းတယ်"
သူမက လက်ညှိုးလေးဖြင့် သူ့ရင်ဘတ်ကိုကုတ်ခြစ်ပြီး မော့ကြည့်သည်။
"ရှင်ရောပဲ"
တော်တော်လေးပိန်ကျသွားသည့် သူ့လက်တစ်ဖက်ကိုယူပြီး သူမပါးမှာကပ်ထားလိုက်ကာ ရင်ခွင်ထဲခေါင်းလေးတိုးရင်း ခေ အိပ်ပျော်သွားခဲ့သည်။
သူမနဲ့ ရှေ့ဆက်အတူရှိနေရမည့်အချိန်ကိုသာ စိတ်ကူးယဥ်ရင်း ခေ့မျက်နှာလေးကိုငုံ့ကြည့်မိတာ ခဏခဏ။
ကိုယ့်အနာဂတ်က သူမနှုတ်ခမ်းလေးဆီမှာ...
▪▪▪⏳⏳⏳▪▪▪
"မင်းစေရဲ့မိန်းမရောက်နေတယ်ဆို"
ခေ ဆံပင်တွေသုတ်ပြီးအပြင်ထွက်လာချိန် ဧည့်ခန်းမှာထိုင်နေသည့်အမျိုးသမီးကြီးတစ်ဦးနှင့် မိန်းကလေးတစ်ဦးဆီမှ ထိုစကားသံထွက်လာခြင်းဖြစ်သည်။
ဦးက ခေ့ကိုကျောပေးထားသည့်အနေအထားမှာမို့ ထိုအမျိုးသမီးတွေကသာ ခေ့ကိုလှမ်းကြည့်ကြ၏။
"ခေ သွားစို့လေ ပြီးပြီလား"
မခက ခေနှင့်ဆင်တူဂါဝန်အဝါရောင်ဖြင့် ထွက်လာကာ ခေ့ကိုမြင်တော့ ဂရုတစိုက်ဖြင့်ဆံပင်တွေကိုစမ်းကြည့်ရင်းမှ ဧည့်ခန်းကိုလှမ်းကြည့်သည်။
မခကိုမြင်လိုက်မှ ထိုအမျိုးသမီးတွေရဲ့အကြည့်က ခေ့ဆီမှာပိုပြီးစူးနင့်လာခဲ့သည်။
"အန်တီသီတာ"
"သမီးမခ ရောက်နေတာကြာပြီလား"
"မကြာသေးဘူး အန်တီသီတာ ၃ရက်လောက်ပဲရှိသေးတယ် မခ ခုပဲလာခဲ့တော့မလို့ပဲ"
"အင်း အန်တီလည်းသိချင်တာရှိလို့ ထွက်လာခဲ့တာ မင်းစေအကြောင်းကြားထားတာ တကယ်လား အစ်ကို"
ဦးက ဘာမှမပြောဘဲ ခေ့ကိုငဲ့ကြည့်၍ လာထိုင်ဖို့ခေါင်းညိတ်ပြသည်နှင့် ခေသည် မခကိုအသာတွန်းဖယ်ကာ ထိုအန်တီရှေ့မှာထိုင်လိုက်သည်။
"ဒါမင်းစေရဲ့ဇနီးပဲ"
ထိုအမျိုးသမီးတွေရဲ့အကြည့်တွေက ခေ့ဆီမှာစူးနင့်နေပြီး ထိုအကြည့်တွေဆီမှ အမုန်းတစ်ရပ်ကို ခေ အလိုလိုခံစားမိလိုက်သည်။
ဘယ်သူတွေလဲ သေချာမသိ။
"ဘယ်ကနေ ဘယ်လိုလုပ်ပြီး လက်ထပ်ဖြစ်သွားတာလဲအစ်ကို မင်းစေကို ကျွန်မသမီးနဲ့သဘောတူထားတယ်မလား အစ်ကို့စကားကိုတောင် မင်းစေက နားမထောင်ဘူးလား"
"သူက ဘယ်သူ့စကားကိုနားထောင်လို့လဲ"
"အဲ့ဒါလည်းဟုတ်ပါတယ် မင်းကဘယ်ကလဲ မိန်းကလေး"
ဒီတစ်ခါတော့ ခေ့ကိုတည့်တည့်ကြည့်ပြီး မေးလာ၍ ခေမျက်နှာလေးကို တမင်မော့ပစ်လိုက်သည်။
"ခေက ပြင်ဦးလွင်ကပါ"
"မိဘတွေကရော ဘာလုပ်တာလဲ"
"အဲ့လောက်ကြီးထိ အန်တီသီတာ မသိလည်းဖြစ်ပါတယ် ကိုမင်းရဲ့မိန်းမပါဆို ဘာလို့မယုံနေတာလဲ ကိုမင်းကဖြင့်လေ သူ့မိန်းမကိုချစ်လွန်းလို့ ရူးမတက်ပဲ"
မခစကားကြောင့် ထိုအမျိုးသမီးတွေမျက်နှာပျက်သွားတော့ အမြင်ကတ်စိတ်ဖြင့် ကြိတ်ဝမ်းသာမိသေးသည်။
သူ့ကို သမက်တော်ချင်နေသည့်အမျိုးသမီးရဲ့အကြည့်တွေသည် ခေ့အပေါ်အပြစ်တင်၊ ရှုံ့ချလိုသော•••
ဘေးကမိန်းကလေးသည်လည်း မလိုမုန်းထားသော•••
"မမလေးခရေဝိုင်"
ခေလှည့်ကြည့်မိတော့ အိမ်အကူမိန်းကလေးတစ်ယောက်က မဝံ့မရဲဟန်ဖြင့် ခေါင်းလေးငုံ့ကာ••••
"အစ်ကိုလေးက ခေါ်ခိုင်းလို့ပါ ခဏလောက်လိုက်ခဲ့ပေးပါဦး"
သူ ဘာများဖြစ်နေလို့လဲ။
ခေ ဦးကိုတောင်နှုတ်မဆက်နိုင်ဘဲ ထိုင်ရာမှချက်ချင်းထပြီိး အိမ်အကူမိန်းကလေးအနောက် အပြေးလိုက်လာတော့ နားစွန်နားဖျားကြားလိုက်သောပီယက နောက်မှာပါလာ၏။
ညက ခေတို့ထိုင်ခဲ့သည့်ဝရံတာမှာ ထိုင်ခုံတွေချထားပြီး သူက လျော့တိလျော့ရဲမှီထိုင်ကာ ခေရောက်လာသည်ကို မော့ကြည့်သည်။
"မနက်စာ စားတော့မလို့ မင်းကိုခေါ်ခိုင်းလိုက်တာ"
ပီယမျက်နှာကြီး မအီမလည်ဖြစ်သွားပြီး ဆံပင်တွေကိုတစ်ချက်ဆွဲဖွကာ မသိသလိုနောက်ပြန်လှည့်သွားသည်။
သူက ဒါကိုသိလိုက်သလိုပြုံးကာ ခေ့လက်တစ်ဖက်ကိုဆွဲယူ၍ သူ့အနားထိုင်ခိုင်းပြီး ကြက်ပေါင်းရည်ပန်းကန်ကို မေးဆတ်ပြသည်။
"ရှင် ဒါသောက်ရမှာလား"
သူ ခေါင်းညိတ်ပြတော့ ခေ စိတ်မကောင်းဖြစ်သွားပြီး ကြက်ပေါင်းရည်ပန်းကန်ကိုယူပြီး ခေကအရင် တစ်ဇွန်းအရင်သောက်လိုက်သည်။
"ကိုယ့်ကိုတိုက်ခိုင်းတာနော် ခရေဝိုင်"
"ရှင့်ကိုလည်းတိုက်မယ် ခေလည်းမနက်စာ မစားရသေးဘူးလေ ခေ မသောက်ရတော့ဘူးလား"
ခေ သူ့ကိုတစ်ဇွန်းတိုက်တော့ သူက ရယ်နေရင်း အတော်နဲ့မသောက်ဖြစ်။
ပိန်သွားသည်ဆိုပေမယ့် သူ့ရဲ့ပါးချိုင့်တွေကပျောက်သွားတာမရှိဘဲ နှာတံပိုပေါ်လာ၍ အရင်လိုချောမြဲ၊ ချောဆဲ။
ခေ့မျက်လုံးထဲမှာတော့ သူသည်အရင်ကလိုမုန်းစရာကောင်းနေဆဲပဲမို့ ချောတာ၊ မချောတာကိုလည်း ဂရုမစိုက်မိ။
"ကိုယ် တော်တော်ပိန်သွားတယ်မလား မှန်မကြည့်ဖြစ်တာကြာပြီ"
"ပိန်တော့ပိန်သွားတယ် ဒါပေမယ့် ရှင်က ပိန်နေနေ ၀ နေနေ ခေ့အတွက်တော့လူယုတ်မာပဲဥစ္စာ မပြောင်းလဲပါဘူး"
သူ ပြုံးပြီးခေ့လက်ဖမိုးလေးကို ဖွဖွလေးဆုပ်ကိုင်ကာ တယုတယငုံ့နမ်းတော့ ခေ့စိတ်ထဲဘယ်လိုဖြစ်သွားသည်မသိ။
သူ ခေ့ကိုပိုပြီးနီးသွားအောင်ဆွဲယူပြီး တင်းတင်းဖက်ထားလိုက်ကာ ခေ့နှုတ်ခမ်းတွေကို တစ်လွှာချင်းနမ်းရှိုက်ပြန်သည်။
ပြင်းရှသော သူ့နှုတ်ခမ်းတွေကို ခေ မငြိုငြင်ချင်တော့ဘဲ မျက်လုံးလေးတွေမှိတ်ထားလိုက်ပြီး သူ့လည်ပင်းကို ဖွဖွလေးသိုင်းဖက်လိုက်သည်။
ပန်းကန်တွေသိမ်းဖို့ရောက်လာသည့် အိမ်အကူမိန်းကလေးတွေ ပြန်ထွက်ပြေးသွားကြသည်ကိုလည်း ခေတို့ နှစ်ယောက်လုံးမမြင်လိုက်။
အနမ်းတွေဖြင့် တခြားကမ္ဘာတစ်ခုကိုရောက်နေသည်ကိုး...
▪▪▪⏳⏳⏳▪▪▪
Part 31 ဆက်ရန်
စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997
~~~~~~~~~~~~~~~~~~~~~~~
အချစ်ဝိုင် ( Part - 30 )
▪▪▪▪▪▪▪▪▪▪
ဒီအိမ္ကလူ အတော်များများက ပီယကိုတော့ သိကြပြီး ခေ့ကိုတော့သိပ်မသိကြ။
မခကေတာ့ ခေတို့သူငယ်ချင်းနှစ်ယောက်အပေါ်နားလည်မှုအပြည့်ဖြင့် ဘာမှလည်းမပြောသလို တစ်ခါတစ်လေဆို ခေနဲ့အတူရှိနေပေးသည်အထိ။
"တော်ပါပြီ ရပါတယ်"
Advertisement
"မေမိုးမခလေးကတော့ ဘာမွမသိရွာဘူး ဆရာကြီးကလည်း မခလေးရှိနေရင် ရန္မျဖစ္ဘူး မွေးစားသမီးလေးဆိုတော့ စိတ်အားငယ်မှာစိုးလို့ထင်ပါရဲ့"
"အစ်ကိုလေးပျက်စီးတာ ဆရာကြီးကြောင့်ပဲ တစ်ဦးတည်းသောသားဆိုပြီး တအားအလိုလိုက္ထားတာ"
"မခနော်"
"ဟုတ်တယ် တကယ်ပြောတာ"
"နင် လုပ္စရာမလိုဘူး ကိုမင်းသိရင် ငါတို့အကုန်ဒုက္ခရောက်သွားမယ်"
"ဒါဆိုငါက"
▪▪▪⏳⏳⏳▪▪▪
"ဘာဖြစ်လို့လဲ"
"ရှင်လွတ်သွားရင် ဘယ္လိုလုပ္မလဲ ခေ့ကိုလည်ပင်းမညှစ်ဘူးမလား"
"အဲ့လိုလုပ်ပါ့မလား ကိုယ်လွတ်သွားရင် ဘာလုပ္တတ်သလဲ မင်းအသိဆုံးမဟုတ်ဘူးလား ဖြစ်တယ်နော် လူပဲနေမကောင်းတာ"
"လူယုတ်မာ နှာဘူးကောင်"
"ရှင်ရောပဲ"
တော်တော်လေးပိန်ကျသွားသည့် သူ့လက်တစ်ဖက်ကိုယူပြီး သူမပါးမွာကပ္ထားလိုက္ကာ ရင်ခွင်ထဲခေါင်းလေးတိုးရင်း ခေ အိပ်ပျော်သွားခဲ့သည်။
▪▪▪⏳⏳⏳▪▪▪
မခက ခေနှင့်ဆင်တူဂါဝန်အဝါရောင်ဖြင့် ထြက္လာကာ ခေ့ကိုမြင်တော့ ဂရုတစိုက်ဖြင့်ဆံပင်တွေကိုစမ်းကြည့်ရင်းမှ ဧည့်ခန်းကိုလှမ်းကြည့်သည်။
"အန္တီသီတာ"
"မကြာသေးဘူး အန္တီသီတာ ၃ရက်လောက်ပဲရှိသေးတယ် မခ ခုပဲလာခဲ့တော့မလို့ပဲ"
"အင်း အန်တီလည်းသိချင်တာရှိလို့ ထြက္လာခဲ့တာ မင်းစေအကြောင်းကြားထားတာ တကယ္လား အစ္ကို"
"ဒါမင်းစေရဲ့ဇနီးပဲ"
ဘယ်သူတွေလဲ သေချာမသိ။
"ဘယ္ကေန ဘယ်လိုလုပ်ပြီး လက်ထပ်ဖြစ်သွားတာလဲအစ်ကို မင်းစေကို ကျွန်မသမီးနဲ့သဘောတူထားတယ်မလား အစ်ကို့စကားကိုတောင် မင်းစေက နားမထောင်ဘူးလား"
"ခေက ပြင်ဦးလွင်ကပါ"
"မိဘေတြကေရာ ဘာလုပ္တာလဲ"
"အဲ့လောက်ကြီးထိ အန္တီသီတာ မသိလည်းဖြစ်ပါတယ် ကိုမင်းရဲ့မိန်းမပါဆို ဘာလို့မယုံနေတာလဲ ကိုမင်းကဖြင့်လေ သူ့မိန်းမကိုချစ်လွန်းလို့ ရူးမတက်ပဲ"
"မမလေးခရေဝိုင်"
"မနက္စာ စားတော့မလို့ မင်းကိုခေါ်ခိုင်းလိုက်တာ"
"ရှင် ဒါသောက်ရမှာလား"
Advertisement
- In Serial14 Chapters
In Pursuit of Glory
I felt a huge physical force slam into my back. I didn't have any time to think as I rocketed into the wall and felt the drywall dent beneath my body. Eyes wide, I groaned and began to push off the wall when, unceasingly relentless, my assailant backstabbed me with a knife to my gut. I gasped; being stabbed there is no laughing matter. Even today, with all the advances of science, a wound like that can easily be mortal. Most likely would be. I gasped for air with a snarl, funneling the wind into my lungs to help them expand after being pancaked into the wall. Nobody f***ing backstabs me and gets away with it. If there’s one thing you should know about me, it’s that I love being alive. I love it more than anything else. It’s something only a dead person can understand, and I feel myself forgetting all the time. But there’s a secret to death, and I keep it with me. Always. It’s never permanent, it’s never peaceful, and it’s always filled with regrets. But death, despite all of its shortfalls, can give a short respite from life, like a comfy afternoon nap. Death is Respite. It’s a rest for the weary. And to all those people who wander in death lonesome and regretting their broken lives - always, without fail, cut too short - I beg them to take advantage of it. I tell everyone to take advantage of death, even when I can’t bring myself to do so. --- Ciaran travels the world in pursuit of Glories, unfathomable, power-bestowing balls of golden light sequestered in difficult-to-reach places. A fun fantasy romp with a character with an unorthodox narrative voice trying to find his purpose in the world.
8 73 - In Serial7 Chapters
Passing Onto Fog
This is another attempt at the world travelling reincarnator. I dropped my other story because I didn't like where it was going and I felt trapped in the Narutoverse. This time, I'm going to have the main character travelling to more than just one world and they won't all be action based. Have fun and thank you! The first chapters are rough, but I believe I'm improving! Please stick around while I find the style I wish to write in!
8 144 - In Serial10 Chapters
Aggro Healer
A man falls from the sky with no memory of who or where he is. Naked, alone, and with a strange mark on his arm, he has to figure out the rules of this new and frightening world before it gobbles him up. If you're enjoying this story, feel free to check out my other ongoing serial: https://www.royalroad.com/fiction/22834/high-skies-piracy
8 113 - In Serial174 Chapters
DEAD IN BED By Bailey Simms: The Complete First Book
You've never, ever read a book like this.When a sexually-transmitted plague breaks out in Ashley Young's small town, leaving its victims with a bizarrely amplified libido, everything about her life changes. DEAD IN BED is partly a suspense thriller with a strikingly unique story, partly a page-turning mystery about a disease that makes people hopelessly crave sexual contact, and partly a neo-western adventure in the American heartland. For readers who can handle a smart, controversial female protagonist who's willing to do anything -- no matter how difficult or morally questionable -- in order to survive, the series pulls them in like an unshakeable addiction. . . . Bailey Simms, teen author of DEAD IN BED, is stuck at home with a rare medical condition. Writing is her only escape, so she's determined to keep her salacious series hidden from her strict father. Soon an older boy starts to secretly help her, and Bailey finds new opportunities for freedom she's never had. But as DEAD IN BED grows in popularity, and Bailey's fans start to clamor for the sequel, she learns that being a successful Wattpad author may come with a terrifyingly dangerous price.
8 62 - In Serial34 Chapters
The Ripper
Let's get one thing straight I'm no hero nor villain, I do what I want when I want. Eric Lycan is a 29 year old man who was born with extraordinary abilities. These abilities caused him to have a horrible childhood with so many people after him, key amongst them being the government. After years of running Eric is tired of it all and decides it is time he stops running, it is time he fought back after all he has nothing left to loose. Book 1 in the Next Gen Superverse
8 178 - In Serial20 Chapters
Dark of Winter: Prepper Book Two
Connor Killoren's journey through the apocalypse continues in this addition to the Prepper series. The foundations of a civil society continues to ebb away as Connor struggles to save that which is dearest to him. As more people turn to him as a reluctant leader, he finds himself in the crosshairs of an enemy even more dangerous than the GFA.
8 97