《အချစ်ဝိုင် ( Complete )》Part 29
Advertisement
အချစ်ဝိုင် ( part - 29 )
▪▪▪▪▪▪▪▪▪▪
အိမ်ထဲကို ခေရောက်နေတာကြာပြီဖြစ်ပေမယ့် သူ့ကိုမမြင်။ သူ့အသံလည်းမကြားရ။
သူသည် ဘယ်အခန်းမှာနေသလဲမသိရဘဲ ဘယ်သူ့ကိုမှလည်း ခေ မမေးချင်။
တောက်!! ၀ုန်း! ... ဒုန်း!!
အပေါ်ထပ်ဆီက တစ်ခုခုကိုဒေါသတကြီးပေါက်ခွဲ ကန်ကျောက်ပစ်လိုက်သည့်အသံကြီးကြောင့် ခေ လန့်သွားသလို တစ်အိမ်လုံးပြာယာခတ်သွားကြသည်။
ယောကျာ်းနှစ်ယောက်၊ သုံးယောက် အိမ်ပေါ်ပြေးတက်သွားကြသလို အမျိုးသမီးတွေလည်း ပြာယာခတ်ကုန်၏။
"အစ်ကိုလေး ယင်းထပြန်ပြီထင်တယ်"
"ဆရာ့ဆီဖုန်းဆက်ပြီးသွားခေါ်"
ခေသည် သူ့အသံမှန်းသိလိုက်၍ အခန်းအပြင်ရောက်လာကာ လူတွေပြေးဝင်သွားကြသည့်အပေါ်ထပ်ကအခန်းကို လှမ်းကြည့်မိရင်း ရင်တွေ တဒိတ်ဒိတ်ခုန်လာသည်။
ထို့နောက်မှာ သူ့ရဲ့အော်သံကြားလိုက်ရပြီး ထိုအသံက မချိမဆံ့နာကျင်ခံရခက်နေသလိုမို့ စိတ်ပူသွားပေမယ့် သွားလည်းမသွားရဲ။
"ခေ.. လာ ငါတို့အပြင်ထွက်နေရအောင်"
မခက ခေ့လက်တစ်ဖက်ကိုဆွဲကာ အပြင်ကိုခေါ်ပေမယ့် ခေ ပြန်ရုန်းပစ်လိုက်ပြီး အပေါ်ထပ်ကအခန်းတစ်ခုကိုပဲ ကြည့်နေမိသည်။
ဝုန်းဒိုင်းကျဲသောင်းကျန်းနေသည့်အသံတွေ၊ စူးစူးဝါးဝါးဆူညံသံတွေနှင့်အတူ ဗလုံးဗထွေးတိုင်ပင်သံတွေကြောင့် ခေ မကြားရဲသလိုနားပိတ်ထားလိုက်သည်။
သူ အရမ်းခံရခက်နေမှာ...
"ခေ"
ပီယက နားပိတ်ထားသည့်ခေ့လက်တွေကို ထပ်အုပ်ကိုင်ပြီး တိုးတိုးလေးခေါ်တော့ ခေ ပြန်မော့ကြည့်မိသည်။
"ငါတို့အပြင်မှာသွားနေရအောင်လေ"
"ဟင့်အင်း ငါမသွားချင်ဘူး သူက"
"သူက နင်ခုလိုစိတ်မကောင်းဖြစ်မှာစိုးလို့ နင့်ကိုမပြောပြခဲ့တာလေ ခေရဲ့ သူ့ဆန္ဒအတိုင်း နင်.."
"သူ အဆင်ပြေ မပြေပဲ ငါသိချင်တယ် ပီယ ဘယ်မှမသွားဘူး ငါ့ကိုထပ်မခေါ်နဲ့"
ခေ ထိုင်ခုံမှာထိုင်ချလိုက်ရင်း လက်ကလေးတွေကိုကယောင်ကတမ်းခြေမွပစ်နေမိသည်။
ရင်ထဲမှာငိုချင်လာသလို ဟာတာတာဖြစ်နေပြီး လေးလံသောအရာတစ်ခုပိနေသလို ခေ့စိတ်တွေလေးလံနေ၏။
ခေ့ကိုခေါ်မရ၍ ပီယတို့လည်း ခေ့အနားကိုရောက်လာကြကာ အပေါ်ထပ်ကိုတက်သွားချင်ပေမယ့် သူဖြစ်နေသမျှကို ခေ မမြင်ရဲ။
ထို့အတူ သူကလည်းမြင်စေချင်မှာမဟုတ်။
"ငါသွားကြည့်လိုက်မယ်"
ခေစိတ်ကျေနပ်အောင် ပီယအပေါ်ထပ်ကိုတက်လာခဲ့တော့ အခန်းဝမှာလူတွေရှိနေပေမယ့် တိုးတိုက်ဝင်လာခဲ့သည်။
မင်းစေရာက သူ့ကိုယ်သူကုတ်ဖဲ့ထားသလို မျက်နှာနှင့်လက်ဖျံတွေမှာ အစင်းရာတွေထပ်လျက် တချို့နေရာတွေကသွေးထွက်နေသည်။
ယောကျာ်းနှစ်ယောက် ချုပ်ထားသည့်ကြားမှ ရုန်းကန်အော်ဟစ်နေသည့်သူ့ကို လူကြီးတစ်ယောက်က အမှုန့်ဖြူတွေကို ရေဖျော်ကာ အတင်းတိုက်နေ၏။
"ပြန်မထွက်စေနဲ့ အကုန်သောက်အောင်လုပ်"
လူကြီးရဲ့စကားကြောင့် ဘေးလူတွေက မင်းစေရာရဲ့လက်တွေကိုချုပ်ကာ ပါးစပ်ကိုပါအတင်းပိတ်ထားလိုက်၍ အားကုန်ရုန်းကန်နေသည့်သူသည် ပီယကိုတွေ့လိုက်သည်နှင့် ငြိမ်သွားသည်။
သူ ငြိမ်သွားသည့်အခါ ပါးစပ်ကိုပိတ်ထားသူက ပြန်ဖွင့်ပေးလိုက်၍ သူကမောဟိုက်စွာ အသက်ရှူနေရင်း...
"ခေ ရောက်နေတာလား"
ဟု လှမ်းမေးကာ ချက်ချင်းပျော့ခွေသွား၏။
ပီယဘာမှပြန်မပြောနိုင်ဘဲ ကျက်သေ သေကာကြည့်နေမိတုန်း သူ့ကို ချွေးသုတ်ပေးသူက သုတ်ပေး၊ အဝတ်အစားလဲပေးသူက လဲပေးဖြင့် အလုပ်တွေရှုပ်သွားကြသည်။
ဆေးသုံးတဲ့ကောင်၊ ဆေးသမားဟု ရိုင်းရိုင်းစိုင်းစိုင်းခေါ်ခဲ့မိခြင်းကို ဒီမြင်ကွင်းနဲ့တင် ပီယနောင်တရသွားသည်။
အရင်ကထက်ပိန်ကျသွားသည့်သူသည် လည်ပင်းညှပ်ရိုးတွေပေါ်နေပြီဖြစ်ကာ မျက်ကွင်းတွေလည်း ညိုနေသည်။
ခေ မြင်ရင်စိတ်မကောင်းဖြစ်မှာ အသေအချာ။
ခေ့အတွက် ဒီကောင် ဒါမျိုးလုပ်နေတာလားဟု တွေးမိတော့ ခေ့အတွက် ဝမ်းနည်းဝမ်းသာဖြစ်မိသည်။
အစကတော့ ပီယသည်လည်း ခေ့နည်းတူ သူ့အပေါ်အထင်အမြင်လွဲခဲ့သေးသည်ပဲ။
ပယင်းဆိုသည့်မိန်းမနှင့် အိမ်ရှေ့မှာတွေ့တော့မှ ပီယ သူ့အပေါ်နားလည်သွားသည်။
ဒီကောင် ခေ့ကိုချစ်နေတာပဲဟု••••
"ဘယ်လိုလဲဟင် သူ သက်သာလား"
အောက်ကိုရောက်တော့ မျှော်လင့်တကြီးမေးလာသည့်ခေ့ကြောင့် ပီယ ခပ်ယဲ့ယဲ့ပြုံးပြပြီး ခေါင်းညိတ်လိုက်သည်။
"နည်းနည်းပင်ပန်းသွားတယ်ထင်တယ် သူအိပ်ပျော်နေပြီ"
ခေသည် အပေါ်ထပ်ကိုတစ်ချက်လှမ်းကြည့်ရင်း သက်ပြင်းလေးချကာ သူမအတွက်ပေးထားသည့် အခန်းထဲကို ပြန်ဝင်သွားသည်။
အနှစ်နှစ်အလလက ပေါင်းလာသည့်သူငယ်ချင်းတွေမို့ ပီယစိတ်မကောင်းဖြစ်လာခြင်းကို ခေသိလောက်သည်။
သို့သော် ထပ်မေးချင်ပုံလည်းမရဘဲ လှည့်ထွက်သွားပေမယ့် ခေ့စိတ်ထဲမှာလည်း ဝမ်းနည်းနေမှာသေချာသလောက်ရှိ၏။
"ကို ကိုမင်းတကယ်အဆင်ပြေရဲ့လား"
မခက ပီယအနားရောက်လာပြီး မေးသည့်အခါ ဘာပြန်ပြောရမလဲမသိ။
"ကို မကြည့်ရက်ဘူး မခရယ် ကိုမင်းစေရာ အတော်လေးခံစားနေရတာ"
မခ မျက်ရည်တွေအိခနဲဝိုင်းကာ ခေ့လိုပင် အပေါ်ထပ်ကို တစ်ချက်လှမ်းကြည့်သည်။
ပြီးမှ ရှိုက်သံတိုးတိုးဖြင့်...
"ကိုမင်း ဘာမှတော့မဖြစ်လောက်ဘူးမလားဟင် ကို့.."
"နားလည်တဲ့ဆရာဝန်တစ်ယောက်လည်း ရှိပါတယ် မခရယ် အဲ့လောက်စိတ်မပူပါနဲ့ ညကျရင် ခေနဲ့အတူနေပေးလိုက်နော် သူ ကိုမင်းစေရာကိုတွေ့သွားရင် မလွယ်ဘူး"
မခ မျက်ရည်ခိုးသုတ်ကာ ခေါင်းညိတ်ပြသည်။
ပီယ သက်ပြင်းချလိုက်ရင်း 'ခေ ရောက်နေလာတာလား'ဆိုသည့်စကားကို နားထဲပြန်ကြားမိ၏။
မင်း ခေ့အပေါ် အဲ့လောက်တောင်ချစ်သလား မင်းစေရာ...
▪▪▪⏳⏳⏳▪▪▪
"ခေရေ ညစာစားရအောင်"
မခလာခေါ်တော့ ခေအိပ်နေတာဖြစ်ပြီး အခန်းကအထွက်မှာ သူဆင်းလာမလားဟု အပေါ်ထပ်ဆီကိုတစ်ချက်လှမ်းကြည့်မိသေးသည်။
ဂါဝန်လေးကို သပ်သပ်ရပ်ရပ်ဖြစ်သွားအောင် ခါးစည်းကြိုးလေးကိုစည်းကာ ဆံပင်တွေကို ညှပ်ကလေးတစ်ခုနှင့် ဖြစ်သလိုညှပ်လိုက်သည်။
ထမင်းစားခန်းကိုရောက်တော့ ဦးက စားပွဲထိပ်မှာထိုင်နေကာ ဦးအပြင် ပီယတစ်ယောက်သာရှိသည်။
လိုအပ်တာလုပ်ပေးဖို့ အိမ်အကူတွေက ဘေးမှာရပ်နေကြပြီးထမင်းစားပွဲမှာ သူ မရှိ။
"ခေ ထိုင်လေ"
မခကိုယ်တိုင် ထိုင်ခုံတစ်လုံးဆွဲပေးတော့ ခေ ဝင်ထိုင်လိုက်ပြီး မခက ခေ့အနားကပ်ထိုင်ကာ ဦးကိုအရင်ဦးချသည်။
"ဖေဖေ များများစားနော် သမီးကိုယ်တိုင်ချက်ထားတာ"
"စားရခဲမျှ ငါ့သမီးလက်ရာလေး"
"ကို လည်းစား"
ပီယထမင်းပန်းကန်ထဲကို မခ ဟင်းခပ်ထည့်ပေးတော့ ခေ သူ့ကိုသတိရသွားသည်။
အိမ်မှာအတူထမင်းစားဖြစ်တိုင်း ခေ့ဘက်ကအဲ့လို သိတတ်နူးညံ့မှုမှမရှိခဲ့ဘဲ။
ထိုအတွေးကြောင့် အိမ်အပေါ်ထပ်ကအခန်းဆီလှမ်းကြည့်မိသည်။
သူရော၊ ဘယ်လိုတွေစားနေတာလဲ....
"မင်းစေ အတွက်က အပေါ်ကိုပဲပို့ပေးရတယ် သူ့အတွက်အားရှိစေမယ့်အစားအသောက်ကို ဆရာဝန်က စာရင်းလုပ်ပေးထားတယ် အဲ့ဒီလိုပဲချက်ပြီး တစ်ရက်၃ခါသွားပို့ရတာ"
Advertisement
ဦးရဲ့ဖြေရှင်းချက်ကြောင့် ခေ့ဆီကိုမျက်လုံးတွေ စုပုံရောက်လာတော့ ခေ မသိသလိုခေါင်းလေးငုံ့ပြီး ထမင်းတစ်ဇွန်းစားသည်။
သူ့ကိုခေစိတ်ပူနေတာက အရမ်းသိသာနေသလား။
"ခေလည်း များများစား ငါကိုယ်တိုင်ချက်ထားတာ နင်ကြိုက်တဲ့ ငါးခေါင်းဟင်းရည်ရော ငါးဖယ်လေးတွေပါ ပါတယ် စားကြည့်"
ခေ ခေါင်းလေးညိတ်ကာ ဘယ်မှမကြည့်တော့ဘဲထမင်းစားတော့ ပီယက ခေ့ကိုအရိပ်အခြေကြည့်ပြီး အကဲခတ်နေ၏။
မခကတော့ စကားတွေရွှန်းရွှန်းဝေအောင်ပြောနေသည်က ခေ့ကိုစိတ်ပြေဖို့အတွက် ဂရုတစိုက်ရှိမှန်းသိသာသည်။
ထမင်းစားပြီးတော့ ဦးက အလုပ်သမားတွေနှင့်ကိစ္စရှိသေးသည်ဆိုပြီး အိမ်အပြင်ထွက်သွား၏။
"ငါ နင်နဲ့အိပ်မှာ ခေ"
"ငါ့ကိုစိတ်မပူပါနဲ့မခရယ် ကိုယ့်ဘာသာ ပီယနဲ့ပဲသွားအိပ်စမ်းပါ ယောကျာ်းယူထားပြီး ငါနဲ့နေချင်နေသေးတယ်"
"မရဘူး နင်နဲ့မအိပ်ရတာကြာပြီ နော် လို့"
"မအိပ်နဲ့ ငါကနှစ်ယောက်မအိပ်တတ်ဘူး ပြန်တော့"
ခေ တံခါးကိုအတင်းပိတ်ပစ်လိုက်တော့ မခက ခေ့ကိုတဂျီဂျီခေါ်ရင်း တံခါးကိုခေါက်နေသေး၏။
ခေ တစ်ယောက်တည်းနေချင်၍ ဖွင့်မပေးတော့ဘဲ TVကိုကောက်ဖွင့်ပစ်လိုက်သည်။
ခဏနေတော့မှ ခြေသံကြားလိုက်၍ ခေ ပြုံးပြီးအခန်းတံခါးကို အသာလေးဟကြည့်တော့ မယ်မင်းကြီးမက မရှိတော့ပြီ။
တံခါးကိုပြန်ပိတ်ကာ မွေ့ယာပေါ် ဖြစ်သလိုလှဲအိပ်ပစ်တော့မှ တံခါးခေါက်သံတိုးတိုးကို ထပ်ကြားလိုက်ရသည်။
"ရတယ်လို့ ငါပြော"
တံခါးကိုဆွဲဖွင့်လိုက်တော့ အခန်းဝမှာရပ်နေတာက သူ။
အရင်ကထက်အများကြီးပိန်ကျသွားသည့် သူ့ကို ကြောင်အပြီးကြည့်နေမိစဥ်က သူကယိုင်နဲ့နဲ့ဖြင့် အခန်းထဲဝင်လာသည်။
ခေ သူ့ကိုလိုက်ကြည့်နေမိပြီးမှ တံခါးကိုလွှတ်ထားခဲ့ပြီး သူ့နောက်လိုက်လာခဲ့သည်။
"ရှင် နေမကောင်းဘူးမလား ဘာလို့ဆင်းလာတာလဲ"
သူက မွေ့ယာပေါ်ထိုင်ချလိုက်ပြီး မောနေသလို အသက်ပြင်းပြင်းရှူရင်း ခေ့ကိုမော့ကြည့်သည်။
"မင်း နေကောင်းရဲ့လား"
"ရှင်ပဲ နေမကောင်းဖြစ်နေတာရောသိရဲ့လား"
အရင်ကထက်အများကြီးပိန်သွားသော သူ့ပုံစံကြောင့် နေ့လည်က ပီယရဲ့ခပ်ယဲ့ယဲ့အပြုံးကိုပြန်သတိရရင်း ခေ မျက်ရည်ဝိုင်းလာမိသည်။
ပီယ ဒါကြောင့်မို့ ခေ့ကိုမပြောခဲ့တာကိုး။
"ဘာဖြစ်လို့မျက်ရည်ဝဲနေသေးတာလဲ"
သူ့အသံသည် တိုးတိတ်စွာဖြင့် ဝမ်းနည်းနေသလိုရှိ၏။
"ရှင့်အတွက် အရမ်းပင်ပန်းရရင် ဒီအတိုင်းပဲထားလိုက်ပါလား ခုလိုမြင်ရတာ ခေ အရမ်းဝမ်းနည်းလာလို့"
သူ နှစ်နှစ်ခြိုက်ခြိုက်ပြုံးကာ ပြန်ထရပ်ပြီး ခေ့အနားလျှောက်လာကာ လက်ကလေးတွေကိုဆွဲယူသည်။
"ဒီလောက်ကတော့ ခံနိုင်ရည်ရှိပါတယ် မင်းဘာလို့လိုက်လာတာလဲ ကိုယ် အားလုံးစီစဥ်ပေးခဲ့တယ်မလား"
သူ နူးနူးညံ့ညံ့သုံးတတ်လာသည့် ကိုယ် ဆိုသည့်နာမ်စားကြောင့် ခေပိုပြီးငိုချင်လာသည်။
သူဟာ ခေ့အပေါ်အမြဲရက်စက်ခဲ့သူမဟုတ်လား။
"ရှင် အဆင်ပြေရဲ့လားသိချင်လို့ ပြီးတော့ ခေ့အတွက် ရှင်ခုလိုဖြစ်သွားချိန်မှာ ခေ ပျော်မနေချင်ဘူး"
သူပြုံးရုံသာပြုံးကာ ခေ့ကိုယ်လေးကိုဆွဲယူပြီး ဖွဖွလေးသိုင်းဖက်ကာ တဖြည်းဖြည်းချင်းတင်းကျပ်လာသည်။
ခေ ဒီအတိုင်းငြိမ်နေမိပြီး သူ့ကိုပြန်ဖက်လိုက်တော့မှ ဘယ်လောက်အထိပိန်သွားလဲ သိရတော့သည်။
ထို့အပြင် သူ့ဆီကနွေးထွေးမှုတွေကို ခေလိုချင်နေခဲ့မှန်းလည်း ခုမှတိတိကျကျသိလိုက်ရသည်။
ပြီးတော့ ခေ သတိရနေခဲ့သည့် သူ့ဆီကကိုယ်သင်းနံ့လေး...
ခေ အိခနဲငိုချလိုက်မိသည်။
"မငိုနဲ့ကွာ ကျေးဇူးပြုပြီး ကိုယ့်အတွက်ဖြစ်ဖြစ်မငိုပါနဲ့"
"ရှင့်ကိုမုန်းတယ်သိလား ဒီလောက်ကြီးဖြစ်နေတာတောင် သူများကိုမပြောဘူး ရှင်ခေ့ဆီကလွဲရင် အကုန်လုံးကိုဖုန်းဆက်ပြီး"
"ဒီလိုဖြစ်တာက ကိုယ့်အတွက် ဘာမှမဖြစ်ဘူး မင်းပြန်ပြောတဲ့စကားတွေကြားမှ ကိုယ်သေမှာသိလား"
သူ့ဘက်က စပြီးပွင့်ထွက်လာသည့်ပထမဆုံးစကား။
ဖက်ထားသည့်အတိုင်းငြိမ်နေရင်းမှ တသိမ့်သိမ့်တုန်အောင်ငိုနေသော သူမလည်ပင်းလေးကို သူဖွဖွနမ်းသည်။
"မင်းကိုချစ်တယ် ခရေဝိုင်"
ပခုံးလေးနှစ်ဖက်ကိုကိုင်ထားရင်း သူမမျက်နှာလေးငုံ့ကြည့်ကာ နဖူးလေးကိုငုံ့နမ်းမိသည်။
သူမ မရုန်းဘဲငြိမ်နေ၍ စိတ်ထဲပျော်သွားမိသလို နောက်ရက်တွေအတွက် ရင်ဆိုင်ရဖို့သတ္တိတွေရှိသွားသလို ခံစားရသည်။
သူမကို မမြင်ရမတွေ့ရသည့်ရက်တွေမှာ 'ခေလေးနေကောင်းတယ် ထမင်းလည်းစားတယ်'ဆိုသည့် မေမေ့စကားနဲ့ပဲကျေနပ်နေခဲ့ရသည်။
အခု သူမကို မျက်စိရှေ့မှာမြင်တွေ့နေရသည့်အပြင် ကိုယ့်ကိုသနားနေသည့် မျက်ဝန်းလေးတွေဖြင့်။
သူဟာ ဘယ်လောက်ပဲမာကျောခဲ့သူဖြစ်နေပါစေ၊ သူမဆီက သနားသောထိုအကြည့်လေးတွေ ရချင်နေခဲ့မိသည်။
ထိုသနားစိတ်လေးတွေကို အခြေခံပြီးတော့ပဲဖြစ်ဖြစ် သူ့အပေါ်နူးညံ့လာဖို့ကိုလည်း တိတ်တခိုးမျှော်လင့်မိသည်။
"မင်းကို ဒီမှာအကြာကြီးမနေစေချင်ဘူး ကိုယ်ခံစားရတာတွေ မမြင်စေချင်ဘူး"
"ဘာလို့နှင်နေတာလဲ"
"နှင်ရမယ် မင်းစိတ်မကောင်းဖြစ်လို့ ငိုတယ်ဆိုရင်တောင် ကိုယ်ခံစားရတယ် အရင်ကတည်းက မင်းငိုတိုင်း ကိုယ်အမြဲရှောင်ထွက်ခဲ့တာပဲ အခု ကိုယ့်စကားကိုနားထောင်ပေးပါ ကိုယ်ပြန်လာခဲ့မယ် နော်"
ကလေးချော့သလို ချော့နေသည့်သူ့ကို ခေ ခေါင်းညိတ်ပြလိုက်သည်။
သူ မသိအောင်နေလို့ရတာပဲဟု တွေးပြီး ပြီးစလွယ်ခေါင်းညိတ်လိုက်ပေမယ့် သူကတော့ယုံကြည်သွားသလိုခေါင်းညိတ်သည်။
"ကိုယ် အခန်းကိုပြန်တော့မယ် နေကောင်းအောင်နေနော်"
"ရှင် ဘယ်အချိန်ပြန်လာမှာလဲဟင်"
ခေ သူ့အင်္ကျီအဖျားကိုဆွဲထားရင်း အသည်းအသန်မေးလိုက်တော့ သူက ပြန်လှည့်ကြည့်ကာ ခေ့ဆံပင်တွေကိုဆွဲဖွသည်။
"အမြန်ဆုံးပြန်လာခဲ့မယ် ကိုယ်ကတိပေးတယ်"
သူ အခန်းထဲကထွက်သွားပြီး ခေ့ကိုလှည့်မကြည့်ခဲ့။
ခေသည်လည်း သူ့ကိုရပ်ကြည့်ရုံသာကြည့်နေခဲ့ပြီး နောက်ကမလိုက်သွားမိ။
သေချာတာတစ်ခုက ခေတို့နှစ်ယောက်လုံး အရင်လိုမဟုတ်တော့တာဖြစ်သည်။
▪▪▪⏳⏳⏳▪▪▪
Part 30 ဆက်ရန်
စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997
~~~~~~~~~~~~~~~~~~~~~~~~~~
အခ်စ္ဝိုင္ ( part - 29 )
▪▪▪▪▪▪▪▪▪▪
အိမ္ထဲကို ေခေရာက္ေနတာၾကာၿပီျဖစ္ေပမယ့္ သူ႔ကိုမျမင္။ သူ႔အသံလည္းမၾကားရ။
သူသည္ ဘယ္အခန္းမွာေနသလဲမသိရဘဲ ဘယ္သူ႔ကိုမွလည္း ေခ မေမးခ်င္။
ေတာက္!! ဝုန္း! ... ဒုန္း!!
အေပၚထပ္ဆီက တစ္ခုခုကိုေဒါသတႀကီးေပါက္ခဲြ ကန္ေက်ာက္ပစ္လိုက္သၫ့္အသံႀကီးေၾကာင့္ ေခ လန႔္သြားသလို တစ္အိမ္လံုးျပာယာခတ္သြားၾကသည္။
ေယာက်ာ္းႏွစ္ေယာက္၊ သံုးေယာက္ အိမ္ေပၚေျပးတက္သြားၾကသလို အမ်ိဳးသမီးေတြလည္း ျပာယာခတ္ကုန္၏။
"အစ္ကိုေလး ယင္းထျပန္ၿပီထင္တယ္"
"ဆရာ့ဆီဖုန္းဆက္ၿပီးသြားေခၚ"
ေခသည္ သူ႔အသံမွန္းသိလိုက္၍ အခန္းအျပင္ေရာက္လာကာ လူေတြေျပးဝင္သြားၾကသၫ့္အေပၚထပ္ကအခန္းကို လွမ္းၾကၫ့္မိရင္း ရင္ေတြ တဒိတ္ဒိတ္ခုန္လာသည္။
ထို႔ေနာက္မွာ သူ႔ရဲ့ေအာ္သံၾကားလိုက္ရၿပီး ထိုအသံက မခ်ိမဆံ့နာက်င္ခံရခက္ေနသလိုမို႔ စိတ္ပူသြားေပမယ့္ သြားလည္းမသြားရဲ။
Advertisement
"ေခ.. လာ ငါတို႔အျပင္ထြက္ေနရေအာင္"
မခက ေခ့လက္တစ္ဖက္ကိုဆဲြကာ အျပင္ကိုေခၚေပမယ့္ ေခ ျပန္ရုန္းပစ္လိုက္ၿပီး အေပၚထပ္ကအခန္းတစ္ခုကိုပဲ ၾကၫ့္ေနမိသည္။
ဝုန္းဒိုင္းက်ဲေသာင္းက်န္းေနသၫ့္အသံေတြ၊ စူးစူးဝါးဝါးဆူညံသံေတြႏွင့္အတူ ဗလံုးဗေထြးတိုင္ပင္သံေတြေၾကာင့္ ေခ မၾကားရဲသလိုနားပိတ္ထားလိုက္သည္။
သူ အရမ္းခံရခက္ေနမွာ...
"ေခ"
ပီယက နားပိတ္ထားသၫ့္ေခ့လက္ေတြကို ထပ္အုပ္ကိုင္ၿပီး တိုးတိုးေလးေခၚေတာ့ ေခ ျပန္ေမာ့ၾကၫ့္မိသည္။
"ငါတို႔အျပင္မွာသြားေနရေအာင္ေလ"
"ဟင့္အင္း ငါမသြားခ်င္ဘူး သူက"
"သူက နင္ခုလိုစိတ္မေကာင္းျဖစ္မွာစိုးလို႔ နင့္ကိုမေျပာျပခဲ့တာေလ ေခရဲ့ သူ႔ဆႏၵအတိုင္း နင္.."
"သူ အဆင္ေျပ မေျပပဲ ငါသိခ်င္တယ္ ပီယ ဘယ္မွမသြားဘူး ငါ့ကိုထပ္မေခၚနဲ႔"
ေခ ထိုင္ခံုမွာထိုင္ခ်လိုက္ရင္း လက္ကေလးေတြကိုကေယာင္ကတမ္းေျခမြပစ္ေနမိသည္။
ရင္ထဲမွာငိုခ်င္လာသလို ဟာတာတာျဖစ္ေနၿပီး ေလးလံေသာအရာတစ္ခုပိေနသလို ေခ့စိတ္ေတြေလးလံေန၏။
ေခ့ကိုေခၚမရ၍ ပီယတို႔လည္း ေခ့အနားကိုေရာက္လာၾကကာ အေပၚထပ္ကိုတက္သြားခ်င္ေပမယ့္ သူျဖစ္ေနသမ်ွကို ေခ မျမင္ရဲ။
ထို႔အတူ သူကလည္းျမင္ေစခ်င္မွာမဟုတ္။
"ငါသြားၾကၫ့္လိုက္မယ္"
ေခစိတ္ေက်နပ္ေအာင္ ပီယအေပၚထပ္ကိုတက္လာခဲ့ေတာ့ အခန္းဝမွာလူေတြရိွေနေပမယ့္ တိုးတိုက္ဝင္လာခဲ့သည္။
မင္းေစရာက သူ႔ကိုယ္သူကုတ္ဖဲ့ထားသလို မ်က္ႏွာႏွင့္လက္ဖ်ံေတြမွာ အစင္းရာေတြထပ္လ်က္ တခ်ိဳ႕ေနရာေတြကေသြးထြက္ေနသည္။
ေယာက်ာ္းႏွစ္ေယာက္ ခ်ဳပ္ထားသၫ့္ၾကားမွ ရုန္းကန္ေအာ္ဟစ္ေနသၫ့္သူ႔ကို လူႀကီးတစ္ေယာက္က အမႈန႔္ျဖဴေတြကို ေရေဖ်ာ္ကာ အတင္းတိုက္ေန၏။
"ျပန္မထြက္ေစနဲ႔ အကုန္ေသာက္ေအာင္လုပ္"
လူႀကီးရဲ့စကားေၾကာင့္ ေဘးလူေတြက မင္းေစရာရဲ့လက္ေတြကိုခ်ဳပ္ကာ ပါးစပ္ကိုပါအတင္းပိတ္ထားလိုက္၍ အားကုန္ရုန္းကန္ေနသၫ့္သူသည္ ပီယကိုေတြ့လိုက္သည္ႏွင့္ ၿငိမ္သြားသည္။
သူ ၿငိမ္သြားသၫ့္အခါ ပါးစပ္ကိုပိတ္ထားသူက ျပန္ဖြင့္ေပးလိုက္၍ သူကေမာဟိုက္စြာ အသက္ရႉေနရင္း...
"ေခ ေရာက္ေနတာလား"
ဟု လွမ္းေမးကာ ခ်က္ခ်င္းေပ်ာ့ေခြသြား၏။
ပီယဘာမျွပန္မေျပာႏိုင္ဘဲ က်က္ေသ ေသကာၾကၫ့္ေနမိတုန္း သူ႔ကို ခၽြေးသုတ္ေပးသူက သုတ္ေပး၊ အဝတ္အစားလဲေပးသူက လဲေပးျဖင့္ အလုပ္ေတြရႈပ္သြားၾကသည္။
ေဆးသံုးတဲ့ေကာင္၊ ေဆးသမားဟု ရိုင္းရိုင္းစိုင္းစိုင္းေခၚခဲ့မိျခင္းကို ဒီျမင္ကြင္းနဲ႔တင္ ပီယေနာင္တရသြားသည္။
အရင္ကထက္ပိန္က်သြားသၫ့္သူသည္ လည္ပင္းၫွပ္ရိုးေတြေပၚေနၿပီျဖစ္ကာ မ်က္ကြင္းေတြလည္း ညိုေနသည္။
ေခ ျမင္ရင္စိတ္မေကာင္းျဖစ္မွာ အေသအခ်ာ။
ေခ့အတြက္ ဒီေကာင္ ဒါမ်ိဳးလုပ္ေနတာလားဟု ေတြးမိေတာ့ ေခ့အတြက္ ဝမ္းနည္းဝမ္းသာျဖစ္မိသည္။
အစကေတာ့ ပီယသည္လည္း ေခ့နည္းတူ သူ႔အေပၚအထင္အျမင္လဲြခဲ့ေသးသည္ပဲ။
ပယင္းဆိုသၫ့္မိန္းမႏွင့္ အိမ္ေရ႔ွမွာေတြ့ေတာ့မွ ပီယ သူ႔အေပၚနားလည္သြားသည္။
ဒီေကာင္ ေခ့ကိုခ်စ္ေနတာပဲဟု••••
"ဘယ္လိုလဲဟင္ သူ သက္သာလား"
ေအာက္ကိုေရာက္ေတာ့ ေမ်ွာ္လင့္တႀကီးေမးလာသၫ့္ေခ့ေၾကာင့္ ပီယ ခပ္ယဲ့ယဲ့ႃပံုးျပၿပီး ေခါင္းညိတ္လိုက္သည္။
"နည္းနည္းပင္ပန္းသြားတယ္ထင္တယ္ သူအိပ္ေပ်ာ္ေနၿပီ"
ေခသည္ အေပၚထပ္ကိုတစ္ခ်က္လွမ္းၾကၫ့္ရင္း သက္ျပင္းေလးခ်ကာ သူမအတြက္ေပးထားသၫ့္ အခန္းထဲကို ျပန္ဝင္သြားသည္။
အႏွစ္ႏွစ္အလလက ေပါင္းလာသၫ့္သူငယ္ခ်င္းေတြမို႔ ပီယစိတ္မေကာင္းျဖစ္လာျခင္းကို ေခသိေလာက္သည္။
သို႔ေသာ္ ထပ္ေမးခ်င္ပံုလည္းမရဘဲ လွၫ့္ထြက္သြားေပမယ့္ ေခ့စိတ္ထဲမွာလည္း ဝမ္းနည္းေနမွာေသခ်ာသေလာက္ရိွ၏။
"ကို ကိုမင္းတကယ္အဆင္ေျပရဲ့လား"
မခက ပီယအနားေရာက္လာၿပီး ေမးသၫ့္အခါ ဘာျပန္ေျပာရမလဲမသိ။
"ကို မၾကၫ့္ရက္ဘူး မခရယ္ ကိုမင္းေစရာ အေတာ္ေလးခံစားေနရတာ"
မခ မ်က္ရည္ေတြအိခနဲဝိုင္းကာ ေခ့လိုပင္ အေပၚထပ္ကို တစ္ခ်က္လွမ္းၾကၫ့္သည္။
ၿပီးမွ ရိႈက္သံတိုးတိုးျဖင့္...
"ကိုမင္း ဘာမွေတာ့မျဖစ္ေလာက္ဘူးမလားဟင္ ကို႔.."
"နားလည္တဲ့ဆရာဝန္တစ္ေယာက္လည္း ရိွပါတယ္ မခရယ္ အဲ့ေလာက္စိတ္မပူပါနဲ႔ ညက်ရင္ ေခနဲ႔အတူေနေပးလိုက္ေနာ္ သူ ကိုမင္းေစရာကိုေတြ့သြားရင္ မလြယ္ဘူး"
မခ မ်က္ရည္ခိုးသုတ္ကာ ေခါင္းညိတ္ျပသည္။
ပီယ သက္ျပင္းခ်လိုက္ရင္း 'ေခ ေရာက္ေနလာတာလား'ဆိုသၫ့္စကားကို နားထဲျပန္ၾကားမိ၏။
မင္း ေခ့အေပၚ အဲ့ေလာက္ေတာင္ခ်စ္သလား မင္းေစရာ...
▪▪▪⏳⏳⏳▪▪▪
"ေခေရ ညစာစားရေအာင္"
မခလာေခၚေတာ့ ေခအိပ္ေနတာျဖစ္ၿပီး အခန္းကအထြက္မွာ သူဆင္းလာမလားဟု အေပၚထပ္ဆီကိုတစ္ခ်က္လွမ္းၾကၫ့္မိေသးသည္။
ဂါဝန္ေလးကို သပ္သပ္ရပ္ရပ္ျဖစ္သြားေအာင္ ခါးစည္းႀကိဳးေလးကိုစည္းကာ ဆံပင္ေတြကို ၫွပ္ကေလးတစ္ခုႏွင့္ ျဖစ္သလိုၫွပ္လိုက္သည္။
ထမင္းစားခန္းကိုေရာက္ေတာ့ ဦးက စားပဲြထိပ္မွာထိုင္ေနကာ ဦးအျပင္ ပီယတစ္ေယာက္သာရိွသည္။
လိုအပ္တာလုပ္ေပးဖို႔ အိမ္အကူေတြက ေဘးမွာရပ္ေနၾကၿပီးထမင္းစားပဲြမွာ သူ မရိွ။
"ေခ ထိုင္ေလ"
မခကိုယ္တိုင္ ထိုင္ခံုတစ္လံုးဆဲြေပးေတာ့ ေခ ဝင္ထိုင္လိုက္ၿပီး မခက ေခ့အနားကပ္ထိုင္ကာ ဦးကိုအရင္ဦးခ်သည္။
"ေဖေဖ မ်ားမ်ားစားေနာ္ သမီးကိုယ္တိုင္ခ်က္ထားတာ"
"စားရခဲမ်ွ ငါ့သမီးလက္ရာေလး"
"ကို လည္းစား"
ပီယထမင္းပန္းကန္ထဲကို မခ ဟင္းခပ္ထၫ့္ေပးေတာ့ ေခ သူ႔ကိုသတိရသြားသည္။
အိမ္မွာအတူထမင္းစားျဖစ္တိုင္း ေခ့ဘက္ကအဲ့လို သိတတ္ႏူးညံ့မႈမွမရိွခဲ့ဘဲ။
ထိုအေတြးေၾကာင့္ အိမ္အေပၚထပ္ကအခန္းဆီလွမ္းၾကၫ့္မိသည္။
သူေရာ၊ ဘယ္လိုေတြစားေနတာလဲ....
"မင္းေစ အတြက္က အေပၚကိုပဲပို႔ေပးရတယ္ သူ႔အတြက္အားရိွေစမယ့္အစားအေသာက္ကို ဆရာဝန္က စာရင္းလုပ္ေပးထားတယ္ အဲ့ဒီလိုပဲခ်က္ၿပီး တစ္ရက္၃ခါသြားပို႔ရတာ"
ဦးရဲ့ေျဖရွင္းခ်က္ေၾကာင့္ ေခ့ဆီကိုမ်က္လံုးေတြ စုပံုေရာက္လာေတာ့ ေခ မသိသလိုေခါင္းေလးငံု႔ၿပီး ထမင္းတစ္ဇြန္းစားသည္။
သူ႔ကိုေခစိတ္ပူေနတာက အရမ္းသိသာေနသလား။
"ေခလည္း မ်ားမ်ားစား ငါကိုယ္တိုင္ခ်က္ထားတာ နင္ႀကိဳက္တဲ့ ငါးေခါင္းဟင္းရည္ေရာ ငါးဖယ္ေလးေတြပါ ပါတယ္ စားၾကၫ့္"
ေခ ေခါင္းေလးညိတ္ကာ ဘယ္မွမၾကၫ့္ေတာ့ဘဲထမင္းစားေတာ့ ပီယက ေခ့ကိုအရိပ္အေျခၾကၫ့္ၿပီး အကဲခတ္ေန၏။
မခကေတာ့ စကားေတြရႊန္းရႊန္းေဝေအာင္ေျပာေနသည္က ေခ့ကိုစိတ္ေျပဖို႔အတြက္ ဂရုတစိုက္ရိွမွန္းသိသာသည္။
ထမင္းစားၿပီးေတာ့ ဦးက အလုပ္သမားေတြႏွင့္ကိစၥရိွေသးသည္ဆိုၿပီး အိမ္အျပင္ထြက္သြား၏။
"ငါ နင္နဲ႔အိပ္မွာ ေခ"
"ငါ့ကိုစိတ္မပူပါနဲ႔မခရယ္ ကိုယ့္ဘာသာ ပီယနဲ႔ပဲသြားအိပ္စမ္းပါ ေယာက်ာ္းယူထားၿပီး ငါနဲ႔ေနခ်င္ေနေသးတယ္"
"မရဘူး နင္နဲ႔မအိပ္ရတာၾကာၿပီ ေနာ္ လို႔"
"မအိပ္နဲ႔ ငါကႏွစ္ေယာက္မအိပ္တတ္ဘူး ျပန္ေတာ့"
ေခ တံခါးကိုအတင္းပိတ္ပစ္လိုက္ေတာ့ မခက ေခ့ကိုတဂ်ီဂ်ီေခၚရင္း တံခါးကိုေခါက္ေနေသး၏။
ေခ တစ္ေယာက္တည္းေနခ်င္၍ ဖြင့္မေပးေတာ့ဘဲ TVကိုေကာက္ဖြင့္ပစ္လိုက္သည္။
ခဏေနေတာ့မွ ေျခသံၾကားလိုက္၍ ေခ ႃပံုးၿပီးအခန္းတံခါးကို အသာေလးဟၾကၫ့္ေတာ့ မယ္မင္းႀကီးမက မရိွေတာ့ၿပီ။
တံခါးကိုျပန္ပိတ္ကာ ေမြ့ယာေပၚ ျဖစ္သလိုလွဲအိပ္ပစ္ေတာ့မွ တံခါးေခါက္သံတိုးတိုးကို ထပ္ၾကားလိုက္ရသည္။
"ရတယ္လို႔ ငါေျပာ"
တံခါးကိုဆဲြဖြင့္လိုက္ေတာ့ အခန္းဝမွာရပ္ေနတာက သူ။
အရင္ကထက္အမ်ားႀကီးပိန္က်သြားသၫ့္ သူ႔ကို ေၾကာင္အၿပီးၾကၫ့္ေနမိစဥ္က သူကယိုင္နဲ႔နဲ႔ျဖင့္ အခန္းထဲဝင္လာသည္။
ေခ သူ႔ကိုလိုက္ၾကၫ့္ေနမိၿပီးမွ တံခါးကိုလႊတ္ထားခဲ့ၿပီး သူ႔ေနာက္လိုက္လာခဲ့သည္။
"ရွင္ ေနမေကာင္းဘူးမလား ဘာလို႔ဆင္းလာတာလဲ"
သူက ေမြ့ယာေပၚထိုင္ခ်လိုက္ၿပီး ေမာေနသလို အသက္ျပင္းျပင္းရႉရင္း ေခ့ကိုေမာ့ၾကၫ့္သည္။
"မင္း ေနေကာင္းရဲ့လား"
"ရွင္ပဲ ေနမေကာင္းျဖစ္ေနတာေရာသိရဲ့လား"
အရင္ကထက္အမ်ားႀကီးပိန္သြားေသာ သူ႔ပံုစံေၾကာင့္ ေန့လည္က ပီယရဲ့ခပ္ယဲ့ယဲ့အႃပံုးကိုျပန္သတိရရင္း ေခ မ်က္ရည္ဝိုင္းလာမိသည္။
ပီယ ဒါေၾကာင့္မို႔ ေခ့ကိုမေျပာခဲ့တာကိုး။
"ဘာျဖစ္လို႔မ်က္ရည္ဝဲေနေသးတာလဲ"
သူ႔အသံသည္ တိုးတိတ္စြာျဖင့္ ဝမ္းနည္းေနသလိုရိွ၏။
"ရွင့္အတြက္ အရမ္းပင္ပန္းရရင္ ဒီအတိုင္းပဲထားလိုက္ပါလား ခုလိုျမင္ရတာ ေခ အရမ္းဝမ္းနည္းလာလို႔"
သူ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ႃပံုးကာ ျပန္ထရပ္ၿပီး ေခ့အနားေလ်ွာက္လာကာ လက္ကေလးေတြကိုဆဲြယူသည္။
"ဒီေလာက္ကေတာ့ ခံႏိုင္ရည္ရိွပါတယ္ မင္းဘာလို႔လိုက္လာတာလဲ ကိုယ္ အားလံုးစီစဥ္ေပးခဲ့တယ္မလား"
သူ ႏူးႏူးညံ့ညံ့သံုးတတ္လာသၫ့္ ကိုယ္ ဆိုသၫ့္နာမ္စားေၾကာင့္ ေခပိုၿပီးငိုခ်င္လာသည္။
သူဟာ ေခ့အေပၚအၿမဲရက္စက္ခဲ့သူမဟုတ္လား။
"ရွင္ အဆင္ေျပရဲ့လားသိခ်င္လို႔ ၿပီးေတာ့ ေခ့အတြက္ ရွင္ခုလိုျဖစ္သြားခ်ိန္မွာ ေခ ေပ်ာ္မေနခ်င္ဘူး"
သူႃပံုးရံုသာႃပံုးကာ ေခ့ကိုယ္ေလးကိုဆဲြယူၿပီး ဖြဖြေလးသိုင္းဖက္ကာ တျဖည္းျဖည္းခ်င္းတင္းက်ပ္လာသည္။
ေခ ဒီအတိုင္းၿငိမ္ေနမိၿပီး သူ႔ကိုျပန္ဖက္လိုက္ေတာ့မွ ဘယ္ေလာက္အထိပိန္သြားလဲ သိရေတာ့သည္။
ထို႔အျပင္ သူ႔ဆီကေနြးေထြးမႈေတြကို ေခလိုခ်င္ေနခဲ့မွန္းလည္း ခုမွတိတိက်က်သိလိုက္ရသည္။
ၿပီးေတာ့ ေခ သတိရေနခဲ့သၫ့္ သူ႔ဆီကကိုယ္သင္းနံ႔ေလး...
ေခ အိခနဲငိုခ်လိုက္မိသည္။
"မငိုနဲ႔ကြာ ေက်းဇူးျပဳျပီး ကိုယ့္အတြက္ျဖစ္ျဖစ္မငိုပါနဲ႔"
"ရွင့္ကိုမုန္းတယ္သိလား ဒီေလာက္ႀကီးျဖစ္ေနတာေတာင္ သူမ်ားကိုမေျပာဘူး ရွင္ေခ့ဆီကလဲြရင္ အကုန္လံုးကိုဖုန္းဆက္ၿပီး"
"ဒီလိုျဖစ္တာက ကိုယ့္အတြက္ ဘာမွမျဖစ္ဘူး မင္းျပန္ေျပာတဲ့စကားေတြၾကားမွ ကိုယ္ေသမွာသိလား"
သူ႔ဘက္က စၿပီးပြင့္ထြက္လာသၫ့္ပထမဆံုးစကား။
ဖက္ထားသၫ့္အတိုင္းၿငိမ္ေနရင္းမွ တသိမ့္သိမ့္တုန္ေအာင္ငိုေနေသာ သူမလည္ပင္းေလးကို သူဖြဖြနမ္းသည္။
"မင္းကိုခ်စ္တယ္ ခေရဝိုင္"
ပခံုးေလးႏွစ္ဖက္ကိုကိုင္ထားရင္း သူမမ်က္ႏွာေလးငံု႔ၾကၫ့္ကာ နဖူးေလးကိုငံု႔နမ္းမိသည္။
သူမ မရုန္းဘဲၿငိမ္ေန၍ စိတ္ထဲေပ်ာ္သြားမိသလို ေနာက္ရက္ေတြအတြက္ ရင္ဆိုင္ရဖို႔သတၲိေတြရိွသြားသလို ခံစားရသည္။
သူမကို မျမင္ရမေတြ့ရသၫ့္ရက္ေတြမွာ 'ေခေလးေနေကာင္းတယ္ ထမင္းလည္းစားတယ္'ဆိုသၫ့္ ေမေမ့စကားနဲ႔ပဲေက်နပ္ေနခဲ့ရသည္။
အခု သူမကို မ်က္စိေရ႔ွမွာျမင္ေတြ့ေနရသၫ့္အျပင္ ကိုယ့္ကိုသနားေနသၫ့္ မ်က္ဝန္းေလးေတျြဖင့္။
သူဟာ ဘယ္ေလာက္ပဲမာေက်ာခဲ့သူျဖစ္ေနပါေစ၊ သူမဆီက သနားေသာထိုအၾကၫ့္ေလးေတြ ရခ်င္ေနခဲ့မိသည္။
ထိုသနားစိတ္ေလးေတြကို အေျခခံၿပီးေတာ့ပဲျဖစ္ျဖစ္ သူ႔အေပၚႏူးညံ့လာဖို႔ကိုလည္း တိတ္တခိုးေမ်ွာ္လင့္မိသည္။
"မင္းကို ဒီမွာအၾကာႀကီးမေနေစခ်င္ဘူး ကိုယ္ခံစားရတာေတြ မျမင္ေစခ်င္ဘူး"
"ဘာလို႔ႏွင္ေနတာလဲ"
"ႏွင္ရမယ္ မင္းစိတ္မေကာင္းျဖစ္လို႔ ငိုတယ္ဆိုရင္ေတာင္ ကိုယ္ခံစားရတယ္ အရင္ကတည္းက မင္းငိုတိုင္း ကိုယ္အၿမဲေရွာင္ထြက္ခဲ့တာပဲ အခု ကိုယ့္စကားကိုနားေထာင္ေပးပါ ကိုယ္ျပန္လာခဲ့မယ္ ေနာ္"
ကေလးေခ်ာ့သလို ေခ်ာ့ေနသၫ့္သူ႔ကို ေခ ေခါင္းညိတ္ျပလိုက္သည္။
သူ မသိေအာင္ေနလို႔ရတာပဲဟု ေတြးၿပီး ၿပီးစလြယ္ေခါင္းညိတ္လိုက္ေပမယ့္ သူကေတာ့ယံုၾကည္သြားသလိုေခါင္းညိတ္သည္။
"ကိုယ္ အခန္းကိုျပန္ေတာ့မယ္ ေနေကာင္းေအာင္ေနေနာ္"
"ရွင္ ဘယ္အခ်ိန္ျပန္လာမွာလဲဟင္"
ေခ သူ႔အက်ႌအဖ်ားကိုဆဲြထားရင္း အသည္းအသန္ေမးလိုက္ေတာ့ သူက ျပန္လွၫ့္ၾကၫ့္ကာ ေခ့ဆံပင္ေတြကိုဆဲြဖြသည္။
"အျမန္ဆံုးျပန္လာခဲ့မယ္ ကိုယ္ကတိေပးတယ္"
သူ အခန္းထဲကထြက္သြားၿပီး ေခ့ကိုလွၫ့္မၾကၫ့္ခဲ့။
ေခသည္လည္း သူ႔ကိုရပ္ၾကၫ့္ရံုသာၾကၫ့္ေနခဲ့ၿပီး ေနာက္ကမလိုက္သြားမိ။
ေသခ်ာတာတစ္ခုက ေခတို႔ႏွစ္ေယာက္လံုး အရင္လိုမဟုတ္ေတာ့တာျဖစ္သည္။
▪▪▪⏳⏳⏳▪▪▪
Part 30 ဆက္ရန္
Advertisement
- In Serial6 Chapters
Dark Wizard's Case. LitRPG series
Alexander Dumsky, or Alex Doom, was a dark wizard. At the age of seventeen, he was convicted of a litany of crimes so long that even the seasoned investigators, judges, and prosecutors involved in the case could only shudder.Not a single attorney could be found to defend him in court.But four years later, Alex was released from prison to become the Professor of Dark Magic. They'd thrown him into the deepest hole they could find, one built for the sole purpose of holding wizards, and then they let him back out again...Why him? Why then?Oh, you're not surprised to hear talk of wizardry? Well, then you probably know that the Magic Lens, which was invented in 2032, let humans see and use magic again.Or do you know? Glad to introduce you one more of my top series "Dark Wizard's case". The book is just started translating from Russian into English. Active publishing of the chapters will begin in March. Now you can add the book to your marks to get the new chapters on time.
8 153 - In Serial17 Chapters
Cowboy, Reborn.
Tom Gibsion was on the run in the cowboy era (1870s) he ended up becoming a criminal to survive. After being caught he was sentenced to be hanged. Waking up upon a hard concrete floor he becomes slightly confused not knowing that hes now in the future 2020.
8 171 - In Serial90 Chapters
Babel - The Path to Ascension: The Golden Children
For as long as there has been time, there has been the tower, Babel. Standing tall, across a million universes, lay a holy land for those afraid of death. Within the tower there are those who hold the secret to attaining immortality. Nine clans, each governing an aspect of reality.When one of those clans is utterly wiped out by an unknown assailant it sends tremors that will change the very life and destinies of trillions of people within the tower. Now, seven years later, a boy called Laurence is drawn into the path into the tower and begins a journey that will reshape him from the innocent, inquisitive child he began as. The story is published every Monday and Friday on http://babelthepath.blogspot.com so if you enjoy the series, come and have a look at it there. Royal Road is always going to be ten chapters behind, until I complete the series at least.If you wish to support Babel, you can go over to my Patreon page at http://bit.ly/stormeater
8 242 - In Serial29 Chapters
Another life another chance
A genius being is born again after being killed in an explosion. Feeling that this new life couldn't be any worser than the life before she accepts being reincarnated. But can she really lead a better life ? I will upload 1 ch/week as minimum I will hope for productive comments so that we can have a fun time making this story as good as possible. If interested in being my editor (since english is my second language I do need one) please write me or post it in the comments Love you all Cat
8 74 - In Serial63 Chapters
Lolly
[participant in the Royal Road Writathon challenge] Lolly lives in time. It is where she has always lived...for now. Now is a peculiar state of existence because one now leads to another now. Lolly is not quite sure where the next now will take her, but it will take her somewhere.Now, Lolly lives in Texas. It is where she has always lived. It is 1975. She has her own quiet dreams and her own personal challenges, like we all do.
8 209 - In Serial34 Chapters
Homecoming Hero [Post/Reverse Isekai]
A Reverse/Post-Isekai story. When he was only fourteen, Morgan Moon was thought to have died in an infamous plane crash. Instead, he arrived in the world of Validar where he discovered that he was the Chosen One prophesied to rid Validar's Nine Realms of its maniacal tyrants. After a decade-long adventure across this new world, Morgan fulfilled his destiny at the cost of his life. This, however, only concluded the hero's saga in Validar itself. Rather than making a final departure to the afterlife, he's found himself back on Earth after ten years. To his shock, he hasn't made the journey alone. Quite a few and far from the friendliest of Morgan's 'old associates' from Validar had made their way to Earth ahead of him, and they all have been eagerly awaiting the Chosen One's return for one reason or another. The hero's homecoming will not quite be the wholesome event he was hoping for.
8 211

