《အချစ်ဝိုင် ( Complete )》Part 26
Advertisement
အချစ်ဝိုင် ( part -26 )
▪▪▪▪▪▪▪▪▪▪
ဒီရက်ပိုင်းထဲ ခေနဲ့သူ့ကြားမှာ နားလည်မှုလေးရှိလာပြီမို့ အရင်ကလောက်အေးစက်မှုတွေ မရှိတော့ဘဲ တစ်ခါတစ်ခါ သူ့အကြည့်တွေက နွေးထွေးနေသလိုခံစားမိသည်။
အရင်လိုသာစကားပြောဖြစ်ပေမယ့် သူဟာ မူရင်းပုံစံ ကွယ်ပျောက်နေသည့်လူတစ်ယောက်ဟုသာ မြင်မိပြီး အခုမှသူ့ပုံစံအစစ်ဟုလည်း ထင်မိသည်။
"မမခေ ပြန်ရောက်ပြီလား"
အိမ်ထဲမဝင်ရသေးခင် မမခေဟု ခေါ်လာသောကောင်လေးတစ်ယောက်ကြောင့် ခေ့ခြေလှမ်းတွေရပ်သွားပြီး မြက်ခင်းပေါ်ထိုင်နေသည့် ထိုကောင်လေးကိုလှည့်ကြည့်မိသည်။
ထိုကောင်လေးက ခေ့ကိုပြုံးပြနေသည်မှာလည်း မိတ်ဟောင်းဆွေဟောင်းတွေလိုမို့ သိခဲ့ဖူးသည့်လူလားဟု ဇဝေဇဝါဖြစ်သွားမိသည်အထိ။
"နင်က ဘယ်သူလဲ"
ခေ မေးလိုက်တော့ ထိုကောင်လေးက မတ်တပ်ထရပ်လိုက်ပြီး လက်နှစ်ဖက်ကိုနောက်ပစ်လိုက်ကာ•••••
"ကျွန်တော်က ကိုမင်းစေရာရဲ့ညီပါ"
"ဘယ်လို.. ဘယ်လို.. သူက တစ်ဦးတည်းသောသားပါ နင်ဘာတွေ.."
ခေ နားမလည်ဖြစ်သွားတာမို့ ထပ်မေးလိုက်တော့ နည်းနည်းရှက်သလိုမျက်နှာလေး ဖြစ်သွားသည်မို့ ခေ အားနာကာ စကားရပ်သွားသည်။
ကြည့်ရတာ သူ့အဖေရဲ့လက်ချက်ပဲနေမှာ...
"မင်း ဘာလုပ်နေတာလဲ မင်းထက်"
သူ့အသံကျယ်ကြီးကြောင့် ကောင်လေးက အိမ်တံခါးဆီလှမ်းကြည့်သည်။
သူက ခါးထောက်ပြီး တင်းမာသောမျက်နှာဖြင့် ခေ့ကိုရော ကောင်လေးကိုပါ ကြည့်နေခဲ့ကာ ထိုကောင်လေးကိုတော့ ဝါးစားပစ်တော့မတတ်။
"မမခေ ပြန်လာလို့နှုတ်ဆက်တာပါ အစ်ကိုလေး"
"မလိုဘူး ကိုယ့်အလုပ်ကိုလုပ် ဒီနေ့ အဲ့ဒီကျောက်တွေအကြောင်း သေသေချာချာရှင်းမပြနိုင်ရင် တစ်ညလုံးစာရင်းလုပ်ရမယ်"
"ဟုတ်ကဲ့"
ကောင်လေးက ခေါင်းလေးညိတ်ကာ ချက်ချင်းပြန်လှည့်သွားပြီး ဒါန်းလေးပေါ်ထားခဲ့သည့် ကွန်ပျူတာတစ်လုံးနှင့် အလုပ်ပြန်ရှုပ်သွားသည်။
ဒီကောင်လေးရဲ့ပုံစံက သူ့အဖေထက် သူနဲ့ပိုတူနေတာမို့ ခေ သူ့ကိုကြည့်လိုက်၊ ကောင်လေးကိုကြည့်လိုက်...
ထိုကောင်လေးကိုလည်း အားနာနေမိ၍ သူ့အနားကိုအပြေးကပ်လာသည်က စပ်စုချင်စိတ်ကြောင့်ဖြစ်၏။
"မင်းမေးမှာကို ငါသိတယ် ခရေဝိုင် မင်းထင်တာဟုတ်တယ် မမေးနဲ့တော့"
ပြောပြီး သူ အိမ်ထဲပြန်ဝင်သွား၍ ခေ ကျောပိုးအိတ်တောင်မချနိုင်သေးဘဲ သူ့နောက်ကို ဆက်လိုက်လာသည့်အခါ သူက ပြန်လှည့်ကြည့်သည်။
"မင်း.. ဘာလဲ"
"သူ့ကို ရှင့်အဖေကမသိဘူးလား ခုလိုခေါ်ထားတာရော မသိဘူးလား"
"သူ့ကိုတော့သိတယ် ဒီမှာရောက်နေမှန်းမသိဘူး"
"မေမေကရော"
"မေမေကတော့ ဘာမှမသိသေးဘူး အခုလည်းမေမေရိပ်သာကို ခဏသွားနေလို့ဒီကိုခေါ်လာတာ ခဏနေပြန်ခိုင်းမှာ"
မိသားစုကိုရော၊ လုပ်ငန်းကိစ္စတွေကိုရော ထင်သလိုခြယ်လှယ်နိုင်သည့် သူ့သြဇာအာဏာကလည်းမသေးပါလား။
စောစောကကောင်လေးသည်လည်း သူ့ကိုကြောက်ပုံရပြီး မခဆိုလည်း သူ့ကိုဆို တစ်ခွန်းမှပြန်မပြောရဲ။
ဒါဆို ခေ့ကိုတော့ ဘာလို့စိတ်ထင်တိုင်း ပြောခွင့်ပေးထားတာလဲ...
"ရှင့်ကိုမကြောက်တာ ခေ တစ်ယောက်ပဲရှိဦးမယ်ထင်တယ်"
"မှားတယ် တစ်ယောက်မှမရှိဘူး မင်းလည်းငါ့ကိုကြောက်တယ်"
"ဘာလို့ကြောက်ရမှာလဲ"
"Aww aww အဲ့ဒါဆို ကြောက်ရတဲ့အချိန်မရှိဘူးပေါ့"
ပြုံးစိစိဖြစ်သွားသည့်သူ့မျက်နှာကြောင့် ခေ့မျက်နှာလေးရဲခနဲဖြစ်ကာ နှုတ်ခမ်းကိုကိုက်ပစ်ရင်း သူ့ရှေ့ကလှည့်ထွက်လာခဲ့သည်။
ဒီတစ်ခါတော့ သူက ခေ့နောက်က လိုက်လာပြီး ရယ်သံတိုးတိုးဖြင့် ခေ ရှက်သွားတာကိုပဲ မထိတထိလိုက်စ၏။
"ဆိတ်ဆိတ်နေခြင်းသည် ဝန်ခံခြင်းတဲ့နော် မင်းကြောက်တယ်လို့ ဝန်ခံလိုက်တာမလား"
"ရှင်က ယုတ်မာလိုက်ရတာကို ဂုဏ်ယူနေတာလား"
"ယူသင့်ရင်ယူရမှာပဲလေ ဒါမျိုးက လူတိုင်းလုပ်နိုင်လို့လား"
တဟွန်းဟွန်းရယ်ရင်း သဘောကျနေသော သူ့ပုံစံကြောင့် ခေ ဘာမှထပ်မပြောချင်တော့ဘဲ နားနှစ်ဖက်ကို လက်ကလေးတွေနှင့်အုပ်ကာ ပိတ်ထားမိသည်။
သူက ပိုပြီးသဘောကျသွားသလို ခေ့လက်နှစ်ဖက်ကိုဆွဲဖယ်ဖို့ကြိုးစားတော့ ခေနားနှစ်ဖက်ကိုပိုပြီးအုပ်ထားလိုက်သည်။
"အကျင့်မကောင်းတဲ့လူ ယုတ်မာတဲ့လူ"
ထိုအချိန်လေးမှာ ခေ သူ့ကိုအနိုင်ပိုင်းချင်၍ ပြောချင်ရာပြောကာ ကိုယ်ပြောသမျှသူကြားရပြီး သူပြောသမျှပြန်မကြားရအောင် နားကိုပိတ်ထားမိသည်။
ကလေးဆန်သည်ပဲပြောပြော၊ ဘာပဲပြောပြော၊ ခေ သူ့ကိုအနိုင်ပိုင်းဖို့က အဓိက...
ကလေးလိုလုပ်ပြီး နားပိတ်ထားသော ခေ့ကိုကြည့်ရင်း အသည်းယားပြီး ရယ်နေမိစဥ်မှာ မင်းထက်ကိုလှမ်းတွေ့လိုက်၍ မျက်နှာပိုးသတ်လိုက်သည်။
အငယ်တွေရှေ့မှာတော့ သူမနဲ့ရှိနေသလိုနေလို့မရ။
"ရပြီလား"
"ရပြီ အစ်ကိုလေး ကျွန်တော်စာကြည့်ခန်းကစောင့်လိုက်မယ်"
"နေ.. နေ.. ငါလာမယ်"
ခေက သူစကားပြောနေမှန်းသိသည်နှင့် အခန်းထဲဝင်ပြေးကာ lockပါချသွားတာမို့ နှုတ်ခမ်းတွန့်ရုံပြုံးလိုက်ပြီး အောက်ကိုပြန်ဆင်းလာခဲ့သည်။
သူ့ဘက်က ဒီ့ထက်မက နွေးထွေးအလိုလိုက်ပေးဖို့သာရှိတော့၏။
အခုတောင်မှ သူမနဲ့ ရယ်ရယ်မောမော နေခွင့်ရနေပြီမလား...
▪▪▪⏳⏳⏳▪▪▪
"မခ ဘယ်လိုဖြစ်နေလဲ"
မခအကြောင်းစကားစတော့ ပီယကဘာမှဖြစ်မသွားဘဲ ခေါင်းခါပြပြီး ခေ့ကိုဝိုင်ကလပ်လေး လှမ်းပေးသည်။
ဟိုတစ်ရက်က ဆိုင်မှာပြဿနာဖြစ်ပြီးကတည်းက မခမျက်နှာလေးမကြည်လင်တော့တာမို့ ခေစိတ်မကောင်းလည်းဖြစ်မိသည်။
"နည်းနည်းတော့စိတ်ထိခိုက်သွားတယ် ပြီးတော့ဟိုလူ့ကိုသနားနေတော့တာပဲ တကယ်တော့လည်း ကိုမင်းစေရာလုပ်တာမှန်ပါတယ် သူကအကြီးဆိုတဲ့ ပါဝါသုံးပြီး မခမသိအောင်ထိန်းချုပ်ထားတာ မသိခင်တုန်းကတော့ အတော်အမြင်ကတ်တယ် သိတော့ကျလည်း သူ့အတွက်စိတ်မကောင်းဘူး"
"၁၃နှစ်သားကတည်းက သိတာတဲ့ ၁၀နှစ်တောင်ကျော်ခဲ့ပြီ သူကတော့ သွေးအေးနေပြီ မခမှာသာ.."
ခေ့စကားကြောင့် ပီယက စိတ်မကောင်းသလိုဖြစ်သွားပြီးမှ အသံထွက်အောင်ရယ်သည်။
"ငါတို့ယောက္ခထီးကလည်းစွံလိုက်တာကွာ ကိုမင်းစေရာ ဆိုးတယ်ဆိုတာ သူ့ကိုမမှီသေးဘူးပဲ အဲ့ဒါတစ်ခုတော့ နင့်ယောကျာ်းကမိုက်တယ်နော် အရင်ကသာရှုပ်တာ နင်နဲ့လက်ထပ်ပြီးကတည်းက ခြေငြိမ်သွားပြီ"
ပီယကိုမျက်စောင်းထိုးကြည့်လိုက်ပြီး ဝိုင်ကိုနည်းနည်းသောက်လိုက်၍ ရင်ထဲရှိန်းခနဲဖြစ်သွားသည်။
ခေက ဝိုင်သောက်ရတာကိုကြိုက်ပြီး ဒက်ဒီ့ခြံကထွက်သော မက်မန်းဝိုင်နှင့်စပျစ်ဝိုင်တွေကို ရေခဲသေတ္တာထဲထည့်ပြီး အမြဲလိုလိုသောက်ဖြစ်သည်။
ခေ့အကျင့်က ပီယကိုပါကူးနေပြီမို့ ပီယတို့အိမ်မှာလည်း ဝိုင်ပုလင်းတွေအပြည့်။
"ဝိုင်သောက်ရတာပဲကောင်းပါတယ် အဲ့ဒီလူကယုံချင်စရာရောရှိလို့လား ဟိုပယင်းဆိုတဲ့မိန်းမ အိမ်ကိုလိုက်လာတာတောင်မှလေ"
"ကိုမင်းစေရာဘက်က ပြတ်ပါပြီဆိုနေမှ နင်ကိုကမယုံနေတာ ယောကျာ်းချင်း ငါနားလည်ပါတယ်ဟ"
ခေ ခေါင်းလေးခါပစ်ပြီး ကလပ်ထဲကလက်ကျန်ဝိုင်တွေကို အကုန်မော့သောက်လိုက်သည်။
ခေ သူ့ကိုယုံချင်ပါသည်။
သို့သော် ခေ့ကိုနာနာကျင်ကျင်ကြည့်သွားခဲ့သော ထွဋ်အကြည့်တွေကြောင့် ဝဋ်လည်မှာကိုလည်း ကြောက်နေခဲ့သည်။
Advertisement
ပြီးတော့ မင်းစေရာ...
သူ့ပုံစံက ခေ့အပေါ်ကို အမြဲရက်စက် အနိုင်ပိုင်းချင်နေပုံမဟုတ်ဘူးလား။
ခေ့အပေါ် သူစိတ်ပြောင်းသွားသည်ဆိုရင်ရော ထိုစိတ်ဟာ ဘယ်၍ဘယ်မျှအထိ တည်တံ့နိုင်မှာမို့လဲ...
▪▪▪⏳⏳⏳▪▪▪
ဘယ်နှနာရီထိုးပြီလဲမသိဘဲ ဂစ်တာသံတစ်ခုကြောင့် ခေနိုးလာပြီး ငုတ်တုပ်ထထိုင်လိုက်မိသည်။
ဝရံတာဘက်ဆီက လာသည့်အသံမို့ သူပြန်လာအိပ်တာလားဟု တွေးမိပြီး အိပ်ယာပေါ်ကဆင်းလိုက်သည်။
ဝရံတာမီးမှိတ်ထားပေမယ့် နံရံကိုမှီထိုင်ရင်း လမ်းဘက်ကိုမျက်နှာမူကာ စီးကရက်သောက်နေသည့်သူ့ကို တွေ့လိုက်၏။
"ရှင် မအိပ်သေးဘူးလား"
"အင်း အိပ်မပျော်လို့ မင်းက တရေးနိုးတာလား"
ခေ ခေါင်းလေးညိတ်ပြလိုက်ပြီး သူနဲ့မနီးမဝေးမှာထိုင်ကာ သူ့ကိုသေချာကြည့်မိသည်။
ပီယပြောသလို သူက ခေ့ကိုချစ်တဲ့ပုံလည်းမရှိပါဘဲနဲ့။
"ဘယ်လိုလဲ ချောတယ်မလား"
ခေ့ကိုမကြည့်ဘဲ ပြုံးလျက်ပြောလာတော့ ခေ ရှက်သွားမိပြီး ဘေးမှာချထားသောဂစ်တာကြီးကို ငုံ့ကြည့်လိုက်သည်။
ဂစ်တာကိုယူပြီး ကြိုးလေးတွေကိုထိကိုင်ကြည့်ရင်း သူ့ကိုပြန်ကြည့်တော့ သူက စီးကရက်ကိုသာသောက်နေရင်း လမ်းဘက်ကိုပဲကြည့်နေခဲ့သည်။
"တစ်ပုဒ်လောက်တီးပြပါလား"
သူက ခေ့လက်ထဲက ဂစ်တာကိုလှမ်းယူပြီး စီးကရက်ကို ပြာခွက်ထဲထိုးချေပစ်လိုက်သည်။
ခေလည်း သူ့လိုထိုင်ချင်သည်နှင့် သူ့အနားကိုသွားထိုင်ကာ နံရံကိုမှီချလိုက်သည်။
Against all oddsဆိုသည့် westlifeရဲ့သီချင်းလေးကို introစ ဝင်တော့ ခေလည်းကြိုက်တာမို့ နားထောင်နေလိုက်သည်။
How can I just let you walk away
(ကိုယ်ဘယ်လို မင်းကိုထွက်သွားခွင့်ပြုနိုင်မှာလဲ)
Just let you leave without a trace
(ခြေရာတောင်မချန်ဘဲနဲ့လေ)
When I stand here taking every breath with you
(မင်းနဲ့အတူတူရပ်တည်ခဲ့တဲ့ အသက်ရှူသံတိုင်းဟာ)
You're the only one who really knew me at all
(ကိုယ့်ကိုနားလည်နိုင်တဲ့ တစ်ဦးတည်းသောသူဟာ မင်းပါပဲ)
ဒီစာသားလေးအရောက်မှာတော့ သူ ခေ့ကိုငဲ့ကြည့်ပြီးပြုံးသွားချိန် သူ့ပါးချိုင့်လေးကိုငေးရင်း ခေ့ရင်ထဲဒိန်းခနဲဖြစ်သွားသည်။
ခေ ရင်ခုန်သွားတာလား...
ပြီးတော့ ခေဟာ သူ့ကိုနားလည်ပေးနိုင်တဲ့ တစ်ဦးတည်းသောလူလား...
How can you just walk away from me
(ဘယ်လိုများ မင်းငါ့ဆီထွက်သွားနိုင်တာလဲ)
When all I can do is watch you leave?
(မင်းထွက်သွားတာကို ကြည့်နေရုံကလွဲပြီး ဘာမှမတတ်နိုင်ခဲ့ဘူး)
Cause we've shared the laughter and the pain
(တကယ်ဆို ရယ်မောမှု၊ နာကျင်မှုတွေကို မျှဝေခဲ့ကြတာပဲလေ)
And even share the tears
(မျက်ရည်တွေရောပဲလေ)
You're the only one who really knew me at all
(ကိုယ့်ကိုနားလည်နိုင်တဲ့ တစ်ဦးတည်းသောသူဟာ မင်းပါပဲ)
So take a look at me now
(တစ်ချက်လေးစောင်းငဲ့ကြည့်ပါဦး)
Cause there's just an empty space
(ငါ့ရင်မှာ ဟင်းလင်းပြင်တစ်ခုလိုဖြစ်နေပြီ)
And there's nothing left here to remind me
(ငါ့ကိုသတိရစေမယ့် ဘယ်အရာမှမကျန်ခဲ့ဘူးလေ)
Just the memory of your face
(မင်းမျက်နှာလေးက လွဲလို့ပေါ့)
So take a look at me now
(တစ်ချက်လေးစောင်းငဲ့ကြည့်ပါဦး)
Cause there's just an empty space
(ငါ့ရင်မှာ ဟင်းလင်းပြင်တစ်ခုလိုဖြစ်နေပြီ)
And you coming back to me is against all odds
(ငါ့ဆီကို မင်းပြန်လာဖို့က မဖြစ်နိုင်တော့ဘူးပေါ့)
And that's what I've got to face
(ဒါဟာ ငါ့ရင်ဆိုင်ရမယ့်အရာတစ်ခုပါပဲ)
သူ့သီချင်းမဆုံးသေးခင်မှာ ခေ ဆက်ပြီးနားမထောင်ချင်တော့သည်မို့ ထသွားဖို့ပြင်တော့ သူက ဂစ်တာကိုဆက်မတီးတော့ဘဲ ခေ့လက်တစ်ဖက်ကိုလှမ်းဆွဲသည်။
စောစောက မသိသလိုလုပ်နေသည့်ရင်ခုန်သံတွေ အစကပြန်စလာတော့ သူက ခေ့တစ်ကိုယ်လုံးသူ့ရင်ခွင်ထဲရောက်သည်အထိဆွဲယူသည်။
"ခေ အိပ်တော့မလို့"
သူ့ရင်ခွင်ထဲမှာ မော့မော့လေးဖြစ်နေ၍ သူ့မျက်နှာကို ခေအနီးကပ်မြင်နေရကာ ရင်ခုန်ခြင်းက အတိုင်းအဆမရှိဖြစ်လာသည်။
သူ ဘာမှထပ်မပြောတော့ဘဲ ခေ့နှုတ်ခမ်းလေးကို နမ်းလာတော့ ပြန်မရုန်းဖြစ်ဘဲ ငြိမ်နေမိသည်။
အရင်ကဆို ခေ့ကိုနမ်းတိုင်း ညှာတာမှုမရှိသည့်သူက အခုတော့ သူမဟုတ်သလိုနူးညံ့နေကာ ခေ့ကိုဖက်ထားသည့်လက်တွေက ပိုပြီးတင်းကျပ်လာခဲ့သည်။
"ကိုယ် မင်းကိုချစ်တယ်"
နားနားလေးကို တိုးတိုးလေးကပ်ပြောသည့်သူ့စကားကြောင့် ခေ့တစ်ကိုယ်လုံးအေးခဲသွားပြီး သူ့မျက်နှာကိုပြန်ကြည့်မိသည်။
ဒီစကားကို သူ့ဆီကကြားရတာ ခဏခဏဖြစ်ပေမယ့် ခေ မယုံခဲ့သလို ယုံလည်းမယုံချင်။
မိန်းမဆိုတာကို ဇိမ်ခံပစ္စည်းလိုအသုံးပြုတတ်ပြီး ပွေလွန်းရှုပ်လွန်းသော သူ့လိုလူမှာ အချစ်ဆိုတာ တကယ်ရှိနိုင်သလား...
ဒါမှမဟုတ် ဒါသည်ခေ့ကိုဒုက္ခပေးဖို့အတွက် နောက်ထပ်နည်းလမ်းတစ်ခုလား...
Advertisement
သူ့နှုတ်ခမ်းတွေက ခေ့မျက်နှာတစ်ခုလုံး နေရာလပ်မကျန်အောင်ထိတွေ့ကာ နှုတ်ခမ်းလေးကို ထပ်နမ်းဖို့ပြင်တော့ ခေမျက်နှာလွှဲပစ်သည်။
"ဟင့်အင်း"
"ခေ ကိုယ် မင်းနဲ့ရန်မဖြစ်ချင်တော့ဘူး မင်းကိုယ့်ကိုတကယ်နားလည်တယ်ဆိုရင် ကိုယ်လိုချင်တာက မိန်းမတစ်ယောက်မဟုတ်ဘူးဆိုတာသိမှာပါ အချစ်ကိုလိုချင်တာ အဲ့ဒီအချစ်ဆိုတာကိုလည်း မင်းဆီကပဲလိုချင်တာ"
"ဟင့်အင်း မချစ်ချင်ဘူး ရှင်ကလူရှုပ်လူပွေကြီးဥစ္စာ ရှင့်မှာအဲ့လိုစိတ်မရှိနိုင်ဘူး ဖယ်ပေး"
"မပွေတော့ဘူး ကိုယ်ကတိပေးတယ် မင်းနဲ့ပဲရှေ့ဆက်ချင်လို့ ပြေလည်ချင်တယ် ကိုယ့်ကိုအဲ့ဒီအခွင့်အရေးတော့ပေးပါ"
ခေ ခေါင်းလေးခါရင်း သူ့ရင်ဘတ်ကိုတွန်းပစ်တော့ စိတ်တိုသွားပြီး သူမကိုပိုပြီးနီးကပ်နေအောင်ဆွဲယူလိုက်သည်။
သူဒီလောက်အလျှော့ပေး၊ တောင်းဆိုနေတာကို ခေ ဘာတွေမယုံနိုင်ဖြစ်နေတာလဲ...
"ခေ ရှင့်ကိုမချစ်ချင်ဘူး ရှင်ဘယ်အချိန်ဖောက်ပြန်မလဲဆိုတဲ့ အတွေးတွေနဲ့ မနေနိုင်ဘူး ခေ ရှင့်ကိုမယုံဘူး"
"အခု ဘယ်သူနဲ့ဖောက်ပြန်နေလို့လဲ"
"မသိဘူး ရှင့်ကိုဘယ်သူနဲ့တွဲပြီးတွေ့တွေ့ ခေနေနိုင်နေတာက ရှင့်ကိုမချစ်လို့ပဲ အဲ့လိုပဲနောက်ထပ်လည်းမချစ်နိုင်ဘူး ရှင့်အတွက်မိန်းမတွေအများကြီးပါ ခေ မပါ ပါရစေနဲ့"
သူ့ကိုချစ်ရမှာကို ခေ ကြောက်နေခဲ့တာလား။
ရည်းစားများတိုင်း အချစ်မများဘူးဆိုတာကိုရော ခေ မသိဘူးလား။
ငြင်းဆန်နေပေမယ့် ခေ့ကို သူအလျှော့မပေးချင်ပါ။
ခရေဝိုင်ဟာ ကိုယ့်အတွက်မရှိမဖြစ်ဆိုတာ သေချာနေခဲ့ပြီမို့ သူမအတွက်ဆို အလျှော့ပေးရပါစေ၊ အောက်ကျို့တောင်းပန်ရပါစေ၊ သူ့အတွက် ကိစ္စမရှိသလို အရင်လိုမာနလည်းမကြီးနိုင်တော့...
"အဲ့လိုကိစ္စတွေမရှိတော့ဘူးဆိုရင်ရော"
"ဟင့်အင်း ရှင် ခေ့ကိုကွာပေးမယ်ဆိုလို့ စောင့်ပေးနေတာ အဲ့ဒီစကားကိုတောင်မတည်နိုင်တာ ကျန်တာဘာမှမယုံနိုင်ဘူး"
သူ့ရင်ထဲ အောင့်မျက် နာကျင်သွားခဲ့သည်။
ဝမ်းနည်းကြေကွဲစိတ်ဖြင့် ခေ့ကိုပြန်လွှတ်ပေးလိုက်တော့ ခေ သူ့အနားက ထပြေးသွား၏။
ကိုယ်ကတော့ သူမနဲ့အတူရှေ့ဆက်ဖို့၊ ဒဏ်ရာတွေနဲ့တည်ဆောက်မိတဲ့အိမ်ထောင်ရေးကို ပျော်စရာဖြစ်အောင်ဖန်တီးဖို့၊ သူ့ဘက်က သူမကိုအလိုလိုက်ဖြည့်ဆည်းပေးဖို့ စိတ်ကူးနေချိန်မှာ ခေ လိုချင်နေခဲ့တာက ဒါတစ်ခုပဲလား။
သူတို့နှစ်ယောက်ဟာ ဘယ်လိုမှ ငြှိယူလို့မရတော့ဘူးလား•••••
▪▪▪⏳⏳⏳▪▪▪
Part 27 ဆက်ရန်
စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997
~~~~~~~~~~~~~~~~~~~~~~~~
အခ်စ္ဝိုင္ ( part -26 )
▪▪▪▪▪▪▪▪▪▪
ဒီရက္ပိုင္းထဲ ေခနဲ႔သူ႔ၾကားမွာ နားလည္မႈေလးရိွလာၿပီမို႔ အရင္ကေလာက္ေအးစက္မႈေတြ မရိွေတာ့ဘဲ တစ္ခါတစ္ခါ သူ႔အၾကၫ့္ေတြက ေနြးေထြးေနသလိုခံစားမိသည္။
အရင္လိုသာစကားေျပာျဖစ္ေပမယ့္ သူဟာ မူရင္းပံုစံ ကြယ္ေပ်ာက္ေနသၫ့္လူတစ္ေယာက္ဟုသာ ျမင္မိၿပီး အခုမွသူ႔ပံုစံအစစ္ဟုလည္း ထင္မိသည္။
"မမေခ ျပန္ေရာက္ၿပီလား"
အိမ္ထဲမဝင္ရေသးခင္ မမေခဟု ေခၚလာေသာေကာင္ေလးတစ္ေယာက္ေၾကာင့္ ေခ့ေျခလွမ္းေတြရပ္သြားၿပီး ျမက္ခင္းေပၚထိုင္ေနသၫ့္ ထိုေကာင္ေလးကိုလွၫ့္ၾကၫ့္မိသည္။
ထိုေကာင္ေလးက ေခ့ကိုႃပံုးျပေနသည္မွာလည္း မိတ္ေဟာင္းေဆြေဟာင္းေတြလိုမို႔ သိခဲ့ဖူးသၫ့္လူလားဟု ဇေဝဇဝါျဖစ္သြားမိသည္အထိ။
"နင္က ဘယ္သူလဲ"
ေခ ေမးလိုက္ေတာ့ ထိုေကာင္ေလးက မတ္တပ္ထရပ္လိုက္ၿပီး လက္ႏွစ္ဖက္ကိုေနာက္ပစ္လိုက္ကာ•••••
"ကၽြန္ေတာ္က ကိုမင္းေစရာရဲ့ညီပါ"
"ဘယ္လို.. ဘယ္လို.. သူက တစ္ဦးတည္းေသာသားပါ နင္ဘာေတြ.."
ေခ နားမလည္ျဖစ္သြားတာမို႔ ထပ္ေမးလိုက္ေတာ့ နည္းနည္းရွက္သလိုမ်က္ႏွာေလး ျဖစ္သြားသည္မို႔ ေခ အားနာကာ စကားရပ္သြားသည္။
ၾကၫ့္ရတာ သူ႔အေဖရဲ့လက္ခ်က္ပဲေနမွာ...
"မင္း ဘာလုပ္ေနတာလဲ မင္းထက္"
သူ႔အသံက်ယ္ႀကီးေၾကာင့္ ေကာင္ေလးက အိမ္တံခါးဆီလွမ္းၾကၫ့္သည္။
သူက ခါးေထာက္ၿပီး တင္းမာေသာမ်က္ႏွာျဖင့္ ေခ့ကိုေရာ ေကာင္ေလးကိုပါ ၾကၫ့္ေနခဲ့ကာ ထိုေကာင္ေလးကိုေတာ့ ဝါးစားပစ္ေတာ့မတတ္။
"မမေခ ျပန္လာလို႔ႏႈတ္ဆက္တာပါ အစ္ကိုေလး"
"မလိုဘူး ကိုယ့္အလုပ္ကိုလုပ္ ဒီေန့ အဲ့ဒီေက်ာက္ေတြအေၾကာင္း ေသေသခ်ာခ်ာရွင္းမျပႏိုင္ရင္ တစ္ညလံုးစာရင္းလုပ္ရမယ္"
"ဟုတ္ကဲ့"
ေကာင္ေလးက ေခါင္းေလးညိတ္ကာ ခ်က္ခ်င္းျပန္လွၫ့္သြားၿပီး ဒါန္းေလးေပၚထားခဲ့သၫ့္ ကြန္ပ်ူတာတစ္လံုးႏွင့္ အလုပ္ျပန္ရႈပ္သြားသည္။
ဒီေကာင္ေလးရဲ့ပံုစံက သူ႔အေဖထက္ သူနဲ႔ပိုတူေနတာမို႔ ေခ သူ႔ကိုၾကၫ့္လိုက္၊ ေကာင္ေလးကိုၾကၫ့္လိုက္...
ထိုေကာင္ေလးကိုလည္း အားနာေနမိ၍ သူ႔အနားကိုအေျပးကပ္လာသည္က စပ္စုခ်င္စိတ္ေၾကာင့္ျဖစ္၏။
"မင္းေမးမွာကို ငါသိတယ္ ခေရဝိုင္ မင္းထင္တာဟုတ္တယ္ မေမးနဲ႔ေတာ့"
ေျပာၿပီး သူ အိမ္ထဲျပန္ဝင္သြား၍ ေခ ေက်ာပိုးအိတ္ေတာင္မခ်ႏိုင္ေသးဘဲ သူ႔ေနာက္ကို ဆက္လိုက္လာသၫ့္အခါ သူက ျပန္လွၫ့္ၾကည့္သည္။
"မင္း.. ဘာလဲ"
"သူ႔ကို ရွင့္အေဖကမသိဘူးလား ခုလိုေခၚထားတာေရာ မသိဘူးလား"
"သူ႔ကိုေတာ့သိတယ္ ဒီမွာေရာက္ေနမွန္းမသိဘူး"
"ေမေမကေရာ"
"ေမေမကေတာ့ ဘာမွမသိေသးဘူး အခုလည္းေမေမရိပ္သာကို ခဏသြားေနလို႔ဒီကိုေခၚလာတာ ခဏေနျပန္ခိုင္းမွာ"
မိသားစုကိုေရာ၊ လုပ္ငန္းကိစၥေတြကိုေရာ ထင္သလိုျခယ္လွယ္ႏိုင္သၫ့္ သူ႔ၾသဇာအာဏာကလည္းမေသးပါလား။
ေစာေစာကေကာင္ေလးသည္လည္း သူ႔ကိုေၾကာက္ပံုရၿပီး မခဆိုလည္း သူ႔ကိုဆို တစ္ခြန္းမျွပန္မေျပာရဲ။
ဒါဆို ေခ့ကိုေတာ့ ဘာလို႔စိတ္ထင္တိုင္း ေျပာခြင့္ေပးထားတာလဲ...
"ရွင့္ကိုမေၾကာက္တာ ေခ တစ္ေယာက္ပဲရိွဦးမယ္ထင္တယ္"
"မွားတယ္ တစ္ေယာက္မွမရိွဘူး မင္းလည္းငါ့ကိုေၾကာက္တယ္"
"ဘာလို႔ေၾကာက္ရမွာလဲ"
"Aww aww အဲ့ဒါဆို ေၾကာက္ရတဲ့အခ်ိန္မရိွဘူးေပါ့"
ႃပံုးစိစိျဖစ္သြားသၫ့္သူ႔မ်က္ႏွာေၾကာင့္ ေခ့မ်က္ႏွာေလးရဲခနဲျဖစ္ကာ ႏႈတ္ခမ္းကိုကိုက္ပစ္ရင္း သူ႔ေရ႔ွကလွည့္ထြက္လာခဲ့သည္။
ဒီတစ္ခါေတာ့ သူက ေခ့ေနာက္က လိုက္လာၿပီး ရယ္သံတိုးတိုးျဖင့္ ေခ ရွက္သြားတာကိုပဲ မထိတထိလိုက္စ၏။
"ဆိတ္ဆိတ္ေနျခင္းသည္ ဝန္ခံျခင္းတဲ့ေနာ္ မင္းေၾကာက္တယ္လို႔ ဝန္ခံလိုက္တာမလား"
"ရွင္က ယုတ္မာလိုက္ရတာကို ဂုဏ္ယူေနတာလား"
"ယူသင့္ရင္ယူရမွာပဲေလ ဒါမ်ိဳးက လူတိုင္းလုပ္ႏိုင္လို႔လား"
တဟြန္းဟြန္းရယ္ရင္း သေဘာက်ေနေသာ သူ႔ပံုစံေၾကာင့္ ေခ ဘာမွထပ္မေျပာခ်င္ေတာ့ဘဲ နားႏွစ္ဖက္ကို လက္ကေလးေတြႏွင့္အုပ္ကာ ပိတ္ထားမိသည္။
သူက ပိုၿပီးသေဘာက်သြားသလို ေခ့လက္ႏွစ္ဖက္ကိုဆဲြဖယ္ဖို႔ႀကိဳးစားေတာ့ ေခနားႏွစ္ဖက္ကိုပိုၿပီးအုပ္ထားလိုက္သည္။
"အက်င့္မေကာင္းတဲ့လူ ယုတ္မာတဲ့လူ"
ထိုအခ်ိန္ေလးမွာ ေခ သူ႔ကိုအႏိုင္ပိုင္းခ်င္၍ ေျပာခ်င္ရာေျပာကာ ကိုယ္ေျပာသမ်ွသူၾကားရၿပီး သူေျပာသမ်ျွပန္မၾကားရေအာင္ နားကိုပိတ္ထားမိသည္။
ကေလးဆန္သည္ပဲေျပာေျပာ၊ ဘာပဲေျပာေျပာ၊ ေခ သူ႔ကိုအႏိုင္ပိုင္းဖို႔က အဓိက...
ကေလးလိုလုပ္ၿပီး နားပိတ္ထားေသာ ေခ့ကိုၾကၫ့္ရင္း အသည္းယားၿပီး ရယ္ေနမိစဥ္မွာ မင္းထက္ကိုလွမ္းေတြ့လိုက္၍ မ်က္ႏွာပိုးသတ္လိုက္သည္။
အငယ္ေတြေရ႔ွမွာေတာ့ သူမနဲ႔ရိွေနသလိုေနလို႔မရ။
"ရၿပီလား"
"ရၿပီ အစ္ကိုေလး ကၽြန္ေတာ္စာၾကၫ့္ခန္းကေစာင့္လိုက္မယ္"
"ေန.. ေန.. ငါလာမယ္"
ေခက သူစကားေျပာေနမွန္းသိသည္ႏွင့္ အခန္းထဲဝင္ေျပးကာ lockပါခ်သြားတာမို႔ ႏႈတ္ခမ္းတြန႔္ရံုႃပံုးလိုက္ၿပီး ေအာက္ကိုျပန္ဆင္းလာခဲ့သည္။
သူ႔ဘက္က ဒီ့ထက္မက ေနြးေထြးအလိုလိုက္ေပးဖို႔သာရိွေတာ့၏။
အခုေတာင္မွ သူမနဲ႔ ရယ္ရယ္ေမာေမာ ေနခြင့္ရေနၿပီမလား...
▪▪▪⏳⏳⏳▪▪▪
"မခ ဘယ္လိုျဖစ္ေနလဲ"
မခအေၾကာင္းစကားစေတာ့ ပီယကဘာမျွဖစ္မသြားဘဲ ေခါင္းခါျပၿပီး ေခ့ကိုဝိုင္ကလပ္ေလး လွမ္းေပးသည္။
ဟိုတစ္ရက္က ဆိုင္မွာျပႆနာျဖစ္ၿပီးကတည္းက မခမ်က္ႏွာေလးမၾကည္လင္ေတာ့တာမို႔ ေခစိတ္မေကာင္းလည္းျဖစ္မိသည္။
"နည္းနည္းေတာ့စိတ္ထိခိုက္သြားတယ္ ၿပီးေတာ့ဟိုလူ႔ကိုသနားေနေတာ့တာပဲ တကယ္ေတာ့လည္း ကိုမင္းေစရာလုပ္တာမွန္ပါတယ္ သူကအႀကီးဆိုတဲ့ ပါဝါသံုးၿပီး မခမသိေအာင္ထိန္းခ်ဳပ္ထားတာ မသိခင္တုန္းကေတာ့ အေတာ္အျမင္ကတ္တယ္ သိေတာ့က်လည္း သူ႔အတြက္စိတ္မေကာင္းဘူး"
"၁၃ႏွစ္သားကတည္းက သိတာတဲ့ ၁၀ႏွစ္ေတာင္ေက်ာ္ခဲ့ၿပီ သူကေတာ့ ေသြးေအးေနၿပီ မခမွာသာ.."
ေခ့စကားေၾကာင့္ ပီယက စိတ္မေကာင္းသလိုျဖစ္သြားၿပီးမွ အသံထြက္ေအာင္ရယ္သည္။
"ငါတို႔ေယာကၡထီးကလည္းစြံလိုက္တာကြာ ကိုမင္းေစရာ ဆိုးတယ္ဆိုတာ သူ႔ကိုမမွီေသးဘူးပဲ အဲ့ဒါတစ္ခုေတာ့ နင့္ေယာက်ာ္းကမိုက္တယ္ေနာ္ အရင္ကသာရႈပ္တာ နင္နဲ႔လက္ထပ္ၿပီးကတည္းက ေျခၿငိမ္သြားၿပီ"
ပီယကိုမ်က္ေစာင္းထိုးၾကၫ့္လိုက္ၿပီး ဝိုင္ကိုနည္းနည္းေသာက္လိုက္၍ ရင္ထဲရိွန္းခနဲျဖစ္သြားသည္။
ေခက ဝိုင္ေသာက္ရတာကိုႀကိဳက္ၿပီး ဒက္ဒီ့ၿခံကထြက္ေသာ မက္မန္းဝိုင္ႏွင့္စပ်စ္ဝိုင္ေတြကို ေရခဲေသတၲာထဲထၫ့္ၿပီး အၿမဲလိုလိုေသာက္ျဖစ္သည္။
ေခ့အက်င့္က ပီယကိုပါကူးေနၿပီမို႔ ပီယတို႔အိမ္မွာလည္း ဝိုင္ပုလင္းေတြအျပၫ့္။
"ဝိုင္ေသာက္ရတာပဲေကာင္းပါတယ္ အဲ့ဒီလူကယံုခ်င္စရာေရာရိွလို႔လား ဟိုပယင္းဆိုတဲ့မိန္းမ အိမ္ကိုလိုက္လာတာေတာင္မွေလ"
"ကိုမင္းေစရာဘက္က ျပတ္ပါၿပီဆိုေနမွ နင္ကိုကမယံုေနတာ ေယာက်ာ္းခ်င္း ငါနားလည္ပါတယ္ဟ"
ေခ ေခါင္းေလးခါပစ္ၿပီး ကလပ္ထဲကလက္က်န္ဝိုင္ေတြကို အကုန္ေမာ့ေသာက္လိုက္သည္။
ေခ သူ႔ကိုယံုခ်င္ပါသည္။
သို႔ေသာ္ ေခ့ကိုနာနာက်င္က်င္ၾကၫ့္သြားခဲ့ေသာ ထြဋ္အၾကၫ့္ေတြေၾကာင့္ ဝဋ္လည္မွာကိုလည္း ေၾကာက္ေနခဲ့သည္။
ၿပီးေတာ့ မင္းေစရာ...
သူ႔ပံုစံက ေခ့အေပၚကို အၿမဲရက္စက္ အႏိုင္ပိုင္းခ်င္ေနပံုမဟုတ္ဘူးလား။
ေခ့အေပၚ သူစိတ္ေျပာင္းသြားသည္ဆိုရင္ေရာ ထိုစိတ္ဟာ ဘယ္၍ဘယ္မ်ွအထိ တည္တံ့ႏိုင္မွာမို႔လဲ...
▪▪▪⏳⏳⏳▪▪▪
ဘယ္ႏွနာရီထိုးၿပီလဲမသိဘဲ ဂစ္တာသံတစ္ခုေၾကာင့္ ေခႏိုးလာၿပီး ငုတ္တုပ္ထထိုင္လိုက္မိသည္။
ဝရံတာဘက္ဆီက လာသၫ့္အသံမို႔ သူျပန္လာအိပ္တာလားဟု ေတြးမိၿပီး အိပ္ယာေပၚကဆင္းလိုက္သည္။
ဝရံတာမီးမိွတ္ထားေပမယ့္ နံရံကိုမွီထိုင္ရင္း လမ္းဘက္ကိုမ်က္ႏွာမူကာ စီးကရက္ေသာက္ေနသၫ့္သူ႔ကို ေတြ့လိုက္၏။
"ရွင္ မအိပ္ေသးဘူးလား"
"အင္း အိပ္မေပ်ာ္လို႔ မင္းက တေရးႏိုးတာလား"
ေခ ေခါင္းေလးညိတ္ျပလိုက္ၿပီး သူနဲ႔မနီးမေဝးမွာထိုင္ကာ သူ႔ကိုေသခ်ာၾကၫ့္မိသည္။
ပီယေျပာသလို သူက ေခ့ကိုခ်စ္တဲ့ပံုလည္းမရိွပါဘဲနဲ႔။
"ဘယ္လိုလဲ ေခ်ာတယ္မလား"
ေခ့ကိုမၾကၫ့္ဘဲ ႃပံုးလ်က္ေျပာလာေတာ့ ေခ ရွက္သြားမိၿပီး ေဘးမွာခ်ထားေသာဂစ္တာႀကီးကို ငံု႔ၾကၫ့္လိုက္သည္။
ဂစ္တာကိုယူၿပီး ႀကိဳးေလးေတြကိုထိကိုင္ၾကၫ့္ရင္း သူ႔ကိုျပန္ၾကၫ့္ေတာ့ သူက စီးကရက္ကိုသာေသာက္ေနရင္း လမ္းဘက္ကိုပဲၾကၫ့္ေနခဲ့သည္။
"တစ္ပုဒ္ေလာက္တီးျပပါလား"
သူက ေခ့လက္ထဲက ဂစ္တာကိုလွမ္းယူၿပီး စီးကရက္ကို ျပာခြက္ထဲထိုးေခ်ပစ္လိုက္သည္။
ေခလည္း သူ႔လိုထိုင္ခ်င္သည္ႏွင့္ သူ႔အနားကိုသြားထိုင္ကာ နံရံကိုမွီခ်လိုက္သည္။
Against all oddsဆိုသၫ့္ westlifeရဲ့သီခ်င္းေလးကို introစ ဝင္ေတာ့ ေခလည္းႀကိဳက္တာမို႔ နားေထာင္ေနလိုက္သည္။
How can I just let you walk away
(ကိုယ္ဘယ္လို မင္းကိုထြက္သြားခြင့္ျပဳႏိုင္မွာလဲ)
Just let you leave without a trace
(ေျခရာေတာင္မခ်န္ဘဲနဲ႔ေလ)
When I stand here taking every breath with you
(မင္းနဲ႔အတူတူရပ္တည္ခဲ့တဲ့ အသက္ရႉသံတိုင္းဟာ)
You're the only one who really knew me at all
(ကိုယ့္ကိုနားလည္ႏိုင္တဲ့ တစ္ဦးတည္းေသာသူဟာ မင္းပါပဲ)
ဒီစာသားေလးအေရာက္မွာေတာ့ သူ ေခ့ကိုငဲ့ၾကၫ့္ၿပီးႃပံုးသြားခ်ိန္ သူ႔ပါးခ်ိဳင့္ေလးကိုေငးရင္း ေခ့ရင္ထဲဒိန္းခနဲျဖစ္သြားသည္။
ေခ ရင္ခုန္သြားတာလား...
ၿပီးေတာ့ ေခဟာ သူ႔ကိုနားလည္ေပးႏိုင္တဲ့ တစ္ဦးတည္းေသာလူလား...
Advertisement
- In Serial287 Chapters
Owlnother World
In a hospital bed somewhere on Earth, I breathed my last breath. Or at least I thought I did. Then suddenly, I was flying through a void of nothing. As I landed in a new world, my life as an owl had started. Follow this girl on her journey in a new world, with a new life as she explores cultures, peoples, magic and herself. What mysteries does the world hold? Where does the magic come from? And what does she want to do with her new lease on life? This is my first story and I want to use it to explore writing people, character development, environments, relationships and all the other things a good story should have. I would be happy if you give it a chance and for me, feedback as well as criticism.
8 505 - In Serial94 Chapters
This is the Wrong World! (Beta Version)
It's not her fault she was born with a face that screams arrogance and villainy! Maybe, she should have controlled her temper and not called the Goddess a slut. But after being cursed, ten years later, Izo finally defeats the Demon King and is sent home. Except there is one small problem, it's the wrong world!
8 380 - In Serial7 Chapters
How I Became A God
In the beginning, there was an all-powerful being with no name, no body, and no origin. It had no idea where it came from, but it was very lonely…. For those wondering if there is any cultivation concepts or harems, the answer is yes, but that will be introduced later on in the book.
8 220 - In Serial8 Chapters
Kichiro's Rampage
Meet Kichiro, the son of a samurai. A social outcast, he leaves his home with nothing but a musket and a sword, determined to carve himself a niche in a chaotic world of dragons and leviathans. This fiction incorporates LitRPG elements, but it's not set in a VR. It's set in a fantastical world based loosely on East Asia in the 16th and 17th Century, when the Ming Dynasty was on its last legs, with the addition of magic and monsters. I totally stole the stat tables from Exterminatus, the author of Everybody Loves Large Chests, so let me credit him for that. I'm new to writing so please don't hesitate to criticise, and reviews would be greatly appreciated.
8 176 - In Serial8 Chapters
5 times Natasha helped the Avengers, 1 time they helped her
Everyone gets low at some point, Natasha helps each of the Avengers when they need her most but what will happen when she eventually needs them. 5 + 1 story.
8 85 - In Serial10 Chapters
THIRTEEN (Evie's Perspective)
This is the 2003 movie, Thirteen, told from the perspective of Evie Zamora. We got Tracy's point of view, but what about Evie? Why did she do the things she did?I've seen a few different interpretations of Evie's perspective and I decided to give it a go. This is how I think Evie thought and the reasons behind why she did the things she did. This is NOT canon, just a fanfiction, and I am not affiliated with Thirteen or Catherine Hardwick in any way.
8 211

