《အချစ်ဝိုင် ( Complete )》Part 24
Advertisement
အချစ်ဝိုင် ( Part - 24 )
▪▪▪▪▪▪▪▪▪▪
ခေသည် ပီယတို့နှစ်ယောက်နှင့်အတူ တပျော်တပါးကျောင်းပြန်တက်ခွင့်ရနေပေမယ့် အရင်ကလိုမပျော်နိုင်။
ခေကပဲပြောင်းလဲသွားသလား၊ လူတွေကပဲပြောင်းလဲနေသလားမသိဘဲ အားလုံးရဲ့အကြည့်တိုင်းလိုလိုက ခေ့ဆီမှာဖြစ်သည်။
"ငါ ဘာဖြစ်နေလို့လဲဟင် အရမ်းကြည့်နေကြသလိုပဲ"
မိတ်ကပ်ဘူးကို ဖွင့်ကြည့်မိတော့လည်း ခေက ဘာမှပြောင်းမသွားဟု ထင်မိသည်။
မခက ခေ့ကိုကြည့်ရင်း ရယ်နေကာ ပခုံးချင်းတိုက်ပြီး•••••
"နင် အရမ်းချစ်စရာကောင်းလာတယ်လေ"
"ဘယ်လိုလုပ်ချစ်စရာကောင်းလာမှာလဲ ငါဒီလောက်စိတ်ညစ်နေရတဲ့အထဲ"
ပြောလိုက်ပြီးမှ မျက်နှာပျက်သွားသော မခကိုရော၊ မျက်နှာတင်းသွားသော ပီယကိုပါ ခေ မျက်လုံးလေးပြူးပြီးကြည့်မိသည်။
မခက ခေ့ကိစ္စမှာ တရားခံဟု သူမဘာသာသတ်မှတ်ထားပြီး ခေတစ်ခုခုဖြစ်နေတိုင်း မျက်နှာပျက်ကာ ပြာပြာသလဲဖြစ်နေကျ။
"ဘာစိတ်ညစ်စရာတွေရှိနေလို့လဲ"
"ဘာမှမဟုတ်ပါဘူး"
ပီယက စိတ်တိုလာသလို ခေ့ပခုံးကိုဆွဲခါပစ်ရင်း•••••
"ပြော"
"နင်ကလည်း ကြား၃ကြားမဝင်ကောင်းဘူးတဲ့ မကြားဖူးဘူးလား နင်သိလို့လည်း ဘာမှအရေးပါမသွားဘူး အေးဆေးနေစမ်းပါ"
"ငါသိရင် နင့်ကိစ္စကို နင့်သဘောကျဖြေရှင်းလို့ရတယ်လေ"
"မဖြေရှင်းချင်ပါဘူး ရှုပ်နေရတာကိုပိုသဘောကျတယ်"
"ကို ဟိုဘက်ခဏသွားနေပါလား"
မခစကားကြောင့် ပီယရဲ့ဒေါသတွေ ခဏတော့ငြိမ်သွားပြီး အတန်ကြာမှခေါင်းညိတ်ကာ ခပ်လှမ်းလှမ်းကိုထွက်သွားသည်။
"လူတွေ ဘာဖြစ်လို့နင့်ကိုကြည့်နေတာလဲ ခေ"
"မသိဘူးလေ"
"နင့်ပုံစံက ဝမ်းနည်းနေတာကိုး ကိုမင်းနဲ့စိတ်ညစ်စရာတွေရှိလာရင် ငါ့ကိုပြောပြပါလား ငါကသူ့ညီမလည်းဖြစ်သလို နင့်ရဲ့အချစ်ဆုံးသူငယ်ချင်းလည်းဖြစ်တယ်လေ အဲ့ဒီအခွင့်အရေးလေး ငါ့ကို မပေးချင်ဘူးလား"
ရုတ်တရက်တော့ ဘာပြန်ပြောရမလဲ ခေစဥ်းစားမရ။
ဝမ်းနည်းနေတာကို ခေ သိပေမယ့် ဘာကိုဝမ်းနည်းနေတာလဲ၊ ဘာကြောင့်ဝမ်းနည်းနေလဲ ကိုယ်တိုင်လည်းသေချာမသိ။
အရင်ကလိုနေခွင့်မရလို့လား၊ သူ့ရဲ့ပြင်းထန်သည့်စကားတွေကြောင့်လား၊ ဒါမှမဟုတ် ခေ့ကိုသူရှောင်နေလို့လား။
မေးခွန်းတွေသာရှိခဲ့ပြီး အဖြေဆိုတာ ခေ့မှာမရှိ...
"ငါ့ကိုယ်ငါလည်း သေချာမသိဘူး သိတာက ငါအရမ်းစိတ်ရှုပ်နေတယ် မပျော်ဘူး"
မခက ခေ့လက်ကလေးကိုဖွဖွလေးဆုပ်ကိုင်ကာ ခေ့ပခုံးပေါ်မှီချလိုက်ပြီး သက်ပြင်းချသည်။
ထိုအချိန် ကော်ရစ်ဒါမှာရပ်နေသော လူတစ်ယောက်ကို ခေတွေ့လိုက်ပြီး စိတ်ညစ်သွားမိ၏။
"ကိုယ် မင်းနဲ့စကားပြောချင်တယ် ဝိုင်"
ခေ ခေါင်းခါလိုက်ပြီး အတန်းထဲဝင်လာတော့ ထွဋ်က လက်မလျှော့ဘဲနောက်ကလိုက်လာပြီး ခေထိုင်နေသည့်နေရာနဲ့မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်သည်။
"မင်း ဘာလို့ရှောင်နေတာလဲ"
ထွဋ်ကဒေါသဖြစ်နေသလို မာဆတ်ဆတ်ဖြင့်မေးသည့်အသံက နည်းနည်းကျယ်တာမို့ တစ်ခန်းလုံးငြိမ်သွားသည်။
ခေ နှုတ်ခမ်းလေးကိုက်ပစ်လိုက်ရင်း ထွဋ်ကိုကြည့်ကာ•••••
"ငါမရိုင်းချင်ဘူးနော် ထွဋ် နင်ပြန်တော့"
"မပြန်ဘူး ဘာအတွက်ကြောင့်ဆိုတာ သိရမှဖြစ်မှာ မင်းသူ့ကိုသိပ်မုန်းခဲ့တာမလား အခုမင်းဘာလို့"
"ပြန်တော့လို့ပြောနေတယ်"
ခေ အော်ပစ်လိုက်သည့်အခါ ထွဋ်ကနာကျင်သွားသလို မျက်နှာပျက်သွားပြီး ခေ့ကိုစူးစိုက်ကြည့်သည်။
ဒါဟာနောက်ထပ် ယောကျာ်းတစ်ယောက်ဆီက ရန်ငြှိုးဖွဲ့ခံရခြင်းမျိုးလား...
"ကျေးဇူးပြုပြီး ပြန်ပါတော့"
ခေ မျက်ရည်တွေဝဲလာတော့ ထွဋ်က ဆတ်ခနဲထပြီးအတန်းအပြင်အထိပြေးထွက်သွား၏။
အတန်းထဲမှာတီးတိုးသံတွေပြန်ထွက်လာကာ အားလုံးရဲ့အကြည့်တွေက ခေ့ဆီမှာ။
ခေ ကျောပိုးအိတ်ကိုယူပြီး အတန်းအပြင်ပြန်ထွက်လာတော့ တံခါးဝမှာရပ်နေသည့် ပီယနှင့်တည့်တည့်တိုးသည်။
ပီယက ခေ့ပခုံးနှစ်ဖက်ကိုကိုင်ပြီး ခေ့မျက်နှာကိုငုံ့ကြည့်သည်။
"ဒီနေ့အတန်းလစ်ရအောင် KTVသွားမယ် ခေ နင့်ဘေးမှာငါရှိတယ် မခလည်းရှိတယ် လိမ့်စို့..."
▪▪▪⏳⏳⏳▪▪▪
"မောင် အဲ့လိုမရဘူးနော် ပယင်းစောင့်နေတာကြာလှပြီ"
ပီယက ကားကိုအိမ်ရှေ့မှာပဲရပ်ပေး၍ ခေ ဆင်းဖို့ပြင်တော့ ပယင်းဆိုသည့်အမျိုးသမီးကို ပြိုင်ကားအနီလေးနှင့်အတူ တွေ့လိုက်ရသည်။
ထိုမိန်းမက ပြိုင်ကားပေါ်မှာထိုင်ပြီး စကားပြောနေ၍ ခေတို့အကုန်ကြားနေရသလို ပီယတို့နှစ်ယောက်ကလည်း ခေ့ကိုလှမ်းကြည့်သည်။
မခက ထိုအမျိုးသမီးကိုသိနေဟန်ဖြင့် မျက်နှာတစ်မျိုးဖြစ်သွားပြီး ခေ့ကိုကြည့်ကာ တစ်ခုခုပြောဖို့ပြင်နေ၍ ခေ ခေါင်းခါပြလိုက်သည်။
"အခု မောင့်အိမ်ရှေ့မှာ မောင်ပြန်လာခဲ့ ပယင်းစောင့်နေမယ်"
ခေ ကျောပိုးအိတ်ကိုယူလိုက်ပြီး ကားတံခါးကိုဖွင့်လိုက်တော့ ထိုမိန်းမက ခေ့ကိုတွေ့သွားဟန်ဖြင့် မျက်မှန်ကိုချွတ်လိုက်သည်။
"နင်တို့ပြန်တော့"
"မေမေနဲ့စကားပြောဦးမယ် ကို အိမ်ထဲသွားနှင့်နော် မခ ခေနဲ့ပဲလာခဲ့မယ်"
မခက ပီယကိုဝင်မပါစေချင်၍ ပထုတ်လိုက်မှန်းသိသည့် ပီယကလည်း ဘာမှမပြောဘဲ ဖွင့်ပေးထားသည့်ခြံတံခါးအတိုင်း အထဲကိုမောင်းဝင်သွားသည်။
"လာ.. ယောင်းမ ငါတို့သွားရအောင်"
မခက ဘာမှသတိမထားမိသလို ခေ့လက်ကိုဆွဲရင်း ခြံထဲဝင်ဖို့ပြင်တော့ လမ်းထောင့်ကနေကွေ့ဝင်လာသည့် မင်းစေရာရဲ့ကားကိုတွေ့လိုက်သည်။
ခေရော မခပါ ရပ်သွားရင်း သူတို့ချင်းစကားပြောတာတွေမသိချင်တာမို့ ခြေလှမ်းကိုပြန်ပြင်တော့ မခက ပြန်ဆွဲထားသည်။
"ကိုမင်း ပြန်လာတာလား"
"အင်း"
ခေ သူ့ကိုမကြည့်ဘဲ မခဆွဲထားသည့်လက်တွေကိုပဲ ပြန်ရုန်းရင်း ခြံထဲဝင်ဖို့ပဲပြင်သည်။
သူက ခေ့ရှေ့ရောက်လာကာ မခလက်တွေကိုဖယ်ချလိုက်ပြီး ခေ့လက်တစ်ဖက်ကိုဆွဲယူသည်။
"လိုက်ခဲ့"
"ဟင့်အင်း ဖယ်"
သူ ဘာမှထပ်မပြောဘဲ ခေ့လက်ကိုဆွဲပြီး ထိုအမျိုးသမီးရှေ့ရောက်လာသည်။
ထိုမိန်းမရဲ့အကြည့်စူးစူးတွေ ခေ့ဆီရောက်လာတော့ သူက ခေ့ကိုပြန်ငုံ့ကြည့်ပြီး••••
"ပယင်း သူက ကိုယ့်ဇနီး ခရေဝိုင်တဲ့"
"ပယင်းသိပါတယ် ငယ်ငယ်လေးပဲရှိသေးတာနော်"
"သိပ်မကွာပါဘူး ၂နှစ်လောက်ပဲငယ်တာပါ မင်းဘာကိစ္စရှိသေးလဲ ကိုယ်နားတော့မလို့"
"ပယင်း မောင်နဲ့စကားပြောချင်လို့လာတာ ဒီအထိတောင်တကူးတကလာရပြီး မောင့်ကောင်မလေးနဲ့ပဲမိတ်ဆက်ပေးတာလား စကားမပြောရတော့ဘူးလား"
"မပြောတော့ဘူး နားတဲ့အချိန်တော့ သူနဲ့အတူရှိနေချင်လို့ ပြီးတော့ကောင်မလေးလို့လည်းမပြောနဲ့ သူကငါတရားဝင် လက်ထပ်ယူထားတဲ့မိန်းမ မင်းပြန်လိုက်တော့မလား"
"OK နောက်ရက်ပေါ့"
ပယင်းဆိုသည့်အမျိုးသမီးထွက်သွားတော့မှ သူ့လက်ထဲက ခေပြန်ရုန်းပစ်လိုက်ပြီး ခြံထဲဝင်လာခဲ့သည်။
သူ့ဘက်က ခုချိန်ထိရှုပ်နေဆဲဖြစ်ကာ သူ့အရှုပ်ထုတ်က အိမ်ကိုလာစောင့်နေတတ်သည်မို့ ဒေါသလည်းဖြစ်သလို ရှက်ခြင်းလည်းဖြစ်မိသည်။
သူက လူရှုပ်ပဲလေ။
ဆက်ရှုပ်မယ်လို့လည်း ပြောခဲ့ပါလျက် ခေ ဘာတွေမျှော်လင့်ပြီး ဒေါသဖြစ်နေမိတာလဲ...
"ခေမ လာ ငါနင့်ကိုပြောစရာရှိတယ်"
Advertisement
ခြံဝမှာ သူတို့မောင်နှမကျန်နေခဲ့၍ ခေနှင့်ပီယသာ အိမ်ရှေ့မှာရှိပြီး နှစ်ယောက်သား ကားအနားမှာရပ်လိုက်၏။
"ဟိုမိန်းမက အတင်းကြီးပါဟာ မင်းစေရာဘက်က ပြတ်တယ် သူတို့ချင်းလည်းပြတ်ပြီးသားထင်တယ်"
"နင် ဘာလို့အဲဲ့ဒါတွေပြောနေတာလဲ"
"နင့်စိတ်ကို ရှင်းစေချင်လို့ပါ အရှုပ်ထုတ်တွေ အိမ်ကိုပါလာတယ်ဆိုပြီး နင်စိတ်ဆိုးနေတယ်မလား ငါလည်း မင်းစေရာကိုကြည့်မရဘူးဆိုပေမယ့် နင် အထင်လွဲနေမှာ၊ စိတ်ဆိုးနေမှာကိုလည်း ထိုင်မကြည့်နိုင်ဘူး ဟိုကောင့်ကို ကာကွယ်နေတာလည်းမဟုတ်ဘူး အမှန်ကိုပြောပြနေတာ"
"မသိဘူး သိပ်ဇာတ်ရှုပ်တဲ့လူ သူ့ရည်းစားတွေ နောက်ထပ်လာဦးမလားမသိဘူး"
"လာလည်း နင့်ကိုထိခိုက်အောင်မလုပ်ရဲပါဘူးဟာ စိတ်မပူနဲ့"
ခေ နှာခေါင်းလေးရှုံ့ပစ်ရင်း ပီယနဲ့အတူ အိမ်ထဲဝင်လာခဲ့သည်။
ခဏနေတော့ မခ အိမ်ထဲရောက်လာကာ ခေ့ကိုရှောင်နေသည့်သူက အပြင်ပြန်ထွက်သွားသည်ဆို၏။
ကြည့်ရတာ ဟိုမိန်းမနဲ့စကားသွားပြောတယ်ထင်ပါရဲ့...
ခေ့စိတ်ထဲ ဘာကိုဝမ်းနည်းသွားလဲမသိ•••
▪▪▪⏳⏳⏳▪▪▪
သူ အခန်းထဲပြန်မလာသည်မှာ တစ်ပတ်နီးပါးလောက်ရှိပြီဖြစ်ကာ ညဘက်ဆိုလည်း လာမအိပ်တာမို့ ခေ တစ်ယောက်တည်းနေရသည်ကများသည်။
ဘယ်မှာသွားအိပ်သည်လည်းမသိဘဲ အခန်းထဲကို ခေမရှိမှသာဝင်တတ်သည်ဟု ကြီးမေကပြောသည်။
တကယ်ဆို သူကပဲ ခေ့ကိုအနိုင်ပိုင်းသွားသည်ပဲ...
"ကြီးမေ သူပြန်ရောက်နေပြီလား"
သူက ခေခေါ်သလို ကြီးမေဟုသာခေါ်တတ်ပြီး ခပ်တိုးတိုးမေးသည့်အသံကြောင့် သူ့အသံမှန်းသိကာ ငြိမ်ပြီးနားထောင်နေလိုက်သည်။
ကြီးမေက ခေ့အတွက် မက်မန်းသီးတွေကို စပ်စပ်လေးသုပ်ပေးနေတာကြောင့် အတူစားဖို့ ခေ ဆင်းလာခြင်းဖြစ်သည်။
"စောစောကပြန်ရောက်တာ သား သိပ်နေမကောင်းဘူးထင်တယ် ရောက်ကတည်းက အခန်းထဲတန်းဝင်သွားတာပဲ"
"ဖျားတာလား"
"ဖျားတော့မဖျားဘူး မက်မန်းသီးလေး သုပ်ပေးနေတာ ချွေးလေးထွက်ရင် နေကောင်းသွားမလားလို့လေ"
"တအားစပ်နေဦးမယ် ကြီးမေလည်းအများကြီးမစားနဲ့ နှစ်ယောက်လုံးဗိုက်တွေနာနေမယ်"
"သား အပြင်သွားဦးမှာလား"
"ဟုတ်တယ် ပြန်သွားရမှာ ကျွန်တော်မိုးကုတ်ကိုလည်း ခဏသွားစရာရှိသေးတယ်"
"သမီးလေးကိုလည်းပြောသွားဦးလေ နှစ်ယောက်သားမျက်နှာချင်းဆိုင်တယ်လို့ကိုမရှိဘူး"
"နေပါစေတော့ မိုးကုတ်သွားဖြစ်မှပဲ ပြောလိုက်တော့မယ် တော်ကြာ ကျွန်တော့်ကိုတွေ့လို့ ဘာမှမစားဘဲ အခန်းထဲပြန်ဝင်သွားဦးမယ်"
ပြောပြီး သူက အပြင်ပြန်ထွက်ဖို့ ဒီဘက်ကိုပြန်လျှောက်လာတော့ ရပ်နားထောင်နေသည့်ခေနှင့် တန်းတွေ့၏။
သူခိုးလူမိသလိုဖြစ်သွားသည့်မျက်နှာဖြင့် ကြီးမေကိုတစ်ချက်လှည့်ကြည့်ကာ သူတို့စကားပြောခဲ့သမျှ ခေ မကြားလောက်ဟု ထင်သွားပုံဖြင့် ခေ့ကိုပြန်ကြည့်သည်။
"အပြင်သွားမလို့"
ခေ ခေါင်းညိတ်ပြသည့်အခါ သူက ခေ့ကိုသေချာမကြည့်တော့ဘဲ အိမ်အရှေ့တံခါးဆီကိုထွက်သွား၏။
ခေ မက်မန်းသီးသုပ်စားကြည့်နေသည့် ကြီးမေအနားမှာ ဝင်ထိုင်လိုက်သည်။
"သူ ကြီးမေကို အဲ့လိုတွေမေးနေကျလား"
ကြီးမေက သူထွက်သွားရာဆီကို တစ်ချက်လှမ်းကြည့်ပြီး ခေါင်းညိတ်ပြသည်။
"ဟုတ်တယ်လေ သမီးစိတ်ဆိုးလိမ့်မယ် ပြန်မပြောနဲ့ဆိုလို့"
"သူနဲ့ဘာဆိုင်လို့ အဲ့လိုတွေလိုက်မေးနေတာလဲ ကြီးမေကလည်း ဘာလို့ပြောနေတာလဲ"
"သမီးနေကောင်းလား အဆင်ပြေလားသိချင်လို့မေးတာပဲကွယ် ကြီးမေကမဖြေလို့ဘယ်ကောင်းမှာလဲ ပြီးတော့ သူက သမီးရဲ့ခင်ပွန်းပဲလေ ဂရုစိုက်လို့မေးတာပေါ့ စိတ်ထဲမရှိရင် ဘယ်မေးလိမ့်မလဲ"
"ခေ့ကို ရှောင်နေတာ တစ်ပတ်လောက်ရှိပြီ သူ့ဘာသာမေးလို့ရရဲ့သားနဲ့ မမေးတာ"
ခေ မကျေမနပ်ဖြစ်သွားမိတာကြောင့် ပွစိပွစိထိုင်ပြောနေသည်ကို ကြီးမေကရယ်ရင်း မက်မန်းသီးသုပ်ကိုပန်းကန်ထဲထည့်ပေးသည်။
ဒေါ်ကြီးသီနဲ့ မေမေကအပြင်ထွက်သွားတာမို့ ခေတို့ ထင်ရာစိုင်းနေခြင်းဖြစ်ကာ မေမေကခုလိုအပူအစပ်တွေစားတာမျိုးဆို မကြိုက်။
"ဗိုက်နာမယ် သမီးရဲ့ နည်းနည်းပဲစား"
ဟု တားတတ်တာကြောင့် မေမေ မရှိမှ ခိုးစားရသည်။
ကြီးမေကတော့ ခေ့ကိုအမြဲအလိုလိုက်ပြီး ခေတစ်ခုခုဖြစ်ခဲ့ရင်လည်း ပြူးပြူးပြာပြာ။
"ကြီးမေ မာမီသာရှိခဲ့ရင်လေ ခေ ဘယ်လိုပုံစံဖြစ်သွားမလဲ"
ထင်မှတ်မထားသည့်မေးခွန်းကြောင့် ကြီးမေ မျက်နှာတစ်မျိုးဖြစ်သွားပြီး ဘယ်လိုဖြေရမလဲဟု စဥ်းစားနေပုံရသည်။
ပြီးမှ ရေနွေးတစ်ခွက် ချပေးရင်း•••••
"ခေ ခုလိုအလိုလိုက်ခံရမှာ မဟုတ်တာတော့အသေအချာပဲ ဆရာကြီးက မိတဆိုးသမီးလေးဆိုပြီး အလိုလိုက်ထားတာကိုး သမီးမာမီသာရှိခဲ့ရင် သမီးလေးက မိန်းကလေးစစ်စစ်တစ်ယောက်လို ကြီးပြင်းလာမှာ"
"အခု ခေက ဘာဖြစ်နေလို့လဲ"
"ခပ်ဆိုးဆိုး ခပ်ကဲကဲ ကလေးမလေးပေါ့ အကြောက်အလန့်ကမရှိဘူး ပီယနဲ့ပေါင်းသင်းနေတာများ ယောကျာ်းလေးလိုပဲ"
ကြီးမေစကားကြောင့် ခေရယ်မိသည်။
ခေဟာ ယောကျာ်းလေးတစ်ယောက်လို ကြီးပြင်းလာရသည်ပေါ့။
ကြီးမေစကားကိုတော့ ခေ မငြင်းချင်ပါ။
ခေ မမြင်ဖူးခဲ့သည့်မာမီက ဓာတ်ပုံထဲမှာတော့ ခေနဲ့ဆင်ပေမယ့် ဆံပင်ရှည်ရှည်ဖြင့်တည်ငြိမ်ခန့်ညားသည့်အမျိုးသမီးဖြစ်၏။
ခေကတော့ •••••
▪▪▪⏳⏳⏳▪▪▪
Part 25ဆက်ရန်
စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997
~~~~~~~~~~~~~~~~~~~~~
အခ်စ္ဝိုင္ ( Part - 24 )
▪▪▪▪▪▪▪▪▪▪
ေခသည္ ပီယတို႔ႏွစ္ေယာက္ႏွင့္အတူ တေပ်ာ္တပါးေက်ာင္းျပန္တက္ခြင့္ရေနေပမယ့္ အရင္ကလိုမေပ်ာ္ႏိုင္။
ေခကပဲေျပာင္းလဲသြားသလား၊ လူေတြကပဲေျပာင္းလဲေနသလားမသိဘဲ အားလံုးရဲ့အၾကၫ့္တိုင္းလိုလိုက ေခ့ဆီမွာျဖစ္သည္။
"ငါ ဘာျဖစ္ေနလို႔လဲဟင္ အရမ္းၾကၫ့္ေနၾကသလိုပဲ"
မိတ္ကပ္ဘူးကို ဖြင့္ၾကၫ့္မိေတာ့လည္း ေခက ဘာမွေျပာင္းမသြားဟု ထင္မိသည္။
မခက ေခ့ကိုၾကၫ့္ရင္း ရယ္ေနကာ ပခံုးခ်င္းတိုက္ၿပီး•••••
"နင္ အရမ္းခ်စ္စရာေကာင္းလာတယ္ေလ"
"ဘယ္လိုလုပ္ခ်စ္စရာေကာင္းလာမွာလဲ ငါဒီေလာက္စိတ္ညစ္ေနရတဲ့အထဲ"
ေျပာလိုက္ၿပီးမွ မ်က္ႏွာပ်က္သြားေသာ မခကိုေရာ၊ မ်က္ႏွာတင္းသြားေသာ ပီယကိုပါ ေခ မ်က္လံုးေလးျပဴးၿပီးၾကၫ့္မိသည္။
မခက ေခ့ကိစၥမွာ တရားခံဟု သူမဘာသာသတ္မွတ္ထားၿပီး ေခတစ္ခုခုျဖစ္ေနတိုင္း မ်က္ႏွာပ်က္ကာ ျပာျပာသလဲျဖစ္ေနက်။
"ဘာစိတ္ညစ္စရာေတြရိွေနလို႔လဲ"
"ဘာမွမဟုတ္ပါဘူး"
ပီယက စိတ္တိုလာသလို ေခ့ပခံုးကိုဆဲြခါပစ္ရင္း•••••
"ေျပာ"
"နင္ကလည္း ၾကား၃ၾကားမဝင္ေကာင္းဘူးတဲ့ မၾကားဖူးဘူးလား နင္သိလို႔လည္း ဘာမွအေရးပါမသြားဘူး ေအးေဆးေနစမ္းပါ"
"ငါသိရင္ နင့္ကိစၥကို နင့္သေဘာက်ေျဖရွင္းလို႔ရတယ္ေလ"
"မေျဖရွင္းခ်င္ပါဘူး ရႈပ္ေနရတာကိုပိုသေဘာက်တယ္"
"ကို ဟိုဘက္ခဏသြားေနပါလား"
မခစကားေၾကာင့္ ပီယရဲ့ေဒါသေတြ ခဏေတာ့ၿငိမ္သြားၿပီး အတန္ၾကာမွေခါင္းညိတ္ကာ ခပ္လွမ္းလွမ္းကိုထြက္သြားသည္။
Advertisement
"လူေတြ ဘာျဖစ္လို႔နင့္ကိုၾကၫ့္ေနတာလဲ ေခ"
"မသိဘူးေလ"
"နင့္ပံုစံက ဝမ္းနည္းေနတာကိုး ကိုမင္းနဲ႔စိတ္ညစ္စရာေတြရိွလာရင္ ငါ့ကိုေျပာျပပါလား ငါကသူ႔ညီမလည္းျဖစ္သလို နင့္ရဲ့အခ်စ္ဆံုးသူငယ္ခ်င္းလည္းျဖစ္တယ္ေလ အဲ့ဒီအခြင့္အေရးေလး ငါ့ကို မေပးခ်င္ဘူးလား"
ရုတ္တရက္ေတာ့ ဘာျပန္ေျပာရမလဲ ေခစဥ္းစားမရ။
ဝမ္းနည္းေနတာကို ေခ သိေပမယ့္ ဘာကိုဝမ္းနည္းေနတာလဲ၊ ဘာေၾကာင့္ဝမ္းနည္းေနလဲ ကိုယ္တိုင္လည္းေသခ်ာမသိ။
အရင္ကလိုေနခြင့္မရလို႔လား၊ သူ႔ရဲ့ျပင္းထန္သၫ့္စကားေတြေၾကာင့္လား၊ ဒါမွမဟုတ္ ေခ့ကိုသူေရွာင္ေနလို႔လား။
ေမးခြန္းေတြသာရိွခဲ့ၿပီး အေျဖဆိုတာ ေခ့မွာမရိွ...
"ငါ့ကိုယ္ငါလည္း ေသခ်ာမသိဘူး သိတာက ငါအရမ္းစိတ္ရႈပ္ေနတယ္ မေပ်ာ္ဘူး"
မခက ေခ့လက္ကေလးကိုဖြဖြေလးဆုပ္ကိုင္ကာ ေခ့ပခံုးေပၚမွီခ်လိုက္ၿပီး သက္ျပင္းခ်သည္။
ထိုအခ်ိန္ ေကာ္ရစ္ဒါမွာရပ္ေနေသာ လူတစ္ေယာက္ကို ေခေတြ့လိုက္ၿပီး စိတ္ညစ္သြားမိ၏။
"ကိုယ္ မင္းနဲ႔စကားေျပာခ်င္တယ္ ဝိုင္"
ေခ ေခါင္းခါလိုက္ၿပီး အတန္းထဲဝင္လာေတာ့ ထြဋ္က လက္မေလ်ွာ့ဘဲေနာက္ကလိုက္လာၿပီး ေခထိုင္ေနသၫ့္ေနရာနဲ႔မ်က္ႏွာခ်င္းဆိုင္မွာ ဝင္ထိုင္သည္။
"မင္း ဘာလို႔ေရွာင္ေနတာလဲ"
ထြဋ္ကေဒါသျဖစ္ေနသလို မာဆတ္ဆတ္ျဖင့္ေမးသၫ့္အသံက နည္းနည္းက်ယ္တာမို႔ တစ္ခန္းလံုးၿငိမ္သြားသည္။
ေခ ႏႈတ္ခမ္းေလးကိုက္ပစ္လိုက္ရင္း ထြဋ္ကိုၾကၫ့္ကာ•••••
"ငါမရိုင္းခ်င္ဘူးေနာ္ ထြဋ္ နင္ျပန္ေတာ့"
"မျပန္ဘူး ဘာအတြက္ေၾကာင့္ဆိုတာ သိရမျွဖစ္မွာ မင္းသူ႔ကိုသိပ္မုန္းခဲ့တာမလား အခုမင္းဘာလို႔"
"ျပန္ေတာ့လို႔ေျပာေနတယ္"
ေခ ေအာ္ပစ္လိုက္သၫ့္အခါ ထြဋ္ကနာက်င္သြားသလို မ်က္ႏွာပ်က္သြားၿပီး ေခ့ကိုစူးစိုက္ၾကၫ့္သည္။
ဒါဟာေနာက္ထပ္ ေယာက်ာ္းတစ္ေယာက္ဆီက ရန္ႃငွိုးဖဲြ႔ခံရျခင္းမ်ိဳးလား...
"ေက်းဇူးျပဳျပီး ျပန္ပါေတာ့"
ေခ မ်က္ရည္ေတြဝဲလာေတာ့ ထြဋ္က ဆတ္ခနဲထၿပီးအတန္းအျပင္အထိေျပးထြက္သြား၏။
အတန္းထဲမွာတီးတိုးသံေတျြပန္ထြက္လာကာ အားလံုးရဲ့အၾကၫ့္ေတြက ေခ့ဆီမွာ။
ေခ ေက်ာပိုးအိတ္ကိုယူၿပီး အတန္းအျပင္ျပန္ထြက္လာေတာ့ တံခါးဝမွာရပ္ေနသၫ့္ ပီယႏွင့္တၫ့္တၫ့္တိုးသည္။
ပီယက ေခ့ပခံုးႏွစ္ဖက္ကိုကိုင္ၿပီး ေခ့မ်က္ႏွာကိုငံု႔ၾကၫ့္သည္။
"ဒီေန့အတန္းလစ္ရေအာင္ KTVသြားမယ္ ေခ နင့္ေဘးမွာငါရိွတယ္ မခလည္းရိွတယ္ လိမ့္စို႔..."
▪▪▪⏳⏳⏳▪▪▪
"ေမာင္ အဲ့လိုမရဘူးေနာ္ ပယင္းေစာင့္ေနတာၾကာလွၿပီ"
ပီယက ကားကိုအိမ္ေရ႔ွမွာပဲရပ္ေပး၍ ေခ ဆင္းဖို႔ျပင္ေတာ့ ပယင္းဆိုသၫ့္အမ်ိဳးသမီးကို ၿပိဳင္ကားအနီေလးႏွင့္အတူ ေတြ့လိုက္ရသည္။
ထိုမိန္းမက ၿပိဳင္ကားေပၚမွာထိုင္ၿပီး စကားေျပာေန၍ ေခတို႔အကုန္ၾကားေနရသလို ပီယတို႔ႏွစ္ေယာက္ကလည္း ေခ့ကိုလွမ္းၾကၫ့္သည္။
မခက ထိုအမ်ိဳးသမီးကိုသိေနဟန္ျဖင့္ မ်က္ႏွာတစ္မ်ိဳးျဖစ္သြားၿပီး ေခ့ကိုၾကၫ့္ကာ တစ္ခုခုေျပာဖို႔ျပင္ေန၍ ေခ ေခါင္းခါျပလိုက္သည္။
"အခု ေမာင့္အိမ္ေရ႔ွမွာ ေမာင္ျပန္လာခဲ့ ပယင္းေစာင့္ေနမယ္"
ေခ ေက်ာပိုးအိတ္ကိုယူလိုက္ၿပီး ကားတံခါးကိုဖြင့္လိုက္ေတာ့ ထိုမိန္းမက ေခ့ကိုေတြ့သြားဟန္ျဖင့္ မ်က္မွန္ကိုခၽြတ္လိုက္သည္။
"နင္တို႔ျပန္ေတာ့"
"ေမေမနဲ႔စကားေျပာဦးမယ္ ကို အိမ္ထဲသြားႏွင့္ေနာ္ မခ ေခနဲ႔ပဲလာခဲ့မယ္"
မခက ပီယကိုဝင္မပါေစခ်င္၍ ပထုတ္လိုက္မွန္းသိသၫ့္ ပီယကလည္း ဘာမွမေျပာဘဲ ဖြင့္ေပးထားသၫ့္ၿခံတံခါးအတိုင္း အထဲကိုေမာင္းဝင္သြားသည္။
"လာ.. ေယာင္းမ ငါတို႔သြားရေအာင္"
မခက ဘာမွသတိမထားမိသလို ေခ့လက္ကိုဆဲြရင္း ၿခံထဲဝင္ဖို႔ျပင္ေတာ့ လမ္းေထာင့္ကေနေကြ့ဝင္လာသၫ့္ မင္းေစရာရဲ့ကားကိုေတြ့လိုက္သည္။
ေခေရာ မခပါ ရပ္သြားရင္း သူတို႔ခ်င္းစကားေျပာတာေတြမသိခ်င္တာမို႔ ေျခလွမ္းကိုျပန္ျပင္ေတာ့ မခက ျပန္ဆဲြထားသည္။
"ကိုမင္း ျပန္လာတာလား"
"အင္း"
ေခ သူ႔ကိုမၾကၫ့္ဘဲ မခဆဲြထားသၫ့္လက္ေတြကိုပဲ ျပန္ရုန္းရင္း ၿခံထဲဝင္ဖို႔ပဲျပင္သည္။
သူက ေခ့ေရ႔ွေရာက္လာကာ မခလက္ေတြကိုဖယ္ခ်လိုက္ၿပီး ေခ့လက္တစ္ဖက္ကိုဆဲြယူသည္။
"လိုက္ခဲ့"
"ဟင့္အင္း ဖယ္"
သူ ဘာမွထပ္မေျပာဘဲ ေခ့လက္ကိုဆဲြၿပီး ထိုအမ်ိဳးသမီးေရ႔ွေရာက္လာသည္။
ထိုမိန္းမရဲ့အၾကၫ့္စူးစူးေတြ ေခ့ဆီေရာက္လာေတာ့ သူက ေခ့ကိုျပန္ငံု႔ၾကၫ့္ၿပီး••••
"ပယင္း သူက ကိုယ့္ဇနီး ခေရဝိုင္တဲ့"
"ပယင္းသိပါတယ္ ငယ္ငယ္ေလးပဲရိွေသးတာေနာ္"
"သိပ္မကြာပါဘူး ၂ႏွစ္ေလာက္ပဲငယ္တာပါ မင္းဘာကိစၥရိွေသးလဲ ကိုယ္နားေတာ့မလို႔"
"ပယင္း ေမာင္နဲ႔စကားေျပာခ်င္လို႔လာတာ ဒီအထိေတာင္တကူးတကလာရၿပီး ေမာင့္ေကာင္မေလးနဲ႔ပဲမိတ္ဆက္ေပးတာလား စကားမေျပာရေတာ့ဘူးလား"
"မေျပာေတာ့ဘူး နားတဲ့အခ်ိန္ေတာ့ သူနဲ႔အတူရိွေနခ်င္လို႔ ၿပီးေတာ့ေကာင္မေလးလို႔လည္းမေျပာနဲ႔ သူကငါတရားဝင္ လက္ထပ္ယူထားတဲ့မိန္းမ မင္းျပန္လိုက္ေတာ့မလား"
"OK ေနာက္ရက္ေပါ့"
ပယင္းဆိုသၫ့္အမ်ိဳးသမီးထြက္သြားေတာ့မွ သူ႔လက္ထဲက ေချပန္ရုန္းပစ္လိုက္ၿပီး ၿခံထဲဝင္လာခဲ့သည္။
သူ႔ဘက္က ခုခ်ိန္ထိရႈပ္ေနဆဲျဖစ္ကာ သူ႔အရႈပ္ထုတ္က အိမ္ကိုလာေစာင့္ေနတတ္သည္မို႔ ေဒါသလည္းျဖစ္သလို ရွက္ျခင္းလည္းျဖစ္မိသည္။
သူက လူရႈပ္ပဲေလ။
ဆက္ရႈပ္မယ္လို႔လည္း ေျပာခဲ့ပါလ်က္ ေခ ဘာေတြေမ်ွာ္လင့္ၿပီး ေဒါသျဖစ္ေနမိတာလဲ...
"ေခမ လာ ငါနင့္ကိုေျပာစရာရိွတယ္"
ၿခံဝမွာ သူတို႔ေမာင္ႏွမက်န္ေနခဲ့၍ ေခႏွင့္ပီယသာ အိမ္ေရ႔ွမွာရိွၿပီး ႏွစ္ေယာက္သား ကားအနားမွာရပ္လိုက္၏။
"ဟိုမိန္းမက အတင္းႀကီးပါဟာ မင္းေစရာဘက္က ျပတ္တယ္ သူတို႔ခ်င္းလည္းျပတ္ၿပီးသားထင္တယ္"
"နင္ ဘာလို႔အဲ့ဒါေတြေျပာေနတာလဲ"
"နင့္စိတ္ကို ရွင္းေစခ်င္လို႔ပါ အရႈပ္ထုတ္ေတြ အိမ္ကိုပါလာတယ္ဆိုၿပီး နင္စိတ္ဆိုးေနတယ္မလား ငါလည္း မင္းေစရာကိုၾကၫ့္မရဘူးဆိုေပမယ့္ နင္ အထင္လဲြေနမွာ၊ စိတ္ဆိုးေနမွာကိုလည္း ထိုင္မၾကၫ့္ႏိုင္ဘူး ဟိုေကာင့္ကို ကာကြယ္ေနတာလည္းမဟုတ္ဘူး အမွန္ကိုေျပာျပေနတာ"
"မသိဘူး သိပ္ဇာတ္ရႈပ္တဲ့လူ သူ႔ရည္းစားေတြ ေနာက္ထပ္လာဦးမလားမသိဘူး"
"လာလည္း နင့္ကိုထိခိုက္ေအာင္မလုပ္ရဲပါဘူးဟာ စိတ္မပူနဲ႔"
ေခ ႏွာေခါင္းေလးရႈံ႔ပစ္ရင္း ပီယနဲ႔အတူ အိမ္ထဲဝင္လာခဲ့သည္။
ခဏေနေတာ့ မခ အိမ္ထဲေရာက္လာကာ ေခ့ကိုေရွာင္ေနသၫ့္သူက အျပင္ျပန္ထြက္သြားသည္ဆို၏။
ၾကၫ့္ရတာ ဟိုမိန္းမနဲ႔စကားသြားေျပာတယ္ထင္ပါရဲ့...
ေခ့စိတ္ထဲ ဘာကိုဝမ္းနည္းသြားလဲမသိ•••
▪▪▪⏳⏳⏳▪▪▪
သူ အခန္းထဲျပန္မလာသည္မွာ တစ္ပတ္နီးပါးေလာက္ရိွၿပီျဖစ္ကာ ညဘက္ဆိုလည္း လာမအိပ္တာမို႔ ေခ တစ္ေယာက္တည္းေနရသည္ကမ်ားသည္။
ဘယ္မွာသြားအိပ္သည္လည္းမသိဘဲ အခန္းထဲကို ေခမရိွမွသာဝင္တတ္သည္ဟု ႀကီးေမကေျပာသည္။
တကယ္ဆို သူကပဲ ေခ့ကိုအႏိုင္ပိုင္းသြားသည္ပဲ...
"ႀကီးေမ သူျပန္ေရာက္ေနၿပီလား"
သူက ေခေခၚသလို ႀကီးေမဟုသာေခၚတတ္ၿပီး ခပ္တိုးတိုးေမးသၫ့္အသံေၾကာင့္ သူ႔အသံမွန္းသိကာ ၿငိမ္ၿပီးနားေထာင္ေနလိုက္သည္။
ႀကီးေမက ေခ့အတြက္ မက္မန္းသီးေတြကို စပ္စပ္ေလးသုပ္ေပးေနတာေၾကာင့္ အတူစားဖို႔ ေခ ဆင္းလာျခင္းျဖစ္သည္။
"ေစာေစာကျပန္ေရာက္တာ သား သိပ္ေနမေကာင္းဘူးထင္တယ္ ေရာက္ကတည္းက အခန္းထဲတန္းဝင္သြားတာပဲ"
"ဖ်ားတာလား"
"ဖ်ားေတာ့မဖ်ားဘူး မက္မန္းသီးေလး သုပ္ေပးေနတာ ခၽြေးေလးထြက္ရင္ ေနေကာင္းသြားမလားလို႔ေလ"
"တအားစပ္ေနဦးမယ္ ႀကီးေမလည္းအမ်ားႀကီးမစားနဲ႔ ႏွစ္ေယာက္လံုးဗိုက္ေတြနာေနမယ္"
"သား အျပင္သြားဦးမွာလား"
"ဟုတ္တယ္ ျပန္သြားရမွာ ကၽြန္ေတာ္မိုးကုတ္ကိုလည္း ခဏသြားစရာရိွေသးတယ္"
"သမီးေလးကိုလည္းေျပာသြားဦးေလ ႏွစ္ေယာက္သားမ်က္ႏွာခ်င္းဆိုင္တယ္လို႔ကိုမရိွဘူး"
"ေနပါေစေတာ့ မိုးကုတ္သြားျဖစ္မွပဲ ေျပာလိုက္ေတာ့မယ္ ေတာ္ၾကာ ကၽြန္ေတာ့္ကိုေတြ့လို႔ ဘာမွမစားဘဲ အခန္းထဲျပန္ဝင္သြားဦးမယ္"
ေျပာၿပီး သူက အျပင္ျပန္ထြက္ဖို႔ ဒီဘက္ကိုျပန္ေလ်ွာက္လာေတာ့ ရပ္နားေထာင္ေနသၫ့္ေခႏွင့္ တန္းေတြ့၏။
သူခိုးလူမိသလိုျဖစ္သြားသၫ့္မ်က္ႏွာျဖင့္ ႀကီးေမကိုတစ္ခ်က္လွၫ့္ၾကၫ့္ကာ သူတို႔စကားေျပာခဲ့သမ်ွ ေခ မၾကားေလာက္ဟု ထင္သြားပံုျဖင့္ ေခ့ကိုျပန္ၾကၫ့္သည္။
"အျပင္သြားမလို႔"
ေခ ေခါင္းညိတ္ျပသၫ့္အခါ သူက ေခ့ကိုေသခ်ာမၾကၫ့္ေတာ့ဘဲ အိမ္အေရ႔ွတံခါးဆီကိုထြက္သြား၏။
ေခ မက္မန္းသီးသုပ္စားၾကၫ့္ေနသၫ့္ ႀကီးေမအနားမွာ ဝင္ထိုင္လိုက္သည္။
"သူ ႀကီးေမကို အဲ့လိုေတြေမးေနက်လား"
ႀကီးေမက သူထြက္သြားရာဆီကို တစ္ခ်က္လွမ္းၾကၫ့္ၿပီး ေခါင္းညိတ္ျပသည္။
"ဟုတ္တယ္ေလ သမီးစိတ္ဆိုးလိမ့္မယ္ ျပန္မေျပာနဲ႔ဆိုလို႔"
"သူနဲ႔ဘာဆိုင္လို႔ အဲ့လိုေတြလိုက္ေမးေနတာလဲ ႀကီးေမကလည္း ဘာလို႔ေျပာေနတာလဲ"
"သမီးေနေကာင္းလား အဆင္ေျပလားသိခ်င္လို႔ေမးတာပဲကြယ္ ႀကီးေမကမေျဖလို႔ဘယ္ေကာင္းမွာလဲ ၿပီးေတာ့ သူက သမီးရဲ့ခင္ပြန္းပဲေလ ဂရုစိုက္လို႔ေမးတာေပါ့ စိတ္ထဲမရိွရင္ ဘယ္ေမးလိမ့္မလဲ"
"ေခ့ကို ေရွာင္ေနတာ တစ္ပတ္ေလာက္ရိွၿပီ သူ႔ဘာသာေမးလို႔ရရဲ့သားနဲ႔ မေမးတာ"
ေခ မေက်မနပ္ျဖစ္သြားမိတာေၾကာင့္ ပြစိပြစိထိုင္ေျပာေနသည္ကို ႀကီးေမကရယ္ရင္း မက္မန္းသီးသုပ္ကိုပန္းကန္ထဲထၫ့္ေပးသည္။
ေဒၚႀကီးသီနဲ႔ ေမေမကအျပင္ထြက္သြားတာမို႔ ေခတို႔ ထင္ရာစိုင္းေနျခင္းျဖစ္ကာ ေမေမကခုလိုအပူအစပ္ေတြစားတာမ်ိဳးဆို မႀကိဳက္။
"ဗိုက္နာမယ္ သမီးရဲ့ နည္းနည္းပဲစား"
ဟု တားတတ္တာေၾကာင့္ ေမေမ မရိွမွ ခိုးစားရသည္။
ႀကီးေမကေတာ့ ေခ့ကိုအၿမဲအလိုလိုက္ၿပီး ေခတစ္ခုခုျဖစ္ခဲ့ရင္လည္း ျပဴးျပဴးျပာျပာ။
"ႀကီးေမ မာမီသာရိွခဲ့ရင္ေလ ေခ ဘယ္လိုပံုစံျဖစ္သြားမလဲ"
ထင္မွတ္မထားသၫ့္ေမးခြန္းေၾကာင့္ ႀကီးေမ မ်က္ႏွာတစ္မ်ိဳးျဖစ္သြားၿပီး ဘယ္လိုေျဖရမလဲဟု စဥ္းစားေနပံုရသည္။
ၿပီးမွ ေရႏြေးတစ္ခြက္ ခ်ေပးရင္း•••••
"ေခ ခုလိုအလိုလိုက္ခံရမွာ မဟုတ္တာေတာ့အေသအခ်ာပဲ ဆရာႀကီးက မိတဆိုးသမီးေလးဆိုၿပီး အလိုလိုက္ထားတာကိုး သမီးမာမီသာရိွခဲ့ရင္ သမီးေလးက မိန္းကေလးစစ္စစ္တစ္ေယာက္လို ႀကီးျပင္းလာမွာ"
"အခု ေခက ဘာျဖစ္ေနလို႔လဲ"
"ခပ္ဆိုးဆိုး ခပ္ကဲကဲ ကေလးမေလးေပါ့ အေၾကာက္အလန႔္ကမရိွဘူး ပီယနဲ႔ေပါင္းသင္းေနတာမ်ား ေယာက်ာ္းေလးလိုပဲ"
ႀကီးေမစကားေၾကာင့္ ေခရယ္မိသည္။
ေခဟာ ေယာက်ာ္းေလးတစ္ေယာက္လို ႀကီးျပင္းလာရသည္ေပါ့။
ႀကီးေမစကားကိုေတာ့ ေခ မျငင္းခ်င္ပါ။
ေခ မျမင္ဖူးခဲ့သၫ့္မာမီက ဓာတ္ပံုထဲမွာေတာ့ ေခနဲ႔ဆင္ေပမယ့္ ဆံပင္ရွည္ရွည္ျဖင့္တည္ၿငိမ္ခန႔္ညားသၫ့္အမ်ိဳးသမီးျဖစ္၏။
ေခကေတာ့ •••••
▪▪▪⏳⏳⏳▪▪▪
Part 25ဆက္ရန္
စာဖတ္သူတစ္ဦးခ်င္းစီကိုေလးစားလ်က္
#shinthant1141997
Advertisement
- In Serial192 Chapters
Chaos' Heir
A reoccurring nightmare afflicted Khan's nights since the Second Impact. His dreams replayed the scenes of the crash of the Nak's spaceship, an alien race that the humans had defeated five hundred years ago.
8 20996 - In Serial11 Chapters
Alpha Cultivation
I am Titan Maximus Chadman, the seventh head of Alpha Cultivation sect. I practice the Dao of Chadness and cultivate Big D energy. To grow my powers, I must be alpha in every situation. Now that foreign cultivators have taken over Earth, I may be modern civilization’s only hope.
8 201 - In Serial35 Chapters
Downfall of the Champions
Marcus Trevor, a member of a renowned family of scientists, began living alone since the age of 15 due to family issues. He had to work and study hard in order to not fail in life.After living on his own for 3 years, he meets by accident with his cherished (or not) childhood friend Ana Garcia, a very smart friend of his, who convinces him to participate on a VR gaming tournament.Will this encounter by chance change Marcus's boring life of working and studying? Will be the beautiful Ana capable of seduce the naive Marcus? Will Marcus find time for gaming? Is there a greater purpose for Marcus?Accompany Marcus and Ana in their daily lifes!Reminder: Although there is a """"Mature"""" tag, don't expect extremely explicit stuff.
8 74 - In Serial20 Chapters
The Magi Magic Games
The planet of Vextel is home to Mana, an essence that can be harnessed and be used as Magic. Not everybody can use Magic, however. Only people born with Stigmas can wield Magic. People with this unbelievably amazing power are referred to as “Prophets”. Prophets from across the world are gathered into various schools to learn and master their acquired arts. Then the best students from these schools compete as representatives in the annual Magi Magic Games. The winners are then sent to the Zone, to fight other magic users from the planets: Craynax, Skyria, and Oeria. The winner then gets their deepest desire granted by the Beings; all-powerful creatures that created the games, and life. Elenore Magnus, a seventeen-year-old girl, a Prophet, dreams big. She wants to participate in the Zone Games to get her deepest desire granted. What is her deepest desire? To have her brother set free, who has been accused and branded a traitor for supposedly rebelling against the Beings. She wants her brother back and the truth. But first, she must win the Magi Magic Games.
8 92 - In Serial10 Chapters
The Oubliette
Loxburg is the epicenter of the recent outpouring of eldritch beasts. Isolated and weary, the inhabitants of the village remain stagnant, quarantined from the rest of the world. They are dying. Parasites feast on their flesh, horrors encroach upon their walls. The Influence tempts the noblest of men and women to shed their values and turn to depravity. None who arrive at this forsaken place will ever truly leave. The living outside its gates cry, "Do not travel to Loxburg; it is vanquished, it is lost!" However, a certain peculiar sorceress does not heed these warnings. She boards a carriage to her doom. She carries a passion for witchcraft, for the occult, the strange, and the deathly. The villagers watch as she enters their gates, expecting a hero. She is not here to conquer the demons, she is not here to slay the beasts, no... She is here to use them.
8 178 - In Serial28 Chapters
His Perfect Doll
"Please let me go!" I cried. He smiled and tucked a strand of my hair behind my ear. "It's okay, soon you'll be the perfect doll for me."*** Daisy Jefferson never expected to be sobbing in the trunk of a car but that is exactly where she ended up. Daisy is now being held hostage by one of her classmates: Peter Powell. One of the popular kids who you would have never expected to be an insane kidnapper. Now that Peter has Daisy, he wants to turn her into the perfect doll. All Peter has ever dreamed of is a pretty doll that he could control. And now Daisy can be that. Just one flaw in his plan: Daisy doesn't want to be there, and she will do anything to escape. (By the way, the lines on the girls face on the cover is like the sketching outlines when you draw. So you know where to put the face and lips.)
8 121

