《အချစ်ဝိုင် ( Complete )》Part 23
Advertisement
အချစ်ဝိုင် ( part - 23 )
▪▪▪▪▪▪▪▪▪▪▪
"ခေ မင်းဘာလုပ်နေတာလဲ"
တံခါးကိုဖွင့်တော့ ခေသည် ဘာမှဝတ်မထားဘဲရေပန်းအောက်မှာထိုင်ကာ အထပ်ထပ်ကုတ်ဖဲ့ပစ်နေသည်မှာ အစင်းကြောင်းတွေထပ်နေ၏။
တချို့အစင်းကြောင်းနေရာတွေမှာ သွေးတွေပင် စို့နေပြီမို့ ရေပန်းကိုပိတ်ပစ်လိုက်ပြီး ခေ့ရှေ့မှာ မုဆိုးဒူးထောက်ထိုင်လိုက်သည်။
သူမ ဟာ ကိုယ့်ကိုဒီလောက်ထိ ရွံရှာမုန်းတီးနေခဲ့သူလား.....
"ရှင် ပျော်လား"
ဘယ်အချိန်ကတည်းက ငိုထားမှန်းမသိသောမျက်လုံးတွေက နီရဲဖောင်းအစ်နေကာ နှုတ်ခမ်းတွေကလည်း ပြာသည့်ဘက်ရောက်နေသည်။
သူ ဖြစ်သလိုကောက်ဝတ်လာသည့်ရှပ်လက်ရှည်ကိုချွတ်ကာ ခေ့အပေါ်ဖုံးအုပ်ပေးသည်အထိ ခေကစူးစိုက်ကြည့်နေဆဲ။
"လိုက်ဖုံးမပေးနဲ့ ရှင်ကိုယ်တိုင်ပဲ"
"ထ မင်းဖျားလိမ့်မယ်"
"ဖျားရင်လည်း သေသွားအေးတာပဲ ခေ ရှင့်ကိုမုန်းတယ် ဒီလိုမျိုး ရှင့်ကိုခဏခဏအရှုံးပေးရတာကိုလည်းမုန်းတယ် ရှင် ထင်သလိုလုပ်နေတဲ့ ဒီခန္ဓာကိုယ်ကိုလည်းမုန်းတယ်"
ခေ တအားအော်ငိုကာ အသိစိတ်မရှိတော့သလို လည်ပင်းတွေကို ထပ်ပြီးကုတ်ခြစ်ပစ်တော့ သူ ခေ့လက်တွေကိုဖမ်းယူလိုက်သည်။
သို့သော် သွေးစို့နေပြီဖြစ်သော လက်သည်းရာတွေက ခေ့လည်ပင်းဖြူဖြူနုနုလေးမှာ ထင်းနေကာ ထိုဒဏ်ရာတွေကိုကြည့်ရင်း သူ့ရင်ထဲနင့်ခနဲဖြစ်သွားသည်။
"လွှတ်.. ရှင် ခေ့ကိုမထိနဲ့"
"တောက်!! မင်းငြိမ်ငြိမ်နေစမ်း ခရေဝိုင်"
လက်ကလေးနှစ်ဖက်လုံးကို အားနှင့်ချူပ်ပစ်လိုက်တော့ ခေသည် အူလှိုက်သည်းလှိုက်ငိုရင်း ပျော့ခွေသွား၍ လှမ်းဖမ်းပွေ့လိုက်၏။
သူတကယ်ငိုချင်သွားပြီး ခေ့ကိုယ်လေးကိုပွေ့ယူကာ ဆိုဖာပေါ်ချလိုက်ပြီး ဗီရိုထဲကအနွေးထည်အင်္ကျီနှင့်ဘောင်းဘီတို့ကိုယူလိုက်သည်။
သူမ အအေးမိမှာစိုး၍ မြန်မြန်ဝတ်ပေးလိုက်ပြီး ဆံပင်တွေကိုတော့ သဘက်တစ်ထည်နှင့် စိတ်ရှည်လက်ရှည် သုတ်ပေးမိသည်။
မမြင်ချင်လည်းမြင်နေရသော လည်ပင်းနှင့်လက်ကလေးတွေပေါ်က သွေးစို့နေသောလက်သည်းရာတွေကြောင့် သူ အလိုလိုမျက်ရည်ဝေ့လာခဲ့သည်။
သူမကို ထပ်ပြီးနာကျင်အောင်လုပ်မိပြန်ပြီ...
ရှိုက်သံလေးတစ်ချက်ဖြင့် ခေ ပြန်ပြီးသတိရလာတော့ ဆံပင်တွေခြောက်စပြုနေပြီဖြစ်ကာ သူ့ကိုတွေ့သည်နှင့် ခေ မျက်ရည်ဝဲ၏။
"ရှင် ခေ့ကိုအဲ့လောက်တောင်မုန်းသလားဟင်"
"ငါပြောလည်း မင်းယုံမှာမှမဟုတ်တာ ထားလိုက် မင်း ဆေးသောက်မလား"
ခေ ဘာမှမပြောတော့ဘဲ သူ့ကိုကျောပေးပြီး တစ်ဖက်လှည့်သွားကာ ရှိုက်သံလေးထပ်ထွက်လာပြန်သည်။
ထိုငိုရှိုက်သံကို မကြားရဲသလို ဆတ်ခနဲခေါင်းကိုခါပစ်လိုက်ပြီး စိတ်ထဲရှိတာကိုဖွင့်ပြောဖို့ ဆုံးဖြတ်လိုက်သည်။
သူမကို ချစ်တယ်ဆိုတာ သိမှဖြစ်မယ့်အခြေအနေ...
"ခရေဝိုင်"
"ခေ့ ဘာသာနေပါရစေ"
"မနေရဘူး မင်းသိမှဖြစ်မယ် မင်းမျက်လုံးထဲမှာ ငါကဘာကောင်ကြီးပဲဖြစ်ခဲ့ ဖြစ်ခဲ့ အခုငါ့ဘက်ကပြောင်းလဲဖို့ကြိုးစားနေတယ် မင်းမုန်းနေမှန်းငါသိတယ် ဒါပေမယ့် နည်းနည်းဖြစ်ဖြစ် အကောင်းမြင်ပေးစမ်းပါ"
ခေသည် ခွေခေါက်လဲနေရာမှ ထထိုင်ကာ သူ့ပါးကိုဖြန်းခနဲ လွှဲရိုက်ပစ်သည်။
နာသွားမိပေမယ့် သူ မျက်နှာကိုပြန်တည့်လိုက်ကာ ခေ့ကိုတည့်တည့်ကြည့်လိုက်သည်။
နာကျည်းမုန်းတီးစွာ စူးစိုက်ကြည့်နေသော သူမမျက်လုံးတွေက မျက်ရည်တွေပြည့်နေခဲ့ရင်း.....
"ရှင့်မှာ အကောင်းမြင်စရာ ဘာရှိလို့လဲ မင်းစေရာ အခုအချိန်ထိ ခေ့ကိုစိတ်ရော၊ လူပါ အမျိုးမျိုးနှိပ်စက်နေတာပဲ ဒါတောင်မှ ရှင်က ဘာကိုပြောင်းလဲဖို့ကြိုးစားနေတာလဲ"
"မင်း ဘာမှမမြင်ဘူးပဲ"
သူ့မျက်ဝန်းတွေဆီမှာ ထိခိုက်နာကျင်သွားမှုကို ခေမြင်လိုက်ရ၍ နည်းနည်းတော့ကျေနပ်သွားမိသည်။
ဒါနဲ့ သူကဘာကိုနာကျင်သွားတာလဲ...
သိချင်စိတ်ကလေးဖြစ်သွားပေမယ့် ခေ မြိုသိပ်ပစ်လိုက်သည်။
သူနာကျင်ရခြင်းဟာ ခေ့ရဲ့အောင်မြင်မှုပဲမလား...
"ဟုတ်တယ် မမြင်ဘူး အစကတည်းက ရှင်က သိပ်မုန်း၊ သိပ်ရွံဖို့ကောင်းတဲ့ အကျင့်စရိုက်တွေနဲ့ယောကျာ်း.. ရှင့်ကို ခေဘယ်တော့မှ အကောင်းမြင်လာမှာလည်းမဟုတ်ဘူး ရှင့်ဆီကလိုချင်တာ ကွာရှင်းဖို့တစ်ခုတည်းပဲ"
သူသည် ခေ့ကိုစူးခနဲတစ်ချက်ကြည့်ကာ စောစောက တိုးတိတ်ညှိုးငယ်နေသည့်နာကျင်မှုတွေ ဘယ်ရောက်သွားမှန်းမသိအောင် ဝုန်းခနဲထရပ်သည်။
"မင်းသိလား ခရေဝိုင် ငါ မင်းကိုအရမ်းချစ်တာ"
ခေ သူ့ကိုမော့ကြည့်ရင်း မျက်နှာလေးတင်းပစ်လိုက်သည်။
"ရှင်ကချစ်တာမှမဟုတ်တာ အဲ့ဒီဆေးတွေသုံးပြီး ခေ့ကိုအနိုင်ကျင့်နေတာ သိရဲ့လား"
"မသိဘူး မင်းယုံယုံ မယုံယုံ အဲ့ဒါအမှန်ပဲ ငါချစ်တာကိုတခြားလူတွေကတောင်သိပြီး မင်းက ဘာလို့မသိတာလဲ တစ်ခါတည်းရှင်းအောင်ပြောလိုက်မယ်
အဲ့လိုစောက်ရမ်းချစ်လွန်းလို့ မင်းကိုရအောင်ယူထားတာ မင်းသေလောက်အောင် တောင်းဆိုနေရင်တောင် ဘယ်တော့မှကွာရှင်းမပေးဘူး တစ်သက်လုံးငါနဲ့ပဲနေရမယ် အဲ့ဒါမင်းမှတ်ထား"
သူ ဝုန်းဒိုင်းကျဲကာ အခန်းထဲကထွက်သွားတော့ ခေ နှုတ်ခမ်းလေးမဲ့ပစ်လိုက်သည်။
သူလား ခေ့ကိုချစ်မှာ...
လှောင်ပြောင်ရယ်မောပစ်လိုက်ချင်ပေမယ့် ခေ ဘာကြောင့်ဝမ်းနည်းသွားလဲမသိ....
▪▪▪⏳⏳⏳▪▪▪
"သမီးတို့စကားများထားတာလား"
ခေ့လည်ပင်းနှင့်လက်တွေပေါ်က ကုတ်ဖဲ့ရာတွေကိုမြင်၍ မေမေက စိုးရိမ်သလိုမေးလာတော့ ခေ မဖြေတတ်ဘဲ ခေါင်းညိတ်ပြလိုက်သည်။
ဟိုတစ်ရက်ကတည်းက သူ ခေ့ကိုရှောင်နေခဲ့ကာ ညဆိုလည်း ဘယ်အချိန်မှဝင်အိပ်သည်မသိ၊ မနက်ဆိုလည်း ခေနိုးလာချိန်မှာ သူ မရှိ။
ခေ ဝမ်းနည်းနာကျင်နေတာကို သူအမြင်ချင်ဆုံးမဟုတ်ဘူးလား...
သူ ဘာလို့ရှောင်နေတာလဲ...
"သားဘက်က ဆိုးတာတွေရှိတာကို မေမေလည်းသိပါတယ် ဒါပေမယ့် သားက ခေခေ့ကိုသိပ်ချစ်တာပါ"
ခေ နှုတ်ခမ်းလေး မသိမသာမဲ့ပစ်လိုက်ပြီး မျက်နှာလေးလွှဲထားလိုက်သည်။
မေမေက ဘာသိလို့ပြောနေတာလဲ။
သူက ခေ့ကိုနာကျင်အောင်တစ်ခုပြီးတစ်ခုလုပ်နေတာ။
"သမီး ဟိုကိစ္စကိုမကျေနပ်နိုင်ဘူးဆိုတာ မေမေသိပါတယ် ဒါပေမယ့် သားက"
"သမီး ဘယ်တော့မှခွင့်မလွှတ်ဘူး မေမေ အဲ့ဒီအကြောင်းတွေပြန်မပြောပါနဲ့တော့"
ခေ မျက်နှာလေးလွှဲထားလျက် မေမေ့ရှေ့က ထလာခဲ့သည်။
သူလိုလူက ခေ့ကို သိပ်ချစ်တာတဲ့လား...
"ကြီးမေ အရမ်းရယ်စရာကောင်းမနေဘူးလား"
ကြီးမေက ခေ့ဆံပင်တွေကိုဖြီးပေးနေရင်း တိတ်ဆိတ်နေတော့ ကြီးမေကိုမော့ကြည့်သည်။
"ကြီးမေရော ဘယ်လိုထင်လဲ သူ့အမေက သူနဲ့အဆင်ပြေအောင်နေဖို့ ပြောချင်တာမလား"
"ဘာကြောင့်ပဲဖြစ်ဖြစ် အိမ်ထောင်တစ်ခုဖြစ်လာရင် ခိုင်မြဲစေချင်တာက လူကြီးတွေရဲ့ဆန္ဒပဲလေ သမီးလေးရဲ့ ခေါင်းထဲအဲ့ဒါလေးထည့်ထား"
"မထည့်ချင်ပါဘူး ခေ့ခေါင်းထဲဘာမှမရှိဘူး သူ ခေ့ကိုစိတ်ကုန်သွားတဲ့တစ်နေ့ကျ ကွာရှင်းပေးမယ်တဲ့ ခေက အဲ့နေ့ကိုစောင့်နေတာ အဲ့ဒါကြောင့်ပဲ ခေ ဒီမှာနေနေတာ"
Advertisement
"ဒါဆို ကြီးမေမေးပါဦးမယ် ခုလိုစိတ်ညစ်စရာတွေရှိလာမှာမှန်းသိနေလျက်နဲ့ ဒီကောင်လေးကို ဘာလို့လက်ခံလိုက်တာလဲ"
"အဲ့ဒါက ခေ့ကိစ္စပါ"
"ကြီးမေကိုတောင် လျှို့ဝှက်တတ်နေပြီပေါ့"
"မဟုတ်ပါဘူး ခေ ပြန်ပြောရမှာရှက်လို့ပါ သူ့ကိုလက်ထပ်တယ်ဆိုတာကလည်း မဖြစ်လို့လေ ခေ သူ့ကိုလွယ်လွယ်နဲ့ခွင့်မလွှတ်နိုင်ဘူး အဲ့တုန်းက ခေ ဘယ်လောက်နာကျင်ခဲ့ရလဲ"
ပြောနေရင်း ခေ မျက်ရည်ဝေ့ပြန်၏။
ဟိုတစ်ညကလို သူနမ်းခဲ့သမျှနေရာတွေကို ဆပ်ပြာနှင့်အထပ်ထပ်ဆေးချရင်း ငိုခဲ့ရသည်။
သူထိတွေ့ခဲ့သောနေရာတွေကို သွေးထွက်သည်အထိ ကုတ်ဖဲ့ပစ်မိရင်း ကိုယ့်ကိုယ်ကိုယူကျုံးမရ။
ကိုယ့်မျက်နှာကိုယ် မှန်ထဲမြင်ရတိုင်း ခေ နာကျင်ခဲ့ရခြင်းက သူ့ကြောင့်သာ။
ချစ်လွန်းလို့ ရယူချင်ပါတယ်ဆိုရင်တောင် ခေ့ကိုစိတ်ဒဏ်ရာတွေပေးပြီးမှ ရယူရသလား။
"မငိုပါနဲ့ ကလေးရယ် ကြီးမေလည်းရှိနေတာပဲ"
"မုန်းတယ်သိလား ကြီးမေ ခေ ကိုယ့်ကိုယ်ကိုလည်းမုန်းတယ် သူ့ကိုလည်းမုန်းတယ် ခေ အရင်ကလိုပျော်ပျော်ရွှင်ရွှင်လေးပဲ ပြန်နေချင်တာ ပြီးတော့ သူ့မှာချစ်သူရှိရဲ့သားနဲ့ ခေ့ကို"
"ဘယ်ကချစ်သူလဲ သမီးသိလို့လား"
"အိမ်အထိလိုက်လာသေးတယ် မောင်နဲ့တွေ့ချင်လို့တဲ့ ကြီးမေသိလား သူက ပီယကိုနာကျင်စေချင်တာနဲ့ ခေ့ကိုအမျိုးမျိုးနှိပ်စက်နေတာ"
"ဘယ်လို"
"ပီယကို သူ မကျေနပ်တာ ပီယနဲ့ခေ့အကြောင်းသိနေလို့ ခေ့ကိုရအောင်ယူထားတာ ခေ စိတ်ဆင်းရဲနေတာမြင်ရရင် ပီယလည်းစိတ်မချမ်းသာရဘူးလေ အဲ့ဒါကြောင့်မို့"
"သမီးရယ် အဲ့လိုတွေ တွေးနေရတာ မပင်ပန်းဘူးလား ကြီးမေပြောချင်တာကို သိတယ်မလား ကိုယ့်စိတ်ကိုအပင်ပန်းမခံနဲ့နော် ခဏလောက်အိပ်လိုက် ကလေး ကြီးမေ မုန့်လုပ်ထားလိုက်မယ်နော်"
ကြီးမေ ခေ့ကိုချော့ပြီးအိပ်ခိုင်း၍ ခေ အိပ်ယာထဲလှဲရင်း ငိုနေတာ ဘယ်သူမှမသိအောင် စောင်ကိုခေါင်းမြီးခြုံထားလိုက်သည်။
အခန်းထဲက ကြီးမေထွက်လာတော့ အခန်းတံခါးနားမှာ ရပ်နေသည့် သူ့ကိုတွေ့လိုက်၍ ကြီးမေလန့်ဖျတ်သွားသည်။
"သား"
"ရှူး!!"
သူ တိတ်တိတ်နေရန် အချက်ပြလိုက်ပြီး အခန်းထဲကိုငဲ့ကြည့်တော့ ခေက စောင်ကိုခေါင်းမြီးခြုံရင်း တအိအိငိုနေ၍ စိတ်မကောင်းဖြစ်သွားမိသည်။
စောင်ခြုံထားသည့် ခေ့ကိုပဲ အကြည့်မလွှဲဘဲရှိနေရာမှ ရင်ထဲဆစ်ခနဲဖြစ်သွားကာ သူ့တစ်ကိုယ်လုံးပူလောင်လာသလိုလို...
နာကျင်ခြင်း၊ ဝမ်းနည်းခြင်းတွေ ရင်ထဲဝင်လာတော့ အကြည့်လွှဲပစ်လိုက်ရင်း သက်ပြင်းချလိုက်မိသည်။
"သူ နေကောင်းရဲ့လား"
"ကောင်းပါတယ် ကလေးက စိတ်အားငယ်နေလို့ ဝမ်းနည်းပြီးငိုနေတာ"
ကြီးမေက သူ့ကိုအမြင်ကြည်ဟန်မရှိပေမယ့် လူကြီးမို့စကားကိုတော့ထိန်းပြောလေ၏။
တကယ်လည်း ခေ့အပေါ် ကျူးလွန်ခဲ့မိသည့်အမှားက ခွင့်လွှတ်နိုင်စရာမရှိခဲ့။
"ထမင်းရော စားရဲ့လား"
"စားပါတယ်"
"တအားငိုနေရင် ခေါင်းကိုက်နေမလားပဲ ကြီးမေပဲဂရုစိုက်ပေးပါနော် ကျွန်တော်မဝင်တော့ဘူး"
ပြောနေရင်းမှ ခေရှိရာဆီကို တစ်ချက်လှမ်းငဲ့ကြည့်မိသည်။
"ကျွန်တော် ဒီလိုတွေမေးတာကို သူ့ကိုပြန်မပြောပါနဲ့ စိတ်ဆိုးနေလိမ့်မယ်"
ကြီးမေရဲ့နားမလည်နိုင်သော မျက်လုံးတွေကို အားတင်းပြုံးပြလိုက်ရင်း သူ ပြန်လှည့်လာခဲ့သည်။
ငိုသံတွေကြားရတိုင်း နင့်နင့်သီးသီးခံစားရပြီး သူ့မျက်လုံးတွေပါ စိုစွတ်လာသလိုလို...
သူမ ငိုတာမြင်ရ၊ ကြားရတိုင်း သူဝမ်းနည်းမိပေမယ့် ထုတ်မပြောဖြစ်ခဲ့...
မုန်းပါ၊ မင်း ဆက်မုန်းပါ...
မင်းကိုဒုက္ခပေးမိတဲ့ဒီကောင်ကို အဆုံးစွန်အထိ မင်း မုန်းပစ်လိုက်ပါ ခရေဝိုင်.....
▪▪▪⏳⏳⏳▪▪▪
ရောက်ကတည်းက စီးကရက်ကို တစ်လိပ်ပြီးတစ်လိပ်သောက်နေရင်း သူ စကားမဆိုမိ။
နေသူက စီးကရက်ကို ဘူးလိုက်ဖွင့်ပြီးချပေးကာ သူ့ရှေ့မှာထိုင်သည်။
"မင်းကိုကြည့်ရတာ အတော်စိတ်ညစ်လာပုံပဲ"
သူ တစ်ခုခုပြောချင်ရင် ပြောလို့ရအောင် စကားလမ်းကြောင်းဖွင့်ပေးသည့်တိုင် စီးကရက်ကိုသာ သည်းကြီးမည်းကြီးရှိုက်ထုတ်ရင်း ငြိမ်နေမိသည်။
နေသူက ကွန်ဒိုတစ်ခန်းဝယ်ပြီး တစ်ယောက်တည်းနေကာ အိမ်မှာနေရတာမွှန်းကြပ်လာ၍ နေသူ့ဆီရောက်လာခြင်းဖြစ်သည်။
ခါတိုင်းလည်း သူ ဒီမှာပဲဆေးလာသုံးပြီး စိတ်ပြေသွားမှ အိမ်ကိုပြန်နေကျ...
"ငါမှားသွားပြီ နေသူ"
"ဘာလဲ မင်းစကားက အစမရှိ အဆုံးမရှိ"
"ခေလေ သူ ငါ့ကြောင့် အတော်လေးစိတ်ဆင်းရဲနေတယ်ထင်တယ်"
"ဘာဖြစ်လို့လဲ"
"ခဏခဏကြိတ်ငိုတယ်ကွာ သူ့ကိုထိတိုင်းငိုတယ် သူငိုတာသိလိုက်ရရင် ငါရင်တွေပူပြီး ဘယ်လိုမှနေလို့မရဘူး မျက်ရည်တွေသုတ်ပေးချင်တယ် သူ့ကိုနှစ်သိမ့်ပေးချင်တယ် ဒါပေမယ့်"
သူ မျက်ရည်ဝဲသွားရင်း စီးကရက်ကိုပြာခွက်ထဲထိုးချေပစ်ပြီး အံကြိတ်မိသည်။
ဘာစကားမှဆက်မပြောတော့ပေမယ့် နေသူက သဘောပေါက်သွားသလို သူ့ပခုံးကို ခပ်ဖိဖိဖျစ်ညှစ်သည်။
"မင်း အဲ့နေ့က လွတ်နေခဲ့လို့ဖြစ်သွားတာမလား"
သူ ခေါင်းမညိတ်ခဲ့ပါ။
သုံးနေကျဖြစ်နေသည့်ဆေးက အချိန်တန်လာတိုင်း တောင်းဆိုလာ၍ ထိုညက သူသုံးဖြစ်ခဲ့သည်။
ဖေဖေရှိနေ၍ အောင့်အည်းနေပေမယ့်မရ...
"တစ်ခါတည်းယူသွားလိုက်တော့မယ် ခဏခဏ ထရရင် အဆင်မပြေဘူး"
သူမအသံလေးကြားလိုက်တော့ လွတ်ချင်နေသည့်စိတ်က နှိုးဆော်မှုကြောင့် အခန်းအပြင်ထွက်လာခဲ့သည်။
ညဝတ်အင်္ကျီနှင့် ဘောင်းဘီတိုလေးက သူမပုံစံလေးကိုပိုပြီးနုငယ်သွားစေသလို သူ့စိတ်တွေကို ပိုပြီးရိုင်းစိုင်းစေခဲ့သည်။
သူ သတိပြန်ကပ်ချိန်မှာ သူမကအခန်းထောင့်လေးမှာကျုံ့ကျုံ့လေးထိုင်ကာ မျက်နှာလေးမှောက်ပြီး ငိုနေ၏။
သူ့ကိုလည်းအကပ်မခံဘဲ အနီးမှာရှိသမျှပစ္စည်းတွေ တစ်ခုပြီးတစ်ခုယူကာ သူ့ကိုပစ်ပေါက်ပြီး ရှိုက်ကြီးတငင်အော်ငိုသည်။
"မလာနဲ့ ရှင်ဒီနားမလာနဲ့ လူယုတ်မာ"
မရမက အနားကပ်သွားတော့လည်း သွေးရူးသွေးတန်းဖြင့် သူ့ပါးကိုအထပ်ထပ်အခါခါရိုက်ပစ်ပြီး အကပ်မခံ။
သူမအသံကြောင့် ဖေဖေတို့တွေရောက်လာကာ ဖေဖေ့ဒေါသလက်သီးတွေ သူ့တစ်ကိုယ်လုံးအနှံ့...
ငါ ဘာလုပ်မိပြီလဲဆိုသည့် နောင်တ တရားတွေဖြင့် ဖေဖေထိုးသမျှလက်သီးချက်တွေကို သူ မရှောင်ခဲ့။
ရေချိုးခန်းထဲမှာ ရေပန်းဖွင့်ပြီးထိုင်နေခဲ့ပြီး ဘယ်သူမှမသိအောင် သူ မျက်ရည်ကျမိသည်။
သူချစ်သောမိန်းကလေးကို နာကျင်အောင်လုပ်မိပြီဆိုသည့်အတွေးဖြင့် ယူကျုံးမရဖြစ်မိသလို နောင်တလည်းရမိသည်။
ပြီးတော့ ကျော်ပီယ။
"လူယုတ်မာ မင်းကိုငါသတ်မယ်"
ဆိုပြီး သူနဲ့ရန်ဖြစ်ခဲ့တာတွေ။
ပြီးတော့ သူ နမ်းခဲ့သည့်နေရာတွေကို သွေးထွက်သည်အထိ ကုတ်ဖဲ့ပစ်တတ်သော သူမ။
"ငါလွတ်သွားတယ် နေသူ အဲ့ဒါကြောင့်ပဲ သူ့ကိုထိခိုက်နာကျင်စေခဲ့မိတာ ပြီးတော့ခုလည်း"
Advertisement
သူ ရှေ့ဆက်မပြောနိုင်တော့သည်အထိ ဆို့နင့်သွားမိသည်။
တခြားအချိန်တွေ ခေ့အပေါ် ကြမ်းတမ်းချင်စိတ်ကိုထိန်းနိုင်ပေမယ့် ဆေးသုံးပြီးသွားရင်တော့ သူ့ကိုယ်သူ မထိန်းနိုင်။
သွေးစို့သည်အထိ ကုတ်ဖဲ့ခံထားရသည့် လက်ကလေးတွေကို မျက်လုံးထဲပြန်မြင်လာသည့်အခါ စိတ်ထဲမှာ တစ်စုံတစ်ခုကို ခိုင်ခိုင်မာမာဆုံးဖြတ်လိုက်ပြီး သူ့ဘာသာခေါင်းညိတ်ကာ ထိုဆုံးဖြတ်ချက်ကိုအတည်ပြုလိုက်သည်။
"ဘာလဲ မင်းတစ်ယောက်တည်းအမျိုးမျိုး"
"ငါဆေးဖြတ်တော့မယ်"
"ဘာ!!"
"သူ့ကိုဒုက္ခရောက်အောင် အသိမဲ့စေတဲ့ဒါတွေကို ငါဆက်မသုံးချင်တော့ဘူး ငါဖြတ်တော့မယ်"
▪▪▪⏳⏳⏳▪▪▪
Part 24 ဆက်ရန်
စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997
~~~~~~~~~~~~~~~~~~~~~~
အချစ်ဝိုင် ( part - 23 )
▪▪▪▪▪▪▪▪▪▪▪
"ခေ မင်းဘာလုပ်နေတာလဲ"
"ရှင် ပျော်လား"
"ထ မင်းဖျားလိမ့်မယ်"
သူမကို ချစ်တယ်ဆိုတာ သိမြှဖစ်မယ့်အခြေအနေ...
"ခရေဝိုင်"
"ခေ့ ဘာသာနေပါရစေ"
"မနေရဘူး မင်းသိမြှဖစ်မယ် မင်းမျက်လုံးထဲမှာ ငါကဘာကောင်ကြီးပဲဖြစ်ခဲ့ ဖြစ်ခဲ့ အခုငါ့ဘက်ကပြောင်းလဲဖို့ကြိုးစားနေတယ် မင်းမုန်းနေမှန်းငါသိတယ် ဒါပေမယ့် နည်းနည်းဖြစ်ဖြစ် အကောင်းမြင်ပေးစမ်းပါ"
နာကျည်းမုန်းတီးစွာ စူးစိုက်ကြည့်နေသော သူမမျက်လုံးတွေက မျက်ရည်တြွေပည့်နေခဲ့ရင်း.....
"မင်း ဘာမှမမြင်ဘူးပဲ"
သူလား ခေ့ကိုချစ်မှာ...
▪▪▪⏳⏳⏳▪▪▪
"သမီး ဘယ်တော့မှခွင့်မလွှတ်ဘူး မေမေ အဲ့ဒီအကြောင်းတြွေပန်မပြောပါနဲ့တော့"
"အဲ့ဒါက ခေ့ကိစ္စပါ"
"ဘယ်လို"
"သား"
"ရှူး!!"
"သူ နေကောင်းရဲ့လား"
"ထမင်းရော စားရဲ့လား"
"စားပါတယ်"
▪▪▪⏳⏳⏳▪▪▪
Advertisement
- End3215 Chapters
I Shall Seal the Heavens
What I want, the Heavens shall not lack! What I don’t want, had better not exist in the Heavens!” This is a story which originates between the Eighth and Ninth Mountains, the world in which the strong prey upon the weak. “My Name is Meng Hao! The Ninth Generation Demon Sealer, I shall seal the Heavens!“
8 1101 - In Serial543 Chapters
Xianshi Inn (A contemporary Xianxia novel)
He left his home, unwillingly, to a realm of cultivation, Xianshu, mythical manuals and Dao. And now he’s here due to a failed attempt at going home, a place bears a lot of resemblance but not the same. “At least it’s close enough here. I’ll get there on my next jump.” Jianmen Yu said to himself, “But while I’m prepping, let me do my old job here for a bit.” And there we have it, “Xianshi Inn”, run by a cultivator, who’s not of this world. Don’t mess with it or its employees, the owner will kick your ass, no matter who you are, no matter WHAT you are.
8 349 - In Serial167 Chapters
The Privateer
The void is a dangerous place. Full of pirates, man-eating aliens, and murderous machines. Yvian knew the risks, but she never imagined she'd have such a run of bad luck. Her ship broke down, pirates attacked, and she ended up chained to a bulkhead without her clothes. Just when she thought things couldn't get worse, he appeared. The monster of legends. The most terrifying being in the galaxy. The worst thing in all of the verse. A human. The void is a dangerous place. But that's where the money is.
8 490 - In Serial9 Chapters
Gaslgiht
There is a common line of questioning that falls upon students within their first moments at Kingsly. “Why?”. The student asks, “Why am I here?”. This is a futile line of questioning. There are those who remember, and those who do not. I’ll spare you the technical explanation — that’s what we have teachers for. The jist is as follows: those who remember are... how do I put this... more likely. They occupy more time. and the space that time has allowed them — the pertinent amount — is experienced no matter what. Allow me to offer you a bit of personal information: I am not one who remembers. There is no time relevant to me, no space that I occupy. I exist by carving myself here, and continue to exist in the same fashion. You would do well to follow suit. Why am I here? Because I force myself to be. Because the universe, the universes, for all its kicking and screaming, cannot escort me out.
8 241 - In Serial30 Chapters
COLLIDE. // Bakudeku
[sequel 'Divide' is out now!]___Tears and heartbreak. Poetry and music. Parties and puke. Cigarettes and sex. Acceptance and hatred. Cliques and outcasts.Well. Isn't college interesting?_____Warning: contains mature/triggering themes such as but not limited to: mental illnesses, homophobia/homophobic slurs, drug and alcohol use and abuse, gore, suggestive content/humor, dark humor, paganism, extremist religious beliefs, and descriptions of self-harm.[thanks to @betchyoubetter on twitter for allowing me to use their art for the cover!][Highest achievements: #1 in #melancholy, #37 in #alcohol, #1 in #collegeau, #105 in katsudeku, #600 in bakudeku, #19 in poetry]
8 407 - In Serial91 Chapters
The Crows and the Plague
As the Black Death ravages Medieval Europe, the ominous Plague Doctors (commonly called "Crows") may be the only thing standing between Christendom and extinction. There is no cure for the Plague, so all the Crows can do is stop the spread of the disease, even as the monstrous Vermin seek to spread it on purpose. But not everyone understands just how necessary the Crows and their often brutal methods really are. .............................................................................. This story is an alternate history/low fantasy story taking place in Medieval Europe. Rather than elves, goblins, and orcs, the fantasy elements in this story are generally things people in the Medieval era would have actually believed in, some exaggerated just a bit more for flavor.#thecrowsandtheplague
8 251

