《အချစ်ဝိုင် ( Complete )》Part 21
Advertisement
အချစ်ဝိုင် ( part - 21 )
▪▪▪▪▪▪▪▪▪▪
"အေး ငါခဏနေလာခဲ့မယ်"
ခေအဝတ်အစားလဲနေစဥ်မှာပဲ အောက်ထပ်ကနေပြေးတက်လာသည့်သူက ဗီရိုကိုဆွဲဖွင့်ကာ ဘာတွေပြာယာခတ်နေသည်မသိ။
ခေ့ကိုမြင်တော့မှ စိတ်ကူးပြောင်းသွားသလိုမျက်နှာပြင်သွားပြီး.....
"ငါ့ကို အင်္ကျီနဲ့ဘောင်းဘီထုတ်ထားပေး အပြင်သွားမလို့"
"ရှင် လက်မအားလို့လား"
"လက်ကအားတယ် မိန်းမယူထားတာ အလကားမဖြစ်ချင်လို့ မင်းလုပ်ထားလိုက်"
ပြောပြီးရေချိုးခန်းထဲဝင်သွားတော့ ခေ မျက်စောင်းထိုးမိပေမယ့် ခေ့မှာလည်းလုပ်ပေးဖို့ဝတ္တရားရှိတာမို့ ရှပ်လက်ရှည်အပြာနုနုကို ဘောင်းဘီအနက်နှင့်တွဲဝတ်ဖို့ ထုတ်ပေးထားလိုက်သည်။
ခေသည်လည်းကျောင်းသွားဖို့ အဝတ်အစားလဲပြီး မှန်တင်ခုံမှာထိုင်လိုက်ချိန် ရေချိုးပြီးသည့်သူက ခေချထားခဲ့သည့် အဝတ်အစားတွေကောက်ဝတ်သည်။
ခေ မိတ်ကပ်လိမ်းနေသည်ကို မကြည်သလိုကြည့်ရင်း ပခုံးကိုလှမ်းတို့ကာ.....
"ငါလက်နာနေလို့ ကြယ်သီးလာတပ်ပေး"
တမင်သက်သက်ဉာဏ်များနေသော သူ့ကို ခေ မှန်ထဲကနေမျက်စောင်းထိုးလိုက်ပြီး နှုတ်ခမ်းနီဆိုးရင်း မထသေးဘဲနေလိုက်သည်။
"မင်း မထသေးဘူးလား"
ခေ့လက်ထဲက နှုတ်ခမ်းနီဘူးကိုဆွဲယူတော့မှ ခေအံကြိတ်ရင်းထရပ်လိုက်ကာ ကြယ်သီးတွေတပ်ပေးဖို့ သူနဲ့မျက်နှာချင်းဆိုင်မှာ ရပ်လိုက်သည်။
အရပ်ရှည်သည့်သူရှေ့မှာ ခေ့ကိုယ်လုံးသေးသေးလေးက သူ့ပခုံးမထိတထိသာအရပ်ရှည်၏။
"အဲ့လိုလိမ္မာရင် စောစောကလို အမိန့်ပေးနေစရာကိုမလိုဘူး"
"ရှင့်ပါးစပ်ပိတ်ထားပေးပါလား"
"မပိတ်ချင်ဘူး မင်းကိုစိတ်အနှောက်အယှက်ပေးရရင် ငါကသိပ်ပျော်တာ"
ကြယ်သီးအပြည့်တပ်ပြီးသွားသည့်အခါ ခေ ပြန်ထိုင်ဖို့ပြင်တော့ သူက ခါးကနေဆွဲပွေ့ကာ နှုတ်ခမ်းတစ်ခုလုံးကိုဖိနှစ်နမ်းပစ်သည်။
ပြီးမှပြန်လွှတ်ပေးကာ....
"မင်း လှနေလို့"
ခေ ဒေါသဖြစ်သွားမိစဥ်မှာ သူက ပြုံးပြီးအခန်းအပြင်ထွက်သွားလေ၏။
ပေါက်ကွဲခွင့်မရသည့်ဒေါသမျှားဦးက ခေ့နှုတ်ခမ်းပေါ်ကျကာ နှုတ်ခမ်းနီတွေကိုဖျက်ပစ်လိုက်ပြီး မကျေနပ်သေးတာမို့ ခေ မျက်မှာပြန်သစ်ပစ်လိုက်ကာ ဘာမှမလိမ်းတော့ဘဲ အောက်ဆင်းလာခဲ့သည်။
"ခေရယ် ဘာမှမလိမ်းတော့ဘူးလား မျက်နှာပြောင်နဲ့"
မခလှမ်းပြောတော့ ခေ ခေါင်းခါပြလိုက်ပြီး မနက်စာစားဖို့ မီးဖိုခန်းကိုရောက်လာသည်။
မေမေနှင့်ဒေါ်ကြီးသီက ခေတို့အတွက် မနက်စာပြင်ဆင်ပေးနေတာဖြစ်ပြီး စားပွဲထိပ်မှာတော့ သူရှိနေသည်။
ပီယသည် ဒီဘက်စားပွဲထိပ်မှာရှိနေကာ မခကတော့ မထိုင်သေးဘဲ မေမေနှင့်စကားပြောရင်း မိုးတိုးမတ်တတ်စားသောက်နေ၏။
ဒီနေ့ ၃ယောက်လုံးကျောင်းပြန်တက်မှာမို့ ပီယတို့နှစ်ယောက်လုံး ခေ့ကိုလာခေါ်ခြင်းဖြစ်ကာ ဒီမှာပဲအားလုံးအတူ မနက်စာစားကြခြင်းဖြစ်သည်။
"ခေမ နင်မထိုင်ဘူးလား"
ပီယလှမ်းပြောတော့မှ ခေသည် ပီယအနားကခုံမှာထိုင်ချလိုက်တော့ သူကမျက်မှောင်ကုပ်ကာ ခပ်စူးစူးလှည့်ကြည့်လာသည်။
ထိုအခါ သူ့ရဲ့အရိပ်အကဲကိုလှမ်းကြည့်နေသည့် မေမေက ခေ့ပခုံးတွေကိုဖွဖွလေးဖိဆုပ်ကာ .....
"သမီးက သားနဲ့သွားထိုင်လေ ဇနီးမောင်နှံအတူမနက်စာ စားတာ ကောင်းပါတယ်"
"မကောင်းဘူး မေမေ ခေ သူနဲ့မထိုင်ချင်ဘူး"
သူ့မျက်နှာရဲခနဲဖြစ်သွားသလို တင်းမာမှုန်ကုပ်သွားတော့ ခေ ကြိတ်ပြီးကျေနပ်သွားသည်။
သို့သော် သူက စားလက်စပန်းကန်တွေကို ခေ့အနားရွှေ့ယူခဲ့ပြီး ခေ့ဘေးမှာဝင်ထိုင်ကာ ခေ့ ဦးခေါင်းထိပ်လေးကိုငုံ့နမ်း၏။
"မိန်းမ ကိုယ်နမ်းလိုက်တာကို စိတ်ဆိုးနေတုန်းလား"
အနားမှာတခြားသူတွေလည်းရှိနေ၍ ခေ့မျက်နှာလေးရဲခနဲဖြစ်သွား၍ ဒါကိုပဲသူကကျေနပ်သွားသလို စားစရာရှိတာကိုပဲ ဆက်စားနေခဲ့သည်။
ပီယကတော့ နွားနို့သောက်နေရင်း ဘာမှမပြောဘဲ ခေနဲ့မင်းစေရာကို မသိမသာအကဲခတ်ကြည့်နေ၏။
"လေးလေးဖုန်းဆက်သေးတယ် ခေ မနေ့ညကနင့်ဆီဖုန်းဆက်လို့မရလို့တဲ့"
"အင်း ပြီးမှပြန်ခေါ်လိုက်မလို့ ကြီးမေလည်းခေါ်ထားတာတွေ့တယ်"
ခေနဲ့စကားပြောနေတုန်း မင်းစေရာရဲ့မျက်နှာတမျိုးဖြစ်သွားသည်ကို ပီယသတိထားမိလိုက်သည်။
တို့ခနန်း ဆိတ်ခနန်းစားနေသော ခေ့ကိုစိတ်တိုင်းမကျသလိုကြည့်ကာ နွားနို့ခွက်ထဲကိုသကြားထည့်ပြီး စိတ်ရှည်လက်ရှည်မွှေကာ ခေ့ရှေ့ကိုချပေးသည်။
"သောက်"
"ခေ နွားနို့မကြိုက်ဘူး"
ခေ့ အငြင်းစကားကြောင့် သူမျက်မှောင်ကုပ်သွားပြီး ခေါင်းခါရမ်းကာ...
"သောက်ဆိုသောက်"
ဟု အမိန့်ပေးသလိုပြောလာသည်။
ခေက စိတ်တိုသွားပြီး မသောက်ဘဲပေကပ်နေဖို့စိတ်ကူးသေး၏။
သို့သော် မေမေကစိုးရိမ်သလိုကြည့်နေ၍ နွားနို့ခွက်ကိုယူပြီး အကုန်မော့သောက်ပစ်တော့မှ သူကကျေနပ်သွားပြီး ထိုင်ရာမှထကာ မီးဖိုခန်းအပြင်ထွက်သွားတော့၏။
"တွေ့လား ပီယ သူကနေရာတကာမှာ အာဏာပြချင်တာ သိပ်မုန်းဖို့ကောင်းတဲ့လူ"
ခေ့စကားကို ပီယဘာမှပြန်မပြောမိဘဲ ထွက်သွားသည့်မင်းစေရာရဲ့ကျောပြင်ကိုငေးကာ ခေသောက်ထားသည့်နွားနို့ခွက်လေးကို ပြန်ကြည့်မိသည်။
သေချာတာတစ်ခုက မင်းစေရာက ခေပြောသလို အာဏာပြချင်တာမဟုတ်။
ခေ့ကိုဂရုတစိုက်စောင့်ကြည့်ပြီး လိုအပ်မည်ထင်တာကိုလုပ်ပေးနေသည်ဟု ပီယဘာကြောင့်ခံစားမိနေလဲမသိ။
"တစ်ခုခုတော့လွဲနေပြီ မခ"
ခေ မသိအောင် မခနဲ့နှစ်ယောက်တည်းတီးတိုးပြောမိတော့ မခမျက်လုံးလေးလက်ခနဲဖြစ်လာသည်။
"ခေကသာ အဲ့လိုစွပ်စွဲနေတာ ကိုမင်းစေရာကိုကြည့်ရတာ အဲ့လိုမဟုတ်သလိုပဲ"
"ကိုမင်းက ခေ့ကိုချစ်တယ်လို့ပြောချင်တာလား"
"အဲ့လိုလားတော့မသိပေမယ့် သေချာတာတစ်ခုက အငြှိုးကြောင့်လုပ်နေတာ မဟုတ်လောက်ဘူး"
မင်းစေရာဟာ ခေ့အပေါ်အငြှိုးထားနေတာမဟုတ်ရင် တစ်ခုပဲဖြစ်နိုင်ပေမယ့် ထိုအရာဟာ သူစိတ်ထင်နေ၍လား၊ အမှန်တကယ်ဖြစ်နေသည်လား...
▪▪▪⏳⏳⏳▪▪▪
တစ်နေ့လုံးအလုပ်ရှုပ်နေပြီး ၉နာရီလောက်မှအိမ်ပြန်ရောက်ကာ ညစာမစားတော့ဘဲ ပန်းသီးတစ်လုံးကိုသာယူလာခဲ့ပြီး အခန်းထဲရောက်တော့ ခေက မရှိ။
ဝရံတာမှာစာကျက်နေသလားဟု လှမ်းကြည့်မိတော့လည်း မတွေ့။
"ခရေဝိုင် ဘယ်ရောက်နေတာလဲ ဒီမိန်းမ"
သူ့အသံကြီး ဟိန်းခနဲထွက်လာသည်နှင့် အပေါ်ထပ်မှာရှိသော မခအခန်းထဲမှ သူမရော၊ မခပါထွက်လာသလို အောက်ထပ်မှ မေမေလည်းထွက်လာသည်။
"နင် အိမ်ခဏပြန်လာတာလား မခ"
"ဟုတ် ကိုမင်း ပီယပြင်ဦးလွင်တက်သွားလို့"
"မင်းကရော ခရေဝိုင်"
"ခေ ဒီည မခနဲ့အိပ်မလို့"
"ဘာ!!"
"သားရယ် သမီးမခက တစ်ယောက်တည်းမအိပ်ချင်လို့တဲ့ တစ်ညတစ်လေပဲဟာကို"
သူ ဒေါသဖြစ်သွားပြီး မခကိုကြည့်တော့ နဂိုကတည်းက သူ့ကိုကြောက်သည့်မခက ခေ့နောက်ဝင်ပုန်း၏။
မေမေပြောသည့်တစ်ညတစ်လေတောင် ခေ့ကိုတခြားသူဆီမပေးနိုင်။
"မရဘူး တစ်ယောက်တည်းမအိပ်ချင်ရင် မေမေနဲ့သွားအိပ် ခရေဝိုင် မင်းလာခဲ့"
"မလာဘူး ရှင့်ဘာသာရှင် နေ"
ခေသည် သူ့ကိုပက်ခနဲပြန်ပြောကာ မခအခန်းထဲကိုပြန်ဝင်ဖို့ပြင်တော့ ပိုပြီးဒေါသဖြစ်သွားကာ ဒုန်းခနဲ နံရံကိုလက်သီးဖြင့်တစ်ချက်ထိုးပစ်လိုက်သည်။
ထိုအခါ သူမကပေစောင်းစောင်းဖြင့် မကျေမနပ်ပြန်ကြည့်လာသလို မခသည်လည်း တွန့်ခနဲဖြစ်သွား၏။
"အေး ဝင်သွား တစ်အိမ်လုံးဒီညမအိပ်ရဘူးသာမှတ်"
ပြောလိုက်မှ ခေ့ဆီက နှုတ်ခမ်းလေးကိုက်ကာ မျက်စောင်းလေးတစ်ခုရလိုက်သည်။
Advertisement
သူသွေးဆိုးတာကို အကြောင်းသိသောမခက ခေ့လက်မောင်းကိုလှုပ်ကိုင်ကာ.....
"သွားပါ ခေရယ် ကိုမင်းကတကယ်လုပ်မှာ"
"မသွားပါဘူး ငါ့ဘာသာအေးအေးဆေးဆေးနေချင်လည်းမရဘူး ပူညံပူညံနဲ့ ငါ့ကိုသက်သက်မဲ့ဒုက္ခပေးတာ"
"ကိုမင်းက အဲ့လိုမဟုတ်ပါဘူး ခေရယ် မေမေတို့မအိပ်ရဘဲနေလိမ့်မယ် နော် သွားပါ ငါ မေမေနဲ့ပဲသွားအိပ်လိုက်မယ်"
မခ ချော့မော့ပြောလိုက်မှ ခေ စူပုတ်ပုတ်လေးဖြင့် သူ့ဘက်ကိုပြန်လျှောက်လာပြီး အခန်းထဲပြန်ဝင်သွားသည်။
ထိုအခါမှ သူသည် မခကိုသတိထားနေဆိုသည့်ပုံဖြင့် စူးစူးကြီးကြည့်တော့ မခက နားရွက်ကလေးတွေဆွဲပြသည်။
မေမေကတော့ အဖြစ်သည်းလွန်းသောသူ့ကိုမျက်စောင်းထိုးကာ အောက်ပြန်ဆင်းသွား၍ မနက်မှပဲတောင်းပန်တော့မည်ဟု ဆုံးဖြတ်လိုက်သည်။
အခန်းတံခါးကို lockချပစ်လိုက်ပြီး ခေ့ကိုပြန်ကြည့်တော့ ခေက အိပ်ယာပေါ်ထိုင်နေရင်း သူ့ကိုပြန်မကြည့်။
မကျေမနပ်ဖြစ်နေသည့်ထိုမျက်နှာဟာ မခဲမကျေနိုင်သည့်ဒေါသတွေဖြင့် နီရဲမှုန်ကုပ်နေ၏။
"ဘာဖြစ်နေတာလဲ အဲ့ဒီမျက်နှာက"
"ရှင်အရှက်မရှိတာကို အံ့သြတာ ခေ ရှင်နဲ့အိပ်ရဖို့အဲ့လောက်အရေးကြီးနေတာလား"
"အရေးကြီးတာမဟုတ်ဘူး မင်းကငါမရှိရင်ပျော်နေလို့လေ အခုဘာတတ်နိုင်သေးလဲ ပြီးပြီလား မင်းသိချင်တာတွေ.. ငါရေချိုးတော့မလို့"
သူ ရေချိုးခန်းထဲဝင်လာခဲ့ပြီး ဇိမ်ပြေနပြေရေချိုးရင်း စူပုတ်နေသည့်မျက်နှာကို ပြန်မြင်ယောင်ကာ ရယ်ချင်နေမိသည်။
သူ့မှာ တစ်နေကုန်အလုပ်ရှုပ်နေပြီး ညမှသာ သူမအနားကပ်ခွင့်ရတာမလား။
သူ အပိုင်ရထားသည့်ထိုအချိန်လေးကို ဘယ်သူ့အနားမှာရှိနေတာကိုမှ မသိချင်၊ မမြင်ချင်။
"မင်းဘာလုပ်နေတာလဲ"
ရေချိုး၊ အဝတ်စားလဲပြီးတော့မှ ကြမ်းပြင်မှာစောင်လေးခင်းပြီးအိပ်ဖို့ပြင်နေသော ခေ့ကိုကြည့်ပြီး အံ့သြသွားမိ၏။
"ရှင့်အနားပဲရှိမှာလေ ခေ ဘယ်ကိုသွားလို့လဲ"
သူမ ရွဲ့တာလား။
စိတ်ထဲဖျင်းခနဲဖြစ်သွားပေမယ့် အတူရှိရချိန်လေးမှာ စကားမများဘဲ ငြိမ်းချမ်းချင်သည်။
"OKလေ မင်းသဘောပေါ့"
သူ ခေ့အနားမှာသွားထိုင်ကာ ခင်းထားသည့်စောင်ပါးလေးပေါ် လှဲအိပ်ပစ်တော့ ခေက မျက်နှာလေးပျက်သွားပြီး အတင်းတွန်းထိုးပစ်သည်။
"ရှင့်ဘာသာ ဟိုအပေါ်သွားနေလို့ လူရမ်းကားရဲ့"
"မင်းတောင် အိပ်ချင်ရာအိပ်တာ ငါလည်းအိပ်မှာပဲ မင်းဆိုးရင် ငါဆိုးတာလည်းခံရမှာပဲ စကားမများနဲ့ အိပ်တော့"
ခေ တောက်တစ်ချက်ခေါက်ကာ သူ အုံးထားသည့်ခေါင်းအုံးကိုပြန်ဆွဲယူသွားပြီး အိပ်ယာပေါ်ပြန်ရောက်သွား၍ အသံထွက်သည်အထိ ရယ်မိသည်။
ထိုအခါမှ သူလည်း အိပ်ယာပေါ်ပြန်အိပ်ကာ ခေ့ကိုမျက်နှာချင်းဆိုင်ဖြစ်အောင် ဆွဲလှည့်ပစ်ပြီး.....
"မင်း ငါ့ကိုနိုင်လည်းမနိုင်ဘဲနဲ့ ခဏခဏရန်စရတာပျော်ရဲ့လား ခရေဝိုင်"
မေးရင်း နဖူးလေးကိုငုံ့နမ်းမိသည်။
သူမက ငြိုငြိုငြင်ငြင်မျက်နှာလွှဲပစ်ပေမယ့် ထိုမျက်နှာကို ဆွဲမော့ယူကာ စွာနိုင်လွန်းသောနှုတ်ခမ်းလေးကို ခပ်ပြင်းပြင်းစုပ်ယူလိုက်သည်။
သူမရဲ့အကျင့်က သူဖက်လိုက်တိုင်း၊ နမ်းလိုက်တိုင်း ရုန်းထွက်တတ်ခြင်းဖြစ်ပြီး သူကလည်း ရုန်းထွက်နေသည့်ကြားမှ အတင်းအကြပ်နမ်းမိစမြဲ။
လက်မောင်းတွေကိုထုနှက်နေသော ခေ့လက်တွေကို လက်တစ်ဖက်တည်းဖြင့်ချုပ်ကာ သူမရဲ့ခေါင်းအထက်မှာဆွဲမြှောက်ပစ်လိုက်တော့ ခေ ပြန်မရုန်းနိုင်တော့။
ညမီးရောင်မှိန်မှိန်လေးအောက်မှာ nakedဖြစ်လာသည့် ဖြူဖြူနုနုခန္ဓာကိုယ်လေးက သူ့ရင်ခုန်သံတွေကို အမြင့်ဆုံးအထိဆွဲတင်နေ၏။
"မင်းက မူးယစ်ဆေးတွေထက် ပိုမိုက်တယ်သိလား"
"ဟင့်အင်း လွှတ် လူယုတ်မာ"
"ငါမင်းကိုစွဲနေပြီ ခရေဝိုင် မင်းရဲ့နှုတ်ခမ်းတွေ၊ မင်းရဲ့အထိအတွေ့၊ မင်းရဲ့အရာအားလုံးကို စွဲနေပြီ မင်းကိုငါ တစ်သက်လုံးအပိုင်ရမှဖြစ်တော့မယ်"
သူ စိတ်ထိန်းမရတော့သည်နှင့် ရှေ့ဆက်တိုးတော့ သူမမျက်နှာလေးမဲ့ခနဲဖြစ်သွား၍ လည်တိုင်လေးကို တိုးဝှေ့နမ်းပစ်လိုက်သည်။
ဘယ်နေရာကိုပဲထိထိ နူးညံ့မွှေးပျံ့နေတတ်သည့် သူမခန္ဓာကိုယ်လေး...
"ဖယ်ပေးပါတော့ နာတယ်.. အဟင့်!!"
သူမဆီကငိုသံစွပ်သော တောင်းဆိုမှုကိုကြားလိုက်ရပေမယ့် သူ့ဆန္ဒတွေက တားဆီးမရ။
နောက်ထပ်အငြင်းစကားတွေ ထွက်မလာအောင်နှုတ်ခမ်းလေးကို ဖိကပ်နမ်းတော့ သူမလက်ကလေးတွေက သူ့ကျောပြင်ကိုဆွဲကုတ်ထားရင်း အသံတိတ်မျက်ရည်ကျ၏။
ချစ်တယ် ခရေဝိုင်...
ငါမင်းကိုချစ်လို့ ခုလိုတွေယစ်မူးနေမိတာ
ဒါဟာ အချစ်ကြောင့်ပါလို့ မင်းလက်ခံလာအောင် ဘယ်လိုပြောပြရမလဲ...
ပြီးတော့ ငါတကယ်မလိမ်ဘူး
မင်းက မူးယစ်ဆေးတွေထက်ပိုမိုက်တယ်...
▪▪▪⏳⏳⏳▪▪▪
မိုးကုတ်ကို ဖေဖေပြန်သွားပြီမို့ အရင်ကခဏတဖြုတ်ဝင်ထွက်နေကျ ဖေဖေ့ဆိုင်အပါအဝင် မန္တလေးမှာရှိသည့်ဆိုင်ခွဲတွေလည်း သူ့လက်ထဲရောက်လာသည်။
ဒီဆိုင်တွေကိုကြီးကြပ်မှု၊ စီမံခန့်ခွဲမှုတွေသည် ဖေဖေ့ရဲ့ မိုးကုတ်ရုံးကသာဖြစ်ပြီး သူ့လက်ထဲရောက်လာသည့်နောက်မှာ သူကိုယ်တိုင်သာ ကြီးကြပ်စီမံရတော့၏။
ဒီဇိုင်းတွေထုတ်လိုက်၊ ဆိုင်စာရင်းတွေစစ်လိုက်နှင့် မအားမလပ်ရှိနေပေမယ့် သူ ရုံးထိုင်နေကျဆိုင်ကို မခတို့ဇနီးမောင်နှံရောက်လာတော့ ပြာသွားမိသည်။
မခ လာတာကအရေးမကြီးပေမယ့် မခ မသိသေးသည့်ကိစ္စတွေရှိနေတာမို့ •••••
"ဘာလာလုပ်တာလဲ"
"ဒီမှာဝယ်ချင်တာလေးရှိလို့ပါ ကိုမင်း နေရောကောင်းရဲ့လား ဆိုင်တွေတာဝန်ယူပြီးကတည်းက တစ်ခါမှကိုမတွေ့ဖြစ်တော့ဘူး"
"ငါ မအားသေးလို့ပါ နင်ဝယ်ချင်တာဝယ်ပြီးပြန်တော့"
"ကိုယ့်ညီမကို အဲ့လိုပဲမောင်းထုတ်ရလား ကိုမင်းရယ်"
"နင်လိုချင်ရင်မှာလိုက်ရုံပဲလေ ဘာလို့တကူးတက လာနေသေးတာလဲ နောက်ဆို ဆိုင်တွေဆီသိပ်မလာနဲ့ မခ ဖေဖေ့လက်ထဲမှာတုန်းကတော့မလာဘဲ အခုမှ"
"ဖေဖေ့လက်ထဲမှာတုန်းက ကိုမင်းက ဘယ်ကိုလွှတ်လို့လဲ ယောကျာ်းရမှသာ လွတ်လပ်ခွင့်လေးရလာတဲ့ဥစ္စာကို တကတည်း သူများကိုအိမ်ထဲထည့်ပိတ်ထားပြီး"
"စကားမများနဲ့ ဝယ်ပြီးပြန်တော့"
ကျော်ပီယက နဂိုကတည်းက အနေအေးသူလားတော့မသိပေမယ့် ခေနဲ့ပဲပြောနေနေ၊ မခနဲ့ပဲပြောနေနေ ဝင်မပါဘဲ ဘေးကနေ ကြည့်ရုံသာကြည့်နေတတ်သည်။
အခုလည်း ဒီကောင် သူ့ကိုကြည့်နေတာမို့ မကျေမချမ်းပြန်ကြည့်တော့မှ မျက်နှာလွှဲသွားသည်။
ဘယ်သူ ဘယ်လိုထင်ထင် သူ ဂရုမစိုက်နိုင်။
သူ ရှက်ရွံ့နာကျင်ခဲ့ရမှုတွေကို မခဆီမရောက်စေချင်သည့်စိတ်ကသာ အဓိက။
"ခရေဝိုင် ဘာကြိုက်တတ်လဲ သူ့ဖို့ပါတစ်ခုယူသွားလိုက်"
သူ့ဆီက ထိုစကားထွက်လာတော့ ဆွဲကြိုးတွေကိုငုံ့ကြည့်နေသည့် ကျော်ပီယက အံ့သြသွားသလို ပြန်မော့ကြည့်လာ၍ မသိချင်ယောင်ဆောင်ကာ ရုံးခန်းထဲပြန်ဝင်လာသည်။
ဒီကောင် ငါ့ကိုရိပ်မိနေတာလား ဆိုသည့်စိတ်ဖြင့် ထူထူပူပူကြီးဖြစ်လာပြီး ထိုင်ရတာပင်မလုံမလဲ။
ထိုနေ့ညက အိမ်ပြန်ရောက်တော့ ဆိုင်တံဆိပ်နှိပ်ထားသည့် အနက်ရောင်ကတ္တီပါဘူးလေးဖြင့် ဆွဲကြိုးလေးတစ်ကုံးကို သူမရဲ့မှန်တင်ခုံပေါ်မှာ တွေ့လိုက်ရသည်။
သူမရဲ့အကြိုက်ကို ကျော်ပီယသာ အသိဆုံးဆိုတာ သတိရလိုက်တော့ တစ်ချက်သဝန်တိုသွားပေမယ့် သူဝယ်ပေးသည့်ပစ္စည်းပဲမို့ ပြုံးလိုက်မိသည်။
Advertisement
▪▪▪⏳⏳⏳▪▪▪
Part 22ဆက်ရန်
စာဖတ်သူတစ်ဦးချင်းစီကို လေးစားလျက်
#shinthant1141997
~~~~~~~~~~~~~~~~~~~~~~
အချစ်ဝိုင် ( part - 21 )
▪▪▪▪▪▪▪▪▪▪
"အေး ငါခဏနေလာခဲ့မယ်"
ခေအဝတ်အစားလဲနေစဉ်မှာပဲ အောက်ထပ်ကနေပြေးတက်လာသည့်သူက ဗီရိုကိုဆွဲဖွင့်ကာ ဘာတြွေပာယာခတ်နေသည်မသိ။
"ရှင် လက်မအားလို့လား"
"မင်း မထသေးဘူးလား"
ပြီးမြှပန်လွှတ်ပေးကာ....
"မင်း လှနေလို့"
"ခေမ နင်မထိုင်ဘူးလား"
"အင်း ပြီးမြှပန်ခေါ်လိုက်မလို့ ကြီးမေလည်းခေါ်ထားတာတွေ့တယ်"
"သောက်"
"သောက်ဆိုသောက်"
ခေ့စကားကို ပီယဘာမြှပန်မပြောမိဘဲ ထွက်သွားသည့်မင်းစေရာရဲ့ကျောပြင်ကိုငေးကာ ခေသောက်ထားသည့်နွားနို့ခွက်လေးကို ပြန်ကြည့်မိသည်။
▪▪▪⏳⏳⏳▪▪▪
"မင်းကရော ခရေဝိုင်"
"ခေ ဒီည မခနဲ့အိပ်မလို့"
"ဘာ!!"
မကျေမနပ်ဖြစ်နေသည့်ထိုမျက်နှာဟာ မခဲမကျေနိုင်သည့်ဒေါသတြွေဖင့် နီရဲမှုန်ကုပ်နေ၏။
Advertisement
- In Serial93 Chapters
The Legend of The Grandmaster
Yu Xiaogang's fate changes after a particular incident! Will he continue to suffer? or Will he defy his original fate and reign supreme? Disclaimer: The author does not own anything. Douluo Dalu belongs to the original creator Tang Jia San Shao
8 216 - In Serial6 Chapters
The Cutest Demon Lord
One day out of nowhere, Kaede is summoned to another world. One eerily similar to New World Online with one key difference. As she treads the same path she once took, Kaede quickly figures out the differences between seasoned gamers and feudal citizens. This is a Fanfiction of Bofuri. I do not own Bofuri, it is owned by Yuumikan. Please support the original.
8 136 - In Serial32 Chapters
Blood in the Wilderness
When a company hiking trip is hijacked for a mad scientist's experiment, things begin to turn strange when a hiker suddenly disappears and others begin to show remarkable new abilities. The search to discover the truth behind these events is complex...and dangerous.
8 73 - In Serial7 Chapters
Xenon's Fall
The land of Xenon stands upon the pinnacle of technological advancement in the ancient world. The clicking gears of automatons ring through the smoke filled streets. In a bid for power by the mysterious "System", the Knight-Princess Octavia is nearly assassinated, swearing vengace upon those who had overthrown her.
8 81 - In Serial12 Chapters
On The Run: The Love Between Fugitives
After finding out how she was linked to the natural disasters, Fang the Quilava and Green the Grovyle are forced into a criminal life as a sworn enemy spreads lies about Fang being an evil human from a mysterious legend. As they move on, it gets harder for them to pull through, and they go far to find out if Fang is as their sworn enemy says they are. Is Fang the human? Will they be able to handle the truth? And will they be able to save the world?WARNING: This takes place in Red/Blue Rescue Team, one of the biggest plot points in the game for that matter, and thus, will include many spoilers for the game. If you are trying to finish the game, or if you hate spoilers, or if you are uncomfortable with Pokemorphs, do NOT read this!
8 242 - In Serial19 Chapters
Trouvaille (#featured)
#featured#216 in Romance#42 in ChikLitFaye rolled her eyes. "You're such a loser.""And you're so hot in that."She looked at him and found him staring at her, his eyes glinting as if he was some kind of a predator. Her face heated up and her jaw set before swinging at him with a slap. Nathan's head snapped to the side and it seemed as if he was blinking out the spots of colours that constantly danced in front of his eyes."Damn..." he groaned. "That's two for two." He massaged his jaw and caressed his inflamed cheek. "You do know I'm going to get you back for that.""I'm sure you're going to do something worse than slap me back, aren't you?"He smiled wickedly at her. "I would slap you but that would be considered animal abuse." He tittered receiving a glare from her. "Also I won't be me if I just got back at you equally, would I?"························trouvaille/ˈtruːvʌɪ/nounSomething lovely discovered by chance, a lucky find.Could a vacation trap help bring these clueless, love-deprived people come together and shatter the wall of wounds they inflicted on each other?Featured by@dangerouslove@ChickLit
8 72

