《အချစ်ဝိုင် ( Complete )》Part 20
Advertisement
အချစ်ဝိုင် ( part - 20 )
▪▪▪▪▪▪▪▪▪▪
ဝရံတာမှာ စားပွဲသေးသေးလေးဖြင့် စာလုပ်နေသော ခေ့ကိုကြည့်နေရင်း သူအလိုလိုပြုံးနေမိသည်။
မေမေနှင့်အပေးအယူမျှလာသည့်သူမက သူ့ကွယ်ရာမှာ စကားတွေပြန်ပြောလာပြီဖြစ်ကာ ရယ်ရယ်မောမောရှိလာပြီဖြစ်သည်။
ညနေက သူပြန်ရောက်နေသည်ကိုမသိသေးသော မီးဖိုခန်းမှာ လက်ဖက်သုပ်စားကြရင်း ခေက မေမေ့ကိုရော၊ ဒေါ်ကြီးသီကိုပါ ရယ်ရယ်မောမောဖြင့်စကားတွေပြောနေခဲ့သည်။
သူ ချစ်ခဲ့ရသည့်ပုံစံလေးဖြင့် ပြုံးလိုက်၊ ရယ်လိုက်မို့ တံခါးအကွယ်ကပဲ ချောင်းကြည့်နေရင်း သူ ပြုံးမိသည်။
အနည်းဆုံးတော့ သူမ နေတတ်လာပြီပဲ။
"ဟဲ့ ငါ့ကို major 3က ပုစ္ဆာလေးတစ်ချက်ပြောပြ"
အခုလည်းခေက ဘယ်သူ့ဆီအသံဖိုင်ပို့နေလဲမသိဘဲ ခါတိုင်းလို စွာကျယ်ကျယ်လေးပြောနေတာမို့ အသံမထွက်အောင်ရယ်မိပြန်သည်။
ဘယ်ဘဝကဆုတောင်းတွေကြောင့် ခေလုပ်သမျှအရာတိုင်းဟာ ချစ်စဖွယ်ဖြစ်နေသလဲ...
"အဲ့လိုတွက်ရတာတော့သိတယ် အဖြေကတစ်မျိုးကြီးဖြစ်နေတယ် နင့်အဖြေနဲ့ငါ့အဖြေမတူဘူး"
အဖြေမတူသည်ကို စိတ်ဆိုးနေသလိုမျက်နှာလေးက ဘယ်လိုအသည်းယားစရာကောင်းမှန်းမသိ။
ထိုအချိန်ဖုန်းဝင်လာ၍ သူ ကျွတ်ခနဲဖြစ်သွားပြီး ဖုန်းကိုကိုင်လိုက်သည်။
"ပြော"
"ပယင်း ငါ့ဆီဖုန်းဆက်တယ်"
"ပယင်း"
"အေး မင်းဆီဖုန်းဆက်လို့မရလို့တဲ့"
"ထားလိုက်ကွာ"
"ထားလို့မရဘူး မနက်ဖြန်သူလာမှာတဲ့ မင်းလက်ထပ်သွားပြီဆိုတာကိုမယုံဘူးတဲ့ အဲ့ဒါမင်းကိုလှမ်းပြောတာ"
သူ နောက်ထပ်ကျွတ်ခနဲဖြစ်သွားပြီး ဖုန်းကို လက်ပြောင်းကိုင်လိုက်တော့ ကျော်ဇင်ကဆက်ပြော၏။
"အဲ့တစ်ယောက်က ဇွတ်ပဲ မင်းလိုလူ လက်ထပ်တယ်ဆိုတာကိုမယုံဘူးတဲ့ ငါကပဲလိမ်နေသလိုလို"
"လာရင်လည်းလာပေါ့ ကိုယ်တိုင်မြင်မှယုံသွားလိမ့်မယ်"
"အဲ့လောက်မလွယ်ဘူးနော် ပယင်းအကြောင်းလည်း မင်းသိရဲ့သားနဲ့ မင်းရဲ့ခရေဝိုင်ကို သူပြဿနာရှာမှာအသေအချာပဲ"
ပယင်းက Bangkokကနာမည်ကြီးကျောက်မြတ်ကုမ္ပဏီပိုင်ရှင်ရဲ့သမီးဖြစ်ကာ သူ Bangkokမှာနေခဲ့စဥ်က တွဲခဲ့သည့် ထိုင်းမြန်မာကပြားမလေး။
မန္တလေးကို သူပြန်ရောက်သည့်တိုင် အဆက်အသွယ်မပြတ်ခဲ့ပေမယ့် ခေနဲ့တွေ့ပြီးကတည်းက စကားမပြောဖြစ်တော့။
ခေ့နည်းတူ ပယင်းသည်လည်း လိုချင်တာရခဲ့သည့်မိန်းကလေး၊
သို့သော် ပယင်းက Bangkokလူကုံထံအသိုင်းအဝိုင်းမှာ ကြီးပြင်းလာသူပီပီ လိုချင်ရချင်တာတစ်ခုမှလွဲ၍ ကျန်တာခေါင်းထဲမရှိမှန်း သူသိသည်။
ကျော်ဇင်ပြောသလို ခေ့ကို ထိပါးနှောက်ယှက်လာမည်မှာကလည်း အသေအချာ။
"အဲ့ဒါကို မင်းကြိုပြီးစဥ်းစားထား"
"အေးပါ ကျေးဇူး"
ဖုန်းကိုချပစ်လိုက်ကာ ခေ့ဆီလှမ်းကြည့်တော့ ခေက သူရပ်ကြည့်မှန်းသိသွား၍လားမသိ၊ သူရှိသည့်ဘက်ကိုကျောပေးပြီး စာကိုဆက်လုပ်နေ၏။
ဘာပဲဖြစ်ဖြစ် ခေရယ်နေတာ၊ ပြုံးနေတာလေးတွေကို ဒီနေ့တွေ့လိုက်ရသည်မို့ သူ ကျေနပ်မိသည်သာ။
▪▪▪⏳⏳⏳▪▪▪
"Babyလေး အဆင်ပြေလားနေရတာ"
"ပြေတယ်ဒက်ဒီ မေမေက ခေ့ကိုဂရုစိုက်တယ်"
"ဟုတ်လား ပျော်နေတယ်ပေါ့"
"ဒက်ဒီနဲ့နေရတုန်းကလောက် ဘယ်ပျော်မလဲ ကြီးမေရောဟင် ခေ အရမ်းလွမ်းတာပဲ ကြီးမေဆီပြောပေးပါဦး ခေ့ဆီဖုန်းဆက်ဖို့"
"ဒက်ဒီပြောလိုက်မယ် babyလေးတို့အဆင်ပြေရင် အဲ့ဒီမှာခေါ်ထားလိုက်ပါလား မဟုတ်လည်းပြင်ဦးလွင်မှာ ဘာရှိလို့လဲ"
"အာ့ဆို ကြီးမေက နေချင်တယ်ဆိုရင် ခေ ခေါ်လိုက်တော့မယ်နော် ဒက်ဒိီ"
"သဘောပါဗျာ"
"ဒါဆိုကြီးမေဆီဖုန်းဆက်လိုက်ဦးမယ်"
ခေပျော်သွားမိကာ ဖုန်းချရင်းမေမေ့ဆီအရင်ပြေးရသေးသည်။
အိမ်မှာက မေမေကအသက်အကြီးဆုံးမို့ မေမေ့ကိုပဲအစစအရာရာတိုင်ပင်ရမည်မလား။
ဟိုပုဂ္ဂိုလ်ကတော့ တစ်အိမ်လုံးမှာအာဏာပါဝါအရှိဆုံးဖြစ်ပေမယ့် ခေ့ကိုဘက်တိုက်သောစကားသာထွက်လာမည်မို့ အရေးလုပ်ပြီးမပြောချင်။
"ခေါ်လိုက်လေ သမီးလေးလည်း အဖော်ရတာပေါ့ မေမေတို့ခရီးထွက်ရင်လည်း မသီအဖော်ရတာပေါ့"
ထိုခွင့်ပြုချက်ဖြင့် ခေ ကြီးမေကိုဖုန်းဆက်ကာ အမြန်ဆုံးလာနေဖို့ခေါ်လိုက်သည်။
ကြီးမေကလည်း ခေ့ကိုလွမ်းနေသည်မို့ နောက်ရက်ချက်ချင်းလာမည့်အကြောင်းပြောတော့ ခေ့မှာ ထခုန်မိမတတ်ပျော်သွားမိသည်။
"ခေခေ မင်းစေရဲ့ဧည့်သည်တဲ့ သွားတွေ့လိုက်ဦးနော်"
မင်းစေရာအိမ်မှာမရှိတာမို့ ဘယ်ကဧည့်သည်လဲဟုတွေးကာ အိမ်ရှေ့ကိုထွက်လာတော့ အမိုက်စားပြိုင်ကားတစ်စီးက အိမ်ရှေ့လမ်းမှာရပ်ထားသည်။
ထိုကားလေးဘေးမှာ အနီရဲရဲကိုယ်ကျပ်ဝတ်စုံဖြင့် လက်ရာမြောက်စွာပြင်ဆင်ထားသည့် မျက်နှာတစ်ခု။
"မောင် မရှိဘူးလား"
မောင်ဆို၍ ခေမျက်ခုံးလေးတွန့်ကာ ဘယ်သူများလဲဟု တွေးပြီးမှ မင်းစေရာပွေရှုပ်တတ်မှန်းသတိရပြီး သူ့ဆီလာသည့်ဧည့်သည်ဟာ သူ့ရည်းစားများလားဟု တွေးမိသွားသည်။
"သူ အပြင်သွားတယ်"
"ခရေဝိုင်"
ခေ့နာမည်ကိုသိနေသလို ပီပီသသကြီးခေါ်တော့ ခေ နည်းနည်းစိတ်ရှုပ်သွားမိသည်။
"ကိုယ်က မင်းနဲ့တွေ့ချင်လို့လာတာလည်းပါတယ်"
"ဘယ်လို"
"မောင့်လိုလူက လက်ထပ်ယူထားတယ်ဆိုတော့ မင်းကဘယ်လောက်များလှနေ တော်နေသလဲလို့"
ခေ နှုတ်ခမ်းလေးကိုမဲ့ပစ်ရင်း ဒီလူ့ရဲ့စန်းကလည်း မသေးပါလားဟု တွေးမိသည်။
သို့သော် သူ့ရဲ့စန်းက ပီယတို့လိုမာနကြီးကြီးဖြင့် နေခဲ့သောစန်းမျိုးမဟုတ်ဘဲ ထင်သလိုပွေရှုပ်ပျော်ပါးပြီးမှ ဖြစ်လာတဲ့အရာ။
မင်းစေရာဆိုတာ ဘယ်နေရာမှအထင်ကြီးစရာမရှိတဲ့ယောကျာ်း...
"အခုတွေ့သွားပြီလား"
"တွေ့ပါပြီ လှတဲ့မိန်းကလေးတွေ Sexyဆန်တာတွေနဲ့တစ်ချိန်လုံးတွဲခဲ့ပြီး မင်းကိုမှဘာလို့ရွေးသွားသလဲမသိဘူး ဘာပဲဖြစ်ဖြစ် မောင့်ရဲ့အကြိုက်က ထူးဆန်းသားပဲ"
ထိုအမျိုးသမီးက မျက်မှန်ကိုချွတ်ရင်း ဂါဝန်ကားကားလေးနှင့် ခေ့ကိုခေါင်းအစခြေအဆုံးကြည့်ပြီး စိတ်ပျက်သလိုခေါင်းခါသည်။
Sexyဆန်တဲ့မိန်းမတွေကို ထည်လဲတွဲခဲ့တဲ့လူက ခေ့လိုမဖြစ်ညစ်ကျယ်လောက်ကို ယူထားလိမ့်မယ်လို့ ဘယ်သူကထင်မလဲ။
ခု ခေ့ရှေ့ကမိန်းမတောင် ခေ့ထက်ပိုလှကာ ညှို့အားပြင်းသော Sexyကျကျအလှတရားတွေဖြင့်...
"မောင် ဘယ်အချိန်ပြန်ရောက်မလဲ"
"မသိဘူး ရှင်ဖုန်းဆက်ချင်ဆက်ကြည့်လေ"
"သူက ဒီကိုလာခဲ့ဖို့ခေါ်ပြီးမရှိတာ စိတ်ညစ်စရာတော့ကောင်းသား ဒါဆိုကိုယ်ပြန်တော့မယ် မင်းကိုကြည့်ရတာလည်း ကြိုဆိုချင်တဲ့ပုံမပေါ်ပါဘူး"
ခေ နှုတ်ခမ်းလေးတွန့်ရုံပြုံးပြီး ခေါင်းလေးညိတ်ရုံသာ ညိတ်ပြလိုက်သည်။
ဒီလိုလူက ဘယ်လောက်တောင်မက်မောစရာကောင်းနေလို့ ဒီမိန်းမကအသည်းအသန်ဖြစ်နေတာလဲ။
သူ့မှာလည်း ချစ်သူရည်းစားရှိရဲ့သားနဲ့ ခေ့ကိုမှ မရမကယူထားခြင်းသည် ခေနဲ့ပီယကို ဒုက္ခပေးချင်ရုံသပ်သပ်သာ ဟူသော အတွေးတွေလည်း ပိုပြီးခိုင်မာသွားသည်။
▪▪▪⏳⏳⏳▪▪▪
"မောင့်အိမ်ကပြန်လာတာ"
မျက်နှာတည်တည်ဖြင့် ပြောလာသည့် ပယင်းစကားကြောင့် သူတော်တော်စိတ်ရှုပ်သွားသည်။
ပယင်းက သူ့အိမ်ကိုဘယ်လိုသိသွားသလဲဆိုတာ တွေးကြည့်ဖို့မခက်ပေမယ့် အိမ်မှာ ခေ ရှိနေခဲ့သည်။
ခေနဲ့တွေ့မှာအမှန်ပဲမို့ နဂိုကတည်းက အမြင်မကြည်သည့်ခေက ပိုပြီးတော့တောင် ဆိုးလာနိုင်သေးသည်။
"အိမ်ကိုသွားတော့ဘယ်သူနဲ့တွေ့မှာမို့လဲ မင်းတွေ့ချင်တာက ငါ့ကိုလား သူ့ကိုလား"
"နှစ်ယောက်လုံးကိုပဲလေ မောင်လက်ထပ်ရလောက်တဲ့အထိ ဘယ်လောက်တောင်လှနေလို့လဲလို့ ကိုယ်တိုင်သွားကြည့်တာ မောင်ရယ် ပယင်းကိုကျော်ပြီး"
Advertisement
"ပယင်း မင်းစကားတွေနားထောင်ဖို့ ငါမအားသေးဘူး"
"အဲ့ဒါဆို စကားဆက်ပြောရဖို့ မောင့်အိမ်ကနေသွားစောင့်ရမှာလား"
သူ စိတ်ပျက်လက်ပျက်ဖြစ်သွားကာ ကျွတ်ခနဲစုပ်သပ်လိုက်ပြီး ပယင်းကိုပြန်ကြည့်မိသည်။
အမြဲလို လှပနေတတ်သည့်ပယင်းက Bangkokမှာရှိခဲ့စဥ်ကလို လှနေဆဲ။
လိမ္မော်ရောင်ပြေပြေလေးချယ်ထားသည့် မျက်နှာလေးက ဝင်းနှစ်နေပေမယ့် ခေ့ကိုတွေ့လိုက်ရသလို သူ့ရင်ထဲအေးချမ်းသွားတာမျိူး ဖြစ်မလာခဲ့။
စိုက်ကြည့်နေမိပြီးမှ မျက်နှာပြန်လွှဲပစ်လိုက်သည်။
ပယင်း ဘယ်လောက်လှနေနေ၊ ခရေဝိုင် မဟုတ်...
"အိမ်မှာသွားစောင့်တော့ရော မင်းအတွက်ဘာထူးခြားသွားမှာလဲ မင်းနဲ့ငါ အဆက်အသွယ်ပြတ်တာကြာပြီပဲ"
"၃လပဲရှိပါသေးတယ်"
"အဲ့လောက်ဆို မင်းသိလိုက်တော့လေ ဘာလို့လိုက်လာသေးတာလဲ"
"မောင် အရင်ကအသစ်လေးတွေ တွေ့ရင်လည်း ပယင်းခုလိုနေခဲ့ရတာပဲ မိန်းမရသွားတယ်ဆိုတာလည်း ကောင်မလေးတွေနဲ့ ခရီးအတူထွက်တာလောက်ပဲရှိတာလေ အရမ်းကြီးကျယ်သွားတာတော့ မကောင်းဘူးနော်မောင် ပယင်းက မောင့်အပေါ်အရမ်းနားလည်ပေးခဲ့တာ"
လိုချင်တာရှိရင် မရမကရယူတတ်သည့် ပယင်းအကျင့်က အခုထက်ထိမပျောက်သေး။
တွေ့ချင်ကြောင်းတဂျီဂျီဖုန်းဆက်ပြီး ဖေဖေ့ဆိုင်အထိလိုက်လာသည်။
တွေ့ပြန်တော့ကျလည်း မောင်ဆိုတာက မပါမဖြစ်။
ပြောနေရသည့်အကြောင်းအရင်းကလည်း မိန်းမယူပြီးတာတောင် အဆက်အသွယ်ဆက်လုပ်ရမည့်အဖြစ်မျိုး။
"မင်းနားလည်တယ်ဆိုရင် ဆက်နားလည်ပေးလိုက်ပါ ငါအိမ်ထောင်ကျနေပြီ"
"ကောင်မလေးတစ်ယောက်နဲ့ အတူရှိနေတာလို့ပြောစမ်းပါ မောင်က အိမ်ထောင်ကို ထောင်တစ်ခုလိုမြင်ခဲ့တာမလား ဒါကြောင့်မို့လည်း ပယင်းတို့လက်ထပ်ဖို့ပြောတိုင်း မောင်အကြောင်းအမျိုးမျိုးပြပြီးရှောင်ခဲ့တာပဲ"
တကယ်ရှောင်ခဲ့တုန်းက ခေါင်းစဥ်တွေအကြောင်းပါလာတော့ သူ မျက်မှောင်ကုတ်သွားမိသည်။
တွဲခဲ့ဖူးသောမိန်းကလေးမြောက်မြားစွာထဲမှာ သူ့ကိုရင်ခုန်အောင်လုပ်နိုင်သူမရှိခဲ့၍ လက်ထပ်ခြင်းကိုလည်း စိတ်မဝင်စားခဲ့။
ပယင်းကိုတွဲခဲ့တုန်းကလည်း အပျော်သက်သက်သာ။
အပျော်ဟုလည်း သူဝန်ခံခဲ့သည်။ ပယင်းကိုယ်တိုင်ကလည်း လက်ခံခဲ့ပြီးမှ...
"စတွဲကတည်းက အပျော်ပဲလို့ပြောခဲ့တယ်မလား မင်းလည်းအဲ့လိုပဲလေ"
"ပယင်းဘက်က အဲ့လိုသဘောမထားတာကြာပြီ လက်ထပ်ဖို့ကိစ္စပြောကတည်းက စဥ်းစားကြည့်ပါလား"
"ငါကမင်းကို အဲ့လောက်စိတ်ဝင်စားနေတာမှမဟုတ်ဘဲ"
"မောင် မရဘူးနော် ပယင်းအလျှော့မပေးနိုင်ဘူး ပယင်း မောင်နဲ့လက်ထပ်မယ်"
ဇွတ်တရွတ်ပြောနေသည့် ပယင်းစကားကြောင့် သူ ဒေါသဖြစ်လာရင်း ကိုင်ထားသည့်ဖိုင်တွေကို စားပွဲပေါ်ပစ်ချလိုက်သည်။
ပယင်းက သူ့မျက်နှာကိုနားမလည်သလိုကြည့်နေကာ...
"ဘာကိုစိတ်ညစ်နေတာလဲ နံပါတ်စဥ်အရဆို သူကတောင် နောက်ကိုရောက်သေးတယ်"
"အခုက နံပါတ်တပ်နေတာမှမဟုတ်ဘဲ မင်းနားမလည်သလိုလုပ်မနေနဲ့ ပယင်း"
"မသိဘူး မောင် ပယင်းကိုလက်မထပ်ဘူးဆိုရင် ပယင်း ဒီအတိုင်းငြိမ်နေမှာမဟုတ်ဘူးနော်"
"သိတယ် မင်းအဲ့ဒီစကားကိုပဲ ပြောမယ်ဆိုတာသိတယ် မင်းငြိမ်မနေချင်လည်း တစ်ခုခုလုပ်ကွာ ကြိုက်သလိုသာလုပ်လိုက် ငါကလက်ထပ်ပြီးသားလူ ပြီးတော့ တစ်ခါပဲလက်ထပ်မယ်"
"မောင် ပြီးမှနောင်တမရနဲ့"
ပယင်း စကားအဖြစ်ပြောနေတာမဟုတ်မှန်း သူသိသည်။
ခေ့ကိုများထိခိုက်နေမလားဟု စိုးရိမ်စိတ်တစ်ချက်ဝင်သွားမိပေမယ့် သူက ထိုသို့တွေဝေကြောက်ရွံ့နေချင်သူမဟုတ်။
အထူးသဖြင့် သူ ရှုပ်ခဲ့သည့်အရှုပ်ထုတ်တွေကို ကိုယ်တိုင်ဖြေရှင်းချင်သည်။
"မောင် ပယင်းပြောနေတာကြားရဲ့လား"
"ငါလည်းပြောပြီးပြီလေ ကြိုက်သလိုသာလုပ်လိုက်"
"မောင်"
"မင်း ပြန်တော့"
ပယင်းမျက်နှာလေးတင်းခနဲဖြစ်သွားသည်။
သူ ပယင်းကိုတစ်ခါမှထိုသို့နှင်မထုတ်ခဲ့ဖူး၍ ပယင်းပိုစိတ်ဆိုးသွားမှာသေချာသည်။
သို့ပေမယ့် ဒါကိုသူ ဂရုမစိုက်ချင်။
အကြောင်းပြချက်အမျိုးမျိုးဖြင့် သူ့ရင်ကို အခံရခက်အောင်လုပ်တတ်သည့်ခေ့မှာ နောက်ထပ်အကြောင်းပြချက်တစ်ခု ထပ်တိုးသွားမည်ကိုသာတွေးပြီး စိတ်ရှုပ်သွားမိသည်။
ဘယ်လိုစကားတွေနဲ့ သူမ စိမ်းကားနေဦးမှာလဲမသိ.....
▪▪▪⏳⏳⏳▪▪▪
Part 21 ဆက်ရန်
စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997
~~~~~~~~~~~~~~~~~~~~~~~
အခ်စ္ဝိုင္ ( part - 20 )
▪▪▪▪▪▪▪▪▪▪
ဝရံတာမွာ စားပဲြေသးေသးေလးျဖင့္ စာလုပ္ေနေသာ ေခ့ကိုၾကၫ့္ေနရင္း သူအလိုလိုႃပံုးေနမိသည္။
ေမေမႏွင့္အေပးအယူမ်ွလာသၫ့္သူမက သူ႔ကြယ္ရာမွာ စကားေတျြပန္ေျပာလာၿပီျဖစ္ကာ ရယ္ရယ္ေမာေမာရိွလာၿပီျဖစ္သည္။
ညေနက သူျပန္ေရာက္ေနသည္ကိုမသိေသးေသာ မီးဖိုခန္းမွာ လက္ဖက္သုပ္စားၾကရင္း ေခက ေမေမ့ကိုေရာ၊ ေဒၚႀကီးသီကိုပါ ရယ္ရယ္ေမာေမာျဖင့္စကားေတြေျပာေနခဲ့သည္။
သူ ခ်စ္ခဲ့ရသၫ့္ပံုစံေလးျဖင့္ ႃပံုးလိုက္၊ ရယ္လိုက္မို႔ တံခါးအကြယ္ကပဲ ေခ်ာင္းၾကၫ့္ေနရင္း သူ ႃပံုးမိသည္။
အနည္းဆံုးေတာ့ သူမ ေနတတ္လာၿပီပဲ။
"ဟဲ့ ငါ့ကို major 3က ပုစၧာေလးတစ္ခ်က္ေျပာျပ"
အခုလည္းေခက ဘယ္သူ႔ဆီအသံဖိုင္ပို႔ေနလဲမသိဘဲ ခါတိုင္းလို စြာက်ယ္က်ယ္ေလးေျပာေနတာမို႔ အသံမထြက္ေအာင္ရယ္မိျပန္သည္။
ဘယ္ဘဝကဆုေတာင္းေတြေၾကာင့္ ေခလုပ္သမ်ွအရာတိုင္းဟာ ခ်စ္စဖြယ္ျဖစ္ေနသလဲ...
"အဲ့လိုတြက္ရတာေတာ့သိတယ္ အေျဖကတစ္မ်ိဳးႀကီးျဖစ္ေနတယ္ နင့္အေျဖနဲ႔ငါ့အေျဖမတူဘူး"
အေျဖမတူသည္ကို စိတ္ဆိုးေနသလိုမ်က္ႏွာေလးက ဘယ္လိုအသည္းယားစရာေကာင္းမွန္းမသိ။
ထိုအခ်ိန္ဖုန္းဝင္လာ၍ သူ ကၽြတ္ခနဲျဖစ္သြားၿပီး ဖုန္းကိုကိုင္လိုက္သည္။
"ေျပာ"
"ပယင္း ငါ့ဆီဖုန္းဆက္တယ္"
"ပယင္း"
"ေအး မင္းဆီဖုန္းဆက္လို႔မရလို႔တဲ့"
"ထားလိုက္ကြာ"
"ထားလို႔မရဘူး မနက္ျဖန္သူလာမွာတဲ့ မင္းလက္ထပ္သြားၿပီဆိုတာကိုမယံုဘူးတဲ့ အဲ့ဒါမင္းကိုလွမ္းေျပာတာ"
သူ ေနာက္ထပ္ကၽြတ္ခနဲျဖစ္သြားၿပီး ဖုန္းကို လက္ေျပာင္းကိုင္လိုက္ေတာ့ ေက်ာ္ဇင္ကဆက္ေျပာ၏။
"အဲ့တစ္ေယာက္က ဇြတ္ပဲ မင္းလိုလူ လက္ထပ္တယ္ဆိုတာကိုမယံုဘူးတဲ့ ငါကပဲလိမ္ေနသလိုလို"
"လာရင္လည္းလာေပါ့ ကိုယ္တိုင္ျမင္မွယံုသြားလိမ့္မယ္"
"အဲ့ေလာက္မလြယ္ဘူးေနာ္ ပယင္းအေၾကာင္းလည္း မင္းသိရဲ့သားနဲ႔ မင္းရဲ့ခေရဝိုင္ကို သူျပႆနာရွာမွာအေသအခ်ာပဲ"
ပယင္းက Bangkokကနာမည္ႀကီးေက်ာက္ျမတ္ကုမၸဏီပိုင္ရွင္ရဲ့သမီးျဖစ္ကာ သူ Bangkokမွာေနခဲ့စဥ္က တဲြခဲ့သၫ့္ ထိုင္းျမန္မာကျပားမေလး။
မႏၲေလးကို သူျပန္ေရာက္သၫ့္တိုင္ အဆက္အသြယ္မျပတ္ခဲ့ေပမယ့္ ေခနဲ႔ေတြ့ၿပီးကတည္းက စကားမေျပာျဖစ္ေတာ့။
ေခ့နည္းတူ ပယင္းသည္လည္း လိုခ်င္တာရခဲ့သၫ့္မိန္းကေလး၊
သို႔ေသာ္ ပယင္းက Bangkokလူကံုထံအသိုင္းအဝိုင္းမွာ ႀကီးျပင္းလာသူပီပီ လိုခ်င္ရခ်င္တာတစ္ခုမွလဲြ၍ က်န္တာေခါင္းထဲမရိွမွန္း သူသိသည္။
ေက်ာ္ဇင္ေျပာသလို ေခ့ကို ထိပါးေနွာက္ယွက္လာမည္မွာကလည္း အေသအခ်ာ။
"အဲ့ဒါကို မင္းႀကိဳၿပီးစဥ္းစားထား"
"ေအးပါ ေက်းဇူး"
ဖုန္းကိုခ်ပစ္လိုက္ကာ ေခ့ဆီလွမ္းၾကၫ့္ေတာ့ ေခက သူရပ္ၾကၫ့္မွန္းသိသြား၍လားမသိ၊ သူရိွသၫ့္ဘက္ကိုေက်ာေပးၿပီး စာကိုဆက္လုပ္ေန၏။
ဘာပဲျဖစ္ျဖစ္ ေခရယ္ေနတာ၊ ႃပံုးေနတာေလးေတြကို ဒီေန့ေတြ့လိုက္ရသည္မို႔ သူ ေက်နပ္မိသည္သာ။
▪▪▪⏳⏳⏳▪▪▪
"Babyေလး အဆင္ေျပလားေနရတာ"
"ေျပတယ္ဒက္ဒီ ေမေမက ေခ့ကိုဂရုစိုက္တယ္"
Advertisement
"ဟုတ္လား ေပ်ာ္ေနတယ္ေပါ့"
"ဒက္ဒီနဲ႔ေနရတုန္းကေလာက္ ဘယ္ေပ်ာ္မလဲ ႀကီးေမေရာဟင္ ေခ အရမ္းလြမ္းတာပဲ ႀကီးေမဆီေျပာေပးပါဦး ေခ့ဆီဖုန္းဆက္ဖို႔"
"ဒက္ဒီေျပာလိုက္မယ္ babyေလးတို႔အဆင္ေျပရင္ အဲ့ဒီမွာေခၚထားလိုက္ပါလား မဟုတ္လည္းျပင္ဦးလြင္မွာ ဘာရိွလို႔လဲ"
"အာ့ဆို ႀကီးေမက ေနခ်င္တယ္ဆိုရင္ ေခ ေခၚလိုက္ေတာ့မယ္ေနာ္ ဒက္ဒီ"
"သေဘာပါဗ်ာ"
"ဒါဆိုႀကီးေမဆီဖုန္းဆက္လိုက္ဦးမယ္"
ေခေပ်ာ္သြားမိကာ ဖုန္းခ်ရင္းေမေမ့ဆီအရင္ေျပးရေသးသည္။
အိမ္မွာက ေမေမကအသက္အႀကီးဆံုးမို႔ ေမေမ့ကိုပဲအစစအရာရာတိုင္ပင္ရမည္မလား။
ဟိုပုဂၢိုလ္ကေတာ့ တစ္အိမ္လံုးမွာအာဏာပါဝါအရိွဆံုးျဖစ္ေပမယ့္ ေခ့ကိုဘက္တိုက္ေသာစကားသာထြက္လာမည္မို႔ အေရးလုပ္ၿပီးမေျပာခ်င္။
"ေခၚလိုက္ေလ သမီးေလးလည္း အေဖာ္ရတာေပါ့ ေမေမတို႔ခရီးထြက္ရင္လည္း မသီအေဖာ္ရတာေပါ့"
ထိုခြင့္ျပဳခ်က္ျဖင့္ ေခ ႀကီးေမကိုဖုန္းဆက္ကာ အျမန္ဆံုးလာေနဖို႔ေခၚလိုက္သည္။
ႀကီးေမကလည္း ေခ့ကိုလြမ္းေနသည္မို႔ ေနာက္ရက္ခ်က္ခ်င္းလာမၫ့္အေၾကာင္းေျပာေတာ့ ေခ့မွာ ထခုန္မိမတတ္ေပ်ာ္သြားမိသည္။
"ေခေခ မင္းေစရဲ့ဧၫ့္သည္တဲ့ သြားေတြ့လိုက္ဦးေနာ္"
မင္းေစရာအိမ္မွာမရိွတာမို႔ ဘယ္ကဧၫ့္သည္လဲဟုေတြးကာ အိမ္ေရ႔ွကိုထြက္လာေတာ့ အမိုက္စားၿပိဳင္ကားတစ္စီးက အိမ္ေရ႔ွလမ္းမွာရပ္ထားသည္။
ထိုကားေလးေဘးမွာ အနီရဲရဲကိုယ္က်ပ္ဝတ္စံုျဖင့္ လက္ရာေျမာက္စြာျပင္ဆင္ထားသၫ့္ မ်က္ႏွာတစ္ခု။
"ေမာင္ မရိွဘူးလား"
ေမာင္ဆို၍ ေခမ်က္ခံုးေလးတြန႔္ကာ ဘယ္သူမ်ားလဲဟု ေတြးၿပီးမွ မင္းေစရာေပြရႈပ္တတ္မွန္းသတိရၿပီး သူ႔ဆီလာသၫ့္ဧၫ့္သည္ဟာ သူ႔ရည္းစားမ်ားလားဟု ေတြးမိသြားသည္။
"သူ အျပင္သြားတယ္"
"ခေရဝိုင္"
ေခ့နာမည္ကိုသိေနသလို ပီပီသသႀကီးေခၚေတာ့ ေခ နည္းနည္းစိတ္ရႈပ္သြားမိသည္။
"ကိုယ္က မင္းနဲ႔ေတြ့ခ်င္လို႔လာတာလည္းပါတယ္"
"ဘယ္လို"
"ေမာင့္လိုလူက လက္ထပ္ယူထားတယ္ဆိုေတာ့ မင္းကဘယ္ေလာက္မ်ားလွေန ေတာ္ေနသလဲလို႔"
ေခ ႏႈတ္ခမ္းေလးကိုမဲ့ပစ္ရင္း ဒီလူ႔ရဲ့စန္းကလည္း မေသးပါလားဟု ေတြးမိသည္။
သို႔ေသာ္ သူ႔ရဲ့စန္းက ပီယတို႔လိုမာနႀကီးႀကီးျဖင့္ ေနခဲ့ေသာစန္းမ်ိဳးမဟုတ္ဘဲ ထင္သလိုေပြရႈပ္ေပ်ာ္ပါးၿပီးမွ ျဖစ္လာတဲ့အရာ။
မင္းေစရာဆိုတာ ဘယ္ေနရာမွအထင္ႀကီးစရာမရိွတဲ့ေယာက်ာ္း...
"အခုေတြ့သြားၿပီလား"
"ေတြ့ပါၿပီ လွတဲ့မိန္းကေလးေတြ Sexyဆန္တာေတြနဲ႔တစ္ခ်ိန္လံုးတဲြခဲ့ၿပီး မင္းကိုမွဘာလို႔ေရြးသြားသလဲမသိဘူး ဘာပဲျဖစ္ျဖစ္ ေမာင့္ရဲ့အႀကိဳက္က ထူးဆန္းသားပဲ"
ထိုအမ်ိဳးသမီးက မ်က္မွန္ကိုခၽြတ္ရင္း ဂါဝန္ကားကားေလးႏွင့္ ေခ့ကိုေခါင္းအစေျခအဆံုးၾကၫ့္ၿပီး စိတ္ပ်က္သလိုေခါင္းခါသည္။
Sexyဆန္တဲ့မိန္းမေတြကို ထည္လဲတဲြခဲ့တဲ့လူက ေခ့လိုမျဖစ္ညစ္က်ယ္ေလာက္ကို ယူထားလိမ့္မယ္လို႔ ဘယ္သူကထင္မလဲ။
ခု ေခ့ေရ႔ွကမိန္းမေတာင္ ေခ့ထက္ပိုလွကာ ၫွို႔အားျပင္းေသာ Sexyက်က်အလွတရားေတျြဖင့္...
"ေမာင္ ဘယ္အခ်ိန္ျပန္ေရာက္မလဲ"
"မသိဘူး ရွင္ဖုန္းဆက္ခ်င္ဆက္ၾကၫ့္ေလ"
"သူက ဒီကိုလာခဲ့ဖို႔ေခၚၿပီးမရိွတာ စိတ္ညစ္စရာေတာ့ေကာင္းသား ဒါဆိုကိုယ္ျပန္ေတာ့မယ္ မင္းကိုၾကၫ့္ရတာလည္း ႀကိဳဆိုခ်င္တဲ့ပံုမေပၚပါဘူး"
ေခ ႏႈတ္ခမ္းေလးတြန႔္ရံုႃပံုးၿပီး ေခါင္းေလးညိတ္ရံုသာ ညိတ္ျပလိုက္သည္။
ဒီလိုလူက ဘယ္ေလာက္ေတာင္မက္ေမာစရာေကာင္းေနလို႔ ဒီမိန္းမကအသည္းအသန္ျဖစ္ေနတာလဲ။
သူ႔မွာလည္း ခ်စ္သူရည္းစားရိွရဲ့သားနဲ႔ ေခ့ကိုမွ မရမကယူထားျခင္းသည္ ေခနဲ႔ပီယကို ဒုကၡေပးခ်င္ရံုသပ္သပ္သာ ဟူေသာ အေတြးေတြလည္း ပိုၿပီးခိုင္မာသြားသည္။
▪▪▪⏳⏳⏳▪▪▪
"ေမာင့္အိမ္ကျပန္လာတာ"
မ်က္ႏွာတည္တည္ျဖင့္ ေျပာလာသၫ့္ ပယင္းစကားေၾကာင့္ သူေတာ္ေတာ္စိတ္ရႈပ္သြားသည္။
ပယင္းက သူ႔အိမ္ကိုဘယ္လိုသိသြားသလဲဆိုတာ ေတြးၾကၫ့္ဖို႔မခက္ေပမယ့္ အိမ္မွာ ေခ ရိွေနခဲ့သည္။
ေခနဲ႔ေတြ့မွာအမွန္ပဲမို႔ နဂိုကတည္းက အျမင္မၾကည္သၫ့္ေခက ပိုၿပီးေတာ့ေတာင္ ဆိုးလာႏိုင္ေသးသည္။
"အိမ္ကိုသြားေတာ့ဘယ္သူနဲ႔ေတြ့မွာမို႔လဲ မင္းေတြ့ခ်င္တာက ငါ့ကိုလား သူ႔ကိုလား"
"ႏွစ္ေယာက္လံုးကိုပဲေလ ေမာင္လက္ထပ္ရေလာက္တဲ့အထိ ဘယ္ေလာက္ေတာင္လွေနလို႔လဲလို႔ ကိုယ္တိုင္သြားၾကၫ့္တာ ေမာင္ရယ္ ပယင္းကိုေက်ာ္ၿပီး"
"ပယင္း မင္းစကားေတြနားေထာင္ဖို႔ ငါမအားေသးဘူး"
"အဲ့ဒါဆို စကားဆက္ေျပာရဖို႔ ေမာင့္အိမ္ကေနသြားေစာင့္ရမွာလား"
သူ စိတ္ပ်က္လက္ပ်က္ျဖစ္သြားကာ ကၽြတ္ခနဲစုပ္သပ္လိုက္ၿပီး ပယင္းကိုျပန္ၾကၫ့္မိသည္။
အၿမဲလို လွပေနတတ္သၫ့္ပယင္းက Bangkokမွာရိွခဲ့စဥ္ကလို လွေနဆဲ။
လိမၼော္ေရာင္ေျပျပေလးခ်ယ္ထားသၫ့္ မ်က္ႏွာေလးက ဝင္းႏွစ္ေနေပမယ့္ ေခ့ကိုေတြ့လိုက္ရသလို သူ႔ရင္ထဲေအးခ်မ္းသြားတာမ်ိူး ျဖစ္မလာခဲ့။
စိုက္ၾကၫ့္ေနမိၿပီးမွ မ်က္ႏွာျပန္လႊဲပစ္လိုက္သည္။
ပယင္း ဘယ္ေလာက္လွေနေန၊ ခေရဝိုင္ မဟုတ္...
"အိမ္မွာသြားေစာင့္ေတာ့ေရာ မင္းအတြက္ဘာထူးျခားသြားမွာလဲ မင္းနဲ႔ငါ အဆက္အသြယ္ျပတ္တာၾကာၿပီပဲ"
"၃လပဲရိွပါေသးတယ္"
"အဲ့ေလာက္ဆို မင္းသိလိုက္ေတာ့ေလ ဘာလို႔လိုက္လာေသးတာလဲ"
"ေမာင္ အရင္ကအသစ္ေလးေတြ ေတြ့ရင္လည္း ပယင္းခုလိုေနခဲ့ရတာပဲ မိန္းမရသြားတယ္ဆိုတာလည္း ေကာင္မေလးေတြနဲ႔ ခရီးအတူထြက္တာေလာက္ပဲရိွတာေလ အရမ္းႀကီးက်ယ္သြားတာေတာ့ မေကာင္းဘူးေနာ္ေမာင္ ပယင္းက ေမာင့္အေပၚအရမ္းနားလည္ေပးခဲ့တာ"
လိုခ်င္တာရိွရင္ မရမကရယူတတ္သၫ့္ ပယင္းအက်င့္က အခုထက္ထိမေပ်ာက္ေသး။
ေတြ့ခ်င္ေၾကာင္းတဂ်ီဂ်ီဖုန္းဆက္ၿပီး ေဖေဖ့ဆိုင္အထိလိုက္လာသည္။
ေတြ့ျပန္ေတာ့က်လည္း ေမာင္ဆိုတာက မပါမျဖစ္။
ေျပာေနရသၫ့္အေၾကာင္းအရင္းကလည္း မိန္းမယူၿပီးတာေတာင္ အဆက္အသြယ္ဆက္လုပ္ရမၫ့္အျဖစ္မ်ိဳး။
"မင္းနားလည္တယ္ဆိုရင္ ဆက္နားလည္ေပးလိုက္ပါ ငါအိမ္ေထာင္က်ေနၿပီ"
"ေကာင္မေလးတစ္ေယာက္နဲ႔ အတူရိွေနတာလို႔ေျပာစမ္းပါ ေမာင္က အိမ္ေထာင္ကို ေထာင္တစ္ခုလိုျမင္ခဲ့တာမလား ဒါေၾကာင့္မို႔လည္း ပယင္းတို႔လက္ထပ္ဖို႔ေျပာတိုင္း ေမာင္အေၾကာင္းအမ်ိဳးမ်ိဳးျပၿပီးေရွာင္ခဲ့တာပဲ"
တကယ္ေရွာင္ခဲ့တုန္းက ေခါင္းစဥ္ေတြအေၾကာင္းပါလာေတာ့ သူ မ်က္ေမွာင္ကုတ္သြားမိသည္။
တဲြခဲ့ဖူးေသာမိန္းကေလးေျမာက္ျမားစြာထဲမွာ သူ႔ကိုရင္ခုန္ေအာင္လုပ္ႏိုင္သူမရိွခဲ့၍ လက္ထပ္ျခင္းကိုလည္း စိတ္မဝင္စားခဲ့။
ပယင္းကိုတဲြခဲ့တုန္းကလည္း အေပ်ာ္သက္သက္သာ။
အေပ်ာ္ဟုလည္း သူဝန္ခံခဲ့သည္။ ပယင္းကိုယ္တိုင္ကလည္း လက္ခံခဲ့ၿပီးမွ...
"စတဲြကတည္းက အေပ်ာ္ပဲလို႔ေျပာခဲ့တယ္မလား မင္းလည္းအဲ့လိုပဲေလ"
"ပယင္းဘက္က အဲ့လိုသေဘာမထားတာၾကာၿပီ လက္ထပ္ဖို႔ကိစၥေျပာကတည္းက စဥ္းစားၾကၫ့္ပါလား"
"ငါကမင္းကို အဲ့ေလာက္စိတ္ဝင္စားေနတာမွမဟုတ္ဘဲ"
"ေမာင္ မရဘူးေနာ္ ပယင္းအေလ်ွာ့မေပးႏိုင္ဘူး ပယင္း ေမာင္နဲ႔လက္ထပ္မယ္"
ဇြတ္တရြတ္ေျပာေနသၫ့္ ပယင္းစကားေၾကာင့္ သူ ေဒါသျဖစ္လာရင္း ကိုင္ထားသၫ့္ဖိုင္ေတြကို စားပဲြေပၚပစ္ခ်လိုက္သည္။
ပယင္းက သူ႔မ်က္ႏွာကိုနားမလည္သလိုၾကၫ့္ေနကာ...
"ဘာကိုစိတ္ညစ္ေနတာလဲ နံပါတ္စဥ္အရဆို သူကေတာင္ ေနာက္ကိုေရာက္ေသးတယ္"
"အခုက နံပါတ္တပ္ေနတာမွမဟုတ္ဘဲ မင္းနားမလည္သလိုလုပ္မေနနဲ႔ ပယင္း"
"မသိဘူး ေမာင္ ပယင္းကိုလက္မထပ္ဘူးဆိုရင္ ပယင္း ဒီအတိုင္းၿငိမ္ေနမွာမဟုတ္ဘူးေနာ္"
"သိတယ္ မင္းအဲ့ဒီစကားကိုပဲ ေျပာမယ္ဆိုတာသိတယ္ မင္းၿငိမ္မေနခ်င္လည္း တစ္ခုခုလုပ္ကြာ ႀကိဳက္သလိုသာလုပ္လိုက္ ငါကလက္ထပ္ၿပီးသားလူ ၿပီးေတာ့ တစ္ခါပဲလက္ထပ္မယ္"
"ေမာင္ ၿပီးမွေနာင္တမရနဲ႔"
ပယင္း စကားအျဖစ္ေျပာေနတာမဟုတ္မွန္း သူသိသည္။
ေခ့ကိုမ်ားထိခိုက္ေနမလားဟု စိုးရိမ္စိတ္တစ္ခ်က္ဝင္သြားမိေပမယ့္ သူက ထိုသို႔ေတြေဝေၾကာက္ရြံ႔ေနခ်င္သူမဟုတ္။
အထူးသျဖင့္ သူ ရႈပ္ခဲ့သၫ့္အရႈပ္ထုတ္ေတြကို ကိုယ္တိုင္ေျဖရွင္းခ်င္သည္။
"ေမာင္ ပယင္းေျပာေနတာၾကားရဲ့လား"
"ငါလည္းေျပာၿပီးၿပီေလ ႀကိဳက္သလိုသာလုပ္လိုက္"
"ေမာင္"
"မင္း ျပန္ေတာ့"
ပယင္းမ်က္ႏွာေလးတင္းခနဲျဖစ္သြားသည္။
သူ ပယင္းကိုတစ္ခါမွထိုသို႔ႏွင္မထုတ္ခဲ့ဖူး၍ ပယင္းပိုစိတ္ဆိုးသြားမွာေသခ်ာသည္။
သို႔ေပမယ့္ ဒါကိုသူ ဂရုမစိုက္ခ်င္။
အေၾကာင္းျပခ်က္အမ်ိဳးမ်ိဳးျဖင့္ သူ႔ရင္ကို အခံရခက္ေအာင္လုပ္တတ္သၫ့္ေခ့မွာ ေနာက္ထပ္အေၾကာင္းျပခ်က္တစ္ခု ထပ္တိုးသြားမည္ကိုသာေတြးၿပီး စိတ္ရႈပ္သြားမိသည္။
ဘယ္လိုစကားေတြနဲ႔ သူမ စိမ္းကားေနဦးမွာလဲမသိ.....
▪▪▪⏳⏳⏳▪▪▪
Part 21 ဆက္ရန္
စာဖတ္သူတစ္ဦးခ်င္းစီကိုေလးစားလ်က္
#shinthant1141997
Advertisement
- In Serial935 Chapters
Dual Cultivation
Su Yang is a powerful Dual Cultivator who was imprisoned after he offended the Heavenly Emperor.
8 213 - In Serial7 Chapters
The Black Sheep
Sophia has just learned that the visions she's had since she was a child are not only true, but they may fortell the end of humankind. Joining up with a rag-tag team of warriors, mages, and their enigmatic leader, Joshua, Sophia must learn to hone her power to help defend humanity against the impending Darkness.
8 158 - In Serial32 Chapters
Shaking the world
Crossing from one universe to another should be an exciting adventure right? Well for Daelos it's nothing but a bother. Losing his hi-tech lifestyle and having to a adapt to a magical fantasy world is only the start of his problems.
8 78 - In Serial14 Chapters
The Undead King’s Chronicle
The hero, sage and saintess after saving the world from the threat of the demon king are betrayed by their party members, their nations and the their gods.Two years after their deaths and strange things begin to happen, the sudden increase in demons,entire armies vanishing,important people dying left and right. This was only just the beginning as the dead do not stay silent for too long.
8 176 - In Serial18 Chapters
The 14th and 19th member
Goes along with The 19th member. Book 2 of The 19th member and a comeback of her being a Seventeen member. What will go on in this story? highest rankings: #12 in performanceunit
8 113 - In Serial39 Chapters
His Butterfly
BULLETS AND BROKEN HEARTS #1Richard Black had his eyes and heart only for his girlfriend Amara Wesley. They were what people called made for each other. Everyone knew they were to get married, have kids, enjoy their old age with each other. Richard had everything a man could wish in a relationship but he haven't told Amara he is the second son of the Mafia King Henry Black. Afterall he wasn't the heir, he was just the second son who lived two cities away from his father and his men. He just wanted to have a future with his Amara.But Fate had other ideas, an unexpected incident changes everything the Blacks have ever imagined.Richard have to leave his previous life behind along with his sunshine, Amara leaving the latter heartbroken and shattered.Now, four years later, destiny again strikes its magic bringing both Richard and Amara in front of each other, him being the cold, stone-hearted Mafia King and her being the same girls but with a broken heart.Join in the rollercoaster ride of happiness, love, tears, some snakes in human skin , fear and more importantly what we call destiny......................................................................................................................................Please give a chance to my story and your love to my writing. Constructive criticism is appreciated. This is the first book of the series Bullets and Broken Hearts.Yours, Ira 🦋
8 163

