《အချစ်ဝိုင် ( Complete )》Part 19
Advertisement
အချစ်ဝိုင် ( part - 19 )
▪▪▪▪▪▪▪▪▪▪
မနေ့ကကျော်ပီယလာသွားသည်ကို အခုမှသိလိုက်ရ၍ မကျေမနပ်ဖြစ်သွားပေမယ့် ရေသောက်ပြီးအခန်းထဲရောက်ရုံသာရှိသေး။
"ဒါကဘာလဲ"
ဖြစ်သလိုစုပုံထားသည့်အိတ်တွေနဲ့အတူ ဖိတ်စာတစ်စောင်။
မနေ့က သူပြန်ရောက်တော့ ခေက laptopထဲvideoရှာနေသည့်ကိစ္စဖြင့် ဒီအိတ်တွေကိုမြင်ပေမယ့် ဖိတ်စာကိုတော့မမြင်မိ။
အခုမှမြင်မိသည့် ထိုဖိတ်စာကိုကောက်ယူကြည့်မိတော့ ဒေါသကြောင့် သူ တဆတ်ဆတ်တုန်လာပြီး ဖိတ်စာလေးကို အစိပ်စိပ်အမွှာမွှာဖြစ်သည်အထိ ဆုတ်ဖြဲပစ်လိုက်သည်။
ကျော်ပီယနဲ့မခရဲ့ဖိတ်စာဖြစ်ပေမယ့် ဒီလိုနာမည်ရေးဖို့က သူမရဲ့အကြံအစည်ပါကိုပါရမည်မို့ သူမကို ခံပြင်းသွားသည်။
ထိုအချိန်ရေချိုးခန်းထဲက သဘက်အင်္ကျီအဖြူဖြင့် ဆံပင်တွေကိုရေသုတ်ရင်း ထွက်လာသည့်သူမက တစ်ချက်သာလှမ်းကြည့်ပြီး မှန်ရှေ့မှာထိုင်လိုက်သည်။
"မင်း တော်တော်မှ ပျော်ရဲ့လား"
သူ့စကားကြောင့် ခေက ဆံပင်အဖျားလေးတွေကို သဘက်နှင့်သုတ်နေရင်း ပြုံးသည်။
မှန်ထဲကမြင်လိုက်ရသည့်ထိုအပြုံးသည် ဒဏ်ရာဖြင့်မပြေးနိုင်တော့သည့်သားကောင်ကို တွေ့လိုက်သော မုဆိုးတစ်ယောက်၏အပြုံးလို သွေးအေးနေသည်ဟု သူထင်မိသည်။
"ရှင်နဲ့ဘာမှမဖြစ်ခင်ကတည်းက အဲ့ဒီအတိုင်းရိုက်ဖို့ရှိတာလေ အခုမှပြောင်းလဲသွားတာမှမဟုတ်ဘဲ aww ဟုတ်သားပဲ တကယ်ဆို မင်းစေရာနဲ့ခရေဝိုင်ဆိုပြီး ပါရမှာနော"
သူမ ပြောနေရင်းသဘောကျစွာရယ်နေပြန်တော့ ထိုရယ်သံတွေက သူ့ကိုပိုပြီးဒေါသဖြစ်စေသည်။
သို့သော် သူ ဒေါသဖြစ်၊ စိတ်တိုနေ၍ ခေသဘောကျပြီးရယ်နေသည်မို့ တစ်ဖက်မှာလည်းကျေနပ်ရသေးသည်။
"OKပါ နာမည်ချင်းကပ်နေမှ အတူရှိတာမဟုတ်ပါဘူး မဟုတ်လည်း မင်းကငါ့မိန်းမအဖြစ်ရှိနေတုန်းပဲ ငါနဲ့တစ်ခန်းတည်းနေရတုန်းပဲ"
သူမ အပြုံးတွေရပ်သွားကာ သူ့နဲ့မျက်နှာချင်းဆိုင်လှည့်လာပြီး ခြေချင်းချိတ်ထိုင်လိုက်သည်။
"အဲ့ဒါကအခိုက်အတံ့ပါ ခရေဝိုင့်ဘဝက စားပြီးသားသကြားလုံးလေး သဲထဲပြုတ်ကျသလိုဖြစ်ခဲ့ရင်တောင် ဟဲ့ လို့ တစ်ခွန်းငေါက်မယ့်သူမရှိဘူး ကျန်နေခဲ့တဲ့အတိုင်း ဆက်ရှိသွားမှာပဲ"
သူ့ရင်ထဲ နင့်ခနဲဖြစ်သွားမိသည်။
သူမကို သကြားလုံးလောက်တောင် တန်ဖိုးမထားစွာရယူခဲ့သည်ဟု ပြောလိုက်ခြင်းဖြစ်သလို တကယ်လည်း ခေပြောသလိုငေါက်ငမ်းမယ့်သူရှိမှာမဟုတ်။
သူ့ဆီကထွက်သွားသည့်နေ့မှာ ခေ့အတွက် အရင်လိုပြန်ဖြစ်သွားရုံမက သူနဲ့ပတ်သတ်ခဲ့သမျှကို အိမ်မက်ဆိုးတစ်ခုလို သဘောထားနိုင်အောင်လည်း သူမက ပြတ်သားနိုင်သူ။
"မင်းက သကြားလုံးဖြစ်ခဲ့ရင်တောင် ငါ ဘယ်တော့မှလွှတ်မချဘူး ခရေဝိုင် ဘာဖြစ်လို့လဲသိလား"
"ရှင် ပီယကိုမုန်းနေလို့ပေါ့"
ခေ့ရဲ့စကားက ရှေ့ဆက်မည့်သူ့စကားတွေကို ပိတ်ပစ်လိုက်သလို။
မင်းကိုချစ်တယ် လို့ပြောဖို့ကြိုးစားချိန်တိုင်း ဘာလို့ဒါမျိုးတွေဖြစ်နေရသလဲ။
ရင်ထဲမှာဆူဝေလာသည့်ဒေါသတွေကြောင့် အရွဲ့တိုက်ချင်သည့်ဉာဥ်ဆိုးလေးကလည်း ခေါင်းထောင်လာကာ သူ မျက်လုံးတွေဖိမှိတ်လိုက်ပြီး နှုတ်ခမ်းပေါ်အပြုံးတစ်ခုတင်လိုက်သည်။
"အဲ့ဒီတစ်ယောက်ပဲမကဘူး မင်းလည်းပါတယ် ခရေဝိုင် မင်းကပိုဆိုးတယ် မင်းအပေါ်ယုံကြည်ပြီး မခနဲ့စိတ်ချလက်ချလွှတ်ထားခဲ့မိတာ ဒီလောက်မုန်းဖို့ကောင်းတဲ့အကျင့်ရှိတဲ့မင်းကို လွယ်လွယ်လေးနဲ့လွှတ်ချစရာလား"
သူမ မျက်နှာလေးမသိမသာတင်းသွားသည်။
အောက်နှုတ်ခမ်းလေးကိုဖိကိုက်ရင်း မှန်ဘက်ပြန်လှည့်သွားပြီး ရေစိုနေဆဲဆံပင်တွေကို ဆက်သုတ်နေ၏။
သူက ဒရိုင်ယာကိုယူပြီးကြိုးတပ်လိုက်ကာ သူမဆံပင်တွေခြောက်အောင် လုပ်ပေးသည့်အခါ ခေငြိမ်နေသည်။
ဆံပင်လေးတွေခြောက်သွားတော့ ခေသုံးနေကျ hair coatကို လက်ဖဝါးထဲထည့်ပြီး ဆံပင်တွေကို လိမ်းပေးတော့လည်း ခေက အသက်မရှိသလိုထိုင်နေဆဲ။
မိန်းကလေးတစ်ယောက်ကို ဆံပင်ရေသုတ်ပေးဖို့၊ ခေါင်းဖြီးပေးဖို့ဆိုတာ သူ့ခေါင်းထဲမှာမရှိခဲ့ပေမယ့် ခေ့ကိုတော့ သူ လုပ်ပေးချင်ခဲ့သည်။
တကယ်လည်း သူမဆံပင်တွေကို စိတ်ကူးထဲကအတိုင်း ထိကိုင်ခွင့်ရနေပြီမို့ ကြိတ်ပျော်နေကာ သူ ဘာမှမပြောဖြစ်ဘဲ brushကိုယူပြီး အစိမ်းရောင်ဆံပင်လေးတွေကို တယုတယဖြီးသင်ပေးမိသည်။
"မင်းက ဆံပင်ထူသားပဲ ဒီလောက်ထူမယ်လို့မထင်ထားဘူး"
ခေ့အကြည့်တွေ သူ့ဆီရောက်လာပေမယ့် စကားသံတော့ထွက်မလာ။
ထိုအကြည့်၊ ထိုတိတ်ဆိတ်မှုတွေကို သူ မခံစားနိုင်သလိုဖြစ်မိသည်။
သူမက ပေါ့ပါးလွတ်လပ်ခဲ့သည့်မိန်းကလေး။
အရင်က မခတို့နှင့်အတူရှိနေတုန်းကလို ပျော်ရွှင်ရယ်မောသံတွေ၊ ဆူညံစွာစကားပြောရန်တွေ့တတ်တာတွေ သူလိုချင်မိသည်။
သူ့အပေါ်မှာ ထိုသို့ဆိုးစေချင်သည်။
မျက်စောင်းလေးတွေ၊ ရန်စကားတွေပြောစေချင်သည်။
သို့သော်•••
"အဝတ်အစားလဲတော့ မင်းဖျားရင် အလုပ်ရှုပ်တယ်"
▪▪▪⏳⏳⏳▪▪▪
"ခေ ခရေဝိုင်"
အာလေးလျှာလေးထွက်လာသည့်အသံကြီးကြောင့် ခေ လန့်သွားမိပေမယ့် တံခါးမဖွင့်ဘဲပစ်ထားဖို့စိတ်ကူးမိသေးသည်။
သို့သော် ဖွင့်မပေးလျှင်လည်း တစ်အိမ်လုံးနိုးတေ့ာမှာမို့ ဂါဝန်လေးကိုကြိုးချည်ပြီး တံခါးထဖွင့်ပေးလိုက်သည်။
"အား!!! မွှေးပျံ့နေတာပဲကွာ ငါ့မိန်းမက ညအိပ်တာတောင် မွှေးပျံ့နေမှအိပ်တတ်တာလားမသိဘူး"
ဒယိမ်းဒယိုင်ဖြင့် အခန်းထဲဝင်လာမှန်းသိပေမယ့် ခေ သွားမတွဲဘဲ ပစ်ထားလိုက်သည်။
သူက ပါးစပ်ကဘာတွေလဲမသိပြောရင်း အိပ်ယာပေါ်ကားယားကြီးလှဲချကာ ရင်ဘတ်ကကြယ်သီးတွေကိုဖြုတ်ပစ်နေ၏။
သူ့ကိုအဝတ်အစားလဲပေးဖို့သတိရပေမယ့် ထိုသို့တောင် ပြုစုမပေးချင်သည်နှင့် ပစ်ထားလိုက်ပြီး ခေါင်းအုံးသွားယူကာ ဆိုဖာပေါ်မှာပဲ အိပ်လိုက်သည်။
"ခေ မင်းဘယ်ရောက်နေတာလဲ ငါ့အနားလာမနေဘဲနဲ့"
သူ့ရဲ့အသံက ကယောင်ကတမ်းလိုဖြစ်နေ၍ မဲ့ရွဲ့ပစ်ရင်း ဆိုဖာပေါ်မှာပဲ ခေ တဖြည်းဖြည်းအိပ်ပျော်သွားခဲ့သည်။
ဘယ်လောက်ကြာသွားလဲမသိဘဲ ခေခေါင်းမြီးခြုံထားသည့်စောင်ကိုဆွဲဖယ်ပစ်တော့မှ ခေ နိုးလာခဲ့ကာ...
"မင်းက အဲ့လိုလား"
သူက ခေ့ကိုမကျေမနပ်ငုံ့ကြည့်ပြီး ခေအိပ်နေသည့်ဆိုဖာပေါ် မရမကဝင်အိပ်တော့ ခေအိပ်ချင်မူးတူးဖြင့် ထထိုင်လိုက်သည်။
"ရှင် ဘာလုပ်တာလဲ"
"အိပ်မလို့လေ"
"ကိုယ့်ဘာသာ ဟိုအပေါ်သွားအိပ်ပါလား"
"တစ်ယောက်တည်းမအိပ်ချင်လို့"
ခေ ဒေါသဖြစ်သွားမိပေမယ့် သူကတော့အလျှော့ပေးမည့်ပုံမပေါ်ဘဲ ခေ့ကိုအိပ်မရအောင် ဆက်နှောက်ယှက်နေဦးမှာမို့ ခေါင်းအုံးကိုပြန်ယူပြီး အိပ်ယာဘက်ပြန်လာခဲ့သည်။
ထိုအခါမှ သူလည်းပြန်ထလိုက်လာပြီး ကျောပေးထားသည့်ခေ့ကိုယ်လေးကိုဆွဲယူသည်။
အရက်တွေသောက်လာပေမယ့် ခါတိုင်းရနေကျ ရေမွှေးနံ့သည်လည်း ပျောက်ပျက်မသွားဘဲ သင်းသင်းလေးရှိနေဆဲ။
"ရှင် ဖယ်စမ်းပါ"
လည်ပင်းကိုနမ်းလိုက်၊ ပခုံးတွေကိုနမ်းလိုက်ဖြင့် ငြိမ်ငြိမ်မနေဘဲလိုက်နမ်းနေတော့ ခေ ဒေါသဖြစ်လာကာ တံတောင်နှင့်တွက်ပစ်လိုက်သည်။
ထိုအခါမှ ပိုဆိုးလာသည့်သူက ခေ့အပေါ်ကစီးမိုးကာ အနမ်းကြမ်းတွေချွေချရင်း ခေမုန်းသောအထိအတွေ့တွေဖြင့် ထပ်အနိုင်ကျင့်ပြန်သည်။
သူစိတ်ပါလာတိုင်းအနိုင်ကျင့်တတ်ကာ ဘယ်လောက်ငြင်းငြင်းရုန်းထွက်မရ။
သူပြောခဲ့ဖူးသလို ခေသည် သူ့လက်ထဲမှာပဲ အကြိမ်ကြိမ်သေဆုံးခဲ့ရသည်လား။
"ပြီးပြီမလား ဖယ်တော့"
အဝတ်အစားမပါဘဲ ပူးကပ်နေရသည့်အဖြစ်ကို မုန်းလွန်း၍ ဂါဝန်ပြန်ဝတ်ဖို့ပြင်တော့ သူက ခေ့လက်တွေကို ဖမ်းချုပ်ကာ...
"ငြိမ်ငြိမ်နေ ငါအိပ်ချင်နေပြီ မဟုတ်ရင် မင်းကို တစ်ညလုံးပေးမအိပ်ဘူး"
Advertisement
သူ့စကားကြောင့် ခေ ငြိမ်သွား၍ ကြိတ်ကျေနပ်သွားရင်း ဖက်လုံးလေးလိုသဘောထားပြီး တင်းတင်းလေးဖက်ထားလိုက်သည်။
ကျောပေးကာငြိမ်သွားသည့်သူမက အိပ်ပျော်သွားတာလားမသိပေမယ့် သူကတော့ ဆက်မအိပ်နိုင်ဘဲရန်ခုန်နေမိသည်။
သူမဆီကအသက်ရှုသံလေးကြားတော့မှ မျက်နှာချင်းဆိုင်ဖြစ်အောင် ဆွဲလှည့်ယူတော့ သူမက မနိုး။
ညမီးရောင်အောက်မှာ ဝင်းဖန့်နေသည့်မျက်နှာလေးကို တစိမ့်စိမ့်ကြည့်ရင်း ပါးလေးကိုဖွဖွလေးထိတို့မိသည်။
သူ ထင်ထားသည်ထက် ပိုပြီးနုထွေးဖောင်းအိနေသည့်ပါးလေး။
သူမက အနည်းငယ်မျှသော နွေးထွေးမှုလေးတောင်မရှိသည့်အပြင် နာမည်ချင်းတောင် နီးစပ်မခံနိုင်သည့်ရက်စက်မှုမျိုးဖြင့် နေနိုင်သူ။
ရင်ထဲဆွေးသွားပြီး နှုတ်ခမ်းလေးကို ဖွဖွလေးငုံ့နမ်းလိုက်ကာ သူကျေနပ်လိုက်တော့ ခေ့ကိုယ်လေးကိုဖက်ထားရင်း အိပ်ပျော်သွားခဲ့သည်။
အိမ်မက်ထဲမှာတော့ သူမက ချစ်စဖွယ်မျက်စောင်းလေးတစ်ခုဖြင့် နှုတ်ခမ်းလေးစူကာ.....
"ရှင် သိပ်မုန်းဖို့ကောင်းတဲ့လူ" - တဲ့။
▪▪▪⏳⏳⏳▪▪▪
ပီယနဲ့မခရဲ့မင်္ဂလာပွဲနေ့မို့ ခေ မှန်ရှေ့မှာထိုင်ပြီးပြင်ဆင်နေမိရင်း စိတ်ကမပါ။
လူကြီးတွေလည်းရှိမည့်နေ့မို့ မင်းစေရာနဲ့တွဲသွားရမည့်အရေးကို စိတ်ထဲလေးနေမိကာ မင်းမှတ်ပြီလား ဆိုသည့် သူ့အကြည့်တွေကိုလည်း မမြင်ချင်။
"သမီးရေ ပြီးပြီလား"
မေမေက ချွေးမလို့သဘောထားခြင်းမဟုတ်ဘဲ သမီးတစ်ယောက်ရထားသလို အရိပ်တကြည့်ကြည့်ရှိ၍ တစ်ခါတစ်လေတော့လည်း ခေပျော်ရသည်။
ပီယယူလာပေးသော ခရမ်းရောင်နုနုဝတ်စုံဖြင့် ခေက ဆံပင်တွေကိုပွပွလေးထုံးထား၍ လူကြီးဆန်ဆန်လေးဖြစ်နေသည်။
သူသည်လည်း ရှပ်လက်ရှည်အဖြူရောင်ကို ခရမ်းရင့်ရောင်ပုဆိုးဖြင့် ရင့်ကျက်တည်ငြိမ်နေသူလိုဖြစ်သည်။
ဆင်တူဖြစ်နေသော အရောင်တွေကိုတစ်ချက်ကြည့်ရင်း ခေ စိတ်ညစ်စွာမျက်မှောင်ကုတ်တော့ သူက ရယ်လေသည်။
"လှတယ် မင်းနဲ့ခရမ်းရောင်နဲ့လိုက်တယ်"
ခေ မကြားချင်ယောင်ဆောင်လိုက်ကာ ကားအနောက်ခန်းမှာ အမေနဲ့အတူဝင်ထိုင်သည်။
ဧည့်ခံပွဲကိုရောက်တော့ မေမေတို့ပါ နောက်ကစီတန်းလိုက်ရမည်ဖြစ်၍ ခေက မခအလှပြင်သည့်အခန်းထဲဝင်လာခဲ့သည်။
မခက အဖြူရောင်ထိုင်မသိမ်းဖြင့် ယဥ်ယဥ်လေးလှနေပြီး မိတ်ကပ်အပြင်အဆင်ကြောင့် နည်းနည်းရုပ်ပြောင်းသလိုရှိ၏။
"ဟယ် ခေမ လှနေပါလား"
"နင်ကပိုလှနေတယ် သတို့သမီးလေး ကြည့်ပါဦး ပီယကံကောင်းလိုက်တာ"
"အံမယ် မြှောက်နေပြန်ပါပြီ နင်ဖို့ ငါနဲ့ပီယဝယ်လာတာ ကြိုက်မှကြိုက်ပါ့မလားလို့ စိတ်ပူနေတာ"
"ကြိုက်ပါတယ် နင် အဲ့နေ့ကဘာလို့လိုက်မလာတာလဲ ပီယတစ်ယောက်ပဲလာတာ"
"ငါ နင့်ကိုမျက်နှာပူလို့ပါ ခေရယ် ဒါ့ထက် နင်အဆင်ပြေရဲ့လား"
"ပြေပါတယ်"
"မေမေကရော ဂရုစိုက်တယ်မလား မေမေက သမီးတစ်ယောက်ရသလိုပဲလို့ပြောနေတာ"
"အင်း ဂရုစိုက်ပါတယ် ငါလည်းအမေနဲ့မနေဖူးတော့ နေရတာတမျိုးပဲ ငါအဆင်ပြေပါတယ် စိတ်မပူနဲ့"
သူမ မခနဲ့တွေ့တော့ အရင်ကလိုပျော်ပျော်ရွှင်ရွှင်ပြန်ပြီးစကားပြောဖြစ်သည်။
မခတို့လည်းစိတ်ပေါ့ပါးအောင်၊ ခေလည်း မှုံတေတေနှင့်နေရတာကြာပြီမို့ ရယ်ရယ်မောမောရှိနေတုန်း မင်းစေရာဝင်လာတာကိုမမြင်လိုက်။
"စာမေးပွဲကလည်း လာတော့မယ် မင်္ဂလာပွဲနဲ့အလုပ်ရှုပ်နေတာနဲ့တင် စာကလည်းဘာမှန်းလည်းမသိသေးဘူး ဒီနှစ်တော့ကျမယ်ထင်တယ်"
"ငါကတော့ ကျူရှင်ပြေးတက်မှာပဲ အကျမခံပါဘူး နင်တို့သာအတွဲလိုက်ကျ"
"ဒါမျိုးမိမိလက်မခံပါ ခေမ နင်သွားတက်လိုက်လေ ပြီးမှပြန်ပြောပေါ့"
"နင့်အစ်ကိုလူညစ်က ကျူရှင်လွှတ်မှာမဟုတ်ဘူးသိလား"
ပြောပြီးမှ မလုံမလဲဖြစ်သွားပြီး ဘေးဘီကိုဝေ့ကြည့်တော့မှ မင်းစေရာကိုတွေ့လိုက်ခြင်းဖြစ်သည်။
ခေ စကားရပ်သွားတော့ မခကလည်း မော့ကြည့်လာရင်း မင်းစေရာကိုတွေ့သွားသည်။
"အင်း အတင်းပြောလို့ကောင်းကြရဲ့လား"
"ကိုမင်းနော် ဘယ်သူကအတင်းအုပ်လို့လဲ မခတို့ကသူစိမ်းလည်းမဟုတ်ဘဲနဲ့"
ထိုအချိန်ပီယရောက်လာ၍ ခေ မခကိုနှုတ်ဆက်ကာ ပီယကိုလက်ပြပြီး မိတ်ကပ်ခန်းထဲကထွက်ခဲ့တော့ မင်းစေရာက နောက်ကပါလာသည်။
"မင်းက ငါမရှိတဲ့အချိန်ဆို တော်တော်ပျော်ပုံပဲ"
"ဟုတ်တယ်"
"ဒီပွဲမှာလည်း မင်းရည်းစားဟောင်းနဲ့ တွေ့ချင်တွေ့နေမှာနော်"
"အဲ့ဒါကြောင့်ပဲ ခေ ခုလိုပြင်ဆင်လာတာလေ ရှင် ခေ့ကိုစွဲနေတာတွေကုန်သွားလို့ ကွာရှင်းတဲ့နေ့ကျရင် သူနဲ့လက်ထပ်ဖို့ အဆင်သင့်ဖြစ်နေအောင်လို့"
ခေ မျက်နှာလေးကိုမော့ကာ ရွဲ့ပြောလိုက်တော့ သူက ခေါင်းညိတ်လျက်ပြုံးကာ ခေ့မေးဖျားလေးကိုလှမ်းကိုင်သည်။
"အဲ့ဒီအချိန်ကျ မင်းဗိုက်ထဲကို ငါ့ကလေးတွေထည့်ပေးလိုက်မယ် မင်းတို့ကောင်းကောင်းထိန်းပေါ့"
ပြောပြီးရယ်သံသဲ့သဲ့ဖြင့်ထွက်သွားတော့ ခေ နှုတ်ခမ်းလေးကိုက်ရင်းကျန်နေခဲ့သည်။
စကားကို ကပ်သပ်ပြောတတ်လွန်းသော သူ့ကိုတော့ ခေ နိုင်အောင်မပြောနိုင်ပါ။
ခေ သူ့ကိုမုန်းသည်။
သူနာကျင်ဖို့စကားတွေ ရွေးပြောပေမယ့်လည်း သူပြန်ပြောလာသည့်စကားတိုင်းကိုတော့ ခေ ပြန်မချေပနိုင်။
သူကတော့ ခေ ငြိမ်သွားတိုင်း ကျေနပ်အပြုံးဖြင့်၊ ပြောဦးလေဆိုသည့်အကြည့်မျိုးဖြင့် ရှိနေတတ်သည်။
ခေ သူ့ကိုအနိုင်ယူဖို့ နည်းလမ်းမရှိတော့ပြီလား။
▪▪▪⏳⏳⏳▪▪▪
Part 20ဆက်ရန်
စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997
~~~~~~~~~~~~~~~~~~~~~~~~~
အခ်စ္ဝိုင္ ( part - 19 )
▪▪▪▪▪▪▪▪▪▪
မေန့ကေက်ာ္ပီယလာသြားသည္ကို အခုမွသိလိုက္ရ၍ မေက်မနပ္ျဖစ္သြားေပမယ့္ ေရေသာက္ၿပီးအခန္းထဲေရာက္ရံုသာရိွေသး။
"ဒါကဘာလဲ"
ျဖစ္သလိုစုပံုထားသၫ့္အိတ္ေတြနဲ႔အတူ ဖိတ္စာတစ္ေစာင္။
မေန့က သူျပန္ေရာက္ေတာ့ ေခက laptopထဲvideoရွာေနသၫ့္ကိႁစၥဖင့္ ဒီအိတ္ေတြကိုျမင္ေပမယ့္ ဖိတ္စာကိုေတာ့မျမင္မိ။
အခုမျွမင္မိသၫ့္ ထိုဖိတ္စာကိုေကာက္ယူၾကၫ့္မိေတာ့ ေဒါသေၾကာင့္ သူ တဆတ္ဆတ္တုန္လာၿပီး ဖိတ္စာေလးကို အစိပ္စိပ္အမႊာမႊာျဖစ္သည္အထိ ဆုတ္ၿဖဲပစ္လိုက္သည္။
ေက်ာ္ပီယနဲ႔မခရဲ့ဖိတ္စာျဖစ္ေပမယ့္ ဒီလိုနာမည္ေရးဖို႔က သူမရဲ့အႀကံအစည္ပါကိုပါရမည္မို႔ သူမကို ခံျပင္းသြားသည္။
ထိုအခ်ိန္ေရခ်ိဳးခန္းထဲက သဘက္အက်ႌအျဖဴျဖင့္ ဆံပင္ေတြကိုေရသုတ္ရင္း ထြက္လာသၫ့္သူမက တစ္ခ်က္သာလွမ္းၾကၫ့္ၿပီး မွန္ေရ႔ွမွာထိုင္လိုက္သည္။
"မင္း ေတာ္ေတာ္မွ ေပ်ာ္ရဲ့လား"
သူ႔စကားေၾကာင့္ ေခက ဆံပင္အဖ်ားေလးေတြကို သဘက္ႏွင့္သုတ္ေနရင္း ႃပံုးသည္။
မွန္ထဲကျမင္လိုက္ရသၫ့္ထိုအႃပံုးသည္ ဒဏ္ရာျဖင့္မေျပးႏိုင္ေတာ့သၫ့္သားေကာင္ကို ေတြ့လိုက္ေသာ မုဆိုးတစ္ေယာက္၏အႃပံုးလို ေသြးေအးေနသည္ဟု သူထင္မိသည္။
"ရွင္နဲ႔ဘာမွမျဖစ္ခင္ကတည္းက အဲ့ဒီအတိုင္းရိုက္ဖို႔ရိွတာေလ အခုမွေျပာင္းလဲသြားတာမွမဟုတ္ဘဲ aww ဟုတ္သားပဲ တကယ္ဆို မင္းေစရာနဲ႔ခေရဝိုင္ဆိုၿပီး ပါရမွာေနာ"
သူမ ေျပာေနရင္းသေဘာက်စြာရယ္ေနျပန္ေတာ့ ထိုရယ္သံေတြက သူ႔ကိုပိုၿပီးေဒါသျဖစ္ေစသည္။
သို႔ေသာ္ သူ ေဒါသျဖစ္၊ စိတ္တိုေန၍ ေခသေဘာက်ၿပီးရယ္ေနသည္မို႔ တစ္ဖက္မွာလည္းေက်နပ္ရေသးသည္။
"OKပါ နာမည္ခ်င္းကပ္ေနမွ အတူရိွတာမဟုတ္ပါဘူး မဟုတ္လည္း မင္းကငါ့မိန္းမအျဖစ္ရိွေနတုန္းပဲ ငါနဲ႔တစ္ခန္းတည္းေနရတုန္းပဲ"
Advertisement
သူမ အႃပံုးေတြရပ္သြားကာ သူ႔နဲ႔မ်က္ႏွာခ်င္းဆိုင္လွၫ့္လာၿပီး ေျခခ်င္းခ်ိတ္ထိုင္လိုက္သည္။
"အဲ့ဒါကအခိုက္အတံ့ပါ ခေရဝိုင့္ဘဝက စားၿပီးသားသၾကားလံုးေလး သဲထဲျပဳတ္က်သလိုျဖစ္ခဲ့ရင္ေတာင္ ဟဲ့ လို႔ တစ္ခြန္းေငါက္မယ့္သူမရိွဘူး က်န္ေနခဲ့တဲ့အတိုင္း ဆက္ရိွသြားမွာပဲ"
သူ႔ရင္ထဲ နင့္ခနဲျဖစ္သြားမိသည္။
သူမကို သၾကားလံုးေလာက္ေတာင္ တန္ဖိုးမထားစြာရယူခဲ့သည္ဟု ေျပာလိုက္ျခင္းျဖစ္သလို တကယ္လည္း ေခေျပာသလိုေငါက္ငမ္းမယ့္သူရိွမွာမဟုတ္။
သူ႔ဆီကထြက္သြားသၫ့္ေန့မွာ ေခ့အတြက္ အရင္လိုျပန္ျဖစ္သြားရံုမက သူနဲ႔ပတ္သတ္ခဲ့သမ်ွကို အိမ္မက္ဆိုးတစ္ခုလို သေဘာထားႏိုင္ေအာင္လည္း သူမက ျပတ္သားႏိုင္သူ။
"မင္းက သၾကားလံုးျဖစ္ခဲ့ရင္ေတာင္ ငါ ဘယ္ေတာ့မွလႊတ္မခ်ဘူး ခေရဝိုင္ ဘာျဖစ္လို႔လဲသိလား"
"ရွင္ ပီယကိုမုန္းေနလို႔ေပါ့"
ေခ့ရဲ့စကားက ေရ႔ွဆက္မၫ့္သူ႔စကားေတြကို ပိတ္ပစ္လိုက္သလို။
မင္းကိုခ်စ္တယ္ လို႔ေျပာဖို႔ႀကိဳးစားခ်ိန္တိုင္း ဘာလို႔ဒါမ်ိဳးေတျြဖစ္ေနရသလဲ။
ရင္ထဲမွာဆူေဝလာသၫ့္ေဒါသေတြေၾကာင့္ အရဲြ႔တိုက္ခ်င္သၫ့္ဉာဥ္ဆိုးေလးကလည္း ေခါင္းေထာင္လာကာ သူ မ်က္လံုးေတြဖိမိွတ္လိုက္ၿပီး ႏႈတ္ခမ္းေပၚအႃပံုးတစ္ခုတင္လိုက္သည္။
"အဲ့ဒီတစ္ေယာက္ပဲမကဘူး မင္းလည္းပါတယ္ ခေရဝိုင္ မင္းကပိုဆိုးတယ္ မင္းအေပၚယံုၾကည္ၿပီး မခနဲ႔စိတ္ခ်လက္ခ်လႊတ္ထားခဲ့မိတာ ဒီေလာက္မုန္းဖို႔ေကာင္းတဲ့အက်င့္ရိွတဲ့မင္းကို လြယ္လြယ္ေလးနဲ႔လႊတ္ခ်စရာလား"
သူမ မ်က္ႏွာေလးမသိမသာတင္းသြားသည္။
ေအာက္ႏႈတ္ခမ္းေလးကိုဖိကိုက္ရင္း မွန္ဘက္ျပန္လွၫ့္သြားၿပီး ေရစိုေနဆဲဆံပင္ေတြကို ဆက္သုတ္ေန၏။
သူက ဒရိုင္ယာကိုယူၿပီးႀကိဳးတပ္လိုက္ကာ သူမဆံပင္ေတြေျခာက္ေအာင္ လုပ္ေပးသၫ့္အခါ ေခၿငိမ္ေနသည္။
ဆံပင္ေလးေတြေျခာက္သြားေတာ့ ေခသံုးေနက် hair coatကို လက္ဖဝါးထဲထၫ့္ၿပီး ဆံပင္ေတြကို လိမ္းေပးေတာ့လည္း ေခက အသက္မရိွသလိုထိုင္ေနဆဲ။
မိန္းကေလးတစ္ေယာက္ကို ဆံပင္ေရသုတ္ေပးဖို႔၊ ေခါင္းၿဖီးေပးဖို႔ဆိုတာ သူ႔ေခါင္းထဲမွာမရိွခဲ့ေပမယ့္ ေခ့ကိုေတာ့ သူ လုပ္ေပးခ်င္ခဲ့သည္။
တကယ္လည္း သူမဆံပင္ေတြကို စိတ္ကူးထဲကအတိုင္း ထိကိုင္ခြင့္ရေနၿပီမို႔ ႀကိတ္ေပ်ာ္ေနကာ သူ ဘာမွမေျပာျဖစ္ဘဲ brushကိုယူၿပီး အစိမ္းေရာင္ဆံပင္ေလးေတြကို တယုတယၿဖီးသင္ေပးမိသည္။
"မင္းက ဆံပင္ထူသားပဲ ဒီေလာက္ထူမယ္လို႔မထင္ထားဘူး"
ေခ့အၾကၫ့္ေတြ သူ႔ဆီေရာက္လာေပမယ့္ စကားသံေတာ့ထြက္မလာ။
ထိုအၾကၫ့္၊ ထိုတိတ္ဆိတ္မႈေတြကို သူ မခံစားႏိုင္သလိုျဖစ္မိသည္။
သူမက ေပါ့ပါးလြတ္လပ္ခဲ့သည့္မိန္းကေလး။
အရင္က မခတို႔ႏွင့္အတူရိွေနတုန္းကလို ေပ်ာ္ရႊင္ရယ္ေမာသံေတြ၊ ဆူညံစြာစကားေျပာရန္ေတြ့တတ္တာေတြ သူလိုခ်င္မိသည္။
သူ႔အေပၚမွာ ထိုသို႔ဆိုးေစခ်င္သည္။
မ်က္ေစာင္းေလးေတြ၊ ရန္စကားေတြေျပာေစခ်င္သည္။
သို႔ေသာ္•••
"အဝတ္အစားလဲေတာ့ မင္းဖ်ားရင္ အလုပ္ရႈပ္တယ္"
▪▪▪⏳⏳⏳▪▪▪
"ေခ ခေရဝိုင္"
အာေလးလ်ွာေလးထြက္လာသၫ့္အသံႀကီးေၾကာင့္ ေခ လန႔္သြားမိေပမယ့္ တံခါးမဖြင့္ဘဲပစ္ထားဖို႔စိတ္ကူးမိေသးသည္။
သို႔ေသာ္ ဖြင့္မေပးလ်ွင္လည္း တစ္အိမ္လံုးႏိုးေတ့ာမွာမို႔ ဂါဝန္ေလးကိုႀကိဳးခ်ည္ၿပီး တံခါးထဖြင့္ေပးလိုက္သည္။
"အား!!! ေမႊးပ်ံ႔ေနတာပဲကြာ ငါ့မိန္းမက ညအိပ္တာေတာင္ ေမႊးပ်ံ႔ေနမွအိပ္တတ္တာလားမသိဘူး"
ဒယိမ္းဒယိုင္ျဖင့္ အခန္းထဲဝင္လာမွန္းသိေပမယ့္ ေခ သြားမတဲြဘဲ ပစ္ထားလိုက္သည္။
သူက ပါးစပ္ကဘာေတြလဲမသိေျပာရင္း အိပ္ယာေပၚကားယားႀကီးလွဲခ်ကာ ရင္ဘတ္ကၾကယ္သီးေတြကိုျဖဳတ္ပစ္ေန၏။
သူ႔ကိုအဝတ္အစားလဲေပးဖို႔သတိရေပမယ့္ ထိုသို႔ေတာင္ ျပဳစုမေပးခ်င္သည္ႏွင့္ ပစ္ထားလိုက္ၿပီး ေခါင္းအံုးသြားယူကာ ဆိုဖာေပၚမွာပဲ အိပ္လိုက္သည္။
"ေခ မင္းဘယ္ေရာက္ေနတာလဲ ငါ့အနားလာမေနဘဲနဲ႔"
သူ႔ရဲ့အသံက ကေယာင္ကတမ္းလိုျဖစ္ေန၍ မဲ့ရဲြ႔ပစ္ရင္း ဆိုဖာေပၚမွာပဲ ေခ တျဖည္းျဖည္းအိပ္ေပ်ာ္သြားခဲ့သည္။
ဘယ္ေလာက္ၾကာသြားလဲမသိဘဲ ေခေခါင္းၿမီးႃခံုထားသၫ့္ေစာင္ကိုဆဲြဖယ္ပစ္ေတာ့မွ ေခ ႏိုးလာခဲ့ကာ...
"မင္းက အဲ့လိုလား"
သူက ေခ့ကိုမေက်မနပ္ငံု႔ၾကၫ့္ၿပီး ေခအိပ္ေနသည့္ဆိုဖာေပၚ မရမကဝင္အိပ္ေတာ့ ေခအိပ္ခ်င္မူးတူးျဖင့္ ထထိုင္လိုက္သည္။
"ရွင္ ဘာလုပ္တာလဲ"
"အိပ္မလို႔ေလ"
"ကိုယ့္ဘာသာ ဟိုအေပၚသြားအိပ္ပါလား"
"တစ္ေယာက္တည္းမအိပ္ခ်င္လို႔"
ေခ ေဒါသျဖစ္သြားမိေပမယ့္ သူကေတာ့အေလ်ွာ့ေပးမၫ့္ပံုမေပၚဘဲ ေခ့ကိုအိပ္မရေအာင္ ဆက္ေနွာက္ယွက္ေနဦးမွာမို႔ ေခါင္းအံုးကိုျပန္ယူၿပီး အိပ္ယာဘက္ျပန္လာခဲ့သည္။
ထိုအခါမွ သူလည္းျပန္ထလိုက္လာၿပီး ေက်ာေပးထားသၫ့္ေခ့ကိုယ္ေလးကိုဆဲြယူသည္။
အရက္ေတြေသာက္လာေပမယ့္ ခါတိုင္းရေနက် ေရေမႊးနံ႔သည္လည္း ေပ်ာက္ပ်က္မသြားဘဲ သင္းသင္းေလးရိွေနဆဲ။
"ရွင္ ဖယ္စမ္းပါ"
လည္ပင္းကိုနမ္းလိုက္၊ ပခံုးေတြကိုနမ္းလိုက္ျဖင့္ ၿငိမ္ၿငိမ္မေနဘဲလိုက္နမ္းေနေတာ့ ေခ ေဒါသျဖစ္လာကာ တံေတာင္ႏွင့္တြက္ပစ္လိုက္သည္။
ထိုအခါမွ ပိုဆိုးလာသၫ့္သူက ေခ့အေပၚကစီးမိုးကာ အနမ္းၾကမ္းေတြခၽြေခ်ရင္း ေခမုန္းေသာအထိအေတြ့ေတျြဖင့္ ထပ္အႏိုင္က်င့္ျပန္သည္။
သူစိတ္ပါလာတိုင္းအႏိုင္က်င့္တတ္ကာ ဘယ္ေလာက္ျငင္းျငင္းရုန္းထြက္မရ။
သူေျပာခဲ့ဖူးသလို ေခသည္ သူ႔လက္ထဲမွာပဲ အႀကိမ္ႀကိမ္ေသဆံုးခဲ့ရသည္လား။
"ၿပီးၿပီမလား ဖယ္ေတာ့"
အဝတ္အစားမပါဘဲ ပူးကပ္ေနရသည့္အျဖစ္ကို မုန္းလြန္း၍ ဂါဝန္ျပန္ဝတ္ဖို႔ျပင္ေတာ့ သူက ေခ့လက္ေတြကို ဖမ္းခ်ဳပ္ကာ...
"ၿငိမ္ၿငိမ္ေန ငါအိပ္ခ်င္ေနၿပီ မဟုတ္ရင္ မင္းကို တစ္ညလံုးေပးမအိပ္ဘူး"
သူ႔စကားေၾကာင့္ ေခ ၿငိမ္သြား၍ ႀကိတ္ေက်နပ္သြားရင္း ဖက္လံုးေလးလိုသေဘာထားၿပီး တင္းတင္းေလးဖက္ထားလိုက္သည္။
ေက်ာေပးကာၿငိမ္သြားသည့္သူမက အိပ္ေပ်ာ္သြားတာလားမသိေပမယ့္ သူကေတာ့ ဆက္မအိပ္ႏိုင္ဘဲရန္ခုန္ေနမိသည္။
သူမဆီကအသက္ရႈသံေလးၾကားေတာ့မွ မ်က္ႏွာခ်င္းဆိုင္ျဖစ္ေအာင္ ဆဲြလွၫ့္ယူေတာ့ သူမက မႏိုး။
ညမီးေရာင္ေအာက္မွာ ဝင္းဖန႔္ေနသၫ့္မ်က္ႏွာေလးကို တစိမ့္စိမ့္ၾကၫ့္ရင္း ပါးေလးကိုဖြဖြေလးထိတို႔မိသည္။
သူ ထင္ထားသည္ထက္ ပိုၿပီးႏုေထြးေဖာင္းအိေနသၫ့္ပါးေလး။
သူမက အနည္းငယ္မ်ွေသာ ေနြးေထြးမႈေလးေတာင္မရိွသၫ့္အျပင္ နာမည္ခ်င္းေတာင္ နီးစပ္မခံႏိုင္သၫ့္ရက္စက္မႈမ်ိဳးျဖင့္ ေနႏိုင္သူ။
ရင္ထဲေဆြးသြားၿပီး ႏႈတ္ခမ္းေလးကို ဖြဖြေလးငံု႔နမ္းလိုက္ကာ သူေက်နပ္လိုက္ေတာ့ ေခ့ကိုယ္ေလးကိုဖက္ထားရင္း အိပ္ေပ်ာ္သြားခဲ့သည္။
အိမ္မက္ထဲမွာေတာ့ သူမက ခ်စ္စဖြယ္မ်က္ေစာင္းေလးတစ္ခုျဖင့္ ႏႈတ္ခမ္းေလးစူကာ.....
"ရွင္ သိပ္မုန္းဖို႔ေကာင္းတဲ့လူ" - တဲ့။
▪▪▪⏳⏳⏳▪▪▪
ပီယနဲ႔မခရဲ့မဂၤလာပဲြေန့မို႔ ေခ မွန္ေရ႔ွမွာထိုင္ၿပီးျပင္ဆင္ေနမိရင္း စိတ္ကမပါ။
လူႀကီးေတြလည္းရိွမၫ့္ေန့မို႔ မင္းေစရာနဲ႔တဲြသြားရမၫ့္အေရးကို စိတ္ထဲေလးေနမိကာ မင္းမွတ္ၿပီလား ဆိုသၫ့္ သူ႔အၾကၫ့္ေတြကိုလည္း မျမင္ခ်င္။
"သမီးေရ ၿပီးၿပီလား"
ေမေမက ခၽြေးမလို႔သေဘာထားျခင္းမဟုတ္ဘဲ သမီးတစ္ေယာက္ရထားသလို အရိပ္တၾကၫ့္ၾကၫ့္ရိွ၍ တစ္ခါတစ္ေလေတာ့လည္း ေခေပ်ာ္ရသည္။
ပီယယူလာေပးေသာ ခရမ္းေရာင္ႏုႏုဝတ္စံုျဖင့္ ေခက ဆံပင္ေတြကိုပြပြေလးထံုးထား၍ လူႀကီးဆန္ဆန္ေလးျဖစ္ေနသည္။
သူသည္လည္း ရွပ္လက္ရွည္အျဖဴေရာင္ကို ခရမ္းရင့္ေရာင္ပုဆိုးျဖင့္ ရင့္က်က္တည္ၿငိမ္ေနသူလိုျဖစ္သည္။
ဆင္တူျဖစ္ေနေသာ အေရာင္ေတြကိုတစ္ခ်က္ၾကၫ့္ရင္း ေခ စိတ္ညစ္စြာမ်က္ေမွာင္ကုတ္ေတာ့ သူက ရယ္ေလသည္။
"လွတယ္ မင္းနဲ႔ခရမ္းေရာင္နဲ႔လိုက္တယ္"
ေခ မၾကားခ်င္ေယာင္ေဆာင္လိုက္ကာ ကားအေနာက္ခန္းမွာ အေမနဲ႔အတူဝင္ထိုင္သည္။
ဧၫ့္ခံပဲြကိုေရာက္ေတာ့ ေမေမတို႔ပါ ေနာက္ကစီတန္းလိုက္ရမည္ျဖစ္၍ ေခက မခအလျွပင္သၫ့္အခန္းထဲဝင္လာခဲ့သည္။
မခက အျဖဴေရာင္ထိုင္မသိမ္းျဖင့္ ယဥ္ယဥ္ေလးလွေနၿပီး မိတ္ကပ္အျပင္အဆင္ေၾကာင့္ နည္းနည္းရုပ္ေျပာင္းသလိုရိွ၏။
"ဟယ္ ေခမ လွေနပါလား"
"နင္ကပိုလွေနတယ္ သတို႔သမီးေလး ၾကၫ့္ပါဦး ပီယကံေကာင္းလိုက္တာ"
"အံမယ္ ၿမွောက္ေနျပန္ပါၿပီ နင္ဖို႔ ငါနဲ႔ပီယဝယ္လာတာ ႀကိဳက္မွႀကိဳက္ပါ့မလားလို႔ စိတ္ပူေနတာ"
"ႀကိဳက္ပါတယ္ နင္ အဲ့ေန့ကဘာလို႔လိုက္မလာတာလဲ ပီယတစ္ေယာက္ပဲလာတာ"
"ငါ နင့္ကိုမ်က္ႏွာပူလို႔ပါ ေခရယ္ ဒါ့ထက္ နင္အဆင္ေျပရဲ့လား"
"ေျပပါတယ္"
"ေမေမကေရာ ဂရုစိုက္တယ္မလား ေမေမက သမီးတစ္ေယာက္ရသလိုပဲလို႔ေျပာေနတာ"
"အင္း ဂရုစိုက္ပါတယ္ ငါလည္းအေမနဲ႔မေနဖူးေတာ့ ေနရတာတမ်ိဳးပဲ ငါအဆင္ေျပပါတယ္ စိတ္မပူနဲ႔"
သူမ မခနဲ႔ေတြ့ေတာ့ အရင္ကလိုေပ်ာ္ေပ်ာ္ရႊင္ရႊင္ျပန္ၿပီးစကားေျပာျဖစ္သည္။
မခတို႔လည္းစိတ္ေပါ့ပါးေအာင္၊ ေခလည္း မႈံေတေတႏွင့္ေနရတာၾကာၿပီမို႔ ရယ္ရယ္ေမာေမာရိွေနတုန္း မင္းေစရာဝင္လာတာကိုမျမင္လိုက္။
"စာေမးပဲြကလည္း လာေတာ့မယ္ မဂၤလာပဲြနဲ႔အလုပ္ရႈပ္ေနတာနဲ႔တင္ စာကလည္းဘာမွန္းလည္းမသိေသးဘူး ဒီႏွစ္ေတာ့က်မယ္ထင္တယ္"
Advertisement
- End2276 Chapters
Martial World
In the Divine Realm, countless legends fought over a mysterious cube. After the battle it disappeared into the void. A young man stumbles upon this mystery object, opening a whole new world to him. His name is Lin Ming, and this is his road of martial arts.
8 1145 - In Serial48 Chapters
Gamer's Guide to Waking up as a Dinosaur
Being born is hard. Being reborn is even harder. But being reborn as a baby dinosaur in a world where everything wants to kill you, skin you, and suck the marrow from your bones? That's the hardest. At least the magical blue boxes say I can evolve, though? Link to the discord: here. Cover art done by Monomuss. You can connect with him via the discord server.
8 213 - In Serial7 Chapters
Consumption
Braxton was just an average everyday male. His life was peaceful, boring. He was tired of his hometown, he wanted to escape, wanted new experiences in life. When a girl from his High School comes up missing, it sends the once peaceful town into a frenzy. Can Braxton solve the mystery or will he be to late to save his hometown?
8 63 - In Serial7 Chapters
The Gamer
he died and then he saw the menuAltered version of the story I wrote on Fanfiction.Net
8 192 - In Serial35 Chapters
Vampire Reborn
In a polluted world where humans ruined the planet, Ren Silver, a man who had been on the bottom his entire life climbed up the social ladder and followed his dreams no matter who put him down. After putting his soul, blood, sweat, and tears, his path led him to greatness, becoming the number 1 streamer and VR gamer in the world. His life took a major turn. And, after receiving early access to THE major game-changing update by the developers, things were looking up for him even more. What awaited him was something truly special that no man would have dreamed of... One much darker than he would have ever expected... [ Greetings Ren Silver… You have proven yourself worthy without a shadow of a doubt… Welcome to your NEW REALITY... ] *****************************IMPORTANT AUTHOR NOTE! This post was made by #NoHaremGang! Although the synopsis and the first few chapters make it sound like one, THIS IS NOT A VRMMO NOVEL. This is a proper Isekai! This will be a MALE LEAD novel, despite the cover. There will be romance however later down the line, and the person in the cover will be the main love interest! The Novel's MC will not be a very moral guy. He is not a hero! He will value logic and reasoning over most of his decisions and values his own survival! There will be some romance later on but probably not a lot of it! The first few chapters are slow and set up the world so don't let that deter you, because the action is not too far from there! I hope you guys enjoy the novel! There will also be original art on specific chapters! So keep an eye out for those! ;) *****************************
8 203 - In Serial51 Chapters
Fighting for the Lord of Earth
A fleet of alien spaceships were detected coming into the Sol Universe heading for Earth. During the initial talks with the humanoid aliens their leader took control of the planet itself becoming the lord of Earth. He demanded the world leaders send him subjects that would be trained and fight for him who fought for the King of space. In return the Earth would be protected and their primitive knowledge would be greatly expanded. Roughly 6,000 people from all around the earth were gathered into their ships and taken to another planet for training. After they would be dropped off the ships would return several times to pick up the full numbers demanded. Kohn Lowson was the first to step on one of the alien ships.
8 145

