《အချစ်ဝိုင် ( Complete )》Part 18
Advertisement
အချစ်ဝိုင် ( part - 18 )
▪▪▪▪▪▪▪▪▪▪
"မိန်းမလည်းရပြီ ကျောင်းလည်းပြီးခဲ့ပြီဆိုတော့ လုပ်ငန်းလုပ်ဖို့စဥ်းစားတော့"
ညစာစားသည့်ထမင်းဝိုင်းမှာ ဖေဖေစကားစလာတော့ မော့မကြည့်ဖြစ်ဘဲ သူ ခေါင်းညိတ်လိုက်သည်။
ဖေဖေမပြောလည်း လုပ်ငန်းလုပ်ဖို့ ရည်စူးထားပြီးသားမို့ ညတိုင်းဆွဲနေခဲ့သည့်ဒီဇိုင်းတွေ၊လေ့လာနေခဲ့သည့် ဈေးကွက်အကြောင်းတွေကို ထည့်မပြောဖြစ်။
Bangkokကျောက်လောကမှာ ထဲထဲဝင်ဝင်သိခဲ့ပြီးသူမို့ ကျောက်မြတ်လုပ်ငန်းထဲဝင်ဖို့က သူ့အတွက်အခက်အခဲမဟုတ်။
"သမီးလေး စားလို့ကောင်းရဲ့လား"
မေမေက သူမကိုအရိပ်တကြည့်ကြည့်ဖြင့် ဟင်းတွေခပ်ပေး၊ ရေထည့်ပေးရှိပေမယ့် သူမကတော့မျက်နှာကျောတင်းတင်းဖြင့် စကားပြောဖို့ဝန်လေးနေဟန်။
ထမင်းကိုလည်းဟုတ်တိပတ်တိမစားဘဲ ဘယ်သူ့စကားကိုမှလည်း နားမထောင်သလို စိတ်ဝင်စားပုံလည်းမပေါ်...
"ကြက်ဥလိပ်ကြော်လေး စားကြည့် မေမေကိုယ်တိုင်ကြော်ထားတာ"
"ဟုတ်"
"ကျောင်းတက်ရတာရော ဘယ်လိုလဲ သွားဖို့လာဖို့အဆင်ပြေရဲ့လား သမီးအဖေက ဖုန်းဆက်သေးတယ် သမီးရဲ့ကားကိုပြန်ယူချင်တယ်ဆိုရင်..."
"မယူနဲ့ ဒီအတိုင်းထားလိုက် သူ့အပိုင်ကားရှိနေရင် အရင်လိုလေလွင့်နေဦးမယ် နဂိုကတည်းကလမ်းပျော်.."
သူ ဝင်ပြောလိုက်တော့ ခေက မေမေ့ကိုမော့ကြည့်ရုံသာကြည့်ပြီး ထမင်းစားခြင်းကိုပဲအာရုံပြန်စိုက်လိုက်သလို နောက်ထပ်ဘာစကားသံမှထွက်မလာ။
ဖေဖေက သူ့ကိုရော ခေ့ကိုပါအကဲခတ်နေရင်း မေမေ့ကိုမျက်နှာရိပ်၊ မျက်နှာကဲပြလိုက်သည်နှင့်တူ၏။
ထမင်းစားဝိုင်းသည် ပြန်လည်တိတ်ဆိတ်သွားကာ ဇွန်းသံ၊ ပန်းကန်သံကလွဲလို့ ဘာသံမှထွက်မလာတော့။
ညစာစားပြီးတော့ သူမနှင့်မေမေက ပန်းကန်တွေဆေးဖို့၊ သိမ်းဖို့ကျန်နေခဲ့ကာ ဖေဖေနဲ့သူက ဧည့်ခန်းကိုရောက်လာသည်။
"မင်းကို Bangkokလွှတ်လိုက်ရခြင်းကို နားလည်လား အဲ့ဒီမှာရှာတတ်ရင် ရှာတတ်သလို ကျောက်သိပ်ပေါတယ် မိုးကုတ်မှာလည်းကျောက်ထွက်ပေမယ့် ကျောက်တွင်းတွေက အန္တရာယ်များတယ်ထင်လို့ မင်းသက်သာအောင် အဲ့ဒီကိုလွှတ်လိုက်တာ"
"ကျွန်တော်သိပါတယ်"
"ခုခေတ်အနေအထားနဲ့ ပြောရရင်တော့ကွာ လိုအပ်တာက designပဲ ဒီလုပ်ငန်းက ကြိုးစားရင်ကြိုးစားသလောက်ပြန်ရတယ် အရှိန်မပျက်လည်းနေနိုင်တယ် မင်းနားလည်တယ်မလား"
"ဟုတ်ကဲ့ ကျွန်တော်ဈေးကွက်ထက် ဒီဇိုင်းကိုပဲ ပိုအားသန်နေတယ် ခုလည်းအဲ့ဒီအပိုင်းကိုလေ့လာနေတာပါ ဒီဇိုင်းတစ်ခုပေါက်သွားရင် ဈေးကွက်ဆိုတာ အလိုလိုဖြစ်လာမှာပဲ"
ဖေဖေက ကျေနပ်သွားသလို ခေါင်းတဆတ်ဆတ်ညိတ်ပြီး သူ့ကိုသေချာကြည့်ကာ....
"မင်း ဒီမိန်းကလေးကိုချစ်ရဲ့သားနဲ့ ဘာလို့စကားပြောရင် အဲ့လိုအနိုင်ပိုင်းပြီးပြောနေတာလဲ ငါယောကျာ်းပဲဆိုပြီး နိုင်စားနေတာလား"
"သူနဲ့ကျွန်တော် အဆင်မပြေသေးဘူး ဖေဖေ"
"မင်းသူ့ကိုချစ်တယ်ဆို မင်းဘက်က ဘာလို့အလျှော့မပေးနိုင်တာလဲ ခရေဝိုင်က သူ့အဖေ၊ သူ့အသိုင်းအဝိုင်းကြားမှာ မရတာမရှိရအောင် အလိုလိုက်ခံရပြီးကြီးပြင်းလာတာ မင်းလက်ထဲရောက်မှ"
"ကျွန်တော် ဘာထပ်လုပ်ပေးရဦးမှာလဲ သူဖြစ်ချင်သမျှအကုန်ဖြစ်ပေးခဲ့တာပဲ"
ဖေဖေက ဘာပြောရမှန်းမသိတော့သလို ခဏတော့တိတ်ဆိတ်သွားသည်။
သူမနဲ့ကိစ္စကိုဆက်မပြောချင်တော့၍ ဖေဖေ့ကိုနှုတ်ဆက်ပြီး သူအခန်းကိုပြန်လာခဲ့တော့ ခေက အိပ်ယာထဲမှာအိပ်ကာ စာအုပ်တစ်အုပ်ဖတ်နေသည်။
"မင်း ကားပြန်ယူချင်လား"
သူမ ခေါင်းခါပြပြီး စာအုပ်ကနေအကြည့်မခွာ။
သူဒေါသဖြစ်ရသည့်၊ စိတ်တိုရသည့်အပြုအမူတွေက သူ့ကိုအရေးမလုပ်သော ထိုအပြုအမူတွေပဲဖြစ်သည်။
စာအုပ်ကိုဆွဲယူလွှင့်ပစ်လိုက်တော့ သူမ မကျေမနပ်မော့ကြည့်ပြီး ဆောင့်အောင့်ထထိုင်သည်။
"ရှင် ခေနဲ့ရန်မဖြစ်ရရင်ကို မနေနိုင်ဘူးလား"
"ဟုတ်တယ် မနေနိုင်ဘူး မင်းဒေါသဖြစ်ရင် ငါကျေနပ်တယ် ဒေါသဖြစ်အောင်ကို စနေချင်တာ"
တကယ်တမ်း ဒေါသဖြစ်နေရသည်က သူပဲဖြစ်ကာ သူမကတော့ မကျေမနပ်စူပုတ်ပုတ်ဖြစ်ရုံသာ။
"မင်း တော်တော်အကြောမာတဲ့မိန်းမပဲ ဒါနဲ့ဟိုတစ်ရက်ကမင်းရဲ့အဆက်ဟောင်း ဖုန်းဆက်လာသေးတယ် မင်းတို့ချင်းအတော်ချစ်ကြပုံပဲ မင်း အဝေးသင်ပြောင်းဖို့စဥ်းစားထား"
ဒီတစ်ခါတော့ ခေ တကယ်ဒေါသဖြစ်သွားပြီး မျက်လုံးတွေ အရောင်လက်လာသည်။
"ရှင်လုပ်ချင်တိုင်းလုပ်လို့ရမလား ဘာလို့ပြောင်းရမှာလဲ"
"ကျောင်းဆက်တက်နေရင် မင်းရဲ့အချစ်ဟောင်းတွေ သူငယ်ချင်းဟောင်းတွေနဲ့ ပြန်တွေ့နေမှာစိုးလို့ပေါ့"
"တွေ့တော့ဘာဖြစ်လဲ ရှင်တောင်ပွေရှုပ်သေးတာ ခေက ဘာလို့မပွေရမှာလဲ"
"လုပ်ရဲရင်လုပ်ကြည့်လေ မင်းအရင်ကဘယ်လောက်ဆိုးဆိုး အဲ့ဒါကမိဘအုပ်ထိန်းမှုအောက်မှာ.. အခုအိမ်ထောင်ကျပြီးမှဆိုးရင်လည်း မင်းမှာ ဘာဂုဏ်ပုဒ်တွေထပ်ရလာမလဲ ပြောပြရမလား"
"မလိုပါဘူး ခေတောင်မှ ဒီလိုယုတ်မာတတ်တဲ့ယောကျာ်းမျိုးရသေးတာပဲ ရှင်လည်းခပ်ပွေပွေမိန်းမတစ်ယောက်ရဲ့ယောကျာ်းဖြစ်ကြည့်ပေါ့"
သူ ခေ့ကိုစူးစူးရဲရဲကြည့်တော့ သူမကလည်း အလျှော့မပေးစွာ ခပ်စူးစူးပြန်ကြည့်သည်။
သူမ တကယ်လုပ်နေမလားဆိုသည့် စိုးရိမ်စိတ်ဝင်လာပေမယ့် လက်တွေ့မှာ ထိုသို့ပြောဖြစ်ခဲ့တာမဟုတ်။
"မင်းမှတ်ထား ခရေဝိုင် ယောကျာ်းတစ်ယောက်မိန်းကလေးအများကြီးနဲ့တွဲနိုင်ရင် စော်ကြည်တယ်လို့ခေါ်ပြီး မိန်းကလေးတစ်ယောက်က ယောကျာ်းလေးအများကြီးနဲ့တွဲရင် ပျက်စီးနေပြီလို့ခေါ်တယ် မင်းတစ်ယောက်ဆို ငါက ၂ယောက်ပဲ
သူနိုင်ကိုယ်နိုင် အပြိုင်ကျဲမယ်ဆိုတာ ရုပ်ရှင်ထဲမှာပဲရှိတာမဟုတ်ဘူး လုပ်ရဲရင်လုပ်ကြည့်လေ"
သူ အနိုင်ပိုင်းပြီးပြောပစ်လိုက်တော့ ခေက နှုတ်ခမ်းလေးကိုက်ကာ တောက်တစ်ချက်ခေါက်ရင်း လွှင့်ပစ်ထားသည့်စာအုပ်ကိုပြန်သွားကောက်၏။
မင်းရဲထွဋ်ခေါင်ဆိုတဲ့ကောင် သူမကို ဘယ်လောက်ချစ်သလဲ သူ ခံစားသိနိုင်ပြီး သူမ ပြန်လာချင်ပါသည်ဟု စကားဟရုံဖြင့် ဟိုက ချက်ချင်းရောက်လာမှာမှန်းလည်း သိသည်။
သူ့ဆီကထွက်သွားဖို့ အချိန်မရွေးအသင့်ဖြစ်နေသော ခေ့ကို သဝန်တိုသည်ဆိုတာထက် ဆုံးရှုံးရမှာကိုသာ ပိုပြီးစိုးရိမ်နေခဲ့၏။
ခေ သူ့ကိုရွဲ့ပြောတယ်ဆိုရင်တောင် တကယ်လုပ်တာမဖြစ်ပါစေနဲ့..…
▪▪▪⏳⏳⏳▪▪▪
"ခေလေး ရှေ့မှာဧည့်သည်ရောက်နေတယ်"
အိမ်အကူအန်တီကြီးက ခေ့ကိုခေါ်ပေးပြီးမီးဖိုခန်းထဲတန်းဝင်သွား၍ ဘယ်သူလဲဟု အိမ်ရှေ့ထိထွက်လာခဲ့သည်။
မင်းစေရာက သူ့အဖေနဲ့အတူ ကျောက်အရောင်းအဝယ်လုပ်သည့်နေရာကို လိုက်သွား၍ အိမ်မှာ ခေတို့ကလွဲပြီး ဘယ်သူမှမကျန်။
"နေကောင်းရဲ့လား ခေမ"
ပီယသည် နည်းနည်းပိန်ကျသွားသလို ခေ့ကိုကြည့်နေပုံကလည်း စိုးရိမ်တကြီးရှိလှသည်။
လက်ထဲမှာလည်း ဘာတွေဆွဲလာသည်မသိဘဲ အိတ်တွေများနေတာမို့ ခေက အိတ်တချို့ကိုခွဲယူလိုက်သည်။
"လာလေ အထဲကိုဝင်ထိုင်ဦး"
"ငါ Hotelခဏဝင်ခဲ့သေးတယ် spaကကောင်မလေးတွေက နင့်ကိုမေးနေကြတယ်"
"အင်းပါ နောက်မှသွားလိုက်တော့မယ် နင် ဘယ်ကလှည့်လာတာလဲ"
"နင့်ဆီလာတာ မခကတော့ အလှပြင်ဆိုင်မှာမိတ်ကပ်စမ်းရင်းကျန်နေခဲ့တယ်"
"Aww"
"နင့်အတွက် ဖိတ်စာ"
ပီယက ဖိတ်စာလှမ်းပေးတော့ ခေကအပြုံးလေးဖြင့်လှမ်းယူလိုက်သည်။
ခေ အဆင်ပြေတာ၊ မပြေတာတွေ ပီယကအစဘယ်သူ့ကိုမှမသိစေချင်၍ ပီယရှေ့မှာပဲဖိတ်စာကိုဖွင့်ဖတ်လိုက်သည်။
"အံမယ် မခရေဝိုင်၏အချစ်ဆုံးသူငယ်ချင်းဆိုပါလား နင်က ကတိတည်သားပဲ"
Advertisement
"တည်ရမှာပေါ့ နင်ကဘယ်သူမို့လဲ ခရေဝိုင်လေ နင်မပါရင်ပွဲမစည်ဘူးကိုး"
သတိတရဖြင့် အောက်နားလေးကိုကြည့်မိတော့ မင်းစေရာ၏ညီမ ဟု ပါလာ၍ ခေ့မှာပြုံးရသေးသည်။
မခကတော့ အိမ်ကိုလိုက်မလာတာက မင်းစေရာကို ခေ့ကိစ္စအတွက်မကျေသေးလို့ဟု ခန့်မှန်းရသည်။
"အဲ့ဒါက နင်ဝတ်ဖို့ မခကိုယ်တိုင်ဝယ်ပေးထားတာ ကြိုက်လား ကြည့်ဦး"
ခေက ပီယညွှန်ပြသော အိတ်ကိုဖွင့်ကြည့်လိုက်တော့ ခရမ်းရောင်နုနုဇာနှင့် ပိုးစတစ်စဖြစ်နေ၍ပြုံးလိုက်မိသည်။
ခေ့ရဲ့ favoriteအရောင်ကိုး။
"နင်ရွေးလာတာပါ ပီယရယ် မခက ငါဒီအရောင်ကြိုက်မှန်းမသိလောက်ပါဘူး"
"သိရင်လည်း အေးဆေးနေဟာ ထည့်မပြောနဲ့ အဲ့နေ့ကျ နင်ဆက်ဆက်လာရမယ်နော်"
"လက်မဖွဲ့ဘူးနော် သိဖို့"
"မလိုပါဘူး နင်လာဖို့ပဲလိုတာ ဟိုဘက်က မခက သူ့အမေအတွက်ထည့်ပေးလိုက်တာ ဒါကသူ့အစ်ကိုနဲ့အဖေဖို့"
ခေ ခေါင်းလေးပဲညိတ်ကာ ဖြန့်ကြည့်ထားသည့်ပိုးစကိုခေါက်ကာ အိတ်ထဲပြန်ထည့်သည်။
ခေ လုပ်နေသမျှကိုအသေးစိပ်ကြည့်နေရင်း ပီယက...
"နင် အဆင်ပြေရဲ့လား"
"ပြေပါတယ် ဒက်ဒီနဲ့ရောတွေ့သေးလား ဒက်ဒီဘာလုပ်နေလဲ ကြီးမေရော"
ခေတို့ကိစ္စကိုမေးနေမှာစိုး၍ ပေါ့ပေါ့ပါးပါးဖြေရင်း စကားလမ်းကြောင်းလွှဲပစ်လိုက်တော့ ပီယက အလိုက်တသိထပ်မမေးတော့။
"လေးလေးကစပျစ်ခြံမှာနေတာများတယ် ဝိုင်ဖောက်တဲ့နေရာမှာ ပြဿနာနည်းနည်းရှိနေလို့တဲ့ အဖေလည်းအဲ့ဒီမှာရှိတယ် ကြီးမေကတော့အိမ်မှာပဲပေါ့ ဘာလုပ်စရာမှမရှိလို့ မုန့်လုပ်ရောင်းမလို့တဲ့"
ကြီးမေကိုလွမ်းသွားမိပေမယ့် ခေပြန်လို့မဖြစ်သေး။
ထွဋ်ကိုလည်း သတိတရဖြစ်သွားကာ မင်းစေရာနဲ့ဖုန်းပြောဖြစ်တာကိုသတိရလိုက်ပြီး တခြားဘာမှထပ်မမေးဖြစ်တော့ဘဲ ခေ နှုတ်ဆိတ်နေလိုက်သည်။
"ထွဋ်ခေါင် ငါ့ဆီကိုလာသွားသေးတယ် တော်တော်လည်းမူးနေပုံပဲ နင်လက်ထပ်လိုက်တာကိုမယုံနိုင်ဘူးတဲ့"
"အချိန်ကြာလာရင် သူ ယုံသွားမှာပါ နင်ဘယ်သွားစရာရှိသေးလဲ"
"မရှိတော့ဘူး မခကိုဝင်ခေါ်ပြီးရင်ပြန်မှာ"
ခေနှုတ်ဆိတ်သွားသည်ကို ရိပ်မိသလို ပီယက စကားလမ်းလွှဲသည့်အနေဖြင့် ကျောင်းတက်ဖို့ကိစ္စတွေအကြောင်းပြောတော့ ခေ ခေါင်းညိတ်ပြီးနားထောင်နေလိုက်သည်။
မင်းစေရာက ခေ့ကိုအဝေးသင်ပြောင်းခိုင်းသည့်ကိစ္စကိုတော့ ခေမပြောဘဲနေလိုက်သည်။
အဝေးသင်ပြောင်းဖို့ ထပ်မပြောတော့ခြင်းက စာမေးပွဲရောက်တော့မှာမို့ သူ့ဘက်ကတစ်ထစ်အလျှော့ပေးလိုက်ခြင်း ဖြစ်လောက်သည်။
Finalကျရင်တော့ ပြောင်းချင်ပြောင်းခိုင်းနေမှာမို့ မသေချာသေးသည့်အရာတစ်ခုအတွက် ခေကိုယ်တိုင်လည်းစိတ်ရှုပ်မခံချင်။
ထို့အတူ သူ့စကားကိုလည်း ခေနားထောင်မှာမဟုတ်...
"ငါကျောင်းပြန်တက်နေပြီ နင်နဲ့မခကတော့ မင်္ဂလာပွဲပြီးမှတက်တော့မှာမလား"
"အင်း အဲ့လိုစိတ်ကူးတာပဲ ကျောင်းပိတ်ရင်တော့ အဖေက သူနဲ့လာနေပြီး အလုပ်လုပ်ဖို့ခေါ်ထားတယ်"
"ကောင်းပါတယ် မခကိုသေချာထားပေါ့ နင့်လက်ထဲရောက်မှ ငါ့သူငယ်ချင်းကိုစိတ်မညစ်စေနဲ့နော်"
"ငါကိုယ်တိုင်ကလည်း နင့်သူငယ်ချင်းပါ ခေစုတ်မရယ် ကဲပါ.. ငါပြန်တော့မယ် တစ်ခုခုလိုအပ်တာရှိရင် ငါ့ဆီဖုန်းဆက် လေးလေးက နင့်အကောင့်ထဲကိုလည်း ပိုက်ဆံထည့်ပေးထားတယ်တဲ့"
"Omm သုံးစရာမရှိသေးလို့ပါ"
ပီယပြန်သွားပြီးနောက်မှ ခေ တစ်ချက်ပြုံးလိုက်ကာ ဖိတ်စာကို မင်းစေရာမြင်နိုင်သည့်နေရာမှာ ချထားလိုက်သည်။
ရှင်နဲ့ခေက နာမည်ချင်းတောင်မနီးစပ်ဘူးဆိုတာ ရှင်သိမှဖြစ်မယ်.....
▪▪▪⏳⏳⏳▪▪▪
"နောက်ဆိုအဲ့လိုမလုပ်ပါနဲ့ မခရယ်"
မခက သူပြောနေတာကို ဂရုမစိုက်သလို မျက်နှာကိုတင်းထားတာလည်းမလျှော့။
ဖိတ်စာတွေမှာ နာမည်တွေရေးရင်း သူ့ဘက်ကိုလှည့်မကြည့်ဘဲနေကာ.....
"ကို ပြောနေတာကြားလား"
"ကြားတယ် ဒါပေမယ့် ကို မပြောပါနဲ့တော့လား ကိုမင်းက မခရဲ့အစ်ကိုဖြစ်ပေမယ့် ခေကလည်းအချစ်ဆုံးသူငယ်ချင်းပဲဟာကို ပြီးတော့ ဒီအဖြစ်ကြီးက"
ပြောနေရင်းမှ မခက ဘောပင်န်ကိုကိုင်ထားရင်း စိတ်တိုသွားသလို သူ့ကိုပြန်လှည့်ကြည့်သည်။
"ခေက ကို့အချစ်ဆုံးသူငယ်ချင်းမဟုတ်ဘူးလား ဘာလို့ကိုမင်းဘက်က လိုက်ပြောနေတာလဲ"
"ကိုက မင်းစေရာဘက်ကလိုက်နေတာမဟုတ်ဘူး အဲ့ဒီအိမ်မှာ မင်းအမေရှိသေးတယ် အဲ့ဒါရောသတိရရဲ့လား"
"မေမေနဲ့ ညတိုင်းစကားပြောဖြစ်ပါတယ် မခ လိုက်မလာဘူးလို့လည်း ပြောထားတယ်"
"အဆင်ပြေရင်ပြီးတာပါပဲ တော်ကြာ ယောကျာ်းရပြီးမှ ရိုင်းစိုင်းလာတယ်လို့အပြောခံရရင် ကျော်ပီယမျက်နှာ ဓားနဲ့လှီးပစ်ဖို့ပဲကျန်တော့တယ်"
မခ မျက်စောင်းလေးရောက်လာတော့ သူ အသံမထွက်ဘဲရယ်ကာ စီးကရက်တစ်လိပ်ကို မီးညှိလိုက်သည်။
ခေသည် အရင်ကထက်ပိုပြီးပိန်သွားကာ ခါတိုင်းလိုလည်း လွင့်ပျံနေအောင်ဝတ်တာတွေလည်းမရှိတော့။
အိမ်ထောင်ကိုယ်စီဖြစ်နေပြီမို့ ခေ့ဘက်က မြိုသိပ်လျှို့ဝှက်နိုင်မှုတွေရှိလာပေမယ့် ခေနဲ့မင်းစေရာ ဘယ်လိုမှအဆင်မပြေမှန်း သူသိနေခဲ့၏။
"ရှေ့ဆက်ဖို့ အတော်လေးအားယူရမယ်ထင်တယ်ကွာ မင်းသူငယ်ချင်းက သိပ်ရက်စက်တဲ့မိန်းမ"
မျက်ရည်ရွှဲနေသည့်မျက်လုံးတွေဖြင့် ယောကျာ်းတန်မဲ့ ငိုယိုနေခဲ့သော ထွဋ်ခေါင်ကိုပြန်မြင်တော့ ခေ ဘာလို့မင်းစေရာကိုရွေးခဲ့လဲ စဥ်းစားမရ။
ခေ့အကြောင်းကို အစအဆုံးသိခဲ့သူမို့ ခေဟာ ထွဋ်ခေါင်ကို သံယောဇဥ်ဖြင့်လက်တွဲဖို့ဆုံးဖြတ်ခဲ့မှန်း သူသိသည်။
အရေးကြုံလာတော့ ထွဋ်ခေါင်ရင်ခွင်မှာပဲ ခိုဝင်လိမ့်မည်ဟု သူထင်ခဲ့ပေမယ့် ....
နင် ဘာတွေလုပ်နေလဲ ခေ.....
▪▪▪⏳⏳⏳▪▪▪
သူ့Laptopကိုဖွင့်ပြီး ခေ ဘာတွေလုပ်နေသည်မသိဘဲ သူမ လက်တွေတုန်နေသလိုဟု သူထင်မိသည်။
ခေက အနောက်မှာ သူပြန်ရောက်နေတာကိုမသိသေးဘဲ တစ်ခုခုကို သည်းကြီးမည်းကြီးရှာနေ၍ အသံတိတ်ပြုံးလိုက်မိသည်။
"ဘာတွေရှာနေတာလဲ"
ခေလန့်သွားကာ ဖျတ်ခနဲလှည့်ကြည့်လာပြီး သူ့ကိုမြင်လိုက်တော့ ဒေါသမျက်လုံးတွေဖြင့် မျက်နှာလေးက တင်းသွားသည်။
ခေ့ကိုကျော်ကာ Laptop screenကိုလှမ်းကြည့်တော့ Videoတွေသိမ်းသည့်Fileတွေထဲ ရောက်နေသည်။
"ရှင်ပြောတဲ့ videoဆိုတာကိုရှာနေတာလေ"
"မင်းကြည့်ချင်လို့လား ဒီမှာငါတစ်ယောက်လုံးရှိနေတာကို အသစ်ထပ်ရိုက်လိုက်လို့တောင် ရတယ်"
ခေ့မျက်နှာလေးရဲခနဲဖြစ်ကာ အံကြိတ်ပစ်ပြီး laptopကိုပိတ်ပစ်ကာ ထရပ်သည်။
သူ ဟွန့်ခနဲရယ်မိရင်း laptopကိုပြန်ကောက်သိမ်းပြီး သူမပါးလေးကို လှမ်းနမ်းလိုက်သည်။
"အရေးမပါတာတွေမလုပ်စမ်းနဲ့ ခရေဝိုင် မင်းရှာနိုင်မယ့်နေရာမှာထားရအောင် ငါအရူးမဟုတ်ဘူး နားလည်လား"
ရန်သူတစ်ယောက်လိုကြည့်နေသော ခေ့ကိုကြည့်ရင်း သူ နာကျင်သွားမိသည်။
ဒါကိုကြောက်ပြီး ခေါင်းညိတ်ခဲ့သော ခေဟာ ဒါကိုဖျက်စီးပြီး သူ့ဆီကထွက်သွားဖို့ တိတ်တဆိတ်ကြံစည်နေသည်ကိုး။
Laptopကိုယူကာ အခန်းထဲကပြန်ထွက်လာခဲ့တော့ ခေ့တက်ခေါက်သံကြားလိုက်ရ၍ စိတ်ထဲကြိတ်ကျေနပ်သွားသည်။
ကိုယ့်အကြံကိုသဘောကျသလို နှစ်နှစ်ခြိုက်ခြိုက်ပြုံးမိရင်း သူမမျက်နှာလေး အာရုံထဲပေါ်လာ၏။
အဖြစ်မှန်ကိုခေသိရင် သူ့ကိုပါးထပ်ရိုက်ပြီး လူယုတ်မာလို့ထပ်ပြောဦးမှာ အသေအချာ။
မင်းဘယ်တော့မှ ရှာတွေ့မှာမဟုတ်ဘူး ခေ...
ရှိမှမရှိခဲ့ဘဲ...
▪▪▪⏳⏳⏳▪▪▪
Advertisement
Part 19 ဆက်ရန်
စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997
~~~~~~~~~~~~~~~~~~~~~~
အခ်စ္ဝိုင္ ( part - 18 )
▪▪▪▪▪▪▪▪▪▪
"မိန္းမလည္းရၿပီ ေက်ာင္းလည္းၿပီးခဲ့ၿပီဆိုေတာ့ လုပ္ငန္းလုပ္ဖို႔စဥ္းစားေတာ့"
ညစာစားသၫ့္ထမင္းဝိုင္းမွာ ေဖေဖစကားစလာေတာ့ ေမာ့မၾကၫ့္ျဖစ္ဘဲ သူ ေခါင္းညိတ္လိုက္သည္။
ေဖေဖမေျပာလည္း လုပ္ငန္းလုပ္ဖို႔ ရည္စူးထားၿပီးသားမို႔ ညတိုင္းဆဲြေနခဲ့သၫ့္ဒီဇိုင္းေတြ၊ေလ့လာေနခဲ့သၫ့္ ေဈးကြက္အေၾကာင္းေတြကို ထၫ့္မေျပာျဖစ္။
Bangkokေက်ာက္ေလာကမွာ ထဲထဲဝင္ဝင္သိခဲ့ၿပီးသူမို႔ ေက်ာက္ျမတ္လုပ္ငန္းထဲဝင္ဖို႔က သူ႔အတြက္အခက္အခဲမဟုတ္။
"သမီးေလး စားလို႔ေကာင္းရဲ့လား"
ေမေမက သူမကိုအရိပ္တၾကၫ့္ၾကၫ့္ျဖင့္ ဟင္းေတြခပ္ေပး၊ ေရထၫ့္ေပးရိွေပမယ့္ သူမကေတာ့မ်က္ႏွာေက်ာတင္းတင္းျဖင့္ စကားေျပာဖို႔ဝန္ေလးေနဟန္။
ထမင္းကိုလည္းဟုတ္တိပတ္တိမစားဘဲ ဘယ္သူ႔စကားကိုမွလည္း နားမေထာင္သလို စိတ္ဝင္စားပံုလည္းမေပၚ...
"ၾကက္ဥလိပ္ေၾကာ္ေလး စားၾကၫ့္ ေမေမကိုယ္တိုင္ေၾကာ္ထားတာ"
"ဟုတ္"
"ေက်ာင္းတက္ရတာေရာ ဘယ္လိုလဲ သြားဖို႔လာဖို႔အဆင္ေျပရဲ့လား သမီးအေဖက ဖုန္းဆက္ေသးတယ္ သမီးရဲ့ကားကိုျပန္ယူခ်င္တယ္ဆိုရင္..."
"မယူနဲ႔ ဒီအတိုင္းထားလိုက္ သူ႔အပိုင္ကားရိွေနရင္ အရင္လိုေလလြင့္ေနဦးမယ္ နဂိုကတည္းကလမ္းေပ်ာ္.."
သူ ဝင္ေျပာလိုက္ေတာ့ ေခက ေမေမ့ကိုေမာ့ၾကၫ့္ရံုသာၾကၫ့္ၿပီး ထမင္းစားျခင္းကိုပဲအာရံုျပန္စိုက္လိုက္သလို ေနာက္ထပ္ဘာစကားသံမွထြက္မလာ။
ေဖေဖက သူ႔ကိုေရာ ေခ့ကိုပါအကဲခတ္ေနရင္း ေမေမ့ကိုမ်က္ႏွာရိပ္၊ မ်က္ႏွာကဲျပလိုက္သည္ႏွင့္တူ၏။
ထမင္းစားဝိုင္းသည္ ျပန္လည္တိတ္ဆိတ္သြားကာ ဇြန္းသံ၊ ပန္းကန္သံကလဲြလို႔ ဘာသံမွထြက္မလာေတာ့။
ညစာစားၿပီးေတာ့ သူမႏွင့္ေမေမက ပန္းကန္ေတြေဆးဖို႔၊ သိမ္းဖို႔က်န္ေနခဲ့ကာ ေဖေဖနဲ႔သူက ဧၫ့္ခန္းကိုေရာက္လာသည္။
"မင္းကို Bangkokလႊတ္လိုက္ရျခင္းကို နားလည္လား အဲ့ဒီမွာရွာတတ္ရင္ ရွာတတ္သလို ေက်ာက္သိပ္ေပါတယ္ မိုးကုတ္မွာလည္းေက်ာက္ထြက္ေပမယ့္ ေက်ာက္တြင္းေတြက အႏၲရာယ္မ်ားတယ္ထင္လို႔ မင္းသက္သာေအာင္ အဲ့ဒီကိုလႊတ္လိုက္တာ"
"ကၽြန္ေတာ္သိပါတယ္"
"ခုေခတ္အေနအထားနဲ႔ ေျပာရရင္ေတာ့ကြာ လိုအပ္တာက designပဲ ဒီလုပ္ငန္းက ႀကိဳးစားရင္ႀကိဳးစားသေလာက္ျပန္ရတယ္ အရိွန္မပ်က္လည္းေနႏိုင္တယ္ မင္းနားလည္တယ္မလား"
"ဟုတ္ကဲ့ ကၽြန္ေတာ္ေဈးကြက္ထက္ ဒီဇိုင္းကိုပဲ ပိုအားသန္ေနတယ္ ခုလည္းအဲ့ဒီအပိုင္းကိုေလ့လာေနတာပါ ဒီဇိုင္းတစ္ခုေပါက္သြားရင္ ေဈးကြက္ဆိုတာ အလိုလိုျဖစ္လာမွာပဲ"
ေဖေဖက ေက်နပ္သြားသလို ေခါင္းတဆတ္ဆတ္ညိတ္ၿပီး သူ႔ကိုေသခ်ာၾကၫ့္ကာ....
"မင္း ဒီမိန္းကေလးကိုခ်စ္ရဲ့သားနဲ႔ ဘာလို႔စကားေျပာရင္ အဲ့လိုအႏိုင္ပိုင္းၿပီးေျပာေနတာလဲ ငါေယာက်ာ္းပဲဆိုၿပီး ႏိုင္စားေနတာလား"
"သူနဲ႔ကၽြန္ေတာ္ အဆင္မေျပေသးဘူး ေဖေဖ"
"မင္းသူ႔ကိုခ်စ္တယ္ဆို မင္းဘက္က ဘာလို႔အေလ်ွာ့မေပးႏိုင္တာလဲ ခေရဝိုင္က သူ႔အေဖ၊ သူ႔အသိုင္းအဝိုင္းၾကားမွာ မရတာမရိွရေအာင္ အလိုလိုက္ခံရၿပီးႀကီးျပင္းလာတာ မင္းလက္ထဲေရာက္မွ"
"ကၽြန္ေတာ္ ဘာထပ္လုပ္ေပးရဦးမွာလဲ သူျဖစ္ခ်င္သမ်ွအကုန္ျဖစ္ေပးခဲ့တာပဲ"
ေဖေဖက ဘာေျပာရမွန္းမသိေတာ့သလို ခဏေတာ့တိတ္ဆိတ္သြားသည္။
သူမနဲ႔ကိစၥကိုဆက္မေျပာခ်င္ေတာ့၍ ေဖေဖ့ကိုႏႈတ္ဆက္ၿပီး သူအခန္းကိုျပန္လာခဲ့ေတာ့ ေခက အိပ္ယာထဲမွာအိပ္ကာ စာအုပ္တစ္အုပ္ဖတ္ေနသည္။
"မင္း ကားျပန္ယူခ်င္လား"
သူမ ေခါင္းခါျပၿပီး စာအုပ္ကေနအၾကၫ့္မခြာ။
သူေဒါသျဖစ္ရသည့္၊ စိတ္တိုရသၫ့္အျပဳအမူေတြက သူ႔ကိုအေရးမလုပ္ေသာ ထိုအျပဳအမူေတြပဲျဖစ္သည္။
စာအုပ္ကိုဆဲြယူလႊင့္ပစ္လိုက္ေတာ့ သူမ မေက်မနပ္ေမာ့ၾကၫ့္ၿပီး ေဆာင့္ေအာင့္ထထိုင္သည္။
"ရွင္ ေခနဲ႔ရန္မျဖစ္ရရင္ကို မေနႏိုင္ဘူးလား"
"ဟုတ္တယ္ မေနႏိုင္ဘူး မင္းေဒါသျဖစ္ရင္ ငါေက်နပ္တယ္ ေဒါသျဖစ္ေအာင္ကို စေနခ်င္တာ"
တကယ္တမ္း ေဒါသျဖစ္ေနရသည္က သူပဲျဖစ္ကာ သူမကေတာ့ မေက်မနပ္စူပုတ္ပုတ္ျဖစ္ရံုသာ။
"မင္း ေတာ္ေတာ္အေၾကာမာတဲ့မိန္းမပဲ ဒါနဲ႔ဟိုတစ္ရက္ကမင္းရဲ့အဆက္ေဟာင္း ဖုန္းဆက္လာေသးတယ္ မင္းတို႔ခ်င္းအေတာ္ခ်စ္ၾကပံုပဲ မင္း အေဝးသင္ေျပာင္းဖို႔စဥ္းစားထား"
ဒီတစ္ခါေတာ့ ေခ တကယ္ေဒါသျဖစ္သြားၿပီး မ်က္လံုးေတြ အေရာင္လက္လာသည္။
"ရွင္လုပ္ခ်င္တိုင္းလုပ္လို႔ရမလား ဘာလို႔ေျပာင္းရမွာလဲ"
"ေက်ာင္းဆက္တက္ေနရင္ မင္းရဲ့အခ်စ္ေဟာင္းေတြ သူငယ္ခ်င္းေဟာင္းေတြနဲ႔ ျပန္ေတြ့ေနမွာစိုးလို႔ေပါ့"
"ေတြ့ေတာ့ဘာျဖစ္လဲ ရွင္ေတာင္ေပြရႈပ္ေသးတာ ေခက ဘာလို႔မေပြရမွာလဲ"
"လုပ္ရဲရင္လုပ္ၾကၫ့္ေလ မင္းအရင္ကဘယ္ေလာက္ဆိုးဆိုး အဲ့ဒါကမိဘအုပ္ထိန္းမႈေအာက္မွာ.. အခုအိမ္ေထာင္က်ၿပီးမွဆိုးရင္လည္း မင္းမွာ ဘာဂုဏ္ပုဒ္ေတြထပ္ရလာမလဲ ေျပာျပရမလား"
"မလိုပါဘူး ေခေတာင္မွ ဒီလိုယုတ္မာတတ္တဲ့ေယာက်ာ္းမ်ိဳးရေသးတာပဲ ရွင္လည္းခပ္ေပြေပြမိန္းမတစ္ေယာက္ရဲ့ေယာက်ာ္းျဖစ္ၾကၫ့္ေပါ့"
သူ ေခ့ကိုစူးစူးရဲရဲၾကၫ့္ေတာ့ သူမကလည္း အေလ်ွာ့မေပးစြာ ခပ္စူးစူးျပန္ၾကၫ့္သည္။
သူမ တကယ္လုပ္ေနမလားဆိုသၫ့္ စိုးရိမ္စိတ္ဝင္လာေပမယ့္ လက္ေတြ့မွာ ထိုသို႔ေျပာျဖစ္ခဲ့တာမဟုတ္။
"မင္းမွတ္ထား ခေရဝိုင္ ေယာက်ာ္းတစ္ေယာက္မိန္းကေလးအမ်ားႀကီးနဲ႔တဲြႏိုင္ရင္ ေစာ္ၾကည္တယ္လို႔ေခၚၿပီး မိန္းကေလးတစ္ေယာက္က ေယာက်ာ္းေလးအမ်ားႀကီးနဲ႔တဲြရင္ ပ်က္စီးေနၿပီလို႔ေခၚတယ္ မင္းတစ္ေယာက္ဆို ငါက ၂ေယာက္ပဲ
သူႏိုင္ကိုယ္ႏိုင္ အၿပိဳင္က်ဲမယ္ဆိုတာ ရုပ္ရွင္ထဲမွာပဲရိွတာမဟုတ္ဘူး လုပ္ရဲရင္လုပ္ၾကၫ့္ေလ"
သူ အႏိုင္ပိုင္းၿပီးေျပာပစ္လိုက္ေတာ့ ေခက ႏႈတ္ခမ္းေလးကိုက္ကာ ေတာက္တစ္ခ်က္ေခါက္ရင္း လႊင့္ပစ္ထားသၫ့္စာအုပ္ကိုျပန္သြားေကာက္၏။
မင္းရဲထြဋ္ေခါင္ဆိုတဲ့ေကာင္ သူမကို ဘယ္ေလာက္ခ်စ္သလဲ သူ ခံစားသိႏိုင္ၿပီး သူမ ျပန္လာခ်င္ပါသည္ဟု စကားဟရံုျဖင့္ ဟိုက ခ်က္ခ်င္းေရာက္လာမွာမွန္းလည္း သိသည္။
သူ႔ဆီကထြက္သြားဖို႔ အခ်ိန္မေရြးအသင့္ျဖစ္ေနေသာ ေခ့ကို သဝန္တိုသည္ဆိုတာထက္ ဆံုးရႈံးရမွာကိုသာ ပိုၿပီးစိုးရိမ္ေနခဲ့၏။
ေခ သူ႔ကိုရဲြ႔ေျပာတယ္ဆိုရင္ေတာင္ တကယ္လုပ္တာမျဖစ္ပါေစနဲ႔..…
▪▪▪⏳⏳⏳▪▪▪
"ေခေလး ေရ႔ွမွာဧၫ့္သည္ေရာက္ေနတယ္"
အိမ္အကူအန္တီႀကီးက ေခ့ကိုေခၚေပးၿပီးမီးဖိုခန္းထဲတန္းဝင္သြား၍ ဘယ္သူလဲဟု အိမ္ေရ႔ွထိထြက္လာခဲ့သည္။
မင္းေစရာက သူ႔အေဖနဲ႔အတူ ေက်ာက္အေရာင္းအဝယ္လုပ္သၫ့္ေနရာကို လိုက္သြား၍ အိမ္မွာ ေခတို႔ကလဲြၿပီး ဘယ္သူမွမက်န္။
"ေနေကာင္းရဲ့လား ေခမ"
ပီယသည္ နည္းနည္းပိန္က်သြားသလို ေခ့ကိုၾကၫ့္ေနပံုကလည္း စိုးရိမ္တႀကီးရိွလွသည္။
လက္ထဲမွာလည္း ဘာေတြဆဲြလာသည္မသိဘဲ အိတ္ေတြမ်ားေနတာမို႔ ေခက အိတ္တခ်ိဳ႕ကိုခဲြယူလိုက္သည္။
"လာေလ အထဲကိုဝင္ထိုင္ဦး"
"ငါ Hotelခဏဝင္ခဲ့ေသးတယ္ spaကေကာင္မေလးေတြက နင့္ကိုေမးေနၾကတယ္"
"အင္းပါ ေနာက္မွသြားလိုက္ေတာ့မယ္ နင္ ဘယ္ကလွၫ့္လာတာလဲ"
"နင့္ဆီလာတာ မခကေတာ့ အလျွပင္ဆိုင္မွာမိတ္ကပ္စမ္းရင္းက်န္ေနခဲ့တယ္"
"Aww"
"နင့္အတြက္ ဖိတ္စာ"
ပီယက ဖိတ္စာလွမ္းေပးေတာ့ ေခကအႃပံုးေလးျဖင့္လွမ္းယူလိုက္သည္။
ေခ အဆင္ေျပတာ၊ မေျပတာေတြ ပီယကအစဘယ္သူ႔ကိုမွမသိေစခ်င္၍ ပီယေရ႔ွမွာပဲဖိတ္စာကိုဖြင့္ဖတ္လိုက္သည္။
"အံမယ္ မခေရဝိုင္၏အခ်စ္ဆံုးသူငယ္ခ်င္းဆိုပါလား နင္က ကတိတည္သားပဲ"
"တည္ရမွာေပါ့ နင္ကဘယ္သူမို႔လဲ ခေရဝိုင္ေလ နင္မပါရင္ပဲြမစည္ဘူးကိုး"
သတိတရျဖင့္ ေအာက္နားေလးကိုၾကၫ့္မိေတာ့ မင္းေစရာ၏ညီမ ဟု ပါလာ၍ ေခ့မွာႃပံုးရေသးသည္။
မခကေတာ့ အိမ္ကိုလိုက္မလာတာက မင္းေစရာကို ေခ့ကိစၥအတြက္မေက်ေသးလို႔ဟု ခန႔္မွန္းရသည္။
"အဲ့ဒါက နင္ဝတ္ဖို႔ မခကိုယ္တိုင္ဝယ္ေပးထားတာ ႀကိဳက္လား ၾကၫ့္ဦး"
ေခက ပီယၫႊန္ျပေသာ အိတ္ကိုဖြင့္ၾကၫ့္လိုက္ေတာ့ ခရမ္းေရာင္ႏုႏုဇာႏွင့္ ပိုးစတစ္စျဖစ္ေန၍ႃပံုးလိုက္မိသည္။
ေခ့ရဲ့ favoriteအေရာင္ကိုး။
"နင္ေရြးလာတာပါ ပီယရယ္ မခက ငါဒီအေရာင္ႀကိဳက္မွန္းမသိေလာက္ပါဘူး"
"သိရင္လည္း ေအးေဆးေနဟာ ထည့္မေျပာနဲ႔ အဲ့ေန့က် နင္ဆက္ဆက္လာရမယ္ေနာ္"
"လက္မဖဲြ႔ဘူးေနာ္ သိဖို႔"
"မလိုပါဘူး နင္လာဖို႔ပဲလိုတာ ဟိုဘက္က မခက သူ႔အေမအတြက္ထၫ့္ေပးလိုက္တာ ဒါကသူ႔အစ္ကိုနဲ႔အေဖဖို႔"
ေခ ေခါင္းေလးပဲညိတ္ကာ ျဖန႔္ၾကၫ့္ထားသၫ့္ပိုးစကိုေခါက္ကာ အိတ္ထဲျပန္ထၫ့္သည္။
ေခ လုပ္ေနသမ်ွကိုအေသးစိပ္ၾကၫ့္ေနရင္း ပီယက...
"နင္ အဆင္ေျပရဲ့လား"
"ေျပပါတယ္ ဒက္ဒီနဲ႔ေရာေတြ့ေသးလား ဒက္ဒီဘာလုပ္ေနလဲ ႀကီးေမေရာ"
ေခတို႔ကိစၥကိုေမးေနမွာစိုး၍ ေပါ့ေပါ့ပါးပါးေျဖရင္း စကားလမ္းေၾကာင္းလႊဲပစ္လိုက္ေတာ့ ပီယက အလိုက္တသိထပ္မေမးေတာ့။
"ေလးေလးကစပ်စ္ၿခံမွာေနတာမ်ားတယ္ ဝိုင္ေဖာက္တဲ့ေနရာမွာ ျပႆနာနည္းနည္းရိွေနလို႔တဲ့ အေဖလည္းအဲ့ဒီမွာရိွတယ္ ႀကီးေမကေတာ့အိမ္မွာပဲေပါ့ ဘာလုပ္စရာမွမရိွလို႔ မုန႔္လုပ္ေရာင္းမလို႔တဲ့"
ႀကီးေမကိုလြမ္းသြားမိေပမယ့္ ေချပန္လို႔မျဖစ္ေသး။
ထြဋ္ကိုလည္း သတိတရျဖစ္သြားကာ မင္းေစရာနဲ႔ဖုန္းေျပာျဖစ္တာကိုသတိရလိုက္ၿပီး တျခားဘာမွထပ္မေမးျဖစ္ေတာ့ဘဲ ေခ ႏႈတ္ဆိတ္ေနလိုက္သည္။
"ထြဋ္ေခါင္ ငါ့ဆီကိုလာသြားေသးတယ္ ေတာ္ေတာ္လည္းမူးေနပံုပဲ နင္လက္ထပ္လိုက္တာကိုမယံုႏိုင္ဘူးတဲ့"
"အခ်ိန္ၾကာလာရင္ သူ ယံုသြားမွာပါ နင္ဘယ္သြားစရာရိွေသးလဲ"
"မရိွေတာ့ဘူး မခကိုဝင္ေခၚၿပီးရင္ျပန္မွာ"
ေခႏႈတ္ဆိတ္သြားသည္ကို ရိပ္မိသလို ပီယက စကားလမ္းလႊဲသၫ့္အေနျဖင့္ ေက်ာင္းတက္ဖို႔ကိစၥေတြအေၾကာင္းေျပာေတာ့ ေခ ေခါင္းညိတ္ၿပီးနားေထာင္ေနလိုက္သည္။
မင္းေစရာက ေခ့ကိုအေဝးသင္ေျပာင္းခိုင္းသၫ့္ကိစၥကိုေတာ့ ေခမေျပာဘဲေနလိုက္သည္။
အေဝးသင္ေျပာင္းဖို႔ ထပ္မေျပာေတာ့ျခင္းက စာေမးပဲြေရာက္ေတာ့မွာမို႔ သူ႔ဘက္ကတစ္ထစ္အေလ်ွာ့ေပးလိုက္ျခင္း ျဖစ္ေလာက္သည္။
Finalက်ရင္ေတာ့ ေျပာင္းခ်င္ေျပာင္းခိုင္းေနမွာမို႔ မေသခ်ာေသးသၫ့္အရာတစ္ခုအတြက္ ေခကိုယ္တိုင္လည္းစိတ္ရႈပ္မခံခ်င္။
ထို႔အတူ သူ႔စကားကိုလည္း ေခနားေထာင္မွာမဟုတ္...
"ငါေက်ာင္းျပန္တက္ေနၿပီ နင္နဲ႔မခကေတာ့ မဂၤလာပဲြၿပီးမွတက္ေတာ့မွာမလား"
"အင္း အဲ့လိုစိတ္ကူးတာပဲ ေက်ာင္းပိတ္ရင္ေတာ့ အေဖက သူနဲ႔လာေနၿပီး အလုပ္လုပ္ဖို႔ေခၚထားတယ္"
"ေကာင္းပါတယ္ မခကိုေသခ်ာထားေပါ့ နင့္လက္ထဲေရာက္မွ ငါ့သူငယ္ခ်င္းကိုစိတ္မညစ္ေစနဲ႔ေနာ္"
"ငါကိုယ္တိုင္ကလည္း နင့္သူငယ္ခ်င္းပါ ေခစုတ္မရယ္ ကဲပါ.. ငါျပန္ေတာ့မယ္ တစ္ခုခုလိုအပ္တာရိွရင္ ငါ့ဆီဖုန္းဆက္ ေလးေလးက နင့္အေကာင့္ထဲကိုလည္း ပိုက္ဆံထၫ့္ေပးထားတယ္တဲ့"
"Omm သံုးစရာမရိွေသးလို႔ပါ"
ပီယျပန္သြားၿပီးေနာက္မွ ေခ တစ္ခ်က္ႃပံုးလိုက္ကာ ဖိတ္စာကို မင္းေစရာျမင္ႏိုင္သၫ့္ေနရာမွာ ခ်ထားလိုက္သည္။
ရွင္နဲ႔ေခက နာမည္ခ်င္းေတာင္မနီးစပ္ဘူးဆိုတာ ရွင္သိမျွဖစ္မယ္.....
▪▪▪⏳⏳⏳▪▪▪
"ေနာက္ဆိုအဲ့လိုမလုပ္ပါနဲ႔ မခရယ္"
Advertisement
- In Serial461 Chapters
The Oscillation (No Swearing)
It was an average day in Miami—then fractures in the sky appeared. A pulse from those cracks altered the population; some people's biology changed while others received magical and supernatural powers. After the chaos, the political drama ensued, followed by the discovery of portals that brought deadly creatures. They called this event "The Oscillation" and it changed Rachel's life forever. Note: I've received some feedback that people don't like the foul language. This also included my mother, she wanted me to make a cleaner version for her. So, I thought I might as well release it alongside the more explicit version. I went back and rewrote the parts that have profanity in them. ^_^7 Cover Commissioned From Likesac ^_^7
8 130 - In Serial33 Chapters
Doll of Death
A 10-year-old girl with no family was raised by an organization of assassins. Due to her killing all their best clients she was hated by everyone. After reaching the bottom line of the organization she was poisoned but found out about it and decided to bring everyone down with her. This is her story afterward in a different world where death is always a looming threat. She will have to do what she knows best to survive even without being human anymore. ______________________ Girl in cover from Pinterest.
8 124 - In Serial98 Chapters
Summoned to a Shattered World
Torn from his everyday life, Cathal is bound to the service of a capricious Demon Lord. With little in the way of powers or special abilities, Cathal struggles to survive the new life forced upon him of blood and battle amongst the demons in a world shaped by a great magical calamity. On Hiatus Cover by https://www.taypayart.com/ on commission.
8 219 - In Serial8 Chapters
Enigma Of The Void
On a stormy night, a figure can be seen appearing in front of a small house."W-Who are you?""His name is Zin, please take care of him for me."Right as the figure finished his sentence, he was gone the next second.The owner was confused but still took in the baby with a smile on his face.Follow along to see how the baby would grow and adapt to the world.-------------------------------------------------------------------Cover by - Balderdact ------------------------------------------------------------------- https://discord.gg/mRM75h7vQy
8 83 - In Serial20 Chapters
Is this really luck?
Our mc has gone through a life and death, a lazy God appeared before her and cast her aside into one of the game she was playing. An otome game which she has to strive her best to survive without ending up dead.
8 219 - In Serial6 Chapters
Class 2-A's Lessons in Italy(sponsored by Vongola 'Enterprize')
A white jet that's emblem with the famous Vongola symbol, has just arrive back in Japan. A group of 7 teens stepped out in suits and a dress. The guardians(Hayato, Takeshi, Lambo, Ryohei, Mukuro, Chrome, and Kyoya) and Vongola Deciemo(Tsuna(yoshi)) has just came back from a trip in Italy and met with a sadistic hitman tutor, Reborn(take note that he has his famous smirk on). After a day of settling in and arriving to school, they were met with a surprise appearance from Mr. Riboyama. What does Mr. Riboyama have in store for them?This is my first fanfiction/story, so I thought about writing one with not too much plot line and kinda over use, yet funny idea to get use to writing. I hope you as readers can give me some feed backs, and opinions on what I should do next, I'll be asking some questions on what I should do. Thank you very much for reading this.[I do not own Katekyo Hitman Reborn or it's characters. It rightfully belongs to it's rightful writer, producer, and director.]
8 160

