《အချစ်ဝိုင် ( Complete )》Part 17
Advertisement
အချစ်ဝိုင် ( part - 17 )
▪▪▪▪▪▪▪▪▪▪▪
"မိန်းမရတယ်ဆိုတာ အသံပဲကြားလိုက်ရတယ် လူကတော့အပြင်ပြန်ရောက်နေပြီ မင်းတကယ်ရတာရောဟုတ်ရဲ့လား"
ကျော်ဇင်က သိသိရက်နဲ့ ခနဲ့လာသည့်စကားကြောင့် သူမျက်နှာလွှဲပစ်လိုက်ပြီး ဆုပ်ကိုင်ထားမိသည့်ဖန်ခွက်ကို တရှိန်ထိုးမော့ချပစ်လိုက်သည်။
မီးရောင်တွေအောက်မှာ ကခုန်နေကြသည့်လူတွေကို ကိုယ်နဲ့မဆိုင်သလိုခံစားရရင်း ဘယ်သူနဲ့မှလည်းစကားမပြောဖြစ်။
တစ်လောကလုံးပျော်နေနိုင်ပေမယ့် သူတစ်ယောက်တည်းကွက်ပြီး အထီးကျန်နေသလို ခံစားနေရပြီး သူ ဘာကြောင့်အမြဲဒီလိုခံစားနေရတာလဲ...
"ဟေ့ကောင် clubကိုလာပြီး ငူငူကြီးလုပ်မနေစမ်းပါနဲ့ မင်းစေ မင်းဘာဖြစ်နေတာလဲ"
"ငါ သူ့ကိုချစ်တယ်"
"သိတယ်လေ အဲ့ဒါကြောင့်ပဲ မင်းရအောင်ယူထားတာမလား"
"ငါရလိုက်တာက သူ့ရဲ့ခန္ဓာကိုယ်သက်သက်ကြီးကွ သူ့နှလုံးသားက ဟိုမင်းရဲထွဋ်ခေါင်ဆိုတဲ့ကောင်ဆီပဲ ကျန်ခဲ့သလား ဒါမှမဟုတ် ကျော်ပီယဆီမှာပဲကျန်ခဲ့သလား အရမ်းအေးစက်တယ်ကွာ တကယ်"
"ဒါကတော့ကွာ မင်းကို ဘယ်ကျေနပ်နိုင်ဦးမှာလဲ"
သူမ စိတ်ဆိုးနေလို့အရွဲ့တိုက်ခဲ့သည်ဟု ထင်မိပေမယ့် လက်ထပ်ပွဲကိစ္စကို ဖေဖေနားချနေသည်မှာလည်း ၃ရက်လောက်ရှိပြီဖြစ်သည်။
ဖေဖေ့စကားကိုလည်း သူမ လက်မခံဘဲ ပြောနေတာကတစ်ခုတည်းသာဖြစ်ကာ ထိုအရာသည်...
"မကျေနပ်တာတော့ ငါသိတယ်လေ လက်ထပ်ဖို့ကိစ္စကို ဘယ်လိုမှညှိမရဘူးကွာ သူနဲ့ငါယူမယ့်ကိစ္စကို ဘယ်သူမှမသိလေကောင်းလေတဲ့ ငါ့ဇနီးအဖြစ် ဘယ်သူ့ကိုမှမသိစေချင်တာတဲ့"
ပြောနေရင်း ရင်ထဲမှာခံပြင်းနာကျင်လာသည်မို့ အရက်မရှိတော့သည့်ဖန်ခွက်ကို ကွဲကြေမတက်ဖိဆုပ်ထားမိသည်။
သူသည် ဖေဖေနဲ့မေမေကြောင့် လက်ထပ်ခြင်းကိုအယုံအကြည်ရှိသူမဟုတ်။
ဒါကြောင့်ပဲ ပွေရှုပ်သောလူတစ်ယောက်အဖြစ် မိန်းကလေးထည်လဲတွဲကာ ဘယ်သူ့ကိုမှလက်ထပ်ဖို့မရည်စူးခဲ့သူ။
သူမကိုတော့ လက်ထပ်ခြင်းဖြင့်ပိုင်ဆိုင်ချင်သည်။
ကိုယ့်အနားမှာမနေချင်သော ထိုမိန်းကလေးကို လက်ထပ်ခြင်းကသာ ချုပ်ကိုင်ထားနိုင်သည့်တစ်ခုတည်းသောလမ်းကြောင်းမလား။
ပြီးတော့ ခုလိုလူမသိသူမသိသော လက်ထပ်ခြင်းမျိုးလည်း မဟုတ်...
"မင်းတို့ပြောစမ်း သူ့မျက်လုံးထဲမှာ ငါကဘာကောင်ဖြစ်နေတာလဲ"
"မင်းကို ဆိုးတဲ့လူလို့ပဲမြင်မှာပေါ့ မင်းဆိုးတာကို မင်းကိုယ်တိုင်လည်းသိနေတာပဲ"
"အဲ့လိုဆိုးတာတွေပဲမြင်နေပြီး ငါချစ်တာကိုတော့ ဘာလို့နည်းနည်းလေးတောင်မမြင်တာလဲ"
"နေပါဦး မင်းစေ မင်းချစ်နေတဲ့အကြောင်း သူ့ကိုရော ပြောပြဖူးလို့လား"
နေသူ ပြောလိုက်သည့်စကားကြောင့် သူ နည်းနည်းထွက်ပေါက်ရသွားသလို မွှန်းကြပ်မှုတွေလျော့သွားသည်။
သူမကို မျက်နှာချင်းဆိုင်ပြီး တစ်ခါမှမပြောခဲ့ဖူး။
"မပြောခဲ့ဖူးဘူးမလား ကဲ.. အဲ့ဒီကျ ခရေဝိုင်က ဘယ်လိုသိမှာမို့လဲ ဟိုကအကြားအမြင်ရနေတာလည်းမဟုတ်"
သူ ခေါင်းညိတ်ရင်းထောက်ခံလိုက်သည်။
သူမကိုချစ်သည့်အကြောင်းပြောပြလိုက်လျှင် သူမဘက်က နည်းနည်းနူးညံ့သွားနိုင်လောက်သည်ဆိုသည့် အတွေးဝင်လာခဲ့၏။
"ငါပြန်တော့မယ်"
"ဟား.. ချက်ချင်းကြီးပါလား ပြန်တော့ ဒီဝိုင်းငါရှင်းလိုက်မယ်"
သူ ခေါင်းညိတ်ကာ clubထဲကချက်ချင်းပြန်ထွက်ပြီး အိမ်ကိုပြန်လာခဲ့သည်။
မနက်၁နာရီထိုးတော့မည်ဖြစ်၍ လမ်းတွေပေါ်မှာ လူမရှိတော့ဘဲ ရှင်းလင်းနေ၏။
ဖေဖေရော မေမေပါ သူမနှင့်သူ့ကြားက ညှိမရသည့်ပြဿနာကြောင့်လွှတ်ပေးထားသဖြင့် သူဘာလုပ်လုပ်တားမည့်သူမရှိ။
အခန်းထဲကိုဝင်လာခဲ့တော့ သူမက အိပ်ပျော်နေပြီဖြစ်ကာ ဖက်လုံးကိုဖက်ပြီး အိပ်နေသည့်မျက်နှာလေးက အပြစ်ကင်းစင်နေ၏။
စကားပြောချင်လို့ပြန်လာခြင်းဖြစ်ပေမယ့် သူမ အိပ်ပျော်နေတော့လည်း မနှိုးချင်။
ခဏခဏစိတ်ကူးယဥ်ခဲ့ရသည့်ပါးလေးကို ငုံ့နမ်းတော့ မွှေးပျံ့နေသည့်ရနံ့လေးတစ်ခုရလိုက်သည်။
"ရှင် ဘာလုပ်တာလဲ"
သူမ နိုးလာပြီး သူ့ရင်ဘတ်ကိုတွန်းဖယ်ကာ ထထိုင်သည်။
သူမ ပုံစံလေးက ဟိုတစ်ရက်ကသူ့ရင်ခွင်ထဲမှာနိုးလာစ လိုမျိုး ထိတ်လန့်ကြောက်ရွံ့မှုတွေဖြင့်။
"နမ်းတာလေ ဘာဖြစ်လို့လဲ"
"ရွံလို့ ရှင့်ကိုရွံလွန်းလို့သေတော့မယ်"
သူ ထောင်းခနဲဒေါသဖြစ်သွား၍ ခေ့ပခုံးတွေကို မွေ့ယာထဲနစ်သွားအောင်ဖိထားလိုက်ရင်း မွှေးပျံ့နေသောမျက်နှာလေးကို ဖိနှစ်နမ်းပစ်သည်။
"လူယုတ်မာ ရှင့်ကိုမုန်းတယ်"
"ငါကတော့ မင်းကိုချစ်တယ်"
သူမ ဆွေ့ဆွေ့ခုန်ဒေါသဖြစ်သွားသလို ရန်တွေ့ဖို့ပြင်လာ၍ ပြုစားနိုင်လွန်းသောနှုတ်ခမ်းလေးတစ်ခုလုံးကို နမ်းပစ်လိုက်သည်။
ထိုနှုတ်ခမ်းလေးကို အဝေးတစ်နေရာကပဲ သူငေးခဲ့ရသည်မို့ တကယ်နမ်းခွင့်ရလာသည့်အခါတိုင်း ခဏနဲ့ပြန်မလွှတ်ချင်။
သူ ကျေနပ်သွားမှ ခေ့ကိုပြန်လွှတ်ပေးလိုက်တော့ သူ့ရင်ခွင်အောက်မှာ ဆံပင်တွေရှုပ်ပွအောင် ရုန်းထားသည့်သူမက မျက်ရည်တွေဝဲနေခဲ့၏။
"မင်း ရွံတယ်လို့ပြောချင်သေးလား"
ခေ မျက်ရည်တွေစီးကျလာပြီး သူ့မျက်နှာကိုတွန်းဖယ်ပစ်တော့ လက်သည်းရှည်ရှည်တွေဖြင့် မေးရိုးနားမှာခြစ်မိသွားပုံရသည်။
ဖျင်းခနဲနာသွားသည့်အခါ သူ့လက်တွေပိုပြီးတင်းသွားသလို သူမမျက်နှာလေးမဲ့ခနဲဖြစ်၏။
"နောက်တစ်ခါ အဲ့လိုစကားမင်းထပ်ပြောရင် ဒီ့ထက်ပိုဆိုးမယ်"
ခေ့ကို ပြန်လွှတ်ပြီးထသောအခါ သူမက ပက်လက်ကလေးအတိုင်းငြိမ်သက်နေခဲ့၍ အခန်းဝရံတာကိုထွက်လာခဲ့သည်။
စီးကရက်တစ်လိပ်ကို မီးညှိလိုက်ပြီး ဘာလို့အဲ့လောက်လွယ်လွယ်အလျှော့ပေးလိုက်မိသလဲ စဥ်းစားလို့မရ၍ စီးကရက်ငွှေ့တွေကိုမှုတ်ထုတ်လိုက်မိသည်။။
ပြောချင်သည့်စကားတွေကိုလည်း သူ ထုတ်မပြောဖြစ်ခဲ့ဘဲ.....
▪▪▪⏳⏳⏳▪▪▪
"ကျေနပ်သွားပြီလား"
လက်မှတ်ထိုးဖို့အတွက် သူ့ဘက်ကမိဘနှစ်ပါးနှင့် ဦးမင်းထွန်းအပြင် ရှေ့နေတစ်ယောက်သာပါ၏။
စာချုပ်နှစ်စောင်ကိုစုထပ်ပြီး သူမဆီလှမ်းပေးလိုက်ကာ သူ ရွဲ့ပြီးမေးလိုက်တော့ ခေက ခေါင်းညိတ်ပြသည်။
သူတို့နှစ်ယောက်ကိုကြည့်ကာ လူကြီးတွေမျက်နှာမကောင်းကြ၍ သူ့ဘက်က ပထမဆုံးအလျှော့ပေးလိုက်ပြီး ခေ့ကိုလွှတ်ပေးထားလိုက်သည်။
"ခေ့ဘက်က ရိုင်းတာတွေများဖြစ်ခဲ့ရင် အားလုံးကိုတောင်းပန်ပါတယ်"
ဝတ်ကြေတမ်းကြေလား၊ သူမရဲ့တကယ်စိတ်ရင်းလားမသိပေမယ့် ထိုစကားပြောဖော်ရသည်ကိုတော့ မဆိုးဟု သူသတ်မှတ်သည်။
သူမ အပေါ်ကိုပြန်တက်သွားတော့မှ လက်စွပ်ကိုသတိရ၍ အနောက်ကနေလိုက်လာခဲ့သည်။
ခေက စာချုပ်တွေကို အံဆွဲထဲထည့်သိမ်းပြီး ခဏတော့ငြိမ်နေသေးသည်။
"ရှင် ဘာပြောဖို့ကျန်သေးလို့လဲ"
သူ မျက်ခုံးပင့်သွားပြီိး တကယ်သဘောကျသွားတာမို့ အသံထွက်အောင်ရယ်မိသည်။
သူရောက်နေတာကို ခေ ဘယ်လိုလုပ်သိနေတာလဲ .....
"ရှင့်ရဲ့ရေမွှေးနံ့က ဒီနေရာကအထိရတယ် ဘာပြောမလို့လဲ ခေ ခေါင်းကိုက်နေပြီ"
သူမက ဒီရေမွှေးနံ့ကိုမှတ်မိနေပြီမို့ အကောင်းဘက်ကတွေးပြီး ကျေနပ်သွားကာ ခေ့ ဘယ်ဘက်လက်ကလေးကို လှမ်းယူလိုက်သည်။
"ဘာလဲ"
"ဝတ်ထားလိုက်"
သူဒီဇိုင်းဆွဲခဲ့သောလက်စွပ်ကလေးသည် ခေ့လက်ပေါ်ရောက်သွားတော့မှ ပိုပြီးလှသွားသလို မျက်လုံးထဲမြင်မိသည်။
Tomorrowဆိုသည့် စာလုံးလေးတွေကို အပေါ်ဘက်မှာထည့်ထားကာ O နေရာလေးတွေမှာ စိန်သေးသေးလေးတွေမြှုပ်ထား၍ တဖျတ်ဖျတ်လက်နေ၏။
ခေကလည်း ငုံ့ကြည့်ကာ ဘာမှမပြောဘဲ သူ့ကိုပြန်မော့ကြည့်လာပြီး စိတ်ရှုပ်သလိုမျက်နှာမျိုးဖြစ်သွား၏။
"ဘာလဲ ချွတ်ရဲရင်ချွတ်ကြည့် မင်းမကြုံချင်တဲ့ကိစ္စ မင်းဆီတစ်ခေါက်ပြန်ရောက်လာလိမ့်မယ်"
"ဘာ!!"
Advertisement
"ငါကဘယ်နှခါကြုံကြုံ ကိစ္စရှိပေမယ့် မင်းကတော့ကြောက်မယ်ထင်တယ်"
ခေမျက်နှာပျက်သွားပြီး လက်စွပ်ကိုရန်မလုပ်တော့ဘဲ သူ့ကိုရှောင်ပြီး အခန်းထဲကထွက်သွား၏။
သူ ကြည်ကြည်နူးနူးပြုံးမိကာ သူမ ကျောပြင်လေးကို လိုက်ကြည့်မိ၏။
မတတ်နိုင်...
မနက်ဖြန်တိုင်းမှာ သူမလက်ကလေးပေါ် အဲ့ဒီလက်စွပ်လေးရှိနေဖို့အတွက် ......
▪▪▪⏳⏳⏳▪▪▪
မီးရောင်မှိန်မှိန်လေးထွန်းထားသည့်အခန်းထဲမှာ မွေ့ယာကိုမှီရင်း သူ မျက်ရည်ကျနေမိသည်က ခရေဝိုင်ဆိုသည့်မိန်းကလေးကြောင့်ဖြစ်သည်။
သူ့ရဲ့အချစ်ဦးလည်းဖြစ်သလို အချစ်ဆုံးလည်းဖြစ်သူမို့ လွယ်လွယ်နဲ့မေ့လို့မရ။
မူးရူးသွားတိုင်း မေ့မလားဟု အရက်တွေမြိုချမိပေမယ့် သူ ငိုချင်နေမြဲ။
ကိုယ့်ချစ်သူကို လက်လွှတ်ရသည့်နာကျင်မှုထက် သူမကိုယ်တိုင်က လမ်းခွဲဖို့ကိုရွေးချယ်ခဲ့သူ။
"နင် ထွက်သွား"
သူမ အခါခါနှင်ထုတ်ခဲ့ပေမယ့် ဘယ်ကိုမှမသွားနိုင်အောင် လက်ကလေးကိုဆုပ်ကိုင်ထားခဲ့သည်။
မန္တလေးကိုပြန်ဆင်းသွားကတည်းက အဆက်အသွယ်ပြတ်ခဲ့သော သူမသည် အဖြစ်ဆိုးတစ်ခုကြုံခဲ့ရပြီမှန်း သူသိခဲ့ပေမယ့် တွေ့ခွင့်မရခဲ့။
"ငါ့ကြောင့်ပါကွာ ငါ့အပြစ်တွေပါ ခေ့ကိုငါအရမ်းချစ်မှန်းသိလို့ အဲ့ဒီကောင်"
ပီယ ရှိုက်ကြီးတငင်ငိုရင်း ရင်ဖွင့်လာတော့မှ သူ့ရင်ထဲနုံးခွေ့သွားသည်။
သူ မထိရက်မကိုင်ရက်၊ အရိပ်တကြည့်ကြည့်မြတ်နိုးခဲ့ရသည့် သူမဟာ တခြားတစ်ယောက်ဆီမှာလည်စင်းပေးခဲ့ရသည့်နာကျင်မှုက ဘာနဲ့မှမတူ။
"တောက်!!"
ဖန်ခွက်ကို နံရံဆီပစ်ပေါက်လိုက်ရင်း လက်ကဖုန်းဆီကိုရောက်သွားကာ သူမ နံပါတ်လေးဆီအထပ်ထပ်ခေါ်နေမိသည်။
၄၊ ၅ခါခေါ်တော့မှ ဖုန်းကိုင်လာတော့ သူပျော်သွားမိပေမယ့်.....
"မင်း ငါ့မိန်းမဆီ ဘာလို့ဖုန်းဆက်နေတာလဲ"
"မင်းစေရာ"
"ဟုတ်တယ် ငါပဲ.. ခရေဝိုင်ကငါ့မိန်းမဖြစ်သွားပြီဆိုတာရော မင်းသူ့ဆီဖုန်းမဆက်သင့်တော့ဘူးဆိုတာရော မင်းနားလည်ရဲ့လား"
"မင်းကို သူ သေအောင်မုန်းနေတာ မင်းတစ်ခုခုနဲ့ခြိမ်းခြောက်ထားလို့ သူလက်ခံလိုက်ရတာ.. မင်းစေရာ ဝိုင်ကငါ့ကောင်မလေးပါ သူ့အကြောင်းငါသိတယ်"
သူ ထိုသို့ပြောတော့ မင်းစေရာက ထောင့်မကျိုးသော ရယ်သံသဲ့သဲ့ဖြင့် သဘောတကျရယ်သည်။
"သူ့အကြောင်းကို မင်းထက်ပိုသိတဲ့ကောင်ကတောင် ပါးစပ်ပိတ်သွားပြီ မင်းကဘာလို့မပိတ်သေးတာလဲ"
"မင်း ခွေးတိရစ္ဆာန်လိုကောင်"
ဒေါသဖြင့် သူအော်ပစ်လိုက်တော့ တစ်ဖက်က ရယ်သံက ပိုပြီးကျယ်လောင်စွာထွက်လာသည်။
"မင်းကောင်မလေးကို ငါချစ်လို့ပါကွာ ချစ်လို့ရအောင်ယူထားတာပါ တခြားဘာမှမဖြစ်စေရဘူး ငါသူ့ကိုစောင့်ရှောက်လိုက်မယ် အဲ့ဒါကိုတော့ ငါကတိပေးနိုင်တယ်"
"မင်း ချစ်တာမဟုတ်ဘူး ဝိုင့်အပေါ်ကိုယုတ်မာနေတာ ကျော်ပီယကိုမကျေနပ်ရင် ကျော်ပီယနဲ့ပဲရှင်း"
"ပါလာပြန်ပြီ"
မင်းစေရာက မဟုတ်တာတစ်ခုကို အစွပ်စွဲခံလိုက်ရသလို ကျွတ်ခနဲဖြစ်သွားပြီး ခဏတော့ငြိမ်သွားသေးသည်။
"ဘာလို့ကျော်ပီယကိုဆွဲထည့်နေတာလဲ ငါက ခရေဝိုင့်ကိုချစ်လို့ လို့ပြောနေတာလေ"
"အဲ့ဒါကိုက မယုံရတဲ့အကြောင်းပြချက်ပဲ"
"မင်းကိုယုံခိုင်းနေတာမဟုတ်ဘူး မင်းရဲထွဋ်ခေါင် ငါကချစ်လို့ ချစ်တဲ့အကြောင်းပြောပြနေတာ မင်းနဲ့သူဘယ်လိုပဲ ပတ်သက်ခဲ့ပတ်သက်ခဲ့ လက်ရှိမှာ ခရေဝိုင်ကငါ့မိန်းမပဲ မင်းနောက်ထပ်ငါ့မိန်းမနဲ့ လာမပတ်သတ်နဲ့"
ခပ်ရင့်ရင့်စကားတစ်ခွန်းနှင့်အတူ ဖုန်းချသွားတော့ ပါးပြင်မှာ မျက်ရည်ရဲ့အထိအတွေ့ကို သူခံစားမိ၏။
ရင်ထဲမှာနင့်နေလောက်အောင် အဲ့ဒီမိန်းကလေးကိုသူချစ်ခဲ့ရတာပါ။
သူမ ဘာဖြစ်ခဲ့ဖြစ်ခဲ့ လက်ထပ်ချင်သည့်မြတ်နိုးစိတ်တွေလည်းလျော့မသွားခဲ့ဘဲ။
"မင်း သိပ်ရက်စက်တယ် ဝိုင်ရယ်"
ဒီလိုဆုံးဖြတ်ခဲ့ပါသည်ဆိုသော ခေါင်းမာသည့်မျက်နှာနှင့် သူ့ကိုစူးစိုက်ကြည့်နေသည်မှာလည်း နည်းနည်းလေးမှမျက်နှာလွှဲမသွား။
ခါတိုင်းလို တက်ကြွမှုမရှိတော့ပေမယ့် အေးစက်သည့်ပြတ်သားမှုတစ်ခုကတော့ သူမဆီကျန်နေခဲ့သေး၏။
"ဘာဖြစ်လို့လဲ ဝိုင်ရယ် ဘာလို့အဲ့လိုဆုံးဖြတ်ခဲ့တာလဲ"
"ခေနဲ့မတန်ပါဘူး ထွဋ်အဲ့လောက်ထိ မစွန့်စားပါနဲ့"
"မတန်ဘူးဆိုတာရှိလို့လား ဝိုင် ကိုယ်လိုချင်တာက မင်းရဲ့ခန္ဓာကိုယ်မဟုတ်ပါဘူး မင်းကိုပါ အဲ့ဒါကို မင်းဘာလို့နားမလည်ရတာလဲ"
"ခေနားလည်တယ် နားလည်လို့လည်းဆုံးဖြတ်ပြီးပြီ ခေတို့တစ်ခါတည်းလမ်းခွဲရအောင်"
"မရဘူး ခွဲမပေးနိုင်ဘူး မင်းနဲ့ကိုယ် နှစ်ယောက်အတူစခဲ့တဲ့ Relationshipကို မင်းတစ်ယောက်တည်းရဲ့ဆန္ဒနဲ့ မဖျက်သိမ်းနိုင်ဘူး"
"ရတယ် လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှမြည်ပေမယ့် တစ်ဖက်တည်းတီးလို့လည်းအသံမထွက်ဘူး ထွဋ် ခေ့ဘက်ကပြတ်တယ်"
သူမ ထိုသို့တစ်ဖက်သတ်ဆုံးဖြတ်ခဲ့ကာ လှည့်မကြည့်စတမ်းအခန်းထဲ ပြန်လှည့်ဝင်သွားခဲ့သည်။
ဖူးစာဆိုတာ အဲ့လိုလွဲချော်တတ်သလား...
လွဲချော်ခြင်းတွေ အများကြီးရှိပေမယ့် သူမနဲ့လွဲချော်ရခြင်းဟာ ရင်နာစရာအကောင်းဆုံး။
▪▪▪⏳⏳⏳▪▪▪
အိပ်ယာထဲစာအုပ်ဖတ်ရင်း ခေ အိပ်ချင်လာ၍ ဖတ်လက်စ စာရွက်ကိုခေါက်လိုက်ပြီး ဘေးနားက စားပွဲပေါ်လှမ်းတင်လိုက်သည်။
သူကတော့ သူ့ဘက်ခြမ်းမှာ ခြေဆင်းထိုင်နေရင်း laptopတစ်လုံးနှင့် ဘာတွေလုပ်နေသည်မသိ။
မနေ့ညကမှ ပူပူနွေးနွေးပြဿနာတက်ထားသည်မို့ ခေ သူ့ကိုလှည့်မကြည့်ဘဲ ဖက်လုံးကိုခွပြီးအိပ်ပေမယ့် အတော်နဲ့အိပ်မပျော်သေး။
တစ်ယောက်ယောက်က စူးစိုက်ကြည့်နေသလို မနေတတ်၊ မထိုင်တတ်ကြီးဖြစ်လာပြီး စိတ်ထဲဘာကိုကြောက်လို့ကြောက်လာမှန်းမသိ။
ဒီအခန်းထဲမှာသူနဲ့ကိုယ်ပဲရှိနေ၍ ဘာလို့ကြည့်နေတာလဲဟု ဒေါသစိတ်ကလေးဖြစ်သွားမိသည်။
"Goodnight"
ခေ့ပါးလေးတစ်ဖက်နွေးခနဲဖြစ်သွားပြီး ကျောဘက်မှာ သူ လှဲအိပ်လိုက်သည်ထင်၏။
သူ့ဆီကရနေကျ ရေမွှေးနံ့နှင့်အတူ ခေ့ကျောပြင်ဟာ သူ့ရင်ဘတ်မှာကပ်သွားသည်အထိ ဆွဲယူပြီး ခေ့ခါးလေးကိုဖက်ပြီးမှ ကိုယ်တော်ချောက အိပ်လေ၏။
သူ ညတိုင်းဒီလိုလုပ်တတ်သလား။
ခေ မစဥ်းစားတော့ဘဲ အိပ်ချင်နေပြီမို့ ချက်ချင်းအိပ်ပျော်သွားတော့၏။
▪▪▪⏳⏳⏳▪▪▪
Part 18 ဆက်ရန်
စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997
~~~~~~~~~~~~~~~~~~~~~~~~~~
အခ်စ္ဝိုင္ ( part - 17 )
▪▪▪▪▪▪▪▪▪▪▪
"မိန္းမရတယ္ဆိုတာ အသံပဲၾကားလိုက္ရတယ္ လူကေတာ့အျပင္ျပန္ေရာက္ေနၿပီ မင္းတကယ္ရတာေရာဟုတ္ရဲ့လား"
ေက်ာ္ဇင္က သိသိရက္နဲ႔ ခနဲ႔လာသၫ့္စကားေၾကာင့္ သူမ်က္ႏွာလႊဲပစ္လိုက္ၿပီး ဆုပ္ကိုင္ထားမိသၫ့္ဖန္ခြက္ကို တရိွန္ထိုးေမာ့ခ်ပစ္လိုက္သည္။
မီးေရာင္ေတြေအာက္မွာ ကခုန္ေနၾကသၫ့္လူေတြကို ကိုယ္နဲ႔မဆိုင္သလိုခံစားရရင္း ဘယ္သူနဲ႔မွလည္းစကားမေျပာျဖစ္။
တစ္ေလာကလံုးေပ်ာ္ေနႏိုင္ေပမယ့္ သူတစ္ေယာက္တည္းကြက္ၿပီး အထီးက်န္ေနသလို ခံစားေနရၿပီး သူ ဘာေၾကာင့္အၿမဲဒီလိုခံစားေနရတာလဲ...
"ေဟ့ေကာင္ clubကိုလာၿပီး ငူငူႀကီးလုပ္မေနစမ္းပါနဲ႔ မင္းေစ မင္းဘာျဖစ္ေနတာလဲ"
"ငါ သူ႔ကိုခ်စ္တယ္"
"သိတယ္ေလ အဲ့ဒါေၾကာင့္ပဲ မင္းရေအာင္ယူထားတာမလား"
"ငါရလိုက္တာက သူ႔ရဲ့ခႏၶာကိုယ္သက္သက္ႀကီးကြ သူ႔ႏွလံုးသားက ဟိုမင္းရဲထြဋ္ေခါင္ဆိုတဲ့ေကာင္ဆီပဲ က်န္ခဲ့သလား ဒါမွမဟုတ္ ေက်ာ္ပီယဆီမွာပဲက်န္ခဲ့သလား အရမ္းေအးစက္တယ္ကြာ တကယ္"
"ဒါကေတာ့ကြာ မင္းကို ဘယ္ေက်နပ္ႏိုင္ဦးမွာလဲ"
Advertisement
သူမ စိတ္ဆိုးေနလို႔အရဲြ႔တိုက္ခဲ့သည္ဟု ထင္မိေပမယ့္ လက္ထပ္ပဲြကိစၥကို ေဖေဖနားခ်ေနသည္မွာလည္း ၃ရက္ေလာက္ရိွၿပီျဖစ္သည္။
ေဖေဖ့စကားကိုလည္း သူမ လက္မခံဘဲ ေျပာေနတာကတစ္ခုတည္းသာျဖစ္ကာ ထိုအရာသည္...
"မေက်နပ္တာေတာ့ ငါသိတယ္ေလ လက္ထပ္ဖို႔ကိစၥကို ဘယ္လိုမွၫွိမရဘူးကြာ သူနဲ႔ငါယူမယ့္ကိစၥကို ဘယ္သူမွမသိေလေကာင္းေလတဲ့ ငါ့ဇနီးအျဖစ္ ဘယ္သူ႔ကိုမွမသိေစခ်င္တာတဲ့"
ေျပာေနရင္း ရင္ထဲမွာခံျပင္းနာက်င္လာသည္မို႔ အရက္မရိွေတာ့သၫ့္ဖန္ခြက္ကို ကဲြေၾကမတက္ဖိဆုပ္ထားမိသည္။
သူသည္ ေဖေဖနဲ႔ေမေမေၾကာင့္ လက္ထပ္ျခင္းကိုအယံုအၾကည္ရိွသူမဟုတ္။
ဒါေၾကာင့္ပဲ ေပြရႈပ္ေသာလူတစ္ေယာက္အျဖစ္ မိန္းကေလးထည္လဲတဲြကာ ဘယ္သူ႔ကိုမွလက္ထပ္ဖို႔မရည္စူးခဲ့သူ။
သူမကိုေတာ့ လက္ထပ္ျခင္းျဖင့္ပိုင္ဆိုင္ခ်င္သည္။
ကိုယ့္အနားမွာမေနခ်င္ေသာ ထိုမိန္းကေလးကို လက္ထပ္ျခင္းကသာ ခ်ဳပ္ကိုင္ထားႏိုင္သၫ့္တစ္ခုတည္းေသာလမ္းေၾကာင္းမလား။
ၿပီးေတာ့ ခုလိုလူမသိသူမသိေသာ လက္ထပ္ျခင္းမ်ိဳးလည္း မဟုတ္...
"မင္းတို႔ေျပာစမ္း သူ႔မ်က္လံုးထဲမွာ ငါကဘာေကာင္ျဖစ္ေနတာလဲ"
"မင္းကို ဆိုးတဲ့လူလို႔ပဲျမင္မွာေပါ့ မင္းဆိုးတာကို မင္းကိုယ္တိုင္လည္းသိေနတာပဲ"
"အဲ့လိုဆိုးတာေတြပဲျမင္ေနၿပီး ငါခ်စ္တာကိုေတာ့ ဘာလို႔နည္းနည္းေလးေတာင္မျမင္တာလဲ"
"ေနပါဦး မင္းေစ မင္းခ်စ္ေနတဲ့အေၾကာင္း သူ႔ကိုေရာ ေျပာျပဖူးလို႔လား"
ေနသူ ေျပာလိုက္သၫ့္စကားေၾကာင့္ သူ နည္းနည္းထြက္ေပါက္ရသြားသလို မႊန္းၾကပ္မႈေတြေလ်ာ့သြားသည္။
သူမကို မ်က္ႏွာခ်င္းဆိုင္ၿပီး တစ္ခါမွမေျပာခဲ့ဖူး။
"မေျပာခဲ့ဖူးဘူးမလား ကဲ.. အဲ့ဒီက် ခေရဝိုင္က ဘယ္လိုသိမွာမို႔လဲ ဟိုကအၾကားအျမင္ရေနတာလည္းမဟုတ္"
သူ ေခါင္းညိတ္ရင္းေထာက္ခံလိုက္သည္။
သူမကိုခ်စ္သၫ့္အေၾကာင္းေျပာျပလိုက္လ်ွင္ သူမဘက္က နည္းနည္းႏူးညံ့သြားႏိုင္ေလာက္သည္ဆိုသၫ့္ အေတြးဝင္လာခဲ့၏။
"ငါျပန္ေတာ့မယ္"
"ဟား.. ခ်က္ခ်င္းႀကီးပါလား ျပန္ေတာ့ ဒီဝိုင္းငါရွင္းလိုက္မယ္"
သူ ေခါင္းညိတ္ကာ clubထဲကခ်က္ခ်င္းျပန္ထြက္ၿပီး အိမ္ကိုျပန္လာခဲ့သည္။
မနက္၁နာရီထိုးေတာ့မည္ျဖစ္၍ လမ္းေတြေပၚမွာ လူမရိွေတာ့ဘဲ ရွင္းလင္းေန၏။
ေဖေဖေရာ ေမေမပါ သူမႏွင့္သူ႔ၾကားက ၫွိမရသၫ့္ျပႆနာေၾကာင့္လႊတ္ေပးထားသျဖင့္ သူဘာလုပ္လုပ္တားမၫ့္သူမရိွ။
အခန္းထဲကိုဝင္လာခဲ့ေတာ့ သူမက အိပ္ေပ်ာ္ေနၿပီျဖစ္ကာ ဖက္လံုးကိုဖက္ၿပီး အိပ္ေနသၫ့္မ်က္ႏွာေလးက အျပစ္ကင္းစင္ေန၏။
စကားေျပာခ်င္လို႔ျပန္လာျခင္းျဖစ္ေပမယ့္ သူမ အိပ္ေပ်ာ္ေနေတာ့လည္း မႏိႈးခ်င္။
ခဏခဏစိတ္ကူးယဥ္ခဲ့ရသၫ့္ပါးေလးကို ငံု႔နမ္းေတာ့ ေမႊးပ်ံ႔ေနသၫ့္ရနံ႔ေလးတစ္ခုရလိုက္သည္။
"ရွင္ ဘာလုပ္တာလဲ"
သူမ ႏိုးလာၿပီး သူ႔ရင္ဘတ္ကိုတြန္းဖယ္ကာ ထထိုင္သည္။
သူမ ပံုစံေလးက ဟိုတစ္ရက္ကသူ႔ရင္ခြင္ထဲမွာႏိုးလာစ လိုမ်ိဳး ထိတ္လန႔္ေၾကာက္ရြံ႔မႈေတျြဖင့္။
"နမ္းတာေလ ဘာျဖစ္လို႔လဲ"
"ရြံလို႔ ရွင့္ကိုရြံလြန္းလို႔ေသေတာ့မယ္"
သူ ေထာင္းခနဲေဒါသျဖစ္သြား၍ ေခ့ပခံုးေတြကို ေမြ့ယာထဲနစ္သြားေအာင္ဖိထားလိုက္ရင္း ေမႊးပ်ံ႔ေနေသာမ်က္ႏွာေလးကို ဖိႏွစ္နမ္းပစ္သည္။
"လူယုတ္မာ ရွင့္ကိုမုန္းတယ္"
"ငါကေတာ့ မင္းကိုခ်စ္တယ္"
သူမ ေဆြ့ေဆြ့ခုန္ေဒါသျဖစ္သြားသလို ရန္ေတြ့ဖို႔ျပင္လာ၍ ျပဳစားႏိုင္လြန္းေသာႏႈတ္ခမ္းေလးတစ္ခုလံုးကို နမ္းပစ္လိုက္သည္။
ထိုႏႈတ္ခမ္းေလးကို အေဝးတစ္ေနရာကပဲ သူေငးခဲ့ရသည္မို႔ တကယ္နမ္းခြင့္ရလာသၫ့္အခါတိုင္း ခဏနဲ႔ျပန္မလႊတ္ခ်င္။
သူ ေက်နပ္သြားမွ ေခ့ကိုျပန္လႊတ္ေပးလိုက္ေတာ့ သူ႔ရင္ခြင္ေအာက္မွာ ဆံပင္ေတြရႈပ္ပြေအာင္ ရုန္းထားသၫ့္သူမက မ်က္ရည္ေတြဝဲေနခဲ့၏။
"မင္း ရြံတယ္လို႔ေျပာခ်င္ေသးလား"
ေခ မ်က္ရည္ေတြစီးက်လာၿပီး သူ႔မ်က္ႏွာကိုတြန္းဖယ္ပစ္ေတာ့ လက္သည္းရွည္ရွည္ေတျြဖင့္ ေမးရိုးနားမွာျခစ္မိသြားပံုရသည္။
ဖ်င္းခနဲနာသြားသည့္အခါ သူ႔လက္ေတြပိုၿပီးတင္းသြားသလို သူမမ်က္ႏွာေလးမဲ့ခနဲျဖစ္၏။
"ေနာက္တစ္ခါ အဲ့လိုစကားမင္းထပ္ေျပာရင္ ဒီ့ထက္ပိုဆိုးမယ္"
ေခ့ကို ျပန္လႊတ္ၿပီးထေသာအခါ သူမက ပက္လက္ကေလးအတိုင္းၿငိမ္သက္ေနခဲ့၍ အခန္းဝရံတာကိုထြက္လာခဲ့သည္။
စီးကရက္တစ္လိပ္ကို မီးၫွိလိုက္ၿပီး ဘာလို႔အဲ့ေလာက္လြယ္လြယ္အေလ်ွာ့ေပးလိုက္မိသလဲ စဥ္းစားလို႔မရ၍ စီးကရက္ေငႊ့ေတြကိုမႈတ္ထုတ္လိုက္မိသည္။။
ေျပာခ်င္သၫ့္စကားေတြကိုလည္း သူ ထုတ္မေျပာျဖစ္ခဲ့ဘဲ.....
▪▪▪⏳⏳⏳▪▪▪
"ေက်နပ္သြားၿပီလား"
လက္မွတ္ထိုးဖို႔အတြက္ သူ႔ဘက္ကမိဘႏွစ္ပါးႏွင့္ ဦးမင္းထြန္းအျပင္ ေရ႔ွေနတစ္ေယာက္သာပါ၏။
စာခ်ဳပ္ႏွစ္ေစာင္ကိုစုထပ္ၿပီး သူမဆီလွမ္းေပးလိုက္ကာ သူ ရဲြ႔ၿပီးေမးလိုက္ေတာ့ ေခက ေခါင္းညိတ္ျပသည္။
သူတို႔ႏွစ္ေယာက္ကိုၾကၫ့္ကာ လူႀကီးေတြမ်က္ႏွာမေကာင္းၾက၍ သူ႔ဘက္က ပထမဆံုးအေလ်ွာ့ေပးလိုက္ၿပီး ေခ့ကိုလႊတ္ေပးထားလိုက္သည္။
"ေခ့ဘက္က ရိုင္းတာေတြမ်ားျဖစ္ခဲ့ရင္ အားလံုးကိုေတာင္းပန္ပါတယ္"
ဝတ္ေၾကတမ္းေၾကလား၊ သူမရဲ့တကယ္စိတ္ရင္းလားမသိေပမယ့္ ထိုစကားေျပာေဖာ္ရသည္ကိုေတာ့ မဆိုးဟု သူသတ္မွတ္သည္။
သူမ အေပၚကိုျပန္တက္သြားေတာ့မွ လက္စြပ္ကိုသတိရ၍ အေနာက္ကေနလိုက္လာခဲ့သည္။
ေခက စာခ်ဳပ္ေတြကို အံဆဲြထဲထၫ့္သိမ္းၿပီး ခဏေတာ့ၿငိမ္ေနေသးသည္။
"ရွင္ ဘာေျပာဖို႔က်န္ေသးလို႔လဲ"
သူ မ်က္ခံုးပင့္သြားၿပီိး တကယ္သေဘာက်သြားတာမို႔ အသံထြက္ေအာင္ရယ္မိသည္။
သူေရာက္ေနတာကို ေခ ဘယ္လိုလုပ္သိေနတာလဲ .....
"ရွင့္ရဲ့ေရေမႊးနံ႔က ဒီေနရာကအထိရတယ္ ဘာေျပာမလို႔လဲ ေခ ေခါင္းကိုက္ေနၿပီ"
သူမက ဒီေရေမႊးနံ႔ကိုမွတ္မိေနၿပီမို႔ အေကာင္းဘက္ကေတြးၿပီး ေက်နပ္သြားကာ ေခ့ ဘယ္ဘက္လက္ကေလးကို လွမ္းယူလိုက္သည္။
"ဘာလဲ"
"ဝတ္ထားလိုက္"
သူဒီဇိုင္းဆဲြခဲ့ေသာလက္စြပ္ကေလးသည္ ေခ့လက္ေပၚေရာက္သြားေတာ့မွ ပိုၿပီးလွသြားသလို မ်က္လံုးထဲျမင္မိသည္။
Tomorrowဆိုသၫ့္ စာလံုးေလးေတြကို အေပၚဘက္မွာထၫ့္ထားကာ O ေနရာေလးေတြမွာ စိန္ေသးေသးေလးေတြၿမွဳပ္ထား၍ တဖ်တ္ဖ်တ္လက္ေန၏။
ေခကလည္း ငံု႔ၾကၫ့္ကာ ဘာမွမေျပာဘဲ သူ႔ကိုျပန္ေမာ့ၾကၫ့္လာၿပီး စိတ္ရႈပ္သလိုမ်က္ႏွာမ်ိဳးျဖစ္သြား၏။
"ဘာလဲ ခၽြတ္ရဲရင္ခၽြတ္ၾကၫ့္ မင္းမႄကံုခ်င္တဲ့ကိစၥ မင္းဆီတစ္ေခါက္ျပန္ေရာက္လာလိမ့္မယ္"
"ဘာ!!"
"ငါကဘယ္ႏွခါႄကံုၾကဳံ ကိစၥရိွေပမယ့္ မင္းကေတာ့ေၾကာက္မယ္ထင္တယ္"
ေခမ်က္ႏွာပ်က္သြားၿပီး လက္စြပ္ကိုရန္မလုပ္ေတာ့ဘဲ သူ႔ကိုေရွာင္ၿပီး အခန္းထဲကထြက္သြား၏။
သူ ၾကည္ၾကည္ႏူးႏူးႃပံုးမိကာ သူမ ေက်ာျပင္ေလးကို လိုက္ၾကၫ့္မိ၏။
မတတ္ႏိုင္...
မနက္ျဖန္တိုင္းမွာ သူမလက္ကေလးေပၚ အဲ့ဒီလက္စြပ္ေလးရိွေနဖို႔အတြက္ ......
▪▪▪⏳⏳⏳▪▪▪
မီးေရာင္မိွန္မိွန္ေလးထြန္းထားသၫ့္အခန္းထဲမွာ ေမြ့ယာကိုမွီရင္း သူ မ်က္ရည္က်ေနမိသည္က ခေရဝိုင္ဆိုသၫ့္မိန္းကေလးေၾကာင့္ျဖစ္သည္။
သူ႔ရဲ့အခ်စ္ဦးလည္းျဖစ္သလို အခ်စ္ဆံုးလည္းျဖစ္သူမို႔ လြယ္လြယ္နဲ႔ေမ့လို႔မရ။
မူးရူးသြားတိုင္း ေမ့မလားဟု အရက္ေတြၿမိဳခ်မိေပမယ့္ သူ ငိုခ်င္ေနၿမဲ။
ကိုယ့္ခ်စ္သူကို လက္လႊတ္ရသၫ့္နာက်င္မႈထက္ သူမကိုယ္တိုင္က လမ္းခဲြဖို႔ကိုေရြးခ်ယ္ခဲ့သူ။
"နင္ ထြက္သြား"
သူမ အခါခါႏွင္ထုတ္ခဲ့ေပမယ့္ ဘယ္ကိုမွမသြားႏိုင္ေအာင္ လက္ကေလးကိုဆုပ္ကိုင္ထားခဲ့သည္။
မႏၲေလးကိုျပန္ဆင္းသြားကတည္းက အဆက္အသြယ္ျပတ္ခဲ့ေသာ သူမသည္ အျဖစ္ဆိုးတစ္ခုႄကံုခဲ့ရၿပီမွန္း သူသိခဲ့ေပမယ့္ ေတြ့ခြင့္မရခဲ့။
"ငါ့ေၾကာင့္ပါကြာ ငါ့အျပစ္ေတြပါ ေခ့ကိုငါအရမ္းခ်စ္မွန္းသိလို႔ အဲ့ဒီေကာင္"
ပီယ ရိႈက္ႀကီးတငင္ငိုရင္း ရင္ဖြင့္လာေတာ့မွ သူ႔ရင္ထဲႏံုးေခြ့သြားသည္။
သူ မထိရက္မကိုင္ရက္၊ အရိပ္တၾကၫ့္ၾကၫ့္ျမတ္ႏိုးခဲ့ရသၫ့္ သူမဟာ တျခားတစ္ေယာက္ဆီမွာလည္စင္းေပးခဲ့ရသၫ့္နာက်င္မႈက ဘာနဲ႔မွမတူ။
"ေတာက္!!"
ဖန္ခြက္ကို နံရံဆီပစ္ေပါက္လိုက္ရင္း လက္ကဖုန္းဆီကိုေရာက္သြားကာ သူမ နံပါတ္ေလးဆီအထပ္ထပ္ေခၚေနမိသည္။
၄၊ ၅ခါေခၚေတာ့မွ ဖုန္းကိုင္လာေတာ့ သူေပ်ာ္သြားမိေပမယ့္.....
"မင္း ငါ့မိန္းမဆီ ဘာလို႔ဖုန္းဆက္ေနတာလဲ"
"မင္းေစရာ"
"ဟုတ္တယ္ ငါပဲ.. ခေရဝိုင္ကငါ့မိန္းမျဖစ္သြားၿပီဆိုတာေရာ မင္းသူ႔ဆီဖုန္းမဆက္သင့္ေတာ့ဘူးဆိုတာေရာ မင္းနားလည္ရဲ့လား"
"မင္းကို သူ ေသေအာင္မုန္းေနတာ မင္းတစ္ခုခုနဲ႔ၿခိမ္းေျခာက္ထားလို႔ သူလက္ခံလိုက္ရတာ.. မင္းေစရာ ဝိုင္ကငါ့ေကာင္မေလးပါ သူ႔အေၾကာင္းငါသိတယ္"
သူ ထိုသို႔ေျပာေတာ့ မင္းေစရာက ေထာင့္မက်ိဳးေသာ ရယ္သံသဲ့သဲ့ျဖင့္ သေဘာတက်ရယ္သည္။
"သူ႔အေၾကာင္းကို မင္းထက္ပိုသိတဲ့ေကာင္ကေတာင္ ပါးစပ္ပိတ္သြားၿပီ မင္းကဘာလို႔မပိတ္ေသးတာလဲ"
"မင္း ေခြးတိရစၧာန္လိုေကာင္"
ေဒါသျဖင့္ သူေအာ္ပစ္လိုက္ေတာ့ တစ္ဖက္က ရယ္သံက ပိုၿပီးက်ယ္ေလာင္စြာထြက္လာသည္။
"မင္းေကာင္မေလးကို ငါခ်စ္လို႔ပါကြာ ခ်စ္လို႔ရေအာင္ယူထားတာပါ တျခားဘာမွမျဖစ္ေစရဘူး ငါသူ႔ကိုေစာင့္ေရွာက္လိုက္မယ္ အဲ့ဒါကိုေတာ့ ငါကတိေပးႏိုင္တယ္"
"မင္း ခ်စ္တာမဟုတ္ဘူး ဝိုင့္အေပၚကိုယုတ္မာေနတာ ေက်ာ္ပီယကိုမေက်နပ္ရင္ ေက်ာ္ပီယနဲ႔ပဲရွင္း"
"ပါလာျပန္ၿပီ"
မင္းေစရာက မဟုတ္တာတစ္ခုကို အစြပ္စဲြခံလိုက္ရသလို ကၽြတ္ခနဲျဖစ္သြားၿပီး ခဏေတာ့ၿငိမ္သြားေသးသည္။
"ဘာလို႔ေက်ာ္ပီယကိုဆဲြထၫ့္ေနတာလဲ ငါက ခေရဝိုင့္ကိုခ်စ္လို႔ လို႔ေျပာေနတာေလ"
"အဲ့ဒါကိုက မယံုရတဲ့အေၾကာင္းျပခ်က္ပဲ"
"မင္းကိုယံုခိုင္းေနတာမဟုတ္ဘူး မင္းရဲထြဋ္ေခါင္ ငါကခ်စ္လို႔ ခ်စ္တဲ့အေၾကာင္းေျပာျပေနတာ မင္းနဲ႔သူဘယ္လိုပဲ ပတ္သက္ခဲ့ပတ္သက္ခဲ့ လက္ရိွမွာ ခေရဝိုင္ကငါ့မိန္းမပဲ မင္းေနာက္ထပ္ငါ့မိန္းမနဲ႔ လာမပတ္သတ္နဲ႔"
ခပ္ရင့္ရင့္စကားတစ္ခြန္းႏွင့္အတူ ဖုန္းခ်သြားေတာ့ ပါးျပင္မွာ မ်က္ရည္ရဲ့အထိအေတြ့ကို သူခံစားမိ၏။
ရင္ထဲမွာနင့္ေနေလာက္ေအာင္ အဲ့ဒီမိန္းကေလးကိုသူခ်စ္ခဲ့ရတာပါ။
သူမ ဘာျဖစ္ခဲ့ျဖစ္ခဲ့ လက္ထပ္ခ်င္သၫ့္ျမတ္ႏိုးစိတ္ေတြလည္းေလ်ာ့မသြားခဲ့ဘဲ။
"မင္း သိပ္ရက္စက္တယ္ ဝိုင္ရယ္"
ဒီလိုဆံုးျဖတ္ခဲ့ပါသည္ဆိုေသာ ေခါင္းမာသၫ့္မ်က္ႏွာႏွင့္ သူ႔ကိုစူးစိုက္ၾကၫ့္ေနသည္မွာလည္း နည္းနည္းေလးမွမ်က္ႏွာလႊဲမသြား။
ခါတိုင္းလို တက္ႂကြမႈမရိွေတာ့ေပမယ့္ ေအးစက္သၫ့္ျပတ္သားမႈတစ္ခုကေတာ့ သူမဆီက်န္ေနခဲ့ေသး၏။
"ဘာျဖစ္လို႔လဲ ဝိုင္ရယ္ ဘာလို႔အဲ့လိုဆံုးျဖတ္ခဲ့တာလဲ"
"ေခနဲ႔မတန္ပါဘူး ထြဋ္အဲ့ေလာက္ထိ မစြန႔္စားပါနဲ႔"
"မတန္ဘူးဆိုတာရိွလို႔လား ဝိုင္ ကိုယ္လိုခ်င္တာက မင္းရဲ့ခႏၶာကိုယ္မဟုတ္ပါဘူး မင္းကိုပါ အဲ့ဒါကို မင္းဘာလို႔နားမလည္ရတာလဲ"
"ေခနားလည္တယ္ နားလည္လို႔လည္းဆံုးျဖတ္ၿပီးၿပီ ေခတို႔တစ္ခါတည္းလမ္းခဲြရေအာင္"
Advertisement
- In Serial215 Chapters
All Time Marksman
Year Date March 30, 2030. On a seemingly normal day across all countries on the face of the earth.A sudden eruption of the crust and a sudden appearance of void rifts-like holes appeared. It was the start of ULTIMA CHANGE, soon monsters arise from those rifts. And it was soon followed by bloodshed. In nearly 5 months 1 hundred million have already perished from the monsters. And with that, countries all over the world have formed their Safe Zones.Building walls that might secure them from monsters. And with the appearance of monsters also the appearance of people with strange powers and abilities.
8 1347 - In Serial113 Chapters
Zombie Magus
[Royal Road Writathon challenge completion] Update schedule: (8/19 update, the story is on a break as I prepared for a rewrite and plan for its future. If you want to help me in this process, please feel free to send me a message and tell me what you think of the story.) Rana was supposed to be dead and returned to nothingness. That didn't happen. She died, but what awaited her was not peace. After spending 100 years in the embrace of a violent torrent of pain, she awoke and found herself as a zombie without any memory. She must now traverse a land plagued by a war that should've ended in order to regain her memories and uncover the mystery of her death, and her only clue was the unknown reason for her intimate knowledge of the System that governed the world. Author Notes: constructive criticism is greatly appreciated and thank you for your readership.
8 259 - In Serial260 Chapters
Industrial Strength Magic
Perry Z has a Magical Destiny.Born to a Magical Fantasy Princess and a nine-to-five Supervillain, Perry's never felt...adequate. He's completely magically dull, and without a scrap of superpowers.When The System boots, he's forced to follow in his father's footsteps, but he'd rather take after his mother.Maybe there's a way he can do both... This is Macronomicon's take on a lighthearted slice-of-life superhero story. It is one of mine, though. So...you should know what you're getting into =P The Worldbuilding is primarily inspired by Superminion, which was in turn inspired by Worm.The explicit content tags are so if I decide to dip a little dark later down the line, you can't say I didn't warn ya. Except the cussing. That's there from the beginning. I tried to tone it down but a little just slipped in there.
8 1962 - In Serial56 Chapters
Timeless
Девушки решают переместиться назад во времени, чтобы убить Клауса задолго до того, как он станет неуязвим. Но все оказывается совсем не так просто, как они рассчитывали, и Кэролайн застревает в прошлом.
8 131 - In Serial10 Chapters
I am not your Daddy
"Is she your daughter?" a question asked by many."No she is my wife and mine" i said proudly. My little wify is all mine and i am her everything. Her tiny frame looked so seductive. She looked at me with sleepy eyes. "Go to sleep" i said firmly. She did a little action with her hand. "Let's sleep oman, come" I took a sigh. I went near her. Her new forming boobs were visible through sheer cloth and Her legs were exposed. I laid beside her. Her back was aginst my chest. I slowly slide my palm on her waist. "Umm" she moaned."You like it" i took her moan as yes. I pushed my hand towards her little soft stomach. I slowly grabbed her clothed boob and squeezed harder.Oman married 15 year old tara to save her from evil and dirty eyes of men who wanted to take advantage of her as she had no one to take care of her. Oman took her in his care but later on his sister forced him to marry tara. So that she can be safe. But fatima didn't knew, oman is beast himself. He will not stop himself, when he will start developing feelings for his little wife.But the problem was that when people looked at this couple they thaught they were father and daughter because of their big age gap. (18+)Historical novel!!! mature content !!!Read at your own risk.
8 123 - In Serial25 Chapters
Harrison's Daughter [1]
♡ Season 1 of The Flash ♡Barry Allen Fanfiction ⚠ I do not own The flash or any character except my Oc Varity all credit goes to CW⚠Varity Wells the daughter of Dr.Wells isforever change when her father Particle Acclerator doesn't go according to plan. She meets grief once again and meet new people that will forever change her life but one particular boy catches her eye almost as if they were destiny.Highest Ranks:#1 in Diggy#1 in Harrison Wells#1 in Iris West#1 in Cisco Ramon #4 in Arrow #1 in Felicity Smoak#1 in Barry Allen#3 in Theflash#5 in Ronnie#8 in Caitlin Snow#13 in Joe West#19 in Barry #6 in Flash #23 in Grant Gustin#18 in Oliver Queen
8 104

