《အချစ်ဝိုင် ( Complete )》Part 16
Advertisement
အချစ်ဝိုင် ( Part - 16 )
▪▪▪▪▪▪▪▪▪▪
"ခေ နင်မိုက်ရူးရဲမဆန်စမ်းနဲ့"
ခေသဘောတူလိုက်ပြီးနောက် ပီယကဝုန်းဒိုင်းကျဲသောင်းကျန်းကာ ခေ့ပခုံးတွေကို တအားဆွဲလှုပ်ရင်း စိတ်ရှိလက်ရှိဒေါသဖြစ်နေသည်။
ခေသည် ဘာခံစားချက်မှမရှိသူလို ငူငူလေးထိုင်နေရင်း ဒူးပေါ်တင်ထားသည့် ကိုယ့်လက်တွေကိုပဲ အကြောင်းမဲ့ငေးစိုက်ကြည့်နေခဲ့၏။
"ငါ့ကိုမကျေနပ်လို့ နင့်ကိုဒီလိုဖြစ်အောင်လုပ်ခဲ့တာကို နင်ကပါ ဆက်ပြီးငြိမ်ခံနေမလို့လား နင်လက်မခံရဘူး"
"ပီယ မင်းအသာနေစမ်း"
"လေးလေး အဲ့ဒီကောင်အကြောင်းကို လေးလေးမသိဘူးနော် ကျွန်တော် ခေ့ကိုငရဲတွင်းထဲ အရောက်မခံနိုင်ဘူး"
"မင်းတို့လူငယ်ကြားမှာ ဘာပြဿနာဖြစ်ခဲ့လဲငါမသိဘူး ပီယ ဒါပေမယ့် ငါ့သမီးအတွက် တစ်ရှက်ကနေ နှစ်ရှက်ထပ်မဖြစ်စေချင်ဘူး အဲ့ဒါကိုမင်းသဘောပေါက်လား"
ဒက်ဒီသည် ပီယအပေါ်ထိုသို့တင်းမာစွာမဆက်ဆံဖူးသလို ပီယသည်လည်း ဒီလောက်အထိ တစ်ခါမှဒေါသမဖြစ်ခဲ့ဖူး။
ဒက်ဒီ့စကားကမှန်နေတာမို့ ပီယ ငြိမ်သွားကာ ခုချိန်ထိအသိစိတ်မကပ်သလို ငြိမ်နေသည့် ခေ့ကိုတစ်ချက်ကြည့်၏။
အကြောင်းစုံသိပြီးခဲ့သော ဒက်ဒီသည် ခေ့ကို ဂရုဏာသက်စွာကြည့်ပြီး လူကြီးပီပီဒေါသကိုထုတ်မပြပေမယ့် လက်တွေတုန်ယင်နေခဲ့သလို မျက်ရည်တွေလည်းဝေ့နေ၏။
မင်းစေရာက သူကိုယ်တိုင်ပဲ ဒက်ဒီ့ကိုဝန်ခံခဲ့ကာ တရားစွဲ၊ ထောင်ချချင်သည်ဆိုလည်း သူ ငုံ့ခံပါမည့်အကြောင်း ပြောသွားသေးသည်။
"ဖြစ်ခဲ့သမျှက သူ့အမှားမဟုတ်ပါဘူး အားလုံးကျွန်တော့်ကြောင့်ပါ ခုလိုလာတောင်းရမ်းတာကလည်း အဲ့ဒီအမှားကြောင့်ဆိုတာထက် ခရေဝိုင့်ကို ကျွန်တော်ချစ်လို့ပါ သူ့ကိုလက်ထပ်ချင်ယူလို့ပါ တကယ်လို့မကျေနပ်ဘူးဆိုလည်း ကျွန်တော့်ကို ကြိုက်သလိုလုပ်နိုင်ပါတယ်"
ကြိုက်သလိုလုပ်ပါဆိုပေမယ့် ခေက လက်ခံခဲ့ပြီးပြီမို့ ဒက်ဒီက ဘာမှမပြောတော့ဘဲ ခေ့ကိုသာအရိပ်တကြည့်ကြည့်။
ချစ်လို့တဲ့လား...
အရှက်မရှိ ပြောထွက်ရဲသေးသော ဒင်းလိုလူနဲ့ ခေ တကယ်ပဲနေနိုင်ပါ့မလား...
"ခေ နင်တစ်ခုခုပြောပါဦးဟာ"
"ငါဆုံးဖြတ်ပြီးပြီ"
ခေ့စကားအဆုံးမှာ ပီယမျက်နှာပျက်သွားပြီး ဆံပင်တွေကို တအားဖွပစ်ရင်း မျက်နှာလွှဲသွားသည်။
Videoကိစ္စကြောင့် ဒက်ဒီ့ကိုထပ်ပြီးအရှက်မရစေချင်သလို ဘယ်သူ့ကိုမှလည်းမပြောချင်။
ခေ့ကိုချေမွဖျက်ဆီးရုံသာမက ခေ့ဘဝကိုပါအပိုင်လိုချင်သေးသော မင်းစေရာအပေါ်ကိုလည်း ခေ မကျေနပ်နိုင်။
အနီးကပ်ဒုက္ခပေးဖို့အကြံအစည်တွေ ခေ့ခေါင်းထဲမှာ အစီအစဥ်တွေဆွဲနေသည်ကိုလည်း ဘယ်သူ့ကိုမှမပြောဖြစ်။
ခေ့မှာလည်း အဆိပ်ရှိသည်ကို မင်းစေရာသိရမည်ဟု ခေ တိတ်တဆိတ်လေး ဆုံးဖြတ်ထားသည်။
"ငါ့ကိုစိတ်မပူနဲ့ ပီယ နောက်တစ်ခါကိုယ့်ဘက်က အရှုံးပေးလိုက်ရတာမျိုး မရှိစေရဘူး ငါပေးခဲ့ရသမျှ အတိအကျငါပြန်ယူမယ်"
"ခေ မကျေနပ်တာက မကျေနပ်တာမှန်တယ် နင်အဲ့လောက်ထိစွန့်စားဖို့မလိုပါဘူးဟာ.. တရားဥပဒေထဲက"
"တရားရုံးတက်ရင် ငါနဲ့ဒက်ဒီပဲ ထပ်ပြီးနာကျင်ရမှာ အဲ့ဒါမျိုး ငါဘယ်တော့မှမလုပ်ဘူး အပြစ်ရှိတာကသူပဲ နာကျင်ခံစားမှုက သူ့မှာဖြစ်ရမှာ"
"ခေရယ် နင်အဲ့လို"
"ငါ ဆုံးဖြတ်ပြီးပြီ နင်ဘာမှထပ်မပြောနဲ့တော့"
တဇွတ်ထိုးဆန်လှသောခေ့အကြောင်းကို သိနေသည့်ပီယက အံကြိတ်ထားလျက်ဖြင့် စကားတစ်ခွန်းမှ ထပ်မပြောတော့ချေ။
ငိုင်နေသောဒက်ဒီသည် ခပ်လှမ်းလှမ်းမှာရှိနေတာမို့ ခေတို့ပြောနေတာကိုလည်း ကြားမှာမဟုတ်။
ခေသဘောတူခဲ့ပြီးနောက်မှာ ဒက်ဒီကမန္တလေးကိုပြန်ဆင်းဖို့ပြောထား၍ ကြီးမေကခေ့အတွက်ပစ္စည်းတွေသိမ်းပေးနေသည်။
ဒီကိုခဏတဖြုတ်လောက်ပဲ ပြန်လာရတော့မှာမို့ ကြီးမေက မျက်ရည်တစမ်းစမ်း။
"သမီးလေး အချိန်မရွေးပြန်လာခဲ့နော် ဒီမှာကြီးမေရှိတယ်"
"ဟုတ်"
ပစ္စည်းတွေတင်ပြီးမှ ခေထိုင်ရာက ထကာ အိမ်အပြင်ကိုထွက်လာခဲ့ပြီး သူ့ကားပေါ်ထိုင်လိုက်သည်။
ဒက်ဒီ၊ ပီယနှင့်မခအပါအဝင် တခြားသူတွေကိုပါ လျစ်လျှူရှုထားလိုက်ပြီး တစ်ကမ္ဘာလုံးဟာ ကိုယ်နဲ့မဆိုင်တော့သလို မျက်နှာလွှဲထားလိုက်သည်။
မင်းစေရာကတော့ ခေ ဘာလုပ်လုပ်စောင့်ကြည့်နေသလို စကားလည်းတစ်ခွန်းမှမပြောဘဲ တိတ်ဆိတ်နေသည်။
မန္တလေးကိုပြန်ရောက်တော့ ခေက သူတို့အိမ်မှာလိုက်နေရမည်ဟု ဒက်ဒီမှာထားသည်ကိုလည်းသတိရပြီး Hotelက ပစ္စည်းလက်ကျန်တွေ လာပို့ပေးဖို့ မက်ဆေ့ပို့ထားလိုက်သည်။
အရင်ကခဏတဖြုတ်ရောက်ခဲ့သည့်အိမ်ဟာ ခေ တစ်ချိန်လုံးနေရမည့်အိမ်ဟု တစ်ခါမှလည်းမတွေးခဲ့ဖူးသလို မင်းစေရာကိုလည်း ခေ့ခင်ပွန်းဖြစ်လာမည်ဟုလည်းမတွေးခဲ့မိ။
အိမ်မက်ဆိုးတစ်ခုလို့သဘောထားချင်ပေမယ့် ဒါတွေကအိမ်မက်မဟုတ်။
"ဆင်း"
သူ့အသံကြားလိုက်ပေမယ့် ခေ မဆင်းသေးဘဲ အဝါနုရောင်လေးလွင်နေသော အိမ်ကြီးကိုမော့ကြည့်မိသည်။
ခေ ပြင်ဦးလွင်မှာနေခဲ့သည့်အိမ်လိုလည်း ချစ်စရာမကောင်း၊ မန္တလေးမှာနေခဲ့သည့်Hotelလိုလည်း ခမ်းနားမှုမရှိ။
မခဆီခဏတဖြုတ်လာရစဥ်ကတော့ ဒီအိမ်ဟာကျယ်ဝန်းပြီးနေချင့်စဖွယ်လေးဟု တွေးမိပေမယ့် အခုတော့ ဒီအိမ်ဟာ ခေ့အတွက်တော့ ထောင်တစ်ခုလို မွှန်းကြပ်နေမိသည်။
တစ်နေ့နေ့တစ်ချိန်ချိန် ဒီမွှန်းကြပ်မှုတွေက မင်းစေရာအတွက်ဖြစ်လာစေရမည်ဟု ခေ အခိုင်အမာဆုံးဖြတ်ခဲ့သည်။
▪▪▪⏳⏳⏳▪▪▪
"စာချုပ်မှာ လက်မှတ်ထိုးရုံပဲလုပ်ချင်တယ်"
"မဟုတ်ဘူးလေ သမီးရဲ့"
"တခြား ခေ ဘာမှမလုပ်ချင်ဘူး ဦး"
သူမက ဖေဖေပြောသည့်စကားကို တစ်ခွန်းမှနားမထောင်ဘဲ လက်မှတ်ထိုးရုံတစ်ခုသာ အာရုံရောက်နေ၏။
မင်္ဂလာဆွမ်းကျွေး၊ ဧည့်ခံပွဲလုပ်ဖို့ အားလုံးဆန္ဒရှိနေပေမယ့် သူမက လက်မှတ်ထိုးပြီးရင် ပြီးပြီဟု ဆုံးဖြတ်ထားပုံရ၏။
"မဟုတ်သေးဘူး သမီးလေး မိန်းကလေးဆိုတာ တစ်သက်မှာ တစ်မင်္ဂလာပဲရှိတာ အဲ့ဒါကို"
"ခေဘာမှမလုပ်ချင်ဘူး ဦး.. အဓိကက ခေ သူနဲ့လက်ထပ်စာချုပ်မှာလက်မှတ်ထိုးရုံပဲ ကျန်တာဘာမှမလိုချင်ဘူး"
သူမမျက်နှာက တင်းမာနေတာလည်းမဟုတ်၊ ဒေါသဖြစ်နေတာလည်းမဟုတ်ဘဲ တည်ငြိမ်နေကာ ပြောနေသည့်စကားတွေကတော့ ဒီတစ်ခွန်းတည်း။
ထိုအတိုင်းသာလုပ်မည်ဟု အပြတ်ကြေညာနေသည့်နှယ်။
"လုပ်ပေါ့ ငါ့ဘက်က မင်းအပေါ်မှားခဲ့တာတစ်ခုကလွဲလို့ ကျန်တာမင်းသဘောကျအကုန်စီစဥ်ပေးမယ်"
ခေ့ကို သူက ခပ်ရိရိပြောတော့ ခေ ခပ်စူးစူးပြန်ကြည့်ရင်း နှုတ်ခမ်းလေးကိုမဲ့ပစ်သည်။
"ခေက ရှင့်ဇနီးအဖြစ် တခြားသူတွေသိသွားမှာကိုမလိုချင်တာ ဘယ်သူမှမသိလေကောင်းလေပဲ နှစ်ဖက်မိဘကလွဲရင် တခြားညီအစ်ကိုမောင်နှမ ဘယ်သူ့ကိုမှ မပါစေချင်ဘူး အဲ့ဒီအတိုင်းစီစဥ်ပေးပါ"
သူမ ဒါပဲပြောကာ ဖေဖေတို့ကိုပင်ဂရုမစိုက်ဘဲ ထထွက်သွား၍ ရင်ထဲနင့်ခနဲဖြစ်သွားသည်။
ရှင့်ဇနီးအဖြစ် တခြားသူတွေသိမှာမလိုချင်တာတဲ့လား...
"သား"
ဖေဖေက သူမကို နားလည်ပေးလိုက်သည်လားမသိဘဲ သူ့ဘက်လှည့်လာသည်။
သူမရဲ့ဆန္ဒကိုပြင်ဖို့ သူ့ကိုနားချစေချင်သည့်ပုံမျိုး...
"သူ့သဘောအတိုင်းသာ စီစဥ်ပေးပါ ဖေဖေ"
သူမ မကျေနိုင်မှန်းသိပေမယ့် ဒီလောက်ထိအရွဲ့တိုက်လိမ့်မည်ဟု မထင်ခဲ့မိ၍ ဒီတစ်ခုတော့လိုသွားသည်။
အခန်းထဲပြန်ရောက်တော့ သူမက laptopတစ်လုံးဖြင့် ဘာတွေလုပ်နေသည်မသိဘဲ သူဝင်လာတာကိုလှည့်မကြည့်။
Advertisement
တမင်လှည့်မကြည့်တာလည်းဖြစ်နိုင်သည်။
"မိန်းမယူရတာ ဒီလောက်အကုန်အကျသက်သာမှန်းအခုမှသိတော့တယ် အဟွန်း..."
သူမ ပြန်လှည့်မကြည့်ပါ။
အခန်းထဲမှာ သူမ တစ်ယောက်တည်းရှိနေသလို သူ့ကို ဥပေက္ခာပြုထား၏။
"မင်းကို ငါပြောနေတာကြားလား"
"ကြားတယ်"
"ဒါဆိုဘာလို့ပြန်မပြောတာလဲ"
"မပြောချင်လို့မပြောတာ ကျေးဇူးပြုပြီး ရှင့်ပါးစပ်ပိတ်ထားစမ်းပါ ခေတစ်ယောက်တည်းနေချင်တယ်"
"မင်းနဲ့နေချင်လို့ ရအောင်ယူထားတာ ဘာလို့ပါးစပ်ပိတ်နေရမှာလဲ"
"အဲ့ဒါဆိုလည်း တစ်ယောက်တည်း ထိုင်ပြောနေလိုက် ခေစိတ်မဝင်စားဘူး"
ထိုအချိန်ထိလည်း သူမ လှည့်မကြည့်လာတော့ သူ ဒေါသဖြစ်သွားမိပြီး သူမထိုင်နေသည့်ခုံကို ဆွဲလှည့်ပစ်လိုက်သည်။
စိတ်ပျက်သလိုဖြစ်သွားသည့်မျက်နှာလေးက ချစ်စရာကောင်းလောက်အောင် ရှုံ့တွနေပေမယ့် သူမ ပါးစပ်ဖျားကထွက်လာသည့်စကားတွေက ထိုသို့မဟုတ်။
"ဘာရှုပ်ဦးမလို့လဲ"
"နောက်တစ်ခါစကားပြောရင် ငါ့ကိုကျောပေးမထားနဲ့"
"အဲ့ဒါက ရှင့်အတွက်အရေးပါလို့လား"
"ပါတယ် မင်းဒေါသဖြစ်နေတာ၊ မင်းစိတ်တိုလာတာကိုကြည့်ရတာ ငါကျေနပ်တယ် အဲ့လိုဖြစ်နေတာကိုပဲ တမင်မြင်ချင်တာ"
"ရှင်ကအရူးပဲ မင်းစေရာ သိပ်ရွံစရာကောင်းတဲ့သူ"
သူမမျက်လုံးတွေက စူးစူးရဲရဲရှိကာ သူ့ကိုရန်သူတစ်ယောက်လိုကြည့်နေ၍ ရင်ထဲတမျိုးကြီးဖြစ်သွားပြီး ထိုမျက်လုံးတွေကို လက်ဖဝါးဖြင့်ဖိပိတ်ပစ်လိုက်သည်။
သူမက ထိုလက်ကိုဆွဲဖယ်ပစ်ကာ အထိအကိုင်မခံနိုင်သလို ပုတ်ထုတ်ပစ်သည်။
"မင်း နောက်တစ်ခါ ငါ့ကိုအဲ့လိုအကြည့်မျိုးနဲ့မကြည့်နဲ့ မင်းမျက်လုံးထဲမှာ ငါ့ကိုဘယ်လိုမြင်နေတာလဲ ငါသိတယ်"
"ခေကတော့ ခေ့ကိုစိတ်ညစ်အောင်တွေလုပ်ပြီး ပီယကို နာကျင်အောင်လုပ်နေတယ်လို့ပဲ မြင်တယ် ရှင်ရယူခဲ့တာကိုက အဲ့ဒါကြောင့်ပဲမလား"
"Awww"
သူမကိုချစ်လို့ရယူခဲ့တယ်လို့ ပြောခဲ့ပါလျက် ဒါဟာဖြစ်နိုင်ချေရှိရဲ့လားဟု ခေ နည်းနည်းလေးတောင်မတွေးမိဘူးလား။
သူမရဲ့စိတ်ထဲမှာ ကျော်ပီယနာကျင်မှာကို အဲ့လောက်ထိစိုးရိမ်နေခဲ့သလား။
မေးခွန်းတွေဆက်တိုက်ထွက်လာပေမယ့် အဖြေကမရှိ။
သူ အသံထွက်ရုံသာ ရယ်လိုက်ပြီး သူမမျက်နှာပေါ်ကျနေသည့် ဆံပင်လေးတစ်ချို့ကို ဆွဲဖယ်ပေးလိုက်သည်။
"အဲ့ဒီထက်ပိုတာပေါ့ မင်းကလှတယ်လေ အရုပ်ကလေးတစ်ရုပ်လိုပဲ ငါ့မိန်းမဖြစ်နေပြီဆိုတော့ လင်မယားလုပ်တမ်း ကစားချင်လည်း ကစားလို့လည်းရတယ် ဒါပေမယ့်မင်းသိလား ငါနဲ့အိပ်ခဲ့ဖူးတဲ့မိန်းမတွေတိုင်း တစ်ညအပြင်ပိုပြီးမစွဲလမ်းခဲ့ဘူး"
သူမ မျက်ဝန်းတွေအေးခနဲဖြစ်သွားပြီး မုန်းတီးမှုတွေ၊ နာကျည်းမှုတွေ အစားထိုးဝင်ရောက်လာပြန်သည်။
ဆေးသုံးတာကိုပဲသိပြီး ဒီလိုရှုပ်တတ်တာတွေ သူမ မသိသေးဘူးလား..
"မင်းကိုတော့ ငါစွဲနေတယ် ခရေဝိုင် ဒါကလည်းမင်းရဲ့ပထမဆုံးမို့ပါ မပူပါနဲ့ မစွဲတော့တဲ့တစ်နေ့ကျ မင်းကိုကွာပေးပါ့မယ် နစ်နာကြေးတွေ ဘာတွေအနေနဲ့..."
စကားမဆုံးသေးခင် သူမ ဖြန်းခနဲရိုက်ပစ်လိုက်၍ သူ့မျက်နှာလည်ထွက်သွားသည်။
ပါးနာတာကို သူဘာမှမဖြစ်ပေမယ့် ခေ ရိုက်ပစ်တိုင်း သူ ရင်ထဲနာကျင်ရ၏။
သူ့ကို သူမကလွဲရင် ဘယ်သူကမှမရိုက်ခဲ့ဖူး၍ စိတ်တိုဒေါသဖြစ်မိသွားပေမယ့် သူမကို နောက်ထပ်နာကျင်အောင် သူ မလုပ်ရက်။
ပါးရော၊ ရင်ဘတ်ထဲပါနာကျင်သွားမိပေမယ့် သူ ရယ်သံသဲ့သဲ့ဖြင့် ခေ့မျက်နှာလေးကို ပြန်ကြည့်လိုက်၏။
"ဟုတ်တယ် ငါကအဲ့လိုလူပဲခရေဝိုင် ဆေးသုံးတယ် ဆေးလိပ်သောက်တယ် အရက်သောက်တယ် မိန်းမရှုပ်တယ် မင်းကငါ့ဇနီးအဖြစ် လူသိမခံချင်ဘူးမလား ရတယ်.. ငါဆက်ရှုပ်ဖို့အတွက်ပိုလွယ်တယ် ပြီးတော့ ဒီလိုလူမျိုးရဲ့လက်ထဲမှာ မင်းဘဝအခါခါသေဆုံးရမယ် အဲ့ဒါမင်းမှတ်ထား"
သူမ မျက်နှာလေးတင်းနေပေမယ့် မျက်ရည်တွေဝဲလာသည်က သူ့ကိုနာကျည်းလွန်း၍လား၊ ဒါမှမဟုတ် ကိုယ့်ကိုယ်ကို ယူကျုံးမရသည့်အတွက်လား။
သူ ခေ့ပါးလေးကိုဖွဖွလေးဆွဲလိမ်ကာ နဖူးလေးကိုငုံ့နမ်းမိပေမယ့် သူမက ဆတ်ခနဲမျက်နှာလွှဲသွား၍ ဒေါသဖြစ်သွားမိသည်။
မျက်နှာကိုမော့ယူပြီး သူမနှုတ်ခမ်းလေးကို ဖိနမ်းပစ်တော့ ခေသည် လက်သီးဆုပ်လေးတွေဖြင့် သူ့ကိုထုရိုက်ကာရုန်းဖယ်လာသည်။
သူမဆီကပျံ့လွင့်လာသော အမွှေးနံ့လေးရလိုက်တော့ သူချစ်ရသည့်ကောင်မလေးဆိုသောအသိဖြင့် အနမ်းတွေထဲယစ်မူးကာ ပြန်မလွှတ်ချင်။
ခေကြောက်နေမည်မှန်းသိနေပေမယ့် တဖြည်းဖြည်းမြည်ဟည်းလာသည့် ရင်ခုန်သံတွေနောက်လိုက်ရင်း သူမဆီက အတင်းအကြပ်ရယူခဲ့သည်။
တကယ်ဆို ဒါတွေကအမှန်တွေ....
▪▪▪⏳⏳⏳▪▪▪
ဖက်လုံးလေးကိုခွပြီးအိပ်နေသော ခေ့ကိုငုံ့ကြည့်ရင်း ပါးလေးကို ဖွဖွလေးထိတို့ကြည့်မိတော့ အိစက်နေသောပါးလေးကြောင့် အသည်းယားသွားမိသည်။
အိပ်နေတာတောင် နှုတ်ခမ်းလေးစူနေသော သူမကို ဘေးကနေထိုင်ကြည့်နေရင်း သူ ဆွဲရမည့် designတွေကိုလည်း အာရုံမရောက်နိုင်။
စောစောကတော့ ငိုယိုပြီးကျိန်ဆဲနေကာ သူ့ကိုထုရိုက်ပြီး မုန်းတယ်ဆိုသည့်စကားကို တွင်တွင်ပြောနေသည့်ကောင်မလေး..
အခုတော့ သူမ မဟုတ်တော့သလို။
အရင်ကတစ်ယောက်တည်းဖြစ်သလိုနေခဲ့သည့်အခန်းကိုလည်း သူမ ကြိုက်သည့် ဆေး ခရမ်းရောင်နုနုလေးပြောင်းပေးထား၍ ခေ သဘောကျမည်ထင်၏။
သူမ သဘောကျမည့်အရာတွေကိုလည်း လုပ်ပေးဖို့ သူ့မှာအစီအစဥ်ရှိပြီးသား...
"ဘာပဲဖြစ်ဖြစ်ပါ မင်း ငါနဲ့အတူရှိနေပြီပဲ မင်းရင်ထဲမှာ နေရာပေးလာနိုင်တဲ့အချိန်အထိ ငါစောင့်မှာပေါ့ မင်းကငါ့ရဲ့မနက်ဖြန်ပဲ ခရေဝိုင်"
သူတစ်ကိုယ်တည်းကြားရုံသာပြောပြီး ရယ်မိကာ ခေ့ဆံပင်လေးတွေ သပ်ပေးမိသည်။
နေသူတို့ပြောသလို မိန်းကလေးတစ်ယောက်နဲ့ Sexကိစ္စပတ်သက်ခြင်းဟာ သူ့အတွက်မဆန်းပေမယ့် သူမလေးနဲ့အတူနေပြီးတိုင်း သူ့မှာကြည်နူးရသည်။
တစ်ယောက်တည်း ပြုံးမိနေသည်မှာလည်း အရူးတစ်ယောက်လို...
ပါးလေးကိုငုံ့နမ်းပြီး designဆက်ဆွဲဖို့ စာအုပ်ကိုလှမ်းဆွဲယူကာ ခဲတံကိုလက်မှာလှည့်ရင်း လက်စွပ်ကလေးတစ်ကွင်းကို အရင်ဆွဲလိုက်၏။
သူမအတွက်...
လက်ထပ်လက်စွပ်.....
▪▪▪⏳⏳⏳▪▪▪
Part 17ဆက်ရန်
စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997
~~~~~~~~~~~~~~~~~~~~~
အချစ်ဝိုင် ( Part - 16 )
▪▪▪▪▪▪▪▪▪▪
"ပီယ မင်းအသာနေစမ်း"
Advertisement
ချစ်လို့တဲ့လား...
"ငါဆုံးဖြတ်ပြီးပြီ"
"ခေရယ် နင်အဲ့လို"
"ဟုတ်"
"ဆင်း"
▪▪▪⏳⏳⏳▪▪▪
"မဟုတ်ဘူးလေ သမီးရဲ့"
"သား"
"ကြားတယ်"
"ဘာရှုပ်ဦးမလို့လဲ"
"Awww"
သူမကိုချစ်လို့ရယူခဲ့တယ်လို့ ပြောခဲ့ပါလျက် ဒါဟာဖြစ်နိုင်ခေရှိရဲ့လားဟု ခေ နည်းနည်းလေးတောင်မတွေးမိဘူးလား။
မေးခွန်းတွေဆက်တိုက်ထွက်လာပေမယ့် အထြေကမရှိ။
မျက်နှာကိုမော့ယူပြီး သူမနှုတ်ခမ်းလေးကို ဖိနမ်းပစ်တော့ ခေသည် လက်သီးဆုပ်လေးတြွေဖင့် သူ့ကိုထုရိုက်ကာရုန်းဖယ်လာသည်။
▪▪▪⏳⏳⏳▪▪▪
Advertisement
- In Serial7 Chapters
A Broken World [Rewrite]
In a world of floating islands of stone in the sky, where rivers flow through the air and defy gravity from one island to another, and ancient ruins can be found containing wonders beyond what can be produced by the lands current inhabitants- a millenia long war rages. In the distant past, beyond recorded history, when the crown of humanity's glory, the city of Uri, had stood whole against the enroaching demon swarms- even as hope seemed lost, a band of heroes, against all odds, managed to steal powerful magical knowledge from the demons. With the demon's forbidden knowledge, in the heart of Uri a new ritual was made. Called, "The Millenial Summoning," the ritual had the power to call a being from another world that would have the power to change the world forever. The first being summoned became known as "The Speaker," and he brought the power of the Gods to the world. With the blessings and power of the new priests, the unstoppable demon hordes were finally halted. A thousand years later, the ritual was used again and "The First Sorceress" was brought to the world. She brought the knowledge of advanced magics, and techniques to find and refine magical talent. With the magic power now added to the battlefield, the stalemate was broken. And for the first time, the demons were pushed back. Another thousand years later, and all of humanites hope for a final victory were dashed. Traitors slew the ritual's participants and took their places, and humanity quaked as The Demon King stepped into the world. His name, his nature, where he came from none of these are known, but what is known is his overwhelming power and his brilliant strategic leadership of the formerly formless hordes. Still, despite their position being even more dire than it has ever been since history has been recorded, humanity held on for another thousand years. Aided, thankfully, by The Demon King not taking the field after the first few years and battles. Now, the ritual is being cast again and a new hero is being summoned. In our world, after nearly three decades of study and hard work, Lucas Jaeger is making his dreams come true. With a double doctorate in both genetics and microbiology, as well as an associates degree in accounting, he has finally, after nearly driving himself mad from stress and sick from overwork, been able to put to together a presentation and ask for a business loan. His long time dream, earned by his own blood and sweat, to start his own commercial genetic company is finally coming to fruition. Lucas's car never left the banks parking lot and Lucas was never seen again in our world. This is a rewrite of "A Broken World." It is basically the same story, just a thousand times better and with decent length chapters!
8 193 - In Serial20 Chapters
Hattie: An Old Maid's Adventures
After scrubbing the Duke of Derrington's floors for fifty odd years, old maid Hattie decides to nose her way into an adventure or two to make up for her lost youth. You're never too old to start something new! Updates Wednesdays and Sundays, chapters are a minimum of 1000 words.
8 274 - In Serial13 Chapters
Frozen Core
Ice. Synopsis for lonliness, strife and death. Surving the winter was always hard in the past, even for those with magic surronding them. But does it have to be? Could a dungeon be born out of someone's love for the frosty season? A place with snow for sledding, stars to dance under the aurora, jiggle bells to chime, cozy cabins in frozen forests, and many more heart chilling events wait for those looking to beat the heat. Joy to the world that embraces the cold!
8 79 - In Serial48 Chapters
Martial artist on a Mage World
A martial artist was left alone on a magical world. What will happen to him.
8 117 - In Serial15 Chapters
Legacy of the Demon Lord
An orphan of war forged by the fires of war into a cpapable mercenary meets his end on the battlefield only to find that death is only beginging and a new life awaits him. He is born into a new life where the horrors of war are a far forgotten and burried memory as he finds comfort and warmth in his loving family, but the flames of war are never far behind. What is going to happen awaits to be seen. P.S. I am terrible at theese things.
8 168 - In Serial41 Chapters
Meggy X Reader: Endgame
A decade after the events of Meggy X Reader, Xeggy and Wario-man return, but they're not alone. They've hired every single villain the heroes have tussled with in the past. The heroes must reunite and fight for the future of the Multiverse. Along with the old villains, new powerful villains have rose from the dust, such as the mighty Shadow Jackals.Will the Multiverse be saved by the Multiversal Heroes? Or will they finally meet their ends and fail?The third war begins now. The Multiverse's fate lies in the heroes' hands.(Image on cover belongs to kuby64 on Deviantart.)
8 223

