《အချစ်ဝိုင် ( Complete )》Part 15
Advertisement
အချစ်ဝိုင် ( part - 15 )
▪▪▪▪▪▪▪▪▪▪
မှန်ထဲမှာ ကိုယ့်မျက်နှာကို စေ့စေ့ကြည့်မိရင်း မျက်ရည်ဝေ့မိကာ ထိုင်ရာမှထပြီး ရေချိုးခန်းထဲဝင်လာခဲ့သည်။
ရေပန်းကိုဖွင့်ချလိုက်ကာ တစ်ကိုယ်လုံးဆပ်ပြာနှင့် အထပ်ထပ်ပွတ်သပ်ဆေးချနေမိပေမယ့် သန့်စင်သွားသည်မထင်။
ခေ တစ်ယောက်တည်း ကမ္ဘာပျက်သလို ထိတ်လန့်ခြောက်ခြားခဲ့ရသလို ထိုအိမ်မက်ဆိုးကြောင့် အိပ်ယာမှလန့်နိုးတိုင်းငိုမိသည်။
ပြင်းရှသောအနမ်းတွေ၊ ကြမ်းတမ်းသောထိတွေ့မှုတွေ...
ငြင်းဆန်ခွင့်မရှိခဲ့သလို ရုန်းထွက်၍လည်းမရခဲ့သော ရင်ခွင်ကျယ်တစ်ခု...
"လူယုတ်မာ ရှင့်ကိုမုန်းတယ်"
ခေ ရေပန်းအောက်မှာ ငုတ်တုတ်လေးထိုင်ချပြီး ငိုချပစ်လိုက်သည်။
ခေဟာ လွတ်လွတ်လပ်လပ်နေခဲ့သည်ဆိုပေမယ့် ပီယနဲ့ထွဋ်ကလွဲလို့ ဘယ်ယောကျာ်းလေးနဲ့မှ တရင်းတနှီးနေခဲ့တာမဟုတ်။
ခေ့အပေါ် မရိုးမသားထိတွေ့ဖူးတာဆို၍ ထွဋ်သာရှိပြီး သူသည် ခေ့ရဲ့ချစ်သူ။
ဒီလူယုတ်မာနဲ့မှ.....
"ခေ ဘာလုပ်နေတာလဲ"
ပီယအသံကြားလိုက်ကာ တဝေါဝေါကျနေသောရေတွေရပ်သွားပြီး ခေ့ရှေ့မှာ မုဆိုးဒူးထောက်ထိုင်ချလိုက်သည့်ပီယကို တွေ့လိုက်သည်။
ထိုအချိန်မှာ ပီယကို အားကိုးစိတ်ဖြင့် မော့ကြည့်တော့ ပီယကခေ့ခေါင်းလေးကိုဆွဲယူကာ သူ့ပခုံးမှီချခိုင်းသည်။
ခေလည်း ပီယပခုံးပေါ်မှီချလိုက်ကာ.....
"ငါ ဘာလုပ်ရမလဲဟင်"
"နင် ဖြစ်ချင်တာကိုပြောလိုက် ခေ ငါဖြစ်အောင်လုပ်ပေးမယ် အဲ့ဒီကောင်သေစေချင်တယ်ဆိုလည်းရတယ် အဲ့ကောင်ကိုငါကိုယ်တိုင်"
"ဟင့်အင်း"
"ခေါင်းအေးအေးထားပြီး စဥ်းစားပါ ခေရယ် အချိန်ကနောက်ပြန်ဆုတ်မရဘူးဆိုပေမယ့် ရှေ့ဆက်ဖို့အတွက်က ကိုယ့်လက်ထဲမှာပဲ ခေ ငါ ဒီကောင့်ကိုလုံးဝခွင့်မလွှတ်နိုင်ဘူး နင်ဘာမှမလုပ်ရင်တောင်မှ.."
ပြောနေရင်း မျက်ရည်တစ်စက်ပေါက်ခနဲကျလာတော့ ခေ နှုတ်ခမ်းလေးဟသွားသည်အထိ အံ့အားသင့်သွားသည်။
ပီယရော ငိုနေသလား...
ခေ့လိုနာကျင်ခံစားရမှုမျိုး ပီယမှာရောဖြစ်နေခဲ့သလား။
"ဘဝမှာ ဒီလောက်ရင်နာရတာမျိုး ငါမကြုံဖူးသေးဘူး ခေ ငါ့အမှားအတွက် နင်ပေးဆပ်လိုက်ရတာကို ငါဘယ်လိုမှဖြေမရဘူး ဘယ်လိုပဲတွေးတွေး ငါ့ကြောင့်ဆိုတဲ့အဖြေပဲထွက်တယ်"
"နင့်ကြောင့်မဟုတ်ပါဘူး ပီယရယ် အဲ့လူကိုက"
"သမီး"
နှစ်ယောက်သား ရေချိုးခန်းထဲမှာ စကားပြောနေတုန်း ကြီးမေရောက်လာ၍ စကားစပြတ်သွားပြီး ခေ ကြီးမေကိုမော့ကြည့်သည်။
ကြီးမေက မျက်နှာမကောင်းဘဲ အခန်းအပြင်ဘက်ကိုတစ်ချက်လှည့်ကြည့်ပြီးမှ .....
"အပြင်မှာ ဆရာကြီးတို့ရောက်နေတယ်"
"ဒက်ဒီလား"
"ဧည့်သည်တွေလည်းပါတယ် ခေလေးကိုမေးနေတယ် အဝတ်အစားလဲပြီး သွားလိုက်ဦးနော်"
"ဘယ်ကဧည့်သည်လဲ မတွေ့ချင်ပါဘူး ဟိုထွဋ်ဆိုတဲ့လူပဲနေမှာပေါ့ ဒီလောက်ထိပြောနေတာကို"
"လူစိမ်းတွေပါ သမီးရဲ့ ပြင်ဦးလွင်ကမဟုတ်လောက်ဘူး"
လူစိမ်းတွေဆိုတော့ ဒက်ဒီ့မိတ်ဆွေတွေများလား။
ဒက်ဒီက လုပ်ငန်းရှင်မိတ်ဆွေတွေ၊ အသိမိတ်ဆွေတွေဆို အိမ်ကိုအလည်ဖိတ်တတ်ပြီး ခေ့ကို အကြွားပိုတတ်သည်လေ။
ခေ ခဏလေးငြိမ်သွားတော့ ပီယက ခေ့ကိုခေါင်းပုတ်ပြီးအားပေးကာ.....
"ခါတိုင်းလိုပဲနေမှာပါ အဝတ်အစားလဲပြီးဘထွက်လာခဲ့ ငါလည်းရှိမယ် ဘာမှမကြောက်နဲ့"
ပြောရင်း ပီယက အရင်ထွက်သွားသည်။
ကြီးမေက ခေ့အတွက်အဝတ်အစားထုတ်ပေးရင်းမှ ခေ မှန်ရှေ့မှာငုတ်တုတ်လေးထိုင်နေမိတော့ ပခုံးတွေကိုခပ်ဖွဖွလေးဆုပ်သည်။
"ကြီးမေ ဆံပင်တွေသုတ်ပေးမယ်နော် ကလေး ပြီးရင်အင်္ကျီလဲလိုက်"
"ဒက်ဒီသိရင် ခေ့ကို ဘာလုပ်မယ်ထင်လဲဟင် ကြီးမေ"
"ကလေးအပြစ်မဟုတ်ပါဘူး ကလေးရယ် တကယ်ဆို ကလေးကိုအပြစ်မြင်နေလည်း ကြီးမေကိုယ်တိုင် ဆရာကြီးကိုပြောပစ်မယ် ဘာမှမကြောက်နဲ့"
ခေ သက်ပြင်းလေးချမိသလို နှုတ်ခမ်းလေးကိုလည်း ဖိကိုက်ပစ်လိုက်မိသည်။
ဒက်ဒီ့ကို ခေ ကြောက်နေတာမဟုတ်ပါဘူး ကြီးမေ...
ဒက်ဒီ့ကို ထိခိုက်နာကျင်စေခဲ့တဲ့အမှားမျိုးလုပ်ခဲ့မိတဲ့ ခေ့ကိုယ်ခေပဲ ခွင့်မလွှတ်နိုင်တာပါ...
▪▪▪⏳⏳⏳▪▪▪
ဖေဖေထိုးကြိတ်ခဲ့သမျှကို တစ်ချက်မှ မရှောင်ဘဲ ဒီလိုမှားခဲ့မိခြင်းအတွက် သူမကိုလက်ထပ်ချင်ကြောင်း တောင်းဆိုတော့ ဖေဖေက မာထန်ပြန်တောက်စွာငြင်းသည်။
"မင်းလို အောက်တန်းကျယုတ်မာတဲ့ကောင်ကို ငါကိုယ်တိုင်ထောင်ချပစ်မယ်"
"မလုပ်ပါနဲ့ အဖေကြီးရယ် ကျွန်မသားလေးက မိန်းကလေးကို တကယ်ချစ်တယ်နဲ့တူပါတယ်"
"တကယ်ချစ်တယ်ဆိုလည်း မိဘတွေကိုဖွင့်ပြောပြီး မိသားဖသားပီပီတောင်းယူပေါ့ အခုတော့ ပန်းကောင်းအညွန့်ချိုး..
မင်းစေရာ မင်းကိုမိန်းကလေးဘက်က ဘာမှမလုပ်ရင်တောင် ငါကိုယ်တိုင်သတ်ပြီး သွေးဆိုးသွေးညစ်ကို ဖျောက်ဖျက်ပစ်မယ်"
"သားက တကယ်တောင်းဆိုတာနေမှာပါ မိန်းကလေးဘက်ကို ညှိရအောင်ပါ"
မေမေက မျက်ရည်လည်ရွဲဖြင့် အသနားခံတောင်းပန်နေ၍ ဖေဖေက စကားမပြောတော့ဘဲ တိတ်ဆိတ်သွားသည်။
ဒီလိုနည်းနဲ့ သူမအပေါ်မှားခဲ့တာဖြစ်ပေမယ့် သူမကိုချစ်သည်။
ပိုင်ဆိုင်ခဲ့ပြီးမှတော့ ရယူချင်သည်။
သူ့တစ်ဘဝလုံးစာအတွက် သူ့အနားမှာ သူမ ရှိမှဖြစ်မည်ဟု လောဘတွေတက်လာမိသည်က အမှန်...
"ဖေဖေ ကျွန်တော်သူ့ကိုချစ်တယ် ဖြစ်ခဲ့သမျှက သူ့ကိုချစ်လို့ဖြစ်ခဲ့တာ ကျွန်တော်သူ့ကိုလက်ထပ်ချင်တယ် သူ့ကိုရမှကိုဖြစ်မယ် ထောင်ကျရုံမကလို့ဘာပဲဖြစ်ဖြစ်"
"သားရယ်"
"သူ့ကို ကျွန်တော်ပိုင်ပြီးပြီ တစ်သက်လုံးဆက်ပြီးပိုင်ချင်တယ် ဖေဖေသတ်ချင်တယ်ဆိုလည်းသတ်လိုက်ပါ ကျွန်တော်ကတော့ သူ့ကိုမရမချင်း ရှေ့ဆက်တိုးမှာပဲ"
သူ့စကားကဆုံးနေပြီမို့ ဖေဖေက မေးကြောတွေထောင်လာသည်အထိ အံကြိတ်ငြိမ်သက်နေပြီးမှ ခေါင်းညိတ်သည်။
"မိန်းကလေးဘက်ကို လက်ထပ်ဖို့တောင်းပန်မယ် မိန်းကလေးက လက်မခံရင်တော့ မင်းကိုငါကိုယ်တိုင် ထောင်ထဲအရောက်ပို့ပစ်မယ်"
ဖေဖေက ထိုသို့သောလိုက်လျောမှုဖြင့် ခရေဝိုင်ရဲ့အဖေဦးမင်းထွန်းဆီ ဆက်သွယ်အကြောင်းကြားကာ သမီးတောင်းတော့ ဦးမင်းထွန်းက ....
"ကျွန်တော့်babyလေးကို ကျွန်တော်ချုပ်ချယ်မထားဘူး သူ့သဘောပါပဲ babyလေး သဘောတူရင် ကျွန်တော့်အနေနဲ့လည်း ကန့်ကွက်စရာမရှိပါဘူး"
ဟု ပြန်ဖြေလာသည်။
ခရေဝိုင့်ကိုခေါ်တာ babyလေးတဲ့...
မရတာမရှိစေရအောင် ကလေးတစ်ယောက်လို အလိုလိုက်ထားမှန်းသိသာစေသည့် nicknameလေး။
ပြင်ဦးလွင်က သူမနှင့် သူမရဲ့နို့ထိန်းအမေနေသောအိမ်က ဘန်ဂလိုပုံစံလေးဆောက်ထားကာ ခြံရှေ့မှာမြက်ခင်းအပြင် သစ်ခွပင်တွေလည်းရှိကာ ကျောက်သေးသေးလေးတွေကို လမ်းအဖြစ်ခင်းထားသည်။
အိမ်ကလေးက ဖက်ဖူးစိမ်းရောင်လေးသုတ်ထားသဖြင့် အေးအေးချမ်းချမ်းနေချင့်စဖွယ်လေးရှိပေမယ့် သူ လှမ်းတွေ့လိုက်ရသည့် အိမ်ပိုင်ရှင်အမျိုးသမီးလေးရဲ့မျက်နှာကတော့ သွေးဆုပ်ဖြူဖျော့သွား၏။
သူမ ကိုယ့်ကို ကြောက်နေတာလား....
ဒါမှမဟုတ် ရွံရှာမုန်းတီးနေသလား....
"တောက်!! "
ကျော်ပီယ၏ ခပ်ပြင်းပြင်းတက်ခေါက်သံနှင့်အတူ ကျော်ပီယအနောက်ကိုကွယ်ရပ်လိုက်သည့် သူမ...
ထို့အပြင် ထိုကောင့်ရဲ့လက်မောင်းကို အားကိုးတကြီး ဆုပ်ကိုင်လိုက်သည့် သူမရဲ့လက်ကလေး။
Advertisement
သူ့ကိုရိုက်ခဲ့သည့်ထိုလက်ကလေးဟာ ကျော်ပီယကိုအားကိုးစွာဆုပ်ကိုင်ထားသည့် လက်ကလေး...
"Aww ပီယရောရောက်နေတာလား babyလေးရော ဘယ်ရောက်နေတာလဲ"
ဦးမင်းထွန်းက ဘာမှမသိသေးသလိုဖိတ်ခေါ်နေပေမယ့် ကျော်ပီယမျက်နှာအနေအထားကြောင့် အကဲခတ်သလိုတော့ ကြည့်နေ၏။
ကျော်ပီယအနောက်မှာ ကွယ်ရပ်နေသည့် ခေ့ကို အခုမှတွေ့သွားသလို .....
"Babyလေး"
"အဲ့လူတွေက ဘာလာလုပ်တာလဲ ခေ ဘယ်သူနဲ့မှမတွေ့ချင်ဘူး ဒက်ဒီ"
ကျော်ပီယအနောက်မှ ထွက်လာသည့်အသံလေးကြောင့် သူ ပိုပြီးဒေါသဖြစ်သွားမိသည်။
သူကြည့်မှာစိုးလို့ဟိုကောင့်နောက်ကို ပြေးဝင်ပုန်းပြီးအကြည့်မခံနိုင်ကြောင်းပြတာလား။
ဦးမင်းထွန်းက မျက်နှာပျက်သွားပြီး သူမတို့အနားအထိလျှောက်သွားကာ ခေ့လက်ကိုလှမ်းဆွဲတော့ ခေက အကိုင်မခံဘဲရုန်းပစ်ပြီး ကျော်ပီယနောက်ကထွက်မလာ။
"Babyလေး အဲ့လိုမရိုင်းရဘူးလေ လူကြီးတွေရှိနေတာကို"
"ခရေဝိုင်"
သူ ထိုင်မနေတော့ဘဲ ဦးမင်းထွန်းနောက်က ကပ်လိုက်လာခဲ့ပြီး သူမကိုခေါ်တော့ ကျော်ပီယက ခေ့ရှေ့ကကွယ်ပစ်ကာ သူ့ရင်ဘတ်ကို ခပ်ဆတ်ဆတ်တွန်းသည်။
သူ စိတ်ပျက်သွားပြီး မျက်လုံးတွေဖိပိတ်ပစ်ကာ ကျော်ပီယလက်ကို ဆွဲဖယ်ပစ်လိုက်ရင်း ......
"ကျွတ် !! မင်းဖယ်နေလိုက် နောက်ထပ်အရှက်ကွဲစရာတွေ ထပ်ကြုံစေချင်လို့လား"
"မင်းလိုကောင်က ဒီလိုယုတ်မာတတ်မှန်းငါသိပြီးပြီ မင်းစေရာ မင်းအောက်တန်းကျတတ်တာ လူသိအောင်ကြေညာချင်ရင်လည်း မင်းသဘောပဲ"
"ငါက ငါလိုချင်တာကိုရအောင်ယူတာ အဲ့ဒါကအောက်တန်းကျတယ်ဆိုရင် မင်းနဲ့ငါ ဘာထူးသေးလဲ မင်း အခုဖယ်လိုက်"
"တောက်!!! မင်း"
"ပီယ"
ဦးမင်းထွန်းက ပြဿနာတစ်စုံတစ်ရာရှိခဲ့ပြီမှန်းသိလိုက်ကာ ပီယကိုလှမ်းဟန့်လိုက်ပြီး တိုးတိုးပြော၏။
"ပီယ မင်းနဲ့ လေးလေးနဲ့စကားပြောရအောင်"
ဦးမင်းထွန်းကိုမလွန်ဆန်နိုင်သည့်ကျော်ပီယသည် ဦးမင်းထွန်းခေါ်သည့်နောက်ကို လိုက်သွားရတော့ သူမနှင့်သူသာကျန်နေခဲ့သည်။
ခေက သူ့မျက်နှာကိုမမြင်ချင်သလိုလွှဲထားလျက် သူ ချစ်သည့်နှုတ်ခမ်းလေးကိုလည်း ပေါက်ထွက်မတတ် ဖိကိုက်ထားသည်။
သူမ ဘယ်လောက်အထိများ နာကျင်ခံစားနေလိုက်ရမလဲ...
"မင်း ငါနဲ့လက်ထပ်ဖို့ကိစ္စကို အေးအေးဆေးဆေးလက်ခံရင်ကောင်းမယ် ခရေဝိုင် မင်းကို ငါက ဒီအတိုင်းပြန်လွှတ်ပေးလိုက်မယ်လို့ထင်နေတာလား"
စူးစူးရဲရဲအကြည့်တစ်ချက် သူ့ဆီရောက်လာပြီး ထိုအကြည့်တွေထဲမှာ နာကျည်းမှုတွေပါ အဆစ်ပါ၏။
"ရှင့်လိုလူကို တစ်သက်လုံးလက်မထပ်ဘူး"
သူ့ရင်ထဲ ဆစ်ခနဲဖြစ်သွားပေမယ့် အရွဲ့တိုက်တတ်သည့်အကျင့်ကြောင့် နှစ်နှစ်ခြိုက်ခြိုက်ပြုံးမိ၏။
ခေ့မေးဖျားလေးကို တယုတယကိုင်ပြီး မော့စေကာ...
"Ok ရတယ် မင်းရဲ့videoလိုင်းပေါ်ရောက်လာတဲ့အခါမှ အဲ့ဒီစကားကိုနောက်ထပ်ပြောပေါ့"
"ဘာ!!"
မျက်ရည်ဝဲလာသည့်မာနမျက်လုံးတွေက အရောင်တလက်လက်ဖြစ်လာကာ သူ့ကိုသတ်ချင်လောက်အောင် မုန်းတီးရွံရှာနေသည့်အကြည့်တွေဖြင့် သူမမျက်နှာလေးပိုမော့လာသည်။
သူကတော့ တမင်ပင် ခေ့ကို ပခုံးတွန့်ပြလိုက်သည်။
"ယောကျာ်းလေးတစ်ယောက်က မိန်းကလေးနဲ့ အတူရှိနေတာက ဘာမှမဖြစ်ပေမယ့် မင်းအတွက်ကတော့ သိပ်ကြီးကျယ်သွားမယ်ထင်တယ် အဟွန်း.. သတ်သေချင်လောက်အောင် အရှက်ကွဲချင်ရင်ပြလိုက်ပေါ့ မင်းရဲ့မာနတွေ"
"မင်းစေရာ ရှင် ယုတ်မာလှချေလား"
သူ့ပါးကို ဖြန်းခနဲတစ်ချက်ရိုက်တော့ နာလည်းနာသွားတာမို့ ထိုလက်ကလေးကို ခပ်တင်းတင်းဆုပ်ပစ်လိုက်သည်။
သူမက အကိုင်မခံဘဲ ဇွတ်ပြန်ရုန်းတော့ သူ ပိုပြီးတင်းနေအောင်ဆုပ်ပစ်လိုက်၍ ခေ့မျက်နှာလေးမဲ့ကျသွား၏။
"အဲ့ဒီအတွက် နောက်မှသပ်သပ်ပြန်ယူမယ်"
မျက်ရည်ဝဲနေသည့်မျက်ဝန်းတွေ ချက်ချင်းပြည့်အိုင်လာပြီးနောက် သူမ ငိုလေသည်။
ဘယ်လိုမိန်းကလေးမျိုးမှ လက်ခံမည်မဟုတ်သော စကားတွေအပေါ်မှာ သူမက ထိုသို့တုံ့ပြန်လေ၏။
မိန်းကလေးတွေငိုကြခြင်းကို ပုံစံအမျိုးမျိုးဖြင့်မြင်ဖူးပေမယ့် ဒီတစ်ခါလောက် ဆိုးရွားစွာခံစားရတာမျိုးမရှိ။
သူမရဲ့မျက်ရည်တွေဟာ သံရည်ပူတွေရွာကျနေသလို သူ့ရင်ဘတ်တစ်ခုလုံး ပူလောင်ပြင်းပြပြီးခံရခက်လှ၏။
သူမ ငိုနေတာကိုမကြည့်ချင်သလို ကြည့်လည်းမကြည့်ရက်တော့၍ မျက်နှာလေးကိုဆွဲမော့ယူကာ မျက်ရည်တွေသုတ်ပေးလိုက်သည်။
သို့သော် သူ့ပါးစပ်ကထွက်လာတာကတော့ ဆန့်ကျင်ဘက်...
"ငါ့ကိုငိုပြနေမယ့်အစား မင်း ခေါင်းညိတ်လိုက် ခရေဝိုင် အဲ့ဒါကမင်းအတွက်ပိုကောင်းတယ်"
"ခေ ရှင့်ကိုသတ်ပစ်မယ်"
သူမသည် စိတ်ကိုပြန်တင်းလိုက်သလို မျက်ရည်လက်ကျန်တွေကို သုတ်ပစ်လိုက်ကာ သူနဲ့အတူ စကားဝိုင်းသို့ ပါလာသည်။
လူကြီးတွေလည်း စကားပြောပြီးပြီမို့ ခေ ထိုအနားကိုရောက်လာတော့ အားလုံးက ခေ့ကို မော့ကြည့်ကြသည်။
ခေကတော့ ဘယ်သူ့ကိုမှမကြည့်ဘဲ ဦးမင်းထွန်းကိုပဲကြည့်ကာ •••••
"ခေ လက်ခံတယ် ဒက်ဒီ"
▪▪▪⏳⏳⏳▪▪▪
"ပျော်နေတာလား မင်းစေ"
ခပ်ငေါ့ငေါ့မေးလာသည့် နေသူ့မေးခွန်းကြောင့် သူ ပြုံးရုံသာပြုံးပြီး ခေါင်းမညိတ်မိသလို ဘာမှလည်းပြန်မဖြေဖြစ်။
သူမ လက်ခံခဲ့ပြီမို့ ပိုင်ရပြီဆိုသည့်အသိဖြင့် ဘာလုပ်လုပ်စိတ်ကြည်နေသလိုပင်။
ခရေဝိုင်သည် သူသုံးနေကျ မူးယစ်ဆေးတွေထက်တောင် ညှို့ယူဖမ်းစားနိုင်သည့်မိန်းကလေး...
"ဘယ်လိုလဲဟ မင်းကလည်းပြောပါဦး"
"အေးလေ တစ်ယောက်တည်း ကိုယ်တော်ပြုံး လုပ်နေတယ် ချဥ်စရာကြီးကွာ.. မရခင်ကတော့ သူပဲအကြီးအကျယ်ပေါက်ကွဲ အခုတော့လည်း ပြုံးစိစိနဲ့"
"သူ လက်ခံတယ် ပြီးတော့"
သူ ကြည်ကြည်နူးနူးရယ်မိကာ တိုးဖွဖွလေးသာပြောရင်း ချက်ချင်းလိုလို သူမကိုသတိရသွားသည်၊
သူ့စကားရပ်သွား၍ အားလုံးကအသံတိတ်သွားပြီး သူ့ကိုဝိုင်းကြည့်လာတော့ ရှက်သွားမိကာ ဆံပင်တွေဆွဲဖွပစ်လိုက်မိသည်။
"ဘာကြည့်တာလဲကွာ မင်းတို့က"
"မင်းအဲ့လိုရယ်တာမမြင်ဖူးလို့"
"မင်းနားရွက်ကြီးလည်းရဲနေလို့လေ ဒီကောင်ရှက်တတ်သေးသားပဲ"
"ငါတော့ ခရေဝိုင့်ကိုလန့်လာပြီ ဒီကောင့်ကိုအဟုတ်မြေလှန်ပစ်တာပဲ ဆက်ပါဦး စောစောက စကားလေး"
"သူ ငါနဲ့လာနေလိမ့်မယ် ဒါပဲ"
တစ်ဖွဲ့လုံး ရယ်သံတွေဆူညံသွားကာ ပွေ့ဖက်ဂုဏ်ပြုပြီး congratulationသံတွေလျှံတက်သွား၏။
မမျှော်လင့်ထားဘဲ အဆင်ပြေသွားသည့်ကိစ္စမို့လည်း အားလုံးက သူ့အစားဝမ်းသာနေကြတာကတော့ မဆန်း။
ခရေဝိုင့်ကို သူဘယ်လောက်ထိအလေးအနက်ထား မြတ်နိုးနေသလဲ တစ်ဖွဲ့လုံးသိကြသည်မလား...
သူ ပျော်နေမိ၍ အမှတ်တရDiaryလေးရေးဖို့စိတ်ကူးပြီးမှ ဘာရေးရမှန်းမသိဘဲ ထိုင်ရယ်နေမိသည်မှာလည်းအကြာကြီး။
ပြီးမှ စိတ်ကူးပေါက်ရာ ကဗျာလေးတစ်ပုဒ် သူမအတွက်ချရေးလိုက်သည်။
You are my light
You are my eyes
Let me see the light with you
Just a look
Advertisement
Just a smile
I dropped it on your foot
You are my fate
You are my life
You are everything for me
Keep your tears
Save my future
I want to live with you
For many years
{မင်းကငါ့ရဲ့အလင်းရောင်
မင်းကငါ့ရဲ့အမြင်လွှာ
မင်းနဲ့အတူ အလင်းရောင်ကိုမြင်ချင်တယ်..
အကြည့်တစ်ချက်
အပြုံးတစ်ပွင့်နဲ့
ငါ့နှလုံးသားက မင်းခြေရင်းမှာခစားရပြီ...
မင်းကငါ့ရဲ့ကံကြမ္မာ
မင်းကငါ့ရဲ့ဘဝ
မင်းကငါ့ရဲ့အရာရာပါ...
မျက်ရည်တွေကိုသုတ်လိုက်ပါ
ငါ့အနာဂတ်ကို ကယ်တင်ပေးပါ
ငါမင်းနဲ့အတူ နှစ်ပေါင်းများစွာနေချင်သေးလို့...}
▪▪▪⏳⏳⏳▪▪▪
Part 16ဆက်ရန်
စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997
~~~~~~~~~~~~~~~~~~~~~~~~~~~~~
အချစ်ဝိုင် ( part - 15 )
▪▪▪▪▪▪▪▪▪▪
ဒီလူယုတ်မာနဲ့မှ.....
"ခေ ဘာလုပ်နေတာလဲ"
"ငါ ဘာလုပ်ရမလဲဟင်"
"ဟင့်အင်း"
ပီယရော ငိုနေသလား...
"သမီး"
"ဒက်ဒီလား"
▪▪▪⏳⏳⏳▪▪▪
သူ့တစ်ဘဝလုံးစာအတွက် သူ့အနားမှာ သူမ ရှိမြှဖစ်မည်ဟု လောဘတွေတက်လာမိသည်က အမှန်...
"သားရယ်"
ဟု ပြန်ဖြေလာသည်။
"တောက်!! "
"Babyလေး"
"ခရေဝိုင်"
"တောက်!!! မင်း"
"ပီယ"
"ဘာ!!"
မျက်ရည်ဝဲလာသည့်မာနမျက်လုံးတွေက အရောင်တလက်လက်ဖြစ်လာကာ သူ့ကိုသတ်ချင်လောက်အောင် မုန်းတီးရွံရှာနေသည့်အကြည့်တြွေဖင့် သူမမျက်နှာလေးပိုမော့လာသည်။
Advertisement
- In Serial33 Chapters
Songs of Mercy
On the world of Nadi, there rests a single continent where many lives will intersect... Indigo is a young woman on the run from an oppressive, religious government that will stop at nothing to attain her supernatural powers. Hunted by Task, the relentless agent of the Royal First Company, she makes her way to the government's capital, to kill the High-Priest and put an end to his reign. Along her way she meets Rina, who is sent by a secretive organization to rescue a young girl, Svana, who may very well be the solution to the world's suffering. Tobias and Kip enter the fray as they are trying to escape the capital city, Shieldhome, so they can live peaceful lives together. These people, and many more, are notes on the scale of coming revolution. Together they form music that none will be able to deny. These are their stories, of retribution, forgiveness, struggle and discovery. These are their songs.
8 192 - In Serial6 Chapters
Life Zero
'Why do you keep living?'A question that long lurk in Celest mind.She travels and meets many different people of all backgrounds and ask them the same question.She travels with her opposite Erix but they get along like bees and flower. But are they really heroes? No...
8 68 - In Serial27 Chapters
Serenity of Reprisal [Completed]
The noble thief is known to take from the rich and give to the poor. The thief's tale is known throughout the kingdom of Ronan. However, the thief made a mistake. She stole from the wrong person. With his family now dead, he will seek reprisal. Nevan Prima will make the thief pay whatever the cost. Money, he can easily replace. But for the loss of his family, he will demand retribution.
8 120 - In Serial7 Chapters
Skin Never Forgets
Skin never forgets. And neither did she. After losing everything, tonight she's taking revenge. Winner of the Huddler's Challenge short story contest! Full story is out now!
8 125 - In Serial14 Chapters
The Whistle Of A Night Furys' Wings (HTTYD FAN FIC)
Hiccup and Toothless are brothers, but don't really look the part. They look completely different, but with Toothless' being a Night Fury, it makes senseHiccup and Valka were stolen by dragons during a raid. They lived with them for 20 years, and learned to trust them. Toothless and Hiccup bonded like brothers, and flew around the world at night, riding the winds of the twilight. Then, when they meet a girl named Astrid and a dragon named Sky, their world is forever changed.... but when Toothless looses Sky, his life is forever changed a bit more....P.s. Dreamworks own all characters, with the exception of a few I made up (You'll know when you find them...)
8 178 - In Serial4 Chapters
Corrupted Attack
Sam is at a regular shift at an electronic store after the other store she was working at turned into a Wendy's, until someone attempts to attack the electronic store and targets Sam. And I know what you're all thinking (Grethell, are you making another Wii Deleted You AU related to Sam?) Yes, since she is one of my favorite characters.
8 68

