《အချစ်ဝိုင် ( Complete )》Part 12
Advertisement
အချစ်ဝိုင် ( Part - 12 )
▪▪▪▪▪▪▪▪▪▪
"မင်းသိချင်တာရပြီ မင်းစေ"
ဟိန်းခန့်စကားကြောင့် သူ ဆတ်ခနဲဖြစ်သွားပြီး လျော့တိလျော့ရဲဖြစ်နေသောကိုယ်ကို ခပ်မတ်မတ်ပြင်ထိုင်လိုက်သည်။
ခေါင်းကွဲထားတာလည်း သိပ်မကျက်သေးတာမို့ အိမ်ထဲမှာပဲအောင်းနေရင်း ဟိန်းခန့်တို့က သူ့အစားစုံစမ်းပေးကြသည်။
"မင်းရှေ့မှာ ထိုးရပ်လိုက်တဲ့ကားက ပြင်ဦးလွင်က ပိုင်ရှင်နာမည်က ကျော်ပီယ တဲ့"
ကျော်ပီယ။
ခရေဝိုင်ရဲ့အချစ်ဆုံးသူငယ်ချင်းဆိုတဲ့ကောင်...
"အဲ့ဒီကောင်က ခရေဝိုင်ရဲ့"
"အေး မင်းကောင်မလေးရဲ့ အချစ်ဆုံးသူငယ်ချင်းဆိုတဲ့ကောင်"
သူ နားလည်သွားပြီး အံကြိတ်ပစ်လိုက်သည်။
ကျောက်ဆည်လမ်းမှာ သူ့ရှေ့ကထိုးရပ်သွားသည့်ကားနံပါတ်ကို သူ အသေအချာမှတ်မိနေခဲ့၍ ဒီလောက်အထိသိရခြင်းဖြစ်သည်။
မခ ပါသွားပြီဆိုတာ နားလည်လိုက်ပေမယ့် သူလိုကောင်ကို ဘယ်သူကရန်စသလဲဆိုသည့် ဒေါသကခေါင်းထောင်လာသလို ဒီကိစ္စမှာ ခရေဝိုင်ပါနေမလားဟု အတွေးဝင်ခဲ့၏။
"အဲ့ဒါဆို ခရေဝိုင် အိမ်မှာဝင်ထွက်နေတာတွေက ဒီအစီအစဥ်ကြောင့်ပေါ့"
သူမ မကြာခဏလာတတ်သည်။
ရုပ်ရှင်ကြည့်ဖို့၊ ဘုရားသွားဖို့ မကြာခဏလာတတ်ပေမယ့် သူမကိုမြင်ခွင့်ရသည့်ထိုခဏအတွက် ကျေနပ်နေခဲ့မိသည့်သူက ဒါတွေကိုမမြင်နိုင်ခဲ့။
ကျော်ပီယရဲ့သူငယ်ချင်းအဖြစ် သူမ စိတ်ထဲမှာ ဘယ်လောက်တောင် မုန်းတီးနေလိမ့်မလဲ။
သူ့ကွယ်ရာမှာ ဘယ်လောက်ထိ လှောင်ပြောင်ဟားတိုက်နေလိုက်မလဲ။
"မင်းကို ချိတ်သွားတာတော့ အဲ့ဒီကောင်ပဲ မင်းပြောသလိုနောက်မှာတစ်စီးပါတယ်ဆို ဒီကောင့်ရဲ့အဖော်အလှော်တွေပဲနေမှာ"
"အဲ့ဒီကောင်က ရန်ဖြစ်တဲ့နေရာမှာလည်း ဆရာကျတယ် ခရေဝိုင့်ကို ဘယ်ကောင်မှမကပ်ရဲတာ သူ့ကြောင့်လည်းပါမယ်ထင်တယ်"
"အဲ့ဒါကတော့ပါမှာပေါ့ သူတို့က ပေါင်းလာတာပဲ နှစ်၂၀လောက်ရှိပြီကိုး"
"ခရေဝိုင်က ဒါရိုက်တာဖြစ်မယ်ထင်လား"
ခပ်တိုးတိုးပြောလိုက်သည့် သူ့စကားကြောင့် တစ်အုပ်စုလုံး လှည့်ကြည့်လာကြသည်။
မခရဲ့ဖုန်းအဟောင်းလေး သူ့လက်ထဲမှာကျန်ခဲ့ကာ Galleryထဲကသူမရဲ့ပုံလေးတွေကို ညတိုင်းလိုလိုကြည့်ဖြစ်သည်။
သေသေချာချာစူးစိုက်ကြည့်မိတိုင်း ဘယ်ဘက်ရင်အုံက ထိန်းမရသည့် တောဆင်ရိုင်းတစ်ကောင်လို။
ထို့အတူ နုဖတ်ချောမွေ့နေသည့်ပုံစံနှင့် မခရဲ့ကောင်လေး၊ သူမရဲ့အချစ်ဆုံးသူငယ်ချင်းဆိုတဲ့ သတ္တဝါလည်းပါ၏။
"အဲ့ဒီကောင်ကို ငါသိတယ်"
မခရည်းစားဆိုသည့်ကောင်ရဲ့ပုံကို တာယာကတွေ့သွားပြီး ပြောလာတော့ သူလည်းမြင်ဖူးသလိုပဲဟု တွေးခဲ့မိသည်ကိုပြန်အမှတ်ရ၏။
"ငါလည်းမြင်ဖူးသလိုပဲ မင်းဘယ်မှာတွေ့ခဲ့တာလဲ"
တာယာ့ကို ဖုန်းလှမ်းပေးလိုက်တော့ အသေအချာစူးစိုက်ကြည့်ရင်း ခေါင်းတဆတ်ဆတ်ညိတ်ကာ•••••
"မင်းတို့အိမ်ကအထွက်မှာ မင်းရဲ့ကားကိုဝင်ကြုံးတာလေ မင်းတောင် သူ့ကိုဆွဲထိုးခဲ့သေးတယ်"
သူ အတိအကျမမှတ်မိတော့ပေမယ့် ထိုအဖြစ်ကိုတော့သတိရသေးသည်။
ဆေးတွေသုံးပြီး သူ လွင့်ပျံနေတဲ့အချိန်မို့ အတိအကျမမှတ်မိခြင်းဖြစ်မည်။
အရာရာဟာ တိုက်ဆိုင်သည်လား၊ အကွက်ချစီစဥ်ထားသည်လားမသိတော့အောင် အဖြစ်အပျက်တွေကထောင့်စေ့နေသည်။
အဓိက က သူမ။
သူမကြောင့် ဘာကိုမှမမြင်နိုင်သည့် ငအကြီးလို သူကျန်ရစ်ခဲ့ရသည်။
သူမ ဆွဲညှို့နေခဲ့တာမဟုတ်သော်လည်း သူမကိုငေးကြည့်ချင်သည့်စိတ်ဖြင့် ကြောင်လက်သည်းဝှက်သလို အပြင်းစားရိုက်ချက်တွေကိုမမြင်နိုင်ခဲ့။
"ခရေဝိုင် ဒီမှာရှိသေးလား"
"ခြယ်ကတော့ ရှိသေးတယ်ပြောတယ် Hotelမှာပဲကျန်နေခဲ့တယ် ကြည့်ရတာ ဒီက အခြေအနေတွေစောင့်ကြည့်ဦးမယ်ထင်တယ်"
"စောင့်ရမှာပေါ့ သူ စောင့်ကြည့်ရမှာပေါ့"
"မင်း အဲ့ဒါတွေကအစ လိုက်စုံစမ်းပြီးဘာလုပ်မလို့လဲ မင်းစေ"
သူပြုံးလိုက်မိသည်။
ဘာလုပ်မလို့လဲတဲ့ .....
ငါ ဘယ်လိုဖြေလိုက်ရမလဲ ခရေဝိုင် .....
မင်းရဲ့ရွှေ့ကွက်တွေကို မသိခဲ့တဲ့ကောင်က ရှေ့ဆက် ဘာလုပ်မယ်လို့မင်းထင်လဲ။
"မဟုတ်မှ လွဲရော"
နေသူ့ စကားကြောင့် ဖုန်းထဲက လက်ကလေးနှစ်ချောင်းထောင်ပြီး နှုတ်ခမ်းလေးစူထားသည့် သူမပုံလေးကို စူးစိုက်ကြည့်ရင်း ခေါင်းညိတ်လိုက်သည်။
"အဲ့ဒီအတိုင်းပဲ"
▪▪▪⏳⏳⏳▪▪▪
တစ်ခုခုများထူးလာမလားဟု ခေ စောင့်ကြည့်နေပေမယ့် မင်းစေရာတို့ဘက်က လှုပ်ရှားလာတာမျိုးမရှိ။
ဧကန္တ မခရဲ့မေမေကပဲ ဟိုအရိုင်းအစိုင်းကောင်ကိုနားချလို့ရသွားသည်လား။
ဒါမှမဟုတ် သူ့ညီမ တစ်ရှက်ကနေ၊ နှစ်ရှက်ဖြစ်မှာစိုးလို့ ငြိမ်နေသည်လား။
"Babyလေး ဒီမှာပီယပြန်ရောက်နေပြီ babyလေးက ဘယ်အချိန်မှလာမှာလဲ"
ဒက်ဒီ့စကားကြောင့် ခေ ပြုံးလိုက်ပြီး ဒရင်းဘတ်ပေါ်မှာအိပ်နေရင်း ထထိုင်လိုက်သည်။
ဒက်ဒီ့Hotelရဲ့အပေါ်ဆုံးအထပ်မှာ ရေကူးကန်ရှိပြီး ထိုနေရာမှာပဲ အပမ်းဖြေလို့ရသည်မို့ ခေ ရေလာကူးနေခြင်းဖြစ်သည်။
"ခေ နေ့လည်လောက်မှ လာခဲ့မယ် ဒီမှာ လက်သည်းဆေးဆိုးချင်သေးလို့ ဒါနဲ့ ဒက်ဒီ"
"ပြောဗျာ ဘာပူဆာမလို့လဲ"
"ဒက်ဒီ ဒီမှာ GYMလေးရော မထည့်ချင်ဘူးလား ခေလေ GYMဆော့ချင်ရင် အဝေးကြီးသွားနေရတယ်"
"အဲ့လောက်တော့သွားလိုက်ပါ Babyလေးရယ် beauty spa ဆိုလို့လည်း ထည့်ပေးပြီးပြီ မကျေနပ်နိုင်သေးဘူးလား"
"ဒက်ဒီကလည်း ဒီသမီးလေးတစ်ယောက်ရှိတာကို"
"သီဟလည်း သားတစ်ယောက်ပဲရှိတာ သူ့သားပီယ ဘာပူဆာလို့လဲ"
"ခေက ပီယမှမဟုတ်တာ ပြီးတော့ ဒက်ဒီကလည်း လေးလေးသီဟမဟုတ်ဘူးလေ နော် လို့"
"ပြင်ဦးလွင်ကိုသာပြန်တက်ခဲ့ပါ babyလေး မန္တလေးပြန်ရောက်ရင် အဆင်သင့်ဖြစ်စေရမယ် ဟုတ်ပြီလား"
"ပြီးရော ကြီးမေကိုပြောထားဦးနော် ခေ ရှောက်သီးသုပ်နဲ့ဟင်းခါးလေး စားချင်တယ်လို့"
"ဟုတ်ပါပြီဗျာ"
လိုချင်တာရသွားပြီမို့ ခေ ဖုန်းချလိုက်တော့ ဘေးမှာစောင့်နေသည့်ကောင်မလေးက လက်သည်းနီပုလင်းတွေထုတ်ပြသည်။
တစ်ရောင်ပြီးတစ်ရောင်ကြည့်နေရင်းမှ အညိုရောင်စိုစိုလေးတွေ့တော့ သဘောကျသွားပြီး ထိုဘူးလေးကိုပဲ လက်ညှိုးထိုးလိုက်သည်။
"ဟိုမယ်လေ ညိုညိုလေး မန်ကျည်းသီးမှည့်အရောင်လေးမှလား အဲ့ဟာဆိုးပေး"
"ပုံဖော်ဦးမှာလား မမခေ"
"မဖော်တော့ဘူး ဒီတိုင်းပဲလုပ်ပေး"
ကောင်မလေးက ခေါင်းလေးညိတ်ကာ ခေ့လက်သည်းတွေပေါ်က လက်သည်းနီအဟောင်းတွေကို ဖျက်ဆေးနှင့်ဖျက်သည်။
ခေကတော့ လက်တွေဖြန့်ထားပေးရင်း နေကာမျက်မှန်ကောက်တပ်ပြီး မျက်လုံးလေးမှိတ်ကာ ဇိမ်ယူဖို့ပြင်လိုက်သည်။
"မမခေကိုမေးချင်လို့ မမက ဘာလို့ ခေ ခေ လို့ပဲပြောတာလဲဟင် တကယ်တမ်းကျ ခရေဝိုင်မလား"
"ဟုတ်ပါ့ရှင့် ငယ်ငယ်လေးကတည်းက ခရေလို့ပြောတာပဲ အဲ့တုန်းကတော့ စကားမပီလို့ ခရေကနေ ခေဖြစ်သွားတာပဲ ခုကျတော့မပြောင်းချင်တော့တာနဲ့ ခေ ပဲ"
"ဟယ်!! အဲ့လိုလား သိပါဘူး"
Advertisement
"ကဲပါ ဆေးဆိုးပေးပါဆို လက်သည်းဒီဇိုင်းဖော်တာတွေ လိုင်းပေါ်ကနေရှာကြည့်ထားဦးနော် လှရင်လှသလို customerများလာရင် လစာပိုရမယ်မလား ဒီပင်တိုင်စံဖောက်သည်ကြီးကို စမ်းသပ်ပြီးဆွဲချင်လည်း ရတယ်"
ခေနဲ့ ရင်းနှီးနေပြီဖြစ်သော Spaကကောင်မလေးတွေက ခေ့စကားကြောင့်ရယ်ကြသည်။
ထင်ရာလုပ်ပြီး ပျော်ပျော်နေတတ်သော ခေ့ကို ခင်မင်ရင်းနှီးနေကြသလို မာနမကြီးသောကောင်မလေး ဆိုပြီးလည်း ဂရုစိုက်ကြသည်။
ဒါကြောင့်လည်း ကျောင်းတက်ဖို့ကိုတောင် အဆောင်မှာမနေချင်ဘဲ ဒီကိုတကူးတကလာနေခြင်းလည်းဖြစ်သည်။
"မမခေ မမရဲ့သူငယ်ချင်း ဟိုအစ်ကိုကြီးကရော"
"ဘယ်သူလဲ ပီယလား"
"မသိဘူးလေ မမခေရဲ့ဘေးအခန်းက 701က အစ်ကို"
702က ခေ့ရဲ့အခန်းနံပါတ်ဖြစ်ကာ 701က ပီယအခန်းမို့ ခေခေါင်းထောင်လာကာ နေကာမျက်မှန်ကိုချွတ်ပစ်ရင်း •••••
"ပီယက ပြင်ဦးလွင်မှာလေ ဘာဖြစ်လို့လဲ"
"မဟုတ်ပါဘူး သိချင်လို့ပါ"
ပြုံးတုံ့တုံ့ဖြစ်နေသောမျက်နှာတွေကို ခေ ဝေ့ကြည့်ရင်း ငယ်စဥ်ကတည်းက စန်းပွင့်သောပီယက ခုချိန်ထိစန်းမကျသေးပါလားဟု တွေး၍ပြုံးလိုက်သည်။
"ကျော်ပီယကိုပေး ပေးနော် ဒီဟာလေး"
မိန်းကလေးတွေနှင့် ခပ်တန်းတန်းနေတတ်သည့်ပီယကြောင့် Valentine's dayတွေဆို ခေ့မှာသာ သူ့ဆီလူကြုံပါးသည့်ချောကလက်တွေ၊ ပန်းစည်းတွေအမြဲပါ၏။
ထိုသို့ပါလာတိုင်းလည်း ပီယကစိတ်မဝင်စားသလို သူ့အတွက်ပေးလိုက်သည့် ချောကလက်တွေက ခေ့ဖို့သာဖြစ်သွားသည်။
"ဟယ် ဒါလေးကောင်းတယ် ပီယ အထဲမှာအခွံမာသီးပါတယ် နင်မစားရင် ငါယူလိုက်မယ်"
"ယူ"
"ဒါလေးလည်းကောင်းတယ် အယ်လ်မွန်သီးတွေနဲ့ နင်မစားရင်ငါစားလိုက်မယ်နော်"
"အကုန်သာယူသွား ငါဝယ်ရတာလည်းမဟုတ်ဘဲနဲ့"
ငေါ့ပြောမှန်းသိလည်း ခေက တပွေ့တပိုက်ကြီးသယ်ယူလာပြီး တဝတပြဲစားနေကျ။
ဘယ်သူတွေက ပီယကိုချောသည်ပဲပြောပြော၊ ခေ့မျက်လုံးထဲမှာတော့ ဒင်းကိုဘယ်လိုမှကြည့်မရ။
ပီယမျက်နှာသည် ပြောင်ချော်ချော်မျက်နှာမျိုးသာ အမြဲဖြစ်နေသည်။
"ညည်းတို့ကလည်း မေးတာနောက်ကျလိုက်တာ ပီယက မိန်းမရသွားပြီ အာ့ကြောင့် ပြင်ဦးလွင်ကိုပြန်ခေါ်နေတာ"
"ဟယ် အဲ့လိုလား"
"စောစောကပြောပါ့လား ခုမှ"
ခေ ရယ်ရယ်မောမောပြောရင်း မျက်မှန်ကိုပြန်တပ်ပြီး ဒရင်းဘတ်ပေါ်ပြန်လှဲချလိုက်သည်။
ပီယမိန်းမရဖို့ကြံစည်ခဲ့ရသည့်အထဲ ခေက ခေါင်းဆောင်ခဲ့သည်ကိုတော့ ထုတ်မပြောဖြစ်။
▪▪▪⏳⏳⏳▪▪▪
အိပ်မပျော်၍ စီးကရက်တစ်လိပ်ကိုထုတ်ယူပြီး မီးညှိ၍ တဖြည်းဖြည်းချင်းရှိုက်ပစ်လိုက်ကာ အငွှေ့တွေကိုလှလှပပလေးဖြစ်အောင် မှုတ်ထုတ်မိသည်။
ညနက်လာလေ သူ အိပ်မပျော်လေ။
Viberမှာ ပို့ထားသည့်ပုံတွေကိုပြန်ကြည့်ရင်း သူ့ရင်ထဲဆွေးသွားမိသည်။
ခရေဝိုင်သည် သူ့ရှေ့မှာမရှိခဲ့ဖူးသော ချစ်စဖွယ်အပြုံးလေးဖြင့် စားပွဲပေါ်လက်ထောက်ကာ အအေးကိုငုံသောက်နေပြီး သူမလက်ကလေးကို ကိုင်ထားသော •••
"မင်းရဲထွဋ်ခေါင်"
သူမ ဘာကြောင့်သူ့ရှေ့မှာမပြုံးတာလဲ။
ထိုအပြုံးလေးတွေဖြင့် သူ့ရင်ခွင်မှာဆိုးနွဲ့ပြီး လိုချင်တာတွေ ပူဆာစေချင်သည်။
မခကိုစကားပြောသလို သူ့ကိုလည်း စကားတွေအများကြီးပြောစေချင်သည်။
မခကိုစိတ်ကောက်သလို သူ့ကိုလည်း နှုတ်ခမ်းလေးစူကာ စိတ်ကောက်စေချင်သည်။
ချစ်ဖွယ်သောစကားတွေ ပြောတတ်သည့်နှုတ်ခမ်းလေးကိုအပိုင်ရချင်သလို သူမရဲ့လက်ကလေးကို အမြဲဆုပ်ကိုင်ထားချင်သည်။
မိန်းကလေးအတော်များများရဲ့ စိတ်ဝင်စားမှုခံရသည့်သူ့အပေါ် သူမဘာလို့ ဒီလောက်ထိနေနိုင်ရတာလဲ။
မင်းရဲထွဋ်ခေါင်ကိုပဲ မြင်နေတာလား...
"အဲ့ဒီဘဲကလည်း သူ့ကိုတော်တော်ချစ်တယ် ခရေဝိုင်ကတော့မပြောတတ်ဘူး"
"ကောင်လေးက နည်းနည်းတော့ဆိုးတယ် သူ့ကိုနိုင်တာဆိုလို့ မင်းရဲ့ခရေဝိုင်ပဲရှိတာ"
"အဲ့ဒီကောင်မလေးကို ငါကြောက်လာပြီကွာ မင်းစေရာလိုကောင်ကို ပြာကျသွားအောင်လုပ်ထားတာ"
သူငယ်ချင်းတွေပြောခဲ့သည့်စကားတွေကိုပြန်ကြားတော့ သူမကို ဘာကြောင့်ဒီလောက်ထိချစ်မိသွားလဲ စဥ်းစားမရ။
ရင်းနှီးငြိတွယ်နိုင်လောက်သည့် အချိန်ပမာဏလည်းမရှိ၊ ထူးထူးခြားခြား လှပညှို့ငင်နေတာလည်းမရှိပါဘဲ။
ဓာတ်ပုံကို အကျယ်ချဲ့ပစ်လိုက်ရင်း သူမရဲ့ပါးလေးကိုဖွဖွခေးထိတို့ကြည့်မိသည်။
မင်း ပါးလေးတွေကို အပိုင်ရချင်တယ် ခရေဝိုင်...
ခဏလောက်ပဲဖြစ်ဖြစ် •••••
▪▪▪⏳⏳⏳▪▪▪
Part 13 ဆက်ရန်
စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997
~~~~~~~~~~~~~~~~~~~~~~~~~~
အခ်စ္ဝိုင္ ( Part - 12 )
▪▪▪▪▪▪▪▪▪▪
"မင္းသိခ်င္တာရၿပီ မင္းေစ"
ဟိန္းခန႔္စကားေၾကာင့္ သူ ဆတ္ခနဲျဖစ္သြားၿပီး ေလ်ာ့တိေလ်ာ့ရဲျဖစ္ေနေသာကိုယ္ကို ခပ္မတ္မတ္ျပင္ထိုင္လိုက္သည္။
ေခါင္းကဲြထားတာလည္း သိပ္မက်က္ေသးတာမို႔ အိမ္ထဲမွာပဲေအာင္းေနရင္း ဟိန္းခန႔္တို႔က သူ႔အစားစံုစမ္းေပးၾကသည္။
"မင္းေရ႔ွမွာ ထိုးရပ္လိုက္တဲ့ကားက ျပင္ဦးလြင္က ပိုင္ရွင္နာမည္က ေက်ာ္ပီယ တဲ့"
ေက်ာ္ပီယ။
ခေရဝိုင္ရဲ့အခ်စ္ဆံုးသူငယ္ခ်င္းဆိုတဲ့ေကာင္...
"အဲ့ဒီေကာင္က ခေရဝိုင္ရဲ့"
"ေအး မင္းေကာင္မေလးရဲ့ အခ်စ္ဆံုးသူငယ္ခ်င္းဆိုတဲ့ေကာင္"
သူ နားလည္သြားၿပီး အံႀကိတ္ပစ္လိုက္သည္။
ေက်ာက္ဆည္လမ္းမွာ သူ႔ေရ႔ွကထိုးရပ္သြားသၫ့္ကားနံပါတ္ကို သူ အေသအခ်ာမွတ္မိေနခဲ့၍ ဒီေလာက္အထိသိရျခင္းျဖစ္သည္။
မခ ပါသြားၿပီဆိုတာ နားလည္လိုက္ေပမယ့္ သူလိုေကာင္ကို ဘယ္သူကရန္စသလဲဆိုသၫ့္ ေဒါသကေခါင္းေထာင္လာသလို ဒီကိစၥမွာ ခေရဝိုင္ပါေနမလားဟု အေတြးဝင္ခဲ့၏။
"အဲ့ဒါဆို ခေရဝိုင္ အိမ္မွာဝင္ထြက္ေနတာေတြက ဒီအစီအစဥ္ေၾကာင့္ေပါ့"
သူမ မၾကာခဏလာတတ္သည္။
ရုပ္ရွင္ၾကၫ့္ဖို႔၊ ဘုရားသြားဖို႔ မၾကာခဏလာတတ္ေပမယ့္ သူမကိုျမင္ခြင့္ရသၫ့္ထိုခဏအတြက္ ေက်နပ္ေနခဲ့မိသၫ့္သူက ဒါေတြကိုမျမင္ႏိုင္ခဲ့။
ေက်ာ္ပီယရဲ့သူငယ္ခ်င္းအျဖစ္ သူမ စိတ္ထဲမွာ ဘယ္ေလာက္ေတာင္ မုန္းတီးေနလိမ့္မလဲ။
သူ႔ကြယ္ရာမွာ ဘယ္ေလာက္ထိ ေလွာင္ေျပာင္ဟားတိုက္ေနလိုက္မလဲ။
"မင္းကို ခ်ိတ္သြားတာေတာ့ အဲ့ဒီေကာင္ပဲ မင္းေျပာသလိုေနာက္မွာတစ္စီးပါတယ္ဆို ဒီေကာင့္ရဲ့အေဖာ္အေလွာ္ေတြပဲေနမွာ"
"အဲ့ဒီေကာင္က ရန္ျဖစ္တဲ့ေနရာမွာလည္း ဆရာက်တယ္ ခေရဝိုင့္ကို ဘယ္ေကာင္မွမကပ္ရဲတာ သူ႔ေၾကာင့္လည္းပါမယ္ထင္တယ္"
"အဲ့ဒါကေတာ့ပါမွာေပါ့ သူတို႔က ေပါင္းလာတာပဲ ႏွစ္၂၀ေလာက္ရိွၿပီကိုး"
"ခေရဝိုင္က ဒါရိုက္တာျဖစ္မယ္ထင္လား"
ခပ္တိုးတိုးေျပာလိုက္သၫ့္ သူ႔စကားေၾကာင့္ တစ္အုပ္စုလံုး လွၫ့္ၾကၫ့္လာၾကသည္။
မခရဲ့ဖုန္းအေဟာင္းေလး သူ႔လက္ထဲမွာက်န္ခဲ့ကာ Galleryထဲကသူမရဲ့ပံုေလးေတြကို ညတိုင္းလိုလိုၾကၫ့္ျဖစ္သည္။
ေသေသခ်ာခ်ာစူးစိုက္ၾကၫ့္မိတိုင္း ဘယ္ဘက္ရင္အံုက ထိန္းမရသၫ့္ ေတာဆင္ရိုင္းတစ္ေကာင္လို။
ထို႔အတူ ႏုဖတ္ေခ်ာေမြ့ေနသၫ့္ပံုစံႏွင့္ မခရဲ့ေကာင္ေလး၊ သူမရဲ့အခ်စ္ဆံုးသူငယ္ခ်င္းဆိုတဲ့ သတၲဝါလည္းပါ၏။
"အဲ့ဒီေကာင္ကို ငါသိတယ္"
မခရည္းစားဆိုသၫ့္ေကာင္ရဲ့ပံုကို တာယာကေတြ့သြားၿပီး ေျပာလာေတာ့ သူလည္းျမင္ဖူးသလိုပဲဟု ေတြးခဲ့မိသည္ကိုျပန္အမွတ္ရ၏။
"ငါလည္းျမင္ဖူးသလိုပဲ မင္းဘယ္မွာေတြ့ခဲ့တာလဲ"
Advertisement
တာယာ့ကို ဖုန္းလွမ္းေပးလိုက္ေတာ့ အေသအခ်ာစူးစိုက္ၾကၫ့္ရင္း ေခါင္းတဆတ္ဆတ္ညိတ္ကာ•••••
"မင္းတို႔အိမ္ကအထြက္မွာ မင္းရဲ့ကားကိုဝင္ႄကံုးတာေလ မင္းေတာင္ သူ႔ကိုဆဲြထိုးခဲ့ေသးတယ္"
သူ အတိအက်မမွတ္မိေတာ့ေပမယ့္ ထိုအျဖစ္ကိုေတာ့သတိရေသးသည္။
ေဆးေတြသံုးၿပီး သူ လြင့္ပ်ံေနတဲ့အခ်ိန္မို႔ အတိအက်မမွတ္မိျခင္းျဖစ္မည္။
အရာရာဟာ တိုက္ဆိုင္သည္လား၊ အကြက္ခ်စီစဥ္ထားသည္လားမသိေတာ့ေအာင္ အျဖစ္အပ်က္ေတြကေထာင့္ေစ့ေနသည္။
အဓိက က သူမ။
သူမေၾကာင့္ ဘာကိုမွမျမင္ႏိုင္သၫ့္ ငအႀကီးလို သူက်န္ရစ္ခဲ့ရသည္။
သူမ ဆဲြၫွို႔ေနခဲ့တာမဟုတ္ေသာ္လည္း သူမကိုေငးၾကၫ့္ခ်င္သၫ့္စိတ္ျဖင့္ ေၾကာင္လက္သည္းဝွက္သလို အျပင္းစားရိုက္ခ်က္ေတြကိုမျမင္ႏိုင္ခဲ့။
"ခေရဝိုင္ ဒီမွာရိွေသးလား"
"ျခယ္ကေတာ့ ရိွေသးတယ္ေျပာတယ္ Hotelမွာပဲက်န္ေနခဲ့တယ္ ၾကၫ့္ရတာ ဒီက အေျခအေနေတြေစာင့္ၾကၫ့္ဦးမယ္ထင္တယ္"
"ေစာင့္ရမွာေပါ့ သူ ေစာင့္ၾကၫ့္ရမွာေပါ့"
"မင္း အဲ့ဒါေတြကအစ လိုက္စံုစမ္းၿပီးဘာလုပ္မလို႔လဲ မင္းေစ"
သူႃပံုးလိုက္မိသည္။
ဘာလုပ္မလို႔လဲတဲ့ .....
ငါ ဘယ္လိုေျဖလိုက္ရမလဲ ခေရဝိုင္ .....
မင္းရဲ့ေရႊ့ကြက္ေတြကို မသိခဲ့တဲ့ေကာင္က ေရ႔ွဆက္ ဘာလုပ္မယ္လို႔မင္းထင္လဲ။
"မဟုတ္မွ လဲြေရာ"
ေနသူ႔ စကားေၾကာင့္ ဖုန္းထဲက လက္ကေလးႏွစ္ေခ်ာင္းေထာင္ၿပီး ႏႈတ္ခမ္းေလးစူထားသၫ့္ သူမပံုေလးကို စူးစိုက္ၾကၫ့္ရင္း ေခါင္းညိတ္လိုက္သည္။
"အဲ့ဒီအတိုင္းပဲ"
▪▪▪⏳⏳⏳▪▪▪
တစ္ခုခုမ်ားထူးလာမလားဟု ေခ ေစာင့္ၾကၫ့္ေနေပမယ့္ မင္းေစရာတို႔ဘက္က လႈပ္ရွားလာတာမ်ိဳးမရိွ။
ဧကႏၲ မခရဲ့ေမေမကပဲ ဟိုအရိုင္းအစိုင္းေကာင္ကိုနားခ်လို႔ရသြားသည္လား။
ဒါမွမဟုတ္ သူ႔ညီမ တစ္ရွက္ကေန၊ ႏွစ္ရွက္ျဖစ္မွာစိုးလို႔ ၿငိမ္ေနသည္လား။
"Babyေလး ဒီမွာပီယျပန္ေရာက္ေနၿပီ babyေလးက ဘယ္အခ်ိန္မွလာမွာလဲ"
ဒက္ဒီ့စကားေၾကာင့္ ေခ ႃပံုးလိုက္ၿပီး ဒရင္းဘတ္ေပၚမွာအိပ္ေနရင္း ထထိုင္လိုက္သည္။
ဒက္ဒီ့Hotelရဲ့အေပၚဆံုးအထပ္မွာ ေရကူးကန္ရိွၿပီး ထိုေနရာမွာပဲ အပမ္းေျဖလို႔ရသည္မို႔ ေခ ေရလာကူးေနျခင္းျဖစ္သည္။
"ေခ ေန့လည္ေလာက္မွ လာခဲ့မယ္ ဒီမွာ လက္သည္းေဆးဆိုးခ်င္ေသးလို႔ ဒါနဲ႔ ဒက္ဒီ"
"ေျပာဗ်ာ ဘာပူဆာမလို႔လဲ"
"ဒက္ဒီ ဒီမွာ GYMေလးေရာ မထၫ့္ခ်င္ဘူးလား ေခေလ GYMေဆာ့ခ်င္ရင္ အေဝးႀကီးသြားေနရတယ္"
"အဲ့ေလာက္ေတာ့သြားလိုက္ပါ Babyေလးရယ္ beauty spa ဆိုလို႔လည္း ထၫ့္ေပးၿပီးၿပီ မေက်နပ္ႏိုင္ေသးဘူးလား"
"ဒက္ဒီကလည္း ဒီသမီးေလးတစ္ေယာက္ရိွတာကို"
"သီဟလည္း သားတစ္ေယာက္ပဲရိွတာ သူ႔သားပီယ ဘာပူဆာလို႔လဲ"
"ေခက ပီယမွမဟုတ္တာ ၿပီးေတာ့ ဒက္ဒီကလည္း ေလးေလးသီဟမဟုတ္ဘူးေလ ေနာ္ လို႔"
"ျပင္ဦးလြင္ကိုသာျပန္တက္ခဲ့ပါ babyေလး မႏၲေလးျပန္ေရာက္ရင္ အဆင္သင့္ျဖစ္ေစရမယ္ ဟုတ္ၿပီလား"
"ၿပီးေရာ ႀကီးေမကိုေျပာထားဦးေနာ္ ေခ ေရွာက္သီးသုပ္နဲ႔ဟင္းခါးေလး စားခ်င္တယ္လို႔"
"ဟုတ္ပါၿပီဗ်ာ"
လိုခ်င္တာရသြားၿပီမို႔ ေခ ဖုန္းခ်လိုက္ေတာ့ ေဘးမွာေစာင့္ေနသၫ့္ေကာင္မေလးက လက္သည္းနီပုလင္းေတြထုတ္ျပသည္။
တစ္ေရာင္ၿပီးတစ္ေရာင္ၾကၫ့္ေနရင္းမွ အညိုေရာင္စိုစိုေလးေတြ့ေတာ့ သေဘာက်သြားၿပီး ထိုဘူးေလးကိုပဲ လက္ၫွိုးထိုးလိုက္သည္။
"ဟိုမယ္ေလ ညိုညိုေလး မန္က်ည္းသီးမွၫ့္အေရာင္ေလးမွလား အဲ့ဟာဆိုးေပး"
"ပံုေဖာ္ဦးမွာလား မမေခ"
"မေဖာ္ေတာ့ဘူး ဒီတိုင္းပဲလုပ္ေပး"
ေကာင္မေလးက ေခါင္းေလးညိတ္ကာ ေခ့လက္သည္းေတြေပၚက လက္သည္းနီအေဟာင္းေတြကို ဖ်က္ေဆးႏွင့္ဖ်က္သည္။
ေခကေတာ့ လက္ေတျြဖန႔္ထားေပးရင္း ေနကာမ်က္မွန္ေကာက္တပ္ၿပီး မ်က္လံုးေလးမိွတ္ကာ ဇိမ္ယူဖို႔ျပင္လိုက္သည္။
"မမေခကိုေမးခ်င္လို႔ မမက ဘာလို႔ ေခ ေခ လို႔ပဲေျပာတာလဲဟင္ တကယ္တမ္းက် ခေရဝိုင္မလား"
"ဟုတ္ပါ့ရွင့္ ငယ္ငယ္ေလးကတည္းက ခေရလို႔ေျပာတာပဲ အဲ့တုန္းကေတာ့ စကားမပီလို႔ ခေရကေန ေချဖစ္သြားတာပဲ ခုက်ေတာ့မေျပာင္းခ်င္ေတာ့တာနဲ႔ ေခ ပဲ"
"ဟယ္!! အဲ့လိုလား သိပါဘူး"
"ကဲပါ ေဆးဆိုးေပးပါဆို လက္သည္းဒီဇိုင္းေဖာ္တာေတြ လိုင္းေပၚကေနရွာၾကၫ့္ထားဦးေနာ္ လွရင္လွသလို customerမ်ားလာရင္ လစာပိုရမယ္မလား ဒီပင္တိုင္စံေဖာက္သည္ႀကီးကို စမ္းသပ္ၿပီးဆဲြခ်င္လည္း ရတယ္"
ေခနဲ႔ ရင္းႏွီးေနၿပီျဖစ္ေသာ Spaကေကာင္မေလးေတြက ေခ့စကားေၾကာင့္ရယ္ၾကသည္။
ထင္ရာလုပ္ၿပီး ေပ်ာ္ေပ်ာ္ေနတတ္ေသာ ေခ့ကို ခင္မင္ရင္းႏွီးေနၾကသလို မာနမႀကီးေသာေကာင္မေလး ဆိုၿပီးလည္း ဂရုစိုက္ၾကသည္။
ဒါေၾကာင့္လည္း ေက်ာင္းတက္ဖို႔ကိုေတာင္ အေဆာင္မွာမေနခ်င္ဘဲ ဒီကိုတကူးတကလာေနျခင္းလည္းျဖစ္သည္။
"မမေခ မမရဲ့သူငယ္ခ်င္း ဟိုအစ္ကိုႀကီးကေရာ"
"ဘယ္သူလဲ ပီယလား"
"မသိဘူးေလ မမေခရဲ့ေဘးအခန္းက 701က အစ္ကို"
702က ေခ့ရဲ့အခန္းနံပါတ္ျဖစ္ကာ 701က ပီယအခန္းမို႔ ေခေခါင္းေထာင္လာကာ ေနကာမ်က္မွန္ကိုခၽြတ္ပစ္ရင္း •••••
"ပီယက ျပင္ဦးလြင္မွာေလ ဘာျဖစ္လို႔လဲ"
"မဟုတ္ပါဘူး သိခ်င္လို႔ပါ"
ႃပံုးတံု႔တံု႔ျဖစ္ေနေသာမ်က္ႏွာေတြကို ေခ ေဝ့ၾကၫ့္ရင္း ငယ္စဥ္ကတည္းက စန္းပြင့္ေသာပီယက ခုခ်ိန္ထိစန္းမက်ေသးပါလားဟု ေတြး၍ႃပံုးလိုက္သည္။
"ေက်ာ္ပီယကိုေပး ေပးေနာ္ ဒီဟာေလး"
မိန္းကေလးေတြႏွင့္ ခပ္တန္းတန္းေနတတ္သၫ့္ပီယေၾကာင့္ Valentine's dayေတြဆို ေခ့မွာသာ သူ႔ဆီလူႄကံုပါးသၫ့္ေခ်ာကလက္ေတြ၊ ပန္းစည္းေတြအၿမဲပါ၏။
ထိုသို႔ပါလာတိုင္းလည္း ပီယကစိတ္မဝင္စားသလို သူ႔အတြက္ေပးလိုက္သၫ့္ ေခ်ာကလက္ေတြက ေခ့ဖို႔သာျဖစ္သြားသည္။
"ဟယ္ ဒါေလးေကာင္းတယ္ ပီယ အထဲမွာအခြံမာသီးပါတယ္ နင္မစားရင္ ငါယူလိုက္မယ္"
"ယူ"
"ဒါေလးလည္းေကာင္းတယ္ အယ္လ္မြန္သီးေတြနဲ႔ နင္မစားရင္ငါစားလိုက္မယ္ေနာ္"
"အကုန္သာယူသြား ငါဝယ္ရတာလည္းမဟုတ္ဘဲနဲ႔"
ေငါ့ေျပာမွန္းသိလည္း ေခက တေပြ့တပိုက္ႀကီးသယ္ယူလာၿပီး တဝတၿပဲစားေနက်။
ဘယ္သူေတြက ပီယကိုေခ်ာသည္ပဲေျပာေျပာ၊ ေခ့မ်က္လံုးထဲမွာေတာ့ ဒင္းကိုဘယ္လိုမွၾကၫ့္မရ။
ပီယမ်က္ႏွာသည္ ေျပာင္ေခ်ာ္ေခ်ာ္မ်က္ႏွာမ်ိဳးသာ အၿမဲျဖစ္ေနသည္။
"ညည္းတို႔ကလည္း ေမးတာေနာက္က်လိုက္တာ ပီယက မိန္းမရသြားၿပီ အာ့ေၾကာင့္ ျပင္ဦးလြင္ကိုျပန္ေခၚေနတာ"
"ဟယ္ အဲ့လိုလား"
"ေစာေစာကေျပာပါ့လား ခုမွ"
ေခ ရယ္ရယ္ေမာေမာေျပာရင္း မ်က္မွန္ကိုျပန္တပ္ၿပီး ဒရင္းဘတ္ေပၚျပန္လွဲခ်လိုက္သည္။
ပီယမိန္းမရဖို႔ႀကံစည္ခဲ့ရသၫ့္အထဲ ေခက ေခါင္းေဆာင္ခဲ့သည္ကိုေတာ့ ထုတ္မေျပာျဖစ္။
▪▪▪⏳⏳⏳▪▪▪
အိပ္မေပ်ာ္၍ စီးကရက္တစ္လိပ္ကိုထုတ္ယူၿပီး မီးၫွိ၍ တျဖည္းျဖည္းခ်င္းရိႈက္ပစ္လိုက္ကာ အေငႊ့ေတြကိုလွလွပပေလးျဖစ္ေအာင္ မႈတ္ထုတ္မိသည္။
ညနက္လာေလ သူ အိပ္မေပ်ာ္ေလ။
Viberမွာ ပို႔ထားသၫ့္ပံုေတြကိုျပန္ၾကၫ့္ရင္း သူ႔ရင္ထဲေဆြးသြားမိသည္။
ခေရဝိုင္သည္ သူ႔ေရ႔ွမွာမရိွခဲ့ဖူးေသာ ခ်စ္စဖြယ္အႃပံုးေလးျဖင့္ စားပဲြေပၚလက္ေထာက္ကာ အေအးကိုငံုေသာက္ေနၿပီး သူမလက္ကေလးကို ကိုင္ထားေသာ •••
"မင္းရဲထြဋ္ေခါင္"
သူမ ဘာေၾကာင့္သူ႔ေရ႔ွမွာမႃပံုးတာလဲ။
ထိုအႃပံုးေလးေတျြဖင့္ သူ႔ရင္ခြင္မွာဆိုးႏဲြ႔ၿပီး လိုခ်င္တာေတြ ပူဆာေစခ်င္သည္။
မခကိုစကားေျပာသလို သူ႔ကိုလည္း စကားေတြအမ်ားႀကီးေျပာေစခ်င္သည္။
မခကိုစိတ္ေကာက္သလို သူ႔ကိုလည္း ႏႈတ္ခမ္းေလးစူကာ စိတ္ေကာက္ေစခ်င္သည္။
ခ်စ္ဖြယ္ေသာစကားေတြ ေျပာတတ္သၫ့္ႏႈတ္ခမ္းေလးကိုအပိုင္ရခ်င္သလို သူမရဲ့လက္ကေလးကို အၿမဲဆုပ္ကိုင္ထားခ်င္သည္။
မိန္းကေလးအေတာ္မ်ားမ်ားရဲ့ စိတ္ဝင္စားမႈခံရသၫ့္သူ႔အေပၚ သူမဘာလို႔ ဒီေလာက္ထိေနႏိုင္ရတာလဲ။
မင္းရဲထြဋ္ေခါင္ကိုပဲ ျမင္ေနတာလား...
"အဲ့ဒီဘဲကလည္း သူ႔ကိုေတာ္ေတာ္ခ်စ္တယ္ ခေရဝိုင္ကေတာ့မေျပာတတ္ဘူး"
"ေကာင္ေလးက နည္းနည္းေတာ့ဆိုးတယ္ သူ႔ကိုႏိုင္တာဆိုလို႔ မင္းရဲ့ခေရဝိုင္ပဲရိွတာ"
"အဲ့ဒီေကာင္မေလးကို ငါေၾကာက္လာၿပီကြာ မင္းေစရာလိုေကာင္ကို ျပာက်သြားေအာင္လုပ္ထားတာ"
သူငယ္ခ်င္းေတြေျပာခဲ့သၫ့္စကားေတြကိုျပန္ၾကားေတာ့ သူမကို ဘာေၾကာင့္ဒီေလာက္ထိခ်စ္မိသြားလဲ စဥ္းစားမရ။
ရင္းႏွီးၿငိတြယ္ႏိုင္ေလာက္သၫ့္ အခ်ိန္ပမာဏလည္းမရိွ၊ ထူးထူးျခားျခား လွပၫွို႔ငင္ေနတာလည္းမရိွပါဘဲ။
ဓာတ္ပံုကို အက်ယ္ခ်ဲ႔ပစ္လိုက္ရင္း သူမရဲ့ပါးေလးကိုဖြဖြေခးထိတို႔ၾကၫ့္မိသည္။
မင္း ပါးေလးေတြကို အပိုင္ရခ်င္တယ္ ခေရဝိုင္...
ခဏေလာက္ပဲျဖစ္ျဖစ္ •••••
▪▪▪⏳⏳⏳▪▪▪
Part 13 ဆက္ရန္
စာဖတ္သူတစ္ဦးခ်င္းစီကိုေလးစားလ်က္
#shinthant1141997
Advertisement
- In Serial24 Chapters
rich man's world; charlie dalton
(𝙳𝙴𝙰𝙳 𝙿𝙾𝙴𝚃𝚂 𝚂𝙾𝙲𝙸𝙴𝚃𝚈)Sigrid Taylor Hall is a sixteen-year-old girl with a big dream and an even bigger disagreement with her father. Fall of 59, she bakes her brother a batch of baked goods for the fourth year in a row and breaks into his room to surprise him but when the door opens she's shocked to see that his dorm did not belong to him anymore. Instead she's met with a snarky, witty seventeen-year-old boy named Charlie Dalton. It all started with a tray of blueberry coffee cake and the words, "I don't remember being named Peter but hello to you too." - - - - - - - dead poets society. started: may. second, twenty twenty-oneended: to be determined
8 247 - In Serial8 Chapters
Snow White & the Six Dwarfs | Kookv
(HIATUS/ON-HOLD)what would happen when a lost princess fell in love with a cocky dwarf who acted like a real prince owning the world but smiled as adorably as a bunny?Snow White AUstarted; Oct 2017ended;©-breataeking
8 76 - In Serial23 Chapters
M I S D E E D
Symone and Symere's parents ran a drug business. They were well respected and feared. One night someone looking to take that title takes their life. What will happen to Symone and Symere? Read and find out.
8 92 - In Serial14 Chapters
•Ecological Life/World•
Ecological life is the way of life that we carry on without contaminating our environment.It is a way of life which is mostly avoided from chemical products where organic products are preferred.
8 130 - In Serial32 Chapters
There's A Boy in my Bed (BoyxBoy)
"We can't do this." I whisper as our lips re-connect, a tingling fire surging through my body as his hands ravage unexplored lands; my innocence dissipating away with every peck he trails down my neck."I know we can't. That's why it's so exciting." He replies through kisses. His effortless charm intoxicates me; drowning me; hunting me; devouring me."What if my brother finds out?" The perpetuated patter of the rain unable to subdue my groan as he digs his nails deeper into my skin."Who cares."**********Welcome to my story, where an innocent boy finds a not so innocent boy in his bed; where they do not so innocent things.- YOP
8 115 - In Serial11 Chapters
Love Knights (10/10)
Noted from Author: So this story is all about magics and some medieval genre, yeah... And some armies for that..In the Earth Land. Mari bought something and other Aqours members curious about it, Kanan, Riko, You, Yohane play the game which "Hades" and they immediately teleport in an unknown place which is they didn't know about it, and they teleport to Ferlord Land when the two rivalry, Kanan Matsuura and Mari Ohara.Two Kingdoms who definitely rivals and named these persons, Kanan Matsuura, a queen and commander on Wraith Dawn, and Mari Ohara, a queen and also commander on Clover Keef, cause of Kanan's jealousy cause Mari takes the crown and in the name Goddess on their comrades, Kanan killed Goddess Queen by her Jury Sword which is represents that a person is not agree for it and not deserving on it, Mari angers when Kanan killed a person that is Goddess Queen who create a world and they battled for their own rights! Will Mari and Kanan will return as their friendship or.. Lovers?
8 220

